ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

47

eainsi23

"သက္ပံု  ဒါေလးဝတ္ထား"

လက္ကိုဆြဲယူျပီး ဝတ္ဆင္ေပးေနတဲ့
ပတၱျမားလက္စြပ္ေလးကိုငံု ့ႀကည့္ကာ
ေကာင္းခ်ီကို  ေမးလိုက္သည္။

"ဘာျဖစ္လာတာလဲ ။  "

ပြဲေစ်းက မုန္ ့လင္မယားသြားဝယ္ခိုင္းလိုက္တာ။ ျပန္လာေတာ့  ေကာင္းခ်ီမ်က္နွာက တမ်ိဳးျဖစ္လာသည္။
ဘာစကားေတြမွမေျပာလည္း  ေပါင္းလာတဲ့
နွစ္ေတြအရ  အရိပ္ျပရင္ အေကာင္ျမင္၏။

"သက္ပံု  က်ြန္ေတာ္ေျပာစရာရွိတယ္"

"အင္း "

လက္ဖ်ားေတြကို ဆုပ္ကိုင္ကာ ဆိုလာသည္မို ့သက္ပံုေသခ်ာနားေထာင္ေပးလိုက္သည္။

"ခုလာမဲ့ modelက  ခင္ဗ်ား အကိုတဲ့"

"……"

"အဲ့ဒါေႀကာင့္……"

ေကာင္းခ်ီက သက္ပံု ရဲ့ မ်က္နွာ သြင္ျပင္ေျပာင္းလဲမူ ့ကိုႀကည့္ကာ စကားကိုထိန္းေျပာေနဟန္။စိတ္မရွည္ေတာ့တာမို ့…

"အဲ့ဒါေႀကာင့္ ငါေကာင္းေကာင္းမြန္မြန္ေနရတယ္ဆိုတာသိေအာင္ သိန္းနွစ္ေထာင္ ေက်ာ္တန္ ပတၱျမားလက္စြပ္ ေကာက္ဆင္ေပးတယ္ေပါ့ဟုတ္လား"

သက္ပံု နွုတ္ခမ္းဆူပီး  ေမးလိုက္သည္။
ကေလးဆန္လိုက္တာလို ့မဆူရက္ပါ။

ေကာင္းခ်ီက သူနားလည္သေလာက္
သက္ပံု ဒီမွာ ေနတာ
မ်က္နွာမငယ္ရဘူးဆိုတာကို  ေျပာျပခ်င္တာ။

"ဟုတ္လားလို ့"

ထပ္ေမးလိုက္မွ  မ်က္ရည္ဝိုင္းကာ ေခါင္းညိမ့္ျပလာသည္။

"က်စ္! ဘာေတြျဖစ္ေနတာလဲေကာင္းစင္သန္ ့ခ်ီ။  မင္းငါ့ကို ဘယ္ေနရာ… ဘယ္အဆင့္အတန္းမွာ…ထားတယ္ဆိုတာ
ျမင္တဲ့သူတိုင္း သိတယ္။ မ်က္နွာကို ျပင္စမ္း။
မင္းအဲ့လို အားငယ္ျပေနရင္ 
ငါက ကိုေလးနဲ ့ဘယ္လိုရင္ဆိုင္ရမွာလဲ"

"ခင္ဗ်ား စိတ္မပူဘူးလား"

"ဘာပူစရာရွိလဲ။ သူက ဧည့္သည္…
ငါကအိမ္ရွင္။
ငါ့ေယာက်ာ္းက  တံငါကုန္းရြာမွာ အခ်မ္းသာဆံုး ။ သူ ့တည္းမဲ့ အိမ္ကလည္း
ရြာမွာ ဘယ္သူမွ မေဆာက္နိုင္ေသးတဲ့
တိုက္။ ေရမီးအစံု နဲ ့ေလထီးခုန္ ရုံ ျပည့္စံုေအာင္ထားေပးထားတဲ့ေနရာမွာ
မေနခ်င္ရင္ ေဂ်ာင္းေပါ့။
ဒီမွာ ေတြ ့လား ……
ငါဝတ္ထားတဲ့ လက္စြပ္… တစ္ကြင္းထဲ သိန္း ၂၂၀၀တန္တယ္။
ငါ့ပိုင္ဆိုင္မူ ့ကို တြက္ျပရမလား ဘဏ္ထဲမွာရွိတဲ့ ေငြတင္
သိန္း၆၀၀၀ေက်ာ္ရွိတယ္။  ျပီးေတာ့ ဘာက်န္ေသးလဲ …ေအာ္ သိျပီ  မင္းအခင္းကြက္ေတြ ဘယ္ေလာက္တန္လဲ"

အာေဘာင္ရင္းသန္သန္ေျပာေနတာကို
ပါးစပ္ေလးဟ ကာနားေထာင္ေနတဲ့ ေကာင္းခ်ီက  သူ ့ဖက္ကို လွည့္ေမးေတာ့
ေယာင္နန ေျပာလာတယ္ ။

"ကတၱရာလမ္းခင္းျပီးရင္ေတာ့
တစ္ေပ  နွစ္သိန္း အနည္းဆံုးတန္မယ္ထင္တယ္"

"ေအး မင္းတြက္ႀကည့္  ဆယ္ဧက ဆို ရင္
ငါဘယ္ေလာက္ေတာင္ခ်မ္းသာမလဲ ။
လက္ရွိငါဖြင့္ထားတဲ့ ေစ်းဆိုင္တန္ဖိုးေတာင္  သိန္းငါးရာအထက္မွာရွိတယ္။
အဲ့ဒါကို ငါက သူ ့ကို ဘာေႀကာက္ေနရမွာလဲ? မဟုတ္ဘူးလား"

စကားဆံုးသည္ထိ ေကာင္းခ်ီ သက္ပံုဘာေျပာတာလဲဆိုတာ ခ်က္ျခင္းနားမလည္ေသး ။အေတာ္ေလးႀကာမွ 

"ဟာဗ်ာ ။ က်ြန္ေတာ္က အေကာင္းမွတ္
လို ့နာေထာင္ေနတာ သက္ပံုက လင္မယားအခ်င္းခ်င္း လာႀကြားေနတယ္"

ခ်က္ျခင္း  ျပံဳးၿပံဳးရယ္ရယ္ျဖစ္လာမွ  
သက္ပံု သက္ပ်င္းခိုးခ်ရသည္။
စိတ္မပူဘူးလားဆိုတာေတာ့ မပူပဲေနမလား။ ကိုယ္ဘာႀကီးျဖစ္ေနေန 
ကိုေလးက  သက္ပံုထက္အႀကီး။
ေသြရင္းသားရင္းညီအကိုမို ့ မေခၚရင္ေတာင္  မေတာ္လို ့မွမရတာ။
ဘယ္ေလာက္ပဲ သက္ပံုလုပ္ျပနိုင္နိုင္
ကိုေလးကို အႀကီးဆိုတဲ့ ဂုဏ္ပုဒ္နဲ ့
နည္းနည္းေတာ့ေႀကာက္ရတာေပါ့။

"သက္ပံု က်ြန္ေတာ္ တို ့အိမ္ေဟာင္းမွာ သြားေနရေအာင္"

"ဘာျဖစ္လို ့လဲ  "

ေကာင္းခ်ီလက္မွာ ဆင္တူဝတ္ဆင္ထားတဲ့ လက္စြပ္ေလးကို ေငးကာ ေမးမိသည္။

"ဘယ္ေကာင္းမလဲ သက္ပံုရယ္။
ခင္ဗ်ားအကိုက  ဘာပဲေျပာေျပာ  က်ြန္ေတာ့ေယာက္ဖေလဗ်ာ။ သူေရွ ့မွာ
ခင္ဗ်ားနဲ ့တူတူ အခန္းထဲဝင္သြားဖို ့ဆိုတာ မျဖစ္သင့္ဘူး။ အဲ့ဒါေႀကာင့္ သူရွိေနတုန္း က်ြန္ေတာ္တို ့   ေလးစားတဲ့အေနနဲ ့အိမ္ေဟာင္းမွာ သြားေနႀကမယ္ေလ "

ဟိုက သူ ့ကို မလိုခ်င္ခဲ့ဘူးဆိုတာ သိရက္နဲ ့ဒီေယာက်ာ္းကေတာ့တကယ္ပါပဲ။
စိတ္မေကာင္းေပမဲ့  သက္ပံုေခါင္းညိမ့္ျပလိုက္မိသည္။
ေကာင္းခ်ီကို သက္ပံုမိသားစုက
လက္ခံေပးေစခ်င္သည္။
ခက္တာက  သက္ပံုကို ေတာင္ေသြးသားသံေယာဇဥ္ျဖတ္ထားမွေတာ့ ဘာတက္နိုင္မွာတုန္း။

"တီ…တီ"

ကားဟြန္းတီးသံႀကားေတာ့
ေကာင္းခ်ီက ထိေတြ ့ေနတဲ့သက္ပံုလက္ေတြ အလ်ွင္အျမန္ဖယ္ခ်လိုက္သည္။
မေက်နပ္စြာ မ်က္ေစာင္းထိုးေတာ့
မသိသလို လုပ္ကာ အိမ္ေပါက္ဝ ကိုထြက္သြားႀကိဳ၏။

"ေကာင္းေကာင္းေရ  မင္းေစာင့္ေနတာနဲ ့
အဆင္သင့္လိုက္တာ  ။ လာ… မင္းသား
အားနာေနစရာမလို ဘူး။ သူတို ့အိမ္က
ႀကီးေပမဲ့ နွစ္ေယာက္ထဲေနေတာ့ မင္းသားတို ့လြတ္လြတ္လပ္လပ္ေနလို ့ရတယ္"

ခ်ိန္း ကားေပၚက ဆင္းလိုက္ျပီး မီးေရာင္ေတြ လင္းထိန္ေနေသာ တိုက္ကိုေမာ့ႀကည့္လိုက္သည္။
လမ္းခရီးကႀကမ္းလြန္းသည္မို ့တကိုယ္လံုးကိုင္ရုိက္ထားသလိုပဲ ဖ်ားခ်င္သလိုေတာင္ျဖစ္ေနသည္။
လမ္းကလဲႀကမ္း ရြာကလည္း ေခ်ာင္က်က်ထဲမွာမို ့  အဆင္ေျပပါ့မလား စိုးရိမ္ခဲ့ရသည္။
အနည္းဆံုေတာ့ ပ်ဥ္ေထာင္အိမ္ေကာင္းေကာင္းမွာသာေနရမယ္ထင္ထားေပမဲ့
ေခတ္မွီဆန္းသစ္ေသာ ပန္းနုေရာင္တိုက္ပံုစံေႀကာင့္ အံႀသေတာင္သြားခဲ့ရသည္။

ဒီလိုရြာမွာ ဒီလိုအိမ္မ်ိဳးရွိတာ ထူးဆန္းတယ္မို ့လား။
မီးမရတဲ့ ေက်းရြာမွာ တျခံလံုး ေနမဝင္ကတည္းက  လင္းထိန္ေနေအာင္ထြန္းထားသည္မို ့သူေတာ္ေတာ္ေလး  စိတ္ေက်နပ္သြား၏။

သူ ့ကိုလာႀကိဳေပးတဲ့ ရပ္႐ြာလူႀကီးက
ေကာင္ေလးတစ္ေယာက္ကို ေခၚကာမိတ္ဆက္လာသည္မို ့ျပံဳးျပလိုက္ေတာ့ အားနာသလို ခါးညႊတ္ပီး ရုိရုိေသေသ ျပန္နွဳတ္ဆက္လာသည္။

ခပ္သန္ ့သန္ ့ရုပ္ရည္နဲ ့ႀကည့္လိုက္တာနဲ ့
ရုိးသားေအးခ်မ္းတဲ့ ပံုေလးေႀကာင့္
ခ်ိန္း သက္ေတာင့္သက္သာ ျဖစ္သြား၏။
ခ်ိန္းက လူအမ်ားႀကီးနဲ ့ထိေတြ ့ဆက္ဆံရတယ္ဆိုေပမဲ့အေျပာဆိုပိုင္းနဲ ့လူမူ ့ေရးေတာ့မညက္ေညာေပ။

"ဟုတ္  အထဲဝင္ႀကပါဗ်။  ေအာက္ထပ္ကေတာ့ ေစ်းဆိုင္ဆိုေတာ့ နည္းနည္းေတာ့ရွဳပ္တယ္။ အေပၚမွာေတာ့ ေအးေအးေဆးေဆး နားလို ့ရေအာင္ ေသခ်ာရွင္းေပးထားပါတယ္ဗ်"

"မင္းသား  လာဗ်ာ။ အားနာစရာ မလိုဘူး။
ဒီရြာမွာေတာ့ ဒီအိမ္က အႀကီးဆံုးပဲ။
အေပၚမွာ ဟိုတယ္တည္းရသလိုပဲ ေရခ်ိဳးခန္းအိမ္သာကအစ အျပင္ထြက္စရာမလိုေအာင္ အခန္းထဲမွာ ထည့္ေပးထားတာ။
ေကာင္းေကာင္းတို ့ကလည္း လူငယ္ေတြဆိုေတာ့  မင္းသား တို ့ေနရတာ လြတ္လပ္တာေပါ့"

ရပ္ရြာလူႀကီးကေတာ့ လိုက္ပို ့တယ္ဆိုေပမဲ့  ေနရမခက္ေအာင္
ဦးေဆာင္ေျပာေပးေနတာမို ့ေကာင္းခ်ီက ဘယ္ေရာက္သြားမွန္းမသိတဲ့ သက္ပံုကိုမ်က္လံုးေဝ့ရွာမိသည္။

"အိမ္ေပၚတခါထဲတက္လိုက္ပါလား
ေအာက္ထပ္က ပစၥည္းေတြနဲ ့ဆိုေတာ့ ေနရာက်ဥ္းေနလို ့"

ခ်ိန္း ေစ်းဆိုင္ဆိုတာ ကို တအံ့တႀသ
ေငးႀကည့္မိသည္။
ေတာေစ်းဆိုင္ဆိုတာ ယံုနိုင္စရာမရွိေပ။

ေအာက္ထပ္ တထပ္လံုး  လူသြားလမ္းေလးပဲ လြတ္သည္။
မရွိတာမရွိ စံုစိေနေအာင္ ေရာင္းခ်သည္မို ့ နည္းနည္းေတာ့ အိမ္ပိုင္ရွင္ေတြကိုအထင္ႀကီးသြား၏။
ရပ္ရြာလူႀကီးေတြေျပာပံုအရ ဒီမွာ ညီအကိုနွစ္ေယာက္ထဲေနသည္တဲ့။
လူငယ္ေတြသာေျပာတာ အလုပ္လည္းအရမ္းႀကိဳးစားျပီး  အလွဴအတမ္းလည္းရက္ေရာသည္တဲ့။
ခုဘုရားပြဲျဖစ္ေျမာက္ေရးအတြက္ေတာင္
သိန္းငါးဆယ္  မ တည္ျပီး လွဴ တန္းသည္ဆိုပဲ။ ေနာက္ၿပီး ဒီလို႐ြာေသးေသးမွာ တနယ္လံုး အတြက္ ပညာေရး ေဖာင္ေဒးရွင္းကိုေတာင္မွ သူတို႔ညီအကို က
ေငြေၾကးအမ်ားႀကီးအကုန္ခံၿပီး တည္ေဆာက္ထားေသးသည္တဲ့ ။ ၾကားရတာ
အထင္ႀကီးစရာမို႔ ခ်ိန္းအေနနဲ႔ တကယ္အသိမွတ္ျပဳ ပါသည္။

ပိုျပီး အံ့အားသင့္စရာက အေပၚထပ္ တထပ္လံုးပင္။

ဘုရားခန္းကအစ  ခ်ိန္းတို ့အိမ္မွာ ရွိတဲ့
ဘုရားစင္ထပ္ေတာင္ သားနားေအာင္ တည္ေဆာက္ ကပ္လွဴထားသည္။
ပန္းနုေရာင္ သုတ္ထားတယ္ဆိုေပမဲ့
ျမင္ရတာ ရုိင္းမသြားပဲ မ်က္စိေအးသြားေအာင္ ေသခ်ာအေရာင္စပ္ထားသည္မို ့
ခ်ိန္းကေတာ့ အေတာ္ႀကီး  အမွတ္ျပည့္ေပးေနမိေတာ့သည္။

"အိမ္ေလးေဆာက္ထားတာ လွသားပဲ"

ဧည့္ခန္းမွာ ဝင္ထိုင္ႀကရင္း ခ်ိန္းဆိုေတာ့
ေကာင္းေကာင္းဆိုတဲ့ ေကာင္ေလးက
ျပံဳးကာ ေျပာလာ၏။

"သက္ပံု  စိတ္တိုင္းက်ေဆာက္ထားတာ ။
သူက ပန္းေရာင္ႀကိဳက္တယ္ေလ။ "

အမွတ္တမဲ့ ႀကားလိုက္ရတဲ့ သက္ပံုဆိုတဲ့ နာမည္ေႀကာင့္  ခ်ိန္းမ်က္ေမွာင္ကုတ္သြား၏။ သက္ပံု ။ သက္ မင္းပံု ကိုေျပာတာလားဆိုတာ ဇေဝဇဝါ။
သက္မင္းပံု ကလည္း ပန္းေရာင္ႀကိဳက္တက္သည္မို ့  ခ်ိန္း  မတင္မက်ျဖစ္သြား၏။

"သက္ပံု ဆိုတာ  …"

"သက္ပံုဆိုတာ က်ြန္ေတာ္ပါ ။ ေသာက္ႀကပါအုံးဗ်။  သလဲသီးေဖ်ာ္ရည္ေလးလုပ္ထားတယ္  ။ ဘာဧည့္ခံရမွန္းမသိစဥ္းစားေနတုန္း
အိမ္အပင္ကအသီးေတြျမင္ေတာ့ စိတ္ကူးရသြားတာနဲ ့လုပ္ျဖစ္သြားတာ"

ေနာက္ပါးကထြက္လာတဲ့ အသံေႀကာင့္
ခ်ိန္းတကိုယ္လံုးေတာင့္တင္းသြား၏။
ဒီအသံကိုမမွတ္မိစရာမွမရွိတာ။
သူလွည့္မႀကည့္မိေအာင္ ႀကိဳးစားေပမဲ့
ေဘးကေန အေအး လာခ်ေပးတဲ့ လက္ေတြကိုေတာ့ ျမင္ျဖစ္ေအာင္ျမင္လိုက္ရသည္။
အျဖဴေရာင္သြယ္လ်ေနေသာ လက္တစံုမွာ တဖ်တ္ဖ်တ္လဲ့ေနေသာ ေက်ာက္နီက
မီးေရာင္ေႀကာင့္ စူးရဲေနသည္။

ျပီးေတာ့ သလဲသီးေဖ်ာ္ရည္။
အိမ္မွာ သက္မင္းပံုရယ္ ခ်ိန္းရယ္က
သလဲသီးသိပ္ႀကိဳက္သည္။
ေမာေမာနဲ ့ရူတင္ကေနျပန္လာရင္
သက္မင္းပံု လက္ရာ သလဲသီးေဖ်ာ္ရည္ကိုေသာက္လိုက္ရမွ အေမာေျပရသည္။

"ဟာ  အေတာ္ပဲေဟ့ ရာသီဥတုပူေတာ့ ေအးတာေလးေသာက္ခ်င္ေနတာနဲ ့အံကိုက္ပဲ  ။ ကိုသက္ မင္းကေတာ့ တကယ့္ေကာင္ပဲ။ မလုပ္တက္တာဘာရွိေသးလဲ။ "

အုပ္ခ်ဳပ္ေရးမွဴးက  တငံုေမာ့ေသာက္ရင္းဆိုလာေပမဲ့  ကိုေလးကေတာ့ 
နည္းနည္းေတာင္မလွဳပ္ရွားေသးပါ။
ေကာင္းခ်ီနဲ ့မလွမ္းမကမ္းမွာဝင္ထိုင္ရင္း
မဟုတ္တာလုပ္ထားသလို ခံစားခ်က္က ကိုေလးအႀကည့္တို ့ေႀကာင့္ ျဖစ္လာရသည္။

က်ြန္ေတာ္တို ့မမွားဘူးလို ့ေျပာျပခ်င္ေပမဲ့
သက္ပံု  လူႀကီးေတြနဲ ့သာစကားေျပာေနမိသည္။

ျဖစ္နိုင္ရင္ ကိုေလးကိုရင္မဆိုင္ဝင့္ေသးတာမို ့ ေခါင္းငံု ့ထားခ်င္ေသာ္လည္း
ေဘးမွာ ေကာင္းခ်ီရွိေသးသည္။
သက္ပံု အရွဳံးေပးလိုက္ရင္ ေကာင္းခ်ီ
အျမဲ သိမ္ငယ္စိတ္ဝင္သြားလိမ့္မည္။
စိတ္မပါေပမဲ့ အေတာ္ႀကာစကားေျပာပီးတဲ့ေနာက္မွာ   လူႀကီးေတြျပန္သြားႀကသည္။

တိတ္ဆိတ္သြားတဲ့ဧည့္ခန္းက သိသိသာသာ။

"ကိုေလး နားခ်င္ရင္  ဒီေလ်ွာက္လမ္းအတိုင္း ဝင္သြားလိုက္။ အေနာက္ဖ်ားဆံုး ဘယ္ဖက္က အခန္းက ကိုေလးအခန္း။
ဒီဖက္က အကိုကလည္း  ကပ္ရပ္အခန္းမွာ ျပင္ထားေပးထားတယ္။ လိုအပ္ရင္ က်ြန္ေတာ္တို ့ဟိုဖက္အိမ္မွာရွိတယ္။ ည သီခ်င္းဆိုသြားရင္ ေလွကားေဘးက တံခါးဖြင့္ထြက္လို ့ရတယ္"

ဘာမွမရွိေတာ့တဲ့ ကိုေလးေရွ ့က ဖန္ခြက္ကို ႀကည့္ကာ
ူသက္ပံု မတ္တပ္ထရပ္လိုက္သည္။
ေျပာစရာစကားမွမရွိေတာ့တာ။
ကိုေလးကလည္း သက္ပံုကိုျမင္ခ်င္မွာ မဟုတ္သလို သက္ပံုကလည္း ကိုေလးကိုစကားေတြအမ်ားႀကီး ေျပာဖို ့အဆင္မေျပေသးပါ။
ျပန္ခါနီးတြင္  ကိုေလးေရွ ့ကို အကိုက္အခဲေပ်ာက္ေဆးကဒ္ေလးခ်ေပးခဲ့မိသည္။
ဒီလမ္းဒီခရီးကို လာခဲ့ရတာမို ့ကိုေလး
ကိုက္ခဲျပီးေနမေကာင္းျဖစ္ခ်င္ေနမွာေသခ်ာသည္။

ညအိပ္ခါနီးတြင္ သက္ပံု ဘုရားရွစ္ခိုးရင္းဆုတစ္ခုကို တိုးတိတ္စြာဆုေတာင္းမိသည္။

မိသားစုအေပၚထားတဲ့ ေမတၱာေစတနာ
တို ့ေႀကာင့္ တည္ၿမဲခိုင္မာေသာ သူတို ့နွစ္ေယာက္ရဲ့ ခ်စ္ျခင္းတရားေတြကို  အျမန္ဆံုးလက္ခံေပးနိုင္ပါေစဟု …………

ခ်စ္တဲ့အိမ္စည္။

>>>>>><<<<<<

"သက်ပုံ  ဒါလေးဝတ်ထား"

လက်ကိုဆွဲယူပြီး ဝတ်ဆင်ပေးနေတဲ့
ပတ္တမြားလက်စွပ်လေးကိုငုံ့ ကြည့်ကာ
ကောင်းချီကို  မေးလိုက်သည်။

"ဘာဖြစ်လာတာလဲ ။  "

ပွဲဈေးက မုန့် လင်မယားသွားဝယ်ခိုင်းလိုက်တာ။ ပြန်လာတော့  ကောင်းချီမျက်နှာက တမျိုးဖြစ်လာသည်။
ဘာစကားတွေမှမပြောလဲ  ပေါင်းလာတဲ့
နှစ်တွေအရ  အရိပ်ပြရင် အကောင်မြင်၏။

"သက်ပုံ  ကျွန်တော်ပြောစရာရှိတယ်"

"အင်း "

လက်ဖျားတွေကို ဆုပ်ကိုင်ကာ ဆိုလာသည်မို့ သက်ပုံသေချာနားထောင်ပေးလိုက်သည်။

"ခုလာမဲ့ modelက  ခင်ဗျား အကို "

"……"

"အဲ့ဒါကြောင့်……"

ကောင်းချီက သက်ပုံ ရဲ့ မျက်နှာ သွင်ပြင်ပြောင်းလဲမူ့ ကိုကြည့်ကာ စကားကိုထိန်းပြောနေဟန်။စိတ်မရှည်တော့တာမို့ …

"အဲ့ဒါကြောင့် ငါကောင်းကောင်းမွန်မွန်နေရတယ်ဆိုတာသိအောင် သိန်းနှစ်ထောင် ကျော်တန် ပတ္တမြားလက်စွပ် ကောက်ဆင်ပေးတယ်ပေါ့ဟုတ်လား"

သက်ပုံ နှုတ်ခမ်းဆူပီး  မေးလိုက်သည်။
ကလေးဆန်လိုက်တာလို့ မဆူရက်ပါ။

ကောင်းချီက သူနားလည်သလောက်
သက်ပုံ ဒီမှာ နေတာ
မျက်နှာမငယ်ရဘူးဆိုတာကို  ပြောပြချင်တာ။

"ဟုတ်လားလို့ "

ထပ်မေးလိုက်မှ  မျက်ရည်ဝိုင်းကာ ခေါင်းညိမ့်ပြလာတယ်။

"ကျစ်! ဘာတွေဖြစ်နေတာလဲကောင်းစင်သန့် ချီ။  မင်းငါ့ကို ဘယ်နေရာ… ဘယ်အဆင့်အတန်းမှာ…ထားတယ်ဆိုတာ
မြင်တဲ့သူတိုင်း သိတယ်။ မျက်နှာကို ပြင်စမ်း။
မင်းအဲ့လို အားငယ်ပြနေရင် 
ငါက ကိုလေးနဲ့ ဘယ်လိုရင်ဆိုင်ရမှာလဲ"

"ခင်ဗျား စိတ်မပူဘူးလား"

"ဘာပူစရာရှိလဲ။ သူက ဧည့်သည်…
ငါကအိမ်ရှင်။
ငါ့ယောကျာ်းက  တံငါကုန်းရွာမှာ အချမ်းသာဆုံး ။ သူ့ တည်းမဲ့ အိမ်ကလဲ
ရွာမှာ ဘယ်သူမှ မဆောက်နိုင်သေးတဲ့
တိုက်။ ရေမီးအစုံ နဲ့ လေထီးခုန် ရုံ ပြည့်စုံအောင်ထားပေးထားတဲ့နေရာမှာ
မနေချင်ရင် ဂျောင်းပေါ့။
ဒီမှာ တွေ့ လား ……
ငါဝတ်ထားတဲ့ လက်စွပ်… တစ်ကွင်းထဲ သိန်း ၂၂၀၀တန်တယ်။
ငါ့ပိုင်ဆိုင်မူ့ ကို တွက်ပြရမလား ဘဏ်ထဲမှာရှိတဲ့ ငွေတင်
သိန်း၆၀၀၀ကျော်ရှိတယ်။  ပြီးတော့ ဘာကျန်သေးလဲ …အော် သိပီ  မင်းအခင်းကွက်တွေ ဘယ်လောက်တန်လဲ"

အာဘောင်ရင်းသန်သန်ပြောနေတာကို
ပါးစပ်လေးဟ ကာနားထောင်နေတဲ့ ကောင်းချီက  သူ့ ဖက်ကို လှည့်မေးတော့
ယောင်နန ပြောလာတယ် ။

"ကတ္တရာလမ်းခင်းပြီးရင်တော့
တစ်ပေ  နှစ်သိန်း အနည်းဆုံးတန်မယ်ထင်တယ်"

"အေး မင်းတွက်ကြည့်  ဆယ်ဧက ဆို ရင်
ငါဘယ်လောက်တောင်ချမ်းသာမလဲ ။
လက်ရှိငါဖွင့်ထားတဲ့ ဈေးဆိုင်တန်ဖိုးတောင်  သိန်းငါးရာအထက်မှာရှိတယ်။
အဲ့ဒါကို ငါက သူ့ ကို ဘာကြောက်နေရမှာလဲ? မဟုတ်ဘူးလား"

စကားဆုံးသည်ထိ ကောင်းချီ သက်ပုံဘာပြောတာလဲဆိုတာ ချက်ခြင်းနားမလည်သေး ။အတော်လေးကြာမှ 

"ဟာဗျာ ။ ကျွန်တော်က အကောင်းမှတ်
လို့ နာထောင်နေတာ သက်ပုံက လင်မယားအချင်းချင်း လာကြွားနေတယ်"

ချက်ခြင်း  ပြုံးပြုံးရယ်ရယ်ဖြစ်လာမှ  
သက်ပုံ သက်ပျင်းခိုးချရသည်။
စိတ်မပူဘူးလားဆိုတာတော့ မပူပဲနေမလား။ ကိုယ်ဘာကြီးဖြစ်နေနေ 
ကိုလေးက  သက်ပုံထက်အကြီး။
သွေရင်းသားရင်းညီအကိုမို့  မခေါ်ရင်တောင်  မတော်လို့ မှမရတာ။
ဘယ်လောက်ပဲ သက်ပုံလုပ်ပြနိုင်နိုင်
ကိုလေးကို အကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့
နည်းနည်းတော့ကြောက်တာပေါ့။

"သက်ပုံ ကျွန်တော် တို့ အိမ်ဟောင်းမှာ သွားနေရအောင်"

"ဘာဖြစ်လို့ လဲ  "

ကောင်းချီလက်မှာ ဆင်တူဝတ်ဆင်ထားတဲ့ လက်စွပ်လေးကို ငေးကာ မေးမိသည်။

"ဘယ်ကောင်းမလဲ သက်ပုံရယ်။
ခင်ဗျားအကိုက  ဘာပဲပြောပြော  ကျွန်တော့ယောက်ဖလေဗျာ။ သူရှေ့ မှာ
ခင်ဗျားနဲ့ တူတူ အခန်းထဲဝင်သွားဖို့ ဆိုတာ မဖြစ်သင့်ဘူး။ အဲ့ဒါကြောင့် သူရှိနေတုန်း ကျွန်တော်တို့    လေးစားတဲ့အနေနဲ့ အိမ်ဟောင်းမှာ သွားနေကြမယ်လေ "

ဟိုက သူ့ ကို မလိုချင်ခဲ့ဘူးဆိုတာ သိရက်နဲ့ ဒီယောကျာ်းကတော့တကယ်ပါပဲ။
စိတ်မကောင်းပေမဲ့  သက်ပုံခေါင်းညိမ့်ပြလိုက်တယ်။
ကောင်းချီကို သက်ပုံမိသားစုက
လက်ခံပေးစေချင်သည်။
ခက်တာက  သက်ပုံကို တောင်သွေးသားသံယောဇဉ်ဖြတ်ထားမှတော့ ဘာတက်နိုင်မှာတုန်း။

"တီ…တီ"

ကားဟွန်းတီးသံကြားတော့
ကောင်းချီက ထိတွေ့ နေတဲ့သက်ပုံလက်တွေ အလျှင်အမြန်ဖယ်ချလိုက်သည်။
မကျေနပ်စွာ မျက်စောင်းထိုးတော့
မသိသလို လုပ်ကာ အိမ်ပေါက်ဝ ကိုထွက်သွားကြို၏။

"ကောင်းကောင်းရေ  မင်းစောင့်နေတာနဲ့
အဆင်သင့်လိုက်တာ  ။ လာ… မင်းသား
အားနာနေစရာမလို ဘူး။ သူတို့ အိမ်က
ကြီးပေမဲ့ နှစ်ယောက်ထဲနေတော့ မင်းသားတို့ လွတ်လွတ်လပ်လပ်နေလို့ ရတယ်"

ချိန်း ကားပေါ်က ဆင်းလိုက်ပြီး မီးရောင်တွေ လင်းထိန်နေသော တိုက်ကိုမော့ကြည့်လိုက်သည်။
လမ်းခရီးကကြမ်းလွန်းသည်မို့ တကိုယ်လုံးကိုင်ရိုက်ထားသလိုပဲ ဖျားချင်သလိုတောင်ဖြစ်နေသည်။
လမ်းကလဲကြမ်း ရွာကလဲ ချောင်ကျကျထဲမှာမို့   အဆင်ပြေပါ့မလား စိုးရိမ်ခဲ့ရသည်။
အနည်းဆုံတော့ ပျဉ်ထောင်အိမ်ကောင်းကောင်းမှာသာနေရမယ်ထင်ထားပေမဲ့
ခေတ်မှီဆန်းသစ်သော ပန်းနုရောင်တိုက်ပုံစံကြောင့် အံသြတောင်သွားခဲ့ရသည်။

ဒီလိုရွာမှာ ဒီလိုအိမ်မျိုးရှိတာ ထူးဆန်းတယ်မို့ လား။
မီးမရတဲ့ ကျေးရွာမှာ တခြံလုံး နေမဝင်ကတည်းက  လင်းထိန်နေအောင်ထွန်းထားသည်မို့ သူတော်တော်လေး  စိတ်ကျေနပ်သွား၏။

သူ့ ကိုလာကြိုပေးတဲ့ လူကြီးက
ကောင်လေးတစ်ယောက်ကို ခေါ်ကာမိတ်ဆက်လာသည်မို့ ပြုံးပြလိုက်တော့ အားနာသလို ခါးညွှတ်ပီး ရိုရိုသေသေ ပြန်နှုတ်ဆက်လာတယ်။

ခပ်သန့် သန့် ရုပ်ရည်နဲ့ ကြည့်လိုက်တာနဲ့
ရိုးသားအေးချမ်းတဲ့ ပုံလေးကြောင့်
ချိန်း သက်တောင့်သက်သာ ဖြစ်သွား၏။
ချိန်းက လူအများကြီးနဲ့ ထိတွေ့ ဆက်ဆံရတယ်ဆိုပေမဲ့အပြောဆိုပိုင်းနဲ့ လူမူ့ ရေးတော့မညက်ညောပေ။

"ဟုတ်  အထဲဝင်ကြပါဗျ။  အောက်ထပ်ကတော့ ဈေးဆိုင်ဆိုတော့ နည်းနည်းတော့ရှုပ်တယ်။ အပေါ်မှာတော့ အေးအေးဆေးဆေး နားလို့ ရအောင် သေချာရှင်းပေးထားပါတယ်ဗျ"

"မင်းသား  လာဗျာ။ အားနာစရာ မလိုဘူး။
ဒီရွာမှာတော့ ဒီအိမ်က အကြီးဆုံးပဲ။
အပေါ်မှာ ဟိုတယ်တည်းရသလိုပဲ ရေချိုးခန်းအိမ်သာကအစ အပြင်ထွက်စရာမလိုအောင် အခန်းထဲမှာ ထည့်ပေးထားတယ်။
ကောင်းကောင်းတို့ ကလဲ လူငယ်တွေဆိုတော့  မင်းသား တို့ နေရတာ လွတ်လပ်တာပေါ့"

ရပ်ရွာလူကြီးကတော့ လိုက်ပို့ တယ်ဆိုပေမဲ့  နေရမခက်အောင်
ဦးဆောင်ပြောပေးနေတာမို့ ကောင်းချီက ဘယ်ရောက်သွားမှန်းမသိတဲ့ သက်ပုံကိုမျက်လုံးဝေ့ရှာမိသည်။

"အိမ်ပေါ်တခါထဲတက်လိုက်ပါလား
အောက်ထပ်က ပစ္စည်းတွေနဲ့ ဆိုတော့ နေရာကျဉ်းနေလို့ "

ချိန်း ဈေးဆိုင်ဆိုတာ ကို တအံ့တသြ
ငေးကြည့်မိသည်။
တောဈေးဆိုင်ဆိုတာ ယုံနိုင်စရာမရှိပေ။

အောက်ထပ် တထပ်လုံး  လူသွားလမ်းလေးပဲ လွတ်သည်။
မရှိတာမရှိ စုံစိနေအောင် ရောင်းချသည်မို့  နည်းနည်းတော့ အိမ်ပိုင်ရှင်တွေကိုအထင်ကြီးသွား၏။
ရပ်ရွာလူကြီးတွေပြောပုံအရ ဒီမှာ ညီအကိုနှစ်ယောက်ထဲနေသည်တဲ့။
လူငယ်တွေသာပြောတာ အလုပ်လဲအရမ်းကြိုးစားပြီး  အလှူအတမ်းလဲ ရက်ရောသည်တဲ့။
ခုဘုရားပွဲဖြစ်မြောက်ရေးအတွက်တောင်
သိန်းငါးဆယ်  မ တည်ပြီး လှူ တန်းသည်ဆိုပဲ။

ပိုပြီး အံ့အားသင့်စရာက အပေါ်ထပ် တထပ်လုံးပင်။

ဘုရားခန်းကအစ  ချိန်းတို့ အိမ်မှာ ရှိတဲ့
ဘုရားစင်ထပ်တောင် သားနားအောင် တည်ဆောက် ကပ်လှူထားသည်။
ပန်းနုရောင် သုတ်ထားတယ်ဆိုပေမဲ့
မြင်ရတာ ရိုင်းမသွားပဲ မျက်စိအေးသွားအောင် သေချာအရောင်စပ်ထားသည်မို့
ချိန်းကတော့ အတော်ကြီး  အမှတ်ပြည့်ပေးနေမိတော့သည်။

"အိမ်လေးဆောက်ထားတာ လှသားပဲ"

ဧည့်ခန်းမှာ ဝင်ထိုင်ကြရင်း ချိန်းဆိုတော့
ကောင်းကောင်းဆိုတဲ့ ကောင်လေးက
ပြုံးကာ ပြောလာ၏။

"သက်ပုံ  စိတ်တိုင်းကျဆောက်ထားတာ ။
သူက ပန်းရောင်ကြိုက်တယ်လေ။ "

အမှတ်တမဲ့ ကြားလိုက်ရတဲ့ သက်ပုံဆိုတဲ့ နာမည်ကြောင့်  ချိန်းမျက်မှောင်ကုတ်သွား၏။ သက်ပုံ ။ သက် မင်းပုံ ကိုပြောတာလားဆိုတာ ဇဝေဇဝါ။
သက်မင်းပုံ ကလဲ ပန်းရောင်ကြိုက်တက်သည်မို့   ချိန်း  မတင်မကျဖြစ်သွား၏။

"သက်ပုံ ဆိုတာ  …"

"သက်ပုံဆိုတာ ကျွန်တော်ပါ ။ သောက်ကြပါအုန်းဗျ။  သလဲသီးဖျော်ရည်လေးလုပ်ထားတယ်  ။ ဘာဧည့်ခံရမှန်းမသိစဉ်းစားနေတုန်း
အိမ်အပင်ကအသီးတွေမြင်တော့ စိတ်ကူးရသွားတာနဲ့ လုပ်ဖြစ်သွားတာ"

နောက်ပါးကထွက်လာတဲ့ အသံကြောင့်
ချိန်းတကိုယ်လုံးတောင့်တင်းသွား၏။
ဒီအသံကိုမမှတ်မိစရာမှမရှိတာ။
သူလှည့်မကြည့်မိအောင် ကြိုးစားပေမဲ့
ဘေးကနေ အအေး လာချပေးတဲ့ လက်တွေကိုတော့ မြင်ဖြစ်အောင်မြင်လိုက်ရသည်။
အဖြူရောင်သွယ်လျနေသော လက်တစုံမှာ တဖျတ်ဖျတ်လဲ့နေသော ကျောက်နီက
မီးရောင်ကြောင့် စူးရဲနေသည်။

ပြီးတော့ သလဲသီးဖျော်ရည်။
အိမ်မှာ သက်မင်းပုံရယ် ချိန်းရယ်က
သလဲသီးသိပ်ကြိုက်သည်။
မောမောနဲ့ ရူတင်ကနေပြန်လာရင်
သက်မင်းပုံ လက်ရာ သလဲသီးဖျော်ရည်ကိုသောက်လိုက်ရမှ အမောပြေရသည်။

"ဟာ  အတော်ပဲဟေ့ ရာသီဥတုပူတော့ အေးတာလေးသောက်ချင်နေတာနဲ့ အံကိုက်ပဲ  ။ ကိုသက် မင်းကတော့ တကယ့်ကောင်ပဲ။ မလုပ်တက်တာဘာရှိလဲ။ "

အုပ်ချုပ်ရေးမှူးက  တငုံမော့သောက်ရင်းဆိုလာပေမဲ့  ကိုလေးကတော့ 
နည်းနည်းတောင်မလှုပ်ရှားသေးပါ။
ကောင်းချီနဲ့ မလှမ်းမကမ်းမှာဝင်ထိုင်ရင်း
မဟုတ်တာလုပ်ထားသလို ခံစားချက်က ကိုလေးအကြည့်တို့ ကြောင့် ဖြစ်လာရသည်။

ကျွန်တော်တို့ မမှားဘူးလို့ ပြောပြချင်ပေမဲ့
သက်ပုံ  လူကြီးတွေနဲ့ သာစကားပြောနေမိသည်။

ဖြစ်နိုင်ရင် ကိုလေးကိုရင်မဆိုင်ဝင့်သေးတာမို့  ခေါင်းငုံ့ ထားချင်သော်လဲ
ဘေးမှာ ကောင်းချီရှိသေးသည်။
သက်ပုံ အရှုံးပေးလိုက်ရင် ကောင်းချီ
အမြဲ သိမ်ငယ်စိတ်ဝင်သွားလိမ့်မယ်။
စိတ်မပါပေမဲ့ အတော်ကြာစကားပြောပီးတဲ့နောက်မှာ   လူကြီးတွေပြန်သွားကြသည်။

တိတ်ဆိတ်သွားတဲ့ဧည့်ခန်းက သိသိသာသာ။

"ကိုလေး နားချင်ရင်  ဒီလျှောက်လမ်းအတိုင်း ဝင်သွားလိုက်။ အနောက်ဖျားဆုံး ဘယ်ဖက်က အခန်းက ကိုလေးအခန်း။
ဒီဖက်က အကိုကလဲ  ကပ်ရပ်အခန်းမှာ ပြင်ထားပေးထားတယ်။ လိုအပ်ရင် ကျွန်တော်တို့ ဟိုဖက်အိမ်မှာရှိတယ်။ ည သီချင်းဆိုသွားရင် လှေကားဘေးက တံခါးဖွင့်ထွက်လို့ ရတယ်"

ဘာမှမရှိတော့တဲ့ ကိုလေးရှေ့ က ဖန်ခွက်ကို ကြည့်ကာ
ူသက်ပုံ မတ်တပ်ထရပ်လိုက်သည်။
ပြောစရာစကားမှမရှိတော့တာ။
ကိုလေးကလဲ သက်ပုံကိုမြင်ချင်မှာ မဟုတ်သလို သက်ပုံကလဲ ကိုလေးကိုစကားတွေအများကြီး ပြောဖို့ အဆင်မပြေသေးပါ။
ပြန်ခါနီးတွင်  ကိုလေးရှေ့ ကို အကိုက်အခဲပျောက်ဆေးကဒ်လေးချပေးခဲ့မိသည်။
ဒီလမ်းဒီခရီးကို လာခဲ့ရတာမို့ ကိုလေး
ကိုက်ခဲပြီးနေမကောင်းဖြစ်ချင်နေမှာသေချာသည်။

ညအိပ်ခါနီးတွင် သက်ပုံ ဘုရားရှစ်ခိုးရင်းဆုတခုကို တိုးတိတ်စွာဆုတောင်းမိသည်။

မိသားစုအပေါ်ထားတဲ့ မေတ္တာစေတနာ
တို့ ကြောင့် မှားယွင်းနေတဲ့သူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းတရားတွေကို  အမြန်ဆုံးလက်ခံပေးနိုင်ပါစေဟု …………

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz