အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
10
မနက္ခင္း ေရာင္နီသာတဲ့ အခ်ိန္တြင္ သက္ပံုတစ္ေယာက္ အေစာႀကီး ဆြမ္းထခ်က္ေပးထားတဲ့ ေကာင္းခ်ီေႀကာင့္
နီညိဳေရာင္သကၤန္းျခံဳထားတဲ့ ဦးဇင္းေတြကို ဆြမ္းေလာင္းခြင့္ရျခင္းျဖစ္သည္။
ဘယ္ေလာက္အိပ္ေရးပ်က္ပ်က္ မနက္ဆို ေကာင္းခ်ီက နိုးစက္မလိုပဲ အေစာႀကီးနိုးတက္၏။သက္ပံုကေတာ့ ေကာင္းခ်ီေလာက္ေတာ့ အေစာႀကီးမထ နိုင္ေပ။
ေကာင္းခ်ီ၏ တေန ႔တာ အစသည္ အိပ္ယာထလာတာတၿပိဳင္နက္ မ်က္နွာသစ္ ၊ ဆြမ္းခ်က္ ၊ သန္ ့ရွင္းေရးအလုပ္ ကို
စနစ္တက် လုပ္ကိုင္တက္သလို သက္ပံုအိပ္ယာကနိုးလာရင္ စားဖို ့ေသာက္ဖို ့ပါအဆင္သင့္ျပင္ထားတက္၏။
အေတာ္ေလး လက္ေၾကာတင္းတဲ့ေယာက်ာ္းပင္။
" ဒီဖက္ အိမ္က ငါးဝယ္အုန္းမလား။
ငါးဘတ္ခုတ္သားေတြပါတယ္ "
ခပ္က်ယ္က်ယ္ေအာ္ေနတဲ့ မိန္းမႀကီးအသံေႀကာင့္ ဆြမ္းေလာင္းပီး မေဆးရေသးတဲ့ ဆြမ္းေလာင္းခ်ိဳင့္ေလး စားပြဲေပၚတင္ကာ လွမ္းေခၚရသည္။
ဒီရြာက နာမည္နဲ ့လိုက္ေအာင္ ငါးေပါသည္မို ့သက္ပံုအႀကိဳက္ပင္။
"လာအုန္း အမ "
"လာျပီလာျပီ။ ကိုေကာင္း ကို စပ္မလို ့လွမ္းႀကည့္ေနတာ လူမေတြ ့လုိ ့"
"ေကာင္းခ်ီက အိမ္ေနာက္ဖက္မွာ ျခံဳေတြရွင္းေနတာအမ၊ ခဏေစာင့္ေနာ္ ေခၚလိုက္အုန္းမယ္ က်ြန္ေတာ္က ေစ်းမဝယ္တက္လို ့။"
" ေကာင္းခ်ီ ေရ…ငါးဝယ္မလို ့ဒီကိုလာအုန္း"
ေျပာပီး အိမ္ေနာက္ကို ကုန္းေအာ္လိုက္သည္။ မနက္က ေကာင္းခ်ီ ေစ်းသြားေပမဲ့ ျမသက္ ေစ်းေရာင္းတာ လူဝိုင္းေနလို ့ကူေရာင္းရင္း အိမ္အတြက္ ေစ်းမဝယ္ခဲ့ရ။ ကုန္စိမ္းေရာင္းတဲ့ အလုပ္ကို
ခုရက္ပိုင္း ေကာင္းခ်ီကိုယ္တိုင္ မလိုက္ေတာ့ေပ။ ဖုန္းတလံုးနဲ ့အိမ္ကေန ဘာေရာင္းရတယ္ ဘာပိုထည့္လိုက္နဲ ့စီစဥ္ညႊန္ႀကားေပးရုံနဲ ့အျပန္က် ေကာင္းခ်ီမွာသမ်ွ အကုန္ ပါသည္။
ကုန္စိမ္းသည္ ေကာင္းခ်ီအိမ္က ညေနဆို
အိမ္မွာ ေဖာက္သည္လာယူသူေတြ နဲ ့
ျပည့္ေနတက္ပီး ေရာင္းမကုန္ပဲ က်န္တဲ့
ကုန္စိမ္းအနည္းငယ္ကို ညီမ ျဖစ္သူျမသက္နဲ ့ကိုထက္မိန္းမေလးက မနက္ေစ်းမွာ ဝိုင္းေရာင္းေပးသည္။
တစ္ရက္ျခား တခါထြက္သည့္ ေကာင္းခ်ီကုန္စိမ္းကားသည္ တေခါက္ကို အနည္းဆံုး တစ္သိန္းခြဲ ေလာက္က်န္သည္မို ့ မဆိုးဘူးေျပာရမည္။
"ငါးစားခ်င္လို ့လား"
စြပ္ႀကယ္အျဖဴက ေခ်ြးေတြနဲ ့ရြဲေန၏။
ပုဆိုးတိုတို ဝတ္ထားေပမဲ့ အလုပ္လုပ္ထားသူပီပီ ပူပူေလာင္ေလာင္ျဖစ္ေနဟန္ျဖင့္ ရင္ဘတ္က စြပ္က်ယ္စကို ေလဝင္ေအာင္ ဆြဲခါရင္းေရာက္လာ၏။
ေသခ်ာေမာ့ၾကည့္ၿပီးမွ ေခါင္းညိမ့္ျပကာ
"အင္း။ ငါ ေစ်းမဝယ္တက္လို ့ေကာင္းခ်ီကိုလွမ္းေခၚလိုက္တာ "
"အမ ငါးဘတ္ခုတ္သား ဘယ္ေစ်းလဲ "
ေရာင္းဖို ့ေစာင့္ေနတဲ့ အမက ေကာင္းခ်ီ အသံၾကားတာနွင့္ ခပ္သြက္သြက္ပင္
"၈၀၀၀ေစ်း ေမာင္ေလး ။ ဘယ္ေလာက္သားယူမလဲ။ အမေယာက်ာ္း ေလွစိုက္တာ ေနာက္က်လို ့ေစ်းမမွီေတာ့လို ့ေလ်ာ့ေရာင္းတာ ဝယ္ပါအုန္း ။ "
လတ္လတ္ဆတ္ဆတ္မွန္းသိသာတဲ့
ငါးဘတ္တုံးေတြေႀကာင့္ ေစ်းေတာ့ထပ္မဆစ္လိုက္ေတာ့ပါ။ ျမိဳ ့မွာဆို ေရခဲရုိက္ျဖဴစုတ္စုတ္ေတြေတာင္ ၁၂၀၀၀ေစ်းေလာက္ရွိသည္။
" ၂၀၀၀ဖိုးထည့္အမ ။ အေကာင္ႀကီးတယ္ထင္တယ္ ငါးက အတုံးႀကီးေနလို ့"
"ႀကီးတယ္ ငါ့ေမာင္ေရ
သံုးပိႆ ာေက်ာ္မယ္ထင္တယ္ "
အလယ္တံုး ေရြးခ်ိန္ေပးေနတဲ့ ငါးသည္အမကို ေကာင္းခ်ီ စပ္စုေနသည္။
ျမိဳ ့မွာခင္ခဲ့တဲ့ ကိုေက်ာ္ႀကီး ငါးဒိုင္လုပ္တာဘယ္ေလာက္ျမတ္လဲ ေကာင္းခ်ီမသိတာမဟုတ္။
"ဒါနဲ ့ ဒီရြာမွာ ရြာတဝက္ နီးပါး တံငါလုပ္တာ
ၾကာတာေနာ္ ။ ေစ်းသည္မ်ားေတာ့ ေရာင္းလို ့ေရာကုန္ၾကရဲ့လား။ ဟို.. ေဘးရြာေတြေရာထြက္ေရာင္းၾကေသးလား"
"ဘယ္ကုန္မွာလဲ ငါေမာင္ရယ္။
တျခားရြာကို ဆိုင္ကယ္ရွိတဲ့ သူေတြက သြားေရာင္းတဲ့ သူေတြက သြားေရာင္းက်ပါတယ္။ အမတို ့ကေတာ့ မရွိတဲ့သူေတြဆိုေတာ့ မကုန္ရင္ ဆားနယ္ထားရတယ္ အေျခာက္လွမ္းတဲ့ဟာလည္းလွမ္းရတယ္"
"ဒီအရြယ္ငါးမ်ိဳးဆို အေကာင္လိုက္ဘယ္ေစ်းလဲ။ ေပါေရေပါလား"
"ငါးဘတ္ရစ္ရင္ အုပ္လိုက္ရတာ အဲ့အခ်ိန္ဆို ၇၀၀၀ေစ်းရရင္ေတာင္ ဝမ္းပန္းတသာ ေရာင္းမဲ့ သူေတြႀကီးပဲ။"
(ငါးရစ္(မိတ္လိုက္)ခ်ိန္ဆို ေရခ်ိဳငါးဥပေဒအရ ငါးဖမ္းခြင့္မရွိေပ။ ျမစ္ေခ်ာင္းေတြထဲမွာ ခုေခတ္ ငါးမ်ိဳးတံုးလာျခင္းမွာ ဥပေဒမဲ့
လ်ွပ္စစ္နဲ ့ေရွာ့တိုက္ပီး ဖမ္းႀကျခင္း ေဆးခ်ျခင္းေတြနဲ ့ငါးရစ္ ငါးသန္ ခ်ိန္ေတြမွာ စည္းကမ္းမလိုက္နာပဲ ငါးခိုးဖမ္းျခင္းတို ့ေႀကာင့္ျဖစ္သည္။ နည္းမ်ိဳးစံု နဲ ့ငါးဖမ္းျခင္း
နည္းေတြမေပၚခင္ အခ်ိန္ ကဆို ရုိးရုိးငါးဖမ္းပိုက္ကြန္ …ပိုက္တန္းျခင္းတို ့နဲ ့တင္
ေရာင္းမကုန္ေအာင္ ငါးရႀကသည္။
ပုဇြန္ ဆိုရင္ေရခ်ိဳးရင္း ေက်ာက္တြင္းနွဳိက္ဖမ္းရင္ေတာင္ ေလးငါးဆယ္ေကာင္ အသာေလး…ဟင္းစားရသည္။ ခုေရးသားေဖာ္ျပမဲ့ ဇာတ္ကြက္တိုင္းသည္ စိတ္ကူး
ယဥ္ ေရးဖြဲ ့မူ ့သာျဖစ္သည္)
ေကာင္းခ်ီ ေခါင္းညိမ့္ကာ
" သက္ပံု ပိုက္ဆံယူေပးလိုက္ဦး။ က်ြန္ေတာ္ေခ်ြးေတြနဲ ့မို ့အိမ္ထဲမဝင္ေတာ့ဘူး"
"ခဏေနာ္ အမ ပိုက္ဆံသြားယူမလို ့"
"ေအးေအးရ တယ္"
သက္ပံု ေကာင္းခ်ီကို လွမ္းႀကည့္ကာ အိမ္ထဲဝင္လာလိုက္သည္။
ငါးအေႀကာင္းေတြေမးလို ့ ဘာစီးပြားေရးေတြမ်ားလုပ္အုန္းမလို ့လဲမသိ။
သူ ့အမ်ိဳးသားက ကိုယ္ခြဲလို ့ရရင္ အေယာက္တစ္ရာေလာက္ခြဲပီးမ်ား စီးပြားေရးလုပ္အုန္းမလားပင္။ အလုပ္ေလာဘႀကီးတဲ့ ေနရာမွာ ေကာင္းခ်ီ ကိုမွီတဲ့ သူဒီေလာကႀကီးမွာရွိခ်င္မွေတာင္ရွိေတာ့မည္။
"ေရာ့အမ "
ေထာင္တန္နွစ္ရြက္ကို ကမ္းေပးေတာ့
ေစ်းဦးေပါက္ထင္သည္။ ဗန္းကို ပိုက္ဆံနဲ ့ပုတ္ကာ တတြတ္တြတ္ ရြတ္ျပီးမွ နုတ္ဆက္ျပန္သြား၏။ ထိုအမ်ိဳးသမီးၿခံထဲက ထြက္သြားပီဆိုမွ ေကာင္းခ်ီက ျဖစ္ခ်င္တာကို ေျပာလာခဲ့သည္။
"သက္ပံု က်ြန္ေတာ္ ငါးဒိုင္ဖြင့္ခ်င္လို ့။ "
"လုပ္ျပန္ပီ ေကာင္းခ်ီရာ။ ကုန္စိမ္းေရာင္းတုန္းကလဲ ငါဘာမွမေျပာဘူးေနာ္။ ဒါေပမဲ့
သရက္သီးေပၚေတာ့မွာ မင္းလူဘယ္နွစ္ကိုယ္ခြဲပီးလုပ္ခ်င္ေနတာလဲ။ ျပီးေတာ့
ငါးညွီနံ ့က နံ ့ကနံ ့နဲ ့မင္းကိုမလုပ္ေစခ်င္ဘူး"
"သက္ပံုေျပာတာမွန္ပါတယ္။ ဒါေပမဲ့က်ြန္ေတာ္ေလာဘႀကီးေနတာ က်ြန္ေတာ္အတြက္မွမဟုတ္တာ သက္ပံု အိမ္ထက္သာေအာင္ ထားေပးခ်င္တာ ။ ငါးညွီနံ ့နံ တယ္ဘယ္သူေျပာလဲ ပိုက္ဆံရရင္ေမႊးသြားလိမ့္မယ္။ "
" တားမရလဲသေဘာပဲ။ ဒါေပမဲ့ ခုေတာ့ မလုပ္ေသးနဲ ့အုန္း မင္းသရက္ျခံ သရက္သီးကုန္မွ လုပ္။ "
"အင္းပါ ခုလည္းမလုပ္နိုင္ေသးပါဘူး။ သိရက္သားနဲ ့ သရက္ျခံ သရက္သီး ခူးဖို ့ခုတေလာအလုပ္ရွဳတ္ေနတာ ။ ေတာ္ေသးတယ္ ကိုသက္တို ့ညီအကို ကားနားရက္ ဝိုင္းကူေပးလို ့"
ေကာင္းခ်ီတို ့အမ်ိဳးေတြက တကယ္စည္းလံုးႀကတာကိုေတာ့ သက္ပံုလက္ခံပါသည္။ ေကာင္းခ်ီက ေရွ ့ကလမ္းေႀကာင္းေပးရုံပဲ ကိုထက္ဆိုရင္ ခုေနာက္ပိုင္း ေကာင္းခ်ီလိုက္စရာေတာင္မလိုေအာင္ စိတ္ခ်ရသည္။ အေဖာ္ရေအာင္ သူ ့မိန္းမ ပါေခၚသြားသည္မို ့ မိန္းမပီပီ ေစ်းလည္းဝယ္တက္သည္။
ပန္းဆိုရင္ ေပၚသမ်ွ ေရာင္းေကာင္းတာကိုႀကည့္ပီးဝယ္ေတာ့ အေလအလႊင့္ေတာင္မရွိ။ ထို ့ေႀကာင့္ ကားေမာင္းခ တစ္ေသာင္းအထိ တိုးေပးရုံမကဘူး သူ ့မိန္းမ
မနက္ခင္းေစ်းေရာင္းကူးတာကိုပါ မုန္ ့ဖိုးေပးေတာ့ ကိုထက္တို ့လင္မယားပါ အဆင္ေျပေနႀကသည္။
" ေအးပါ ေန ့ခင္းသရက္ျခံသြားရင္
ငါေရာလိုက္မွာေနာ္။ "
ျပန္မေျဖပဲ သက္ပံုေရခ်ိဳးဖို ့ တဒုန္းဒုန္းတဒိုင္းဒိုင္ အသံျမည္တဲ့ ေဂါက္နဲ ့လွည့္ရတဲ့ မီးစက္နွဳိးကာ ေရတင္ေပးေနေလ၏။
ထို ႔ေၾကာင့္ ေဘးကေန ရပ္ၿပီး
"ေကာင္းခ်ီငါေျပာတာ ႀကားလားလို ့"
ဟုထပ္ေျပာလိုက္သည္။
ထိုအခါမွ
" သနပ္ခါးမလိမ္းရင္ မလိုက္ရဘူး"
သနပ္ခါးမႀကိဳက္တဲ့ သက္ပံု တစ္ေယာက္
ကေလးေတြလို နွုတ္ခမ္းစူခ်င္သြားသည္။
အဲ့ဒီေကာင္းခ်ီဟာေလ ခ်စ္တယ္ဆိုတာသာေျပာတာ နည္းနည္းမွအလို မလိုက္တက္သူပင္။ေျပာရင္ ေျပာတဲ့အတိုင္းသာ လုပ္တက္သူမို ့ လင္မယားေတြဘာေတြနားလည္သူမဟုတ္ ဒါဆိုဒါမွ။
ေရဆိပ္မသြားရလို ့အထူးတားျမစ္ထားေပမဲ့ ဟိုေန ့က ကမ္းစပ္ကို ဖိုးသားနဲ ့အတူသြားႀကည့္မိသည္ကို သိသြား၍ ဆူလို ့ပူလို ့မျပီးေတာ့။ ကိုယ္က သူ ့ထပ္ အသက္ႀကီးလို ့ေတာ္ေသးသည္ ငယ္မ်ားငယ္ရင္တုတ္နဲ ့ေတာင္ရုိက္မလားမသိ။
ခုလည္း ေနပူထဲ သြားရမွာမို ့ သနပ္ခါးလိမ္းခိုင္းျခင္းျဖစ္သည္။ မလိမ္းရင္ လိုက္ရဖို ့လမ္းမျမင္တာေႀကာင့္ ႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္ လိမ္းရမွာပင္။
"ျပီးေရာ … ေနာက္မွ ေနပူလို ့မလိုက္ေတာ့နဲ ့ဆိုရင္ ငါနဲ ့ေတြ ့မယ္"
မ်က္ေစာင္းထိုးကာ အိမ္ထဲဝင္သြားတဲ့ သက္ပံုကိုႀကည့္ကာ ေကာင္းခ်ီျပံဳးလိုက္မိသည္။
ခ်စ္တဲ့ သက္ပံု တစ္ေယာက္ သနပ္ခါးေလးနဲ ့ဘယ္ေလာက္ခ်စ္ဖို ့ေကာင္းမလဲဆိုတာ စဥ္းစားႀကည့္ရုံနဲ ့ရင္ဘတ္ထဲက ယားစိစိျဖစ္လာသည္။
ရြာမွာေနသားႀကေနတဲ့ သက္ပံုက ပ်င္းဖို ့ေနေနသာသာ ေပ်ာ္ေတာင္ေနေသးသည္မို ့ စိတ္ခ်မ္းသာရတာ အတိုင္းထက္အလြန္ပင္။
ကုန္စိမ္းကားလာတဲ့ ညေနေတြဆို
သက္ပံု တစ္ေယာက္ အရင္လို ထိုင္ႀကည့္ေနမယ္ထင္မေနနဲ ့။
ေဒၚေလးျမရင္တို ့နဲ ့ ခရမ္းခ်ဥ္သီးခ်ိန္ တာတို ့ ပန္းထံုးေတြကို အစီးေသး ေျပာင္းစီးတာတို ့ကို က်ြမ္းက်င္စြာ လုပ္တက္ေနပီျဖစ္သည္။
ညေနဆို ကားျပန္လာဖို ့သူကေတာင္ တေမ်ွာ္ေမ်ွာ္ လုပ္ေနတက္ေသးသည္။ဒါကိုေတာ့ မလုပ္နဲ ့လို ့ေကာင္းခ်ီတခြန္းမတားျဖစ္ေပ။
ေျပာေတာ့သာ ကိုယ့္ကို ေလာဘႀကီးတယ္ေျပာတာ သူကိုယ္တိုင္က စားရင္းစာအုပ္ႀကီးနဲ ့ပါသမ်ွ စာရင္းေသခ်ာလုပ္ကာေရာင္းရေငြ အျမတ္ေငြဆိုပီး ခြဲထားေသးသည္။ ခုတေလာ သက္ပံုတစ္ေယာက္ စိတ္ခ်မ္းသာေနတဲ့ပံုမို ႔ ဒီအလုပ္က ဆိုးေတာ့မဆိုးေပ
…
ခ်စ္တဲ့အိမ္စည္။
>>>>>>>>><<<<<>>>>
မနက်ခင်း ရောင်နီသာတဲ့ အချိန်တွင် သက်ပုံတစ်ယောက် အစောကြီး ဆွမ်းထချက်ပေးထားတဲ့ ကောင်းချီကြောင့်
နီညိုရောင်သင်္ကန်းခြုံထားတဲ့ ဦးဇင်းတွေကို ဆွမ်းလောင်းခွင့်ရခြင်းဖြစ်သည်။
ဘယ်လောက်အိပ်ရေးပျက်ပျက် မနက်ဆို ကောင်းချီက နိုးစက်မလိုပဲ အစောကြီးနိုးတက်၏။သက်ပုံကတော့ ကောင်းချီလောက်တော့ အစောကြီးမထ နိုင်ပေ။
ကောင်းချီ၏ တနေ့ တာ အစသည် အိပ်ယာထလာတာတပြိုင်နက် မျက်နှာသစ် ၊ ဆွမ်းချက် ၊ သန့် ရှင်းရေးအလုပ် ကို
စနစ်တကျ လုပ်ကိုင်တက်သလို သက်ပုံအိပ်ယာကနိုးလာရင် စားဖို့ သောက်ဖို့ ပါအဆင်သင့်ပြင်ထားတက်၏။
အတော်လေး လက်ကြောတင်းတဲ့ယောကျာ်းပင်။
" ဒီဖက် အိမ်က ငါးဝယ်အုန်းမလား။
ငါးဘတ်ခုတ်သားတွေပါတယ် "
ခပ်ကျယ်ကျယ်အော်နေတဲ့ မိန်းမကြီးအသံကြောင့် ဆွမ်းလောင်းပီး မဆေးရသေးတဲ့ ဆွမ်းလောင်းချိုင့်လေး စားပွဲပေါ်တင်ကာ လှမ်းခေါ်ရသည်။
ဒီရွာက နာမည်နဲ့ လိုက်အောင် ငါးပေါသည်မို့ သက်ပုံအကြိုက်ပင်။
"လာအုန်း အမ "
"လာပြီလာပြီ။ ကိုကောင်း ကို စပ်မလို့ လှမ်းကြည့်နေတာ လူမတွေ့ လို့"
"ကောင်းချီက အိမ်နောက်ဖက်မှာ ခြုံတွေရှင်းနေတာအမ၊ ခဏစောင့်နော် ခေါ်လိုက်အုန်းမယ် ကျွန်တော်က ဈေးမဝယ်တက်လို့ ။"
" ကောင်းချီ ရေ…ငါးဝယ်မလို့ ဒီကိုလာအုန်း"
ပြောပီး အိမ်နောက်ကို ကုန်းအော်လိုက်သည်။ မနက်က ကောင်းချီ ဈေးသွားပေမဲ့ မြသက် ဈေးရောင်းတာ လူဝိုင်းနေလို့ ကူရောင်းရင်း အိမ်အတွက် ဈေးမဝယ်ခဲ့ရ။ ကုန်စိမ်းရောင်းတဲ့ အလုပ်ကို
ခုရက်ပိုင်း ကောင်းချီကိုယ်တိုင် မလိုက်တော့ပေ။ ဖုန်းတလုံးနဲ့ အိမ်ကနေ ဘာရောင်းရတယ် ဘာပိုထည့်လိုက်နဲ့ စီစဉ်ညွှန်ကြားပေးရုံနဲ့ အပြန်ကျ ကောင်းချီမှာသမျှ အကုန် ပါသည်။
ကုန်စိမ်းသည် ကောင်းချီအိမ်က ညနေဆို
အိမ်မှာ ဖောက်သည်လာယူသူတွေ နဲ့
ပြည့်နေတက်ပီး ရောင်းမကုန်ပဲ ကျန်တဲ့
ကုန်စိမ်းအနည်းငယ်ကို ညီမ ဖြစ်သူမြသက်နဲ့ ကိုထက်မိန်းမလေးက မနက်ဈေးမှာ ဝိုင်းရောင်းပေးသည်။
တစ်ရက်ခြား တခါထွက်သည့် ကောင်းချီကုန်စိမ်းကားသည် တခေါက်ကို အနည်းဆုံး တစ်သိန်းခွဲ လောက်ကျန်သည်မို့ မဆိုးဘူးပြောရမည်။
"ငါးစားချင်လို့ လား"
စွပ်ကြယ်အဖြူက ချွေးတွေနဲ့ ရွဲနေ၏။
ပုဆိုးတိုတို ဝတ်ထားပေမဲ့ အလုပ်လုပ်ထားသူပီပီ ပူပူလောင်လောင်ဖြစ်နေဟန်ဖြင့် ရင်ဘတ်က စွပ်ကျယ်စကို လေဝင်အောင် ဆွဲခါရင်းရောက်လာ၏။
သေချာမော့ကြည့်ပြီးမှ ခေါင်းညိမ့်ပြကာ
"အင်း။ ငါ ဈေးမဝယ်တက်လို့ ကောင်းချီကိုလှမ်းခေါ်လိုက်တာ "
"အမ ငါးဘတ်ခုတ်သား ဘယ်ဈေးလဲ "
ရောင်းဖို့ စောင့်နေတဲ့ အမက ကောင်းချီ အသံကြားတာနှင့် ခပ်သွက်သွက်ပင်
"၈၀၀၀ဈေး မောင်လေး ။ ဘယ်လောက်သားယူမလဲ။ အမယောကျာ်း လှေစိုက်တာ နောက်ကျလို့ ဈေးမမှီတော့လို့ လျော့ရောင်းတာ ဝယ်ပါအုန်း ။ "
လတ်လတ်ဆတ်ဆတ်မှန်းသိသာတဲ့
ငါးဘတ်တုံးတွေကြောင့် ဈေးတော့ထပ်မဆစ်လိုက်တော့ပါ။ မြို့ မှာဆို ရေခဲရိုက်ဖြူစုတ်စုတ်တွေတောင် ၁၂၀၀၀ဈေးလောက်ရှိသည်။
" ၂၀၀၀ဖိုးထည့်အမ ။ အကောင်ကြီးတယ်ထင်တယ် ငါးက အတုံးကြီးနေလို့ "
"ကြီးတယ် ငါ့မောင်ရေ
သုံးပိဿာကျော်မယ်ထင်တယ် "
အလယ်တုံး ရွေးချိန်ပေးနေတဲ့ ငါးသည်အမကို ကောင်းချီ စပ်စုနေသည်။
မြို့မှာခင်ခဲ့တဲ့ ကိုကျော်ကြီး ငါးဒိုင်လုပ်တာဘယ်လောက်မြတ်လဲ ကောင်းချီမသိတာမဟုတ်။
"ဒါနဲ့ ဒီရွာမှာ ရွာတဝက် နီးပါး တံငါလုပ်တာ
ကြာတာနော် ။ ဈေးသည်များတော့ ရောင်းလို့ ရောကုန်ကြရဲ့လား။ ဟို.. ဘေးရွာတွေရောထွက်ရောင်းကြသေးလား"
"ဘယ်ကုန်မှာလဲ ငါမောင်ရယ်။
တခြားရွာကို ဆိုင်ကယ်ရှိတဲ့ သူတွေက သွားရောင်းတဲ့ သူတွေက သွားရောင်းကျပါတယ်။ အမတို့ ကတော့ မရှိတဲ့သူတွေဆိုတော့ မကုန်ရင် ဆားနယ်ထားရတယ် အခြောက်လှမ်းတဲ့ဟာလည်းလှမ်းရတယ်"
"ဒီအရွယ်ငါးမျိုးဆို အကောင်လိုက်ဘယ်ဈေးလဲ။ ပေါရေပေါလား"
"ငါးဘတ်ရစ်ရင် အုပ်လိုက်ရတာ အဲ့အချိန်ဆို ၇၀၀၀ဈေးရရင်တောင် ဝမ်းပန်းတသာ ရောင်းမဲ့ သူတွေကြီးပဲ။"
(ငါးရစ်(မိတ်လိုက်)ချိန်ဆို ရေချိုငါးဥပဒေအရ ငါးဖမ်းခွင့်မရှိပေ။ မြစ်ချောင်းတွေထဲမှာ ခုခေတ် ငါးမျိုးတုံးလာခြင်းမှာ ဥပဒေမဲ့
လျှပ်စစ်နဲ့ ရှော့တိုက်ပီး ဖမ်းကြခြင်း ဆေးချခြင်းတွေနဲ့ ငါးရစ် ငါးသန် ချိန်တွေမှာ စည်းကမ်းမလိုက်နာပဲ ငါးခိုးဖမ်းခြင်းတို့ ကြောင့်ဖြစ်သည်။ နည်းမျိုးစုံ နဲ့ ငါးဖမ်းခြင်း
နည်းတွေမပေါ်ခင် အချိန် ကဆို ရိုးရိုးငါးဖမ်းပိုက်ကွန် …ပိုက်တန်းခြင်းတို့ နဲ့ တင်
ရောင်းမကုန်အောင် ငါးရကြသည်။
ပုဇွန် ဆိုရင်ရေချိုးရင်း ကျောက်တွင်းနှိုက်ဖမ်းရင်တောင် လေးငါးဆယ်ကောင် အသာလေး…ဟင်းစားရသည်။ ခုရေးသားဖော်ပြမဲ့ ဇာတ်ကွက်တိုင်းသည် စိတ်ကူး
ယဉ် ရေးဖွဲ့ မူ့ သာဖြစ်သည်)
ကောင်းချီ ခေါင်းညိမ့်ကာ
" သက်ပုံ ပိုက်ဆံယူပေးလိုက်ဦး။ ကျွန်တော်ချွေးတွေနဲ့ မို့ အိမ်ထဲမဝင်တော့ဘူး"
"ခဏနော် အမ ပိုက်ဆံသွားယူမလို့ "
"အေးအေးရ တယ်"
သက်ပုံ ကောင်းချီကို လှမ်းကြည့်ကာ အိမ်ထဲဝင်လာလိုက်သည်။
ငါးအကြောင်းတွေမေးလို့ ဘာစီးပွားရေးတွေများလုပ်အုန်းမလို့ လဲမသိ။
သူ့ အမျိုးသားက ကိုယ်ခွဲလို့ ရရင် အယောက်တစ်ရာလောက်ခွဲပီးများ စီးပွားရေးလုပ်အုန်းမလားပင်။ အလုပ်လောဘကြီးတဲ့ နေရာမှာ ကောင်းချီ ကိုမှီတဲ့ သူဒီလောကကြီးမှာရှိချင်မှတောင်ရှိတော့မည်။
"ရော့အမ "
ထောင်တန်နှစ်ရွက်ကို ကမ်းပေးတော့
ဈေးဦးပေါက်ထင်သည်။ ဗန်းကို ပိုက်ဆံနဲ့ ပုတ်ကာ တတွတ်တွတ် ရွတ်ပြီးမှ နုတ်ဆက်ပြန်သွား၏။ ထိုအမျိုးသမီးခြံထဲက ထွက်သွားပီဆိုမှ ကောင်းချီက ဖြစ်ချင်တာကို ပြောလာခဲ့သည်။
"သက်ပုံ ကျွန်တော် ငါးဒိုင်ဖွင့်ချင်လို့ ။ "
"လုပ်ပြန်ပီ ကောင်းချီရာ။ ကုန်စိမ်းရောင်းတုန်းကလဲ ငါဘာမှမပြောဘူးနော်။ ဒါပေမဲ့
သရက်သီးပေါ်တော့မှာ မင်းလူဘယ်နှစ်ကိုယ်ခွဲပီးလုပ်ချင်နေတာလဲ။ ပြီးတော့
ငါးညှီနံ့ က နံ့ ကနံ့ နဲ့ မင်းကိုမလုပ်စေချင်ဘူး"
"သက်ပုံပြောတာမှန်ပါတယ်။ ဒါပေမဲ့ကျွန်တော်လောဘကြီးနေတာ ကျွန်တော်အတွက်မှမဟုတ်တာ သက်ပုံ အိမ်ထက်သာအောင် ထားပေးချင်တာ ။ ငါးညှီနံ့နံ တယ်ဘယ်သူပြောလဲ ပိုက်ဆံရရင်မွှေးသွားလိမ့်မယ်။ "
" တားမရလဲသဘောပဲ။ ဒါပေမဲ့ ခုတော့ မလုပ်သေးနဲ့ အုန်း မင်းသရက်ခြံ သရက်သီးကုန်မှ လုပ်။ "
"အင်းပါ ခုလည်းမလုပ်နိုင်သေးပါဘူး။ သိရက်သားနဲ့ သရက်ခြံ သရက်သီး ခူးဖို့ ခုတလောအလုပ်ရှုတ်နေတာ ။ တော်သေးတယ် ကိုသက်တို့ ညီအကို ကားနားရက် ဝိုင်းကူပေးလို့ "
ကောင်းချီတို့ အမျိုးတွေက တကယ်စည်းလုံးကြတာကိုတော့ သက်ပုံလက်ခံပါသည်။ ကောင်းချီက ရှေ့ ကလမ်းကြောင်းပေးရုံပဲ ကိုထက်ဆိုရင် ခုနောက်ပိုင်း ကောင်းချီလိုက်စရာတောင်မလိုအောင် စိတ်ချရသည်။ အဖော်ရအောင် သူ့ မိန်းမ ပါခေါ်သွားသည်မို့ မိန်းမပီပီ ဈေးလည်းဝယ်တက်သည်။
ပန်းဆိုရင် ပေါ်သမျှ ရောင်းကောင်းတာကိုကြည့်ပီးဝယ်တော့ အလေအလွှင့်တောင်မရှိ။ ထို့ ကြောင့် ကားမောင်းခ တစ်သောင်းအထိ တိုးပေးရုံမကဘူး သူ့ မိန်းမ
မနက်ခင်းဈေးရောင်းကူးတာကိုပါ မုန့် ဖိုးပေးတော့ ကိုထက်တို့ လင်မယားပါ အဆင်ပြေနေကြသည်။
" အေးပါ နေ့ ခင်းသရက်ခြံသွားရင်
ငါရောလိုက်မှာနော်။ "
ပြန်မဖြေပဲ သက်ပုံရေချိုးဖို့ တဒုန်းဒုန်းတဒိုင်းဒိုင် အသံမြည်တဲ့ ဂေါက်နဲ့ လှည့်ရတဲ့ မီးစက်နှိုးကာ ရေတင်ပေးနေလေ၏။
ထို့ ကြောင့် ဘေးကနေ ရပ်ပြီး
"ကောင်းချီငါပြောတာ ကြားလားလို့ "
ဟုထပ်ပြောလိုက်သည်။
ထိုအခါမှ
" သနပ်ခါးမလိမ်းရင် မလိုက်ရဘူး"
သနပ်ခါးမကြိုက်တဲ့ သက်ပုံ တစ်ယောက်
ကလေးတွေလို နှုတ်ခမ်းစူချင်သွားသည်။
အဲ့ဒီကောင်းချီဟာလေ ချစ်တယ်ဆိုတာသာပြောတာ နည်းနည်းမှအလို မလိုက်တက်သူပင်။ပြောရင် ပြောတဲ့အတိုင်းသာ လုပ်တက်သူမို့ လင်မယားတွေဘာတွေနားလည်သူမဟုတ် ဒါဆိုဒါမှ။
ရေဆိပ်မသွားရလို့ အထူးတားမြစ်ထားပေမဲ့ ဟိုနေ့ က ကမ်းစပ်ကို ဖိုးသားနဲ့ အတူသွားကြည့်မိသည်ကို သိသွား၍ ဆူလို့ ပူလို့ မပြီးတော့။ ကိုယ်က သူ့ ထပ် အသက်ကြီးလို့ တော်သေးသည် ငယ်များငယ်ရင်တုတ်နဲ့ တောင်ရိုက်မလားမသိ။
ခုလည်း နေပူထဲ သွားရမှာမို့ သနပ်ခါးလိမ်းခိုင်းခြင်းဖြစ်သည်။ မလိမ်းရင် လိုက်ရဖို့ လမ်းမမြင်တာကြောင့် ကြိုက်ကြိုက်မကြိုက်ကြိုက် လိမ်းရမှာပင်။
"ပြီးရော … နောက်မှ နေပူလို့ မလိုက်တော့နဲ့ ဆိုရင် ငါနဲ့ တွေ့ မယ်"
မျက်စောင်းထိုးကာ အိမ်ထဲဝင်သွားတဲ့ သက်ပုံကိုကြည့်ကာ ကောင်းချီပြုံးလိုက်မိသည်။
ချစ်တဲ့ သက်ပုံ တစ်ယောက် သနပ်ခါးလေးနဲ့ ဘယ်လောက်ချစ်ဖို့ ကောင်းမလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့ ရင်ဘတ်ထဲက ယားစိစိဖြစ်လာသည်။
ရွာမှာနေသားကြနေတဲ့ သက်ပုံက ပျင်းဖို့ နေနေသာသာ ပျော်တောင်နေသေးသည်မို့ စိတ်ချမ်းသာရတာ အတိုင်းထက်အလွန်ပင်။
ကုန်စိမ်းကားလာတဲ့ ညနေတွေဆို
သက်ပုံ တစ်ယောက် အရင်လို ထိုင်ကြည့်နေမယ်ထင်မနေနဲ့ ။
ဒေါ်လေးမြရင်တို့ နဲ့ ခရမ်းချဉ်သီးချိန် တာတို့ ပန်းထုံးတွေကို အစီးသေး ပြောင်းစီးတာတို့ ကို ကျွမ်းကျင်စွာ လုပ်တက်နေပီဖြစ်သည်။
ညနေဆို ကားပြန်လာဖို့ သူကတောင် တမျှော်မျှော် လုပ်နေတက်သေးသည်။ဒါကိုတော့ မလုပ်နဲ့ လို့ ကောင်းချီတခွန်းမတားဖြစ်ပေ။
ပြောတော့သာ ကိုယ့်ကို လောဘကြီးတယ်ပြောတာ သူကိုယ်တိုင်က စားရင်းစာအုပ်ကြီးနဲ့ ပါသမျှ စာရင်းသေချာလုပ်ကာရောင်းရငွေ အမြတ်ငွေဆိုပီး ခွဲထားသေးသည်။ ခုတလော သက်ပုံတစ်ယောက် စိတ်ချမ်းသာနေတဲ့ပုံမို့ ဒီအလုပ်က ဆိုးတော့မဆိုးပေ
…
ချစ်တဲ့အိမ်စည်။
>>>>>>>>><<<<<>>>>
Bạn đang đọc truyện trên: ZingTruyen.Xyz