အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
6
"ေကာင္းေကာင္း …ေကာင္းေကာင္းေရ "
အျပင္ မိန္းမသံခပ္က်ယ္က်ယ္ေႀကာင့္
နမ္းေတာ့မဲ့ သက္ပံုနွဳတ္ခမ္းေလးကို မခ်င့္မရဲႀကည့္ကာ
ေကာင္းခ်ီအသံျပဳလိုက္ရသည္။
အေရးေကာင္းရင္ လုပ္လာျပီ။
"လာပီ "
ျပံဳးေနတဲ့ သက္ပံု က မသြားခ်င္ သြားခ်င္လုပ္ေနတဲ့ ေကာင္းခ်ီကို စေနာက္ခ်င္ဟန္။
"ျပန္လာခဲ့မယ္ ခနေစာင့္"
ေျပာပီး အခန္းထဲကေန မနည္း ထြက္ခဲ့ရသည္။
အိမ္ေရွ ့မွာရပ္ေနတဲ့ ေတာင္ရြာကအေဒၚရယ္ ဖိုးသားရဲ့အေမရယ္ကိုေတြ ့ေတာ့
မေကာင္းတဲ့ ကံကိုႀကိတ္ဆဲလိုက္္မိသည္။
"လာေလအိမ္ထဲဝင္ … ညေရာက္္မွ ဘာလာလုပ္ႀကတာလဲ"
"ဘာလုပ္ရမွာလဲ မင္းေယာက်ာ္းကို လာေတြ ့တာေပါ့။ ေန ့ခင္းကတည္းက ငါလာခ်င္တာ ေတာထဲမွာထားတဲ့ ႏြားမ သားက်ေနလို ့မအားတာနဲ ့မလာျဖစ္တာ"
ေဒၚေလးေအးႀကည္က သူကိုယ္လံုးမွအားမနာ ေကာင္းခ်ီကို အတင္းတိုးတိုက္ကာ
အိမ္ထဲဝင္သြား၏။
ဖိုးသားအေမ ေဒၚေလးျမရင္ကေတာ့ ေဒၚေလးေအးႀကည္နဲ ့ညီအမေျပာရင္ယံုနိုင္စရာမရွိ။ ပိန္ပိန္ပါးပါးခပ္ေအးေအး ပင္။
ေတာင္ရြာကေဒၚေလး ေအးႀကည္ရယ္
ေဒၚေလးျမရင္ရယ္က ညီအမအရင္းျဖစ္ကာ ေကာင္းခ်ီအေမက တစ္ဦးတည္းေသာ သမီး …ေဒၚေလးတို ့နဲ ့ဆို ညီမတစ္ဝမ္းကြဲေတြေတာ္စပ္ႀကသည္။
အေမဆံုးသြားေတာ့ အေဒၚေတြက အတူေနဖို ့အိမ္ေခၚေပမဲ့ ေကာင္းခ်ီက ျမိဳ ့ကိုသာ တက္လာပီး စီးပြားရွာမဲ့လမ္းကိုသာေရြးခဲ့သည္။
" ေဒၚေလးလည္း အတူတူပဲ မင္းညီမ ျမသက္က တေနကုန္ စက္ခ်ဳပ္သင္သြားေနေတာ့ အိမ္အလုပ္က ေဒၚေလးရွိမွ။ ဖိုးသားက အားကိုးဖို ့မေျပာနဲ ့ တေနကုန္ အိမ္ကပ္တယ္လို ့ကိုမရွိဘူး"
အိမ္ထဲ အတူဝင္လာရင္း ေဒၚေလးက မလာျဖစ္တဲ့အေႀကာင္းကိုရွင္းျပသည္။
ေကာင္းခ်ီေကာင္းညိတ္ျပကာ…
"အလုပ္တခုခုေပးေတာ့ေလ။ ဖိုးသား
အရြယ္ကအလုပ္လုပ္နိုင္ေနပါပီ"
"သြားေျပာမေနနဲ ့ ဖိုးသား ဘယ္ေလာက္ဆိုးလဲ မင္းမသိပါဘူး။ ေတာင္ရြာမွာ
ပန္းထိမ္သင္ခ်င္တယ္ဆိုလို ့ ငါထားေပးပါေသးတယ္။ သံုးနွစ္သင္ရမယ္ဆိုတာ တနွစ္ေက်ာ္ေက်ာ္ ရွိေသးတယ္ ။
ဘယ္လိုရုိက္လို ့မွမသြားေတာ့ဘူး "
ညီးညီးညဴ ညဴ ေျပာေနတဲ့ ေဒၚေလးေအးႀကည္က ပါးစပ္ဆိုးေပမဲ့ စီးပြားေရးအဆင္ေျပေတာ့ မေျပလည္တဲ့ညီမျဖစ္သူကိုေထာက္ပံ့ရွာသည္။
"ကိုထက္ကဟိုတေလာ အိမ္ေထာင္ က်သြားတယ္ဆို ။ ခုဘယ္မွာေနတာလဲ"
"ဒီရြာျပန္လာေနရေပါ့ေကာင္းေကာင္းရယ္။ျမိဳ ့မွာ သူေက်ာက္ကားေမာင္းတဲ့ လစာက သူတစ္ေယာက္စာေတာင္ မနည္းေလာက္ငွေအာင္ စားေနရတာ ။ ေတာ္ေသးတာေပါ့ မိန္းမယူေတာ့ ဒီရြာသူျပန္ယူလို ့သာ နို ့မို ့ဆို မင္းအေဒၚျမရင္ ေခါင္းေမႊးေတာင္က်န္မွာမဟုတ္ဘူး။ ခုေခတ္
မဂၤလာေဆာင္ဖို ့ဆိုတာလြယ္တာမဟုတ္ဘူး။ "
ေဒၚေလးေအးႀကည္က သူ ့ဝသီအတိုင္းအာေဘာင္ရင္းသံသံေျပာေနသည္။
အေတာ္ႀကာမွ ေဒၚေလးျမရင္က
"အမေရ လာတဲ့ကိစၥေမ့ေနအုန္းမယ္။
အျပန္က် မိုးခ်ဳပ္မွာစိုးလို ့က်ြန္မက အေရးမႀကီးဘူး"
ဟု ဝင္ေရာက္ေျပာဆိုလိုက္သည္။
ထိုအခါမွသတိရသြားဟန္တူတဲ့ ေဒၚေလးက
"ဟုတ္သားပဲ … ေခၚလိုက္အုန္းမင္းေယာက်ာ္းကို ငါတို ့လာေတြ ့တာသူ ့ကို ။ဖိုးသားတို ့ညီအကိုအေႀကာင္းေျပာေနရင္း ေမ့ေတာ့မလို ့။"
ေကာင္းခ်ီေခါင္းညိတ္ျပကာ
အခန္းထဲဝင္ကာ သက္ပံုကိုသြားေခၚရသည္။
အျပင္ကအသံေတြကို မဟုတ္လဲ သက္ပံုႀကားမွာပင္။ ဘာပဲေျပာေျပာ ေနာက္က်ပတ္သတ္ရမဲ့သူေတြဆိုတာ သက္ပံု နားလည္မွာပါ။
"သက္ပံု"
အခန္းထဲဝင္လာတဲ့ ေကာင္းခ်ီေႀကာင့္
သက္ပံုေလပူတို ့ကို မွဳတ္ထုတ္ကာ အျပင္ထြက္ဖို ့ျပင္လိုက္သည္။
ထိတ္လန္ ့မူ ့အနည္းငယ္ရွိေပမဲ့
သက္ပံု ေကာင္းခ်ီေႀကာင့္ အားတင္းထားသည္။
"အင္း … သြားရေအာင္"
"မေႀကာက္နဲ ့… ေဒၚေလးကို ႀကိဳေျပာထားပီးသား"
ေျပာပီးအျပင္ျပန္ထြက္သြားတဲ့ေကာင္းခ်ီေနာက္ ျဖည္းျဖည္းလိုက္ရျပန္သည္။
"ဟဲ့ ေကာင္းေကာင္း … မင္းဟာက ေယာက်ာ္းေလေရာ ဟုတ္ရဲ့လား ။ ျဖဴျဖဴနုနုေလး"
ေဒၚေအးႀကည္ ေကာင္းေကာင္းေနာက္ပါလာတဲ့ေကာင္ေလးကို ေသခ်ာႀကည့္ကာ
ဆိုလိုက္သည္။
ေယာက်ာ္းေလးဆိုတာ ေျပာရင္ေတာင္ယံုနိုင္ဖြယ္မရွိ။ မိန္းကေလးေတြထပ္သိသိသာသာ ရွည္ေနတဲ့ အရပ္ေႀကာင့္သာ
ဇေဝဇဝါ ျဖစ္ရသည္။ လမ္းေလ်ွာက္ပံုကအစ ညင္ညင္သာသာ။ စိုးရိမ္ေနတဲ့ မ်က္လံုးဝိုင္းႀကီးေတြနဲ ့ကြမ္းစားထားသလိုနီေနတဲ့ နွဳတ္ခမ္းေတြက ကြမ္းလည္းစားဟန္မတူပဲ နွဳတ္ခမ္းနီဆိုးထားသလို။
ဘယ္ေနရာက တူလိုက္တာလဲ ေယာက်ာ္းေလးနဲ ့။ ျပီးေတာ့ ေကာင္းေကာင္း
အစင္နဲ ့ေယာက်ာ္းေလးျခင္းႀကိဳက္တယ္ဆိုရင္ေတာင္ ကိုယ့္တူထပ္ေကာင္းတာကို ဒီရုပ္ဒီရည္နဲ ့ရနိုု္င္သည္။
ကိုယ္တူလို ့ေအးတိေအးစက္ မာေထာင္ေထာင္ကို ဒီေကာင္ေလးဘာေႀကာင့္ယူသလဲစဥ္းစားလို ့ေတာင္မရ။
"က်ြန္ေတာ္ ေယာက်ာ္းေလးဆိုတာေသခ်ာပါတယ္ဗ် ။ "
ခပ္တိုးတိုးထြက္လာတဲ့ ေလယူေလသိမ္းနဲ ့စကားေျပာဟန္က ကိုယ္တူနဲ ့လားလားမွမအက္စပ္ ။
"က်ြတ္က်ြတ္ မိုက္လိုက္တာငါ့တူရယ္။
မင္းနွယ့္ ငါ့တူလိုလူ ့ဂြစာ နဲ ့မပ်င္းမရိ
တသက္လံုးေနဖို ့ေရြးရတယ္လို ့။ မင္ရုပ္မင္းရည္နဲ ့ဒီထပ္ေကာင္းတာ မရွာနိုင္ေတာ့ဘူးလား"
"အမကလဲ ဘယ္လိုႀကီးေျပာလိုက္တာလဲ
ကိုယ့္တူဖက္ကမပါပဲ"
"မပါနိုင္ပါဘူးေအ။ ငါဒီကေလးကို
ငါ့တူငေကာင္းကို ေပးရမွာအားနာလြန္း
လို ့ပါေအ"
ခပ္တိုးတိုးကပ္ေျပာတဲ့ ေဒၚေလးျမရင္ကို
ေဒၚေလးေအးႀကည္က တံေတာင္နဲ ့တြက္ကာ ျပန္ကပ္ေျပာေနသည္။
မ်က္နွာျခင္းဆိုင္ထိုင္ေနတဲ့စကားဝိုင္းမွာ
ေျပာသမ်ွစကား သက္ပံုအကုန္ျပန္ႀကားေနရေတာ့ ရယ္ခ်င္ပက္က်ိျဖစ္လာသည္။
ေကာင္းခ်ီကေတာ့ သူ ့ကိုဘယ္ေလာက္ ဆိုးဆိုးဝါးဝါးေျပာေနေန သက္ပံုကို
ေကာင္းတဲ့အျမင္နဲ ့ႀကည့္ေနတဲ့ အေဒၚေတြေႀကာင့္ မနာပဲ ေအးတိေအးစက္ခပ္တည္တည္သာ ေနသည္။
"ကဲပါကဲပါ က်န္တာေတြမေျပာေတာ့ဘူး။
ေကာင္းေကာင္းကရြာထဲမွာ ေယာက်ာ္းယူပီးျပန္လာေတာ့ နည္းနည္းမေကာင္းျမင္တဲ့သူေတြလဲရွိတာေပါ့။ အဲ့ဒါေတြက ထည့္စဥ္းစားစရာမလိုေပမဲ့ ကြဲႀကျပဲႀကရင္
မင္းက အခ်ိန္တန္အိမ္ျပန္သြားရင္
ေကာင္းေကာင္းက တသက္လံုးနာမည္ပ်က္မွာ ။ ေျပာခ်င္တာကေတာ့ ငါ့တူအေနနဲ ့ေကာင္းေကာင္းကို နားလည္ေပးဖို ့ပါ။
သူက ေအးတိေအးစက္ဆိုေပမဲ့ စိတ္ရင္းေကာင္းတဲ့ ကေလးပါ"
ေဒၚေအးႀကည္ ေလးနက္စြာဆိုမိသည္။
ေကာင္းေကာင္းက သူမတို ့လက္ေပၚမွာ ႀကီးပ်င္းလာတဲ့ကေလးမို ့ စိတ္ပူမိသည္။
မိဘလဲ မရွိေတာ့လို ့ေစာင့္ေရွာက္ရမွာ သူတို ့ဝတၱရားသာ။
"ဟုတ္ကဲ့ ေဒၚေလး ။ က်ြန္ေတာ့္ကိုလည္း မလိမ္မာရင္ ဆူဆံုးမပါဗ်"
သက္ပံုက ေဘးမွာထိုင္ေနတဲ့ ေကာင္းခ်ီလက္ကေလးကို ကိုင္ပီးေျပာလိုက္သည္။
ျပန္လည္ဆုပ္ကိုင္လိုက္ေပမဲ့ ခပ္တည္တည္မ်က္နွာထားနဲ ့ေကာင္းခ်ီက စကားေျပာေတာင္ပ်က္။
"ေအာ္ဒါနဲ ့ မင္း အခင္းကြက္ေတြ ေရာင္းမွာလားတဲ့ အုပ္ခ်ဳပ္ေရးမူးကိုျမင့္ထြန္းက ေမးခိုင္းေနတယ္… ငါအေန နဲ ့ေတာ့ မေရာင္းေစခ်င္ဘူး ။ မင္းသိတဲ့အတိုင္း ကိုျမင့္ထြန္းက လူလည္။ သူ ့အက်ိဳးရွိလို ့ေမးတာျဖစ္နိုင္တယ္။ ဟိုတေလာက ရာအိမ္ေခါင္း
ဆီက သတင္းသဲ့သဲ့ႀကားတာေတာ့
တို ့ရြာကို ကတၱရာလမ္းခင္းေပးဖို ့ အစိုးရဆီက ဘတ္ဂ်က္ က်ပီတဲ့ ။ "
"ဟုတ္တယ္ အမေျပာတာမွန္တယ္ ေကာင္းေကာင္း။ ကတၱရာလမ္းခင္းရင္ မင္းအခင္းကြက္ေတြက လမ္းေဘးဆိုေတာ့
ေျမေစ်းေတြတက္လာမွာေသခ်ာတယ္။ ခုဆိုရြာထဲမွာ မင္းညီ…ကိုထက္ကစ ျခံဝယ္ဖို ့ေတာင္ ေနရာလြတ္မရွိသေလာက္
ျဖစ္ေနပီ ။ "
ေဒၚေလးေတြရဲ့ စကားကို ေကာင္းခ်ီလက္ခံသည္။ ရြာဆိုေပမဲ့ လူဦးေရတိုးတက္လာတာ ေကာင္းခ်ီအျမင္။
"ဟုတ္ကဲ့ပါ က်ြန္ေတာ္ နားလည္ပါတယ္ ။
က်ြန္ေတာ့္ စိန္တလံုျခံေလးေရာ ဒီနွစ္ အသီးျပပီလား "
"မနွစ္ကတည္းကျပတာ ။ ဒီနွစ္ အသီးအေတာ္တင္တယ္ ေျပာရမယ္ ။ ေစ်းေကာင္းရင္ေတာ့ မင္းေတာ့ပြပီပဲ"
"ဟုတ္လား က်ြန္ေတာ္ ကဒီနွစ္မွျပမယ္ထင္ထားတာ ။ ေစာသားပဲ က်ြန္ေတာ္ ထြက္သြားတုန္းက တနွစ္သားေလာက္ပဲရွိေသးတာ "
ဆယ္ဧကေက်ာ္ေလာက္ရွိတဲ့ကုန္းကြက္ ေတြပိုင္တဲ့ ေကာင္းခ်ီက နွစ္ဧကနီးပါးေလာက္ကို ကိုးတန္းေျဖပီးစ ေႏြရာသီ မွာ အေမ ့ကိုပူဆာပီး စိန္တလံုးျခံစိုက္ျဖစ္သည္။ သူထြက္သြားတုန္းက အေမဆံုးပီး ဆယ္တန္းေျဖျပီးကာစ… ဒီသရက္ျခံေလးကို စိတ္မခ်လို ့ေဒၚေလးကို အငွားလႊတ္ကာ ျခံထဲကို ေရတင္တင္ေပးဖို ့ေျပာရတာ အေမာ။
"ကဲေရာက္တုန္း … ငါစာရင္းစာအုပ္ယူလာတယ္။ ဒီမွာ မင္းသြားတုန္းက မင္းအခင္းေတြကို နွမ္းအငွားစိုက္ထားတဲ့အျမတ္နဲ ့အလုပ္သမားငွားခေတြကို ပါအပီးအစီးနုတ္ထားပီးသား ေငြအေမာက္"
ခပ္ရွည္ရွည္စာရင္းစာအုပ္ကို စားပြဲတင္ကာ ေလးနွစ္တာ စာရင္းရွင္းျပေနတဲ့ ေဒၚေလးေအးႀကည္ ေႀကာင့္ … ေကာင္းခ်ီသက္ျပင္းခ်လိုက္သည္။ အေမမရွိခင္ကတည္းက သူပိုင္ဆိုင္တဲ့ အခင္းေတြကို ေဒၚေလးက အငွားခ်သင့္တာခ် ။ အလုပ္သမားေတြငွားကာ နွမ္းခင္း စိုက္ေပးသင့္တာေတြစိုက္ေပးနဲ ့ သူလွည့္မႀကည့္ရေအာင္ လုပ္ေပးခဲ့သည္။ ဆန္ကုန္သည္
ေဒၚေလးေအးႀကည္က ပိုက္ဆံခ်မ္းသာသူမို ့ သူ ့အိမ္မွာဆို ပင္ပင္ပန္းပန္းေတာင္လုပ္စရာမလို။ ခုေတာ့
"မရွင္းျပလဲရပါတယ္ ။ က်ြန္ေတာ္ မရွိတုန္းေဒၚေလးတို ့မပ်က္စီးသင့္တာကို မပ်င္စီးေအာင္ ေစာင့္ေရွာက္ထားတာနဲ ့တင္
ေက်းဇူးတင္လွပီ။ ဒါေတြထိ လုပ္စရာမွမလိုတာ။ "
ရွင္းျပေနဆဲေဒၚေလးေအးႀကည္က ေကာင္းခ်ီစကားေႀကာင့္ ျပံဳးကာ
"ေအးပါ မင္းယံုရင္ပီးတာပဲ။ ေလးနွစ္အတြင္း သိန္း၂၆၀ေက်ာ္ တက္တယ္။ ေလာေလာဆယ္ဆယ္ေတာ့ ေငြပြားေအာင္
ရြာထဲက ပန္းထိမ္ဆိုင္ေတြမွာ ၂က်ပ္တိုးနဲ ့ေပးထားတယ္။ မင္းျပန္ထုတ္ခ်င္ရင္ေတာ့
ႀကိဳေျပာေပါ့။ "
"ဟုတ္ကဲ့"
"ကဲဒါဆို ေဒၚေလးတို ့ျပန္ေတာ့မယ္ ။
မိုးခ်ဳပ္ေနပီ ဆိုေတာ့ ဖိုးသားကို လိုက္ပို ့ခိုင္းရမွာပဲ။ ဟဲ့ ျမရင္ နင့္သား ရွိမ်ားရွိရဲ့လား ေျခကရွည္ကရွည္နဲ ့တရြာလံုးပတ္ေနရင္ အျပန္ကညည္းလိုက္ပို ့"
နွစ္ေယာက္သမား စကားတေျပာေျပာနဲ ့
ျပန္ထြက္သြားတာကို ႀကည့္ပီး ေဘးက သက္ပံုဖက္ကို ျပန္လွည့္ႀကည့္ေတာ့ ခ်စ္တဲ့ သက္ပံုက မ်က္လံုးျပဴးေလးနဲ ့။
" ဘာျဖစ္တာလဲ အဲ့ဒါက "
"ဝိုး ငါ့ေကာင္းခ်ီေလးက သူေဌးပဲ။
ဘယ္သူထင္မွာလဲငါယူလိုက္တဲ့ ေစ်းထဲမွာ ကုန္ထမ္းေနတဲ့ေကာင္ေလးက
သိန္း၄၀၀ေလာက္ရွိပီး ေျမဆယ္ဧကေက်ာ္ေလာက္ပိုင္တဲ့ ေတာသူေဌးဆိုတာ။
ဟားဟား ငါေတာ့ ပြပီပဲ။
ေကာင္းခ်ီေလး ငါတို ့က ယူျပီးပီဆိုေတာ့ မင္းပိုင္သမ်ွ ငါတဝက္ပိုင္တယ္ေနာ္"
"မဟုတ္ဘူး "
"ဘာေျပာတယ္"
ခပ္ေနွာက္ေနွာက္ ေလးေကာင္းခ်ီကို စေနာက္ေနစဥ္ ထြက္လာတဲ့ စကားေႀကာင့္
စိတ္ထဲအလိုမက် ျဖစ္သြားသည္။
"တဝက္မဟုတ္ဘူး အကုန္လံုးခင္မ်ားအပိုင္… မယံုရင္ စရံႀကိဳသပ္ ထားမယ္ လာခဲ့"
"အား ေမေမ့ "
ဆြဲေပြ ့ခ်ီလိုက္ေတာ့ ေစြ ့ကနဲ ေကာင္းခ်ီ ရင္ခြင္ထဲေရာက္သြား၏။
တလႊားလႊားေျခလွမ္ေတြက ေစာက အစပ်ိဳးေနဆဲ မဂၤလာဦးည မဲ့ အခန္းဆီကိုသာ
ခ်စ္တဲ့အိမ္စည္။
>>>><<<<<
"ကောင်းကောင်း …ကောင်းကောင်းရေ "
အပြင် မိန်းမသံခပ်ကျယ်ကျယ်ကြောင့်
နမ်းတော့မဲ့ သက်ပုံနှုတ်ခမ်းလေးကို မချင့်မရဲကြည့်ကာ
ကောင်းချီအသံပြုလိုက်ရသည်။
အရေးကောင်းရင် လုပ်ပီ။
"လာပီ "
ပြုံးနေတဲ့ သက်ပုံ က မသွားချင် သွားချင်လုပ်နေတဲ့ ကောင်းချီကို စနောက်ချင်ဟန်။
"ပြန်လာခဲ့မယ် ခနစောင့်"
ပြောပီး အခန်းထဲကနေ မနည်း ထွက်ခဲ့ရသည်။
အိမ်ရှေ့ မှာရပ်နေတဲ့ တောင်ရွာကအဒေါ်ရယ် ဖိုးသားရဲ့အမေရယ်ကိုတွေ့ တော့
မကောင်းတဲ့ ကံကိုကြိတ်ဆဲလိုက်မိသည်။
"လာလေအိမ်ထဲဝင် … ညရောက်မှ ဘာလာလုပ်ကြတာလဲ"
"ဘာလုပ်ရမှာလဲ မင်းယောကျာ်းကို လာတွေ့ တာပေါ့။ နေ့ ခင်းကတည်းက ငါလာချင်တာ တောထဲမှာထားတဲ့ နွားမ သားကျနေလို့ မအားတာနဲ့ မလာဖြစ်တာ"
ဒေါ်လေးအေးကြည်က သူကိုယ်လုံးမှအားမနာ ကောင်းချီကို အတင်းတိုးတိုက်ကာ
အိမ်ထဲဝင်သွား၏။
ဖိုးသားအမေ ဒေါ်လေးမြရင်ကတော့ ဒေါ်လေးအေးကြည်နဲ့ ညီအမပြောရင်ယုံနိုင်စရာမရှိ။ ပိန်ပိန်ပါးပါးခပ်အေးအေး ပင်။
တောင်ရွာကဒေါ်လေး အေးကြည်ရယ်
ဒေါ်လေးမြရင်ရယ်က ညီအမအရင်းဖြစ်ကာ ကောင်းချီအမေက တစ်ဦးတည်းသော သမီး …ဒေါ်လေးတို့ နဲ့ ဆို ညီမတစ်ဝမ်းကွဲတွေတော်စပ်ကြသည်။
အမေဆုံးသွားတော့ အဒေါ်တွေက အတူနေဖို့ အိမ်ခေါ်ပေမဲ့ ကောင်းချီက မြို့ ကိုသာ တက်လာပီး စီးပွားရှာမဲ့လမ်းကိုသာရွေးခဲ့သည်။
" ဒေါ်လေးလဲ အတူတူပဲ မင်းညီမ မြသက်က တနေကုန် စက်ချုပ်သင်သွားနေတော့ အိမ်အလုပ်က ဒေါ်လေးရှိမှ။ ဖိုးသားက အားကိုးဖို့ မပြောနဲ့ တနေကုန် အိမ်ကပ်တယ်လို့ ကိုမရှိဘူး"
အိမ်ထဲ အတူဝင်လာရင်း ဒေါ်လေးက မလာဖြစ်တဲ့အကြောင်းကိုရှင်းပြသည်။
ကောင်းချီကောင်းညိတ်ပြကာ…
"အလုပ်တခုခုပေးတော့လေ။ ဖိုးသား
အရွယ်ကအလုပ်လုပ်နိုင်နေပါပီ"
"သွားပြောမနေနဲ့ ဖိုးသား ဘယ်လောက်ဆိုးလဲ မင်းမသိပါဘူး။ တောင်ရွာမှာ
ပန်းထိမ်သင်ချင်တယ်ဆိုလို့ ငါထားပေးပါသေးတယ်။ သုံးနှစ်သင်ရမယ်ဆိုတာ တနှစ်ကျော်ကျော် ရှိသေးတယ် ။
ဘယ်လိုရိုက်လို့ မှမသွားတော့ဘူး "
ညီးညီးညူ ညူ ပြောနေတဲ့ ဒေါ်လေးအေးကြည်က ပါးစပ်ဆိုးပေမဲ့ စီးပွားရေးအဆင်ပြေတော့ မပြေလည်တဲ့ညီမဖြစ်သူကိုထောက်ပံ့ရှာသည်။
"ကိုထက်ကဟိုတလော အိမ်ထောင် ကျသွားတယ်ဆို ။ ခုဘယ်မှာနေတာလဲ"
"ဒီရွာပြန်လာနေရပေါ့ကောင်းကောင်းရယ်။မြို့ မှာ သူကျောက်ကားမောင်းတဲ့ လစာက သူတစ်ယောက်စာတောင် မနည်းလောက်ငှအောင် စားနေရတာ ။ တော်သေးတာပေါ့ မိန်းမယူတော့ ဒီရွာသူပြန်ယူလို့ သာ နို့ မို့ ဆို မင်းအဒေါ်မြရင် ခေါင်းမွှေးတောင်ကျန်မှာမဟုတ်ဘူး။ ခုခေတ်
မင်္ဂလာဆောင်ဖို့ ဆိုတာလွယ်တာမဟုတ်ဘူး။ "
ဒေါ်လေးအေးကြည်က သူ့ ဝသီအတိုင်းအာဘောင်ရင်းသံသံပြောနေသည်။
အတော်ကြာမှ ဒေါ်လေးမြရင်က
"အမရေ လာတဲ့ကိစ္စမေ့နေအုန်းမယ်။
အပြန်ကျ မိုးချုပ်မှာစိုးလို့ ကျွန်မက အရေးမကြီးဘူး"
ဟု ဝင်ရောက်ပြောဆိုလိုက်သည်။
ထိုအခါမှသတိရသွားဟန်တူတဲ့ ဒေါ်လေးက
"ဟုတ်သားပဲ … ခေါ်လိုက်အုန်းမင်းယောကျာ်းကို ငါတို့ လာတွေ့ တာသူ့ ကို ။ဖိုးသားတို့ ညီအကိုအကြောင်းပြောနေရင်း မေ့တော့မလို့ ။"
ကောင်းချီခေါင်းညိတ်ပြကာ
အခန်းထဲဝင်ကာ သက်ပုံကိုသွားခေါ်ရသည်။
အပြင်ကအသံတွေကို မဟုတ်လဲ သက်ပုံကြားမှာပင်။ မဟုတ်လဲ နောက်ကျပတ်သတ်ရမှာပဲဆိုတာ သက်ပုံလဲ နားလည်မှာပါ။
"သက်ပုံ"
အခန်းထဲဝင်လာတဲ့ ကောင်းချီကြောင့်
သက်ပုံလေပူတို့ ကို မှုတ်ထုတ်ကာ အပြင်ထွက်ဖို့ ပြင်လိုက်သည်။
ထိတ်လန့် မူ့ အနည်းငယ်ရှိပေမဲ့
သက်ပုံ ကောင်းချီကြောင့် အားတင်းထားသည်။
"အင်း … သွားရအောင်"
"မကြောက်နဲ့ … ဒေါ်လေးကို ကြိုပြောထားပီးသား"
ပြောပီးအပြင်ပြန်ထွက်သွားတဲ့ကောင်းချီနောက် ဖြည်းဖြည်းလိုက်ရပြန်သည်။
"ဟဲ့ ကောင်းကောင်း … မင်းဟာက ယောကျာ်းလေရော ဟုတ်ရဲ့လား ။ ဖြူဖြူနုနုလေး"
ဒေါ်အေးကြည် ကောင်းကောင်းနောက်ပါလာတဲ့ကောင်လေးကို သေချာကြည့်ကာ
ဆိုလိုက်သည်။
ယောကျာ်းလေးဆိုတာ ပြောရင်တောင်ယုံနိုင်ဖွယ်မရှိ။ မိန်းကလေးတွေထပ်သိသိသာသာ ရှည်နေတဲ့ အရပ်ကြောင့်သာ
ဇဝေဇဝါ ဖြစ်ရသည်။ လမ်းလျှောက်ပုံကအစ ညင်ညင်သာသာ။ စိုးရိမ်နေတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ ကွမ်းစားထားသလိုနီနေတဲ့ နှုတ်ခမ်းတွေက ကွမ်းလဲစားဟန်မတူပဲ နှုတ်ခမ်းနီဆိုးထားသလို။
ဘယ်နေရာက တူလိုက်တာလဲ ယောကျာ်းလေးနဲ့ ။ ပီးတော့ ကောင်းကောင်း
အစင်နဲ့ ယောကျာ်းလေးခြင်းကြိုက်တယ်ဆိုရင်တောင် ကိုယ့်တူထပ်ကောင်းတာကို ဒီရုပ်ဒီရည်နဲ့ ရနို်င်သည်။
ကိုယ်တူလို့ အေးတိအေးစက် မာထောင်ထောင်ကို ဒီကောင်လေးဘာကြောင့်ယူသလဲစဉ်းစားလို့ တောင်မရ။
"ကျွန်တော် ယောကျာ်းလေးဆိုတာသေချာပါတယ်ဗျ ။ "
ခပ်တိုးတိုးထွက်လာတဲ့ လေယူလေသိမ်းနဲ့ စကားပြောဟန်က ကိုယ်တူနဲ့ လားလားမှမအက်စပ် ။
"ကျွတ်ကျွတ် မိုက်လိုက်တာငါ့တူရယ်။
မင်းနှယ့် ငါ့တူလိုလူ့ ဂွစာ နဲ့ မပျင်းမရိ
တသက်လုံးနေဖို့ ရွေးရတယ်လို့ ။ မင်ရုပ်မင်းရည်နဲ့ ဒီထပ်ကောင်းတာ မရှာနိုင်တော့ဘူးလား"
"အမကလဲ ဘယ်လိုကြီးပြောလိုက်တာလဲ
ကိုယ့်တူဖက်ကမပါပဲ"
"မပါနိုင်ပါဘူးအေ။ ငါဒီကလေးကို
ငါ့တူငကောင်းကို ပေးရမှာအားနာလွန်းလို့ ပါအေ"
ခပ်တိုးတိုးကပ်ပြောတဲ့ ဒေါ်လေးမြရင်ကို
ဒေါ်လေးအေးကြည်က တံတောင်နဲ့ တွက်ကာ ပြန်ကပ်ပြောနေသည်။
မျက်နှာခြင်းဆိုင်ထိုင်နေတဲ့စကားဝိုင်းမှာ
ပြောသမျှစကား သက်ပုံအကုန်ပြန်ကြားနေရတော့ ရယ်ချင်ပက်ကျိဖြစ်လာသည်။
ကောင်းချီကတော့ သူ့ ကိုဘယ်လောက် ဆိုးဆိုးဝါးဝါးပြောနေနေ သက်ပုံကို
ကောင်းတဲ့အမြင်နဲ့ ကြည့်နေတဲ့ အဒေါ်တွေကြောင့် မနာပဲ အေးတိအေးစက်ခပ်တည်တည်သာ နေသည်။
"ကဲပါကဲပါ ကျန်တာတွေမပြောတော့ဘူး။
ကောင်းကောင်းကရွာထဲမှာ ယောကျာ်းယူပီးပြန်လာတော့ နည်းနည်းမကောင်းမြင်တဲ့သူတွေလဲရှိတာပေါ့။ အဲ့ဒါတွေက ထည့်စဉ်းစားစရာမလိုပေမဲ့ ကွဲကြပြဲကြရင်
မင်းက အချိန်တန်အိမ်ပြန်သွားရင်
ကောင်းကောင်းက တသက်လုံးနာမည်ပျက်မှာ ။ ပြောချင်တာကတော့ ငါ့တူအနေနဲ့ ကောင်းကောင်းကို နားလည်ပေးဖို့ ပါ။
သူက အေးတိအေးစက်ဆိုပေမဲ့ စိတ်ရင်းကောင်းတဲ့ ကလေးပါ"
ဒေါ်အေးကြည် လေးနက်စွာဆိုမိသည်။
ကောင်းကောင်းက သူမတို့ လက်ပေါ်မှာ ကြီးပျင်းလာတဲ့ကလေးမို့ စိတ်ပူမိသည်။
မိဘလဲ မရှိတော့လို့ စောင့်ရှောက်ရမှာ သူတို့ ဝတ္တရားသာ။
"ဟုတ်ကဲ့ ဒေါ်လေး ။ ကျွန်တော့်ကိုလဲ မလိမ်မာရင် ဆူဆုံးမပါဗျ"
သက်ပုံက ဘေးမှာထိုင်နေတဲ့ ကောင်းချီလက်ကလေးကို ကိုင်ပီးပြောလိုက်သည်။
ပြန်လည်ဆုပ်ကိုင်လိုက်ပေမဲ့ ခပ်တည်တည်မျက်နှာထားနဲ့ ကောင်းချီက စကားပြောတောင်ပျက်။
"အော်ဒါနဲ့ မင်း အခင်းကွက်တွေ ရောင်းမှာလားတဲ့ အုပ်ချုပ်ရေးမူးကိုမြင့်ထွန်းက မေးခိုင်းနေတယ်… ငါအနေ နဲ့ တော့ မရောင်းစေချင်ဘူး ။ မင်းသိတဲ့အတိုင်း ကိုမြင့်ထွန်းက လူလည်။ သူ့ အကျိုးရှိလို့ မေးတာဖြစ်နိုင်တယ်။ ဟိုတလောက ရာအိမ်ခေါင်း
ဆီက သတင်းသဲ့သဲ့ကြားတာတော့
တို့ ရွာကို ကတ္တရာလမ်းခင်းပေးဖို့ အစိုးရဆီက ဘတ်ဂျက် ကျပီတဲ့ ။ "
"ဟုတ်တယ် အမပြောတာမှန်တယ် ကောင်းကောင်း။ ကတ္တရာလမ်းခင်းရင် မင်းအခင်းကွက်တွေက လမ်းဘေးဆိုတော့
မြေဈေးတွေတက်လာမှာသေချာတယ်။ ခုဆိုရွာထဲမှာ မင်းညီ…ကိုထက်ကစ ခြံဝယ်ဖို့ တောင် နေရာလွတ်မရှိသလောက်
ဖြစ်နေပီ ။ "
ဒေါ်လေးတွေရဲ့ စကားကို ကောင်းချီလက်ခံသည်။ ရွာဆိုပေမဲ့ လူဦးရေတိုးတက်လာတာ ကောင်းချီအမြင်။
"ဟုတ်ကဲ့ပါ ကျွန်တော် နားလည်ပါတယ် ။
ကျွန်တော့် စိန်တလုံခြံလေးရော ဒီနှစ် အသီးပြပီလား "
"မနှစ်ကတည်းကပြတာ ။ ဒီနှစ် အသီးအတော်တင်တယ် ပြောရမယ် ။ ဈေးကောင်းရင်တော့ မင်းတော့ပွပီပဲ"
"ဟုတ်လား ကျွန်တော် ကဒီနှစ်မှပြမယ်ထင်ထားတာ ။ စောသားပဲ ကျွန်တော် ထွက်သွားတုန်းက တနှစ်သားလောက်ပဲရှိသေးတာ "
ဆယ်ဧကကျော်လောက်ရှိတဲ့ကုန်းကွက် တွေပိုင်တဲ့ ကောင်းချီက နှစ်ဧကနီးပါးလောက်ကို ကိုးတန်းဖြေပီးစ နွေရာသီ မှာ အမေ့ ကိုပူဆာပီး စိန်တလုံးခြံစိုက်ဖြစ်သည်။ သူထွက်သွားတုန်းက အမေဆုံးပီး ဆယ်တန်းဖြေပြီးကာစ… ဒီသရက်ခြံလေးကို စိတ်မချလို့ ဒေါ်လေးကို အငှားလွှတ်ကာ ခြံထဲကို ရေတင်တင်ပေးဖို့ ပြောရတာ အမော။
"ကဲရောက်တုန်း … ငါစာရင်းစာအုပ်ယူလာတယ်။ ဒီမှာ မင်းသွားတုန်းက မင်းအခင်းတွေကို နှမ်းအငှားစိုက်ထားတဲ့အမြတ်နဲ့ အလုပ်သမားငှားခတွေကို ပါအပီးအစီးနုတ်ထားပီးသား ငွေအမောက်"
ခပ်ရှည်ရှည်စာရင်းစာအုပ်ကို စားပွဲတင်ကာ လေးနှစ်တာ စာရင်းရှင်းပြနေတဲ့ ဒေါ်လေးအေးကြည် ကြောင့် … ကောင်းချီသက်ပြင်းချလိုက်သည်။ အမေမရှိခင်ကတည်းက သူပိုင်ဆိုင်တဲ့ အခင်းတွေကို ဒေါ်လေးက အငှားချသင့်တာချ ။ အလုပ်သမားတွေငှားကာ နှမ်းခင်း စိုက်ပေးသင့်တာတွေစိုက်ပေးနဲ့ သူလှည့်မကြည့်ရအောင် လုပ်ပေးခဲ့သည်။ ဆန်ကုန်သည်
ဒေါ်လေးအေးကြည်က ပိုက်ဆံချမ်းသာသူမို့ သူ့ အိမ်မှာဆို ပင်ပင်ပန်းပန်းတောင်လုပ်စရာမလို။ ခုတော့
"မရှင်းပြလဲရပါတယ် ။ ကျွန်တော် မရှိတုန်းဒေါ်လေးတို့ မပျက်စီးသင့်တာကို မပျင်စီးအောင် စောင့်ရှောက်ထားတာနဲ့ တင်
ကျေးဇူးတင်လှပီ။ ဒါတွေထိ လုပ်စရာမှမလိုတာ။ "
ရှင်းပြနေဆဲဒေါ်လေးအေးကြည်က ကောင်းချီစကားကြောင့် ပြုံးကာ
"အေးပါ မင်းယုံရင်ပီးတာပဲ။ လေးနှစ်အတွင်း သိန်း၂၆၀ကျော် တက်တယ်။ လောလောဆယ်ဆယ်တော့ ငွေပွားအောင်
ရွာထဲက ပန်းထိမ်ဆိုင်တွေမှာ ၂ကျပ်တိုးနဲ့ ပေးထားတယ်။ မင်းပြန်ထုတ်ချင်ရင်တော့
ကြိုပြောပေါ့။ "
"ဟုတ်ကဲ့"
"ကဲဒါဆို ဒေါ်လေးတို့ ပြန်တော့မယ် ။
မိုးချုပ်နေပီ ဆိုတော့ ဖိုးသားကို လိုက်ပို့ ခိုင်းရမှာပဲ။ ဟဲ့ မြရင် နင့်သား ရှိများရှိရဲ့လား ခြေကရှည်ကရှည်နဲ့ တရွာလုံးပတ်နေရင် အပြန်ကညည်းလိုက်ပို့ "
နှစ်ယောက်သမား စကားတပြောပြောနဲ့
ပြန်ထွက်သွားတာကို ကြည့်ပီး ဘေးက သက်ပုံဖက်ကို ပြန်လှည့်ကြည့်တော့ ချစ်တဲ့ သက်ပုံက မျက်လုံးပြူးလေးနဲ့ ။
" ဘာဖြစ်တာလဲ အဲ့ဒါက "
"ဝိုး ငါ့ကောင်းချီလေးက သူဌေးပဲ။
ဘယ်သူထင်မှာလဲငါယူလိုက်တဲ့ ဈေးထဲမှာ ကုန်ထမ်းနေတဲ့ကောင်လေးက
သိန်း၄၀၀လောက်ရှိပီး မြေဆယ်ဧကကျော်လောက်ပိုင်တဲ့ တောသူဌေးဆိုတာ။
ဟားဟား ငါတော့ ပွပီပဲ။
ကောင်းချီလေး ငါတို့ က ယူပီးပီဆိုတော့ မင်းပိုင်သမျှ ငါတဝက်ပိုင်တယ်နော်"
"မဟုတ်ဘူး "
"ဘာပြောတယ်"
ခပ်နှောက်နှောက် လေးကောင်းချီကို စနောက်နေစဉ် ထွက်လာတဲ့ စကားကြောင့်
စိတ်ထဲအလိုမကျ ဖြစ်သွားသည်။
"တဝက်မဟုတ်ဘူး အကုန်လုံးခင်များအပိုင်… မယုံရင် စရံကြိုသပ် ထားမယ် လာခဲ့"
"အား မေမေ့ "
ဆွဲပွေ့ ချီလိုက်တော့ စွေ့ ကနဲ ကောင်းချီ ရင်ခွင်ထဲရောက်သွား၏။
တလွှားလွှားခြေလှမ်တွေက စောက အစပျိုးနေဆဲ မင်္ဂလာဦးည မဲ့ အခန်းဆီကို။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz