အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
44
ေမ်ွာ္လင့္ထားခဲ့သလိုပါပဲ ေကာင္းခ်ီကို
medical checkလုပ္ျပီးတဲ့ရလဒ္သည္
အထူးေကာင္းမြန္ခဲ့သည္။
ေကာင္းခ်ီသည္ အေတာ္တန္ စူပုတ္ေနပီး
သက္ပံုကေတာ့တျပံဳးျပံဳးျဖစ္ေနခဲ့ပါသည္။
က်န္းမာသန္စြမ္းတဲ့ အမ်ိဳးေကာင္းသားေလး ေကာင္းခ်ီရဲ့ spermသည္
သားေယာက်ာ္းေလးရနိုင္ဖို ့ရာခိုင္နွဳန္းမ်ားသည္ဟု ဆရာဝန္က ဆိုျပီးကတည္းက
သက္ပံုတစ္ေယာက္ ေျခေထာက္နဲ ့ေျမႀကီးထိတယ္ဟုပင္မထင္ေအာင္ ေပ်ာ္ျမဴးေနခဲ့တာပါ။
အိမ္ေထာင္သည္ ေယာက်ာ္းနွစ္ေယာက္ ရဲ့ ေမြးဖြားလာမဲ့ ကေလးသည္ သမီးမိန္းကေလး ဆိုရင္ ထိန္းသိမ္းေစာင့္ေရွာက္ဖို ့အနည္းငယ္ အခက္ခဲရွိနိုင္တာမို ့သားေမြးဖို ့ကသာ အဓိက ျဖစ္သည္။
သားေနေန သမီးေနေန ခ်စ္မွာဆိုေပမဲ့
သားဆိုရင္ေတာ့ ပိုအဆင္ေျပ၏။
"သက္မင္းပံု အကုန္ျပီးပီဆိုရင္ ငါ
သူ ့ကို လိုက္ပို ့လိုက္အုန္းမယ္။ မင္းတို ့
ေဟာ္တယ္ျပန္နွင့္မလား"
စိုးဝင္းျမတ္က သူ႔ေဘးမွာရပ္ေနတဲ့ မိန္းကေလးကိုညႊန္ျပရင္းေျပာလာတာမို႔
ေခါင္းညိမ့္ျပရင္း
"ေအး ...ျပန္နွင့္မယ္ ။ သူ ့ကိုလည္း ေက်းဇူးတင္ပါတယ္လို ့ေျပာေပးပါဦး ။ "
ေကာင္းခ်ီရဲ့လက္ကို ဆုပ္ကိုင္ပီး
စိုးဝင္းျမတ္နဲ ့ အတူပါလာတဲ့ မိန္းကေလးကို ျပံဳးျပနွဳတ္ဆက္လိုက္သည္။
ေကာင္းခ်ီေသြးသားကို ကိုယ္ဝန္ေဆာင္ေပးမဲ့ မိန္းကေလးသည္ အနည္းငယ္ႏြမ္းပါးေသာ္လည္း နို ့နွစ္ေရာင္အသားရည္ရွိပီး
နွစ္လိုဖြယ္ရုပ္ရည္လည္းရွိသည္။
မိသားစု အဆင္မေျပမူ ့ေႀကာင့္ ဒီအလုပ္ကို မျဖစ္မေန ေရြးခ်ယ္ရသည္ဆိုေပမဲ့
အသက္ရြယ္အားျဖင့္ ၂၀ေက်ာ္အရြယ္ေလးမို ့သက္ပံုေရာေကာင္းခ်ီေရာ အားနာပီးစိတ္မေကာင္းျဖစ္ရသည္။
"ေအးပါ ။ ငါလိုက္ပို ့ရင္းေသခ်ာေျပာျပလိုက္မယ္"
အနည္းငယ္ စိတ္ပင္ပန္းသည္ဆိုေသာ္ျငားလည္း ေပးလိုက္ရတဲ့ အခ်ိန္နဲ ့တန္ေအာင္
အခက္ခဲတစံုတရာ မရွိခဲ့တာေႀကာင့္
သက္ပံု ခုမွပဲ သက္ေမာခ်နိုင္ေတာ့သည္။
စိုးဝင္းျမတ္က အားကိုးရတဲ့ သူငယ္ခ်င္းေကာင္းပါ။ အစစအရာရာ သူပဲ
မနားမေန အကုန္ဆက္သြယ္လုပ္ကိုင္ေပးသြားတာမို ့ သက္ပံုတို ့နွစ္ေယာက္ ခုလို
ျမန္ျမန္ဆန္ဆန္ လုပ္နိုင္သြားတာျဖစ္သည္။
"ေပ်ာ္ရဲ့လား "
ႏြမ္းလ်ေနေသာ မ်က္နွာေလးနဲ႔ငဲ့ႀကည့္ေမးလာတာမို႔ ေကာင္းခ်ီ အဆင္မေျပျဖစ္ရေအာင္ထိမ်ား သက္ပံုေပ်ာ္ေနခဲ့သလားလည္း ျပန္ေတြးရသည္။
ေဆးရုံနဲ ့အနီးဆံုး hotelကိုသာငွားရမ္းခဲ့တာမို ့ အျပန္လမ္း မွာ တစ္ေယာက္လက္ တေယာက္ ဆုပ္ကိုင္ကာ ေအးေအးေဆးေဆးလမ္းေလ်ွာက္ျပန္ေနႀကျခင္းသာ။
"စိတ္မေကာင္းျဖစ္ေနလားေကာင္းခ်ီ "
ေကာင္းခ်ီေခါင္းရမ္းျပကာ အႀကည့္တို ့ကို
ျဖတ္သန္းသြားလာေနတဲ့ လူေတြဆီလႊဲလိုက္၏။
အမွန္တိုင္းေျပာရင္ ေကာင္းခ်ီေပ်ာ္မေနပါ။
သက္ပံုလည္း ေပ်ာ္ေနမယ္မထင္ပါဘူး။
ျဖစ္နိုင္ရင္ ကေလးမယူခ်င္သလို
သူတို ့နွစ္ေယာက္ဘဝထဲကို ဘယ္သူမွမသြင္းခ်င္ေပ။
သက္ပံု တစ္ေယာက္ထဲကိုပဲ လံုေလာက္စြာ သူ ့အခ်စ္ေတြေပးနိုင္ပါသည္။
ဒါေပမဲ့ ေကာင္းခ်ီ အတၱမႀကီး ဖို ့ရာ ကိုယ့္ကိုကိုယ္ဆံုးခဲ့သည္။
ေလာကႀကီးရဲ့ တစ္ေနရာမွာ သူမရွိခဲ့ေတာ့တဲ့တေန ့…ေစာစီးစြာ သူမ်ားအရင္ထြက္သြားခဲ့တဲ့တေန ့ …အဲ့ေန ့မ်ား ျဖစ္လာခဲ့ရင္ သက္ပံုေဘးမွာ သူနည္းတူ ေစာင့္ေရွာက္ေပးမဲ့ သူ ့ေသြးသားလိုအပ္သည္။
ေဒၚေလးျမရင္ေျပာတာမွန္သည္။
လူဆိုတာတေန ့အိုရ၊ နာရမည္တဲ့။
အိုမင္းလာတဲ့ အခ်ိန္မွာ ျပဳစုယုယမဲ့ေသြးသားက လိုအပ္တယ္တဲ့။
အမွန္တကယ္ဆို ေကာင္းခ်ီ သက္ပံုအိုမင္းသြားတဲ့အခ်ိန္ထိျပဳစုနိုင္ပါတယ္။
ခ်စ္တဲ့ သက္ပံုအတြက္ဆို ေနာင္တခ်ိန္
ေတာင္ေဝွးေလးတစ္ေခ်ာင္း ျဖစ္ေပးဖို ့ထိ
သူေတြးထားျပီးသား။
သူေနာက္ထပ္ခ်စ္ရမယ္ဆိုရင္ေတာင္
သက္ပံုေလးရဲ့ ကိုယ္ပြားေလးပဲျဖစ္ေစခ်င္သည္။ သို ့ေသာ္လည္း သက္ပံုက သူ ့ကေလးမွ
ဆိုေတာ့လဲ သူျငင္းနိုင္ပါ့မည္လား။
သူ႔အတၱေတြကို သူခ်စ္ေသာ အမ်ိဳးသားေလးအတြက္ အမ်ားႀကီးေလ်ာ့ခ်ေပးထားခဲ့သည္။ အဲ့ဒီအတြက္ သူစိတ္မေကာင္းျဖစ္ခဲ့ရေပမဲ့ သက္ပံုကိုေတာ့ ေပ်ာ္ေစခ်င္ပါသည္။
"ေကာင္းခ်ီ ! "
"ဗ်ာ"
သက္ပံုရဲ့ ေအာ္ေခၚသံေႀကာင့္
ေကာင္းခ်ီ အလန္ ့တႀကားထူးလိုက္ရသည္။အလိုမက်တဲ့ မ်က္ဝန္းေတြနဲ ့စိုက္ႀကည့္ေနတဲ့ သက္ပံုေႀကာင့္ ပတ္ဝန္းက်င္ကိုေလ့လာမိေတာ့ အခန္းကိုေတာင္ ျပန္ေရာက္ေနေလျပီ။
"သက္ပံု က်ြန္ေတာ္……"
မဆံုးေသးတဲ့စကားကို ျပီးေအာင္မေျပာလိုက္ရ သက္ပံုရဲ့ ခါးကေန သိုင္းဖက္ကာ ရင္ဖက္မွာ မ်က္နွာ အပ္သြားတဲ့ ပံုေႀကာင့္
ေကာင္းခ်ီ မွင္တက္သြားသည္။
ျပီးမွ အသာအယာ ျပန္ေထြးဖက္က ေခါင္းေလးကို ငံု ့နမ္းလိုက္သည္။
"ငါေတာင္းပန္ပါတယ္ ေကာင္းခ်ီ။
မင္းခုခ်ိန္မွာ ဘာခံစားေနရသလဲဆိုတာ ငါသိပါတယ္။တကယ္ဆို ငါ …ငါကိုယ္တိုင္
မင္းကို ေမြးေပးခ်င္တာပါ "
ေျပာရင္းသက္ပံု အသံေတြတိမ္ဝင္သြား၏။ ေကာင္းခ်ီအတြက္သူကိုယ္တိုင္ကေလးတစ္ေယာက္ကိုေမြးဖြားေပးခ်င္ပါေသာ္လည္း…သူဟာ ေယာက်ာ္းတစ္ေယာက္မို ့။
"မဟုတ္တာ သက္ပံုရာ။ အဓိပၸါယ္မရွိတာေတြမေျပာပါနဲ ့ဗ်ာ။ က်ြန္ေတာ္ေလ
ခင္ဗ်ား နာက်င္ေစရမဲ့ အလုပ္ေတြ စိတ္ကူးခြင့္ေတာင္မေပးနိုင္ဘူး။
ေလာကနီတိမွာ က်ြန္ေတာ္တို ့နွစ္ေယာက္ရဲ့ ျဖစ္တည္မူ ့ကလြဲမွားေနတယ္ဆိုရင္ေတာင္အဲ့အမွားကို က်ြန္ေတာ္က
ထပ္ခါထပ္ခါ ဆက္မွားေနအုန္းမွာပဲ။
ဘာလို ့လဲသိလား။ ခင္ဗ်ား ကိုခ်စ္လို ့။
ခင္ဗ်ားမွလြဲရင္ တျခားသူကိုျပစ္မွားလို ့မရေအာင္ ခင္ဗ်ားတစ္ေယာက္ထဲကိုပဲ တပ္မက္
လို ့။ မိန္းမတစ္ေယာက္မဟုတ္တဲ့ ေယာက်ာ္းတစ္ေယာက္ကိုက်ြန္ေတာ္ရူးေနေအာင္ခ်စ္မိေနမွေတာ့ အဲ့ဒီအဓိပၸါယ္မရွိတဲ့ကေလးကို က်ြန္ေတာ္ရခ်င္ေနမယ္ထင္လားသက္ပံု။ ေနာက္ကို ခင္ဗ်ားကို ခင္ဗ်ား
နာက်င္ေအာင္လုပ္ေနမယ္ဆိုရင္ က်ြန္ေတာ္ခြင့္လႊတ္မွာမဟုတ္ဘူး။
ေကာင္းခ်ီဆိုတဲ့ေကာင္ရဲ့ဘဝမွာ ခင္ဗ်ားက နံပါတ္တစ္ ပဲ။
နွစ္ေတြ… သံုးေတြမေျပာနဲ ့ ေရတြက္လို ့
မရတဲ့ ကိန္းဂဏန္းေတြမွာေတာင္ အျခားတစ္ေယာက္ဆိုတာမရွိဘူး။ ငါကိုယ္တိုင္ေမြးေပးခ်င္တယ္ဆိုတဲ့ စကား ဘယ္ေသာအခါမွထပ္မေျပာနဲ ့။ကုန္ကုန္ေျပာမယ္ အခု
က်ဳပ္ေသြးသားနဲ ့ျဖစ္လာမဲ့ကေလးေတာင္
ခင္ဗ်ား စိတ္ခ်မ္းသာေစဖို ့တစ္ခုနဲ ့ ခြင့္ျပဳခဲ့တာဆိုတာ မေမ့နဲ႔"
မာထန္ေနေသာေကာင္းခ်ီရဲ့စကားမ်ားကိုနားေထာင္ျပီး သက္ပံု မ်က္ရည္ေတြကိုသုတ္ပစ္လိုက္သည္။
" မင္း ခုငါ့ကိုေလသံမာမာေျပာေနတာလား"
ရင္ခြင္ထဲကေနရုန္းထြက္ကာ
သက္ပံုေမာ့ေမးလိုက္ေတာ့ အေစာက
ခံစားခ်က္နဲ ့လံုးေထြးေနခဲ့ေသာ ေကာင္းခ်ီမ်က္လံုးမ်ားသည္ ခ်စ္တဲ့စိတ္နဲ ့ခ်က္ျခင္းနုညံ့ေပ်ာ့ေျပာင္းသြားသည္။ ထို႔ေနာက္ စိတ္ကိုေလ်ာ့ခ်လိုက္ပံုျဖင့္
" ေနာက္ကို ဘယ္ေတာ့မွမငိုရေတာ့ဘူးသက္ပံု။ ခင္ဗ်ားကိုတာဝန္ယူလိုက္တဲ့ေန ့ကတည္းက က်ြန္ေတာ္ဆံုးျဖတ္ထားတာရွိတယ္။ အဲ့ဒါက ေသတပန္ သက္တဆံုး
ေပ်ာ္ရႊင္မူ ့နဲ ့အျပံဳးစစ္တခု ခင္ဗ်ား မ်က္နွာမွာ ျမဲေနေစရမယ္လို ့။ သိပ္ခ်စ္တယ္ က်ြန္ေတာ့္သက္မင္းပံု"
ခ်စ္ျခင္းထံုသင္းတဲ့ အနမ္းတစံုက သက္ပံုရဲ့ ေနာက္ဆံုးလက္က်န္မ်က္ရည္စကို
အျပီးတိုင္းျဖတ္သန္းေစသည္။
ထို ့ေႀကာင့္ ထိုေယာက်ာ္းကို
ေသတဲ့အထိ ျမတ္နိုးစြာ ခ်စ္သြားမည္။
_________
___________
ေနာက္ထပ္ တစ္ပတ္ခန္ ့အႀကာမွာ
ေကာင္းခ်ီရဲ့ ေသြးသားက အငွားကိုယ္ဝန္ေဆာင္ေပးခဲ့တဲ့ ထိုအမ်ိဳးသမီးငယ္ေလးရဲ့
ဝမ္းႀကာတိုက္မွာ အစက္အေပ်ာက္ေလးအျဖစ္ တည္ရွိခဲ့ေလသည္။
စိုးဝင္းျမတ္ ကေတာ့ လြန္ခဲ့တဲ့သံုးရက္ေလာက္ကတည္းက ျပန္သြားေလျပီမို ့
သက္ပံုတို ့နွစ္ေယာက္သာ အေျခေနကိုေစာင့္ႀကည့္ရန္က်န္ခဲ့ႀကတာျဖစ္သည္။
အေနအထိုင္အစားအေသာက္ကစ ဆရာဝန္က ေသခ်ာ မွာျပီးသားဆိုေပမဲ့
သက္ပံုကေတာ့ ျပန္ခါနီးအထိ တတြတ္တြတ္မွာ ႀကားခဲ့ေသးသည္။
ဘာပဲေျပာေျပာ ဒါ ေကာင္းခ်ီရဲ့ ရင္ေသြးေလးမို ့ အထိအခိုက္တစံုတရာမွာ ျဖစ္မွာ သက္ပံု သိပ္စိုးပါသည္။
ဘန္ေကာက္ကေန ျပန္လာေတာ့
အလာတုန္းကနဲ ့မတူစြာ လက္ေဆာင္အထုတ္အပိုးမ်ားစြာ ပိုလာသည္။
ကိုထက္က မႏၱေလးကေန ေစ်းဝယ္လာရင္းေစာင့္မွာဆိုတာကိုဖုန္းႀကိဳဆက္ထားသည္မို ့ကိုယ့္ကားနဲ ့ကို ျပန္ရုံသာ။
ပိုက္ဆံအမ်ားႀကီး ကုန္ခဲ့တာနဲ ့တန္ေအာင္ သက္ပံု ေပ်ာ္ေနသည္။
ပိုက္ဆံဆိုတာ ျပန္ရွာလို ့လြယ္သည္။
အရမ္းေတာ္တဲ့ ေယာက်ာ္းကို ရထားသည္မို ့ ရွာဖို ့ေဖြဖို ့က သက္ပံုနဲ ့မဆိုင္ေပ။
ကိုထက္က ကုန္အျပည့္တင္ထားတဲ့ကားနဲ ့အဆင္သင့္ႀကိဳေစာင့္ေနတာမို ့ ဘုန္းႀကီးေက်ာင္းကို ခဏတျဖဳတ္ဝင္နားကာ
တံငါကုန္းရြာကို ခ်က္ျခင္းျပန္လာခဲ့ႀကသည္။
ေကာင္းခ်ီက တစ္ရက္နားေစခ်င္ေပမဲ့
ကိုယ့္အိမ္ကိုယ္ယာမဟုတ္ေတာ့ သက္ပံုကေတာ့ အိမ္ျပန္ဖို ့သာ ဆိုင္းျပင္းေနေတာ့သည္။
တလမ္းလံုး အိမ္စီးပြားေရးနဲ ့ေစ်းဆိုင္အေႀကာင္း ေကာင္းခ်ီနဲ ့ကိုထက္ကကားေမာင္းရင္း ေျပာလာေပမဲ့ သက္ပံုကေတာ့ စိတ္ကူးထဲမွာ ကေလးထိန္းႀကည့္ေနရတာနဲ ့စကားဝိုင္းထဲကိုေတာင္ဝင္မပါနိုင္ေပ။
တရိပ္ရိပ္ေက်ာ္ျဖတ္ေနေသာ လမ္းမီးတိုင္ေတြေငးရင္း ေကာင္းခ်ီနဲ ့ခိုးေျပးတုန္းက ညတစ္ည ကလို လြမ္းသလိုလို ေဆြးသလိုလို ေတာ့မျဖစ္ေတာ့တာ ခံစားမိသည္။
ေသခ်ာတာကေတာ့ မႏၱေလးျမိဳ ့ကသက္ပံုရဲ့အိမ္မဟုတ္ေတာ့တာပင္။
ခ်စ္တဲ့အိမ္စည္။
မျှော်လင့်ထားခဲ့သလိုပါပဲ ကောင်းချီကို
medical checkလုပ်ပြီးတဲ့ရလဒ်သည်
အထူးကောင်းမွန်ခဲ့သည်။
ကောင်းချီသည် အတော်တန် စူပုတ်နေပီး
သက်ပုံကတော့တပြုံးပြုံးဖြစ်နေခဲ့ပါသည်။
ကျန်းမာသန်စွမ်းတဲ့ အမျိုးကောင်းသားလေး ကောင်းချီရဲ့ spermသည်
သားယောကျာ်းလေးရနိုင်ဖို့ ရာခိုင်နှုန်းများသည်ဟု ဆရာဝန်က ဆိုပြီးကတည်းက
သက်ပုံတစ်ယောက် ခြေထောက်နဲ့ မြေကြီးထိတယ်ဟုပင်မထင်အောင် ပျော်မြူးနေခဲ့တာပါ။
အိမ်ထောင်သည် ယောကျာ်းနှစ်ယောက် ရဲ့ မွေးဖွားလာမဲ့ ကလေးသည် သမီးမိန်းကလေး ဆိုရင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အနည်းငယ် အခက်ခဲရှိနိုင်တာမို့ သားမွေးဖို့ ကသာ အဓိက ဖြစ်သည်။
သားနေနေ သမီးနေနေ ချစ်မှာဆိုပေမဲ့
သားဆိုရင်တော့ ပိုအဆင်ပြေ၏။
"သက်မင်းပုံ အကုန်ပြီးပီဆိုရင် ငါ
သူ့ ကို လိုက်ပို့ လိုက်အုန်းမယ်။ မင်းတို့
ဟော်တယ်ပြန်နှင့်မလား"
စိုးဝင်းမြတ်က သူ့ဘေးမှာရပ်နေတဲ့ မိန်းကလေးကိုညွှန်ပြရင်းပြောလာတာမို့
ခေါင်းညိမ့်ပြရင်း
"အေး ...ပြန်နှင့်မယ် ။ သူ့ ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး ။ "
ကောင်းချီရဲ့လက်ကို ဆုပ်ကိုင်ပီး
စိုးဝင်းမြတ်နဲ့ အတူပါလာတဲ့ မိန်းကလေးကို ပြုံးပြနှုတ်ဆက်လိုက်သည်။
ကောင်းချီသွေးသားကို ကိုယ်ဝန်ဆောင်ပေးမဲ့ မိန်းကလေးသည် အနည်းငယ်နွမ်းပါးသော်လည်း နို့ နှစ်ရောင်အသားရည်ရှိပီး
နှစ်လိုဖွယ်ရုပ်ရည်လည်းရှိသည်။
မိသားစု အဆင်မပြေမူ့ ကြောင့် ဒီအလုပ်ကို မဖြစ်မနေ ရွေးချယ်ရသည်ဆိုပေမဲ့
အသက်ရွယ်အားဖြင့် ၂၀ကျော်အရွယ်လေးမို့ သက်ပုံရောကောင်းချီရော အားနာပီးစိတ်မကောင်းဖြစ်ရသည်။
"အေးပါ ။ ငါလိုက်ပို့ ရင်းသေချာပြောပြလိုက်မယ်"
အနည်းငယ် စိတ်ပင်ပန်းသည်ဆိုသော်ငြားလည်း ပေးလိုက်ရတဲ့ အချိန်နဲ့ တန်အောင်
အခက်ခဲတစုံတရာ မရှိခဲ့တာကြောင့်
သက်ပုံ ခုမှပဲ သက်မောချနိုင်တော့သည်။
စိုးဝင်းမြတ်က အားကိုးရတဲ့ သူငယ်ချင်းကောင်းပါ။ အစစအရာရာ သူပဲ
မနားမနေ အကုန်ဆက်သွယ်လုပ်ကိုင်ပေးသွားတာမို့ သက်ပုံတို့ နှစ်ယောက် ခုလို
မြန်မြန်ဆန်ဆန် လုပ်နိုင်သွားတာဖြစ်သည်။
"ပျော်ရဲ့လား "
နွမ်းလျနေသော မျက်နှာလေးနဲ့ငဲ့ကြည့်မေးလာတာမို့ ကောင်းချီ အဆင်မပြေဖြစ်ရအောင်ထိများ သက်ပုံပျော်နေခဲ့သလားလည်း ပြန်တွေးရသည်။
ဆေးရုံနဲ့ အနီးဆုံး hotelကိုသာငှားရမ်းခဲ့တာမို့ အပြန်လမ်း မှာ တစ်ယောက်လက် တယောက် ဆုပ်ကိုင်ကာ အေးအေးဆေးဆေးလမ်းလျှောက်ပြန်နေကြခြင်းသာ။
"စိတ်မကောင်းဖြစ်နေလားကောင်းချီ "
ကောင်းချီခေါင်းရမ်းပြကာ အကြည့်တို့ ကို
ဖြတ်သန်းသွားလာနေတဲ့ လူတွေဆီလွှဲလိုက်၏။
အမှန်တိုင်းပြောရင် ကောင်းချီပျော်မနေပါ။
သက်ပုံလည်း ပျော်နေမယ်မထင်ပါဘူး။
ဖြစ်နိုင်ရင် ကလေးမယူချင်သလို
သူတို့ နှစ်ယောက်ဘဝထဲကို ဘယ်သူမှမသွင်းချင်ပေ။
သက်ပုံ တစ်ယောက်ထဲကိုပဲ လုံလောက်စွာ သူ့ အချစ်တွေပေးနိုင်ပါသည်။
ဒါပေမဲ့ ကောင်းချီ အတ္တမကြီး ဖို့ ရာ ကိုယ့်ကိုကိုယ်ဆုံးခဲ့သည်။
လောကကြီးရဲ့ တစ်နေရာမှာ သူမရှိခဲ့တော့တဲ့တနေ့ …စောစီးစွာ သူများအရင်ထွက်သွားခဲ့တဲ့တနေ့ …အဲ့နေ့ များ ဖြစ်လာခဲ့ရင် သက်ပုံဘေးမှာ သူနည်းတူ စောင့်ရှောက်ပေးမဲ့ သူ့ သွေးသားလိုအပ်သည်။
ဒေါ်လေးမြရင်ပြောတာမှန်သည်။
လူဆိုတာတနေ့ အိုရ၊ နာရမည်တဲ့။
အိုမင်းလာတဲ့ အချိန်မှာ ပြုစုယုယမဲ့သွေးသားက လိုအပ်တယ်တဲ့။
အမှန်တကယ်ဆို ကောင်းချီ သက်ပုံအိုမင်းသွားတဲ့အချိန်ထိပြုစုနိုင်ပါတယ်။
ချစ်တဲ့ သက်ပုံအတွက်ဆို နောင်တချိန်
တောင်ဝှေးလေးတစ်ချောင်း ဖြစ်ပေးဖို့ ထိ
သူတွေးထားပြီးသား။
သူနောက်ထပ်ချစ်ရမယ်ဆိုရင်တောင်
သက်ပုံလေးရဲ့ ကိုယ်ပွားလေးပဲဖြစ်စေချင်သည်။ သို့ သော်လည်း သက်ပုံက သူ့ ကလေးမှ
ဆိုတော့လဲ သူငြင်းနိုင်ပါ့မည်လား။
သူ့အတ္တတွေကို သူချစ်သော အမျိုးသားလေးအတွက် အများကြီးလျော့ချပေးထားခဲ့သည်။ အဲ့ဒီအတွက် သူစိတ်မကောင်းဖြစ်ခဲ့ရပေမဲ့ သက်ပုံကိုတော့ ပျော်စေချင်ပါသည်။
"ကောင်းချီ ! "
"ဗျာ"
သက်ပုံရဲ့ အော်ခေါ်သံကြောင့်
ကောင်းချီ အလန့် တကြားထူးလိုက်ရသည်။အလိုမကျတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတဲ့ သက်ပုံကြောင့် ပတ်ဝန်းကျင်ကိုလေ့လာမိတော့ အခန်းကိုတောင် ပြန်ရောက်နေလေပြီ။
"သက်ပုံ ကျွန်တော်……"
မဆုံးသေးတဲ့စကားကို ပြီးအောင်မပြောလိုက်ရ သက်ပုံရဲ့ ခါးကနေ သိုင်းဖက်ကာ ရင်ဖက်မှာ မျက်နှာ အပ်သွားတဲ့ ပုံကြောင့်
ကောင်းချီ မှင်တက်သွားသည်။
ပြီးမှ အသာအယာ ပြန်ထွေးဖက်က ခေါင်းလေးကို ငုံ့ နမ်းလိုက်သည်။
"ငါတောင်းပန်ပါတယ် ကောင်းချီ။
မင်းခုချိန်မှာ ဘာခံစားနေရသလဲဆိုတာ ငါသိပါတယ်။တကယ်ဆို ငါ …ငါကိုယ်တိုင်
မင်းကို မွေးပေးချင်တာပါ "
ပြောရင်းသက်ပုံ အသံတွေတိမ်ဝင်သွား၏။ ကောင်းချီအတွက်သူကိုယ်တိုင်ကလေးတစ်ယောက်ကိုမွေးဖွားပေးချင်ပါသော်လည်း…သူဟာ ယောကျာ်းတစ်ယောက်မို့ ။
"မဟုတ်တာ သက်ပုံရာ။ အဓိပ္ပါယ်မရှိတာတွေမပြောပါနဲ့ ဗျာ။ ကျွန်တော်လေ
ခင်ဗျား နာကျင်စေရမဲ့ အလုပ်တွေ စိတ်ကူးခွင့်တောင်မပေးနိုင်ဘူး။
လောကနီတိမှာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဖြစ်တည်မူ့ ကလွဲမှားနေတယ်ဆိုရင်တောင်အဲ့အမှားကို ကျွန်တော်က
ထပ်ခါထပ်ခါ ဆက်မှားနေအုန်းမှာပဲ။
ဘာလို့ လဲသိလား။ ခင်ဗျား ကိုချစ်လို့ ။
ခင်ဗျားမှလွဲရင် တခြားသူကိုပြစ်မှားလို့ မရအောင် ခင်ဗျားတစ်ယောက်ထဲကိုပဲ တပ်မက်
လို့ ။ မိန်းမတစ်ယောက်မဟုတ်တဲ့ ယောကျာ်းတစ်ယောက်ကိုကျွန်တော်ရူးနေအောင်ချစ်မိနေမှတော့ အဲ့ဒီအဓိပ္ပါယ်မရှိတဲ့ကလေးကို ကျွန်တော်ရချင်နေမယ်ထင်လားသက်ပုံ။ နောက်ကို ခင်ဗျားကို ခင်ဗျား
နာကျင်အောင်လုပ်နေမယ်ဆိုရင် ကျွန်တော်ခွင့်လွှတ်မှာမဟုတ်ဘူး။
ကောင်းချီဆိုတဲ့ကောင်ရဲ့ဘဝမှာ ခင်ဗျားက နံပါတ်တစ် ပဲ။
နှစ်တွေ… သုံးတွေမပြောနဲ့ ရေတွက်လို့
မရတဲ့ ကိန်းဂဏန်းတွေမှာတောင် အခြားတစ်ယောက်ဆိုတာမရှိဘူး။ ငါကိုယ်တိုင်မွေးပေးချင်တယ်ဆိုတဲ့ စကား ဘယ်သောအခါမှထပ်မပြောနဲ့ ။ကုန်ကုန်ပြောမယ် အခု
ကျုပ်သွေးသားနဲ့ ဖြစ်လာမဲ့ကလေးတောင်
ခင်ဗျား စိတ်ချမ်းသာစေဖို့ တစ်ခုနဲ့ ခွင့်ပြုခဲ့တာဆိုတာ မမေ့နဲ့"
မာထန်နေသောကောင်းချီရဲ့စကားများကိုနားထောင်ပြီး သက်ပုံ မျက်ရည်တွေကိုသုတ်ပစ်လိုက်သည်။
" မင်း ခုငါ့ကိုလေသံမာမာပြောနေတာလား"
ရင်ခွင်ထဲကနေရုန်းထွက်ကာ
သက်ပုံမော့မေးလိုက်တော့ အစောက
ခံစားချက်နဲ့ လုံးထွေးနေခဲ့သော ကောင်းချီမျက်လုံးများသည် ချစ်တဲ့စိတ်နဲ့ ချက်ခြင်းနုညံ့ပျော့ပြောင်းသွားသည်။ ထို့နောက် စိတ်ကိုလျော့ချလိုက်ပုံဖြင့်
" နောက်ကို ဘယ်တော့မှမငိုရတော့ဘူးသက်ပုံ။ ခင်ဗျားကိုတာဝန်ယူလိုက်တဲ့နေ့ ကတည်းက ကျွန်တော်ဆုံးဖြတ်ထားတာရှိတယ်။ အဲ့ဒါက သေတပန် သက်တဆုံး
ပျော်ရွှင်မူ့ နဲ့ အပြုံးစစ်တခု ခင်ဗျား မျက်နှာမှာ မြဲနေစေရမယ်လို့ ။ သိပ်ချစ်တယ် ကျွန်တော့်သက်မင်းပုံ"
ချစ်ခြင်းထုံသင်းတဲ့ အနမ်းတစုံက သက်ပုံရဲ့ နောက်ဆုံးလက်ကျန်မျက်ရည်စကို
အပြီးတိုင်းဖြတ်သန်းစေသည်။
ထို့ ကြောင့် ထိုယောကျာ်းကို
သေတဲ့အထိ မြတ်နိုးစွာ ချစ်သွားမည်။
_________
___________
နောက်ထပ် တစ်ပတ်ခန့် အကြာမှာ
ကောင်းချီရဲ့ သွေးသားက အငှားကိုယ်ဝန်ဆောင်ပေးခဲ့တဲ့ ထိုအမျိုးသမီးငယ်လေးရဲ့
ဝမ်းကြာတိုက်မှာ အစက်အပျောက်လေးအဖြစ် တည်ရှိခဲ့လေသည်။
စိုးဝင်းမြတ် ကတော့ လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက ပြန်သွားလေပြီမို့
သက်ပုံတို့ နှစ်ယောက်သာ အခြေနေကိုစောင့်ကြည့်ရန်ကျန်ခဲ့ကြတာဖြစ်သည်။
အနေအထိုင်အစားအသောက်ကစ ဆရာဝန်က သေချာ မှာပြီးသားဆိုပေမဲ့
သက်ပုံကတော့ ပြန်ခါနီးအထိ တတွတ်တွတ်မှာ ကြားခဲ့သေးသည်။
ဘာပဲပြောပြော ဒါ ကောင်းချီရဲ့ ရင်သွေးလေးမို့ အထိအခိုက်တစုံတရာမှာ ဖြစ်မှာ သက်ပုံ သိပ်စိုးပါသည်။
ဘန်ကောက်ကနေ ပြန်လာတော့
အလာတုန်းကနဲ့ မတူစွာ လက်ဆောင်အထုတ်အပိုးများစွာ ပိုလာသည်။
ကိုထက်က မန္တလေးကနေ ဈေးဝယ်လာရင်းစောင့်မှာဆိုတာကိုဖုန်းကြိုဆက်ထားသည်မို့ ကိုယ့်ကားနဲ့ ကို ပြန်ရုံသာ။
ပိုက်ဆံအများကြီး ကုန်ခဲ့တာနဲ့ တန်အောင် သက်ပုံ ပျော်နေသည်။
ပိုက်ဆံဆိုတာ ပြန်ရှာလို့ လွယ်သည်။
အရမ်းတော်တဲ့ ယောကျာ်းကို ရထားသည်မို့ ရှာဖို့ ဖွေဖို့ က သက်ပုံနဲ့ မဆိုင်ပေ။
ကိုထက်က ကုန်အပြည့်တင်ထားတဲ့ကားနဲ့ အဆင်သင့်ကြိုစောင့်နေတာမို့ ဘုန်းကြီးကျောင်းကို ခဏတဖြုတ်ဝင်နားကာ
တံငါကုန်းရွာကို ချက်ခြင်းပြန်လာခဲ့ကြသည်။
ကောင်းချီက တစ်ရက်နားစေချင်ပေမဲ့
ကိုယ့်အိမ်ကိုယ်ယာမဟုတ်တော့ သက်ပုံကတော့ အိမ်ပြန်ဖို့ သာ ဆိုင်းပြင်းနေတော့သည်။
တလမ်းလုံး အိမ်စီးပွားရေးနဲ့ ဈေးဆိုင်အကြောင်း ကောင်းချီနဲ့ ကိုထက်ကကားမောင်းရင်း ပြောလာပေမဲ့ သက်ပုံကတော့ စိတ်ကူးထဲမှာ ကလေးထိန်းကြည့်နေရတာနဲ့ စကားဝိုင်းထဲကိုတောင်ဝင်မပါနိုင်ပေ။
တရိပ်ရိပ်ကျော်ဖြတ်နေသော လမ်းမီးတိုင်တွေငေးရင်း ကောင်းချီနဲ့ ခိုးပြေးတုန်းက ညတစ်ည ကလို လွမ်းသလိုလို ဆွေးသလိုလို တော့မဖြစ်တော့တာ ခံစားမိသည်။
သေချာတာကတော့ မန္တလေးမြို့ ကသက်ပုံရဲ့အိမ်မဟုတ်တော့တာပင်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz