အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
48
"သက္ပံု ... သက္ပံု ။ ထေတာ့ေလ။
ညကပဲ မနက္ေစာေစာနွဳိးဆိုပီး ခိုင္းထားျပီးေတာ့"
မ်က္နွာေပၚအုပ္ေနတဲ့ ဆံပင္ေတြကိုသပ္ကာ ခပ္တိုးတိုးသက္ပံုကို နွဳိးမိေတာ့
အိပ္ခ်င္စိတ္မျပယ္ေသးတဲ့ မ်က္လံုးေတြက အနည္းငယ္ေလာက္သာ ပြင့္ဟလာသည္။
"ဘယ္ခ်ိန္ရွိျပီလဲ ။ ငါအိပ္ခ်င္ေသးတယ္"
"ေလးနာရီထိုးေနျပီ ။ အိပ္အုန္းမွာလား"
မပီမသ ထြက္လာတဲ့ အသံက အိပ္ခ်င္စိတ္နဲ ့ဗလံုးဗေထြး။ သနားစိတ္ကပိုလာတာမို ့ ဆက္မနိုးေတာ့ပဲ ျပန္အိပ္ခိုင္းဖို ့ ေစာင္ေလးရင္ဖက္ထိတိုးျခံဳေပးလိုက္သည္။
"ဟင့္အင္ ငါမအိပ္ေတာ့ဘူး။
ဒါေပမဲ့ ငါမထခ်င္ေသးဘူး"
မ်က္လံုးမဖြင့္ေသးပဲေျပာလာတာမို ့
ေကာင္းခ်ီ သက္ပံုေလးကို ဆြဲေပြ ့ထူကာ ဖက္ထားလိုက္မိသည္။ အိပ္ေရးမက္တဲ့ သက္ပံုေလးကို မနႈိးလို႔ေတာ့မျဖစ္။
"သက္ပံု"
"ဟင္"
"သက္ပံုလို ့"
အိပ္ေပ်ာ္ေတာ့မဲ့ပံုစံမို ့ေကာင္းခ်ီ
ေပြ ့ထားရက္နဲ ့အတင္းေခၚေနမိသည္။
ကိုယ္က သံုးနာရီေလာက္ကတည္းက အိပ္ယာနိုးပီး တစ္ျခံလံုး တံျမတ္စည္းလွည္းခဲ့ျပီးျပီ။
"ေျပာ...ေျပာ မအိပ္ေတာ့ဘူး။ "
"ပြဲေစ်းသြားေလ်ွာက္ရေအာင္ "
"ဒီခ်ိန္ႀကီးကိုလား"
"အင္း"
ေကာင္းခ်ီ ျခင္ေထာင္အျပင္ထြက္ကာ
သက္ပံုကို အိပ္ယာေပၚကေနဆြဲထုတ္
လိုက္သည္။
ခါတိုင္းဆို သက္ပံုကို မိုးလင္းမွ နိွဳးတက္ေပမဲ့ ဒီေန ့ေတာ့ သူ ့အကိုရွိေတာ့
ထမင္းအိုးေခ်ာင္ဝင္ခ်င္လို ့ေစာေစာနွုိးပါလို ့ေျပာလာသည္မို ့ မနွဳိးခ်င္ေပမဲ့
နွဳိးေပးရျခင္းသာ။
"မင္း ထမင္းအိုးတည္ျပီးပီလား"
ေမးတာကို မေျဖအားေသး။ ေရစက္တခ်ိဳ ့ခိုတြဲေနေသာ မ်က္နွာေလးေႀကာင့္
မေန ့က တပါတည္းယူလာေသာ အဝတ္ေသတၱာထဲက ပန္းနုေရာင္ တဘတ္ကိုထုတ္ေပးလိုက္သည္။
"က်က္တာေတာင္ႀကာေပါ့။ ေရာ့...တဘတ္ ။ မ်က္နွာေတြေျပာင္ေအာင္သုတ္အုန္း"
ဆိုင္းသံဗံုသံေတြႀကားေနရတာမို ့
မေန ့ညကတည္းက ပြဲေစ်းေလ်ွာက္ဖို ့
အားခဲထားေပမဲ့ ကိုေလးေႀကာင့္သက္ပံုတို ့မသြားျဖစ္ခဲ့ပါ။
အက်ၤ ီလဲျပီး နွစ္ေယာက္သားျခံတံခါးကိုေစ့ကာ ပြဲေစ်းကိုလမ္းေလ်ွာက္ထြက္လာလိုက္သည္။
"သက္ပံု ဘာစားခ်င္လဲ "
တေမ်ွာ္တေခၚျမင္ေနရတဲ့ ေစ်းဆိုင္ေတြကိုေငးေနတဲ့ သက္ပံုတစ္ေယာက္ ေကာင္းခ်ီ စကားေႀကာင့္ ဘာစားရမလဲ ခဏေတြေဝသြားသည္။
နွစ္ပါးသြားကေတာ့မွာမို ့
တေရးနိုးထလာႀကည့္တဲ့ သူေတြနဲ ့ပြဲေစ်းက ရွဳပ္ယွက္ခတ္ေနတာမို ့ေကာင္းခ်ီခမ်ာ
သက္ပံု လူနင္းမခံရေအာင္ ပုခံုးကေန အတင္းဆြဲဖက္ထားရသည္။
"မသိဘူး။ လာေလ်ွာက္ႀကည့္ရေအာင္"
ေကာင္းခ်ီလက္ကိုဆြဲကာ ေစ်းဆိုင္တန္းေတြဖက္ သက္ပံု အတင္းတိုးေဝွ ့လိုက္သည္။မေန ့ညက ကိုေလး သီခ်င္းဘယ္ခ်ိန္သြားဆိုသလဲ သက္ပံုမသိလိုက္။
အိပ္ခ်င္တာမို ့ ေကာင္းခ်ီ ခါးေပၚ ေျခေထာက္တင္ကာ ဇိမ္ယူရင္း အေစာႀကီးအိပ္ေပ်ာ္သြား၏။
ဘယ္ေလာက္အိပ္အိပ္ ...အိပ္ေရးမဝ ေသာ သက္ပံုက မနက္ဆို အိပ္ယာထလည္း အေတာ္ပ်င္းလွသည္။
ေကာင္းခ်ီက လိမ္မာျပီး အလိုက္သိလို ့သာ
ေတာ္ေသးသည္။
မဟုတ္ရင္ အိပ္ေနတာနဲ ့ဘာစီးပြားေရးမွ
လုပ္စားလိုက္ရမွာမဟုတ္ဘူး။
"သက္ပံု ႀကာဇံခ်က္ နဲ ့ အေႀကာ္စံု "
"ေမးေနႀကာတယ္ လာခဲ့...ဟိုမွာ ေနရာလြတ္ပီ "
ခုမွ ဧည့္သည္ထသြားတဲ့ စားပြဲဝိုင္းသာလြတ္ပီး က်န္တဲ့ဝိုင္းမွန္သမ်ွ လူအျပည့္မို ့
ေကာင္းခ်ီလက္ကိုဆြဲကာ ေနရာအျမန္ဦးရသည္။
"ခ်စ္တဲ့ သက္ပံုတို ့က အစားအေသာက္ဆိုလို ့ကေတာ့ ဘယ္ေတာ့မွ လက္မေနွးေပါင္ဗ်ာ"
ခပ္ေနာက္ေနာက္ဆိုလာတဲ့ စကားေႀကာင့္ မ်က္နွာခ်င္းဆိုင္ ထိုင္ေနရာမွ ကုန္းထကာ ေရေႏြးခြက္ေတြကိုေသခ်ာေဆးေႀကာေပးေနတဲ့ ေကာင္းခ်ီ လက္ေကာက္ဝတ္ကို ကုန္းကိုက္ပစ္လိုက္သည္။
ထို ့သို ့လုပ္လိုက္တာကိုပင္ သေဘာက်ေနရွာတဲ့ ေမာင္ေကာင္းခ်ီတစ္ေယာက္က
အေတာမသတ္နိုင္ရယ္ေမာ၍ပင္မျပီးနိုင္ေတာ့။
ဒါေတာင္ လူေတြအမ်ားႀကီးရွိလို ့သာ
ဒီေလာက္နဲ ့ျပီးတာ မဟုတ္ရင္
"အူယားလိုက္တာဗ်ာ" ဆိုတဲ့
တစ္ခန္းရပ္ျပဇာတ္ကို နွစ္ေယာက္ထဲ
က်င္းပရင္ က်င္းပေနအုန္းမွာ။
"ဘာစားမွာလဲ ကိုေကာင္း"
ရြာထဲက ဖြင့္တဲ့ေစ်းဆိုင္မို ့ျမင္ဖူးေနက်
ေကာင္ေလးတစ္ေယာက္က ေျပးလာပီး စားပြဲရွင္းရင္းေမးလာသည္။
"ငါးဖယ္ တစ္ပြဲခ်ေပး။ ေအာ္ ...ႀကာဇံခ်က္
ကို အရည္နည္းနည္းနဲ ့ ႀကက္သြန္နီမ်ားမ်ားဆယ္ခဲ့..."
"ဟုတ္ အေအး ေသာက္ဦးမလား "
"အေအးေတာ္ျပီ ငါးဖယ္နဲ ့အေႀကာ္စံု တစ္ပြဲ အရင္ခ်ေပး "
"ဟုတ္ကဲ့"
မွာၿပီးမၾကာခင္မွာပဲအေၾကာ္စံုပူပူေလာေလာတပြဲရယ္ ငါးဖယ္ေၾကာ္အပါအ၀င္
ၾကက္သားေၾကာ္နွစ္တံုးရယ္လာခ်ေပးလာသည္။
"ငါးဖယ္ေတြဘာေတြငါ့ကိုေကြၽးလို ႔ပါလား
ကိုကတ္စီး"
တစ္တံုးေကာက္ယူဝါးရင္း ေျပာေတာ့
လက္တဖက္က ပါးကိုလာဖဲ့ညစ္သည္။
"ခင္ဗ်ားအတြက္ဆို ကြၽန္ေတာ္က
နွေျမာစရာလား ။ အဟြန္း..ရုပ္ကေလးကအူယားစရာေလး။
ဘယ္သူယံု မွာလဲ က်ြန္ေတာ့္သက္ပံုက
၂၇နွစ္ျပည့္ေတာ့မွာဆိုတာကို။ ဘယ္လိုၾကည့္ၾကည့္ကြၽန္ေတာ္မ်က္လံုးထဲမွာေတာ့ခင္ဗ်ားကလြန္ခဲ့တဲ့ငါးနွစ္ေက်ာ္ကအတိုင္းနည္းနည္းမွမေျပာင္းလဲေသးဘူး "
"မင္းငါ့ကို အၿမဲစိတ္ခ်မ္းသာေအာင္ထားေနမွေတာ့ ငါႏုပ်ိဳတာဆန္းလား။ ေနအုံး
ဒါစားၿပီးရင္ ငါနွစ္ပါးသြားခဏၾကည့္အုံးမွာေနာ္"
အစားအေသာက္မပ်က္ေျပာေတာ့
ေကာင္းခ်ီဆီက အသံထြက္မလာေတာ့။
ၾကာဇံခ်က္စားၿပီးတဲ့အထိ ျပသနာရွိေနတယ္လို ႔မထင္ခဲ့တဲ့ သက္ပံုတစ္ေယာက္ဟာ
ေတာင္ရွည္ပုဆိုးနဲ ့မီးေရာင္ေအာက္မွာ
ျမဴးႂကြစြာ ကျပေဖ်ာ္ေျဖေနတဲ့ ဇာတ္မင္းသားကို အေတာ္ၾကာၾကည့္မိလို ႔ေကာင္းခ်ီစိတ္ေကာက္သြားတာကိုမသိရွာခဲ့။
အိမ္ျပန္ေရာက္တဲ့အထိသိသိသာသာစကားနည္းသြားေသာေကာင္းခ်ီ ကို
သက္ပံု သတိမထားခဲ့မိပါ။
အိမ္ေရာက္ေတာ့ ေစ်းဝယ္တခ်ိဳ ႕က ဆိုင္ေရွ ႔ခေရပင္ေအာက္မွာ ထိုင္ေစာင့္ေနၾကသည္မို ႔ေကာင္းခ်ီက အျမန္ဆိုင္ဖြင့္ေန သည္။
ခဏၾကာေတာ့ ေဒၚေလးျမရင္ေရာက္လာသည္မို ႔သက္ပံုကေတာ့ေစ်းျခင္းဆြဲကာအိမ္ေဘးကေစ်းမွာ ကိုေလးေရာက္ေနတုန္းဖြယ္ဖြယ္ရာရာခ်က္ျပဳတ္ေပးဖို ႔သြားလိုက္သည္။
ေဝလီေဝလင္းအခ်ိန္ဆိုေပမဲ့ ေစ်းသည္ေတာ္ေတာ္မ်ားမ်ားက ခင္းက်င္း ေရာင္းခ်ေနၾကၿပီ။
ခုရက္ပိုင္းကုန္စိမ္းကားမထြက္ပဲနားထားသည္မို ႔ သက္ပံု ျခင္းကိုလက္တဖက္ကကိုင္ကာ သူမ်ားဆီကျပန္၀ယ္ခ်က္ဖို ႔
စိမ္းစိုေနတဲ့ ဆလက္႐ြက္ ဗန္းကို ေ႐ြးကာဝယ္လိုက္သည္။
ၾကက္ဥနဲ ့ဆလက္႐ြက္ ဟင္းခ်ိဳပူပူတခြက္ခ်က္မည္။
ေနာက္ထပ္အခ်ဥ္ ဘာခ်က္ရမလဲေတြးေနတုန္း မ်က္စိထဲဝင္လာတာ သရက္သီးစိမ္းသည္။ ပံုမွန္ဆို ဒီခ်ိန္က သရက္သီးတံုးၿပီမို ႔႐ြာအပင္ေတြကေတာ့ မထြက္ေတာ့။
ၿမိဳ ႕ကေနခုရက္ပိုင္းပြဲေစ်းရွိေတာ့ အခ်ဥ္ေပါင္းသည္ေတြမွာေရာင္းၾကတာေတာ့ရွိသည္။
အခ်ဥ္ကလဲမပါမျဖစ္မို ႔ နွစ္လံုးဝယ္ထည့္လိုက္သည္။ ဒါကို ျခစ္နဲ ့ျခစ္ၿပီး
ေျမပဲဆံေထာင္းနဲ ့ၾကက္သြန္နီပါးပါးလွီးကာ အ႐ြက္သုပ္သလို ဆီက်က္ေလးထည့္သုပ္စားရင္ အေတာ္ေလးေကာင္းသည္။
အသားဟင္းအတြက္က် ကိုေလးက ဝက္သားအမဲသားမစား။
ေရာက္တုန္း စားရေအာင္ ပုဇြန္ ငါးဆယ္သား ဝယ္လိုက္သည္။ လတ္ဆတ္ေသာ ငါးဥနဲ ့ငါးၾကင္းခ်ီးရတာေၾကာင့္
နွစ္ခုေပါင္းၿပီး ၾကက္သြန္ျဖဴေလးနဲ ့
ဆီေမႊးသတ္ ေၾကာ္ေပးဖို ႔စိတ္ကူးကာ
ထပ္ဝယ္မိေသး၏
အျပန္ေရာက္ေတာ့ လူနည္းနည္းရႈပ္ေနတာမို ႔ဆြဲျခင္း ခ်ကာ ေစ်းဝင္ေရာင္းရေသးသည္။
ေနာက္မွ ကမန္းကတမ္းခ်က္ျပဳတ္ရသည္။
ကိုေလးကေတာ့ ညက မိုးခ်ဳပ္မွအိပ္တာဆိုေတာ့ ေတာ္ေတာ္နဲ ့ အိပ္ယာနိုးမဲ့ပံုမျမင္ေပ။
"ေကာင္းခ်ီအားရင္ ငါ့ကို ၾကက္သြန္ျဖဴေလးလာေထာင္းေပးပါအုန္း"
၈နာရီခန္ ႔ရွိၿပီမို ႔ လူလည္းပါးသြားကာ ကိုထက္ပါ ေရာက္ေနသည္မို ႔မီးဖိုေခ်ာင္ကို လာကူဖို ႔ေခၚလိုက္သည္။
မၾကာဘူး ေရာက္လာၿပီၾကက္သြန္ျဖဴသံုးလံုးကို တဒုန္းဒုန္းထုေပးၿပီး အပိုစကားတခြန္းမေျပာပဲျပန္ထြက္သြား၏။
ဒါလဲသက္ပံုမရိပ္မိေသး။ အလုပ္မအား
လို႔
ျမန္ျမန္လုပ္သြားတယ္ပဲထင္မိတာ။
စိတ္ေကာက္တာ ဘယ္ခ်ိန္မွသိသလဲဆိုေတာ့ ဟင္းခ်က္ၿပီးေရမိုးခ်ိဳးကာ ေကာင္းခ်ီနားကပ္မွ ဒင္းေကာက္ေနမွန္းသိေတာ့တာ။
"ေကာင္းခ်ီ ေခါင္းသုတ္ေပးအုံး "
အိမ္ေဟာင္းမွာ ရွိတဲ့ အရင္ေနထိုင္ဖူးေသာအခန္းငယ္က သက္ပံုနဲ ့မစိမ္းသက္ပါ။
မွန္တင္ခံုအေဟာင္ေလးေရွ ႔ထိုင္ကာ
ကုတင္ေပၚမွာ ရုပ္တည္ႀကီးနဲ ့ထိုင္ေနတဲ့ေသာေကာင္းခ်ီ ကိုလွည့္မၾကည့္ပဲေခၚခိုင္းေတာ့ ဘာသံမွထြက္မလာ။
တမ်ိဳးျဖစ္ေနတာမို ႔ေနာက္လွည့္ၾကည့္မိေတာ့မွ ေကာင္းခ်ီ တစ္ေယာက္
ပုတ္ခတ္ပုတ္လုပ္ကာ မ်က္ရည္စေတြခိုးသိမ္းေနတာမိသြား၏
"အဲ့ဒါဘာျဖစ္ေနတာလဲ ဘယ္သူဘာေျပာလိုက္လို ႔လဲ"
ခံုေပၚကေနထကာ ေမးကေန ဆြဲေမာ့ၾကည့္ေတာ့လက္ကို ဖယ္ခ်ကာ တဖက္လွည့္သြားသည္။
"သြား ခင္ဗ်ား ဇာတ္မင္းသားေတြသြားခိုင္း။ "
"အမ္ ဘာဆိုင္လဲ"
ဇေဝဇဝါနဲ ့မို ႔ ျပန္ေမးေတာ့
နီရဲေနတဲ့ မ်က္လံုးေတြက မေက်နပ္သလိုေဝ့ဝဲလာသည္။ ဒါေပမဲ့ အဲ့ဒါခဏပဲ။
ခ်က္ျခင္းေခါင္းငံု ႔သြားကာ အသံထပ္ထြက္္မလာေတာ့
ျပသနာအရင္းျမစ္ကိုအေတာ္ၾကာ
စဥ္းစားၿပီးေနာက္မွာ ေကာင္းခ်ီစိတ္ေကာက္ေနတယ္ဆိုတာ သိသြားသည္။
ေကာက္တာေတာင္ တမ်ိးထဲမဟုတ္ဘူး
သဝန္တာေရာေပါင္းထားသည္မို ႔
ေဘးနားကပ္ထိုင္ကာ မ်က္နွာခ်ိဳေသြးရေတာ့သည္။
"အာ ဇာတ္မင္းသားေတြသြားၾကည့္လို ႔
စိတ္မေကာင္းျဖစ္သြားတာလား။
ေနာက္မၾကည့္ေတာ့ဘူးေလ ဘာလို ႔စိတ္ေကာက္စရာမဟုတ္ပဲေကာက္ေနတာလဲ"
"ကြၽန္ေတာ္ စိတ္မေကာက္ဘူး "
ခပ္အင့္အင့္ အသံက မ်က္ေမွာင္ကုတ္ကာခ်က္ျခင္းထြက္လာ၏ ။ ဘယ္လိုပဲၾကည့္ၾကည့္ဒါစိတ္ေကာက္ေနတဲ့ ပံုမို ႔
"အင္း အင္း ငါ့ေကာင္းခ်ီေလးစိတ္ေကာက္တာမဟုတ္ဘူး။ ငါေျပာတာမွားသြားတာ။ ဘာပဲေျပာေျပာ ေနာက္ကို ငါ
အဲ့လို ေတြ မၾကည့္ေတာ့ဘူးေလ "
"ဒါေပမဲ့ ခင္ဗ်ားၾကည့္ခဲ့ၿပီးပီေလ။
ရုိးရုိးၾကည့္တာေတာင္မဟုတ္ဘူး
ၿပံဳးေပ်ာ္ပီး မ်က္လံုးေတြေတာင္ တလဲ့လဲ့ျဖစ္ေနေသးတယ္"
ဗုေဒၶါ သက္ပံု အဲ့လိုပံုစံျဖစ္ခဲ့သလား။
ဒီလိုပဲ တခါမွ ခုလို မၾကည့္ဖူးလို ႔စိတ္ဝင္စားသြားတာပဲရွိတယ္ တျခားဘာစိတ္မွမရွိခဲ့တာအမွန္ပါ။
" ေအးပါ ေအးပါ ငါမွားသြားပါတယ္။
ေနာ္ စိတ္ေျပလိုက္ပါေတာ့။ ေနာက္မၾကည့္ေတာ့ပါဘူး "
"ဘယ္သူက စိတ္ဆိုးတယ္ေျပာေနလို ႔လဲ။
ခင္ဗ်ား ေပ်ာ္တယ္မို ႔လား။ သြားၾကည့္ေခ်။
စိတ္ပါရင္ ပန္းကုံးတက္ပီးဆုခ်လို ႔ရေသးတယ္။ ႀကိဳက္တာလုပ္ လံုးဝ မတားဘူး"
စိတ္မဆိုးဘူးလို ႔သာေျပာတာ ခြၽန္ေနတဲ့ နွတ္ခမ္းနဲ ့ ႐ြယ္ထားတဲ့ မ်က္ေစာင္းက သက္ပံုကို ေျပးထိုးေတာ့မတက္။
အာေပါက္မတက္ ေခ်ာ့ေနတာေတာင္
စိတ္မေျပတဲ့သူက
"ကြၽန္ေတာ္စိတ္မေကာက္ဘူးလို ႔ေျပာေနတယ္"
ဆိုတာပါးစပ္ဖ်ားကမခ်ဘူး။
ကိုယ္ပဲ စိတ္ေကာက္ခဲ့တာမ်ားေပမဲ့
ေကာင္းခ်ီ စိတ္ေကာက္တာေတာ့ ဒါပထမဆံုးမို႔အထူးအဆန္းပင္။
ေခ်ာ့လိုက္ရတာ အာေပါက္မတက္
နွစ္နာရီေလာက္ၾကာ၏။
ေနာက္ ဘာအေၾကာင္းနဲ ့မွ ဇာတ္ပြဲေရွ ႔ကျဖတ္မေလ်ွာက္ေတာ့ဘူး ေမာလြန္းလို႔ ႔ေခ်ာ့ရတာ။
ခ်စ္တဲ့အိမ္စည္။
"သက်ပုံ ... သက်ပုံ ။ ထတော့လေ။
ညကပဲ မနက်စောစောနှိုးဆိုပီး ခိုင်းထားပြီးတော့"
မျက်နှာပေါ်အုပ်နေတဲ့ ဆံပင်တွေကိုသပ်ကာ ခပ်တိုးတိုးသက်ပုံကို နှိုးမိတော့
အိပ်ချင်စိတ်မပြယ်သေးတဲ့ မျက်လုံးတွေက အနည်းငယ်လောက်သာ ပွင့်ဟလာသည်။
"ဘယ်ချိန်ရှိပြီလဲ ။ ငါအိပ်ချင်သေးတယ်"
"လေးနာရီထိုးနေပြီ ။ အိပ်အုန်းမှာလား"
မပီမသ ထွက်လာတဲ့ အသံက အိပ်ချင်စိတ်နဲ့ ဗလုံးဗထွေး။ သနားစိတ်ကပိုလာတာမို့ ဆက်မနိုးတော့ပဲ ပြန်အိပ်ခိုင်းဖို့ စောင်လေးရင်ဖက်ထိတိုးခြုံပေးလိုက်သည်။
"ဟင့်အင် ငါမအိပ်တော့ဘူး။
ဒါပေမဲ့ ငါမထချင်သေးဘူး"
မျက်လုံးမဖွင့်သေးပဲပြောလာတာမို့
ကောင်းချီ သက်ပုံလေးကို ဆွဲပွေ့ ထူကာ ဖက်ထားလိုက်မိသည်။ အိပ်ရေးမက်တဲ့ သက်ပုံလေးကို မနှိုးလို့တော့မဖြစ်။
"သက်ပုံ"
"ဟင်"
"သက်ပုံလို့ "
အိပ်ပျော်တော့မဲ့ပုံစံမို့ ကောင်းချီ
ပွေ့ ထားရက်နဲ့ အတင်းခေါ်နေမိသည်။
ကိုယ်က သုံးနာရီလောက်ကတည်းက အိပ်ယာနိုးပီး တစ်ခြံလုံး တံမြတ်စည်းလှည်းခဲ့ပြီးပြီ။
"ပြော...ပြော မအိပ်တော့ဘူး။ "
"ပွဲဈေးသွားလျှောက်ရအောင် "
"ဒီချိန်ကြီးကိုလား"
"အင်း"
ကောင်းချီ ခြင်ထောင်အပြင်ထွက်ကာ
သက်ပုံကို အိပ်ယာပေါ်ကနေဆွဲထုတ်
လိုက်သည်။
ခါတိုင်းဆို သက်ပုံကို မိုးလင်းမှ နှိုးတက်ပေမဲ့ ဒီနေ့ တော့ သူ့ အကိုရှိတော့
ထမင်းအိုးချောင်ဝင်ချင်လို့ စောစောနှိုးပါလို့ ပြောလာသည်မို့ မနှိုးချင်ပေမဲ့
နှိုးပေးရခြင်းသာ။
"မင်း ထမင်းအိုးတည်ပြီးပီလား"
မေးတာကို မဖြေအားသေး။ ရေစက်တချို့ ခိုတွဲနေသော မျက်နှာလေးကြောင့်
မနေ့ က တပါတည်းယူလာသော အဝတ်သေတ္တာထဲက ပန်းနုရောင် တဘတ်ကိုထုတ်ပေးလိုက်သည်။
"ကျက်တာတောင်ကြာပေါ့။ ရော့...တဘတ် ။ မျက်နှာတွေပြောင်အောင်သုတ်အုန်း"
ဆိုင်းသံဗုံသံတွေကြားနေရတာမို့
မနေ့ ညကတည်းက ပွဲဈေးလျှောက်ဖို့
အားခဲထားပေမဲ့ ကိုလေးကြောင့်သက်ပုံတို့ မသွားဖြစ်ခဲ့ပါ။
အင်္ကျီလဲပြီး နှစ်ယောက်သားခြံတံခါးကိုစေ့ကာ ပွဲဈေးကိုလမ်းလျှောက်ထွက်လာလိုက်သည်။
"သက်ပုံ ဘာစားချင်လဲ "
တမျှော်တခေါ်မြင်နေရတဲ့ ဈေးဆိုင်တွေကိုငေးနေတဲ့ သက်ပုံတစ်ယောက် ကောင်းချီ စကားကြောင့် ဘာစားရမလဲ ခဏတွေဝေသွားသည်။
နှစ်ပါးသွားကတော့မှာမို့
တရေးနိုးထလာကြည့်တဲ့ သူတွေနဲ့ ပွဲဈေးက ရှုပ်ယှက်ခတ်နေတာမို့ ကောင်းချီခမျာ
သက်ပုံ လူနင်းမခံရအောင် ပုခုံးကနေ အတင်းဆွဲဖက်ထားရသည်။
"မသိဘူး။ လာလျှောက်ကြည့်ရအောင်"
ကောင်းချီလက်ကိုဆွဲကာ ဈေးဆိုင်တန်းတွေဖက် သက်ပုံ အတင်းတိုးဝှေ့ လိုက်သည်။မနေ့ ညက ကိုလေး သီချင်းဘယ်ချိန်သွားဆိုသလဲ သက်ပုံမသိလိုက်။
အိပ်ချင်တာမို့ ကောင်းချီ ခါးပေါ် ခြေထောက်တင်ကာ ဇိမ်ယူရင်း အစောကြီးအိပ်ပျော်သွား၏။
ဘယ်လောက်အိပ်အိပ် ...အိပ်ရေးမဝ သော သက်ပုံက မနက်ဆို အိပ်ယာထလည်း အတော်ပျင်းလှသည်။
ကောင်းချီက လိမ်မာပြီး အလိုက်သိလို့ သာ
တော်သေးသည်။
မဟုတ်ရင် အိပ်နေတာနဲ့ ဘာစီးပွားရေးမှ
လုပ်စားလိုက်ရမှာမဟုတ်ဘူး။
"သက်ပုံ ကြာဇံချက် နဲ့ အကြော်စုံ "
"မေးနေကြာတယ် လာခဲ့...ဟိုမှာ နေရာလွတ်ပီ "
ခုမှ ဧည့်သည်ထသွားတဲ့ စားပွဲဝိုင်းသာလွတ်ပီး ကျန်တဲ့ဝိုင်းမှန်သမျှ လူအပြည့်မို့
ကောင်းချီလက်ကိုဆွဲကာ နေရာအမြန်ဦးရသည်။
"ချစ်တဲ့ သက်ပုံတို့ က အစားအသောက်ဆိုလို့ ကတော့ ဘယ်တော့မှ လက်မနှေးပေါင်ဗျာ"
ခပ်နောက်နောက်ဆိုလာတဲ့ စကားကြောင့် မျက်နှာချင်းဆိုင် ထိုင်နေရာမှ ကုန်းထကာ ရေနွေးခွက်တွေကိုသေချာဆေးကြောပေးနေတဲ့ ကောင်းချီ လက်ကောက်ဝတ်ကို ကုန်းကိုက်ပစ်လိုက်သည်။
ထို့ သို့ လုပ်လိုက်တာကိုပင် သဘောကျနေရှာတဲ့ မောင်ကောင်းချီတစ်ယောက်က
အတောမသတ်နိုင်ရယ်မော၍ပင်မပြီးနိုင်တော့။
ဒါတောင် လူတွေအများကြီးရှိလို့ သာ
ဒီလောက်နဲ့ ပြီးတာ မဟုတ်ရင်
"အူယားလိုက်တာဗျာ" ဆိုတဲ့
တစ်ခန်းရပ်ပြဇာတ်ကို နှစ်ယောက်ထဲ
ကျင်းပရင် ကျင်းပနေအုန်းမှာ။
"ဘာစားမှာလဲ ကိုကောင်း"
ရွာထဲက ဖွင့်တဲ့ဈေးဆိုင်မို့ မြင်ဖူးနေကျ
ကောင်လေးတစ်ယောက်က ပြေးလာပီး စားပွဲရှင်းရင်းမေးလာသည်။
"ငါးဖယ် တစ်ပွဲချပေး။ အော် ...ကြာဇံချက်
ကို အရည်နည်းနည်းနဲ့ ကြက်သွန်နီများများဆယ်ခဲ့..."
"ဟုတ် အအေး သောက်ဦးမလား "
"အအေးတော်ပြီ ငါးဖယ်နဲ့ အကြော်စုံ တစ်ပွဲ အရင်ချပေး "
"ဟုတ်ကဲ့"
မှာပြီးမကြာခင်မှာပဲအကြော်စုံပူပူလောလောတပွဲရယ် ငါးဖယ်ကြော်အပါအ၀င်
ကြက်သားကြော်နှစ်တုံးရယ်လာချပေးလာသည်။
"ငါးဖယ်တွေဘာတွေငါ့ကိုကျွေးလို့ ပါလား
ကိုကတ်စီး"
တစ်တုံးကောက်ယူဝါးရင်း ပြောတော့
လက်တဖက်က ပါးကိုလာဖဲ့ညစ်သည်။
"ခင်ဗျားအတွက်ဆို ကျွန်တော်က
နှမြောစရာလား ။ အဟွန်း..ရုပ်ကလေးကအူယားစရာလေး။
ဘယ်သူယုံ မှာလဲ ကျွန်တော့်သက်ပုံက
၂၇နှစ်ပြည့်တော့မှာဆိုတာကို။ ဘယ်လိုကြည့်ကြည့်ကျွန်တော်မျက်လုံးထဲမှာတော့ခင်ဗျားကလွန်ခဲ့တဲ့ငါးနှစ်ကျော်ကအတိုင်းနည်းနည်းမှမပြောင်းလဲသေးဘူး "
"မင်းငါ့ကို အမြဲစိတ်ချမ်းသာအောင်ထားနေမှတော့ ငါနုပျိုတာဆန်းလား။ နေအုံး
ဒါစားပြီးရင် ငါနှစ်ပါးသွားခဏကြည့်အုံးမှာနော်"
အစားအသောက်မပျက်ပြောတော့
ကောင်းချီဆီက အသံထွက်မလာတော့။
ကြာဇံချက်စားပြီးတဲ့အထိ ပြသနာရှိနေတယ်လို့ မထင်ခဲ့တဲ့ သက်ပုံတစ်ယောက်ဟာ
တောင်ရှည်ပုဆိုးနဲ့ မီးရောင်အောက်မှာ
မြူးကြွစွာ ကပြဖျော်ဖြေနေတဲ့ ဇာတ်မင်းသားကို အတော်ကြာကြည့်မိလို့ ကောင်းချီစိတ်ကောက်သွားတာကိုမသိရှာခဲ့။
အိမ်ပြန်ရောက်တဲ့အထိသိသိသာသာစကားနည်းသွားသောကောင်းချီ ကို
သက်ပုံ သတိမထားခဲ့မိပါ။
အိမ်ရောက်တော့ ဈေးဝယ်တချို့ က ဆိုင်ရှေ့ ခရေပင်အောက်မှာ ထိုင်စောင့်နေကြသည်မို့ ကောင်းချီက အမြန်ဆိုင်ဖွင့်နေ သည်။
ခဏကြာတော့ ဒေါ်လေးမြရင်ရောက်လာသည်မို့ သက်ပုံကတော့ဈေးခြင်းဆွဲကာအိမ်ဘေးကဈေးမှာ ကိုလေးရောက်နေတုန်းဖွယ်ဖွယ်ရာရာချက်ပြုတ်ပေးဖို့ သွားလိုက်သည်။
ဝေလီဝေလင်းအချိန်ဆိုပေမဲ့ ဈေးသည်တော်တော်များများက ခင်းကျင်း ရောင်းချနေကြပြီ။
ခုရက်ပိုင်းကုန်စိမ်းကားမထွက်ပဲနားထားသည်မို့ သက်ပုံ ခြင်းကိုလက်တဖက်ကကိုင်ကာ သူများဆီကပြန်ဝယ်ချက်ဖို့
စိမ်းစိုနေတဲ့ ဆလက်ရွက် ဗန်းကို ရွေးကာဝယ်လိုက်သည်။
ကြက်ဥနဲ့ ဆလက်ရွက် ဟင်းချိုပူပူတခွက်ချက်မည်။
နောက်ထပ်အချဉ် ဘာချက်ရမလဲတွေးနေတုန်း မျက်စိထဲဝင်လာတာ သရက်သီးစိမ်းသည်။ ပုံမှန်ဆို ဒီချိန်က သရက်သီးတုံးပြီမို့ ရွာအပင်တွေကတော့ မထွက်တော့။
မြို့ ကနေခုရက်ပိုင်းပွဲဈေးရှိတော့ အချဉ်ပေါင်းသည်တွေမှာရောင်းကြတာတော့ရှိသည်။
အချဉ်ကလဲမပါမဖြစ်မို့ နှစ်လုံးဝယ်ထည့်လိုက်သည်။ ဒါကို ခြစ်နဲ့ ခြစ်ပြီး
မြေပဲဆံထောင်းနဲ့ ကြက်သွန်နီပါးပါးလှီးကာ အရွက်သုပ်သလို ဆီကျက်လေးထည့်သုပ်စားရင် အတော်လေးကောင်းသည်။
အသားဟင်းအတွက်ကျ ကိုလေးက ဝက်သားအမဲသားမစား။
ရောက်တုန်း စားရအောင် ပုဇွန် ငါးဆယ်သား ဝယ်လိုက်သည်။ လတ်ဆတ်သော ငါးဥနဲ့ ငါးကြင်းချီးရတာကြောင့်
နှစ်ခုပေါင်းပြီး ကြက်သွန်ဖြူလေးနဲ့
ဆီမွှေးသတ် ကြော်ပေးဖို့ စိတ်ကူးကာ
ထပ်ဝယ်မိသေး၏
အပြန်ရောက်တော့ လူနည်းနည်းရှုပ်နေတာမို့ ဆွဲခြင်း ချကာ ဈေးဝင်ရောင်းရသေးသည်။
နောက်မှ ကမန်းကတမ်းချက်ပြုတ်ရသည်။
ကိုလေးကတော့ ညက မိုးချုပ်မှအိပ်တာဆိုတော့ တော်တော်နဲ့ အိပ်ယာနိုးမဲ့ပုံမမြင်ပေ။
"ကောင်းချီအားရင် ငါ့ကို ကြက်သွန်ဖြူလေးလာထောင်းပေးပါအုန်း"
၈နာရီခန့် ရှိပြီမို့ လူလည်းပါးသွားကာ ကိုထက်ပါ ရောက်နေသည်မို့ မီးဖိုချောင်ကို လာကူဖို့ ခေါ်လိုက်သည်။
မကြာဘူး ရောက်လာပြီကြက်သွန်ဖြူသုံးလုံးကို တဒုန်းဒုန်းထုပေးပြီး အပိုစကားတခွန်းမပြောပဲပြန်ထွက်သွား၏။
ဒါလဲသက်ပုံမရိပ်မိသေး။ အလုပ်မအား
လို့
မြန်မြန်လုပ်သွားတယ်ပဲထင်မိတာ။
စိတ်ကောက်တာ ဘယ်ချိန်မှသိသလဲဆိုတော့ ဟင်းချက်ပြီးရေမိုးချိုးကာ ကောင်းချီနားကပ်မှ ဒင်းကောက်နေမှန်းသိတော့တာ။
"ကောင်းချီ ခေါင်းသုတ်ပေးအုံး "
အိမ်ဟောင်းမှာ ရှိတဲ့ အရင်နေထိုင်ဖူးသောအခန်းငယ်က သက်ပုံနဲ့ မစိမ်းသက်ပါ။
မှန်တင်ခုံအဟောင်လေးရှေ့ ထိုင်ကာ
ကုတင်ပေါ်မှာ ရုပ်တည်ကြီးနဲ့ ထိုင်နေတဲ့သောကောင်းချီ ကိုလှည့်မကြည့်ပဲခေါ်ခိုင်းတော့ ဘာသံမှထွက်မလာ။
တမျိုးဖြစ်နေတာမို့ နောက်လှည့်ကြည့်မိတော့မှ ကောင်းချီ တစ်ယောက်
ပုတ်ခတ်ပုတ်လုပ်ကာ မျက်ရည်စတွေခိုးသိမ်းနေတာမိသွား၏
"အဲ့ဒါဘာဖြစ်နေတာလဲ ဘယ်သူဘာပြောလိုက်လို့ လဲ"
ခုံပေါ်ကနေထကာ မေးကနေ ဆွဲမော့ကြည့်တော့လက်ကို ဖယ်ချကာ တဖက်လှည့်သွားသည်။
"သွား ခင်ဗျား ဇာတ်မင်းသားတွေသွားခိုင်း။ "
"အမ် ဘာဆိုင်လဲ"
ဇဝေဇဝါနဲ့ မို့ ပြန်မေးတော့
နီရဲနေတဲ့ မျက်လုံးတွေက မကျေနပ်သလိုဝေ့ဝဲလာသည်။ ဒါပေမဲ့ အဲ့ဒါခဏပဲ။
ချက်ခြင်းခေါင်းငုံ့ သွားကာ အသံထပ်ထွက်မလာတော့
ပြသနာအရင်းမြစ်ကိုအတော်ကြာ
စဉ်းစားပြီးနောက်မှာ ကောင်းချီစိတ်ကောက်နေတယ်ဆိုတာ သိသွားသည်။
ကောက်တာတောင် တမျိးထဲမဟုတ်ဘူး
သဝန်တာရောပေါင်းထားသည်မို့
ဘေးနားကပ်ထိုင်ကာ မျက်နှာချိုသွေးရတော့သည်။
"အာ ဇာတ်မင်းသားတွေသွားကြည့်လို့
စိတ်မကောင်းဖြစ်သွားတာလား။
နောက်မကြည့်တော့ဘူးလေ ဘာလို့ စိတ်ကောက်စရာမဟုတ်ပဲကောက်နေတာလဲ"
"ကျွန်တော် စိတ်မကောက်ဘူး "
ခပ်အင့်အင့် အသံက မျက်မှောင်ကုတ်ကာချက်ခြင်းထွက်လာ၏ ။ ဘယ်လိုပဲကြည့်ကြည့်ဒါစိတ်ကောက်နေတဲ့ ပုံမို့
"အင်း အင်း ငါ့ကောင်းချီလေးစိတ်ကောက်တာမဟုတ်ဘူး။ ငါပြောတာမှားသွားတာ။ ဘာပဲပြောပြော နောက်ကို ငါ
အဲ့လို တွေ မကြည့်တော့ဘူးလေ "
"ဒါပေမဲ့ ခင်ဗျားကြည့်ခဲ့ပြီးပီလေ။
ရိုးရိုးကြည့်တာတောင်မဟုတ်ဘူး
ပြုံးပျော်ပီး မျက်လုံးတွေတောင် တလဲ့လဲ့ဖြစ်နေသေးတယ်"
ဗုဒ္ဓေါ သက်ပုံ အဲ့လိုပုံစံဖြစ်ခဲ့သလား။
ဒီလိုပဲ တခါမှ ခုလို မကြည့်ဖူးလို့ စိတ်ဝင်စားသွားတာပဲရှိတယ် တခြားဘာစိတ်မှမရှိခဲ့တာအမှန်ပါ။
" အေးပါ အေးပါ ငါမှားသွားပါတယ်။
နော် စိတ်ပြေလိုက်ပါတော့။ နောက်မကြည့်တော့ပါဘူး "
"ဘယ်သူက စိတ်ဆိုးတယ်ပြောနေလို့ လဲ။
ခင်ဗျား ပျော်တယ်မို့ လား။ သွားကြည့်ချေ။
စိတ်ပါရင် ပန်းကုံးတက်ပီးဆုချလို့ ရသေးတယ်။ ကြိုက်တာလုပ် လုံးဝ မတားဘူး"
စိတ်မဆိုးဘူးလို့ သာပြောတာ ချွန်နေတဲ့ နှတ်ခမ်းနဲ့ ရွယ်ထားတဲ့ မျက်စောင်းက သက်ပုံကို ပြေးထိုးတော့မတက်။
အာပေါက်မတက် ချော့နေတာတောင်
စိတ်မပြေတဲ့သူက
"ကျွန်တော်စိတ်မကောက်ဘူးလို့ ပြောနေတယ်"
ဆိုတာပါးစပ်ဖျားကမချဘူး။
ကိုယ်ပဲ စိတ်ကောက်ခဲ့တာများပေမဲ့
ကောင်းချီ စိတ်ကောက်တာတော့ ဒါပထမဆုံးမို့အထူးအဆန်းပင်။
ချော့လိုက်ရတာ အာပေါက်မတက်
နှစ်နာရီလောက်ကြာ၏။
နောက် ဘာအကြောင်းနဲ့ မှ ဇာတ်ပွဲရှေ့ ကဖြတ်မလျှောက်တော့ဘူး မောလွန်းလို့ ချော့ရတာ။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz