ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

4

eainsi23

အိမ္ေနာက္ေဖးမွာ အရင္အိမ္ေဟာင္းေလးကို ျဖတ္ပီး ပံုထားတဲ့ သစ္သားပံုႀကီးေရွ ့တြင္ ေကာင္းခ်ီ မတ္တပ္ရပ္ေနသည္။

ထို ့ေနာက္ ျမန္ျမန္ဆန္ဆန္ပင္ လိုအပ္တဲ့
အသားတခ်ိဳ ့ကို ဆြဲထုတ္ကာ
ျခံေထာင့္က ေရခ်ိဳးတဲ့ေနရာသိုိ ့သယ္လာ၏။

မႀကာခင္က ခ်စ္တဲ့သက္ပံုေလးရဲ့
ေရစိုေနတဲ့ အတြင္းသားလွလွေလးေတြကို ျမင္ပီးကတည္းက အကာအရံမရွိတဲ့ ေရဘံုဘိုင္ကို လံုျခံဳေအာင္လုပ္ေပးဖို ့အားျခင္းစီစဥ္ရသည္သာ။

"ေကာင္းခ်ီ ဒါဘာလုပ္ဖို ့လဲ"

ေရခ်ိဳးပီးကာစ ရွင္းသန္ ့ေနတဲ့ မ်က္နွာေလးက ပင္ပန္းေနတဲ့ ေကာင္းခ်ီ ကို
အားျဖည့္ေပးေနသေယာင္။

"ခင္ဗ်ား အတြက္ေရခ်ိဳးခန္းလုပ္ေပးတာ ။"

"ေနာက္ရက္မွမလုပ္ဘူး ပင္ပန္းေအာင္
လို ့။ "

"ရတယ္ မပင္ပန္းဘူး ခင္ဗ်ားဗိုက္ဆာပီလား"

"မဆာေသးဘူး။ ေအာ္ ... မီးဖိုခန္းမွာ
ဘာမွမရွိဘူး ငါဘာနဲ ့ထမင္းခ်က္ရမွာလဲ"

"ဘာမွမခ်က္နဲ ့ခဏေန ဖိုးသား ထမင္းခ်ိဳင့္လာပို ့လိမ့္မယ္။ "

လႊကိုင္ေနတဲ့ လက္ေတြက ျမန္ျမန္ဆန္ဆန္ လွဳပ္ရွားေနေပမဲ့ စကားေျပာမပ်က္ ။
ခပ္တိုတိုဝတ္ထားတဲ့ ပုဆိုးရယ္ ...
ကြမ္းရြက္ဆိုင္ တံဆိပ္ ပါတဲ့
စြပ္က်ယ္ အျဖဴရယ္ နဲ ့ ေကာင္းခ်ီက ရုိးရုိးရွင္းရွင္းသာ ။ ပါးရုိးတစ္ေလ်ွာက္ျဖတ္စီးဆင္းေနတဲ့ ေခ်ြးေတြက လည္ပင္းထိပါ စီးက်ေန၏။ သာမန္ ဘဝမွာေနတဲ့သာမန္
အမ်ိဳးသားငယ္တစ္ေယာက္ကို ခ်စ္သူေတာ္ထားေပမဲ့ တခါေလးေတာင္ သက္ပံုစိတ္မညစ္ရဘူးေပ။

"ေကာင္းခ်ီ အိတ္ထဲက ပိုက္ဆံေတြ အဝတ္ေတြထုတ္ရင္းေတြ ့လို ့ငါသိမ္းထားလိုက္တယ္"

"အင္း "

အလုပ္လုပ္ေနတဲ့ ေကာင္းခ်ီကို ဆက္မေနွာက္ယွက္ခ်င္ေတာ့တာေႀကာင့္ အိမ္ထဲဝင္လာလိုက္သည္။
သိန္း၁၀၀ နီးပါးေလာက္ရွိတဲ့ ပိုက္ဆံေတြဘယ္ကရသလည္းဆိုတာ သက္ပံုသိသည္။
ေခ်ြးနဲ ့ရင္းကာ မစားမေသာက္ပဲ သံုးနွစ္နီးပါး ရွာေဖြထားတဲ့ ပိုက္ဆံေတြက
သက္ပံုအတြက္ဆိုတာ ထိုအေနေအးတဲ့
ေယာက်ား္မေျပာျပေတာင္ ပတ္ဝန္းက်င္မွာ ျပန္ေျပာတဲ့သူေတြတပံုႀကီး။

အိမ္ထဲဝင္သြားေတာ့ စုပံုထားတဲ့ အထုတ္ေတြကို ခဏရပ္ႀကည့္ၿပီး သက္ပံုအလုပ္လုပ္ဖို ့ျပင္လိုက္သည္။

ေကာင္းခ်ီနဲ ့သက္ပံုသည္ ေယာက်ာ္း နွစ္ေယာက္ျဖစ္သည့္အတြက္ အနုအယြေတြမေျပာျဖစ္ေပမဲ့ တစ္ေယာက္နဲ ့တစ္ေယာက္ စကားအမ်ားႀကီးမေျပာပဲနားလည္သည္။

မနက္၇နာရီေလာက္က စေရာက္လာတဲ့ ေကာင္းခ်ီတစ္ေယာက္ ၁၀နာရီထိုးတဲ့အထိ မနားနိုင္ပဲ လိုအပ္တာေျပးဝယ္လိုက္
ေရခ်ိဳးခန္းလုပ္လိုက္နဲ ့ အလုပ္မ်ားေနသည္။ နာရီဝက္ခန္ ့ႀကာပီးသည့္ေနာက္မွာ
လူတရပ္ခန္ ့ျမင့္တဲ့ မိုးကာ ကာသည့္ေရခ်ိဳးခန္းေလးျဖစ္သြားသည္။

"ကိုေကာင္း ကိုေကာင္း "

တေႀကာ္ေႀကာ္ေအာ္ကာ ဝင္လာသည့္
ဖိုးသားက ျခံေထာင္မွာရွိတဲ့ ေကာင္းခ်ီကိုျမင္ပံုမရ။

"ငါဒီမွာ "

ခပ္ဆိတ္ဆိတ္ အသံျပဳေတာ့ လွည့္ႀကည့္လာကာ

"ထမင္းခ်ိဳင္ ့လာပို ့တာ။ ကိုေကာင္းက ဒီေရာက္ေနတာကိုး ။ "

"မင္းေက်ာင္းမသြားဘူးလား"

ပါးကြက္ဝိုင္းနဲ ့ ၁၃နွစ္သားက ရယ္ရယ္ေမာေမာနဲ ့

" မနွစ္ကတည္းကေက်ာင္းမေနေတာ့တာဗ်။ အေမက ထားပါတယ္ ။ က်ြန္ေတာ္က
မတက္ခ်င္ေတာ့လို ့မတက္ေတာ့တာ"

ေကာင္းခ်ီ ျပီးသြားတဲ့ ေရခ်ိဳးခန္းေဘးက
ျဖတ္ထားတဲ့ အသားတို အသားစေတြကို
သယ္လိုက္သည္။ ထို ့ေနာက္ တဆက္ထဲ
ခ်ိဳင့္ေလးကိုင္ကာ စကားေျပာေနတဲ့
ဖိုးသားကိုပါ

"အဲ့နားက က်န္တာ သယ္ခဲ့"

ေျပာပီး တလႊားလႊားအိမ္ေနာက္ဝင္သြားတဲ့ အကိုျဖစ္သူကိုႀကည့္ပီး ဖိုးသားေခါင္းရမ္းမိသည္။
လူဂြစာက အျပံဳးအရယ္မရွိေအးတိေအးစက္။ မိန္းမရဖို ့မလြယ္ဘူးထင္ထားတာ
ေယာက်ာ္းတစ္ေယာက္ေတာ့ ရေအာင္
ယူခဲ့သည္။
ဖုန္းဆက္ပီး ေတာင္ရြာက ေဒၚေလးကို ေျပာသည္တဲ့။
ေယာက်ာ္းခိုးလာလို ့ အိမ္သြားရွင္းခိုင္းဖို ့ရယ္ ... လုိအပ္တာဝယ္ေပးဖို ့ရယ္ကို။

ေပးလိုက္တဲ့ အမွာစာရင္းက စာရြက္ နွစ္မ်က္နွာမဆန္ ့ခ်င္။
အိပ္ယာ ေခါင္းအုန္း ပန္းေရာင္ကအစ
ေသာက္ေရအိုးနဲ ့ ေရတြင္းမွာ ေရမလွဳပ္ရေအာင္ စတိုခန္းကမနွဳိးပဲသိမ္းထားတဲ့
ေရတင္တဲ့ မီးစက္ကိုပါ ျပန္ျပင္ဖို ့အဆံုးအကုန္ ခိုင္းတာ။

"ဟိုေကာင္ေလး မလာပဲ ဘာလုပ္ေနတာလဲ"

အိမ္ေပါက္ဝကေန ခါးေထာက္ေအာ္ေနတဲ့
ကိုေကာင္းေႀကာင့္ အေတြးေတြရပ္ကာ
ေအာက္က လႊေတြ...တူေတြေကာက္သိမ္းကာေျပးရသည္။

ေကာင္းခ်ီ ဖိုးသားေျပးလာတာျမင္မွ အိမ္ထဲ ဝင္လိုက္သည္။
အိမ္ေထာင့္မွာပုံထားတဲ့ ပစၥည္းေတြ သည္မရွိေတာ့ပဲရွင္းလင္းေနကာ သက္ပံုကိုေတာ့ မေတြ ့ ။
အလိုမက်ကာ မ်က္ေမွာင္ကုတ္လိုက္ပီး

"ပင္ပန္းေအာင္ အပိုေတြ လုပ္ထားျပန္ပီ"

ဟုေရရြတ္ကာ အခန္းတံခါးကို တြန္းဖြင့္ႀကည့္လိုက္၏။

ပင္ပန္းသြားပံုေပၚတဲ့ ခ်စ္တဲ့ သက္ပံုတစ္ေယာက္ ပန္းေရာင္ ကုတင္ေပၚမွာ ျခင္ေထာင္မခ်ပဲ ေကြးေကြးေလးအိပ္ေန၏။
ပိတ္ထားတဲ့ ျပတင္းတံခါးကို ေလဝင္ေအာင္ဖြင့္ေပးလိုက္ေတာ့ ေတာင္ေလေအးေအးက ခ်က္ျခင္းဝင္လာ၏။
ျမိဳ ့မွာ သက္ပံုေနခဲ့ရသလို အဲကြန္းခန္းမလုပ္ေပးနိုင္တာ စိတ္မေကာင္းျဖစ္မိေပမဲ့
တျဖည္းျဖည္းျပည့္စံုေအာင္ထားေပးဖို ့ေတာ့ ေတြးထားသည္။

"ကိုေကာင္းေယာက်ာ္းလား"

စိတ္ဝင္တစား အခန္းဝ ကို ေခါင္းျပဴ ႀကည့္လာတဲ့ ဖိုးသားတစ္ေယာက္ အကိုျဖစ္သူရဳဲ့
မ်က္ေထာက္နီႀကီးေႀကာင့္ ပါးစပ္ပိတ္ကာ
အခန္းအျပင္ျပန္ထြက္သြားရသည္။
မ်က္စိထဲပါလာတာ အိပ္ယာေပၚမွာ နွစ္နွစ္ၿခိဳျခိဳက္အိပ္ေပ်ာ္ေနတဲ့
ျဖဴ ျဖဴ နုနု ကိုေကာင္းေယာက်ာ္းကိုသာ။

"အိမ္ရွင္းေပးထားတာ မင္း ဆို "

ေနာက္ပါးကေနထြက္လာတဲ့ ကိုေကာင္းအသံေႀကာင့္ အလ်ွင္အျမန္ေခါင္းညိတ္ျပလိုက္သည္။

"ေရာ့ မုန္ ့ဖိုး ။ ညေန ေတာင္ရြာကိုသြားရင္ ႀကီးႀကီးကို စိုက္ဝယ္ေပးထားတာ ဘယ္ေလာက္လဲဆိုတာ ေမးခဲ့အုန္း"

လက္ထဲေရာက္လာတဲ့ တစ္ေသာင္းတန္ေလးကိုႀကည့္ကာ ဖိုးသားေပ်ာ္ေပ်ာ္ပါးပါးေခါင္းညိတ္ျပသည္။ ကိုေကာင္းက
ေအးတိေအးစက္ေနေပမဲ့ အေပးအကမ္းရက္ေရာသည္မို ့ကိုေကာင္းခိုင္းသမ်ွ ဖိုးသားတို ့က ဖင္ေပါ့ေပါ့ လုပ္ခ်င္တာျဖစ္သည္။

ေတာင္ရြာကႀကီးႀကီးဆိုရင္ လည္ပင္းကေရႊဆြဲႀကိဳးတုတ္တုတ္ႀကီးသာ ဝတ္ထားတာ ဖိုးသားတို ့ကိုေခၚခိုင္းရင္ မုန္ ့ဖိုးနွစ္ရာေလာက္သာ ေပးတက္သည္။

"ဟုတ္ဟုတ္ ညေန ထမင္းလာပို ့ရအုန္းမွာလား "

"ေအး ညေနစာေတာ့ လာပို ့လိုက္။
မနက္ဖန္ေတာ့ ကိုယ့္ဘာသာခ်က္စားမယ္"

"အင္း ဒါဆိုက်ြန္ေတာ္ ျပန္ေတာ့မယ္"

နွုတ္ဆက္ျပန္သြားတဲ့ ဖိုးသားကိုႀကည့္ပီး
ေကာင္းခ်ီ အလုပ္ဆက္လုပ္ဖို ့အိမ္ထဲျပန္ဝင္ရသည္။
ေသခ်ာ ေရေလာင္းေဆးေပးထားတဲ့အိမ္က သန္ ့ရွင္းေနသည္မို ့ ေပးလိုက္ရတဲ့ ပိုက္ဆံကို မနွေျမာမိ။
မဟုတ္ရင္ သက္ပံု အိမ္ထဲဝင္လိုက္တာနဲ ့
ဖုန္တလံုးလံုးက စီးႀကိဳလိမ့္မည္။

ေမေမဆံုးပီးကတည္းက
ေကာင္းခ်ီရြာကထြက္သြားခဲ့တာ ေလးနွစ္ရွိပီ။ အေမတခုသားတခုမို ့ ေကာင္းခ်ီအေတာ္ေလးခံစားခဲ့ရကာ ရြာမွာ မေနနိုင္ေတာ့ပဲ အိမ္တံခါးေသာ့ပိတ္ကာ
ျမိဳ ့တက္ခဲ့ရာမွ သက္ပံုနဲ ့ေတြ ့ခဲ့ရျခင္းျဖစ္သည္။
သက္ပံုမနိုးခင္ စတိုခန္းဖြင့္ကာ သိမ္းထားတဲ့ ထမင္းဟင္းအိုးေတြ ပန္းကန္ျပားေတြနဲ ့ဖုန္တက္ေနတဲ့ ေႀကာင္အိမ္ကိုပါ ထုတ္ေဆးလိုက္သည္။

တစ္နာရီခန္ ့ႀကာေတာ့ သန္ ့ရွင္းေနတဲ့ မီဖိုခန္းေလးကိုေတြ ့ရပီး ေကာင္းခ်ီကေတာ့
အေတာ္ႀကီးျပိဳင္းသြား၏။

"ေကာင္းခ်ီ ခုထိ မနားေသးဘူးလား ။
ေတာ္ေတာ့ ေနာက္ရက္မွဆက္လုပ္လည္းရရဲ့နဲ ့"

" သက္ပံုအိပ္တာ တစ္နာရီ ေလာက္ပဲရွိေသးတယ္ "

အခန္းထဲကေန အိပ္ခ်င္မူးတူးရုပ္ေလးေႀကာင့္ ေကာင္းခ်ီ အလိုမက်စြာဆိုလိုက္သည္။

"ေတာ္ပီေပါ့ အဲ့ေလာက္အိပ္ရရင္။
ငါဘာကူလုပ္ရမလဲ "

" ေတာ္ပီ အကုန္ျပီးေနပီ ။ က်ြန္ေတာ္ ေရခ်ိဳးအုန္းမယ္ သက္ပံု ဗိုက္ဆာေနပီဆိုရင္ ထမင္းခူးထားလိုက္ေတာ့ ဟိုမယ္ခ်ိဳင့္လာပို ့ေပးသြားတယ္ "

ေျပာပီး အခန္းထဲ ဝင္သြားတဲ့ ေကာင္းခ်ီေလးကို ႀကည့္ကာ သက္ပံုျပံဳးလိုက္မိသည္။

" ေရအရင္ေသာက္အုန္း။ "

ေရလဲပုဆိုးပုခံုးေပၚတင္ကာ
ျပန္ထြက္လာတဲ့ ေကာင္းခ်ီကို လွမ္းသတိေပးလိုက္သည္။
ေကာင္းခ်ီက သက္ပံုကို ဘာမွမေျပာပဲ
ေရအိုးထဲက ေရအျပည့္တခြက္ေသာက္ပီးထြက္သြား၏။

"ဟက္ ... ေကာင္းခ်ီေလးက ခ်စ္ဖို ့ေကာင္းလိုက္တာ "

ခပ္တိုးတိုးအသံက သက္ပံု တေယာက္ႀကားသာရုံသာ။

မာတိမာေထာင္ ေအးတိေအးစက္ ကေလး ျဖစ္တဲ့ ေကာင္းခ်ီက သက္ပံုကို ခုထိ
ေျပေျပျပစ္ျပစ္ မေျပာဘူးေပ။
ေမးရင္ ေျဖသည္ ။ သက္ပံုဘာမွမေျပာရင္
စူးစူးရဲရဲ ထိုင္ႀကည့္သာေနမည္ သူ ့ဖက္က စ ေျပာမည္မဟုတ္။

ခင္ဗ်ားကို ျမတ္နိုးလို ့ ဆိုသည့္စကားကို
သာ ေျပာပီး အေျဖမေတာင္းခဲ့တဲ့ ေကာင္းခ်ီ နဲ ့ဘယ္လို ရည္းစားေတြ ျဖစ္ခဲ့လဲဆိုတာ သက္ပံုမသိ။
ေသခ်ာတာေတာ့ ေျပာစရာမလိုပဲ
ခပ္တည္တည္ေလး ေကာင္းခ်ီကို
သက္ပံုဖက္က အရင္စခ်စ္ခဲ့ပံုပင္။

ခ်စ္တဲ့အိမ္စည္။

>>>>><<<<<

အိမ်နောက်ဖေးမှာ အရင်အိမ်ဟောင်းလေးကို ဖြတ်ပီး ပုံထားတဲ့ သစ်သားပုံကြီးရှေ့ တွင် ကောင်းချီ မတ်တပ်ရပ်နေသည်။

ထို့ နောက် မြန်မြန်ဆန်ဆန်ပင် လိုအပ်တဲ့
အသားတချို့ ကို ဆွဲထုတ်ကာ
ခြံထောင့်က ရေချိုးတဲ့နေရာသို့ သယ်လာ၏။

မကြာခင်က ချစ်တဲ့သက်ပုံလေးရဲ့
ရေစိုနေတဲ့ အတွင်းသားလှလှလေးတွေကို မြင်ပီးကတည်းက အကာအရံမရှိတဲ့ ရေဘုံဘိုင်ကို လုံခြုံအောင်လုပ်ပေးဖို့ အားခြင်းစီစဉ်ရသည်သာ။

"ကောင်းချီ ဒါဘာလုပ်ဖို့ လဲ"

ရေချိုးပီးကာစ ရှင်းသန့် နေတဲ့ မျက်နှာလေးက ပင်ပန်းနေတဲ့ ကောင်းချီ ကို
အားဖြည့်ပေးနေသယောင်။

"ခင်ဗျား အတွက်ရေချိုးခန်းလုပ်ပေးတာ ။"

"နောက်ရက်မှမလုပ်ဘူး ပင်ပန်းအောင်
လို့ ။ "

"ရတယ် မပင်ပန်းဘူး ခင်ဗျားဗိုက်ဆာပီလား"

"မဆာသေးဘူး။ အော် ... မီးဖိုခန်းမှာ
ဘာမှမရှိဘူး ငါဘာနဲ့ ထမင်းချက်ရမှာလဲ"

"ဘာမှမချက်နဲ့ ခဏနေ ဖိုးသား ထမင်းချိုင့်လာပို့ လိမ့်မယ်။ "

လွှကိုင်နေတဲ့ လက်တွေက မြန်မြန်ဆန်ဆန် လှုပ်ရှားနေပေမဲ့ စကားပြောမပျက် ။
ခပ်တိုတိုဝတ်ထားတဲ့ ပုဆိုးရယ် ...
ကွမ်းရွက်ဆိုင် တံဆိပ် ပါတဲ့
စွပ်ကျယ် အဖြူရယ် နဲ့ ကောင်းချီက ရိုးရိုးရှင်းရှင်းသာ ။ ပါးရိုးတစ်လျှောက်ဖြတ်စီးဆင်းနေတဲ့ ချွေးတွေက လည်ပင်းထိပါ စီးကျနေ၏။ သာမန် ဘဝမှာနေတဲ့သာမန်
အမျိုးသားငယ်တစ်ယောက်ကို ချစ်သူတော်ထားပေမဲ့ တခါလေးတောင် သက်ပုံစိတ်မညစ်ရဘူးပေ။

"ကောင်းချီ အိတ်ထဲက ပိုက်ဆံတွေ အဝတ်တွေထုတ်ရင်းတွေ့ လို့ ငါသိမ်းထားလိုက်တယ်"

"အင်း "

အလုပ်လုပ်နေတဲ့ ကောင်းချီကို ဆက်မနှောက်ယှက်ချင်တော့တာကြောင့် အိမ်ထဲဝင်လာလိုက်သည်။
သိန်း၁၀၀ နီးပါးလောက်ရှိတဲ့ ပိုက်ဆံတွေဘယ်ကရသလည်းဆိုတာ သက်ပုံသိသည်။
ချွေးနဲ့ ရင်းကာ မစားမသောက်ပဲ သုံးနှစ်နီးပါး ရှာဖွေထားတဲ့ ပိုက်ဆံတွေက
သက်ပုံအတွက်ဆိုတာ ထိုအနေအေးတဲ့
ယောကျာ်းမပြောပြတောင် ပတ်ဝန်းကျင်မှာ ပြန်ပြောတဲ့သူတွေတပုံကြီး။

အိမ်ထဲဝင်သွားတော့ စုပုံထားတဲ့ အထုတ်တွေကို ခဏရပ်ကြည့်ပြီး သက်ပုံအလုပ်လုပ်ဖို့ ပြင်လိုက်သည်။

ကောင်းချီနဲ့ သက်ပုံသည် ယောကျာ်း နှစ်ယောက်ဖြစ်သည့်အတွက် အနုအယွတွေမပြောဖြစ်ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားအများကြီးမပြောပဲနားလည်သည်။

မနက်၇နာရီလောက်က စရောက်လာတဲ့ ကောင်းချီတစ်ယောက် ၁၀နာရီထိုးတဲ့အထိ မနားနိုင်ပဲ လိုအပ်တာပြေးဝယ်လိုက်
ရေချိုးခန်းလုပ်လိုက်နဲ့ အလုပ်များနေသည်။ နာရီဝက်ခန့် ကြာပီးသည့်နောက်မှာ
လူတရပ်ခန့် မြင့်တဲ့ မိုးကာ ကာသည့်ရေချိုးခန်းလေးဖြစ်သွားသည်။

"ကိုကောင်း ကိုကောင်း "

တကြော်ကြော်အော်ကာ ဝင်လာသည့်
ဖိုးသားက ခြံထောင်မှာရှိတဲ့ ကောင်းချီကိုမြင်ပုံမရ။

"ငါဒီမှာ "

ခပ်ဆိတ်ဆိတ် အသံပြုတော့ လှည့်ကြည့်လာကာ

"ထမင်းချိုင့် လာပို့ တာ။ ကိုကောင်းက ဒီရောက်နေတာကိုး ။ "

"မင်းကျောင်းမသွားဘူးလား"

ပါးကွက်ဝိုင်းနဲ့ ၁၃နှစ်သားက ရယ်ရယ်မောမောနဲ့

" မနှစ်ကတည်းကကျောင်းမနေတော့တာဗျ။ အမေက ထားပါတယ် ။ ကျွန်တော်က
မတက်ချင်တော့လို့ မတက်တော့တာ"

ကောင်းချီ ပြီးသွားတဲ့ ရေချိုးခန်းဘေးက
ဖြတ်ထားတဲ့ အသားတို အသားစတွေကို
သယ်လိုက်သည်။ ထို့ နောက် တဆက်ထဲ
ချိုင့်လေးကိုင်ကာ စကားပြောနေတဲ့
ဖိုးသားကိုပါ

"အဲ့နားက ကျန်တာ သယ်ခဲ့"

ပြောပီး တလွှားလွှားအိမ်နောက်ဝင်သွားတဲ့ အကိုဖြစ်သူကိုကြည့်ပီး ဖိုးသားခေါင်းရမ်းမိသည်။
လူဂွစာက အပြုံးအရယ်မရှိအေးတိအေးစက်။ မိန်းမရဖို့ မလွယ်ဘူးထင်ထားတာ
ယောကျာ်းတစ်ယောက်တော့ ရအောင်
ယူခဲ့သည်။
ဖုန်းဆက်ပီး တောင်ရွာက ဒေါ်လေးကို ပြောသည်တဲ့။
ယောကျာ်းခိုးလာလို့ အိမ်သွားရှင်းခိုင်းဖို့ ရယ် ... လိုအပ်တာဝယ်ပေးဖို့ ရယ်ကို။

ပေးလိုက်တဲ့ အမှာစာရင်းက စာရွက် နှစ်မျက်နှာမဆန့် ချင်။
အိပ်ယာ ခေါင်းအုန်း ပန်းရောင်ကအစ
သောက်ရေအိုးနဲ့ ရေတွင်းမှာ ရေမလှုပ်ရအောင် စတိုခန်းကမနှိုးပဲသိမ်းထားတဲ့
ရေတင်တဲ့ မီးစက်ကိုပါ ပြန်ပြင်ဖို့ အဆုံးအကုန် ခိုင်းတာ။

"ဟိုကောင်လေး မလာပဲ ဘာလုပ်နေတာလဲ"

အိမ်ပေါက်ဝကနေ ခါးထောက်အော်နေတဲ့
ကိုကောင်းကြောင့် အတွေးတွေရပ်ကာ
အောက်က လွှတွေ...တူတွေကောက်သိမ်းကာပြေးရသည်။

ကောင်းချီ ဖိုးသားပြေးလာတာမြင်မှ အိမ်ထဲ ဝင်လိုက်သည်။
အိမ်ထောင့်မှာပုံထားတဲ့ ပစ္စည်းတွေ သည်မရှိတော့ပဲရှင်းလင်းနေကာ သက်ပုံကိုတော့ မတွေ့ ။
အလိုမကျကာ မျက်မှောင်ကုတ်လိုက်ပီး

"ပင်ပန်းအောင် အပိုတွေ လုပ်ထားပြန်ပီ"

ဟုရေရွတ်ကာ အခန်းတံခါးကို တွန်းဖွင့်ကြည့်လိုက်၏။

ပင်ပန်းသွားပုံပေါ်တဲ့ ချစ်တဲ့ သက်ပုံတစ်ယောက် ပန်းရောင် ကုတင်ပေါ်မှာ ခြင်ထောင်မချပဲ ကွေးကွေးလေးအိပ်နေ၏။
ပိတ်ထားတဲ့ ပြတင်းတံခါးကို လေဝင်အောင်ဖွင့်ပေးလိုက်တော့ တောင်လေအေးအေးက ချက်ခြင်းဝင်လာ၏။
မြို့မှာ သက်ပုံနေခဲ့ရသလို အဲကွန်းခန်းမလုပ်ပေးနိုင်တာ စိတ်မကောင်းဖြစ်မိပေမဲ့
တဖြည်းဖြည်းပြည့်စုံအောင်ထားပေးဖို့ တော့ တွေးထားသည်။

"ကိုကောင်းယောကျာ်းလား"

စိတ်ဝင်တစား အခန်းဝ ကို ခေါင်းပြူ ကြည့်လာတဲ့ ဖိုးသားတစ်ယောက် အကိုဖြစ်သူရဲု့
မျက်ထောက်နီကြီးကြောင့် ပါးစပ်ပိတ်ကာ
အခန်းအပြင်ပြန်ထွက်သွားရသည်။
မျက်စိထဲပါလာတာ အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုခြိုက်အိပ်ပျော်နေတဲ့
ဖြူ ဖြူ နုနု ကိုကောင်းယောကျာ်းကိုသာ။

"အိမ်ရှင်းပေးထားတာ မင်း ဆို "

နောက်ပါးကနေထွက်လာတဲ့ ကိုကောင်းအသံကြောင့် အလျှင်အမြန်ခေါင်းညိတ်ပြလိုက်သည်။

"ရော့ မုန့် ဖိုး ။ ညနေ တောင်ရွာကိုသွားရင် ကြီးကြီးကို စိုက်ဝယ်ပေးထားတာ ဘယ်လောက်လဲဆိုတာ မေးခဲ့အုန်း"

လက်ထဲရောက်လာတဲ့ တစ်သောင်းတန်လေးကိုကြည့်ကာ ဖိုးသားပျော်ပျော်ပါးပါးခေါင်းညိတ်ပြသည်။ ကိုကောင်းက
အေးတိအေးစက်နေပေမဲ့ အပေးအကမ်းရက်ရောသည်မို့ ကိုကောင်းခိုင်းသမျှ ဖိုးသားတို့ က ဖင်ပေါ့ပေါ့ လုပ်ချင်တာဖြစ်သည်။

တောင်ရွာကကြီးကြီးဆိုရင် လည်ပင်းကရွှေဆွဲကြိုးတုတ်တုတ်ကြီးသာ ဝတ်ထားတာ ဖိုးသားတို့ ကိုခေါ်ခိုင်းရင် မုန့် ဖိုးနှစ်ရာလောက်သာ ပေးတက်သည်။

"ဟုတ်ဟုတ် ညနေ ထမင်းလာပို့ ရအုန်းမှာလား "

"အေး ညနေစာတော့ လာပို့ လိုက်။
မနက်ဖန်တော့ ကိုယ့်ဘာသာချက်စားမယ်"

"အင်း ဒါဆိုကျွန်တော် ပြန်တော့မယ်"

နှုတ်ဆက်ပြန်သွားတဲ့ ဖိုးသားကိုကြည့်ပီး
ကောင်းချီ အလုပ်ဆက်လုပ်ဖို့ အိမ်ထဲပြန်ဝင်ရသည်။
သေချာ ရေလောင်းဆေးပေးထားတဲ့အိမ်က သန့် ရှင်းနေသည်မို့ ပေးလိုက်ရတဲ့ ပိုက်ဆံကို မနှမြောမိ။
မဟုတ်ရင် သက်ပုံ အိမ်ထဲဝင်လိုက်တာနဲ့
ဖုန်တလုံးလုံးက စီးကြိုလိမ့်မည်။

မေမေဆုံးပီးကတည်းက
ကောင်းချီရွာကထွက်သွားခဲ့တာ လေးနှစ်ရှိပီ။ အမေတခုသားတခုမို့ ကောင်းချီအတော်လေးခံစားခဲ့ရကာ ရွာမှာ မနေနိုင်တော့ပဲ အိမ်တံခါးသော့ပိတ်ကာ
မြို့ တက်ခဲ့ရာမှ သက်ပုံနဲ့ တွေ့ ခဲ့ရခြင်းဖြစ်သည်။
သက်ပုံမနိုးခင် စတိုခန်းဖွင့်ကာ သိမ်းထားတဲ့ ထမင်းဟင်းအိုးတွေ ပန်းကန်ပြားတွေနဲ့ ဖုန်တက်နေတဲ့ ကြောင်အိမ်ကိုပါ ထုတ်ဆေးလိုက်သည်။

တစ်နာရီခန့် ကြာတော့ သန့် ရှင်းနေတဲ့ မီဖိုခန်းလေးကိုတွေ့ ရပီး ကောင်းချီကတော့
အတော်ကြီးပြိုင်းသွား၏။

"ကောင်းချီ ခုထိ မနားသေးဘူးလား ။
တော်တော့ နောက်ရက်မှဆက်လုပ်လည်းရရဲ့နဲ့ "

" သက်ပုံအိပ်တာ တစ်နာရီ လောက်ပဲရှိသေးတယ် "

အခန်းထဲကနေ အိပ်ချင်မူးတူးရုပ်လေးကြောင့် ကောင်းချီ အလိုမကျစွာဆိုလိုက်သည်။

"တော်ပီပေါ့ အဲ့လောက်အိပ်ရရင်။
ငါဘာကူလုပ်ရမလဲ "

" တော်ပီ အကုန်ပြီးနေပီ ။ ကျွန်တော် ရေချိုးအုန်းမယ် သက်ပုံ ဗိုက်ဆာနေပီဆိုရင် ထမင်းခူးထားလိုက်တော့ ဟိုမယ်ချိုင့်လာပို့ ပေးသွားတယ် "

ပြောပီး အခန်းထဲ ဝင်သွားတဲ့ ကောင်းချီလေးကို ကြည့်ကာ သက်ပုံပြုံးလိုက်မိသည်။

" ရေအရင်သောက်အုန်း။ "

ရေလဲပုဆိုးပုခုံးပေါ်တင်ကာ
ပြန်ထွက်လာတဲ့ ကောင်းချီကို လှမ်းသတိပေးလိုက်သည်။
ကောင်းချီက သက်ပုံကို ဘာမှမပြောပဲ
ရေအိုးထဲက ရေအပြည့်တခွက်သောက်ပီးထွက်သွား၏။

"ဟက် ... ကောင်းချီလေးက ချစ်ဖို့ ကောင်းလိုက်တာ "

ခပ်တိုးတိုးအသံက သက်ပုံ တယောက်ကြားသာရုံသာ။

မာတိမာထောင် အေးတိအေးစက် ကလေး ဖြစ်တဲ့ ကောင်းချီက သက်ပုံကို ခုထိ
ပြေပြေပြစ်ပြစ် မပြောဘူးပေ။
မေးရင် ဖြေသည် ။ သက်ပုံဘာမှမပြောရင်
စူးစူးရဲရဲ ထိုင်ကြည့်သာနေမည် သူ့ ဖက်က စ ပြောမည်မဟုတ်။

ခင်ဗျားကို မြတ်နိုးလို့ ဆိုသည့်စကားကို
သာ ပြောပီး အဖြေမတောင်းခဲ့တဲ့ ကောင်းချီ နဲ့ ဘယ်လို ရည်းစားတွေ ဖြစ်ခဲ့လဲဆိုတာ သက်ပုံမသိ။
သေချာတာတော့ ပြောစရာမလိုပဲ
ခပ်တည်တည်လေး ကောင်းချီကို
သက်ပုံဖက်က အရင်စချစ်ခဲ့ပုံပင်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz