အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
45
ည ၈နာရီေလာက္မွ မႏၱေလးကေန
ထြက္ခဲ့တာေႀကာင့္ မနက္ ေဝလီေဝလင္းအခ်ိန္တြင္ တံငါကုန္းရြာကိုျပန္ေရာက္ခဲ့ေလသည္။
ထို အခ်ိန္ အိမ္ေဘးကေစ်းတြင္
ေစ်းသည္မ်ားကသူ ့ထက္ငါအျပိဳင္အဆိုင္ေစ်းေရာင္းဖို ့ခင္းက်င္းေနႀကျပီး
သက္ပံုတို ့ေဇာတိကဆိုင္ကေတာ့ မိုးမလင္းကတည္းက ေစ်းဝယ္က်ေနပံုပင္။
အိမ္ေရွ ့ေနရာလြတ္တြင္ လွည္းမ်ားျပည့္ေနျပီးဆိုင္ေရွ ့မေရာက္ခင္ကတည္းက ေစ်းဝယ္သံေတြဆူညံေနတာကိုလည္း
ႀကားေနရသည္။
"ေကာင္းခ်ီေရ ငါတို ့ဒီပံုစံအတိုင္းဆို
နားရမဲ့ပံုမျမင္ေသးဘူး။ ေစ်းဝင္ေရာင္းရေတာ့မယ္ထင္တယ္"
"သက္ပံုနားပါ။ က်ြန္ေတာ္ ေရာင္းကူေနခဲ့မယ္"
"မဟုတ္တာ ငါတို ့ခုခ်ိန္ကတည္းက ပိုက္ဆံမ်ားမ်ားရွာနိုင္တုန္းရွာထားသင့္တယ္မို ့လား။ ငါလမ္းမွာလည္းအိပ္ခဲ့တာပဲ
လုပ္နိုင္ေသးပါတယ္"
ေကာင္းခ်ီသက္ျပင္းခ်ကာ ေရွ ့တည့္တည့္ကိုေခါင္းျပန္လွည့္သြားသည္။
ညကတစ္ညလံုးမအိပ္ရတာေကာင္းခ်ီပါ။
ကုန္ကားရဲ့ ေခါင္းခန္းသည္ ပံုမွန္ကားေတြထက္ က်ယ္က်ယ္ျပန္ ့ျပန္ ့ရွိသည္မို ့
သက္ပံုကေတာ့ အိပ္ေရးမက္သူပီပီ
မရမက ေကာင္းခ်ီ ေပၚမွီႏြဲ ့ကာ တလမ္းလံုးရေအာင္အိပ္ခဲ့သည္။
ေကာင္းခ်ီကေတာ့ သက္ပံုအဆင္ေျပေျပအိပ္ရေအာင္ တလမ္းလံုး ေပြ ့ထားခဲ့ရတာမို ့ သူ ့ခမ်ာ ေညာင္းကေညာင္းေသး…
ပန္းကပန္းေသးပင္။ ဒါေပမဲ့ ေကာင္းခ်ီ တခြန္းမျငင္းဆန္ခဲ့ပါ။ သက္ပံု အဆင္ေျပရင္
ေက်နပ္ရသူမို႔ ထိုအေသးအမႊားေလးေတြသည္ သူ႔အတြက္ေတာ့ အေရးမပါလွ။
ကိုထက္က ကားကို ျခံထဲထိ ေမာင္းဝင္လိုက္ျပီးခါတိုင္းရပ္ေနႀက ျခံေထာင့္က ခေရပင္ရိပ္ရတဲ့ေနရာမွာ သြားရပ္ေသာ္လည္း အိမ္ထဲကေန တစ္ဦးတစ္ေလေတာင္ေျပးထြက္မလာႀကိဳႀကေပ။
ကားမွန္ကေနျမင္ေနရတဲ့ ဆိုင္ေရွ ့တြင္ဝယ္သူေတြ ျပည့္ေနတဲ့အျပင္ ဝန္ထမ္းကေလးေတြကလည္း ေတာင္ေျပးလိုက္ေျမာက္ေျပးလိုက္နဲ ့အလုပ္ရွဳပ္ေနႀကသည္ကို သက္ပံုေတြ႕လိုက္သည္။ လူမနိုင္ေအာင္ ေစ်းဝယ္မ်ားေနသည္မို ႔ဒီအေနထားကသူတို႔အတြက္ အေမာေျပစရာပင္။
"ေပး ေပးက်ြန္ေတာ္သယ္မယ္"
luggageအိတ္ကို ကိုင္းကေနလွမ္းဆြဲလုေနသည္မို ့ သက္ပံု စိတ္မရွည္ေတာ့။
ဘီးပါတာမို ့လက္ကိုင္ကေနဆြဲရင္ ရေနသည္ကို လက္ထဲက ဆြဲကိုင္ထားတဲ့အထုတ္အပိုးေတြကိုမွအားမနာ လွမ္းေတာင္းေနေသးသည္။
သူ ့ကို မေက်နပ္သလို မ်က္ေစာင္းရြယ္လိုက္ေတာ့ ကမ္းထားတဲ့လက္ကိုျပန္ရုတ္ျပီး မည္သည့္စကားမွထပ္မဆိုေတာ့ပဲ
အိမ္ထဲဝင္သြား၏။
"ကိုေကာင္းက ကိုသက္ကိုသိပ္ခ်စ္တာပဲေနာ္။ က်ြန္ေတာ္ တခါတေလ စဥ္းစားမိတယ္။ သာမန္အိမ္ေထာင္ေရးေတာင္မျမဲႀကတာ ကိုေကာင္းတည္ေထာင္ခဲ့တဲ့အိမ္ေထာင္ေရးေရာျမဲမ်ားျမဲပါ့မလားလို ့။ ဒါကိုက်ြန္ေတာ္ တစ္ေယာက္ထဲေတြးတာမဟုတ္ဘူး ေဒၚေလးတို ့ေရာပဲ ။ သူတို ့ကလူႀကီးဆိုေတာ့ စိတ္ပူႀကတာပါ။ တမ်ိဳးမထင္နဲ ့ေနာ္ကိုသက္ ။ ေဒၚေလးတို ့က ကိုသက္ကိုခ်စ္ႀကပါတယ္"
ကားေနာက္ပိုင္းက ခ်ည္ထားတဲ့ မိုးကာေတြကို အလုပ္သမားေကာင္းေလးေတြနဲ ့အတူဝိုင္းျဖဳတ္ေပးေနတဲ့ ကိုထက္စကားေႀကာင့္ သက္ပံုျပံဳးကာ ေခါင္းညိမ့္ျပလိုက္ၿပီး
" ေဒၚေလးတို ့ငါ့အေပၚမွာ
စိတ္ရင္း အမွန္နဲ ့ခ်စ္ေပးတယ္ဆိုတာငါသိပါတယ္။
ငါတို ့အိမ္ေထာင္ေရးက နည္းနည္းေတာ့
လူျမင္မတင့္တယ္စရာရွိတယ္ဆိုေပမဲ့
ေကာင္းခ်ီရဲ့မိသားစုေတြေႀကာင့္ ငါစိတ္အေနွာက္ယွက္ကင္းကင္းနဲ ့ေနလို႔ရခဲ့တာပါ။
စိတ္ခ်ပါ ေကာင္းခ်ီနဲ ့ငါနဲ ့က တသက္လံုး
ကြဲဖို ့ျပဲဖို ့ျဖစ္လာမွာမဟုတ္ဘူး"
သက္ပံုစကားကို
ကိုထက္က သေဘာတက် တဟားဟားေအာ္ရယ္ ကားေဘးမွာက်န္ေနခဲ့သည္။
အိတ္ကိုဆြဲလို ့သက္ပံု ဆိုင္ထဲဝင္လာေတာ့ ေကာင္းခ်ီ က အိမ္ေပၚကေန တစ္ေခါက္ေတာင္ျပန္ဆင္းလာခဲ့သည္။
သက္ပံုကိုျမင္ေတာ့ စကားေျပာလွမ္းေျပာေနတဲ့ေဒၚေလးကုိလက္ကာျပကာ
သက္ပံုအိတ္ကို လာေတာင္းေနသည္မို ့ မျငင္းပယ္ေတာ့ပဲ လက္ထဲကအိတ္ကို ေကာင္းခ်ီဆီလႊဲေပးလိုက္သည္။
"အဆင္ေျပခဲ့တယ္မို ့လား။ သြားနားမွာျဖင့္ နားလိုက္ႀကအုံး။ဆိုင္က ခဏေနရင္ လူရွင္းေတာ့မွာဆိုေတာ့ အားနာမေနနဲ႔ "
"ရတယ္ေဒၚေလး က်ြန္ေတာ္တို ့ေရာ ျမန္ျမန္ျပီးေအာင္ ကူလိုက္ပါ့မယ္"
တကယ္လည္း လူရွဳပ္ေနတာမို ့ ေဒၚေလးေအးႀကည္က ဘာစကားမွထပ္မဆိုေတာ့။
မနက္၈နာရီေလာက္တြင္ ေဘးရြာက ေစ်းဝယ္ေတြကုန္သြားကာ ဆိုင္ထဲတြင္ တစ္ေယာက္စ နွစ္ေယာက္စေလာက္သာ က်န္ေတာ့သည္။ ထိုအခ်ိန္မွ
ေစ်းဝယ္ပါးသြားပီမို ့ေဒၚေလးတို ့နဲ ့
အက်ိဳးအေႀကာင္းခဏေျပာကာ သက္ပံု အိမ္ေပၚတက္ခဲ့လိုက္သည္။
ေကာင္းခ်ီက ေရာက္ကတည္းက ေစ်းဆင္းမေရာင္းပဲ အိမ္ေပၚမွာ သန္ ့ရွင္းေရးဝင္ေနသည္။ ဆယ္ရက္နီးပါးေလာက္ ပစ္ထားခဲ့သည္မို ့ အနည္းငယ္ ဖုန္တက္ေနမွာ မလြဲေပ။
အေပၚေရာက္ေတာ့ သန္ ့ရွင္းေနသည့္အျပင္ ေကာင္းခ်ီက ေရေတာင္ခ်ိဳးပီးေနၿပီျဖစ္၏။
လူတကိုယ္လံုး ရုိက္ခ်ိဳးထားသလို ပင္ပန္းေနသည္မို ့ သက္ပံု လမ္းကိုေတာင္ မနည္းေလ်ာက္ေနရသည္။ ေရလည္းမခ်ိဳးေတာ့ ျဖစ္နိုင္ရင္ အိပ္ယာမွာ သက္ေတာင့္သက္သာ ေခြအိပ္ခ်င္ေနျပီ။ ဒါကိုေကာင္းခ်ီက သိသည္။
"သက္ပံု အိပ္ဖို ့မစဥ္းစားထားနဲ ့ေနာ္
လန္းသြားေအာင္ ေရအရင္ခ်ိဳးလိုက္။ က်ြန္ေတာ္ မနက္စာ ျပင္ထားလိုက္မယ္။
ဘာစားမလဲ "
ေရလဲပုဆိုးကို လက္ထဲလာထည့္ေပးရင္းေျပာေနတာမို ့ သက္ျပင္းခ်ကာ
"မုန္ ့ဟင္းခါးနဲ ့ အီႀကာေကြး" ဟု
ေျပာကာ ေရခ်ိဳးခန္းထဲဝင္လာလိုက္ေတာ့သည္။
ေကာင္းခ်ီေျပာသလိုပါပဲ ေရခ်ိဳးလိုက္ေတာ့
ေညာင္းညာကိုက္ခဲ ေနတာ သက္သာသြားျပီး
ပင္ပန္းတာလည္း အနည္းငယ္ေပ်ာက္သြား၏။သက္ပံု ေရခ်ိဳးခန္းထဲကထြက္လာေတာ့ ေကာင္းခ်ီက
မနက္စာျပင္ေနသည္မို ့အဝတ္အစားပင္အျမန္လဲလိုက္ရသည္။
"ျမန္သားပဲ ။ လာ က်ြန္ေတာ္ေခါင္းသုတ္ေပးမယ္ "
လက္ထဲက တဘတ္ကို ေကာင္းခ်ီကိုေပးကာ သက္ပံုကေတာ့ အေငြ ့တေထာင္းေထာင္းထေနေသာ မုန္ ့ဟင္းခါးပန္းကန္ေရွ ့ဝင္ထိုင္လိုက္သည္။
ေကာင္းခ်ီတို ့ တံငါကုန္းရြာက ငါးေပါလို ့လားမသိ ။ ငါးနဲ ့လုပ္တဲ့မုန္ ့ပဲသြားရည္စာမ်ားတြင္ ငါးနိုင္းခ်င္းနဲ ့ ေတာ္ေတာ္ႀကီး
ျမိဳ ့လက္ရာေတြထက္သာလြန္ျပီးအေတာ္ႀကီးေကာင္းမြန္ လွသည္။
ထူးဆန္းစြာပင္ ငါးဖယ္နွစ္တံုးနဲ ့ ပဲေႀကာ္မ်ားမ်ား ႀကက္ဥတျခမ္း ထည့္ထားေသာ မုန္ ့ဟင္းခါး တစ္ပြဲသည္ တံငါကုန္းရြာမွာ ငါးရာက်ပ္သာ တန္ဖိုးရွိသည္။
"ေကာင္းခ်ီ "
"အင္း ခဏ တဘတ္ေလးသြားလႊားအုန္းမယ္"
ေရခ်ိဳးပီးထားထားျခင္းအတူူတူ ဆီအနည္းငယ္ေပနိုင္တဲ့ အီႀကာေကြးကို သက္ပံု လက္နဲ ့မထိခ်င္ပါ။ ထို ့ေႀကာင့္ အနိုင္ယူကာ ေကာင္းခ်ီကို ေစခိုင္းျခင္းသာ။
ဘာဆိုတာမေျပာလဲ သိေသာ ေယာက်ာ္းက ကတ္ေႀကးတစ္ေခ်ာင္းနဲ ့ေသခ်ာ ပန္းကန္ထဲကို အတံုးေသးေသးေလးေတြညွပ္ေပးေနသည္။
"စားလို ့ရပီသက္ပံု"
မုန္ ့ဟင္းခါးထဲ အီႀကာေကြးေရာစားတက္တာ သက္ပံုအက်င့္။ ဘာရယ္မဟုတ္
မုန္ ့ဟင္းခါးပန္းကန္ကိုေမႊေနွာက္ရင္း
ေဘးကေကာင္းခ်ီကို ေစာင္းႀကည့္မိ၏။
လက္ဖက္ရည္ခြက္ကို ေမာ့ေသာက္ေနတဲ့
ေကာင္းခ်ီမွာ ရင့္က်က္ပီး ေယာက်ာ္းဆန္လာတဲ့ အျပဳ အမူေကာင္းေတြကိုေတြ ့ရပီး အရင္ညိဳညက္ညက္အသားေရသည္ ေနရိပ္မွာ သက္သက္သာသာ ေနတာႀကာလာလို ့ထင္ ဝါလုလု အသားေရကို ေျပာင္းလို ့ေန၏။
နားထင္စပ္က တိုးရွင္းစြာရိပ္သင္ထားတဲ့ ေနရာကို အႀကည့္ေရာက္ေတာ့
ေကာင္းခ်ီက အမွတ္တမဲ့သက္ပံုဖက္
လွည့္ႀကည့္လာပီး သြားစြယ္ေလးေတြေပၚေအာင္ျပံဳးျပလာသည္။
"မျပံဳးနဲ ့"
မုန္ ့ဟင္းခါးတဇြန္းကိုငံု ့ေသာက္ရင္း
သက္ပံုတားျမစ္လိုက္သည္။
ေကာင္းခ်ီရဲ့သြားေလးေတြျမင္ရင္
သက္ပံု ရင္ခုန္တက္တာ ဟိုးရည္းစားဘဝထဲက။
ရုပ္ရည္သိပ္မလွတဲ့ ေကာင္းခ်ီက ရယ္လိုက္ရင္ေတာ့ ရင္ဖိုေအာင္လုပ္နိုင္တဲ့ ခ်စ္စရာ သြားလွလွေလးေတြရွိသည္။
"ဘာလို ့လဲဟင္ သက္ပံု မႀကိဳက္လို ့လား"
ရယ္တာကိုပင္ ခြင့္ျပဳခ်က္ေတာင္းဖို ့လိုလားလို ့ေအာ္ေမးလိုက္ခ်င္ေပမဲ့
ဝမ္းနည္းသြားတဲ့ မ်က္နွာေလေႀကာင့္
စိတ္ကေနလို ့သိပ္မေကာင္းေတာ့။
"မင္း ငါ့ကို ဒီလိုပဲ လုပ္ေနေတာ့မွာလားေကာင္းခ်ီ"
စားလက္စကို သက္ပံု ရပ္တန္ ့လိုက္ပီး
တစ္ရွဴ းနဲ ့နွဳတ္ခမ္းေတြကို ေသခ်ာသုတ္လိုက္သည္။ ဘာစကားမွမေျပာနိုင္ေသးတဲ့ ေကာင္းခ်ီကို စူးစိုက္ႀကည့္ပီး သက္ပံု
ရယ္လိုက္၏။
"အရမ္းရုိးသားျပမေနနဲ ့ေကာင္းစင္သန္ ့ခ်ီ။ ငါ မင္းကို ……"
ဆက္မေျပာပဲ စကားကို သက္ပံုရပ္လိုက္ေတာ့ အနည္းငယ္အလိုမက်သလိုျဖစ္သြားတဲ့ မ်က္နွာေလး။
သူ သိေနတာပဲ ကိုယ္ဘာေျပာမယ္ဆိုတာ။
တမင္ စခ်င္တာမို ့ မ်က္ခံုးပင့္ျပကာ
မင္းဘာေျပာခ်င္တာလဲ ဆိုတဲ့ သေဘာနဲ ့
အမူအယာျပလိုက္သည္။ ခ်က္ျခင္း
ရဲသြားတဲ့ နားရြက္ဖ်ားေတြရယ္
ကိုင္ထားတဲ့ လက္ဖက္ရည္ခြက္မွာရွိတဲ့ တုန္ေနတဲ့ လက္ေခ်ာင္းေတြေႀကာင့္
ျမတ္နိုးရတာအႀကိမ္ႀကိမ္အခါခါ။
ေကာင္းခ်ီက ခုထိ တခါတေလ ရွက္ေနတက္တုန္း။
အဲ့ဒါေလးကပင္ သက္ပံုကို ရူးသြားေအာင္ထိ ဆြဲေဆာင္ေနတာမို ့ ထိုင္ရာက ထကာ ေကာင္းခ်ီေခါင္းကို ရင္ခြင္ထဲေပြ ့သြင္းျပီး ဆံပင္ေတြကို နမ္းမိသည္။
"သက္ပံု က်ြန္ေတာ္ေလ ……"
ရပ္တန္႔သြားတဲ့ စကားေတြနဲ႔ အတူ ေမ်ွာ္လင့္ႀကီးစြာ ငဲ့ၾကည့္လာတဲ့ မ်က္ဝန္းတစံု ။
"အင္း ငါ လက္ခံပါတယ္"
ေဆြ ့ခနဲ ေပြ ့ခ်ီခံလိုက္ရတဲ့ လူဟာ
ေလဟာနယ္မွာ ေမ်ာလႊင့္ေနသလို ။
အႀကမ္းဆန္လာတဲ့ နွဳတ္ခမ္းတစံု သက္ပံု
နွဳတ္ခမ္းမွာ အတင္းကိုက္ဖဲ့လာေတာ့
ျငိမ္သက္စြာ ေနေပးလိုက္သည္။
ေကာင္းခ်ီကသူနမ္းရင္ ျငိမ္ေနမွႀကိဳက္တာ။ တခါတေလ တစ္ေယာက္နဲ ့တစ္ေယာက္ စကားေတြအမ်ားႀကီးမေျပာပဲ နားလည္တက္တာ အခ်ိန္ကုန္သက္သာသည္ဟု သက္ပံုထင္သည္။
ေမြ ႕ယာေပၚ ေက်ာခ်မိတဲ့အခ်ိန္ သက္ပံု
ေကာင္းခ်ီ သေဘာက် မ်က္လံုးေတြကိုေမွးမိွတ္ေပးလိုက္မိ၏။ စိတ္အားထက္သန္ေနတဲ့ ေကာင္းခ်ီ ဆီမွ ႏုညံ့တဲ့ အထိအေတြ႕ေတြ ထပ္တူခံစားရင္း ေကာင္းခ်ီေခၚေဆာင္ရာသို႔ အတူလိုက္ပါခဲ့ျဖစ္သည္။
ေကာင္းခ်ီက သာယာေအးခ်မ္းတဲ့ ပန္းေရာင္ကမၻာတစ္ခုကို ဖန္တီးဖို ့ႀကိဳးစားေတာ့၏။အဲ့ဒီကမၻာသည္ တခါတေလ နုည ံ့
တဲ့ အျဖဴေရာင္ လြင္ျပင္ရွိျပီး တခါတေလ
ႀကမ္းတမ္းတဲ့ အနက္ေရာင္ လြင္ျပင္လည္းရွိသည္။
နုညံ့မူ ့ကို ျဖတ္ေက်ာ္ျပီးေနာက္မွာ
ႀကမ္းတမ္း တဲ့ အနက္ေရာင္လြင္ျပင္မွာ
ေကာင္းခ်ီက မေမာနိုင္မပန္းနိုင္ လွဳပ္ရွားေနေပမဲ့ သက္ပံုကေတာ့ နွဳတ္ခမ္းေတြကို ကိုက္ကာ တင္းခံခဲ့သည္။
နာက်င္ေပမဲ့ ေက်နပ္စရာ ခံစားမူ႔ေၾကာင့္
ညီးညဴ သံသဲ့သဲ့က တခါတရံ ထြက္ေပၚလာေသးသည္။
ထို ့ေနာက္ ေနာက္ဆံုးပန္းတိုင္ျဖစ္တဲ့
ပန္းနုေရာင္ ကမၻာေရာက္မွ ေကာင္းခ်ီတစ္ေယာက္ ေမာပန္းစြာျငိမ္ႀကသြားေလ၏။
ေခ်ြးစက္ေတြနဲ ့နဖူးျပင္ကို ညွင္သာစြာ သုတ္ဖယ္ျပီးေတာ့ သက္ပံုတိုးတိုးေလးကပ္ေျပာလိုက္၏။
"သိပ္ခ်စ္တယ္ ေကာင္းစင္သန္ ့ခ်ီ"
ခ်စ္တဲ့အိမ္စည္။
ည ၈နာရီလောက်မှ မန္တလေးကနေ
ထွက်ခဲ့တာကြောင့် မနက် ဝေလီဝေလင်းအချိန်တွင် တံငါကုန်းရွာကိုပြန်ရောက်ခဲ့လေသည်။
ထို အချိန် အိမ်ဘေးကဈေးတွင်
ဈေးသည်များကသူ့ ထက်ငါအပြိုင်အဆိုင်ဈေးရောင်းဖို့ ခင်းကျင်းနေကြပြီး
သက်ပုံတို့ ဇောတိကဆိုင်ကတော့ မိုးမလင်းကတည်းက ဈေးဝယ်ကျနေပုံပင်။
အိမ်ရှေ့ နေရာလွတ်တွင် လှည်းများပြည့်နေပြီးဆိုင်ရှေ့ မရောက်ခင်ကတည်းက ဈေးဝယ်သံတွေဆူညံနေတာကိုလည်း
ကြားနေရသည်။
"ကောင်းချီရေ ငါတို့ ဒီပုံစံအတိုင်းဆို
နားရမဲ့ပုံမမြင်သေးဘူး။ ဈေးဝင်ရောင်းရတော့မယ်ထင်တယ်"
"သက်ပုံနားပါ။ ကျွန်တော် ရောင်းကူနေခဲ့မယ်"
"မဟုတ်တာ ငါတို့ ခုချိန်ကတည်းက ပိုက်ဆံများများရှာနိုင်တုန်းရှာထားသင့်တယ်မို့ လား။ ငါလမ်းမှာလည်းအိပ်ခဲ့တာပဲ
လုပ်နိုင်သေးပါတယ်"
ကောင်းချီသက်ပြင်းချကာ ရှေ့ တည့်တည့်ကိုခေါင်းပြန်လှည့်သွားသည်။
ညကတစ်ညလုံးမအိပ်ရတာကောင်းချီပါ။
ကုန်ကားရဲ့ ခေါင်းခန်းသည် ပုံမှန်ကားတွေထက် ကျယ်ကျယ်ပြန့် ပြန့် ရှိသည်မို့
သက်ပုံကတော့ အိပ်ရေးမက်သူပီပီ
မရမက ကောင်းချီ ပေါ်မှီနွဲ့ ကာ တလမ်းလုံးရအောင်အိပ်ခဲ့သည်။
ကောင်းချီကတော့ သက်ပုံအဆင်ပြေပြေအိပ်ရအောင် တလမ်းလုံး ပွေ့ ထားခဲ့ရတာမို့ သူ့ ခမျာ ညောင်းကညောင်းသေး…
ပန်းကပန်းသေးပင်။ ဒါပေမဲ့ ကောင်းချီ တခွန်းမငြင်းဆန်ခဲ့ပါ။ သက်ပုံ အဆင်ပြေရင်
ကျေနပ်ရသူမို့ ထိုအသေးအမွှားလေးတွေသည် သူ့အတွက်တော့ အရေးမပါလှ။
ကိုထက်က ကားကို ခြံထဲထိ မောင်းဝင်လိုက်ပြီးခါတိုင်းရပ်နေကြ ခြံထောင့်က ခရေပင်ရိပ်ရတဲ့နေရာမှာ သွားရပ်သော်လည်း အိမ်ထဲကနေ တစ်ဦးတစ်လေတောင်ပြေးထွက်မလာကြိုကြပေ။
ကားမှန်ကနေမြင်နေရတဲ့ ဆိုင်ရှေ့ တွင်ဝယ်သူတွေ ပြည့်နေတဲ့အပြင် ဝန်ထမ်းကလေးတွေကလည်း တောင်ပြေးလိုက်မြောက်ပြေးလိုက်နဲ့ အလုပ်ရှုပ်နေကြသည်ကို သက်ပုံတွေ့လိုက်သည်။ လူမနိုင်အောင် ဈေးဝယ်များနေသည်မို့ ဒီအနေထားကသူတို့အတွက် အမောပြေစရာပင်။
"ပေး ပေးကျွန်တော်သယ်မယ်"
luggageအိတ်ကို ကိုင်းကနေလှမ်းဆွဲလုနေသည်မို့ သက်ပုံ စိတ်မရှည်တော့။
ဘီးပါတာမို့ လက်ကိုင်ကနေဆွဲရင် ရနေသည်ကို လက်ထဲက ဆွဲကိုင်ထားတဲ့အထုတ်အပိုးတွေကိုမှအားမနာ လှမ်းတောင်းနေသေးသည်။
သူ့ ကို မကျေနပ်သလို မျက်စောင်းရွယ်လိုက်တော့ ကမ်းထားတဲ့လက်ကိုပြန်ရုတ်ပြီး မည်သည့်စကားမှထပ်မဆိုတော့ပဲ
အိမ်ထဲဝင်သွား၏။
"ကိုကောင်းက ကိုသက်ကိုသိပ်ချစ်တာပဲနော်။ ကျွန်တော် တခါတလေ စဉ်းစားမိတယ်။ သာမန်အိမ်ထောင်ရေးတောင်မမြဲကြတာ ကိုကောင်းတည်ထောင်ခဲ့တဲ့အိမ်ထောင်ရေးရောမြဲများမြဲပါ့မလားလို့ ။ ဒါကိုကျွန်တော် တစ်ယောက်ထဲတွေးတာမဟုတ်ဘူး ဒေါ်လေးတို့ ရောပဲ ။ သူတို့ ကလူကြီးဆိုတော့ စိတ်ပူကြတာပါ။ တမျိုးမထင်နဲ့ နော်ကိုသက် ။ ဒေါ်လေးတို့ က ကိုသက်ကိုချစ်ကြပါတယ်"
ကားနောက်ပိုင်းက ချည်ထားတဲ့ မိုးကာတွေကို အလုပ်သမားကောင်းလေးတွေနဲ့ အတူဝိုင်းဖြုတ်ပေးနေတဲ့ ကိုထက်စကားကြောင့် သက်ပုံပြုံးကာ ခေါင်းညိမ့်ပြလိုက်ပြီး
" ဒေါ်လေးတို့ ငါ့အပေါ်မှာ
စိတ်ရင်း အမှန်နဲ့ ချစ်ပေးတယ်ဆိုတာငါသိပါတယ်။
ငါတို့ အိမ်ထောင်ရေးက နည်းနည်းတော့
လူမြင်မတင့်တယ်စရာရှိတယ်ဆိုပေမဲ့
ကောင်းချီရဲ့မိသားစုတွေကြောင့် ငါစိတ်အနှောက်ယှက်ကင်းကင်းနဲ့ နေလို့ရခဲ့တာပါ။
စိတ်ချပါ ကောင်းချီနဲ့ ငါနဲ့ က တသက်လုံး
ကွဲဖို့ ပြဲဖို့ ဖြစ်လာမှာမဟုတ်ဘူး"
သက်ပုံစကားကို
ကိုထက်က သဘောတကျ တဟားဟားအော်ရယ် ကားဘေးမှာကျန်နေခဲ့သည်။
အိတ်ကိုဆွဲလို့ သက်ပုံ ဆိုင်ထဲဝင်လာတော့ ကောင်းချီ က အိမ်ပေါ်ကနေ တစ်ခေါက်တောင်ပြန်ဆင်းလာခဲ့သည်။
သက်ပုံကိုမြင်တော့ စကားပြောလှမ်းပြောနေတဲ့ဒေါ်လေးကိုလက်ကာပြကာ
သက်ပုံအိတ်ကို လာတောင်းနေသည်မို့ မငြင်းပယ်တော့ပဲ လက်ထဲကအိတ်ကို ကောင်းချီဆီလွှဲပေးလိုက်သည်။
"အဆင်ပြေခဲ့တယ်မို့ လား။ သွားနားမှာဖြင့် နားလိုက်ကြအုံး။ဆိုင်က ခဏနေရင် လူရှင်းတော့မှာဆိုတော့ အားနာမနေနဲ့ "
"ရတယ်ဒေါ်လေး ကျွန်တော်တို့ ရော မြန်မြန်ပြီးအောင် ကူလိုက်ပါ့မယ်"
တကယ်လည်း လူရှုပ်နေတာမို့ ဒေါ်လေးအေးကြည်က ဘာစကားမှထပ်မဆိုတော့။
မနက်၈နာရီလောက်တွင် ဘေးရွာက ဈေးဝယ်တွေကုန်သွားကာ ဆိုင်ထဲတွင် တစ်ယောက်စ နှစ်ယောက်စလောက်သာ ကျန်တော့သည်။ ထိုအချိန်မှ
ဈေးဝယ်ပါးသွားပီမို့ ဒေါ်လေးတို့ နဲ့
အကျိုးအကြောင်းခဏပြောကာ သက်ပုံ အိမ်ပေါ်တက်ခဲ့လိုက်သည်။
ကောင်းချီက ရောက်ကတည်းက ဈေးဆင်းမရောင်းပဲ အိမ်ပေါ်မှာ သန့် ရှင်းရေးဝင်နေသည်။ ဆယ်ရက်နီးပါးလောက် ပစ်ထားခဲ့သည်မို့ အနည်းငယ် ဖုန်တက်နေမှာ မလွဲပေ။
အပေါ်ရောက်တော့ သန့် ရှင်းနေသည့်အပြင် ကောင်းချီက ရေတောင်ချိုးပီးနေပြီဖြစ်၏။
လူတကိုယ်လုံး ရိုက်ချိုးထားသလို ပင်ပန်းနေသည်မို့ သက်ပုံ လမ်းကိုတောင် မနည်းလျောက်နေရသည်။ ရေလည်းမချိုးတော့ ဖြစ်နိုင်ရင် အိပ်ယာမှာ သက်တောင့်သက်သာ ခွေအိပ်ချင်နေပြီ။ ဒါကိုကောင်းချီက သိသည်။
"သက်ပုံ အိပ်ဖို့ မစဉ်းစားထားနဲ့ နော်
လန်းသွားအောင် ရေအရင်ချိုးလိုက်။ ကျွန်တော် မနက်စာ ပြင်ထားလိုက်မယ်။
ဘာစားမလဲ "
ရေလဲပုဆိုးကို လက်ထဲလာထည့်ပေးရင်းပြောနေတာမို့ သက်ပြင်းချကာ
"မုန့် ဟင်းခါးနဲ့ အီကြာကွေး" ဟု
ပြောကာ ရေချိုးခန်းထဲဝင်လာလိုက်တော့သည်။
ကောင်းချီပြောသလိုပါပဲ ရေချိုးလိုက်တော့
ညောင်းညာကိုက်ခဲ နေတာ သက်သာသွားပြီး
ပင်ပန်းတာလည်း အနည်းငယ်ပျောက်သွား၏။သက်ပုံ ရေချိုးခန်းထဲကထွက်လာတော့ ကောင်းချီက
မနက်စာပြင်နေသည်မို့ အဝတ်အစားပင်အမြန်လဲလိုက်ရသည်။
"မြန်သားပဲ ။ လာ ကျွန်တော်ခေါင်းသုတ်ပေးမယ် "
လက်ထဲက တဘတ်ကို ကောင်းချီကိုပေးကာ သက်ပုံကတော့ အငွေ့ တထောင်းထောင်းထနေသော မုန့် ဟင်းခါးပန်းကန်ရှေ့ ဝင်ထိုင်လိုက်သည်။
ကောင်းချီတို့ တံငါကုန်းရွာက ငါးပေါလို့ လားမသိ ။ ငါးနဲ့ လုပ်တဲ့မုန့် ပဲသွားရည်စာများတွင် ငါးနိုင်းချင်းနဲ့ တော်တော်ကြီး
မြို့ လက်ရာတွေထက်သာလွန်ပြီးအတော်ကြီးကောင်းမွန် လှသည်။
ထူးဆန်းစွာပင် ငါးဖယ်နှစ်တုံးနဲ့ ပဲကြော်များများ ကြက်ဥတခြမ်း ထည့်ထားသော မုန့် ဟင်းခါး တစ်ပွဲသည် တံငါကုန်းရွာမှာ ငါးရာကျပ်သာ တန်ဖိုးရှိသည်။
"ကောင်းချီ "
"အင်း ခဏ တဘတ်လေးသွားလွှားအုန်းမယ်"
ရေချိုးပီးထားထားခြင်းအတူတူ ဆီအနည်းငယ်ပေနိုင်တဲ့ အီကြာကွေးကို သက်ပုံ လက်နဲ့ မထိချင်ပါ။ ထို့ ကြောင့် အနိုင်ယူကာ ကောင်းချီကို စေခိုင်းခြင်းသာ။
ဘာဆိုတာမပြောလဲ သိသော ယောကျာ်းက ကတ်ကြေးတစ်ချောင်းနဲ့ သေချာ ပန်းကန်ထဲကို အတုံးသေးသေးလေးတွေညှပ်ပေးနေသည်။
"စားလို့ ရပီသက်ပုံ"
မုန့် ဟင်းခါးထဲ အီကြာကွေးရောစားတက်တာ သက်ပုံအကျင့်။ ဘာရယ်မဟုတ်
မုန့် ဟင်းခါးပန်းကန်ကိုမွှေနှောက်ရင်း
ဘေးကကောင်းချီကို စောင်းကြည့်မိ၏။
လက်ဖက်ရည်ခွက်ကို မော့သောက်နေတဲ့
ကောင်းချီမှာ ရင့်ကျက်ပီး ယောကျာ်းဆန်လာတဲ့ အပြု အမူကောင်းတွေကိုတွေ့ ရပီး အရင်ညိုညက်ညက်အသားရေသည် နေရိပ်မှာ သက်သက်သာသာ နေတာကြာလာလို့ ထင် ဝါလုလု အသားရေကို ပြောင်းလို့ နေ၏။
နားထင်စပ်က တိုးရှင်းစွာရိပ်သင်ထားတဲ့ နေရာကို အကြည့်ရောက်တော့
ကောင်းချီက အမှတ်တမဲ့သက်ပုံဖက်
လှည့်ကြည့်လာပီး သွားစွယ်လေးတွေပေါ်အောင်ပြုံးပြလာသည်။
"မပြုံးနဲ့ "
မုန့် ဟင်းခါးတဇွန်းကိုငုံ့ သောက်ရင်း
သက်ပုံတားမြစ်လိုက်သည်။
ကောင်းချီရဲ့သွားလေးတွေမြင်ရင်
သက်ပုံ ရင်ခုန်တက်တာ ဟိုးရည်းစားဘဝထဲက။
ရုပ်ရည်သိပ်မလှတဲ့ ကောင်းချီက ရယ်လိုက်ရင်တော့ ရင်ဖိုအောင်လုပ်နိုင်တဲ့ ချစ်စရာ သွားလှလှလေးတွေရှိသည်။
"ဘာလို့ လဲဟင် သက်ပုံ မကြိုက်လို့ လား"
ရယ်တာကိုပင် ခွင့်ပြုချက်တောင်းဖို့ လိုလားလို့ အော်မေးလိုက်ချင်ပေမဲ့
ဝမ်းနည်းသွားတဲ့ မျက်နှာလေကြောင့်
စိတ်ကနေလို့ သိပ်မကောင်းတော့။
"မင်း ငါ့ကို ဒီလိုပဲ လုပ်နေတော့မှာလားကောင်းချီ"
စားလက်စကို သက်ပုံ ရပ်တန့် လိုက်ပီး
တစ်ရှူးနဲ့ နှုတ်ခမ်းတွေကို သေချာသုတ်လိုက်သည်။ ဘာစကားမှမပြောနိုင်သေးတဲ့ ကောင်းချီကို စူးစိုက်ကြည့်ပီး သက်ပုံ
ရယ်လိုက်၏။
"အရမ်းရိုးသားပြမနေနဲ့ ကောင်းစင်သန့် ချီ။ ငါ မင်းကို ……"
ဆက်မပြောပဲ စကားကို သက်ပုံရပ်လိုက်တော့ အနည်းငယ်အလိုမကျသလိုဖြစ်သွားတဲ့ မျက်နှာလေး။
သူ သိနေတာပဲ ကိုယ်ဘာပြောမယ်ဆိုတာ။
တမင် စချင်တာမို့ မျက်ခုံးပင့်ပြကာ
မင်းဘာပြောချင်တာလဲ ဆိုတဲ့ သဘောနဲ့
အမူအယာပြလိုက်သည်။ ချက်ခြင်း
ရဲသွားတဲ့ နားရွက်ဖျားတွေရယ်
ကိုင်ထားတဲ့ လက်ဖက်ရည်ခွက်မှာရှိတဲ့ တုန်နေတဲ့ လက်ချောင်းတွေကြောင့်
မြတ်နိုးရတာအကြိမ်ကြိမ်အခါခါ။
ကောင်းချီက ခုထိ တခါတလေ ရှက်နေတက်တုန်း။
အဲ့ဒါလေးကပင် သက်ပုံကို ရူးသွားအောင်ထိ ဆွဲဆောင်နေတာမို့ ထိုင်ရာက ထကာ ကောင်းချီခေါင်းကို ရင်ခွင်ထဲပွေ့ သွင်းပြီး ဆံပင်တွေကို နမ်းမိသည်။
"သက်ပုံ ကျွန်တော်လေ ……"
ရပ်တန့်သွားတဲ့ စကားတွေနဲ့ အတူ မျှော်လင့်ကြီးစွာ ငဲ့ကြည့်လာတဲ့ မျက်ဝန်းတစုံ ။
"အင်း ငါ လက်ခံပါတယ်"
ဆွေ့ ခနဲ ပွေ့ ချီခံလိုက်ရတဲ့ လူဟာ
လေဟာနယ်မှာ မျောလွှင့်နေသလို ။
အကြမ်းဆန်လာတဲ့ နှုတ်ခမ်းတစုံ သက်ပုံ
နှုတ်ခမ်းမှာ အတင်းကိုက်ဖဲ့လာတော့
ငြိမ်သက်စွာ နေပေးလိုက်သည်။
ကောင်းချီကသူနမ်းရင် ငြိမ်နေမှကြိုက်တာ။ တခါတလေ တစ်ယောက်နဲ့ တစ်ယောက် စကားတွေအများကြီးမပြောပဲ နားလည်တက်တာ အချိန်ကုန်သက်သာသည်ဟု သက်ပုံထင်သည်။
မွေ့ ယာပေါ် ကျောချမိတဲ့အချိန် သက်ပုံ
ကောင်းချီ သဘောကျ မျက်လုံးတွေကိုမှေးမှိတ်ပေးလိုက်မိ၏။ စိတ်အားထက်သန်နေတဲ့ ကောင်းချီ ဆီမှ နုညံ့တဲ့ အထိအတွေ့တွေ ထပ်တူခံစားရင်း ကောင်းချီခေါ်ဆောင်ရာသို့ အတူလိုက်ပါခဲ့ဖြစ်သည်။
ကောင်းချီက သာယာအေးချမ်းတဲ့ ပန်းရောင်ကမ္ဘာတစ်ခုကို ဖန်တီးဖို့ ကြိုးစားတော့၏။အဲ့ဒီကမ္ဘာသည် တခါတလေ နုညံ့
တဲ့ အဖြူရောင် လွင်ပြင်ရှိပြီး တခါတလေ
ကြမ်းတမ်းတဲ့ အနက်ရောင် လွင်ပြင်လည်းရှိသည်။
နုညံ့မူ့ ကို ဖြတ်ကျော်ပြီးနောက်မှာ
ကြမ်းတမ်း တဲ့ အနက်ရောင်လွင်ပြင်မှာ
ကောင်းချီက မမောနိုင်မပန်းနိုင် လှုပ်ရှားနေပေမဲ့ သက်ပုံကတော့ နှုတ်ခမ်းတွေကို ကိုက်ကာ တင်းခံခဲ့သည်။
နာကျင်ပေမဲ့ ကျေနပ်စရာ ခံစားမူ့ကြောင့်
ညီးညူ သံသဲ့သဲ့က တခါတရံ ထွက်ပေါ်လာသေးသည်။
ထို့ နောက် နောက်ဆုံးပန်းတိုင်ဖြစ်တဲ့
ပန်းနုရောင် ကမ္ဘာရောက်မှ ကောင်းချီတစ်ယောက် မောပန်းစွာငြိမ်ကြသွားလေ၏။
ချွေးစက်တွေနဲ့ နဖူးပြင်ကို ညှင်သာစွာ သုတ်ဖယ်ပြီးတော့ သက်ပုံတိုးတိုးလေးကပ်ပြောလိုက်၏။
"သိပ်ချစ်တယ် ကောင်းစင်သန့် ချီ"
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz