ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

46

eainsi23

သိပ္မႀကာခင္မွာပဲ တံငါကုန္းရြာရဲ့ အႀကီးက်ယ္ဆံုး ဘုရားပြဲကို က်င္းပဖို ့ျဖစ္လာ၏။
ရြာဦးေစတီ ေရွ ့ကကြင္းျပင္က်ယ္တြင္လဲ
နယ္လွည့္ေစ်းသည္မ်ားျဖင့္ ျပည့္ေနကာက်င္းပရန္
နွစ္ရက္ခန္ ့ လိုေသးတိုင္ေအာင္
သြားလာလည္ပတ္သူမ်ားနဲ ့စည္ကားစျပဳေနျပီျဖစ္သည္။
တစ္နွစ္တခါ ျပဳလုပ္တဲ့ ဘုရားပြဲ ဆိုေပမဲ့
ရြာရဲ့ ကိုးကြယ္ရာ တန္ခိုးႀကီးဘုရား ျဖစ္သည္မို ့ အႀကီးက်ယ္ဆံုး ျဖစ္ေအာင္
ျပဳ လုပ္ေလ့ရွိျပီး ပြဲငွား...ဇာတ္ထည့္တာေတြလဲလုပ္ေပးေလ့ရွိသည္။

ခါတိုင္း ဇာတ္ပြဲနဲ ့အတူ မင္းသားမင္းသမီးေတြပါေဖ်ာ္ေျဖဖို ့ထည့္ငွားေလ့ရွိျပီး
ဒီနွစ္အတြက္ ဘယ္သရုပ္ေဆာင္ငွားထားသလဲဆိုတာေတာ့
ခုထိမသိေသးတာေႀကာင့္တရြာလံုးစိတ္ဝင္စားေနႀက၏။

သက္ပံုတို ့က ေစ်းသည္ပီပီ အမ်ွာ္ျမင္ႀကီးစြာပဲ ဒီရက္ပိုင္း အဝတ္အထည္ေတြ မ်ားစြာ ဝယ္ေရာင္းျဖစ္သည္။
တနွစ္မွတခါဘုရားပြဲမို ့ အဝတ္အထည္သည္ ပါသေလာက္ မေလာက္ေအာင္ေရာင္းရေလသည္။
ပြဲေစ်း ရွိတယ္လို ့အသံႀကားကတည္းက သက္ပံု ကိုယ္တိုင္မႏၱေလးဆင္းကာ
ေစ်းခ်ိဳတခြင္ျပဲျပဲစင္ေအာင္ ေတာ ရြာအႀကိဳက္မ်ားကို ေသခ်ာ စီစစ္ဝယ္ေရာင္းသည္
မို ့လက္က်န္အထည္ေတာင္ သိပ္မက်န္သည္ထိေရာင္းကုန္သည္။

အထည္ေရာင္းသည္ဆိုတာ လြယ္ေတာ့မလြယ္ပါ။ ဝယ္မေရာင္းတက္လ်ွင္ လက္က်န္ မ်ားက်န္တက္သည္။လက္က်န္မ်ားရင္
အျမတ္မရွိနိုင္ပါ။ ပံုမွန္ဆို သက္ပံုက အထည္မေရာင္းေပ။ အစ ကိုက္ထိုးမ်ား သာေရာင္းတက္ပီး ဘုရားပြဲရွိ၍ရြာရွိ အပ်ိဳလူပ်ိဳေလးမ်ား ေကာင္းေကာင္းမြန္မြန္ ဝတ္ရေအာင္ ေစတနာနဲ ့သာ ဝယ္ေရာင္းေပးျခင္းျဖစ္သည္။

"ကိုသက္ က်ြန္ေတာ္ တို ့ ခြင့္မေတာင္းပဲဝင္ခဲ့လိုက္ပီဗ်ာ"

"ဟာ ရပါတယ္ဗ်ာ။ ဝင္ႀကပါ ဘာကိစၥရွိလို ့လဲ မသိဘူး။ ေကာင္းခ်ီကေတာ့ အျပင္သြားလို ့မရွိဘူးဗ်။ "

ရပ္ရြာလူႀကီးအပါအဝင္ ရပ္ကြက္ရာအိမ္မွဴးနွစ္ေယာက္ေရာပါသည္မို ့သက္ပံု ေစ်းေရာင္းေနတာကို ျမသက္ကိုလႊဲကာ ဧည့္ေတြနားသြားကာ ဧည့္ခံစကားေျပာရ၏။

"ရတယ္ ။ ကိုသက္နဲ ့ပဲေျပာသြားလိုက္မယ္...... ။ ဒီလို ကိုသက္ေရ ဦးေလးတို ့ဘုရားပြဲ ကိုနွစ္တိုင္းႀကီးႀကီးက်ယ္က်ယ္က်င္းပေပးတက္တာ ကိုသက္လဲႀကားမွာပါ။ "

"ဟုတ္ "

"တျခားမဟုတ္ဘူး။ ဒီနွစ္ေဖ်ာ္ေျဖမဲ့
ဇာတ္ထဲမွာ ငွားေပးတဲ့ သရုပ္ေဆာင္ကို
ဦးေလးတို ့ကိုသက္အိမ္မွာ တည္းေစခ်င္လို ့ပါ။ သိတဲ့အတိုင္း ရြာထဲမွာ ကိုသက္တို ့အိမ္က အျပည့္စံုဆံုးဆိုေတာ့ ..."

"ေအာ္...ဘာမ်ားလဲလို ့။ ရတာက ရပါတယ္။ ဒါေပမဲ့ သိတဲ့ အတိုင္း မနက္ဆို ဆိုင္က ေစ်းေရာင္းတာဆိုေတာ့ လာတည္းရင္ ေအာက္ထပ္က ဆူညံတာေတြ အဆင္ေျပပါ့မလား။ အေပၚထပ္က အသံလံုတယ္ဆိုေပမဲ့ ေစ်းဝယ္မ်ားလို ့
တစ္ေယာက္တေပါက္ ေအာ္က်ဟစ္က်ရင္
ႀကားတာေတာ့ႀကားရမွာမို ့ပါ"

သက္ပံု ေသခ်ာေျပာျပလိုက္သည္။
သူ ့ဆိုင္က မနက္ဆို ေလးနာရီေလာက္ကတည္းက ဆိုင္ဖြင့္တာဘာညာနဲ ့ဆူညံေနတက္သည္မို ့ႀကိဳေျပာလိုက္ျခင္းသာ။ မဟုတ္ရင္ အားနာေနရမွာျဖစ္သည္။

"အဲ့ဒါေတာ့ဘယ္တက္နိုင္ပါ့မလဲ။
ဒီမွာေနရင္ေတာ့ ေကာင္းေကာင္းမြန္မြန္ေနရမွာဆိုေတာ့ အဆင္ေျပမွာပါ"

"ဟုတ္ကဲ့ ဒါဆိုလဲ တည္းလို ့အဆင္ေျပပါတယ္။ အေပၚထပ္မွာ လူေနတာဆိုေတာ့ ျပည့္ျပည့္စံုစံုတခါထဲ အဲ့မွာ အကုန္ထားထားတယ္။ အခန္းကလဲ အပို ေလးခန္းေလာက္ေတာ့ရွိတယ္ဗ်။ လူက ဘယ္နွစ္ေယာက္ေနမွာလဲ"

အရင္ ေစ်းေရာင္းမယ္လို ့စဥ္းစားထားကတည္းက အေပၚထပ္ကို အိမ္တလံုးလိုပဲသက္ပံုက ျပင္ဆင္ထားတာ။
တထပ္လံုး ေအာက္ဆင္းစရာမလိုေအာင္
မီးဖိုေခ်ာင္ကအစ မခ်က္စားေပမဲ့ တခါထဲ ထည့္ထားျပီးသားမို ့မ်က္နွာမျပခ်င္တဲ့ သရုပ္ေဆာင္ေတြအတြက္ကေတာ့အဆင္ေျပမွာပါ။

"လူက နွစ္ေယာက္ ထဲပါ။ စိတ္ခ်ပါ
ကိုသက္တို ့ဝန္မပိေစရပါဘူး။ စားတာေသာက္တာ ဧည့္ခံတာက စလို ့
အကုန္ ဦးေလးတို ့ဖက္က တာဝန္ယူပါတယ္။ "

ရပ္ရြာလူႀကီးစကားေႀကာင့္
သက္ပံု အလြယ္တကူပဲ လက္ခံလိုက္သည္။ ေလးငါးရက္ေလာက္အေနအထိုင္ဆင္ျခင္ရမွာကလြဲျပီး သက္ပံုတို ့ထူးျပီးမွမပင္ပန္းတာ။ မဟုတ္လဲ တေနကုန္ေအာက္ထပ္မွာေစ်းေရာင္းေနရသည္မို ့ မ်က္နွာျခင္းဆိုင္ေတြ ့ဖို ့ မျဖစ္နိုင္ပါ။
တခုပဲ မဖြင့္တာႀကာတဲ့ ဧည္သည္ခန္းေတြ သန္ ့ရွင္းေရးဝင္ရမွာကိုပင္။
ပိတ္ထားသည္ဆိုေပမဲ့ ဖုန္ကေတာ့အနည္းငယ္ရွိမည္ထင္သည္။

လူႀကီးေတြျပန္သြားသည့္တိုင္
အခန္းရွင္းဖို ့သက္ပံုစိတ္ညစ္ေနမိသည္။

"ကိုသက္ ေနမေကာင္းျဖစ္လို ့ေဆးစပ္ေပးပါအုန္းတဲ့"

မာလာအသံေႀကာင့္ သက္ပံု ထိုင္ရာမွ
ထရေတာ့သည္။
ေဆးေရာင္းတာကေတာ့ သက္ပံုတစ္ေယာက္သာ ေရာင္းတက္သည္မို ့

ဘယ္လို ေနမေကာင္းတာလဲ။
ဘယ္ခ်ိန္ကလဲ ။
ဘာေဆးေသာက္ထားလဲ အကုန္ေမးျပီးမွ
ေဆးစပ္ကာေရာင္းေပးလိုက္သည္။
ေကာင္းခ်ီက ရြာဦးေစတီ ဘုရားကို
လုပ္အားေပးသြားသည္။
ခုခ်ိန္ဆို ဘုရားကိုသြားတဲ့လမ္းတစ္ေလ်ွာက္မွာ မိုးကုန္စမို ့ျခံဳေတြျပည့္ေနတက္၏။
တစ္အိမ္တစ္ေယာက္ လုပ္အားဒါနမို ့
ေကာင္းခ်ီကေတာ့ မိုးမလင္းကတည္းက
ဓားမ ခါးထိုးျပီးသြားေလသည္။

ေစ်းဝယ္မ်ားအေတာ္ရွင္းသြားခ်ိန္ေလာက္တြင္ ေကာင္းခ်ီတစ္ေယာက္ ေခ်ြးတရြဲရြဲနဲ ့ျပန္လာေလသည္။
အသြားတုန္းကအတိုင္း ခါးႀကားမွာ ဓားမႀကီးကတန္းလန္း။
လက္တဖက္မွာလဲ အထုတ္တထုတ္က ကိုင္လို ့။

"မင္းကေလ ေနရာတကာ ငါလိုက္
မေျပာရရင္ကိုမျပီးဘူး။ မေတာ္တဆ ခါးႀကားကေန ျပဳတ္က်ရင္ ေျခေထာက္က ထိခိုက္မိအုန္းမယ္။ မျဖစ္ပါဘူးဗ်ာလို ့ေတာ့ ငါ့ကိုအထြန္ ့မတက္နဲ ့ ။ ေဆးရုံမွားဓားျပဳတ္က်လို ့
ဖေနွာင့္ျပတ္တဲ့ လူနာေတြငါျမင္ဖူးတယ္"

အျမင္မေတာ္ေတာ့ ဆူမိေရာ။
သူ ့ကို ကိုယ္ကသာ စိတ္ပူပီးေျပာေနရတာ။ သူကေတာ့ ေအးရာေအးေႀကာင္းပဲ သက္ပံုထိုင္ေနတဲ့ေဘးလာထိုင္ပီး လက္ထဲက ကိုင္လာတဲ့ အထုတ္ကိုစားပြဲေပၚတင္ေပးလာတယ္။

"ငါေျပာတာႀကားလား ေကာင္းစင္သန္ ့ခ်ီ"

ေဒါသသံေလးပါလာေတာ့ ခါးႀကားကဓားကို ထုတ္ပီး ေဘးကိုခ်သည္။
ျပီးမွ သက္ပံုဖက္ကိုလွည့္ကာ
တြန္ ့ေကြးေနတဲ့ မ်က္ခံုးေတြကိုလက္နဲ ့ျဖန္ ့ေပးသည္။

"ေနာက္မလုပ္ေတာ့ပါဘူးဗ်ာ။
ေဒါသေတာ့မထြက္လိုက္ပါနဲ ့။ ဒီမွာ
မုန္ ့ႀကက္ဥဝယ္လာတယ္။ သက္ပံု ေတာ့စားဖူးမလားမသိဘူး။ က်ြန္ေတာ္ငယ္ငယ္ကေတာ့ ပခုကၠဴဖက္က အေဖအလုပ္လုပ္ျပန္လာရင္ဝယ္လာတက္ေတာ့စားဖူးတယ္"

အိတ္ကိုဖြင့္ျပျပီး ေကာင္းခ်ီက ေခ်ာ့ေမာ့ပီးဆိုလာတယ္။
နဂိုကတည္းက စိတ္ဆိုးတာမဟုတ္ေတာ့
သက္ပံု အႀကာႀကီးစိတ္မေကာက္ျဖစ္ပါ။
မုန္ ့ႀကက္ဥဆိုတဲ့ မုန္ ့က အရမ္းခ်ိဳေပမဲ့
သက္ပံုလဲ ႀကိဳက္ပါသည္။
သႀကားရည္ ေစးေပါက္ေနတဲ့ မုန္ ့ပိုင္းတခုကို ပါးစပ္ထဲသြပ္သြင္းကာ
ေကာင္းခ်ီကိုမ်က္ေစာင္းထိုးလိုက္ေသာ္လဲ
ေမာင္မင္းႀကီးသားက အဖက္မလုပ္ပဲ
ေစးကပ္ေနတဲ့ သက္ပံုလက္ေတြကို သူ ့ခါးက ပုဆိုးခါးပံုစနဲ ့အတင္းသုပ္ေပးေန၏။

-
-
-

ဒီေန ့ ဘုရားပြဲ စပါျပီ။ ငွားရမ္းထားတဲ့ မႏၱေလးဇာတ္ပြဲက မိုးလင္းကတည္းကေရာက္ေနျပီး ေဆာက္ေပးထားေသာ ရြာကြင္းျပင္က်ယ္ထဲက သစ္သားဇာတ္စင္မွာ ဇာတ္ကလို ့ရေအာင္ ကားလိပ္ေတြဆင္ေန၏။

သီခ်င္းဆို ေပးမဲ့ နာမည္ႀကီး ေမာ္ဒယ္ဆိုတဲ့ တစ္ေယာက္ကေတာ့ ညေနပိုင္းေလာက္မွ ကိုယ့္ကားနဲ ့ကိုယ္လာမည္ဆိုတာကလြဲျပီး က်န္တာ ဘယ္သူဘယ္ဝါဆိုတာသက္ပံုတို ့မသိပါ။
ကိုယ့္အလုပ္နဲ ့ကိုယ္လဲ မအားသည္မို ့အထူးတလည္ ေစာင့္ေမ်ွာ္မေနျဖစ္ေပ။
အေပၚထပ္ဧည့္သည္ခန္းနွစ္ခန္းကို သန္ ့ရွင္းေရးလုပ္ေပးထားျပီး ေရခဲေသတၱာထဲမွာ ေရသန္ ့ဘူးေတြအျပင္ အခ်ိဳရည္ဘူးနဲ ့စားစရာအမ်ားအျပားကိုလဲ အိမ္ရွင္ရဲ့၀တၱရားအတိုင္းေဆာင္ရြက္ေပးထားျပီးျပီမို ့
က်န္တာေတာ့ သက္ပံု လွည့္မႀကည့္ျဖစ္ေတာ့ပါ။

"ေကာင္းခ်ီ ေရသြားခ်ိဳးေခ်အုန္း။ ေတာ္ႀကာ ဧည့္သည္ေတြလာရင္ မင္းကိုအလုပ္သမားထင္ေနအုန္းမယ္"

ပိုက္ဆံေရတြက္ရင္းလွမ္းေအာ္ေျပာလိုက္သည္။ တမနက္လံုး အိမ္ေဟာင္းထဲက စားဆီပံုးေတြ သူပဲ ထမ္းထုတ္ေပးေနတာမို ့ ညစ္ပတ္ေနတာမွ ေႀကာင္ေခ်းရုပ္ေလးအတိုင္းပင္။
ကိုထက္တို ့လဲ ရွိေနသည္မို ့
ေကာင္းခ်ီကို သန္ ့သန္ ့ရွင္းရွင္းေလးေနေစခ်င္သည္။
မဟုတ္လဲ တနွစ္တခါ ဘုရားပြဲမို ့ႀကံဳတုန္းေလး ေကာင္းခ်ီကို လူငယ္ပီပီျဖတ္သန္းေစခ်င္သည္။
ကေလးေတြကလဲ ညကို
ပြဲႀကည့္ခ်င္သည္ဟု ခြင့္ေတာင္းလာတာေႀကာင့္ ဒီေန ့ဆိုင္ကိုေစာေစာပိတ္မည္။

ပြဲရက္တေလ်ွာက္လံုးေတာ့ ဆိုင္ ပိတ္ေပးလို ့မျဖစ္ပါ။
တနွစ္တခါမို ့ပြဲႀကည့္ဖို ့ တက္ႀကြေနတဲ့ကေလးေတြကိုလဲ မတားျမစ္ခ်င္သည္ေႀကာင့္ အခ်ိန္ညွိဖို ့ဆံုးျဖတ္လိုက္သည္။

"ဆုုိင္ေတာ့ပိတ္လို ့မျဖစ္ဘူးဆိုတာ သမီးတို ့သိတယ္မို ့လား။ ဒီလို လုပ္ ... ဇာတ္
သံုးည ထည့္မွာဆိုေတာ့ ကိုသက္တို ့
ဆိုင္ရက္ရွည္နားေပးလို ့ေတာ့မရဘူး။
မနက္ဆို နွစ္ေယာက္တတြဲ အိပ္ေရးဝရင္ သံုးနာရီဆီလာကူေရာင္းေပး။ က်န္တာေတာ့ ကိုသက္နဲ ့ညည္းတို ့ ကိုေကာင္းေကာင္းနဲ ့အဆင္ေျပေအာင္ဖြင့္ထားလိုက္မယ္ဘယ္လိုလဲ အဲ့တိုင္းလုပ္ႀကမလား"

"ဟုတ္ ရပါတယ္"

သံျပိဳင္ အက်ယ္ႀကီးထြက္လာတာမို ့
သက္ပံု လန္ ့သြား၏။ သူ ့ကေလးေတြ တကယ္ ဘုရားပြဲ သြားဖို ့တက္ႀကြေနတာပဲ။

"ျဖည္းျဖည္းေအာ္ႀကပါဟ ။ ငါ့နားေတြ
အူကုန္ျပီ။ ကဲကဲ ဒါဆို အားအဲ့သူ ဆိုင္သိမ္းမယ္။ ဒီေန ့ ေစာေစာ ပိတ္ႀကတာေပါ့။
မဟုတ္လဲ ညည္းတို ့ျပန္ခ်င္လြန္းလို ့ဖင္တႀကြႀကြျဖစ္ေနႀကပီမို ့လား"

"ေဟးးးး"

အခ်ိန္အားျဖင့္ ညေနသံုးနာရီထိုးေတာ့မွာမို ့ ကေလးေတြက အိမ္ျပန္ဖို ့ စိတ္ေစာေနႀက၏
ျပန္ရေတာ့မည္ဆိုေတာ့ အကုန္ေအာ္ဟစ္ကာ ခုန္ေပါက္ကုန္ႀကသည္။
သက္ပံုသေဘာက်စြာျပံဳးရင္ အံဆြဲထဲက
ငါးေထာင္တန္အုပ္ကိုထုတ္လိုက္၏။

"ကိုထက္ တို ့လာႀက မုန္ ့ဖိုးေပးမယ္"

ေစ်းဝယ္မရွိေပမဲ့ ေကာင္းခ်ီရဲ့ညီ
ပီသစြာ
ကိုထက္က အိမ္ေရွ ့ကသစ္ရြက္ေျခာက္ေတြကို လွည္းက်င္းေနသည္။

"ေရာ့ ပြဲေစ်းသံုးရေအာင္ မင္းတို ့ေမာင္နွမသံုးေယာက္ တစ္ေယာက္နွစ္ေသာင္းဆီ... ဟိတ္ ဟိုကေလးမေတြ အားတဲ့သူဒီကိုလာ
မုန္ ့ဖိုးယူႀက။ "

ေျခာက္ေသာင္းထုတ္ေပးေတာ့ တရုိတေသလွမ္းယူသည္။
သက္ပံု ဒီေန ့တဆိုင္လံုးမုန္ ့ဖိုးေပးမွာမို ့
ကိုထက့္တို ့ကိုေပးျပီးေတာ့ ကေလးေတြကိုပါလွမ္းေခၚလိုက္သည္။
အားတဲ့သူလာဆိုတာကို တျပံဳလံုးအကုန္ေျပးလာႀကသည္။
ေစ်းဝယ္သူေတြကလဲ ျပံဳးႀကည့္ကာ
ရပ္ေစာင့္ေပးေနႀကသည္မို ့ ေပ်ာ္ေပ်ာ္ပါးပါးပင္ တစ္ေယာက္ တစ္ေသာင္းနဲ ့
ဝမ္းဆက္ တစံုစီ ေပးျဖစ္သည္။
သက္ပံု မုန္ ့ဖိုးေဝေနတုန္း ေကာင္းခ်ီက
ေရခ်ိဳးျပီး ျပန္ဆင္းလာတာနဲ ့ႀကံဳကာ
သူပါ ကေလးေတြေနာက္မွာ တန္းစီေနေလသည္။

"မင္းက ကေလးလား။ ဖယ္ မင္းမပါဘူး"

ေနာက္ဆံုးပိတ္ ဇင္ဇင္ဆိုတဲ့ေကာင္မေလးကို ေဝျပီးေတာ့ ေကာင္းခ်ီက သူ ့ကိုေရာေပးဆိုတဲ့ သေဘာနဲ ့လက္ျဖန္ ့ေတာင္းလာသည္။

"မရပါဘူး။ က်ြန္ေတာ္လဲ ကေလးပဲ။ မုန္ ့ဖိုးရခ်င္တယ္ေပးပါ "

အနည္ငယ္ ခ်ြဲတဲ့ေလသံေလး နဲ ့ေျပာလာေတာ့ မေပးေတာ့ဘူးလုပ္ထားတဲ့လက္က ငါးေထာင္တန္ အထပ္လိုက္ကို
ႀကည္ျဖဴစြာ ဆြဲထုတ္ေပးသည္။
မတက္နိုင္ဘူး ဘယ္သူမွ
ကိုယ္ေယာက်ာ္းေလာက္ ခ်စ္စရာမွ
မေကာင္းတာ။
မ်က္နွာလိုက္သည္ပဲေျပာေျပာ
ေကာင္းစင္သန္ ့ခ်ီ သည္သာ ခ်စ္စရာ
အေကာင္းဆံုးပင္။

"ခ်စ္တဲ့ သက္ပံု အေတာ္ဆံုး"

ေပးတဲ့ပိုက္ဆံကို ေပ်ာ္ရႊင္စြာလက္ခံယူျပီး
ေကာင္းခ်ီေျပာလာ၏။
ေပးရတဲ့သူ စိတ္ခ်မ္းသာေအာင္
လုပ္တက္လြန္းတဲ့ ကေလးေလးကို
သက္ပံုကလဲ ပါးေလးဆြဲကာ ျပန္ေျပာလိုက္သည္။

"ကေလးေတြႀကားထဲမွာလဲ မင္းက
ခ်စ္စရာအေကာင္းဆံုး"

ခ်စ္တဲ့အိမ္စည္။

>>>>>><<<<<<<

သိပ်မကြာခင်မှာပဲ တံငါကုန်းရွာရဲ့ အကြီးကျယ်ဆုံး ဘုရားပွဲကို ကျင်းပဖို့ ဖြစ်လာ၏။
ရွာဦးစေတီ ရှေ့ ကကွင်းပြင်ကျယ်တွင်လဲ
နယ်လှည့်ဈေးသည်များဖြင့် ပြည့်နေကာကျင်းပရန်
နှစ်ရက်ခန့် လိုသေးတိုင်အောင်
သွားလာလည်ပတ်သူများနဲ့ စည်ကားစပြုနေပြီဖြစ်သည်။
တစ်နှစ်တခါ ပြုလုပ်တဲ့ ဘုရားပွဲ ဆိုပေမဲ့
ရွာရဲ့ ကိုးကွယ်ရာ တန်ခိုးကြီးဘုရား ဖြစ်သည်မို့ အကြီးကျယ်ဆုံး ဖြစ်အောင်
ပြု လုပ်လေ့ရှိပြီး ပွဲငှား...ဇာတ်ထည့်တာတွေလဲလုပ်ပေးလေ့ရှိသည်။

ခါတိုင်း ဇာတ်ပွဲနဲ့ အတူ မင်းသားမင်းသမီးတွေပါဖျော်ဖြေဖို့ ထည့်ငှားလေ့ရှိပြီး
ဒီနှစ်အတွက် ဘယ်သရုပ်ဆောင်ငှားထားသလဲဆိုတာတော့
ခုထိမသိသေးတာကြောင့်တရွာလုံးစိတ်ဝင်စားနေကြ၏။

သက်ပုံတို့ က ဈေးသည်ပီပီ အမျှာ်မြင်ကြီးစွာပဲ ဒီရက်ပိုင်း အဝတ်အထည်တွေ များစွာ ဝယ်ရောင်းဖြစ်သည်။
တနှစ်မှတခါဘုရားပွဲမို့ အဝတ်အထည်သည် ပါသလောက် မလောက်အောင်ရောင်းရလေသည်။
ပွဲဈေး ရှိတယ်လို့ အသံကြားကတည်းက သက်ပုံ ကိုယ်တိုင်မန္တလေးဆင်းကာ
ဈေးချိုတခွင်ပြဲပြဲစင်အောင် တော ရွာအကြိုက်များကို သေချာ စီစစ်ဝယ်ရောင်းသည်
မို့ လက်ကျန်အထည်တောင် သိပ်မကျန်သည်ထိရောင်းကုန်သည်။

အထည်ရောင်းသည်ဆိုတာ လွယ်တော့မလွယ်ပါ။ ဝယ်မရောင်းတက်လျှင် လက်ကျန် များကျန်တက်သည်။လက်ကျန်များရင်
အမြတ်မရှိနိုင်ပါ။ ပုံမှန်ဆို သက်ပုံက အထည်မရောင်းပေ။ အစ ကိုက်ထိုးများ သာရောင်းတက်ပီး ဘုရားပွဲရှိ၍ရွာရှိ အပျိုလူပျိုလေးများ ကောင်းကောင်းမွန်မွန် ဝတ်ရအောင် စေတနာနဲ့ သာ ဝယ်ရောင်းပေးခြင်းဖြစ်သည်။

"ကိုသက် ကျွန်တော် တို့ ခွင့်မတောင်းပဲဝင်ခဲ့လိုက်ပီဗျာ"

"ဟာ ရပါတယ်ဗျာ။ ဝင်ကြပါ ဘာကိစ္စရှိလို့ လဲ မသိဘူး။ ကောင်းချီကတော့ အပြင်သွားလို့ မရှိဘူးဗျ။ "

ရပ်ရွာလူကြီးအပါအဝင် ရပ်ကွက်ရာအိမ်မှူးနှစ်ယောက်ရောပါသည်မို့ သက်ပုံ ဈေးရောင်းနေတာကို မြသက်ကိုလွှဲကာ ဧည့်တွေနားသွားကာ ဧည့်ခံစကားပြောရ၏။

"ရတယ် ။ ကိုသက်နဲ့ ပဲပြောသွားလိုက်မယ်...... ။ ဒီလို ကိုသက်ရေ ဦးလေးတို့ ဘုရားပွဲ ကိုနှစ်တိုင်းကြီးကြီးကျယ်ကျယ်ကျင်းပပေးတက်တာ ကိုသက်လဲကြားမှာပါ။ "

"ဟုတ် "

"တခြားမဟုတ်ဘူး။ ဒီနှစ်ဖျော်ဖြေမဲ့
ဇာတ်ထဲမှာ ငှားပေးတဲ့ သရုပ်ဆောင်ကို
ဦးလေးတို့ ကိုသက်အိမ်မှာ တည်းစေချင်လို့ ပါ။ သိတဲ့အတိုင်း ရွာထဲမှာ ကိုသက်တို့ အိမ်က အပြည့်စုံဆုံးဆိုတော့ ..."

"အော်...ဘာများလဲလို့ ။ ရတာက ရပါတယ်။ ဒါပေမဲ့ သိတဲ့ အတိုင်း မနက်ဆို ဆိုင်က ဈေးရောင်းတာဆိုတော့ လာတည်းရင် အောက်ထပ်က ဆူညံတာတွေ အဆင်ပြေပါ့မလား။ အပေါ်ထပ်က အသံလုံတယ်ဆိုပေမဲ့ ဈေးဝယ်များလို့
တစ်ယောက်တပေါက် အော်ကျဟစ်ကျရင်
ကြားတာတော့ကြားရမှာမို့ ပါ"

သက်ပုံ သေချာပြောပြလိုက်သည်။
သူ့ ဆိုင်က မနက်ဆို လေးနာရီလောက်ကတည်းက ဆိုင်ဖွင့်တာဘာညာနဲ့ ဆူညံနေတက်သည်မို့ ကြိုပြောလိုက်ခြင်းသာ။ မဟုတ်ရင် အားနာနေရမှာဖြစ်သည်။

"အဲ့ဒါတော့ဘယ်တက်နိုင်ပါ့မလဲ။
ဒီမှာနေရင်တော့ ကောင်းကောင်းမွန်မွန်နေရမှာဆိုတော့ အဆင်ပြေမှာပါ"

"ဟုတ်ကဲ့ ဒါဆိုလဲ တည်းလို့ အဆင်ပြေပါတယ်။ အပေါ်ထပ်မှာ လူနေတာဆိုတော့ ပြည့်ပြည့်စုံစုံတခါထဲ အဲ့မှာ အကုန်ထားထားတယ်။ အခန်းကလဲ အပို လေးခန်းလောက်တော့ရှိတယ်ဗျ။ လူက ဘယ်နှစ်ယောက်နေမှာလဲ"

အရင် ဈေးရောင်းမယ်လို့ စဉ်းစားထားကတည်းက အပေါ်ထပ်ကို အိမ်တလုံးလိုပဲသက်ပုံက ပြင်ဆင်ထားတာ။
တထပ်လုံး အောက်ဆင်းစရာမလိုအောင်
မီးဖိုချောင်ကအစ မချက်စားပေမဲ့ တခါထဲ ထည့်ထားပြီးသားမို့ မျက်နှာမပြချင်တဲ့ သရုပ်ဆောင်တွေအတွက်ကတော့အဆင်ပြေမှာပါ။

"လူက နှစ်ယောက် ထဲပါ။ စိတ်ချပါ
ကိုသက်တို့ ဝန်မပိစေရပါဘူး။ စားတာသောက်တာ ဧည့်ခံတာက စလို့
အကုန် ဦးလေးတို့ ဖက်က တာဝန်ယူပါတယ်။ "

ရပ်ရွာလူကြီးစကားကြောင့်
သက်ပုံ အလွယ်တကူပဲ လက်ခံလိုက်သည်။ လေးငါးရက်လောက်အနေအထိုင်ဆင်ခြင်ရမှာကလွဲပြီး သက်ပုံတို့ ထူးပြီးမှမပင်ပန်းတာ။ မဟုတ်လဲ တနေကုန်အောက်ထပ်မှာဈေးရောင်းနေရသည်မို့ မျက်နှာခြင်းဆိုင်တွေ့ ဖို့ မဖြစ်နိုင်ပါ။
တခုပဲ မဖွင့်တာကြာတဲ့ ဧည်သည်ခန်းတွေ သန့် ရှင်းရေးဝင်ရမှာကိုပင်။
ပိတ်ထားသည်ဆိုပေမဲ့ ဖုန်ကတော့အနည်းငယ်ရှိမည်ထင်သည်။

လူကြီးတွေပြန်သွားသည့်တိုင်
အခန်းရှင်းဖို့ သက်ပုံစိတ်ညစ်နေမိသည်။

"ကိုသက် နေမကောင်းဖြစ်လို့ ဆေးစပ်ပေးပါအုန်းတဲ့"

မာလာအသံကြောင့် သက်ပုံ ထိုင်ရာမှ
ထရတော့သည်။
ဆေးရောင်းတာကတော့ သက်ပုံတစ်ယောက်သာ ရောင်းတက်သည်မို့

ဘယ်လို နေမကောင်းတာလဲ။
ဘယ်ချိန်ကလဲ ။
ဘာဆေးသောက်ထားလဲ အကုန်မေးပြီးမှ
ဆေးစပ်ကာရောင်းပေးလိုက်သည်။
ကောင်းချီက ရွာဦးစေတီ ဘုရားကို
လုပ်အားပေးသွားသည်။
ခုချိန်ဆို ဘုရားကိုသွားတဲ့လမ်းတစ်လျှောက်မှာ မိုးကုန်စမို့ ခြုံတွေပြည့်နေတက်၏။
တစ်အိမ်တစ်ယောက် လုပ်အားဒါနမို့
ကောင်းချီကတော့ မိုးမလင်းကတည်းက
ဓားမ ခါးထိုးပြီးသွားလေသည်။

ဈေးဝယ်များအတော်ရှင်းသွားချိန်လောက်တွင် ကောင်းချီတစ်ယောက် ချွေးတရွဲရွဲနဲ့ ပြန်လာလေသည်။
အသွားတုန်းကအတိုင်း ခါးကြားမှာ ဓားမကြီးကတန်းလန်း။
လက်တဖက်မှာလဲ အထုတ်တထုတ်က ကိုင်လို့ ။

"မင်းကလေ နေရာတကာ ငါလိုက်
မပြောရရင်ကိုမပြီးဘူး။ မတော်တဆ ခါးကြားကနေ ပြုတ်ကျရင် ခြေထောက်က ထိခိုက်မိအုန်းမယ်။ မဖြစ်ပါဘူးဗျာလို့ တော့ ငါ့ကိုအထွန့် မတက်နဲ့ ။ ဆေးရုံမှားဓားပြုတ်ကျလို့
ဖနှောင့်ပြတ်တဲ့ လူနာတွေငါမြင်ဖူးတယ်"

အမြင်မတော်တော့ ဆူမိရော။
သူ့ ကို ကိုယ်ကသာ စိတ်ပူပီးပြောနေရတာ။ သူကတော့ အေးရာအေးကြောင်းပဲ သက်ပုံထိုင်နေတဲ့ဘေးလာထိုင်ပီး လက်ထဲက ကိုင်လာတဲ့ အထုတ်ကိုစားပွဲပေါ်တင်ပေးလာတယ်။

"ငါပြောတာကြားလား ကောင်းစင်သန့် ချီ"

ဒေါသသံလေးပါလာတော့ ခါးကြားကဓားကို ထုတ်ပီး ဘေးကိုချသည်။
ပြီးမှ သက်ပုံဖက်ကိုလှည့်ကာ
တွန့် ကွေးနေတဲ့ မျက်ခုံးတွေကိုလက်နဲ့ ဖြန့် ပေးသည်။

"နောက်မလုပ်တော့ပါဘူးဗျာ။
ဒေါသတော့မထွက်လိုက်ပါနဲ့ ။ ဒီမှာ
မုန့် ကြက်ဥဝယ်လာတယ်။ သက်ပုံ တော့စားဖူးမလားမသိဘူး။ ကျွန်တော်ငယ်ငယ်ကတော့ ပခုက္ကူဖက်က အဖေအလုပ်လုပ်ပြန်လာရင်ဝယ်လာတက်တော့စားဖူးတယ်"

အိတ်ကိုဖွင့်ပြပြီး ကောင်းချီက ချော့မော့ပီးဆိုလာတယ်။
နဂိုကတည်းက စိတ်ဆိုးတာမဟုတ်တော့
သက်ပုံ အကြာကြီးစိတ်မကောက်ဖြစ်ပါ။
မုန့် ကြက်ဥဆိုတဲ့ မုန့် က အရမ်းချိုပေမဲ့
သက်ပုံလဲ ကြိုက်ပါသည်။
သကြားရည် စေးပေါက်နေတဲ့ မုန့် ပိုင်းတခုကို ပါးစပ်ထဲသွပ်သွင်းကာ
ကောင်းချီကိုမျက်စောင်းထိုးလိုက်သော်လဲ
မောင်မင်းကြီးသားက အဖက်မလုပ်ပဲ
စေးကပ်နေတဲ့ သက်ပုံလက်တွေကို သူ့ ခါးက ပုဆိုးခါးပုံစနဲ့ အတင်းသုပ်ပေးနေ၏။

-
-
-

ဒီနေ့ ဘုရားပွဲ စပါပြီ။ ငှားရမ်းထားတဲ့ မန္တလေးဇာတ်ပွဲက မိုးလင်းကတည်းကရောက်နေပြီး ဆောက်ပေးထားသော ရွာကွင်းပြင်ကျယ်ထဲက သစ်သားဇာတ်စင်မှာ ဇာတ်ကလို့ ရအောင် ကားလိပ်တွေဆင်နေ၏။

သီချင်းဆို ပေးမဲ့ နာမည်ကြီး မော်ဒယ်ဆိုတဲ့ တစ်ယောက်ကတော့ ညနေပိုင်းလောက်မှ ကိုယ့်ကားနဲ့ ကိုယ်လာမည်ဆိုတာကလွဲပြီး ကျန်တာ ဘယ်သူဘယ်ဝါဆိုတာသက်ပုံတို့ မသိပါ။
ကိုယ့်အလုပ်နဲ့ ကိုယ်လဲ မအားသည်မို့ အထူးတလည် စောင့်မျှော်မနေဖြစ်ပေ။
အပေါ်ထပ်ဧည့်သည်ခန်းနှစ်ခန်းကို သန့် ရှင်းရေးလုပ်ပေးထားပြီး ရေခဲသေတ္တာထဲမှာ ရေသန့် ဘူးတွေအပြင် အချိုရည်ဘူးနဲ့ စားစရာအများအပြားကိုလဲ အိမ်ရှင်ရဲ့ဝတ္တရားအတိုင်းဆောင်ရွက်ပေးထားပြီးပြီမို့
ကျန်တာတော့ သက်ပုံ လှည့်မကြည့်ဖြစ်တော့ပါ။

"ကောင်းချီ ရေသွားချိုးချေအုန်း။ တော်ကြာ ဧည့်သည်တွေလာရင် မင်းကိုအလုပ်သမားထင်နေအုန်းမယ်"

ပိုက်ဆံရေတွက်ရင်းလှမ်းအော်ပြောလိုက်သည်။ တမနက်လုံး အိမ်ဟောင်းထဲက စားဆီပုံးတွေ သူပဲ ထမ်းထုတ်ပေးနေတာမို့ ညစ်ပတ်နေတာမှ ကြောင်ချေးရုပ်လေးအတိုင်းပင်။
ကိုထက်တို့ လဲ ရှိနေသည်မို့
ကောင်းချီကို သန့် သန့် ရှင်းရှင်းလေးနေစေချင်သည်။
မဟုတ်လဲ တနှစ်တခါ ဘုရားပွဲမို့ ကြုံတုန်းလေး ကောင်းချီကို လူငယ်ပီပီဖြတ်သန်းစေချင်သည်။
ကလေးတွေကလဲ ညကို
ပွဲကြည့်ချင်သည်ဟု ခွင့်တောင်းလာတာကြောင့် ဒီနေ့ ဆိုင်ကိုစောစောပိတ်မည်။

ပွဲရက်တလျှောက်လုံးတော့ ဆိုင် ပိတ်ပေးလို့ မဖြစ်ပါ။
တနှစ်တခါမို့ ပွဲကြည့်ဖို့ တက်ကြွနေတဲ့ကလေးတွေကိုလဲ မတားမြစ်ချင်သည်ကြောင့် အချိန်ညှိဖို့ ဆုံးဖြတ်လိုက်သည်။

"ဆုိုင်တော့ပိတ်လို့ မဖြစ်ဘူးဆိုတာ သမီးတို့ သိတယ်မို့ လား။ ဒီလို လုပ် ... ဇာတ်
သုံးည ထည့်မှာဆိုတော့ ကိုသက်တို့
ဆိုင်ရက်ရှည်နားပေးလို့ တော့မရဘူး။
မနက်ဆို နှစ်ယောက်တတွဲ အိပ်ရေးဝရင် သုံးနာရီဆီလာကူရောင်းပေး။ ကျန်တာတော့ ကိုသက်နဲ့ ညည်းတို့ ကိုကောင်းကောင်းနဲ့ အဆင်ပြေအောင်ဖွင့်ထားလိုက်မယ်ဘယ်လိုလဲ အဲ့တိုင်းလုပ်ကြမလား"

"ဟုတ် ရပါတယ်"

သံပြိုင် အကျယ်ကြီးထွက်လာတာမို့
သက်ပုံ လန့် သွား၏။ သူ့ ကလေးတွေ တကယ် ဘုရားပွဲ သွားဖို့ တက်ကြွနေတာပဲ။

"ဖြည်းဖြည်းအော်ကြပါဟ ။ ငါ့နားတွေ
အူကုန်ပြီ။ ကဲကဲ ဒါဆို အားအဲ့သူ ဆိုင်သိမ်းမယ်။ ဒီနေ့ စောစော ပိတ်ကြတာပေါ့။
မဟုတ်လဲ ညည်းတို့ ပြန်ချင်လွန်းလို့ ဖင်တကြွကြွဖြစ်နေကြပီမို့ လား"

"ဟေးးးး"

အချိန်အားဖြင့် ညနေသုံးနာရီထိုးတော့မှာမို့ ကလေးတွေက အိမ်ပြန်ဖို့ စိတ်စောနေကြ၏
ပြန်ရတော့မည်ဆိုတော့ အကုန်အော်ဟစ်ကာ ခုန်ပေါက်ကုန်ကြသည်။
သက်ပုံသဘောကျစွာပြုံးရင် အံဆွဲထဲက
ငါးထောင်တန်အုပ်ကိုထုတ်လိုက်၏။

"ကိုထက် တို့ လာကြ မုန့် ဖိုးပေးမယ်"

ဈေးဝယ်မရှိပေမဲ့ ကောင်းချီရဲ့ညီ
ပီသစွာ
ကိုထက်က အိမ်ရှေ့ ကသစ်ရွက်ခြောက်တွေကို လှည်းကျင်းနေသည်။

"ရော့ ပွဲဈေးသုံးရအောင် မင်းတို့ မောင်နှမသုံးယောက် တစ်ယောက်နှစ်သောင်းဆီ... ဟိတ် ဟိုကလေးမတွေ အားတဲ့သူဒီကိုလာ
မုန့် ဖိုးယူကြ။ "

ခြောက်သောင်းထုတ်ပေးတော့ တရိုတသေလှမ်းယူသည်။
သက်ပုံ ဒီနေ့ တဆိုင်လုံးမုန့် ဖိုးပေးမှာမို့
ကိုထက့်တို့ ကိုပေးပြီးတော့ ကလေးတွေကိုပါလှမ်းခေါ်လိုက်သည်။
အားတဲ့သူလာဆိုတာကို တပြုံလုံးအကုန်ပြေးလာကြသည်။
ဈေးဝယ်သူတွေကလဲ ပြုံးကြည့်ကာ
ရပ်စောင့်ပေးနေကြသည်မို့ ပျော်ပျော်ပါးပါးပင် တစ်ယောက် တစ်သောင်းနဲ့
ဝမ်းဆက် တစုံစီ ပေးဖြစ်သည်။
သက်ပုံ မုန့် ဖိုးဝေနေတုန်း ကောင်းချီက
ရေချိုးပြီး ပြန်ဆင်းလာတာနဲ့ ကြုံကာ
သူပါ ကလေးတွေနောက်မှာ တန်းစီနေလေသည်။

"မင်းက ကလေးလား။ ဖယ် မင်းမပါဘူး"

နောက်ဆုံးပိတ် ဇင်ဇင်ဆိုတဲ့ကောင်မလေးကို ဝေပြီးတော့ ကောင်းချီက သူ့ ကိုရောပေးဆိုတဲ့ သဘောနဲ့ လက်ဖြန့် တောင်းလာသည်။

"မရပါဘူး။ ကျွန်တော်လဲ ကလေးပဲ။ မုန့် ဖိုးရချင်တယ်ပေးပါ "

အနည်ငယ် ချွဲတဲ့လေသံလေး နဲ့ ပြောလာတော့ မပေးတော့ဘူးလုပ်ထားတဲ့လက်က ငါးထောင်တန် အထပ်လိုက်ကို
ကြည်ဖြူစွာ ဆွဲထုတ်ပေးသည်။
မတက်နိုင်ဘူး ဘယ်သူမှ
ကိုယ်ယောကျာ်းလောက် ချစ်စရာမှ
မကောင်းတာ။
မျက်နှာလိုက်သည်ပဲပြောပြော
ကောင်းစင်သန့် ချီ သည်သာ ချစ်စရာ
အကောင်းဆုံးပင်။

"ချစ်တဲ့ သက်ပုံ အတော်ဆုံး"

ပေးတဲ့ပိုက်ဆံကို ပျော်ရွှင်စွာလက်ခံယူပြီး
ကောင်းချီပြောလာ၏။
ပေးရတဲ့သူ စိတ်ချမ်းသာအောင်
လုပ်တက်လွန်းတဲ့ ကလေးလေးကို
သက်ပုံကလဲ ပါးလေးဆွဲကာ ပြန်ပြောလိုက်သည်။

"ကလေးတွေကြားထဲမှာလဲ မင်းက
ချစ်စရာအကောင်းဆုံး"

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz