အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
7
"ေအာက္…အီး အီး အြတ္ "
ေတာရြာေတြမွာ မိုးမလင္းခင္ ႀကားေနက်
ႀကက္တြန္သံပီပီသသေႀကာင့္ ေကာင္းခ်ီ အိပ္ေနရာမွနိုးသြား၏။
တခါတခါ ဆူဆူညံညံေတြ လမ္းဖက္မွာ ထြက္ထြက္လာေတာ့ ေကာင္းခ်ီ အိပ္ယာထဲျပန္မွိန္းမဲ့ စိတ္ကူးလႊင့္ပစ္ကာ ေထြးေပြ ့ထားတဲ့
သက္ပံုေလးကို ဖြဖြေလး ဖယ္ မ ေရြ ့လိုက္ရသည္။
ညက သူတို ့နွစ္ေယာက္ရဲ့ပထမဆံုးညေလးမို ့ပင္ပန္းသြားတဲ့ သက္ပံုကေတာ့
ဘာသံႀကားႀကားနိုးမဲ့ပံုမေပၚပါ ။
ျမစ္ကမ္းနဖူးရဲ့ ကုန္းထိပ္မွာေက်ာေပးေဆာက္ထားတဲ့ အိမ္မို ့ေလေအးေအး အဆက္မျပတ္တိုက္ခတ္ကာ
ေႏြရာသီေတာင္ ေစာင္ပါးေလးလႊားထားမွ။ ေအးစိမ့္စိမ့္နဲ ့ air con မလိုေအာင္ပင္
ေနရတာ အဆင္ေျပသည္။
သံေခ်ာင္းေတြ တပ္မထားတဲ့ ျပတင္းတံခါးကို ေအးေအးေလးအိပ္ရေအာင္ မပိတ္ေပးေတာ့ပဲ ေကာင္ခ်ီအိပ္ယာမွ ထ လိုက္သည္။
မနက္၇နာရီဆိုတာ ဆြမ္းခံခ်ိန္လို ့သတ္မွတ္ထားတဲ့ တံငါကုန္းရြာတြင္ အိမ္တိုင္းလိုလို မနက္တိုင္း ကိုယ့္အိမ္ေရွ ့မွ တရြာလံုး လွည့္ပီး ဆြမ္းခံႀကြတဲ့ ဦးဇင္းေတြကို အတန္းလိုက္ ဆြမ္းေလာင္းရတာ ရုိးရာမျပတ္တဲ့အစဥ္အလာပင္။
သြက္လက္စြာ မီးေသြးဖို ကိုမီးေမႊးလိုက္ပီး
ဆန္ေလးလံုးကို အိုးထဲထည့္ကာေဆးသည္။ သံုးခါေလာက္အထပ္ထပ္ေဆးပီးေတာ့မွ ေရအျပည့္ထည့္ကာ ရဲေနတဲ့ မီးေသြးဖို တည္လိုက္သည္။
ထမင္းအိုးတည္ထားတုန္း ေသာက္ေရျဖည့္ျခင္း ၊ မီးဖိုေခ်ာင္သံုးေရျဖည့္ျခင္းေတြကို ဆက္လုပ္မိသည္။ အကုန္ျပီးေတာ့
ျခံထဲမွာ ေႀကြက်ေနတဲ့ သစ္ရြက္ေျခာက္
ကိုျမင္ေတာ့ လူကအျငိမ္မေနနိုင္သူပီပီ
အိမ္ေထာင့္ မွာေထာင္ထားတဲ့ တံျမတ္စည္းကို သြားယူပီး လွည္းေနလိုက္စဥ္
ေဒၚေလးျမရင္သမီး
ျမသက္ က အိမ္ထဲဆြဲျခင္းေလးကိုင္ကာဝင္လာ၏။
"ကိုေကာင္း အေစာႀကီး နိုးေနတာလား။
သမီးက ေစ်းသြားမလို ့ဘာမွအုန္းမလဲ"
အခ်ိန္က ေရာင္နီေတာင္ သိပ္မသန္းေသးတဲ့ေဝလီေဝလင္းအခ်ိန္။
"မေစာလြန္းဘူးလား။ အခ်ိန္လဲ ႀကည့္အုန္း ဘယ္ေစ်းသည္ကဒီအခ်ိန္ေစ်းထြက္မွာလဲ"
အပ်ိဳေပါက္ကေလးျဖစ္တဲ့ ညီမျဖစ္သူကုိ ခပ္မာမာ ေျပာမိေတာ့ အေနေအးသူက အျပံဳးေတာင္မပ်က္။
"ေန ့တာရွည္တယ္ေလ ကိုေကာင္းကလဲ။
ေသခ်ာေလးလဲနာရီႀကည့္လိုက္ပါအုန္း ငါးနာရီေတာင္ခြဲေတာ့မွာမေစာေတာ့ဘူး "
"ခနေစာင့္ ငါထမင္းအိုးငဲွ ့အုန္းမယ္"
မီးေကာင္းတာေႀကာင့္ သိပ္မႀကာတဲ့ အခ်ိန္အတြင္းမွာ ထမင္းအိုးက ပြက္ေခ်သည္။
အေတာ္ေလာက္ အေနထားမွာ အိုးလြတ္ခံပီး ထမင္းရည္ေတြကိုငွဲ ့ခ်လိုက္သည္။
လ်ွပ္စစ္မီး မရတဲ့ေဒသမို ့ မီးေသြးဖို သို ့မဟုတ္ ထင္းမီးကိုသာ အားထားရသည္။
ေတာရြာေတြမွာ တခုေကာင္းတာက သစ္ဝါး ေပါမ်ားျခင္းပင္။
(အခုေတာ့ ေတာဖက္ေတြမွာလဲ သစ္ဝါး ရွားပါလာပါျပီ။ သိတဲ့အတိုင္း နည္းအမ်ိဳးမ်ိဳးနဲ ့ သစ္ခုတ္မူ ့တို ့ေႀကာင့္ ေတာျပဳန္းကာ
ေတာင္ကတံုးမ်ားသာ က်န္ေတာ့သည္။ )
မီးဖိုေပၚ ထမင္းမနွပ္ခင္ မီးေသြးခဲေတြကို မီးညွပ္နဲ ့ယူကာေျမအိုးထဲကိုထည့္ကာ မီးအရင္သတ္သည္။ ျပီးမွ မီးေအးေအးနဲ ့သံုးမိနွစ္ေလာက္ႀကာေအာင္နွပ္လိုက္သည္။
အျပင္မွာ ျမသက္ေစာင့္ေနရတာႀကာမွာစိုးလို ့ငါးေထာင္တန္နွစ္ရြက္ အိတ္ေထာင္ထဲထိုးထည့္ကာ အျပင္ျပန္ထြက္ရသည္။
သက္ပံုက ေတာ့ မနိုးေသး။
"လာ သြားရေအာင္ "
ဘယ္ေသာအခါမွ ေႏြးေႏြးေထြးေထြး
ေမာင္နွမေတြနဲ ့မေနဘူးေပမဲ့ ညီေတြ၊ညီမေတြေတာ့ ေကာင္းခ်ီခ်စ္ပါသည္။
" အရင္ေနရာမွာလား ေစ်းက "
"အာ ကိုေကာင္းက မသိေသးထင္ တယ္။
ေတာင္ရြာမွာ ေစ်းေနရာက်ဥ္းလာလို ့
ကိုေကာင္းတို ့အိမ္ေဘးက ေနရြာလြတ္ကိုေရြ ့လိုက္တာ"
ေတာင္ရြာ ေျမာက္ရြာဆိုတာ ရြာသူရြာသားေတြ ရြာလယ္ လမ္းမႀကီးကို ကိုယ့္ဘာသာ အပိုင္းအျခားလုပ္ထားတဲ့သေဘာသာ။ တံငါကုန္းရြာဆိုတာ ေတာင္ေရာ ေျမာက္ေရာ ေပါင္းမွျဖစ္လာတဲ့ရြာတစ္ရြာျဖစ္ပီး အိမ္ေျခ ကိုးရာနီးပါးရွိေသာရြာႀကီးပင္။ေတာင္ရြာဖက္တြင္ ေစ်းဆိုင္နဲ ့
အျခား လက္လုပ္လက္စားမ်ား ေနႀကသလို ေျမာက္ရြာဖက္တြင္ တံငါသည္ အမ်ားစု နဲ ့ အခင္းစိုက္သူမ်ားေနႀကသည္။
"ဒါဆို ငါအေဝးႀကီး ေစ်းသြားစရာမလိုေတာ့ဘူးေပါ့"
အိမ္ေဘး ကေန ေျခလွမ္း ဆယ္လွမ္းေက်ာ္ေလာက္မွာ ရွိတဲ့ကြင္းျပင္က်ယ္မွာ
ေစ်းခင္းေနႀကတဲ့ သူေတြကအမ်ားအျပား။
မနက္ကဆူဆူညံညံအသံေတြက ေစ်းလာခင္းႀကတဲ့သူေတြအသံဆိုတာ ခုမွသိသည္။
"မေန ့က ငါလာတုန္းက မေတြ ့ပါဘူး "
"မေတြ ့ဆို ေစ်းက ျမိဳ ့ေစ်းလို တေန ကုန္မွမဟုတ္တာ ။ မနက္၈နာရီေလာက္ဆို ေစ်းကြဲပီ အဲ့ခ်ိန္ဆို ေစ်းေရာင္းမဲ့သူမရွိေတာ့ဘူး။ "
ေကာင္းခ်ီခပ္ဆိိတ္ဆိတ္ေနကာ လမ္းေဘးမွာ မိုးကားခင္းကာ ခ်ေရာင္းေနက်တဲ့ ေစ်းသည္ေတြနဲ ့ ေစ်းခံုေလးေတြေပၚမွာ ေသခ်ာေရာင္းေနတဲ့ ေစ်းသည္ေတြကိုေသခ်ာႀကည့္မိသည္။
"လာေနာ္ လာေနာ္ မုန္လာပြင့္ေတြ လတ္မွ လတ္ လွမွ လွ ။ တပြင့္မွ ၇၀၀ႀကိဳက္တာေရြးမေန ့ညက မွ ျမိဳ ့ေလး မွာ သြားဝယ္လာတာ။ ခရမ္းခ်ဥ္သီး ပိသာလံုး ၉၀၀
အစိတ္သား ၃၀၀ …ဟဲ့ ျမသက္ ဝယ္အုန္းမလား ။ မေန ့ကမွေရာက္တာ ကုန္စိမ္းေတြအစံုပဲ "
"အျပန္မွ ဝယ္မယ္ အေဒၚေရ "
ျမသက္ကို ေအာ္ေနရင္းလွမ္း စပ္ ေတာ့
မဝယ္ဖို ့လက္ကုတ္မိသည္။
ျမိဳ ့မွာ ကုန္စိမ္းတန္းမွာ သူက်င္လည္လာတာ ဘယ္ကုန္ ဘယ္ေစ်းလဲဆိုတာ သူအသိဆံုး။
ပန္းမုန္လာ တပြင့္ ၂၅၀… ၃၀၀ဒါေတာင္ အမ်ားေစ်းမဟုတ္ဘူး ။ ခုက ထက္ဝက္မက ေစ်းတင္ေရာင္းလြန္းသည္။
ခရမ္းခ်ဥ္သီးလဲ ဘာထူးလဲ အလြန္ဆံုးရွိ ၅၀၀ေပါ့။
"ဘာျဖစ္လို ့လဲ ကိုေကာင္း"
"ေစ်းႀကီးလို ့"
"အမ္ မႀကီးပါဘူး အဲ့အေဒၚက ေစ်းထဲမွာ ေဖာက္သည္ေပးေနတဲ့ လက္ကားသည္ေလ။
တျခားသူေတြဆို သူ ့ထပ္ေတာင္ေစ်းႀကီးေသးတယ္"
ေကာင္းခ်ီမ်က္ေမွာင္ကုတ္ကာ
"ရြာမွာ ျမိဳ ့ကို သြားတဲ့ ေစ်းကားေတြမရွိဘူးလား "
"ရွိတယ္ေလ သံုးရက္တခါ ။ "
"ဘယ္သြားဝယ္တာလဲ "
"ဒီနားက ျမိဳ ့ေလးမွာ။ အဲ့ဆီကေန ဒီကေစ်းသည္ေတြ ျပန္ဝယ္ေရာင္းတာ "
လမ္းပန္းဆက္သြယ္ေရး က ျမစ္ကမ္းနားမွာရွိတဲ့ရြာမို ့ေရလမ္းဆက္သြယ္ေရးလည္းရွိေပမဲ့ အေရးႀကီးမွသာ အေတာ္ေဝးတဲ့ မႏၱေလးကို သြားႀကတာျဖစ္သည္။
ေတာ္ေတာ္မ်ားမ်ားျမသက္ေျပာသလိုပင္ ေစ်းႀကီးသည္မို ့ ေကာင္းခ်ီ စိတ္ေလ်ာ့ကာ ႀကက္သား တစ္ေထာင္ဖိုးနဲ ့ပန္းမုန္လာ ဘိုစားပဲသီး… ခါႀကက္ဥနဲ ့စြန္တံ ေျခာက္ နွစ္ရာတန္တစ္ထုတ္ဝယ္ခဲ့လိုက္သည္။
ဒီမွာက အသားငါးက တစ္ေထာင္ဖိုးနဲ ့
စားျဖစ္ေပမဲ့ တဆင့္ဝယ္ရတဲ့ ကုန္ေတြကေတာ့ ေစ်းအေတာ္ေပးရသည္။
အျပန္က် သက္ပံုနဲ ့တိုင္ပင္ပီး တခုခုလုပ္
ဖို ့သူစီစဥ္ဖို ့ႀကံမိသည္။
"အေဒၚ ႀကာဇံေႀကာ္ ပါဆယ္ သံုးထုတ္ "
"ေအးေအး နွစ္ရာဖိုးစီလား"
ညီမလုပ္သူအသံေႀကာင့္ အေတြးစျပတ္ကာ ေစ်းထဲမွာေရာင္းေနတဲ့ ႀကာဇံေႀကာ္ ေခါက္ဆြဲေႀကာ္သည္ဆီ ေရာက္သြား၏။
"အဲ့ဒါ ဘယ္ေလာက္ဖိုးလဲ"
"နွစ္ရာဖိုးေလ ။ ဒီအေဒၚဆီက ႀကာဇံေႀကာ္က စားလို ့ေကာင္းတယ္ ။ ကိုေကာင္း ဝယ္သြားပါ့လား"
ပူပူေလာေလာ ခါႀကက္ဥ မုန္လာထုပ္မ်ားမ်ားနဲ ့ေႀကာ္ထားတဲ့ ႀကာဇံေႀကာ္ကိုႀကည့္ကာ ေခါင္းညိတ္ျပလိုက္သည္။
နွစ္ရာဖိုးနဲ ့စားျဖစ္ေသးတယ္လားဒီေခတ္ႀကီးမွာေလ…
"နွစ္ထုတ္ ထပ္ထည့္လိုက္ေဒၚေလး အခ်ဥ္ ငရုတ္သီးေကာ "
" အားလံုးေပါင္းတစ္ေထာင္လား ေရာ့
က်ြန္ေတာ္ဆီက ယူ "
ျမသက္ အစားပါ ေပးလိုက္ေတာ့
ေသြးသားဆိုတဲ့ စိတ္နဲ ့အငယ္မ ကသူ ့ကိုအားနာဟန္မတူ။
ျခင္းေလးဆြဲကာအရင္ထြက္သြားသည္မို ့
သူ ေနာက္ကေနသာေအးေအးေဆးေဆး လိုက္လာခဲ့လိုက္သည္။
ျခံေရွ ့ေရာက္ေတာ့ ျမသက္က အိမ္ထဲမဝင္ေတာ့ပဲ နွဳတ္ဆက္ျပန္သြား၏။
လက္ထဲက အထုတ္အပိုးေတြကို ဆြဲကာ အိမ္ထဲဝင္လိုက္ေတာ့ မ်က္နွာသစ္ပီးေနတဲ့ သက္ပံုက အိပ္ယာနိုးေတာ့ သူ ့ကိုမေတြ ့လို ့ စိတ္ေကာက္ေနဟန္။
"ေစ်းသြားေနတာ နိုးေနပီလား "
"အင္း ငါနိုးေတာ့ မင္းကို မေတြ ့လို ့လိုက္ရွာေနတာ ။ ေျပာလည္းမသြားေတာ့ ဘယ္သြားမွန္းလဲ မသိ"
သက္ပံုေျပာတာကို နားေထာင္ရင္း လက္ကေတာ့ သက္ပံုနဲ ့သူစားဖို ့ႀကာဇံေႀကာ္ကို ပန္းကန္ထဲထည့္ကာ လက္ဖက္ရည္ထုတ္ကို ေရးေႏြးပူနဲ ့ေဖ်ာ္လိုက္သည္။
အကုန္ပီးမွ သက္ပံုေရွ ့ခ်ေပးကာ
"ေနာက္ကို သက္ပံု ကိုမေျပာပဲ ဘယ္မွမသြားေတာ့ဘူး။ ႀကာဇံေႀကာ္ဝယ္လာတယ္ ေကာင္းမလားေတာ့မသိဘူး။ စားႀကည့္"
ဇြန္းတပ္ထားတဲ့ ပန္းကန္ေလးကိုႀကည့္ကာ စိတ္ေကာက္ေနတာမို ့သက္ပံုေမ ့သြား၏။ အေငြ ့တလူလူ ထြက္ေနတာမို ့
ေႀကာ္ထားတာ သိပ္ႀကာေသးပံုမေပၚ။
ဇြန္းနဲ ့အခ်ဥ္ငရုတ္သီး ေမႊလိုက္ပီး စားႀကည့္လိုက္သည္။
အခ်ဥ္က စားေနက်မဟုတ္တဲ့ မက်ည္းခ်ဥ္မို ့စားရတာ ေကာင္း၏။
"ေကာင္းသားပဲ ။ ျမိဳ ့လက္ရာေတြနဲ ့တျခားစီပဲ"
"အင္း တစ္ထုပ္မွ နွစ္ရာေပးရတာ "
"တကယ္! "
တအံတႀသမ်က္လံုးျပဴးေလးေႀကာင့္ နွဖူးေလးကို လွမ္းေတာက္လိုက္သည္။
"အင္း …က်ြန္ေတာ္ သက္ပံုကိုေျပာစရာရွိတယ္ "
"ေျပာေလ "
စားေနရင္းမို ့အသံေလးက မပီမသ။
"က်ြန္ေတာ္ ေစ်းေရာင္းခ်င္လို ့။ ကုန္စံုဆိုင္ႀကီးႀကီးေလးဖြင့္ခ်င္တာ ။ ျဖစ္နိုင္ရင္ ကုန္ကားပါဝယ္ပီး မႏၱေလးနဲ ့ရြာနဲ ့ကို ကုန္ကူးခ်င္တာ"
"လုပ္ငန္းလုပ္ရင္ ငါကေတာ့ ေသးေသးကပဲ စခ်င္တယ္။ ကုန္စံုဆိုင္တဆိုင္ဖြင့္ရင္
မရွိတာမရွိပဲစံုစံုလင္လင္ဖြင့္မယ္ဆိုရင္ေတာင္ တစ္ရာေက်ာ္ေတာင္ ေလာက္မွာမဟုတ္ဘူး ။ စံုစမ္းႀကည့္ပါအုန္း။ ငါက မင္းေလာက္ေတာ့ သိပ္နားမလည္ဘူးေလ"
သက္ပံုေျပာတာလဲ မွန္တာပင္။
ေစ်းေရာင္းဖို ့သူ ့မွအေတြ ့အႀကံဳ မရွိေသး။
ေသးေသးဆို သူဘာက စရမလဲ။
အေတြးထဲေပၚလာတာ မနက္က ေစ်းထဲမွာေတြ ့ခဲ့တဲ့ မုန္လာပြင့္သည္ပင္။
" အဲ့ဒါဆို က်ြန္ေတာ္ ကုန္စိမ္းအရင္ေရာင္းႀကည့္မယ္…ဘယ္လိုလဲ"
ခ်စ္တဲ့အိမ္စည္။
>>>>><<<<<
"အောက်…အီး အီး အွတ် "
တောရွာတွေမှာ မိုးမလင်းခင် ကြားနေကျ
ကြက်တွန်သံပီပီသသကြောင့် ကောင်းချီ အိပ်နေရာမှနိုးသွား၏။
တခါတခါ ဆူဆူညံညံတွေ လမ်းဖက်မှာ ထွက်ထွက်လာတော့ ကောင်းချီ အိပ်ယာထဲပြန်မှိန်းမဲ့ စိတ်ကူးလွှင့်ပစ်ကာ ထွေးပွေ့ ထားတဲ့
သက်ပုံလေးကို ဖွဖွလေး ဖယ် မ ရွေ့ လိုက်သည်။
ညက သူတို့ နှစ်ယောက်ရဲ့ပထမဆုံးညလေးမို့ ပင်ပန်းသွားတဲ့ သက်ပုံကတော့
ဘာသံကြားကြားနိုးမဲ့ပုံမပေါ် ။
မြစ်ကမ်းနဖူးရဲ့ ကုန်းထိပ်မှာကျောပေးဆောက်ထားတဲ့ အိမ်မို့ လေအေးအေး အဆက်မပြတ်တိုက်ခတ်ကာ
နွေရာသီတောင် စောင်ပါးလေးလွှားထားမှ။ အေးစိမ့်စိမ့်နဲ့ အဲကွန်း မလိုအောင်ပင်
နေရတာ အဆင်ပြေသည်။
သံချောင်းတွေ တပ်မထားတဲ့ ပြတင်းတံခါးကို အေးအေးလေးအိပ်ရအောင် မပိတ်ပေးတော့ပဲ ကောင်ချီအိပ်ယာမှ ထ လိုက်သည်။
မနက်၇နာရီဆိုတာ ဆွမ်းခံချိန်လို့ သတ်မှတ်ထားတဲ့ တံငါကုန်းရွာတွင် အိမ်တိုင်းလိုလို မနက်တိုင်း ကိုယ့်အိမ်ရှေ့မှ တရွာလုံး လှည့်ပီး ဆွမ်းခံကြွတဲ့ ဦးဇင်းတွေကို အတန်းလိုက် ဆွမ်းလောင်းရတာ ရိုးရာမပြတ်တဲ့အစဉ်အလာပင်။
သွက်လက်စွာ မီးသွေးဖို ကိုမီးမွှေးလိုက်ပီး
ဆန်လေးလုံးကို အိုးထဲထည့်ကာဆေးသည်။ သုံးခါလောက်အထပ်ထပ်ဆေးပီးတော့မှ ရေအပြည့်ထည့်ကာ ရဲနေတဲ့ မီးသွေးဖို တည်လိုက်သည်။
ထမင်းအိုးတည်ထားတုန်း သောက်ရေဖြည့်ခြင်း မီးဖိုချောင်သုံးရေဖြည့်ခြင်းတွေကို ဆက်လုပ်မိသည်။ အကုန်ပြီးတော့
ခြံထဲမှာ ကြွေကျနေတဲ့ သစ်ရွက်ခြောက်
ကိုမြင်တော့ လူကအငြိမ်မနေနိုင်သူပီပီ
အိမ်ထောင့် မှာထောင်ထားတဲ့ တံမြတ်စည်းကို သွားယူပီး လှည်းနေလိုက်စဉ်
ဒေါ်လေးမြရင်သမီး
မြသက် က အိမ်ထဲဆွဲခြင်းလေးကိုင်ကာဝင်လာ၏။
"ကိုကောင်း အစောကြီး နိုးနေတာလား။
သမီးက ဈေးသွားမလို့ ဘာမှအုန်းမလဲ"
အချိန်က ရောင်နီတောင် သိပ်မသန်းသေးတဲ့ဝေလီဝေလင်းအချိန်။
"မစောလွန်းဘူးလား။ အချိန်လဲ ကြည့်အုန်း ဘယ်ဈေးသည်ကဒီအချိန်ဈေးထွက်မှာလဲ"
အပျိုပေါက်ကလေးဖြစ်တဲ့ ညီမဖြစ်သူကို ခပ်မာမာ ပြောမိတော့ အနေအေးသူက အပြုံးတောင်မပျက်။
"နေ့ တာရှည်တယ်လေ ကိုကောင်းကလဲ။
သေချာလေးလဲနာရီကြည့်လိုက်ပါအုန်း ငါးနာရီတောင်ခွဲတော့မှာမစောတော့ဘူး "
"ခနစောင့်အုန်း ငါထမင်းအိုးငှဲ့ အုန်းမယ်"
မီးကောင်းတာကြောင့် သိပ်မကြာတဲ့ အချိန်အတွင်းမှာ ထမင်းအိုးက ပွက်ချေသည်။
အတော်လောက် အနေထားမှာ အိုးလွတ်ခံပီး ထမင်းရည်တွေကိုငှဲ့ ချလိုက်သည်။
လျှပ်စစ်မီး မရတဲ့ဒေသမို့ မီးသွေးဖို သို့ မဟုတ် ထင်းမီးကိုသာ အားထားရသည်။
တောရွာတွေမှာ တခုကောင်းတာက သစ်ဝါး ပေါများခြင်းပင်။
(အခုတော့ တောဖက်တွေမှာလဲ သစ်ဝါး ရှားပါလာပါပြီ။ သိတဲ့အတိုင်း နည်းအမျိုးမျိုးနဲ့ သစ်ခုတ်မူ့ တို့ ကြောင့် တောပြုန်းကာ
တောင်ကတုံးများသာ ကျန်တော့သည်။ )
မီးဖိုပေါ် ထမင်းမနှပ်ခင် မီးသွေးခဲတွေကို မီးညှပ်နဲ့ ယူကာမြေအိုးထဲကိုထည့်ကာ မီးအရင်သတ်သည်။ ပြီးမှ မီးအေးအေးနဲ့ သုံးမိနှစ်လောက်ကြာအောင်နှပ်လိုက်သည်။
အပြင်မှာ မြသက်စောင့်နေရတာကြာမှာစိုးလို့ ငါးထောင်တန်နှစ်ရွက် အိတ်ထောင်ထဲထိုးထည့်ကာ အပြင်ပြန်ထွက်ရသည်။
သက်ပုံက တော့ မနိုးသေး။
"လာ သွားရအောင် "
ဘယ်သောအခါမှ နွေးနွေးထွေးထွေး
မောင်နှမတွေနဲ့ မနေဘူးပေမဲ့ ညီတွေညီမတွေတော့ ကောင်းချီချစ်ပါသည်။
" အရင်နေရာမှာလား ဈေးက "
"အာ ကိုကောင်းက မသိသေးထင် တယ်။
တောင်ရွာမှာ ဈေးနေရာကျဉ်းလာလို့
ကိုကောင်းတို့ အိမ်ဘေးက နေရွာလွတ်ကိုရွေ့ လိုက်တာ"
တောင်ရွာ မြောက်ရွာဆိုတာ ရွာသူရွာသားတွေ ရွာလယ် လမ်းမကြီးကို ကိုယ့်ဘာသာ အပိုင်းအခြားလုပ်ထားတဲ့သဘောသာ။ တံငါကုန်းရွာဆိုတာ တောင်ရော မြောက်ရော ပေါင်းမှဖြစ်လာတဲ့ရွာတစ်ရွာဖြစ်ပီး အိမ်ခြေ ကိုးရာနီးပါးရှိသောရွာကြီးပင်။တောင်ရွာဖက်တွင် ဈေးဆိုင်နဲ့
အခြား လက်လုပ်လက်စားများ နေကြသလို မြောက်ရွာဖက်တွင် တံငါသည် အများစု နဲ့ အခင်းစိုက်သူများနေကြသည်။
"ဒါဆို ငါအဝေးကြီး ဈေးသွားစရာမလိုတော့ဘူးပေါ့"
အိမ်ဘေး ကနေ ခြေလှမ်း ဆယ်လှမ်းကျော်လောက်မှာ ရှိတဲ့ကွင်းပြင်ကျယ်မှာ
ဈေးခင်းနေကြတဲ့ သူတွေကအများအပြား။
မနက်ကဆူဆူညံညံအသံတွေက ဈေးလာခင်းကြတဲ့သူတွေအသံဆိုတာ ခုမှသိသည်။
"မနေ့ က ငါလာတုန်းက မတွေ့ ပါဘူး "
"မတွေ့ ဆို ဈေးက မြို့ ဈေးလို တနေ ကုန်မှမဟုတ်တာ ။ မနက်၈နာရီလောက်ဆို ဈေးကွဲပီ အဲ့ချိန်ဆို ဈေးရောင်းမဲ့သူမရှိတော့ဘူး။ "
ကောင်းချီခပ်ဆိတ်ဆိတ်နေကာ လမ်းဘေးမှာ မိုးကားခင်းကာ ချရောင်းနေကျတဲ့ ဈေးသည်တွေနဲ့ ဈေးခုံလေးတွေပေါ်မှာ သေချာရောင်းနေတဲ့ ဈေးသည်တွေကိုသေချာကြည့်မိသည်။
"လာနော် လာနော် မုန်လာပွင့်တွေ လတ်မှ လတ် လှမှ လှ ။ တပွင့်မှ ၇၀၀ကြိုက်တာရွေးမနေ့ ညက မှ မြို့ လေး မှာ သွားဝယ်လာတာ။ ခရမ်းချဉ်သီး ပိသာလုံး ၉၀၀
အစိတ်သား ၃၀၀ …ဟဲ့ မြသက် ဝယ်အုန်းမလား ။ မနေ့ ကမှရောက်တာ ကုန်စိမ်းတွေအစုံပဲ "
"အပြန်မှ ဝယ်မယ် အဒေါ်ရေ "
မြသက်ကို အော်နေရင်းလှမ်း စပ် တော့
မဝယ်ဖို့ လက်ကုတ်မိသည်။
မြို့ မှာ ကုန်စိမ်းတန်းမှာ သူကျင်လည်လာတာ ဘယ်ကုန် ဘယ်ဈေးလဲဆိုတာ သူအသိဆုံး။
ပန်းမုန်လာ တပွင့် ၂၅၀… ၃၀၀ဒါတောင် အများဈေးမဟုတ်ဘူး ။ ခုက ထက်ဝက်မက ဈေးတင်ရောင်းလွန်းသည်။
ခရမ်းချဉ်သီးလဲ ဘာထူးလဲ အလွန်ဆုံးရှိ ၅၀၀ပေါ့။
"ဘာဖြစ်လို့ လဲ ကိုကောင်း"
"ဈေးကြီးလို့ "
"အမ် မကြီးပါဘူး အဲ့အဒေါ်က ဈေးထဲမှာ ဖောက်သည်ပေးနေတဲ့ လက်ကားသည်။
တခြားသူတွေဆို သူ့ ထပ်တောင်ဈေးကြီးသေးတယ်"
ကောင်းချီမျက်မှောင်ကုတ်ကာ
"ရွာမှာ မြို့ကို သွားတဲ့ ဈေးကားတွေမရှိဘူးလား "
"ရှိတယ်လေ သုံးရက်တခါ ။ "
"ဘယ်သွားဝယ်တာလဲ "
"ဒီနားက မြို့ လေးမှာ။ အဲ့ဆီကနေ ဒီကဈေးသည်တွေ ပြန်ဝယ်ရောင်းတာ "
လမ်းပန်းဆက်သွယ်ရေး က မြစ်ကမ်းနားမှာရှိတဲ့ရွာမို့ ရေလမ်းဆက်သွယ်ရေးလဲရှိပေမဲ့ အရေးကြီးမှသာ အတော်ဝေးတဲ့ မန္တလေးကို သွားကြတာဖြစ်သည်။
တော်တော်များများမြသက်ပြောသလိုပင် ဈေးကြီးသည်မို့ ကောင်းချီ စိတ်လျော့ကာ ကြက်သား တစ်ထောင်ဖိုးနဲ့ ပန်းမုန်လာ ဘိုစားပဲသီး… ခါကြက်ဥနဲ့ စွန်တံ ခြောက် နှစ်ရာတန်တထုတ်ဝယ်ခဲ့လိုက်သည်။
ဒီမှာက အသားငါးက တစ်ထောင်ဖိုးနဲ့
စားဖြစ်ပေမဲ့ တဆင့်ဝယ်ရတဲ့ ကုန်တွေကတော့ ဈေးအတော်ပေးရသည်။
အပြန်ကျ သက်ပုံနဲ့ တိုင်ပင်ပီး တခုခုလုပ်
ဖို့ သူစီစဉ်ဖို့ ကြံမိသည်။
"အဒေါ် ကြာဇံကြော် ပါဆယ် သုံးထုတ် "
"အေးအေး နှစ်ရာဖိုးစီလား"
ညီမလုပ်သူအသံကြောင့် အတွေးစပြတ်ကာ ဈေးထဲမှာရောင်းနေတဲ့ ကြာဇံကြော် ခေါက်ဆွဲကြော်သည်ဆီ ရောက်သွား၏။
"အဲ့ဒါ ဘယ်လောက်ဖိုးလဲ"
"နှစ်ရာဖိုးလေ ။ ဒီအဒေါ်ဆီက ကြာဇံကြော်က စားလို့ ကောင်းတယ် ။ ကိုကောင်း ဝယ်သွားပါ့လား"
ပူပူလောလော ခါကြက်ဥ မုန်လာထုပ်များများနဲ့ ကြော်ထားတဲ့ ကြာဇံကြော်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
နှစ်ရာဖိုးနဲ့ စားဖြစ်သေးတယ်လားဒီခေတ်ကြီးမှာလေ…
"နှစ်ထုတ် ထပ်ထည့်လိုက်ဒေါ်လေး အချဉ် ငရုတ်သီးကော "
" အားလုံးပေါင်းတစ်ထောင်လား ရော့
ကျွန်တော်ဆီက ယူ "
မြသက် အစားပါ ပေးလိုက်တော့
သွေးသားဆိုတဲ့ စိတ်နဲ့ အငယ်မ ကသူ့ ကိုအားနာဟန်မတူ။
ခြင်းလေးဆွဲကာအရင်ထွက်သွားသည်မို့
သူ နောက်ကနေသာအေးအေးဆေးဆေး လိုက်လာခဲ့လိုက်သည်။
ခြံရှေ့ ရောက်တော့ မြသက်က အိမ်ထဲမဝင်တော့ပဲ နှုတ်ဆက်ပြန်သွား၏။
လက်ထဲက အထုတ်အပိုးတွေကို ဆွဲကာ အိမ်ထဲဝင်လိုက်တော့ မျက်နှာသစ်ပီးနေတဲ့ သက်ပုံက အိပ်ယာနိုးတော့ သူ့ ကိုမတွေ့ လို့ စိတ်ကောက်နေဟန်။
"ဈေးသွားနေတာ နိုးနေပီလား "
"အင်း ငါနိုးတော့ မင်းကို မတွေ့ လို့ လိုက်ရှာနေတာ ။ ပြောလဲမသွားတော့ ဘယ်သွားမှန်းလဲ မသိ"
သက်ပုံပြောတာကို နားထောင်ရင်း လက်ကတော့ သက်ပုံနဲ့ သူစားဖို့ ကြာဇံကြော်ကို ပန်းကန်ထဲထည့်ကာ လက်ဖက်ရည်ထုတ်ကို ရေးနွေးပူနဲ့ ဖျော်လိုက်သည်။
အကုန်ပီးမှ သက်ပုံရှေ့ ချပေးကာ
"နောက်ကို သက်ပုံ ကိုမပြောပဲ ဘယ်မှမသွားတော့ဘူး။ ကြာဇံကြော်ဝယ်လာတယ် ကောင်းမလားတော့မသိဘူး။ စားကြည့်"
ဇွန်းတပ်ထားတဲ့ ပန်းကန်လေးကိုကြည့်ကာ စိတ်ကောက်နေတာမို့ သက်ပုံမေ့ သွား၏။ အငွေ့ တလူလူ ထွက်နေတာမို့
ကြော်ထားတာ သိပ်ကြာသေးပုံမပေါ်။
ဇွန်းနဲ့ အချဉ်ငရုတ်သီး မွှေလိုက်ပီး စားကြည့်လိုက်သည်။
အချဉ်က စားနေကျမဟုတ်တဲ့ မကျည်းချဉ်မို့ စားရတာ ကောင်း၏။
"ကောင်းသားပဲ ။ မြို့ လက်ရာတွေနဲ့ တခြားစီပဲ"
"အင်း တထုတ်နှစ်ရာပေးရတာ "
"တကယ်! "
တအံတသြမျက်လုံးပြူးလေးကြောင့် နှဖူးလေးကို လှမ်းတောက်လိုက်သည်။
"အင်း …ကျွန်တော် သက်ပုံကိုပြောစရာရှိတယ် "
"ပြောလေ "
စားနေရင်းမို့ အသံလေးက မပီမသ။
"ကျွန်တော် ဈေးရောင်းချင်လို့ ။ ကုန်စုံဆိုင်ကြီးကြီးလေးဖွင့်ချင်တာ ။ ဖြစ်နိုင်ရင် ကုန်ကားပါဝယ်ပီး မန္တလေးနဲ့ ရွာနဲ့ ကို ကုန်ကူးချင်တာ"
"လုပ်ငန်းလုပ်ရင် ငါကတော့ သေးသေးကပဲ စချင်တယ်။ ကုန်စုံဆိုင်တဆိုင်ဖွင့်ရင်
မရှိတာမရှိပဲစုံစုံလင်လင်ဖွင့်မယ်ဆိုရင်တောင် တစ်ရာကျော်တောင် လောက်မှာမဟုတ်ဘူး ။ စုံစမ်းကြည့်ပါအုန်း။ ငါက မင်းလောက်တော့ သိပ်နားမလည်ဘူးလေ"
သက်ပုံပြောတာလဲ မှန်တာပင်။
ဈေးရောင်းဖို့ သူ့ မှအတွေ့ အကြုံ မရှိသေး။
သေးသေးဆို သူဘာက စရမလဲ။
အတွေးထဲပေါ်လာတာ မနက်က ဈေးထဲမှာတွေ့ ခဲ့တဲ့ မုန်လာပွင့်သည်ပင်။
" အဲ့ဒါဆို ကျွန်တော် ကုန်စိမ်းအရင်ရောင်းကြည့်မယ်…ဘယ်လိုလဲ"
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz