ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

5

eainsi23

ပကာသန မပါတဲ့ ထမင္းဝိုင္းတြင္ …
ပုဇြန္ထုတ္ေႀကာ္ နွစ္ေကာင္ …
ကန္စြန္းရြက္ေႀကာ္ တခြက္နဲ ့ ခ်ဥ္ေပါင္ဟင္း ရယ္သာ။

" ပုဇြန္ထုတ္ဟင္းေတာင္ လာပို ့တယ္ "

ခပ္ႀကီးႀကီး ပုဇြန္နွစ္ေကာင္ေႀကာင့္
သက္ပံုမ်က္လံုးထဲမွာ အားနာေနဟန္။

"အားနာစရာမလိုဘူး။ ဒီမွာ ပုဇြန္က အိမ္တိုင္းစားနိုင္တယ္"

"ဘာလို ့လဲ"

"ေစ်းခ်ိဳလို ့"

အံ့ႀသေနတဲ့ မ်က္လံုးဝိုင္းေလးေတြကို
အႀကည့္လႊဲကာ ခ်ိဳင့္ထဲက ပိုႀကီးတဲ့
ပုဇြန္ အေကာင္ကို  သက္ပံု ပန္းကန္ထဲ ထည့္လိုက္သည္။

"ဒီရြာနာမည္က တံငါကုန္း "

"အင္း ငါသိတယ္ေလ"

ကန္စြန္းရြက္ေႀကာ္ကိုပါ သက္ပံု ပန္းကန္ထဲထပ္ ထည့္ကာ

"အမ်ားစုက တံငါလုပ္ငန္းလုပ္ႀကတာ ။
ပုဇြန္ တင္မကဘူး ငါးေစ်းပါ ခ်ိဳတယ္"

"ေအာ္"

ေခါင္းငံု ့ကာ ထမင္းငံု ့စားေနတဲ့
နွဳတ္ခမ္းေတြက နီနီရဲရဲ။ 
သက္ပံုကို စြဲလန္းရတဲ့အထဲမွာ အဲ့နွဳတ္ခမ္းေတြလည္းပါသည္။
တခါတေလ ေပါက္ထြက္သြားေအာင္ နမ္းပစ္လိုက္ခ်င္ေပမဲ့ သူမထိရက္မကိုင္ရက္။

"စားေလ ။ အိမ္မွာ စားရသလို အရသာမဟုတ္ဘူး ဒါက ပိုစားေကာင္းတယ္"

ဇြန္းနဲ ့ထိုးဖဲ့ေနတဲ့ အျဖဴေရာင္ ခပ္ထုတ္ထုတ္ အသားတံုးေလးကို ပါးစပ္ထဲထည့္ဝါးရင္း ေျပာေနတဲ့ သက္ပံုက လြတ္လပ္ေပါ့ပါးေနသေယာင္။

"အင္း … ျမိဳ  ့ကေရခဲရုိက္ထားတဲ့  ေမြးျမဴေရးပုဇြန္ နဲ ့လက္လက္ဆက္ဆက္ ဖမ္းထားတဲ့ ျမစ္ပုဇြန္ နဲ ့ေတာ့ ဘယ္အရသာတူမလဲ။ ဒီက ငါးက အစ ပိုခ်ိဳ ပိုလတ္ တယ္"

" ျမစ္က ဘယ္မွာလဲ"

ေမးတာကို မေျဖအား ။ ေရခြက္ကေလးကို အရင္ တိုးေပးရေသးသည္။ ျပီးမွ

" ဒီအိမ္ေနာက္ေက်ာမွာ "

"ဟမ္"

"တကယ္လား ငါမသိဘူးေရာ "

ေကာင္းခ်ီ ေခါင္းညိတ္ျပကာ က်န္ေသးတဲ့ ပုဇြန္ တဝက္ကို သက္ပံုပန္းကန္ထဲထည့္လိုက္သည္။

" ညေနက်မွ ထြက္ႀကည့္ ။ အိမ္ေနာက္ေဖး ကေန ေအာက္ဆင္းတဲ့ေလွကားရွိတယ္။ ေက်ာက္ေဆာင္ေတြနဲ ့ေရေတာ့ မခ်ိဳးနဲ ့ေရစီးသန္လို ့"

"ok"

ထည့္ေပးတဲ့ ပုဇြန္တပိုင္းကို တလွဳပ္လွဳပ္စားေနတဲ့ဟန္က ေကာင္းခ်ီအေလ်ာ့ေပး
အလိုလိုက္ထားတာေနသားႀကေနပံုပင္။
ေက်နပ္သြားတဲ့ အျပံဳးနုနုကို သက္ပံုမသိေအာင္ ခိုးျပံဳးမိရင္း အလိုလို ဝသြားတဲ့ ဗိုက္ကို အားနာသြား၏။
သက္ပံု ကိုခ်စ္ရတာ ထိုသို ့ပင္။
ဘာလုပ္လုပ္ ခ်စ္ဖို ့ေကာင္းေနေတာ့လဲခက္သား။

"ေရာ့ "

လက္ထဲေရာက္လာတဲ့ ေနႀကာေစ့ထုတ္ေလးကိုႀကည့္ကာ နားမလည္သလို ေမာ့ႀကည့္ေတာ့

" စားေလ။ ဟိုနားမွာထိုင္ ။ က်ြန္ေတာ္အလုပ္လုပ္အုန္းမယ္"

စားပီးသားပန္းကန္က အစ သူပဲေဆးသည္။ ခုလဲ အလုပ္ထပ္လုပ္အုန္းမယ္ဆိုေတာ့ ေရာက္ကတည္းက မနားရေသးတဲ့ ေကာင္းခ်ီကို နည္းနည္း အလိုမက်ေတာ့။

"ငါေရာလုပ္မယ္ ။ ေကာင္းခ်ီတစ္ေယာက္ထဲ ဆိုပင္ပန္းမယ္"

ေကာင္းခ်ီ  သက္ပံုလက္ထဲကိုေနႀကာေစ့ထုတ္ေလးထည့္ေပးလိုက္သည္။

"မလိုဘူး။ ခင္ဗ်ားကို ယူထားတာ ခိုင္းဖို ့မဟုတ္ဘူး။ ျဖစ္နိုင္ရင္ အလွပဲ ႀကည့္ေနခ်င္တယ္။ ပင္ပန္းမွာစိုးရင္ က်ြန္ေတာ္ကို နမ္း "

ပန္းေရာင္သန္းသြားတဲ့ မ်က္နွာေလးကို ေစ့ေစ့ႀကည့္မိပီး လိွုက္ခုန္လာတဲ့ ရင္ထဲက
အေကာင္က မတရားပဲ။ သက္မင္းပံုဆိုတဲ့
သူ့ထက္ႀကီးတဲ့ အမ်ိဳးသားက သံုးနွစ္ႀကီးတယ္ဆိုတာ ယံုနိုင္စရာမရွိ။
အကိုလို ့ေခၚရမွာ အားနာစရာေကာင္းေအာင္ ရွည္ရွည္သြယ္သြယ္ ကေလးမ်က္နွာေလးမို ့ အျမတ္တနိုးသက္ပံုဟုသာ ေခၚခဲ့တာ ရည္းစားသက္တမ္းတေလ်ွာက္ပင္။

ျဖဴျဖဴနုနုမို ့ သက္ပံုအိမ္က ေပ်ာ့တိေဖ်ာ့ဖက္
အေျခာက္လို ့ေခၚတက္တာကို ေကာင္းခ်ီလံုးဝ မႀကိဳက္။

သက္ပံုက ေပ်ာ့တိေပ်ာ့ဖက္ဆိုေပမဲ့
သူဝါသနာ ပါရာေလးေတြပဲ လုပ္ကာ
ေအးရာေအးေႀကာင္းေနခ်င္တဲ့ ပံုေလးပင္။
သက္ပံုကိုႀကည့္မိရင္ ပူေလာင္မူ ့ကိုေရနဲ ့ျငိမ္းလိုက္သလိုပဲ ေအးေအးခ်မ္းခ်မ္းေလးခံစားရသည္။
ေလာဘ မရွိသလို မာန္မာနလဲမရွိ။

"မြ "

ေႏြးသြားတဲ့ ပါးျပင္ေႀကာင့္ ေကာင္းခ်ီ နွုတ္ခမ္းေလးတဖက္တြန္ ့ကာ ျပံဳးလိုက္မိသည္။ ေနႀကာေစ့ထုတ္ကို က်စ္က်စ္ပါေအာင္ဆုတ္ထားတဲ့ လက္ကေလးကိုႀကည့္ကာ  ေမာ့မလာတဲ့ေခါင္းေလးကို ငံု ့နမ္းလိုက္သည္။

"ခင္ဗ်ားကို ျမတ္နိုးလိုက္တာ "

တိုးေပးမဲ့ သက္ပံုႀကားနိုင္သည္။
ေအာင္နိုင္သူတစ္ေယာက္လို ေျခလွမ္းေတြနဲ ့မျပီးျပတ္ေသးတဲ့ အိမ္အလုပ္ေတြကို သြက္လက္ျမန္ဆန္စြာလုပ္မိသည္။
ေနႀကာေစ့ ခြာစားေနတဲ့ သက္ပံုကေတာ့ သူ ့ထားသလို အိမ္ဦးခန္းက ခုံတန္းလ်ားေပၚမွာ ျငိမ္ျငိမ္ေလး ထိုင္ေန၏။
အလုပ္ေတြလုပ္လိုက္ ေမာရင္ သက္ပံုေလးကိုႀကည့္လိုက္နဲ ့သူ ့ဘဝက သာယာလိုက္သည္။
ညေနေစာင္းေတာ့ ေနခ်င္စဖြယ္အိမ္ေလးတစ္လံုးျဖစ္သြား၏။

ဒါသူနဲ ့သက္ပံုရဲ့ အိမ္ေလး။

"သက္ပံု ခင္ဗ်ား ဆရာဝန္မလုပ္ခ်င္တာ ေသခ်ာပီလား "

ရီေဝစြာ ႀကည့္ေနတဲ့ ေကာင္းခ်ီက
သက္ပံုကို အားနာေနသည္။

" ေသခ်ာတယ္။ ငါဝါသနာမပါတာ ေကာင္းခ်ီ သိတာပဲ။ "

ဖုန္တခ်ိဳ ့ေပေနတဲ့ ေကာင္းခ်ီက ေလးပင့္စြာသက္ပ်င္းခ်၏။စိတ္မေကာင္းေနဟန္က
အထင္းသား။

"က်ြန္ေတာ္ ခင္ဗ်ား ကို အားနာတယ္။
နွိမ့္က်တဲ့ က်ြန္ေတာ္ကို ခ်စ္ေပးပီး ခုလို ဆူးခင္းလမ္းကို ျဖတ္ေလ်ွာက္ဖို ့ႀကိဳးစားေနတာေတြေရာ … က်ြန္ေတာ္ ခင္ဗ်ား ကို
တသက္လံုး  ေပ်ာ္ေအာင္ ထားနိုင္ပါ့မလားဆိုတာေရာ ကိုယ့္ကိုကိုယ္မယံုႀကည္ရဲဘူး "

" ေကာင္းခ်ီေလးနဲ ့ဆိုရင္ ငါေသခ်ာေပါက္ေပ်ာ္မွာပါ။ "

စကားဆံုးေတာ့ ဖုန္ေပေနတဲ့ လက္ေတြနဲ ့
သိမ္းဖက္လိုက္ျခင္းခံလိုက္ရသည္။ 
ခါတိုင္းဆို ဖုန္ေပတာ  မေျပာနဲ ့
ေရမခ်ိဳးရပဲနဲ ့ သက္ပံုကို အသားထိတာမဟုတ္။

Ringtone……

ခပ္တိုးတိုးျမည္လာတဲ့ ဖုန္းသံေႀကာင့္…

"ခင္္ဗ်ားအိမ္ကျဖစ္မယ္ "

"အင္းလႊတ္အုန္း ငါဖုန္းကိုင္အုန္းမယ္"

"မထားသြားပါနဲ ့က်ြန္ေတာ္ အတၱႀကီးမွန္းသိပါတယ္။ ဒါေပမဲ့ …"

တိမ္ဝင္သြားတဲ့ အသံေတြေႀကာင့္ သက္ပံု ဖက္ထားရမွ ဖယ္ခြာလိုက္၏။
အံႀကိတ္ထားတဲ့ေမးရုိးေတြနဲ ့နီရဲေနတဲ့ မ်က္သားေတြက ေကာင္းခ်ီရဲ့ တိမ္ျမဳပ္ေနတဲ့ စိတ္ကိုဖြင့္ဟ ျပေနသေယာင္။
အျမဲ မရယ္မျပံဳးခပ္တည္တည္ေလးေနတက္တဲ့ေကာင္းခ်ီရဲ့ တဖက္ျခမ္းက ဒီလိုပံုလား။

ေက်နပ္သြားစိတ္နဲ ့

"ငါ ေကာင္းခ်ီနဲ ့ပဲ အတူေနမွာပါ "

ခပ္တိုးတိုးဖုန္းသံက ခဏ ရပ္သြားပီး ေနာက္တေခါက္ေတာင္ျပန္လာေနသည္။
ေကာင္းခ်ီကို ျပံဳးျပကာ ဖုန္းရွိရာ အခန္းထဲ
သို ့သက္ပံု လွမ္းဝင္လိုက္၏။
မသိမသာတုန္ေနတဲ့ လက္ေတြကို
လက္သီးစုတ္အျဖစ္ေျပာင္းကာ
ကိုယ့္ကိုကိုယ္ အားတင္းလိုက္သည္။

မွန္ျပင္ေပၚမွာေပၚေနတဲ့ နာမည္က
ကိုကိုႀကီး…

စိတ္ကိုေလ်ာ့ခ်လိုက္ပီး အစိမ္းေရာင္ ဖုန္းပံုစံေလးကို ဆြဲလိုက္၏

"Hello ! ကုိကိုႀကီး "

" ဖုန္းေတာ့ကိုင္ရဲသားပဲ။ ငါက ေခၚတာေခၚေနရတာ မကိုင္ဖို ့ဆုေတာင္းေနတာ ။
ႀကည့္ရတာ ဒီေန ့ငါကံမေကာင္းဘူးထင္တယ္"

လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ
သက္ပံု ေျပာလိုက္သည္။

"  ဒါဆို ဘာလို ့ဆက္ေနေသးလဲ။
က်ြန္ေတာ္ ဆီဖုန္းဆက္လာတာ ေျပာစရာရွိလို ့မို ့လား။ ေျပာပီး ခ်လိုက္ပါ ။ က်ြန္ေတာ္ကို ရြံ ့ရွာေနတဲ့ သူေတြနဲ ့က်ြန္ေတာ္
လည္း စကား မေျပာခ်င္ဘူး "

"ေတာက္! အေျခာက္ေကာင္ကမ်ား ငါ့ကို
။ ေအး ငါတို ့မိသားစုနဲ ့မပါတ္သတ္ဖို ့ရာကို အေဖဖုန္းဆက္ခိုင္းလို ့ဆက္လိုက္တာ ။ ငါကလည္း ဆက္ခ်င္လိမ့္မယ္မထင္နဲ ့။ မနက္ဖန္ သတင္းစာမွာ မင္း ကိုအေမြျပတ္စြန္ ့လႊတ္ေႀကာင္းပါလာလိမ့္မယ္။ မင္း အေကာင္က ေနာင္တခ်ိန္ အားရသြားမွ
ပစ္သြားရင္ အိမ္ကိုေစာက္ရွက္မရွိ လာကပ္မွာစိုးလို ့ ႀကိဳပီး ဖုန္းဆက္ထားတာ "

အံႀကိတ္ထားရလြန္းလို ့ေသြးထြက္မတက္ပဲ။မိသားစုကပါ မလိုခ်င္ရေလာက္ေအာင္ သူလြဲမွားစြာ ခ်စ္ခဲ့မိတာ မွားခဲ့သလား။ အျမဲေလးစားခဲ့ရတဲ့ အကိုၿဖစ္သူနွဳတ္ကပါ
မႀကားရဲတဲ့ စကားေတြကို အလြယ္တကူထြက္ရေအာင္ သက္ပံုက တန္ဖိုးမဲ့သူတေယာက္လို ေကာင္းခ်ီတခါေတာင္ မဆက္ဆံဘူးေပ။

"စိတ္ခ်ပါ လို ့အေဖ ့ကိုေျပာလိုက္ပါ။
သူက ပစ္သြားမဲ့သူမဟုတ္သလို ပစ္သြားခဲ့ရင္လဲ အဲ့ဒီအိမ္ကို ေျခတလွမ္းေတာင္မခ်ဘူးလို ့။ က်ြန္ေတာ္ဆီကိုလဲ ေနာက္တခါဖုန္းမဆက္ပါနဲ ့"

ေျပာပီး ခ်က္ျခင္းဖုန္းခ်ပစ္လိုက္သည္။
နာက်ည္းခ်က္က ရင္မွာ အလံုးအရင္း။
ကိုကိုႀကီး အရင္က ေဆးစြဲခဲ့တုန္းက
သူပဲေဘးနားမွာရပ္တည္ေပးခဲ့တာမို ့လား။ ထိုအတူပဲ ကိုကိုေလး ။ မိန္းမ ကိစၥနဲ ့ျပသနာတက္ေတာ့လည္း လူမသိေအာင္
ရွိတဲ့ ပိုက္ဆံ ေတာ္ေတာ္မ်ားမ်ား အိမ္ကမသိေအာင္ သူကူညီေပးခဲ့ဘူးသည္။
သက္ပံုကိုက် ေသေစေလာက္တဲ့ ျပစ္မူ ့က်ဴးလြန္သလို ဘာေႀကာင့္ ဆက္ဆံႀကတာလဲ။

"သက္ပံု က်ြန္ေတာ္…"

ေနာက္ပါးဆီက ခပ္ေဖ်ာ့ေဖ်ာ့အသံေႀကာင့္ သက္ပံု က်လုက်ခင္ မ်က္ရည္ေတြကို သုတ္လိုက္သည္။

"လာ ဒီကို "

လက္ဆန္ ့ႀကိဳ လိုက္ေတာ့တေရြ ့ေရြ ့တိုးဝင္လာကာ သက္ပံုကို ဖက္ထားသည္။

"ေတာင္းပန္ပါတယ္"

ခ်စ္မိသည္ကလြဲပီး သူတို ့နွစ္ေယာက္ မွားယြင္းခဲ့တာမရွိ။

"ေတာင္းပန္စရာမွမလိုတာ။ ေကာင္းခ်ီ
မွာလည္း မိဘမရွိဘူး။ ငါ့ကိုလည္း အိမ္က စြန္ ့ပစ္လိုက္ျပီ ။ အဲ့ေတာ့ ငါတို ့နွစ္ေယာက္မွာ ေနာက္ဆံတင္းစရာဘာမွမရွိေတာ့ဘူး။ မေကာင္းဘူးလား။ ေကာင္းခ်ီရယ္ငါရယ္ အတူတူ ဘဝကို တေပ်ာ္တပါးႀကီးျဖတ္သန္းႀကမယ္"

"ခင္ဗ်ားကို အရမ္းခ်စ္တာပဲ"

"ဘယ္လို "

မ်က္နွာကိုႀကည့္ခ်င္သည္မို ့ရင္ခြင္ထဲက ထြက္ဖို ့ျပင္ေတာ့ ဖယ္မေပးပဲ

"ခင္ဗ်ားကို ခ်စ္တယ္။ အရမ္းခ်စ္တာ"

သက္ပံု ရုန္းကန္မူ ့ေတြ ျငိမ္သက္သြား၏။
တေလ်ွာက္လံုး ခ်စ္တယ္ဆိုတဲ့စကားကို မေျပာခဲ့တဲ့ေကာင္းခ်ီက ခ်စ္တယ္လို ့သူ ့ကိုေျပာတယ္။

"ျပန္ေျပာအုန္း "

"သက္ပံုကို ခ်စ္တယ္"

"ျပန္ေျပာပါအုန္း"

"သက္ပံုကိုအရမ္းခ်စ္တယ္"

"ေနာက္တေခါက္ထပ္ေျပာ"

"ခင္္ဗ်ားကို အရမ္းခ်စ္တယ္"

"ေနာက္တေခါက္"

နႈတ္ခပ္းပါးေတြဟာ ေက်နပ္စြာေကာ့တက္လ်က္  ရွိေပမဲ့ ဖုန္းေျပာတုန္းက မက်ျဖစ္တဲ့ မ်က္ရည္ေတြဟာ  ခုမွအတိုးခ် စီးက်ေနသလိုပင္။  ခ်စ္တယ္ဆိုတဲ့ စကားတလံုးဟာ သက္ပံု ကို ရင္နင့္ေအာင္ခံစားရေစပါသည္။ခုမွ ၾကားဖူးတဲ့ စကားကိုအႀကိမ္ႀကိမ္အခါခါျပန္ေျပာခိုင္းရင္း  ေကာင္းခ်ီ ကိုေပြ ႕ကာ သက္ပံု ငိုေနမိသည္။  နွလံုးသားတစ္ခုလံုးသည္ လိပ္ျပာေလးေတြ  ဝိုင္းအံုနားေနသလို  ယားယံေလးပင့္ေနတာ  ထိုစကားေလး နွစ္လံုးေၾကာင့္
တဲ့လား....

ခ်စ္တဲ့အိမ္စည္။

ပကာသန မပါတဲ့ ထမင်းဝိုင်းတွင် …
ပုဇွန်ထုတ်ကြော် နှစ်ကောင် …
ကန်စွန်းရွက်ကြော် တခွက်နဲ့  ချဉ်ပေါင်ဟင်း ရယ်သာ။

" ပုဇွန်ထုတ်ဟင်းတောင် လာပို့ တယ် "

ခပ်ကြီးကြီး ပုဇွန်နှစ်ကောင်ကြောင့်
သက်ပုံမျက်လုံးထဲမှာ အားနာနေဟန်။

"အားနာစရာမလိုဘူး။ ဒီမှာ ပုဇွန်က အိမ်တိုင်းစားနိုင်တယ်"

"ဘာလို့ လဲ"

"ဈေးချိုလို့ "

အံ့သြနေတဲ့ မျက်လုံးဝိုင်းလေးတွေကို
အကြည့်လွှဲကာ ချိုင့်ထဲက ပိုကြီးတဲ့
ပုဇွန် အကောင်ကို  သက်ပုံ ပန်းကန်ထဲ ထည့်လိုက်သည်။

"ဒီရွာနာမည်က တံငါကုန်း "

"အင်း ငါသိတယ်လေ"

ကန်စွန်းရွက်ကြော်ကိုပါ သက်ပုံ ပန်းကန်ထဲထပ် ထည့်ကာ

"အများစုက တံငါလုပ်ငန်းလုပ်ကြတာ ။
ပုဇွန် တင်မကဘူး ငါးဈေးပါ ချိုတယ်"

"အော်"

ခေါင်းငုံ့ ကာ ထမင်းငုံ့ စားနေတဲ့
နှုတ်ခမ်းတွေက နီနီရဲရဲ။ 
သက်ပုံကို စွဲလန်းရတဲ့အထဲမှာ အဲ့နှုတ်ခမ်းတွေလည်းပါသည်။
တခါတလေ ပေါက်ထွက်သွားအောင် နမ်းပစ်လိုက်ချင်ပေမဲ့ သူမထိရက်မကိုင်ရက်။

"စားလေ ။ အိမ်မှာ စားရသလို အရသာမဟုတ်ဘူး ဒါက ပိုစားကောင်းတယ်"

ဇွန်းနဲ့ ထိုးဖဲ့နေတဲ့ အဖြူရောင် ခပ်ထုတ်ထုတ် အသားတုံးလေးကို ပါးစပ်ထဲထည့်ဝါးရင်း ပြောနေတဲ့ သက်ပုံက လွတ်လပ်ပေါ့ပါးနေသယောင်။

"အင်း … မြို့ကရေခဲရိုက်ထားတဲ့  မွေးမြူရေးပုဇွန် နဲ့ လက်လက်ဆက်ဆက် ဖမ်းထားတဲ့ မြစ်ပုဇွန် နဲ့ တော့ ဘယ်အရသာတူမလဲ။ ဒီက ငါးက အစ ပိုချို ပိုလတ် တယ်"

" မြစ်က ဘယ်မှာလဲ"

မေးတာကို မဖြေအား ။ ရေခွက်ကလေးကို အရင် တိုးပေးရသေးသည်။ ပြီးမှ

" ဒီအိမ်နောက်ကျောမှာ "

"ဟမ်"

"တကယ်လား ငါမသိဘူးရော "

ကောင်းချီ ခေါင်းညိတ်ပြကာ ကျန်သေးတဲ့ ပုဇွန် တဝက်ကို သက်ပုံပန်းကန်ထဲထည့်လိုက်သည်။

" ညနေကျမှ ထွက်ကြည့် ။ အိမ်နောက်ဖေး ကနေ အောက်ဆင်းတဲ့လှေကားရှိတယ်။ ကျောက်ဆောင်တွေနဲ့ ရေတော့ မချိုးနဲ့ ရေစီးသန်လို့ "

"ok"

ထည့်ပေးတဲ့ ပုဇွန်တပိုင်းကို တလှုပ်လှုပ်စားနေတဲ့ဟန်က ကောင်းချီအလျော့ပေး
အလိုလိုက်ထားတာနေသားကြနေပုံပင်။
ကျေနပ်သွားတဲ့ အပြုံးနုနုကို သက်ပုံမသိအောင် ခိုးပြုံးမိရင်း အလိုလို ဝသွားတဲ့ ဗိုက်ကို အားနာသွား၏။
သက်ပုံ ကိုချစ်ရတာ ထိုသို့ ပင်။
ဘာလုပ်လုပ် ချစ်ဖို့ ကောင်းနေတော့လဲခက်သား။

"ရော့ "

လက်ထဲရောက်လာတဲ့ နေကြာစေ့ထုတ်လေးကိုကြည့်ကာ နားမလည်သလို မော့ကြည့်တော့

" စားလေ။ ဟိုနားမှာထိုင် ။ ကျွန်တော်အလုပ်လုပ်အုန်းမယ်"

စားပီးသားပန်းကန်က အစ သူပဲဆေးသည်။ ခုလဲ အလုပ်ထပ်လုပ်အုန်းမယ်ဆိုတော့ ရောက်ကတည်းက မနားရသေးတဲ့ ကောင်းချီကို နည်းနည်း အလိုမကျတော့။

"ငါရောလုပ်မယ် ။ ကောင်းချီတစ်ယောက်ထဲ ဆိုပင်ပန်းမယ်"

ကောင်းချီ  သက်ပုံလက်ထဲကိုနေကြာစေ့ထုတ်လေးထည့်ပေးလိုက်သည်။

"မလိုဘူး။ ခင်ဗျားကို ယူထားတာ ခိုင်းဖို့ မဟုတ်ဘူး။ ဖြစ်နိုင်ရင် အလှပဲ ကြည့်နေချင်တယ်။ ပင်ပန်းမှာစိုးရင် ကျွန်တော်ကို နမ်း "

ပန်းရောင်သန်းသွားတဲ့ မျက်နှာလေးကို စေ့စေ့ကြည့်မိပီး လှိုက်ခုန်လာတဲ့ ရင်ထဲက
အကောင်က မတရားပဲ။ သက်မင်းပုံဆိုတဲ့
သူ့ထက်ကြီးတဲ့ အမျိုးသားက သုံးနှစ်ကြီးတယ်ဆိုတာ ယုံနိုင်စရာမရှိ။
အကိုလို့ ခေါ်ရမှာ အားနာစရာကောင်းအောင် ရှည်ရှည်သွယ်သွယ် ကလေးမျက်နှာလေးမို့  အမြတ်တနိုးသက်ပုံဟုသာ ခေါ်ခဲ့တာ ရည်းစားသက်တမ်းတလျှောက်ပင်။

ဖြူဖြူနုနုမို့  သက်ပုံအိမ်က ပျော့တိဖျော့ဖက်
အခြောက်လို့ ခေါ်တက်တာကို ကောင်းချီလုံးဝ မကြိုက်။

သက်ပုံက ပျော့တိပျော့ဖက်ဆိုပေမဲ့
သူဝါသနာ ပါရာလေးတွေပဲ လုပ်ကာ
အေးရာအေးကြောင်းနေချင်တဲ့ ပုံလေးပင်။
သက်ပုံကိုကြည့်မိရင် ပူလောင်မူ့ ကိုရေနဲ့ ငြိမ်းလိုက်သလိုပဲ အေးအေးချမ်းချမ်းလေးခံစားရသည်။
လောဘ မရှိသလို မာန်မာနလဲမရှိ။

"မွ "

နွေးသွားတဲ့ ပါးပြင်ကြောင့် ကောင်းချီ နှုတ်ခမ်းလေးတဖက်တွန့် ကာ ပြုံးလိုက်မိသည်။ နေကြာစေ့ထုတ်ကို ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့ လက်ကလေးကိုကြည့်ကာ  မော့မလာတဲ့ခေါင်းလေးကို ငုံ့ နမ်းလိုက်သည်။

"ခင်ဗျားကို မြတ်နိုးလိုက်တာ "

တိုးပေးမဲ့ သက်ပုံကြားနိုင်သည်။
အောင်နိုင်သူတစ်ယောက်လို ခြေလှမ်းတွေနဲ့ မပြီးပြတ်သေးတဲ့ အိမ်အလုပ်တွေကို သွက်လက်မြန်ဆန်စွာလုပ်မိသည်။
နေကြာစေ့ ခွာစားနေတဲ့ သက်ပုံကတော့ သူ့ ထားသလို အိမ်ဦးခန်းက ခုံတန်းလျားပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေ၏။
အလုပ်တွေလုပ်လိုက် မောရင် သက်ပုံလေးကိုကြည့်လိုက်နဲ့ သူ့ ဘဝက သာယာလိုက်သည်။
ညနေစောင်းတော့ နေချင်စဖွယ်အိမ်လေးတစ်လုံးဖြစ်သွား၏။

ဒါသူနဲ့ သက်ပုံရဲ့ အိမ်လေး။

"သက်ပုံ ခင်ဗျား ဆရာဝန်မလုပ်ချင်တာ သေချာပီလား "

ရီဝေစွာ ကြည့်နေတဲ့ ကောင်းချီက
သက်ပုံကို အားနာနေသည်။

" သေချာတယ်။ ငါဝါသနာမပါတာ ကောင်းချီ သိတာပဲ။ "

ဖုန်တချို့ ပေနေတဲ့ ကောင်းချီက လေးပင့်စွာသက်ပျင်းချ၏။စိတ်မကောင်းနေဟန်က
အထင်းသား။

"ကျွန်တော် ခင်ဗျား ကို အားနာတယ်။
နှိမ့်ကျတဲ့ ကျွန်တော်ကို ချစ်ပေးပီး ခုလို ဆူးခင်းလမ်းကို ဖြတ်လျှောက်ဖို့ ကြိုးစားနေတာတွေရော … ကျွန်တော် ခင်ဗျား ကို
တသက်လုံး  ပျော်အောင် ထားနိုင်ပါ့မလားဆိုတာရော ကိုယ့်ကိုကိုယ်မယုံကြည်ရဲဘူး "

" ကောင်းချီလေးနဲ့ ဆိုရင် ငါသေချာပေါက်ပျော်မှာပါ။ "

စကားဆုံးတော့ ဖုန်ပေနေတဲ့ လက်တွေနဲ့
သိမ်းဖက်လိုက်ခြင်းခံလိုက်ရသည်။ 
ခါတိုင်းဆို ဖုန်ပေတာ  မပြောနဲ့
ရေမချိုးရပဲနဲ့  သက်ပုံကို အသားထိတာမဟုတ်။

Ringtone……

ခပ်တိုးတိုးမြည်လာတဲ့ ဖုန်းသံကြောင့်…

"ခင်ဗျားအိမ်ကဖြစ်မယ် "

"အင်းလွှတ်အုန်း ငါဖုန်းကိုင်အုန်းမယ်"

"မထားသွားပါနဲ့ ကျွန်တော် အတ္တကြီးမှန်းသိပါတယ်။ ဒါပေမဲ့ …"

တိမ်ဝင်သွားတဲ့ အသံတွေကြောင့် သက်ပုံ ဖက်ထားရမှ ဖယ်ခွာလိုက်၏။
အံကြိတ်ထားတဲ့မေးရိုးတွေနဲ့ နီရဲနေတဲ့ မျက်သားတွေက ကောင်းချီရဲ့ တိမ်မြုပ်နေတဲ့ စိတ်ကိုဖွင့်ဟ ပြနေသယောင်။
အမြဲ မရယ်မပြုံးခပ်တည်တည်လေးနေတက်တဲ့ကောင်းချီရဲ့ တဖက်ခြမ်းက ဒီလိုပုံလား။

ကျေနပ်သွားစိတ်နဲ့

"ငါ ကောင်းချီနဲ့ ပဲ အတူနေမှာပါ "

ခပ်တိုးတိုးဖုန်းသံက ခဏ ရပ်သွားပီး နောက်တခေါက်တောင်ပြန်လာနေသည်။
ကောင်းချီကို ပြုံးပြကာ ဖုန်းရှိရာ အခန်းထဲ
သို့ သက်ပုံ လှမ်းဝင်လိုက်၏။
မသိမသာတုန်နေတဲ့ လက်တွေကို
လက်သီးစုတ်အဖြစ်ပြောင်းကာ
ကိုယ့်ကိုကိုယ် အားတင်းလိုက်သည်။

မှန်ပြင်ပေါ်မှာပေါ်နေတဲ့ နာမည်က
ကိုကိုကြီး…

စိတ်ကိုလျော့ချလိုက်ပီး အစိမ်းရောင် ဖုန်းပုံစံလေးကို ဆွဲလိုက်၏

"Hello ! ကိုကိုကြီး "

" ဖုန်းတော့ကိုင်ရဲသားပဲ။ ငါက ခေါ်တာခေါ်နေရတာ မကိုင်ဖို့ ဆုတောင်းနေတာ ။
ကြည့်ရတာ ဒီနေ့ ငါကံမကောင်းဘူးထင်တယ်"

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ
သက်ပုံ ပြောလိုက်သည်။

"  ဒါဆို ဘာလို့ ဆက်နေသေးလဲ။
ကျွန်တော် ဆီဖုန်းဆက်လာတာ ပြောစရာရှိလို့ မို့ လား။ ပြောပီး ချလိုက်ပါ ။ ကျွန်တော်ကို ရွံ့ ရှာနေတဲ့ သူတွေနဲ့ ကျွန်တော်
လည်း စကား မပြောချင်ဘူး "

"တောက်! အခြောက်ကောင်ကများ ငါ့ကို
။ အေး ငါတို့ မိသားစုနဲ့ မပါတ်သတ်ဖို့ ရာကို အဖေဖုန်းဆက်ခိုင်းလို့ ဆက်လိုက်တာ ။ ငါကလည်း ဆက်ချင်လိမ့်မယ်မထင်နဲ့ ။ မနက်ဖန် သတင်းစာမှာ မင်း ကိုအမွေပြတ်စွန့် လွှတ်ကြောင်းပါလာလိမ့်မယ်။ မင်း အကောင်က နောင်တချိန် အားရသွားမှ
ပစ်သွားရင် အိမ်ကိုစောက်ရှက်မရှိ လာကပ်မှာစိုးလို့  ကြိုပီး ဖုန်းဆက်ထားတာ "

အံကြိတ်ထားရလွန်းလို့ သွေးထွက်မတက်ပဲ။မိသားစုကပါ မလိုချင်ရလောက်အောင် သူလွဲမှားစွာ ချစ်ခဲ့မိတာ မှားခဲ့သလား။ အမြဲလေးစားခဲ့ရတဲ့ အကိုဖြစ်သူနှုတ်ကပါ
မကြားရဲတဲ့ စကားတွေကို အလွယ်တကူထွက်ရအောင် သက်ပုံက တန်ဖိုးမဲ့သူတယောက်လို ကောင်းချီတခါတောင် မဆက်ဆံဘူးပေ။

"စိတ်ချပါ လို့ အဖေ့ ကိုပြောလိုက်ပါ။
သူက ပစ်သွားမဲ့သူမဟုတ်သလို ပစ်သွားခဲ့ရင်လဲ အဲ့ဒီအိမ်ကို ခြေတလှမ်းတောင်မချဘူးလို့ ။ ကျွန်တော်ဆီကိုလဲ နောက်တခါဖုန်းမဆက်ပါနဲ့ "

ပြောပီး ချက်ခြင်းဖုန်းချပစ်လိုက်သည်။
နာကျည်းချက်က ရင်မှာ အလုံးအရင်း။
ကိုကိုကြီး အရင်က ဆေးစွဲခဲ့တုန်းက
သူပဲဘေးနားမှာရပ်တည်ပေးခဲ့တာမို့ လား။ ထိုအတူပဲ ကိုကိုလေး ။ မိန်းမ ကိစ္စနဲ့ ပြသနာတက်တော့လည်း လူမသိအောင်
ရှိတဲ့ ပိုက်ဆံ တော်တော်များများ အိမ်ကမသိအောင် သူကူညီပေးခဲ့ဘူးသည်။
သက်ပုံကိုကျ သေစေလောက်တဲ့ ပြစ်မူ့ ကျူးလွန်သလို ဘာကြောင့် ဆက်ဆံကြတာလဲ။

"သက်ပုံ ကျွန်တော်…"

နောက်ပါးဆီက ခပ်ဖျော့ဖျော့အသံကြောင့် သက်ပုံ ကျလုကျခင် မျက်ရည်တွေကို သုတ်လိုက်သည်။

"လာ ဒီကို "

လက်ဆန့် ကြို လိုက်တော့တရွေ့ ရွေ့ တိုးဝင်လာကာ သက်ပုံကို ဖက်ထားသည်။

"တောင်းပန်ပါတယ်"

ချစ်မိသည်ကလွဲပီး သူတို့ နှစ်ယောက် မှားယွင်းခဲ့တာမရှိ။

"တောင်းပန်စရာမှမလိုတာ။ ကောင်းချီ
မှာလည်း မိဘမရှိဘူး။ ငါ့ကိုလည်း အိမ်က စွန့် ပစ်လိုက်ပြီ ။ အဲ့တော့ ငါတို့ နှစ်ယောက်မှာ နောက်ဆံတင်းစရာဘာမှမရှိတော့ဘူး။ မကောင်းဘူးလား။ ကောင်းချီရယ်ငါရယ် အတူတူ ဘဝကို တပျော်တပါးကြီးဖြတ်သန်းကြမယ်"

"ခင်ဗျားကို အရမ်းချစ်တာပဲ"

"ဘယ်လို "

မျက်နှာကိုကြည့်ချင်သည်မို့ ရင်ခွင်ထဲက ထွက်ဖို့ ပြင်တော့ ဖယ်မပေးပဲ

"ခင်ဗျားကို ချစ်တယ်။ အရမ်းချစ်တာ"

သက်ပုံ ရုန်းကန်မူ့ တွေ ငြိမ်သက်သွား၏။
တလျှောက်လုံး ချစ်တယ်ဆိုတဲ့စကားကို မပြောခဲ့တဲ့ကောင်းချီက ချစ်တယ်လို့ သူ့ ကိုပြောတယ်။

"ပြန်ပြောအုန်း "

"သက်ပုံကို ချစ်တယ်"

"ပြန်ပြောပါအုန်း"

"သက်ပုံကိုအရမ်းချစ်တယ်"

"နောက်တခေါက်ထပ်ပြော"

"ခင်ဗျားကို အရမ်းချစ်တယ်"

"နောက်တခေါက်"

နှုတ်ခပ်းပါးတွေဟာ ကျေနပ်စွာကော့တက်လျက်  ရှိပေမဲ့ ဖုန်းပြောတုန်းက မကျဖြစ်တဲ့ မျက်ရည်တွေဟာ  ခုမှအတိုးချ စီးကျနေသလိုပင်။  ချစ်တယ်ဆိုတဲ့ စကားတလုံးဟာ သက်ပုံ ကို ရင်နင့်အောင်ခံစားရစေပါသည်။ခုမှ ကြားဖူးတဲ့ စကားကိုအကြိမ်ကြိမ်အခါခါပြန်ပြောခိုင်းရင်း  ကောင်းချီ ကိုပွေ့ ကာ သက်ပုံ ငိုနေမိသည်။  နှလုံးသားတစ်ခုလုံးသည် လိပ်ပြာလေးတွေ  ဝိုင်းအုံနားနေသလို  ယားယံလေးပင့်နေတာ  ထိုစကားလေး နှစ်လုံးကြောင့်
တဲ့လား....

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz