အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
49
"ေကာင္းခ်ီ မင္းဗိုက္ဆာရင္
ထမင္းစားေတာ့ေလ "
သက္ပံု ပစၥည္းမွာမဲ့ စာရင္းကို ခ်ေရးေနရာမွ
ေကာင္းခ်ီကိုလွည့္ေျပာလိုက္သည္။
ငယ္႐ြယ္သူျဖစ္တဲ့ ေကာင္းခ်ီက
ေန ႔ခင္းစာဆိုရင္ ၁၁နာရီမထိုးခင္ကတည္းက စားတက္သူပင္။
ထမင္းကိုသာ မက္မက္ေမာေမာ စားတက္သူမို ႔ သက္ပံုလဲ ေကာင္းခ်ီနဲ ့အတူေနမွ
ေန ႔ခင္းစာေစာေစာစားတက္တဲ့အက်င့္ေတာင္ရေနေလၿပီ။
"မဟုတ္တာ ။ ကိုေလး မစားရေသးပဲ ကြၽန္ေတာ္အရင္စားလို ႔ဘယ္ေကာင္းမလဲ။
ကိုေလးစားၿပီးမွပဲ ကြၽန္ေတာ္စားပါ့မယ္"
"မင္းနဲ ့သူ ဝမ္းျခင္းဆံုတာမွမဟုတ္တာ။
သူေတာ္ေတာ္နဲ ့အိပ္ယာမထရင္ မင္းက
ဗိုက္ဆာရက္နဲ ့ထိုင္ေစာင့္ေနမွာလား"
ဘာစကားမွျပန္မေျပာေပမဲ့
ၿပံဳးကာ သူလုပ္စရာရွိတာ ဆက္လုပ္ေနသည္မို ႔ သက္ပံု ေကာင္းခ်ီကို ၾကည့္ကာ
ေခါင္းကို စိတ္ပ်က္စြာခါရမ္းလိုက္သည္။
ေကာင္းခ်ီရဲ႕သည္းခံနိုင္္မူ ႔ကေတာ့
တကယ္လက္ဖ်ားခါပါသည္။
သက္ပံုနဲ ့ပတ္သတ္လာရင္ ေကာင္းခ်ီက
သတ္ပံု တမ်ိဳးလံုးကိုပင္ေခါင္းေပၚတင္႐ြက္ထား..ဆိုရင္ေတာင္ ထားခ်င္ထားေန
အုံးမွာ။
အဲ့ေလာက္ႀကီး ေအာက္က်ိဳ ႕ခံေနဖို ႔
ကိုယ့္အမ်ိဳးအသိုင္းဝိုင္းမွာ ထိုက္တန္သူ
တစ္ေယာက္ေတာင္မရွိဘူး။
ရုိင္းရုိင္းေျပာရရင္ အေဖ့ကိုေတာင္
ေကာင္းခ်ီ ဖက္က ေမတၱာထားေပးစရာမလိုေပ။
ေကာင္းခ်ီက သူတို ႔အတြက္ ရွက္႐ြံ ့စရာျဖစ္ေန သူ မို ႔ဘယ္ေလာက္ေကာင္းျပျပ နားလည္မယ္မထင္ဘူး။
ဘယ္ေလာက္ျဖတ္ျဖတ္မျပတ္တဲ့ ေသြးသားရင္း ကိုေတာင္ စြန္ ႔လြတ္နိုင္တဲ့ အေဖ့ကို သက္ပံု စိတ္နာေပမဲ့ သံေယာဇဥ္မပ်က္ခဲ့ပါ။
ဒါေပမဲ့ ေကာင္းခ်ီကေတာ့ ဘယ္သူ ႔ကိုမွသည္းခံေအာက္က်ိဳ ႕ေပးေနစရာမလိုအပ္ဘူးလို ႔သက္ပံု ထင္သည္။
ေမတၲာဆိုတာေပးတိုင္းျပန္ရတယ္ဆိုတာ
မွန္ေပမဲ့ အဲ့ထဲမွာ သက္ပံုမိသားစုကေတာ့မပါနိုင္ေပ။
"ကိုခ်ိန္း ေအာက္မဆင္းပဲဘာလုပ္ေနတာလဲ"
ပုခံုးကို ပုတ္ကာ ဆိုလာတဲ့ မန္ေနဂ်ာ ေၾကာင့္ ခ်ိန္း အမွတ္တမဲ့ မို ႔အနည္းငယ္လန္ ႔သြားရ၏။ ၿပီးမွ မ်က္နွာ အေနထားကို ျပင္ကာ
"မဆင္းဘူး ပ်င္းလို ႔ေလ်ွာက္ၾကည့္ေနတာ။ ခင္ဗ်ား ဗိုက္ဆာရင္ ေအာက္မွာ သြားေျပာလိုက္ ။ မဟုတ္ရင္ ကြၽန္ေတာ္တို ႔မႏုိးေသးဘူးထင္လို ႔ စားဖို ႔ေစာင့္ေနလိမ့္မယ္"
ေျပာၿပီး ခ်ိန္း ေလွကားထစ္ေတြကို နင္းကာ ခပ္ျမန္ျမန္ေျပးတက္သြားလိုက္သည္။
အခန္းထဲျပန္ေရာက္ေတာ့ ျပတင္းေပါက္နားရပ္ကာ ျမင္ေနရတဲ့ ျမစ္ဆိပ္ကိုေငးၾကည့္မိသည္။
ညက သူစိမ္းတစ္ေယာက္အိမ္လိုမ်ိဳး
စိမ္းသက္မေနပဲ စိတ္ခ်လက္ခ်အိပ္မိတာသက္မင္းပံုရဲ႕အိမ္မို ႔လို ႔လား။
ဟိုတုန္းကတည္းက
ကိုႀကီးနဲ ့စာရင္သူတို ႔နွစ္ေယာက္က
အသက္သိပ္မကြာတာမို ႔
ေႏြးေထြးတဲ့ညီအကိုဆက္ဆံေရးရွိသည္။
သက္မင္းပံု က အသြားအလာ အေနအထိုင္ကအစ ႏုညံ့ကာ အေနေအးသူမို ႔
ငယ္႐ြယ္စဥ္ အထက္တန္းေက်ာင္းသားဘဝကတည္းက ကာကြယ္ေပးရတာခ်ိန္းအလုပ္ပင္။
ဘယ္ေလာက္ပဲ ခ်စ္ခင္နွစ္သက္ပါေစ
ဘယ္အကုိကမွ သူ ႔ညီေယာက်ာ္းျခင္းလက္ထက္ယူခဲ့တာထိ ခြင့္လႊတ္နိုင္မွာမဟုတ္ေပ။
သူကိုယ္တိုင္လဲထို ႔အတူျဖစ္ခဲ့သည္။
သက္မင္းပံုကို ခ်စ္ေပမဲ့ ၾကားခါစကဆို
လက္မခံနိုင္ေလာက္ေအာင္ စိတ္ဆိုးခဲ့ပါသည္။ ဒါဟာ အကိုတစ္ေယာက္ရဲ႕ ျဖစ္တည္လာေသာ အတၱပင္။ ေသြးသားရင္းမို႔အေကာင္းဆံုးကိုသာ ရေစခ်င္ခဲ့သည္။
ပညာေရးမွာထူးခြၽန္ခဲ့တဲ့ သူ႔ညီေလးကို
အေပါင္းသင္းေတြၾကားထဲမွာ ဂုဏ္ယူဝင့္ႂကြားခဲ့ဖူးသည္။ အရိပ္တၾကည့္ၾကည့္မဟုတ္ေသာ္ျငား ခ်ိန္း သူညီေလးကို သံေယာဇဥ္ ႀကီး၏။
ဒါေပမဲ့ သက္မင္းပံု လုပ္ရက္ခဲ့သည္။
ပညာေရးကိုတပိုင္းတစနဲ႔ရပ္နားခဲ့ရသလို
မထင္ထားတဲ့ ပံုစံနဲ႔ သူတို႔မိသားစုကိုေျခစံုကန္ခဲ့၏။
သူမႀကိဳက္တာလုပ္ခဲ့လို ႔အျပစ္ေျပာခဲ့သည္ဆိုေပမဲ့ ေသြးသားေတြမို ႔အနည္းနဲ႔အမ်ားေတာ့ စိတ္ပူခဲ့ရတာပဲမို႔လား။
အၿမဲ ႏုႏုညံ့ညံ့ေနတက္ေသာ သက္မင္းပံုက ကုန္ထမ္းတဲ့ေကာင္ေလးတစ္ေယာက္ကို ေ႐ြးခ်ယ္ခဲ့တာမို ႔အဆင္မွေျပပါ့မလား
ထမင္းမ်ားနပ္မွန္ေအာင္စားရပါ့မလားဆိုတာ သူအၿမဲပူပန္ခဲ့ရတဲ့
လိမ္လို ႔မရတဲ့အေၾကာင္းတရားပင္။
အေဖနဲ ့ကိုႀကီးကေတာ့ အတၲႀကီးသူေတြပီပီခြင့္လြတ္ခ်င္မွ ခြင့္လြတ္နိုင္ေပမဲ့
ခ်ိန္းအေနနဲ ့ေတာ့ အရင္က ေလာက္ႀကီး
မမုန္းေတာ့တာေတာ့ ေသခ်ာသည္။
ဒါဟာ ေကာင္းခ်ီဆိုတဲ့
ေကာင္ေလးေၾကာင့္လားဆိုတာေတာ့သူမသိပါ။
ေရာက္ကတည္းက သိမ္ငယ္စြာၾကည့္ေနတဲ့ မ်က္လံုးေတြက သူ ႔ကိုလြန္စြာအေနွာက္ယွက္ေပးလြန္းသည္။
ကိုယ့္ကိုကိုယ္ လူယုတ္မာမ်ားျဖစ္ေနျပီလားဆိုတာ ေတြးေနမိတာ ဒီကိုစေရာက္တဲ့ေနကတည္းကပင္။
ကိုယ့္အေပၚ ရုိေသေလးစားေပးတာေတြကိုလည္း ခ်ိန္းသတိထားမိသည္။
ပံုစံေလးက ေအးေအးခ်မ္းခ်မ္းေလးမို ႔
အျမင္မသင့္ေတာ္တာမ်ိဳး ခ်ိန္းမခံစားရပါ။
သူညီေလး ခုလို အဆင္ေျပေနတယ္ဆိုတာ
ျမင္ေနရေတာ့ ခ်ိန္းစိတ္ရင္းနဲ ့ဝမ္းသာမိပါသည္။
ပန္းေရာင္ႏုႏုသုတ္ထားတဲ့ အခန္းကို ေဝ့ၾကည့္ၿပီး ခ်ိန္း ၿပံဳးမိသည္။
ပန္းေရာင္ႀကိဳက္တဲ့ သက္မင္းပံု တစ္ေယာက္ သူ ႔စိတ္ႀကိဳက္ အိမ္ေဆာက္ထားရုံတင္မကဘူး အခန္းေတြထဲထိ ပန္းေရာင္မလြတ္ေအာင္ ေဆးျခယ္ထားေသးသည္။
ပန္းေရာင္လိုက္ကာစမွာ တပ္ထားတဲ့
ဇာ အျဖဴေရာင္ ေလးကို ကိုင္ဆြဲထားရင္း
ေလွေတြနဲ ့ျမစ္ေၾကာမွာ ငါးဖမ္းေနၾကေသာ တံငါသည္ေတြကိုေငးေမာမိသည္။
ေဒါက္...ေဒါက္
"ကိုခ်ိန္း ထမင္းစားရေအာင္"
"ေအး "
တကယ္ဆို ခ်ိန္းဗိုက္မဆာေသးပါ။
အျပင္ေရာက္ေတာ့ မန္ေနဂ်ာက
ထမင္းစားဖို ႔ဦးေဆာင္ေခၚသြားသည္မို ႔
ေနာက္ကေန လိုက္သြားမိသည္။
ေျမေနရာ က်ယ္က်ယ္မွာ ေသခ်ာေဆာက္ထားသည္မို ႔ ေလေကာင္းေလသန္ ႔ ႔ရကာ အသက္ရူေခ်ာင္တာကိုေတာ့
ခ်ိန္းအေတာ္ႀကီး သေဘာေတြ ႕လွသည္။
အေပၚထပ္တစ္ထပ္လံုး လူေနသီးသန္ ႔ေဆာက္လုပ္ထားကာ အခန္းအပိုအမ်ားႀကီးကိုလဲေတြ ႕ရသည္။
ထမင္းစားခန္းသည္အေပၚထပ္မွာပဲ သက္သက္လုပ္ထားသည္မို ႔
ေအာက္ထပ္ကိုဆင္စားစရာမလိုအပ္ေပ။
အနံ ့အသက္ မထြက္ေအာင္ မွန္ဆြဲတံခါးကာထားတဲ့ ထမင္းစားခန္းတြင္ သက္မင္းပံုက ခူးခပ္ေနပီး ေကာင္းေကာင္းဆိုတဲ့ေကာင္ေလးက ေဘးမွာ လိုအပ္တာေတြလုပ္ေပးေနတာျဖစ္သည္။
"ေရာက္ပီလား ထိုင္ၾကေလ ။ ေရာက္တုန္း ကိုေလး ႀကိဳက္တဲ့ဟင္းေတြခ်က္ထားတယ္။ "
ခ်ိန္း ေနရခက္ေပမဲ့ ခပ္တည္တည္ ဝင္ထိုင္လိုက္သည္။
"အဟမ္း ..မင္းတို ႔လည္း ဗိုက္ဆာရင္ တခါထဲဝင္စားလိုက္ေလ"
"အာ ..ကြၽန္ေတာ္တို ႔ေနာက္မွ..."
"ဒါဆို တခါထဲဝင္စားလိုက္မယ္ေနာ္..ကိုေလး ..။ေကာင္းခ်ီ ထိုင္"
နလပိန္းတံုး ေယာက်ာ္းကို လက္ကုတ္ကာ
ထမင္းစားစာပြဲမွာ အလ်ွင္အျမန္ဝင္ထိုင္လိုက္သည္။
ကိုေလးဖက္က သိသိသာသာ လိုက္
ေလ်ာလာေသာစကားဆိုတာ သက္ပံု သိသည္မို ႔အခြင့္အေရးကို လက္လႊတ္ခံလို ႔ေတာ့မျဖစ္။
ၿပီးေတာ့ေကာင္းခ်ီ တစ္ေယာက္ ဗိုက္ဆာေနတာကို သက္ပံု သိ၍ပင္..
ေကာင္းခ်ီကေတာ့ ထိုင္ခိုင္းလို ႔သာထိုင္လိုက္ရတာ ကိုေလးကိုေတာ့ နည္းနည္းရွိန္ေနပံုရသည္။
" ငါးဥနဲ ့ငါးၾကင္းေခ်းေၾကာ္ထားတာ
ကိုေလး ႀကိဳက္တယ္မို ႔လား
ဒီမွာက ငါးေပါေတာ့ ခုလိုလတ္လတ္ဆတ္ဆတ္ ငါးဝမ္းတြင္းသားက မရွားဘူး"
ပါးစပ္ကလည္း ေျပာရင္းလက္ကလည္း
ဇြန္းနဲ ့ခပ္ထည့္ေပးလိုက္၏။
ကိုေလးက သက္ပံုထည့္ေပးတာကို
ဘာမွမေျပာပဲ သူစားစရာရွိတာကို စားေနသည္။
ေကာင္းခ်ီကေတာ့ ထမင္းျဖဴေတြပဲ လက္
နဲ ့နွယ္ကာ ဟင္းမထည့္ရဲပဲ သက္ပံု ထည့္ေပးတာကိုေစာင့္ေနေလ၏ ။
သေဘာေပါက္စြာ ေကာင္းခ်ီ ႀကိဳက္တဲ့
ငါးေၾကာ္နဲ ့ အာလူးနွပ္ထားေသာ ဟင္းကို ခပ္ထည့္ေပးလိုက္သည္။
ထိုအခါမွ ေခါင္းငံု ႔ကာ စားေတာ့သည္မို ႔
သက္ပံု သူ ႔အမ်ိဳးသားကို ၿပံဳးၾကည့္မိသည္။
တကယ္ကို ျဖဴစင္တဲ့ေကာင္ေလး။
တခါတေလ ဆို သနားစရာလည္းေကာင္းေသးသည္။
ထမင္းဝိုင္းသည္ ေကာင္းခ်ီ ကို ဟင္းထည့္ေပးလိုက္ ကိုေလးကို ဟင္းထည့္ေပးလိုက္နဲ ့ သက္ပံု သိပ္မစားလိုက္ရပဲ ၿပီးသြားရသည္။
သိသိသာသာ ထမင္းအမ်ားႀကီးစားေသာ ကိုေလးေၾကာင့္ စိတ္ခ်မ္းသာမိတာေတာ့အမွန္ပင္။
"ကိုေလး ေရေသာက္ပါဦး။ "
ေသာက္ေရခြက္ ထဲ ေရထည့္ေပးေတာ့
ေခါင္းညိမ့္ကာယူေသာက္သည္။
အေျခေနကေတာ့ အေတာ္ႀကီး ေကာင္းေနတဲ့သေဘာမွာ။
"စားေကာင္းတယ္ဗ်ိဳ ႕ ။ ကြၽန္ေတာ္ေတာ့
ဒီလိုသာ အၿမဲစားေနရရင္ ဒီ႐ြာကမျပန္နိုင္ျဖစ္ေတာ့မွာပဲ"
ခပ္ေနာက္ေနာက္ မန္ေနဂ်ာ စကားေၾကာင့္
"ေနနိုင္ ရင္ေနပါဗ်ာ။ ဒီမွာ လူတစ္ေယာက္စာေကြၽးဖို ႔က အပန္းမႀကီးလွပါဘူး"
"ဟားဟား ကြၽန္ေတာ္ေနခဲ့ရင္
ကိုခ်ိန္းတစ္ေယာက္ထဲသြားရလာရခက္ေနမွာစိုးလို ႔သာ။ နို ႔မို ႔ ဒီမွာပဲေနတယ္"
ေျခာက္ကပ္ကပ္စကားဝိုင္းကို
မန္ေနဂ်ာ နဲ ့သက္ပံုသာ အဆင္ေျပေအာင္ေျပာေနရေပမဲ့ ကိုေလးနဲ ့ေကာင္းခ်ီကေတာ့ ၿငိမ္သက္စြာ။
ခဏၾကာေတာ့ မန္ေနဂ်ာက ဖုန္းလာသည္ေၾကာင့္ ခြင့္ေတာင္းကာထြက္သြားသည္မို ႔ ကိုေလးတစ္ေယာက္ထဲ သက္ပံု
တို ႔နဲ ့က်န္ခဲ့သည္။
မသိမ္းရေသးေသာ ထမင္းဝိုင္း
တြင္ လူသံုးေယာက္သည္ ေနရခက္စြာ
အေတာ္ၾကာေအာင္ ထိုင္ေနၾကပီး
ပထမဆံုး ကိုေလးဆီက သက္ျပင္းခ်သံသဲ့သဲ့နဲ ့အတူ စကားစေျပာလာခဲ့သည္။
"ငါ ဒီည သီခ်င္းဆိုပီးရင္ ညတြင္းခ်င္းျပန္မွာ သက္မင္းပံု။ "
"ဟုတ္ကဲ့ ကိုေလး။ အေဖနဲ ့ကိုႀကီးေရာ ေနေကာင္းၾကတယ္မို ႔လား "
မေရမရာ စကားေတြကို ကိုေလးေခါင္းညိမ့္ျပသည္။
သက္ပံု တို ႔နွစ္ေယာက္ၾကားမွာ
ေျပာစရာ စကားေရေရရာရာမရွိပါ။
သို ႔ေပမဲ့ ကိုေလးနဲ ့နွစ္ေယာက္အတူ
မ်က္နွာခ်င္းဆိုင္ ရွိေနတုန္းမွာ သက္ပံု
ခံစားခ်က္ေတြကို ေျပာျပဖို ႔ဆံုးျဖတ္လိုက္သည္။
"ကြၽန္ေတာ္ကို ခြင့္လႊတ္ေပးပါကိုေလး။
ဒါေရွာင္လႊဲလို ႔မရတဲ့ ကြၽန္ေတာ့္ျဖစ္တည္မူ ႔မို ႔ပါ။ တမင္ရည္႐ြယ္ပီး မိသားစုကို အရွက္ခြဲခဲ့တာမဟုတ္ပါဘူး။
ၿပီးေတာ့သူ ႔နာမည္က ေကာင္းစင္သန္ ႔ခ်ီတဲ့ ။ ကြၽန္ေတာ္ ေ႐ြးခ်ယ္ခဲ့တဲ့သူေပါ့။
အခြင့္ေရးယူတယ္ေျပာေျပာ ကြၽန္ေတာ္အသိုင္းဝိုင္း နဲ ့သူ ႔ကိုတခါေလာက္ေတာ့မိတ္ဆက္ေပးခ်င္မိခဲ့တာပါ။
ဒါေပမဲ့ အဲ့ဒီလူက ကိုေလး ျဖစ္ေနခဲ့တယ္။
ကြၽန္ေတာ္တို ႔နွစ္ေယာက္ကို မမုန္းပါနဲ ့ကိုေလး။
သူ ႔ဖက္က အသိုင္းဝိုင္းတခုလံုး
ကြၽန္ေတာ့္ကို အသိမွတ္ျပဳလက္ခံၾကေပမဲ့
ကြၽန္ေတာ္မွာက တစ္ေယာက္ေတာင္
မရွိခဲ့ပါဘူး ။ အဲ့ဒါေၾကာင့္ ကိုေလးဖက္က
ကြၽန္ေတာ္တို ႔နွစ္ေယာက္ရဲ႕ျဖစ္တည္မူ ႔ကို အသိမွတ္မျပဳခ်င္ေနပါ လက္ေတာ့ခံေပးပါ။ "
မ်က္ရည္ဝဲေနေပမဲ့ ေလးနက္စြာ
ေတာင္းဆိုေနတဲ့ ညီ ျဖစ္သူကို ၾကည့္ကာ
ခဏၾကာမ်ွ ခ်ိန္း... ေတြေဝသြားသည္။
အရာရာ ေပ်ာ့ညံ့တယ္လို ႔ထင္ခဲ့ဖူးေသာ
သက္မင္းပံုသည္ သူခ်စ္ေသာ ေကာင္ေလးတစ္ေယာက္ေရွ ႔တြင္ မားမားမတ္မတ္
ရပ္တည္လ်ွက္ရွိသည္။
ၿပီးေတာ့ ဟိုေကာင္ေလး ။
ေမ်ွာ္လင့္ ေစာင့္ဆိုင္းေနတဲ့
သနားစရာ ညိဳးငယ္ေနတဲ့ မ်က္ဝန္းေတြက
ခ်ိန္းဆီက ဘာကို ေတာင္းခံေနတာလဲ ။
ခ်ိန္း ေခါင္းေတြကိုက္လာေလသည္။
သူဟာ က်ရာ ဇာတ္ရုပ္ကို သရုပ္ေဆာင္ခ်င္ေပမဲ့ ဗီလိန္တစ္ေယာက္ေတာ့ မျဖစ္ခ်င္ခဲ့ေပ။
ထို ႔ေၾကာင့္......
ခ်စ္တဲ့အိမ္စည္။
>>>>>>>>>>><<<<<<<<<<<<
"ကောင်းချီ မင်းဗိုက်ဆာရင်
ထမင်းစားတော့လေ "
သက်ပုံ ပစ္စည်းမှာမဲ့ စာရင်းကို ချရေးနေရာမှ
ကောင်းချီကိုလှည့်ပြောလိုက်သည်။
ငယ်ရွယ်သူဖြစ်တဲ့ ကောင်းချီက
နေ့ ခင်းစာဆိုရင် ၁၁နာရီမထိုးခင်ကတည်းက စားတက်သူပင်။
ထမင်းကိုသာ မက်မက်မောမော စားတက်သူမို့ သက်ပုံလဲ ကောင်းချီနဲ့ အတူနေမှ
နေ့ ခင်းစာစောစောစားတက်တဲ့အကျင့်တောင်ရနေလေပြီ။
"မဟုတ်တာ ။ ကိုလေး မစားရသေးပဲ ကျွန်တော်အရင်စားလို့ ဘယ်ကောင်းမလဲ။
ကိုလေးစားပြီးမှပဲ ကျွန်တော်စားပါ့မယ်"
"မင်းနဲ့ သူ ဝမ်းခြင်းဆုံတာမှမဟုတ်တာ။
သူတော်တော်နဲ့ အိပ်ယာမထရင် မင်းက
ဗိုက်ဆာရက်နဲ့ ထိုင်စောင့်နေမှာလား"
ဘာစကားမှပြန်မပြောပေမဲ့
ပြုံးကာ သူလုပ်စရာရှိတာ ဆက်လုပ်နေသည်မို့ သက်ပုံ ကောင်းချီကို ကြည့်ကာ
ခေါင်းကို စိတ်ပျက်စွာခါရမ်းလိုက်သည်။
ကောင်းချီရဲ့သည်းခံနိုင်မူ့ ကတော့
တကယ်လက်ဖျားခါပါသည်။
သက်ပုံနဲ့ ပတ်သတ်လာရင် ကောင်းချီက
သတ်ပုံ တမျိုးလုံးကိုပင်ခေါင်းပေါ်တင်ရွက်ထား..ဆိုရင်တောင် ထားချင်ထားနေ
အုံးမှာ။
အဲ့လောက်ကြီး အောက်ကျို့ ခံနေဖို့
ကိုယ့်အမျိုးအသိုင်းဝိုင်းမှာ ထိုက်တန်သူ
တစ်ယောက်တောင်မရှိဘူး။
ရိုင်းရိုင်းပြောရရင် အဖေ့ကိုတောင်
ကောင်းချီ ဖက်က မေတ္တာထားပေးစရာမလိုပေ။
ကောင်းချီက သူတို့ အတွက် ရှက်ရွံ့ စရာဖြစ်နေ သူ မို့ ဘယ်လောက်ကောင်းပြပြ နားလည်မယ်မထင်ဘူး။
ဘယ်လောက်ဖြတ်ဖြတ်မပြတ်တဲ့ သွေးသားရင်း ကိုတောင် စွန့် လွတ်နိုင်တဲ့ အဖေ့ကို သက်ပုံ စိတ်နာပေမဲ့ သံယောဇဉ်မပျက်ခဲ့ပါ။
ဒါပေမဲ့ ကောင်းချီကတော့ ဘယ်သူ့ ကိုမှသည်းခံအောက်ကျို့ ပေးနေစရာမလိုအပ်ဘူးလို့ သက်ပုံ ထင်သည်။
မေတ္တာဆိုတာပေးတိုင်းပြန်ရတယ်ဆိုတာ
မှန်ပေမဲ့ အဲ့ထဲမှာ သက်ပုံမိသားစုကတော့မပါနိုင်ပေ။
"ကိုချိန်း အောက်မဆင်းပဲဘာလုပ်နေတာလဲ"
ပုခုံးကို ပုတ်ကာ ဆိုလာတဲ့ မန်နေဂျာ ကြောင့် ချိန်း အမှတ်တမဲ့ မို့ အနည်းငယ်လန့် သွားရ၏။ ပြီးမှ မျက်နှာ အနေထားကို ပြင်ကာ
"မဆင်းဘူး ပျင်းလို့ လျှောက်ကြည့်နေတာ။ ခင်ဗျား ဗိုက်ဆာရင် အောက်မှာ သွားပြောလိုက် ။ မဟုတ်ရင် ကျွန်တော်တို့ မနိုးသေးဘူးထင်လို့ စားဖို့ စောင့်နေလိမ့်မယ်"
ပြောပြီး ချိန်း လှေကားထစ်တွေကို နင်းကာ ခပ်မြန်မြန်ပြေးတက်သွားလိုက်သည်။
အခန်းထဲပြန်ရောက်တော့ ပြတင်းပေါက်နားရပ်ကာ မြင်နေရတဲ့ မြစ်ဆိပ်ကိုငေးကြည့်မိသည်။
ညက သူစိမ်းတစ်ယောက်အိမ်လိုမျိုး
စိမ်းသက်မနေပဲ စိတ်ချလက်ချအိပ်မိတာသက်မင်းပုံရဲ့အိမ်မို့ လို့ လား။
ဟိုတုန်းကတည်းက
ကိုကြီးနဲ့ စာရင်သူတို့ နှစ်ယောက်က
အသက်သိပ်မကွာတာမို့
နွေးထွေးတဲ့ညီအကိုဆက်ဆံရေးရှိသည်။
သက်မင်းပုံ က အသွားအလာ အနေအထိုင်ကအစ နုညံ့ကာ အနေအေးသူမို့
ငယ်ရွယ်စဉ် အထက်တန်းကျောင်းသားဘဝကတည်းက ကာကွယ်ပေးရတာချိန်းအလုပ်ပင်။
ဘယ်လောက်ပဲ ချစ်ခင်နှစ်သက်ပါစေ
ဘယ်အကိုကမှ သူ့ ညီယောကျာ်းခြင်းလက်ထက်ယူခဲ့တာထိ ခွင့်လွှတ်နိုင်မှာမဟုတ်ပေ။
သူကိုယ်တိုင်လဲထို့ အတူဖြစ်ခဲ့သည်။
သက်မင်းပုံကို ချစ်ပေမဲ့ ကြားခါစကဆို
လက်မခံနိုင်လောက်အောင် စိတ်ဆိုးခဲ့ပါသည်။ ဒါဟာ အကိုတစ်ယောက်ရဲ့ ဖြစ်တည်လာသော အတ္တပင်။ သွေးသားရင်းမို့အကောင်းဆုံးကိုသာ ရစေချင်ခဲ့သည်။
ပညာရေးမှာထူးချွန်ခဲ့တဲ့ သူ့ညီလေးကို
အပေါင်းသင်းတွေကြားထဲမှာ ဂုဏ်ယူဝင့်ကြွားခဲ့ဖူးသည်။ အရိပ်တကြည့်ကြည့်မဟုတ်သော်ငြား ချိန်း သူညီလေးကို သံယောဇဉ် ကြီး၏။
ဒါပေမဲ့ သက်မင်းပုံ လုပ်ရက်ခဲ့သည်။
ပညာရေးကိုတပိုင်းတစနဲ့ရပ်နားခဲ့ရသလို
မထင်ထားတဲ့ ပုံစံနဲ့ သူတို့မိသားစုကိုခြေစုံကန်ခဲ့၏။
သူမကြိုက်တာလုပ်ခဲ့လို့ အပြစ်ပြောခဲ့သည်ဆိုပေမဲ့ သွေးသားတွေမို့ အနည်းနဲ့အများတော့ စိတ်ပူခဲ့ရတာပဲမို့လား။
အမြဲ နုနုညံ့ညံ့နေတက်သော သက်မင်းပုံက ကုန်ထမ်းတဲ့ကောင်လေးတစ်ယောက်ကို ရွေးချယ်ခဲ့တာမို့ အဆင်မှပြေပါ့မလား
ထမင်းများနပ်မှန်အောင်စားရပါ့မလားဆိုတာ သူအမြဲပူပန်ခဲ့ရတဲ့
လိမ်လို့ မရတဲ့အကြောင်းတရားပင်။
အဖေနဲ့ ကိုကြီးကတော့ အတ္တကြီးသူတွေပီပီခွင့်လွတ်ချင်မှ ခွင့်လွတ်နိုင်ပေမဲ့
ချိန်းအနေနဲ့ တော့ အရင်က လောက်ကြီး
မမုန်းတော့တာတော့ သေချာသည်။
ဒါဟာ ကောင်းချီဆိုတဲ့
ကောင်လေးကြောင့်လားဆိုတာတော့သူမသိပါ။
ရောက်ကတည်းက သိမ်ငယ်စွာကြည့်နေတဲ့ မျက်လုံးတွေက သူ့ ကိုလွန်စွာအနှောက်ယှက်ပေးလွန်းသည်။
ကိုယ့်ကိုကိုယ် လူယုတ်မာများဖြစ်နေပြီလားဆိုတာ တွေးနေမိတာ ဒီကိုစရောက်တဲ့နေကတည်းကပင်။
ကိုယ့်အပေါ် ရိုသေလေးစားပေးတာတွေကိုလည်း ချိန်းသတိထားမိသည်။
ပုံစံလေးက အေးအေးချမ်းချမ်းလေးမို့
အမြင်မသင့်တော်တာမျိုး ချိန်းမခံစားရပါ။
သူညီလေး ခုလို အဆင်ပြေနေတယ်ဆိုတာ
မြင်နေရတော့ ချိန်းစိတ်ရင်းနဲ့ ဝမ်းသာမိပါသည်။
ပန်းရောင်နုနုသုတ်ထားတဲ့ အခန်းကို ဝေ့ကြည့်ပြီး ချိန်း ပြုံးမိသည်။
ပန်းရောင်ကြိုက်တဲ့ သက်မင်းပုံ တစ်ယောက် သူ့ စိတ်ကြိုက် အိမ်ဆောက်ထားရုံတင်မကဘူး အခန်းတွေထဲထိ ပန်းရောင်မလွတ်အောင် ဆေးခြယ်ထားသေးသည်။
ပန်းရောင်လိုက်ကာစမှာ တပ်ထားတဲ့
ဇာ အဖြူရောင် လေးကို ကိုင်ဆွဲထားရင်း
လှေတွေနဲ့ မြစ်ကြောမှာ ငါးဖမ်းနေကြသော တံငါသည်တွေကိုငေးမောမိသည်။
ဒေါက်...ဒေါက်
"ကိုချိန်း ထမင်းစားရအောင်"
"အေး "
တကယ်ဆို ချိန်းဗိုက်မဆာသေးပါ။
အပြင်ရောက်တော့ မန်နေဂျာက
ထမင်းစားဖို့ ဦးဆောင်ခေါ်သွားသည်မို့
နောက်ကနေ လိုက်သွားမိသည်။
မြေနေရာ ကျယ်ကျယ်မှာ သေချာဆောက်ထားသည်မို့ လေကောင်းလေသန့့်ရကာ အသက်ရူချောင်တာကိုတော့
ချိန်းအတော်ကြီး သဘောတွေ့ လှသည်။
အပေါ်ထပ်တစ်ထပ်လုံး လူနေသီးသန့် ဆောက်လုပ်ထားကာ အခန်းအပိုအများကြီးကိုလဲတွေ့ ရသည်။
ထမင်းစားခန်းသည်အပေါ်ထပ်မှာပဲ သက်သက်လုပ်ထားသည်မို့
အောက်ထပ်ကိုဆင်စားစရာမလိုအပ်ပေ။
အနံ့ အသက် မထွက်အောင် မှန်ဆွဲတံခါးကာထားတဲ့ ထမင်းစားခန်းတွင် သက်မင်းပုံက ခူးခပ်နေပီး ကောင်းကောင်းဆိုတဲ့ကောင်လေးက ဘေးမှာ လိုအပ်တာတွေလုပ်ပေးနေတာဖြစ်သည်။
"ရောက်ပီလား ထိုင်ကြလေ ။ ရောက်တုန်း ကိုလေး ကြိုက်တဲ့ဟင်းတွေချက်ထားတယ်။ "
ချိန်း နေရခက်ပေမဲ့ ခပ်တည်တည် ဝင်ထိုင်လိုက်သည်။
"အဟမ်း ..မင်းတို့ လည်း ဗိုက်ဆာရင် တခါထဲဝင်စားလိုက်လေ"
"အာ ..ကျွန်တော်တို့ နောက်မှ..."
"ဒါဆို တခါထဲဝင်စားလိုက်မယ်နော်..ကိုလေး ..။ကောင်းချီ ထိုင်"
နလပိန်းတုံး ယောကျာ်းကို လက်ကုတ်ကာ
ထမင်းစားစာပွဲမှာ အလျှင်အမြန်ဝင်ထိုင်လိုက်သည်။
ကိုလေးဖက်က သိသိသာသာ လိုက်
လျောလာသောစကားဆိုတာ သက်ပုံ သိသည်မို့ အခွင့်အရေးကို လက်လွှတ်ခံလို့ တော့မဖြစ်။
ပြီးတော့ကောင်းချီ တစ်ယောက် ဗိုက်ဆာနေတာကို သက်ပုံ သိ၍ပင်..
ကောင်းချီကတော့ ထိုင်ခိုင်းလို့ သာထိုင်လိုက်ရတာ ကိုလေးကိုတော့ နည်းနည်းရှိန်နေပုံရသည်။
" ငါးဥနဲ့ ငါးကြင်းချေးကြော်ထားတာ
ကိုလေး ကြိုက်တယ်မို့ လား
ဒီမှာက ငါးပေါတော့ ခုလိုလတ်လတ်ဆတ်ဆတ် ငါးဝမ်းတွင်းသားက မရှားဘူး"
ပါးစပ်ကလည်း ပြောရင်းလက်ကလည်း
ဇွန်းနဲ့ ခပ်ထည့်ပေးလိုက်၏။
ကိုလေးက သက်ပုံထည့်ပေးတာကို
ဘာမှမပြောပဲ သူစားစရာရှိတာကို စားနေသည်။
ကောင်းချီကတော့ ထမင်းဖြူတွေပဲ လက်
နဲ့ နှယ်ကာ ဟင်းမထည့်ရဲပဲ သက်ပုံ ထည့်ပေးတာကိုစောင့်နေလေ၏ ။
သဘောပေါက်စွာ ကောင်းချီ ကြိုက်တဲ့
ငါးကြော်နဲ့ အာလူးနှပ်ထားသော ဟင်းကို ခပ်ထည့်ပေးလိုက်သည်။
ထိုအခါမှ ခေါင်းငုံ့ ကာ စားတော့သည်မို့
သက်ပုံ သူ့ အမျိုးသားကို ပြုံးကြည့်မိသည်။
တကယ်ကို ဖြူစင်တဲ့ကောင်လေး။
တခါတလေ ဆို သနားစရာလည်းကောင်းသေးသည်။
ထမင်းဝိုင်းသည် ကောင်းချီ ကို ဟင်းထည့်ပေးလိုက် ကိုလေးကို ဟင်းထည့်ပေးလိုက်နဲ့ သက်ပုံ သိပ်မစားလိုက်ရပဲ ပြီးသွားရသည်။
သိသိသာသာ ထမင်းအများကြီးစားသော ကိုလေးကြောင့် စိတ်ချမ်းသာမိတာတော့အမှန်ပင်။
"ကိုလေး ရေသောက်ပါဦး။ "
သောက်ရေခွက် ထဲ ရေထည့်ပေးတော့
ခေါင်းညိမ့်ကာယူသောက်သည်။
အခြေနေကတော့ အတော်ကြီး ကောင်းနေတဲ့သဘောမှာ။
"စားကောင်းတယ်ဗျို့ ။ ကျွန်တော်တော့
ဒီလိုသာ အမြဲစားနေရရင် ဒီရွာကမပြန်နိုင်ဖြစ်တော့မှာပဲ"
ခပ်နောက်နောက် မန်နေဂျာ စကားကြောင့်
"နေနိုင် ရင်နေပါဗျာ။ ဒီမှာ လူတစ်ယောက်စာကျွေးဖို့ က အပန်းမကြီးလှပါဘူး"
"ဟားဟား ကျွန်တော်နေခဲ့ရင်
ကိုချိန်းတစ်ယောက်ထဲသွားရလာရခက်နေမှာစိုးလို့ သာ။ နို့ မို့ ဒီမှာပဲနေတယ်"
ခြောက်ကပ်ကပ်စကားဝိုင်းကို
မန်နေဂျာ နဲ့ သက်ပုံသာ အဆင်ပြေအောင်ပြောနေရပေမဲ့ ကိုလေးနဲ့ ကောင်းချီကတော့ ငြိမ်သက်စွာ။
ခဏကြာတော့ မန်နေဂျာက ဖုန်းလာသည်ကြောင့် ခွင့်တောင်းကာထွက်သွားသည်မို့ ကိုလေးတစ်ယောက်ထဲ သက်ပုံ
တို့ နဲ့ ကျန်ခဲ့သည်။
မသိမ်းရသေးသော ထမင်းဝိုင်း
တွင် လူသုံးယောက်သည် နေရခက်စွာ
အတော်ကြာအောင် ထိုင်နေကြပီး
ပထမဆုံး ကိုလေးဆီက သက်ပြင်းချသံသဲ့သဲ့နဲ့ အတူ စကားစပြောလာခဲ့သည်။
"ငါ ဒီည သီချင်းဆိုပီးရင် ညတွင်းချင်းပြန်မှာ သက်မင်းပုံ။ "
"ဟုတ်ကဲ့ ကိုလေး။ အဖေနဲ့ ကိုကြီးရော နေကောင်းကြတယ်မို့ လား "
မရေမရာ စကားတွေကို ကိုလေးခေါင်းညိမ့်ပြသည်။
သက်ပုံ တို့ နှစ်ယောက်ကြားမှာ
ပြောစရာ စကားရေရေရာရာမရှိပါ။
သို့ ပေမဲ့ ကိုလေးနဲ့ နှစ်ယောက်အတူ
မျက်နှာချင်းဆိုင် ရှိနေတုန်းမှာ သက်ပုံ
ခံစားချက်တွေကို ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
"ကျွန်တော်ကို ခွင့်လွှတ်ပေးပါကိုလေး။
ဒါရှောင်လွှဲလို့ မရတဲ့ ကျွန်တော့်ဖြစ်တည်မူ့ မို့ ပါ။ တမင်ရည်ရွယ်ပီး မိသားစုကို အရှက်ခွဲခဲ့တာမဟုတ်ပါဘူး။
ပြီးတော့သူ့ နာမည်က ကောင်းစင်သန့် ချီတဲ့ ။ ကျွန်တော် ရွေးချယ်ခဲ့တဲ့သူပေါ့။
အခွင့်ရေးယူတယ်ပြောပြော ကျွန်တော်အသိုင်းဝိုင်း နဲ့ သူ့ ကိုတခါလောက်တော့မိတ်ဆက်ပေးချင်မိခဲ့တာပါ။
ဒါပေမဲ့ အဲ့ဒီလူက ကိုလေး ဖြစ်နေခဲ့တယ်။
ကျွန်တော်တို့ နှစ်ယောက်ကို မမုန်းပါနဲ့ ကိုလေး။
သူ့ ဖက်က အသိုင်းဝိုင်းတခုလုံး
ကျွန်တော့်ကို အသိမှတ်ပြုလက်ခံကြပေမဲ့
ကျွန်တော်မှာက တစ်ယောက်တောင်
မရှိခဲ့ပါဘူး ။ အဲ့ဒါကြောင့် ကိုလေးဖက်က
ကျွန်တော်တို့ နှစ်ယောက်ရဲ့ဖြစ်တည်မူ့ ကို အသိမှတ်မပြုချင်နေပါ လက်တော့ခံပေးပါ။ "
မျက်ရည်ဝဲနေပေမဲ့ လေးနက်စွာ
တောင်းဆိုနေတဲ့ ညီ ဖြစ်သူကို ကြည့်ကာ
ခဏကြာမျှ ချိန်း... တွေဝေသွားသည်။
အရာရာ ပျော့ညံ့တယ်လို့ ထင်ခဲ့ဖူးသော
သက်မင်းပုံသည် သူချစ်သော ကောင်လေးတစ်ယောက်ရှေ့ တွင် မားမားမတ်မတ်
ရပ်တည်လျှက်ရှိသည်။
ပြီးတော့ ဟိုကောင်လေး ။
မျှော်လင့် စောင့်ဆိုင်းနေတဲ့
သနားစရာ ညိုးငယ်နေတဲ့ မျက်ဝန်းတွေက
ချိန်းဆီက ဘာကို တောင်းခံနေတာလဲ ။
ချိန်း ခေါင်းတွေကိုက်လာလေသည်။
သူဟာ ကျရာ ဇာတ်ရုပ်ကို သရုပ်ဆောင်ချင်ပေမဲ့ ဗီလိန်တစ်ယောက်တော့ မဖြစ်ချင်ခဲ့ပေ။
ထို့ ကြောင့်......
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz