ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

43

eainsi23

မိသားစု…။

သိပ္လွတဲ့ စကားလံုးပဲ ။ က်ြန္ေတာ္ရယ္
ေကာင္းခ်ီ ရယ္ ေနာက္ထပ္ ကေလးတစ္ေယာက္ရယ္။
ဘယ္ေလာက္အဓိပၸါယ္ရွိလိုက္သလဲ။
ေကာင္းခ်ီက သက္ပံုရဲ့ေသြးသားပဲ ရခ်င္တယ္တဲ့။
ခ်စ္မိသူတိုင္းအတြက္ကေတာ့ သူ ့ခ်စ္ရသူရဲ့ေသြးသားကိုလည္း ထပ္တူက်ေအာင္ ခ်စ္နိုင္မယ္ဆိုတာ သက္ပံု သိတာေပါ့။
ဒါေပမဲ့ ဒီတခါလည္း ေကာင္းခ်ီကို အနိုင္ယူလက္စနဲ ့ သက္ပံု ကပဲ အနိုင္ယူ ဖို ့ဆံုးျဖတ္ထားတယ္။
ေကာင္းခ်ီကိုေတာင္ခ်စ္မဝတာ။ ေကာင္းခ်ီနဲ ့တူတဲ့ ကေလးေလးဆိုရင္ သက္ပံု
တစ္ေယာက္ေတာ့ ခ်စ္ရတာနဲ ့လြယ္မယ္မထင္ဘူး။ဒါေပမဲ့ ေလာဘႀကီးတဲ့သက္ပံုကေတာ့ သူ ့စိတ္ကူးအတိုင္းပဲ အေကာင္ထည္ေဖာ္ဖို ့ဆံုးျဖတ္ထားပီးသား။ 

"ဒါဆို ငါတို ့သဖက္ခါလာခဲ့ရမွာေပါ့။ "

ဖုန္းေျပာေနတဲ့ သက္ပံုကို ေကာင္းခ်ီကေငးလို ့ထိုင္ႀကည့္ေနသည္။ ၾကည့္ရတာ
သူလည္း နည္းနည္းေတာ့စိတ္လွဳပ္ရွားေနပံု။
ေနာက္ဆံုး သူငယ္ခ်င္းျဖစ္သူ စိုးဝင္းျမတ္ကို နွဳတ္ဆက္ျပီးဖုန္းခ်လိုက္သည္။
ဘန္ေကာက္သြားဖို ့ သူပဲ အကုန္စီစဥ္ေပးသြားတာမို ့ သက္ပံု ဘာမွေတာင္ေခါင္းရွဳပ္မခံလိုက္ရ။ ေလယာဥ္လက္မွတ္နဲ ့
ေကာင္းခ်ီအတြက္ဗီဇာကအစ
ကိုယ္ဝန္ေဆာင္ေပးမဲ့ အမ်ိဳးသမီးကအဆံုး
သူပဲ လုပ္ေပးသြားတာ။

"ဘာတဲ့လဲ သက္ပံု က်ြန္ေတာ္တို ့သြားလို ့ရျပီတဲ့လား"

"အင္းရျပီ ။ သဖက္ခါသြားရမွာ ။
လာပါဦး ငါ့ကိုဖက္ထားပါအုံး "

စိတ္လွဳပ္ရွားမူ ့ေႀကာင့္ ဘယ္ေလာက္တည္ျငိမ္ေအာင္ထားထား လက္ေတြကအစတုန္ခ်င္ေနသည္။ လာဖက္ထားတဲ့
ေကာင္းခ် ီရဲ့လက္ေတြကလဲေအးစက္စက္။

"တမ်ိဳးႀကီးျဖစ္ေနတယ္။ ဒါေတာင္
ဘာမွ မလုပ္ရေသးဘူး။ ငါတို ့ဘဝထဲ
တစ္စံုတစ္ေယာက္ ေရာက္လာဖို ့မင္းနဲ ့ငါနဲ ့အတူႀကိဳးစားေနတယ္ဆိုတဲ့ အသိနဲ ့တင္
ငါ …ငါ ဘယ္လိုျဖစ္ေနမွန္းမသိဘူး"

"ကြၽန္ေတာ္ေရာပဲ သက္ပံု။
ခင္ဗ်ားကို ခ်စ္ရတာ ဘယ္ေတာ့မွေနာင္တရမွာမဟုတ္ဘူး ။ မိသားစု တစ္စု ကြၽန္ေတာ္တို႔မွာရွိလာေတာ့မယ္ ဆိုတဲ့အေတြးက ကြၽန္ေတာ္ကို ရင္တုန္ေစတယ္။ၿပီးေတာ့ ခင္ဗ်ား။ သက္ဆံုးတိုင္ အတူေနဖို ့လမ္းကိုေရြးလိုက္တက္အတြက္အၿမဲ ေက်းဇူးတင္ေနပါ့သက္ပံု "

ေကာင္းခ်ီရင္ဖက္မွာမ်က္နွာအပ္ထားရင္း
စိတ္ကူးအိမ္မက္ကို ရြက္လႊင့္ေနမိတာမရပ္ေတာ့။ ကေလးေလး ျဖစ္လာတဲ့အထိ
မေစာင့္ခ်င္ေတာ့ပါ။
ျဖစ္နိုင္ရင္ ဟပ္ခ်ေလာင္းဆိုပီး မ်က္စိေရွ ့ေပၚလာရင္ ေကာင္းမယ္ဆိုျပီး မျဖစ္နိုင္တာေတြးေနမိသည္။

_________

"စိတ္ခ်လက္ခ်သြားက်။ ဆိုင္ကို ငါေစာင့္ေပးမယ္။ "

ေဒၚေလးေအးႀကည္က ေကာင္တာမွာထိုင္ရင္း ေျပာလာသည္။
သက္ပံုတို ့ကိုေတာ့ႀကည့္မေနပါ။
လူႀကီးတစ္ေယာက္ကိုအေနရခက္ေနေပလိမ့္မည္။

ငွားထားတဲ့ကားကလည္း ေစာင့္ေနတာႀကာပီမို ့ ဖိုးသားတို ့ျမသက္တို ့ကို
မွာစရာရွိတာေသခ်ာမွာျပီး သက္ပံုကပဲ နွဳတ္ဆက္စကားေျပာလိုက္ရသည္။

"ေဒၚေလးတို ့က်ြန္ေတာ္တို ့သြားေတာ့မယ္ေနာ္ "

"ေအးေအး ဂရုစိုက္ႀက ။ဆိုင္ကိုဘာမွေနာက္ဆံမငင္နဲ ့သြားရတုန္း လည္ပတ္ျပီးမွသာျပန္ခဲ့။
ေကာင္းေကာင္းအေႀကာင္းလည္းမင္းသိတာပဲ၊  ေရာက္တုန္းနွေျမာမေနနဲ ့လို ့ေျပာလိုက္အုံး ..ေတာ္ၾကာ နိုင္ငံျခားသြားၿပီးေရေသာက္ျပန္လာေနဦးမယ္  "

ေဒၚေလးျမရင္စကားေႀကာင့္ သက္ပံု ျပံဳးစိစိျဖစ္သြားသည္။
ေကာင္းခ်ီက အထုတ္ေတြကားေပၚတင္ျပီးပီမို ့လာခဲ့ေတာ့ဖို ့လွမ္းေခၚ၏။
အကုန္လက္ျပနွဳတ္ဆက္ျပီး သက္ပံု  ကားေပၚတက္လိုက္သည္။
ကားထြက္သြားေတာ့ ျခံျပင္ထိလိုက္ႀကည့္ႀကတဲ့ ေဒၚေလးတို ့အုပ္စုက အေပါက္ဝမွာ တျပံဳႀကီး။
သူတကယ္ ေကာင္းခ်ီအမ်ိဳးေတြကို သေဘာက်၏။
ေႏြးေထြးတယ္၊ စည္းလံုးတယ္ ။

-
-

Hotelခန္း မွာ ရွိတဲ့ နွစ္ေယာက္ေမြ ့ယာ ျဖဴ လႊလႊက ေကာင္းခ်ီကို အနည္းငယ္ မ်က္နွာ နီျမန္းေစသည္။
ဘာလုပ္ရမွန္းမသိ တုန္ရီရီခံစားခ်က္က
နွစ္ေယာက္အတူ ခိုးေျပးလာခဲ့တုန္းကေတာင္ ဒီေလာက္ မဆိုး။
အိမ္မွာလည္း တစ္ခန္းထဲ အတူေနဖူးထားပဲ
ဒါေပမဲ့ ခုခံစားေနရတဲ့ ခံစားခ်က္က တမ်ိဳးႀကီး။

သက္ပံု ထိုင္လိုက္ ထလိုက္လုပ္ေနတဲ့
ေကာင္းခ်ီကို ႀကည့္ကာ တိတ္တဆိတ္ျပံဳးမိသည္။
ေကာင္းစင္သန္ ့ခ်ီက သူယူထားတဲ့ အမ်ိဳးသားနဲ ့hotelခန္းတခုမွာ တည္းရလို ့ရွက္ေနသည္တဲ့။

ဘာေလးမွန္းမသိတဲ့ အနီေရာင္ မ်က္နွာထားနဲ ့တံငါကုန္းသားကို သက္ပံု ဆြဲဖက္ညွစ္ပစ္လိုက္ရင္မေကာင္းရွိေတာ့မယ္။

ဘန္ေကာက္ေရာက္တုန္းကလည္း
ျမင္ျမင္သမ်ွ ပါးစပ္ေလးဟကာ တအံတႀသေငးလို ့။
အတူလိုက္ပါလာတဲ့ စိုးဝင္းျမတ္ကေတာင္ ေကာင္းခ်ီကိုႀကည့္ပီး သူပါသေဘာတက်ရယ္ေနေသးသည္။
အူယားစရာ ေတာသားျမိဳ ့ေရာက္
ကိုေကာင္းခ်ီကေလးကို လြတ္လြတ္လပ္လပ္ေငးခြင့္ရေအာင္  သက္ပံု ခမ်ာ ဆြဲထားတဲ့လက္ကိုမလြတ္ေပးရဲ။
ေကာင္းခ်ီသည္ သက္ပံုဆင္ေပးထားတဲ့အတိုင္းျပာလြင့္လြင့္ ဂ်င္းေဘာင္းဘီနဲ ့ အနက္ေရာင္ တီရွပ္ေပၚမွာ အျပာနဲ ့အနက္ကြက္ေရာထားတဲ့ အက်ၤ ီကို ထပ္ဝတ္ထား၏။

သိသိသာသာရွည္လ်ားတဲ့ အရပ္အေမာင္းရယ္ အညိဳေရာင္ အသားေရနဲ အႀကမ္းဆန္လွတဲ့ ပံုပန္းရယ္ေႀကာင့္ ျဖတ္သန္းသြားလာသူတခ်ိဳ ့က မသိမသာႀကည့္သြားႀကေသာ္လဲ သူမသိတာေတြကို လက္ညိုးတထိုးထိုးနဲ ့ေမးေနတဲ့ ေကာင္းခ်ီကေတာ့မသိရွာပါ။

ေကာင္းခ်ီ ခုတေလာ စကားေတြမ်ားလာပါသည္။
လိုတာထပ္ပိုပီး ရင္းနွီးေနတဲ့ ခႏၶာကိုယ္ေတြေႀကာင့္လား… ဒါမွမဟုတ္ ႀကာျမင့္လာေသာ သံေယာဇဥ္ေတြေႀကာင့္လားမသိပါ။ ပံုမွန္ထပ္ပိုပီး ပြင့္လင္းထားတာကေတာ့အမွန္ပင္။

"ေကာင္းခ်ီ "

တိတ္ဆိတ္ေနတဲ့ အခန္းမွာ သက္ပံု အသံထြက္လာေတာ့  ဘာေတြးေနမွန္းမသိတဲ့ ေကာင္းခ်ီက အမွတ္တမဲ့ လန္ ့သြားသေယာင္ ။

"ဗ်ာ "

"ဗ်ာကိုေနာက္ထား လူအရင္လာ။
ဘာေတြအေတြးလြန္ေနတာလဲ ။
မင္းလန္ ့ သြားတာ ငါသိတယ္ေနာ္"

အခန္းေထာင့္နားမွာ luggageခ်လို ့
သက္ပံု သက္ေတာင့္သက္သာ လဲလို ့ရေအာင္ အဝတ္ ထုတ္ေပးေနတဲ့ ေကာင္းခ်ီက  သက္ပံုစကားေႀကာင့္ ကိုင္ထားျပီးေငးေနတဲ့ အဝတ္တခ်ိဳ ့ကို ခ်ကာ
သက္ပံုေဘးလာထိုင္၏။

"မဟုတ္ပါဘူး။ က်ြန္ေတာ္ေတြးေနတာ
သမီးေလးဆို ပိုအဆင္ေျပမလားလို ့ပါ"

ႀကင္ႀကင္နာနာ ေထြးေပြ ့လာတာကိုမွီႏြဲ ့
ထားရင္ း

"သားေနေန သမီးေနေန  ငါ့လက္ထဲေရာက္လာရင္ လူလိမ္မာေလးျဖစ္ေစရမယ္။
မင္းေယာက်ာ္းငါက ဘယ္ေလာက္ေတာ္တယ္ဆိုတာ မင္းသိတယ္မို ့လား…"

"အင္း… က်ြန္ေတာ္သိပါတယ္ "

ဦးေခါင္းထပ္က ဆံႏြယ္ေတြႀကားမွာ
နစ္ဝင္လာေသာ နွာေခါင္းဖ်ားရဲ့ အထိအေတြ ့ကို ျငိမ္သက္စြာခံယူရင္း သက္ပံု
မေျပာျဖစ္ေသးတဲ့ စကားေတြကို ေျပာလိုက္သည္။

"ေကာင္းခ်ီ ။ ငါမင္းကို ေျပာစရာရွိတယ္။ "

"အင္း "

ဖယ္ခြာသြားတဲ့ အေတြ ့အထိကို နွေျမာေပမဲ့ ေလးနက္စြာ ဖက္ထားရင္းနားေထာင္ေနတဲ့ ေကာင္းခ်ီေႀကာင့္ေက်နပ္ရပါေသးသည္။

"ငါမင္းရဲ့ ေသြးသားကိုပဲ ရခ်င္တယ္။ "

"ဘာလို ့လဲ"

တည္ျငိမ္ေနေသာေလသံက အံႀသဟန္လံုးလံုးမရွိ။
ဘယ္တုန္းကမွ ေကာင္းခ်ီအေတြးေတြကို
မသိခဲ့တဲ့ သက္ပံုက ဒီတခါလည္း ေကာင္းခ်ီဘာေတြ
ေတြးထားလဲ မသိခဲ့ပါ။
ေလးပင့္စြာ သက္ျပင္းခ်လိုက္ရင္း

" မင္းကိုခ်စ္တဲ့ ေလာဘေတြေႀကာင့္ပါ။
မင္းနဲ ့တူတဲ့ကေလးေလးကို ငါတကယ္ရခ်င္တယ္ ေကာင္းခ်ီ။ ဒီတခါလည္း မင္းကို
အနိုင္ယူခြင့္ျပဳပါ "

သက္ပံုကိုေထြးဖက္ထားတဲ့ ေကာင္းခ်ီရဲ့လက္ေတြက ေျပေလ်ာ့သြားပါသည္။
ေဘးတေစာင္းျမင္ေနရတဲ့ ေကာင္းခ်ီကို
အလန္ ့တႀကားေမာ့ႀကည့္မိသည္ထိ
ေကာင္းခ်ီ လက္မခံမွာ သိပ္စိုးပါသည္။

"မ်က္ရည္ေတြဘာလို ့က်ေနတာလဲသက္ပံုရာ။ ခင္ဗ်ား ေပ်ာ္ရမယ္ထင္ရင္ ႀကိဳက္တာလုပ္ပါ။ ေကာင္းခ်ီဆိုတဲ့ ေယာက်ာ္းက အိမ္ေထာင္သက္ တစ္ေလ်ွာက္လံုး
ခင္ဗ်ား စိတ္ဆင္းရဲေအာင္ …စိတ္တိုင္းမက်ေအာင္ ဘယ္နွစ္ခါ ထားခဲ့ေနခဲ့ဖူးလဲ"

ေကာင္းခ်ီစကားဆံုးေတာ့ ပိုးတိုးက်လာတဲ့ မ်က္ရည္ေတြကအလုအယက္။
သူကိုယ္တိုင္ ကေလးေမြးမေပးနိုင္လို ့
ေကာင္းခ်ီကိုအားနာရပါသည္။
ဘယ္ေသာအခါမွ စိတ္ဆင္းရဲရပါတယ္ဆိုတာမ်ိဳး အိမ္ေထာင္က်ခဲ့ေသာ နွစ္နွစ္နီးပါးအတြင္း မရွိခဲ့ပါ။

ဒါဟာ မွန္ေသာစကားပါ။

ေကာင္းခ်ီလို ေယာက်ာ္းမ်ိဳးေတြ ့စံုေစခဲ့ေသာ  ကံႀကမၼာကိုလည္း ေက်းဇူးတင္မိတာက  အႀကိမ္ႀကိမ္ပါပဲ။

"ေအာ္ …ငိုျပန္ပါပီခင္ဗ်ားရယ္။ ကေလးေလးက်ေနတာပဲ ။ "

မ်က္ရည္စေတြကို သုတ္ေပးဖို ့ကမ္းလာတဲ့ လက္ကိုပုတ္ထုတ္ျပီး ေကာင္းခ်ီကို အတင္းတိုးဖက္မိသည္။
သက္ပံုက ေလာကမွာကံအေကာင္းဆံုးပဲ။
ေကာင္းခ်ီကို ေရြးခ်ယ္ခဲ့မိတာ အမွန္ကန္ဆံုးလုပ္ရပ္။
အႀကိမ္ႀကိမ္ေသရမယ္ဆိုရင္ေတာင္ ေကာင္းခ်ီကိုပဲေရြးမယ္။

"မင္းကို သိပ္ခ်စ္တယ္ ေကာင္းခ်ီ။ ငါ ့ တသက္လံုး
မင္းဆီမွာပဲ ငါ့အခ်စ္ေတြပံုအပ္ထားမယ္။
အဆံုးအစမရွိတဲ့ အခ်စ္ေတြကို မင္းကိုေပးမယ္။ "

တိုးဖက္ရင္း ေကာင္းခ်ီကို လက္မလြတ္ေပးေတာ့မဲ့အေႀကာင္းေျပာမိတာအခါခါ။
ဒီေကာင္ေလးကို သက္ပံု ရူးသြားေလာက္ေအာင္ခ်စ္ရသည္။
ထံုးစံအတိုင္းပါပဲ ငတံုးေလးေကာင္းခ်ီက
သက္ပံုငိုေနတာေတာင္ မေခ်ာ့နိုင္ပဲ
သူ ့ကိုခ်စ္တယ္ေျပာလို ့ သေဘာက်စြာဖက္ထားရင္းခိုးရယ္ေနတာမရပ္ေတာ့။

" ကြၽန္ေတာ္တို႔ နွစ္ေယာက္ ဘယ္ေတာ့မွမခြဲဘူးေနာ္သက္ပံု။ ခင္ဗ်ား လိုခ်င္တဲ့အရာမွန္သမ်ွ  စိတ္တိုင္းလုပ္နိုင္တယ္ ဒါေပမဲ့
ကြၽန္ေတာ့္ကို မခ်စ္ပဲေတာ့မေနပါနဲ႔ ေနာ္။
ခင္ဗ်ား မရွိပဲ ေနရမဲ့ ေန႔ ၊ ခင္ဗ်ားမခ်စ္ေတာ့ပဲ ေနရမဲ့  အဲ့ဒီေန႔ေတြကို တသက္လံုးမႀကံဳ ပါရေစနဲ႔ သက္ပံု။ အဲ့ဒါေလးပဲလိုက္ေလ်ာေပးပါ ။ ကြၽန္ေတာ္ေလ  သက္ပံု ေဘးနားမွာ မရွိပဲ မေနနိုင္ေလာက္ေအာင္ ခင္ဗ်ားကိုရူးသြပ္ေနမိၿပီ  "

"ဟင့္အင္  မင္းက ငါ့ဘဝအတြက္ လမ္းျပၾကယ္ေလးက ေကာင္းခ်ီ ။ ငါ့အနာဂတ္ေတြမွာ  မင္းမရွိပဲ ျဖတ္သန္းသြားလာဖို႔ဆိုတာ  အိမ္မက္ထဲမွာေတာင္ထည့္မမက္ရဲပါဘူး။ မင္းရယ္၊ ငါရယ္ၿပီးေတာ့ ငါတို႔နွစ္ေယာက္ရဲ႕သားေလးရယ္  တသက္လံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အတူ ေနသြားၾကရဖို႔  ငါႀကိဳးစားပါ့မယ္ေကာင္းခ်ီ "

တခ်ိဳ ႕ ယံုၾကည္ျခင္းေတြက ခ်စ္ျခင္းတရားေတြနဲ႔ ျဖစ္တည္သည္။ သူတို႔ဘဝထဲဝင္လာမဲ့ ကေလးတစ္ေယာက္ကို  အေဖနွစ္ေယာက္ရဲ႕ ရင္ထဲက  ေမတၱာနဲ႔  ႀကိဳဆိုဖို႔ အသင့္ျပင္ထားတယ္ဆိုတာ ျဖစ္တည္္မလာေသးတဲ့ကေလး ကသာေနာင္တခ်ိန္ သိမည္ဆိုပါလ်ွင္.....

ခ်စ္တဲ့အိမ္စည္။

မိသားစု…။

သိပ်လှတဲ့ စကားလုံးပဲ ။ ကျွန်တော်ရယ်
ကောင်းချီ ရယ် နောက်ထပ် ကလေးတစ်ယောက်ရယ်။
ဘယ်လောက်အဓိပ္ပါယ်ရှိလိုက်သလဲ။
ကောင်းချီက သက်ပုံရဲ့သွေးသားပဲ ရချင်တယ်တဲ့။
ချစ်မိသူတိုင်းအတွက်ကတော့ သူ့ ချစ်ရသူရဲ့သွေးသားကိုလည်း ထပ်တူကျအောင် ချစ်နိုင်မယ်ဆိုတာ သက်ပုံ သိတာပေါ့။
ဒါပေမဲ့ ဒီတခါလည်း ကောင်းချီကို အနိုင်ယူလက်စနဲ့  သက်ပုံ ကပဲ အနိုင်ယူ ဖို့ ဆုံးဖြတ်ထားတယ်။
ကောင်းချီကိုတောင်ချစ်မဝတာ။ ကောင်းချီနဲ့ တူတဲ့ ကလေးလေးဆိုရင် သက်ပုံ
တစ်ယောက်တော့ ချစ်ရတာနဲ့ လွယ်မယ်မထင်ဘူး။ဒါပေမဲ့ လောဘကြီးတဲ့သက်ပုံကတော့ သူ့ စိတ်ကူးအတိုင်းပဲ အကောင်ထည်ဖော်ဖို့ ဆုံးဖြတ်ထားပီးသား။ 

"ဒါဆို ငါတို့ သဖက်ခါလာခဲ့ရမှာပေါ့။ "

ဖုန်းပြောနေတဲ့ သက်ပုံကို ကောင်းချီကငေးလို့ ထိုင်ကြည့်နေသည်။ ကြည့်ရတာ
သူလည်း နည်းနည်းတော့စိတ်လှုပ်ရှားနေပုံ။
နောက်ဆုံး သူငယ်ချင်းဖြစ်သူ စိုးဝင်းမြတ်ကို နှုတ်ဆက်ပြီးဖုန်းချလိုက်သည်။
ဘန်ကောက်သွားဖို့  သူပဲ အကုန်စီစဉ်ပေးသွားတာမို့  သက်ပုံ ဘာမှတောင်ခေါင်းရှုပ်မခံလိုက်ရ။ လေယာဉ်လက်မှတ်နဲ့
ကောင်းချီအတွက်ဗီဇာကအစ
ကိုယ်ဝန်ဆောင်ပေးမဲ့ အမျိုးသမီးကအဆုံး
သူပဲ လုပ်ပေးသွားတာ။

"ဘာတဲ့လဲ သက်ပုံ ကျွန်တော်တို့ သွားလို့ ရပြီတဲ့လား"

"အင်းရပြီ ။ သဖက်ခါသွားရမှာ ။
လာပါဦး ငါ့ကိုဖက်ထားပါအုံး "

စိတ်လှုပ်ရှားမူ့ ကြောင့် ဘယ်လောက်တည်ငြိမ်အောင်ထားထား လက်တွေကအစတုန်ချင်နေသည်။ လာဖက်ထားတဲ့
ကောင်းချီရဲ့လက်တွေကလဲအေးစက်စက်။

"တမျိုးကြီးဖြစ်နေတယ်။ ဒါတောင်
ဘာမှ မလုပ်ရသေးဘူး။ ငါတို့ ဘဝထဲ
တစ်စုံတစ်ယောက် ရောက်လာဖို့ မင်းနဲ့ ငါနဲ့ အတူကြိုးစားနေတယ်ဆိုတဲ့ အသိနဲ့ တင်
ငါ …ငါ ဘယ်လိုဖြစ်နေမှန်းမသိဘူး"

"ကျွန်တော်ရောပဲ သက်ပုံ။
ခင်ဗျားကို ချစ်ရတာ ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး ။ မိသားစု တစ်စု ကျွန်တော်တို့မှာရှိလာတော့မယ် ဆိုတဲ့အတွေးက ကျွန်တော်ကို ရင်တုန်စေတယ်။ပြီးတော့ ခင်ဗျား။ သက်ဆုံးတိုင် အတူနေဖို့ လမ်းကိုရွေးလိုက်တက်အတွက်အမြဲ ကျေးဇူးတင်နေပါ့သက်ပုံ "

ကောင်းချီရင်ဖက်မှာမျက်နှာအပ်ထားရင်း
စိတ်ကူးအိမ်မက်ကို ရွက်လွှင့်နေမိတာမရပ်တော့။ ကလေးလေး ဖြစ်လာတဲ့အထိ
မစောင့်ချင်တော့ပါ။
ဖြစ်နိုင်ရင် ဟပ်ချလောင်းဆိုပီး မျက်စိရှေ့ ပေါ်လာရင် ကောင်းမယ်ဆိုပြီး မဖြစ်နိုင်တာတွေးနေမိသည်။

_________

"စိတ်ချလက်ချသွားကျ။ ဆိုင်ကို ငါစောင့်ပေးမယ်။ "

ဒေါ်လေးအေးကြည်က ကောင်တာမှာထိုင်ရင်း ပြောလာသည်။
သက်ပုံတို့ ကိုတော့ကြည့်မနေပါ။
လူကြီးတစ်ယောက်ကိုအနေရခက်နေပေလိမ့်မည်။

ငှားထားတဲ့ကားကလည်း စောင့်နေတာကြာပီမို့  ဖိုးသားတို့ မြသက်တို့ ကို
မှာစရာရှိတာသေချာမှာပြီး သက်ပုံကပဲ နှုတ်ဆက်စကားပြောလိုက်ရသည်။

"ဒေါ်လေးတို့ ကျွန်တော်တို့ သွားတော့မယ်နော် "

"အေးအေး ဂရုစိုက်ကြ ။ဆိုင်ကိုဘာမှနောက်ဆံမငင်နဲ့ သွားရတုန်း လည်ပတ်ပြီးမှသာပြန်ခဲ့။
ကောင်းကောင်းအကြောင်းလည်းမင်းသိတာပဲ၊  ရောက်တုန်းနှမြောမနေနဲ့ လို့ ပြောလိုက်အုံး ..တော်ကြာ နိုင်ငံခြားသွားပြီးရေသောက်ပြန်လာနေဦးမယ်  "

ဒေါ်လေးမြရင်စကားကြောင့် သက်ပုံ ပြုံးစိစိဖြစ်သွားသည်။
ကောင်းချီက အထုတ်တွေကားပေါ်တင်ပြီးပီမို့ လာခဲ့တော့ဖို့ လှမ်းခေါ်၏။
အကုန်လက်ပြနှုတ်ဆက်ပြီး သက်ပုံ  ကားပေါ်တက်လိုက်သည်။
ကားထွက်သွားတော့ ခြံပြင်ထိလိုက်ကြည့်ကြတဲ့ ဒေါ်လေးတို့ အုပ်စုက အပေါက်ဝမှာ တပြုံကြီး။
သူတကယ် ကောင်းချီအမျိုးတွေကို သဘောကျ၏။
နွေးထွေးတယ်၊ စည်းလုံးတယ် ။

-
-

Hotelခန်း မှာ ရှိတဲ့ နှစ်ယောက်မွေ့ ယာ ဖြူ လွှလွှက ကောင်းချီကို အနည်းငယ် မျက်နှာ နီမြန်းစေသည်။
ဘာလုပ်ရမှန်းမသိ တုန်ရီရီခံစားချက်က
နှစ်ယောက်အတူ ခိုးပြေးလာခဲ့တုန်းကတောင် ဒီလောက် မဆိုး။
အိမ်မှာလည်း တစ်ခန်းထဲ အတူနေဖူးထားပဲ
ဒါပေမဲ့ ခုခံစားနေရတဲ့ ခံစားချက်က တမျိုးကြီး။

သက်ပုံ ထိုင်လိုက် ထလိုက်လုပ်နေတဲ့
ကောင်းချီကို ကြည့်ကာ တိတ်တဆိတ်ပြုံးမိသည်။
ကောင်းစင်သန့် ချီက သူယူထားတဲ့ အမျိုးသားနဲ့ hotelခန်းတခုမှာ တည်းရလို့ ရှက်နေသည်တဲ့။

ဘာလေးမှန်းမသိတဲ့ အနီရောင် မျက်နှာထားနဲ့ တံငါကုန်းသားကို သက်ပုံ ဆွဲဖက်ညှစ်ပစ်လိုက်ရင်မကောင်းရှိတော့မယ်။

ဘန်ကောက်ရောက်တုန်းကလည်း
မြင်မြင်သမျှ ပါးစပ်လေးဟကာ တအံတသြငေးလို့ ။
အတူလိုက်ပါလာတဲ့ စိုးဝင်းမြတ်ကတောင် ကောင်းချီကိုကြည့်ပီး သူပါသဘောတကျရယ်နေသေးသည်။
အူယားစရာ တောသားမြို့ ရောက်
ကိုကောင်းချီကလေးကို လွတ်လွတ်လပ်လပ်ငေးခွင့်ရအောင်  သက်ပုံ ခမျာ ဆွဲထားတဲ့လက်ကိုမလွတ်ပေးရဲ။
ကောင်းချီသည် သက်ပုံဆင်ပေးထားတဲ့အတိုင်းပြာလွင့်လွင့် ဂျင်းဘောင်းဘီနဲ့  အနက်ရောင် တီရှပ်ပေါ်မှာ အပြာနဲ့ အနက်ကွက်ရောထားတဲ့ အင်္ကျီကို ထပ်ဝတ်ထား၏။

သိသိသာသာရှည်လျားတဲ့ အရပ်အမောင်းရယ် အညိုရောင် အသားရေနဲ အကြမ်းဆန်လှတဲ့ ပုံပန်းရယ်ကြောင့် ဖြတ်သန်းသွားလာသူတချို့ က မသိမသာကြည့်သွားကြသော်လဲ သူမသိတာတွေကို လက်ညိုးတထိုးထိုးနဲ့ မေးနေတဲ့ ကောင်းချီကတော့မသိရှာပါ။

ကောင်းချီ ခုတလော စကားတွေများလာပါသည်။
လိုတာထပ်ပိုပီး ရင်းနှီးနေတဲ့ ခန္ဓာကိုယ်တွေကြောင့်လား… ဒါမှမဟုတ် ကြာမြင့်လာသော သံယောဇဉ်တွေကြောင့်လားမသိပါ။ ပုံမှန်ထပ်ပိုပီး ပွင့်လင်းထားတာကတော့အမှန်ပင်။

"ကောင်းချီ "

တိတ်ဆိတ်နေတဲ့ အခန်းမှာ သက်ပုံ အသံထွက်လာတော့  ဘာတွေးနေမှန်းမသိတဲ့ ကောင်းချီက အမှတ်တမဲ့ လန့် သွားသယောင် ။

"ဗျာ "

"ဗျာကိုနောက်ထား လူအရင်လာ။
ဘာတွေအတွေးလွန်နေတာလဲ ။
မင်းလန့်  သွားတာ ငါသိတယ်နော်"

အခန်းထောင့်နားမှာ luggageချလို့
သက်ပုံ သက်တောင့်သက်သာ လဲလို့ ရအောင် အဝတ် ထုတ်ပေးနေတဲ့ ကောင်းချီက  သက်ပုံစကားကြောင့် ကိုင်ထားပြီးငေးနေတဲ့ အဝတ်တချို့ ကို ချကာ
သက်ပုံဘေးလာထိုင်၏။

"မဟုတ်ပါဘူး။ ကျွန်တော်တွေးနေတာ
သမီးလေးဆို ပိုအဆင်ပြေမလားလို့ ပါ"

ကြင်ကြင်နာနာ ထွေးပွေ့ လာတာကိုမှီနွဲ့
ထားရင်း

"သားနေနေ သမီးနေနေ  ငါ့လက်ထဲရောက်လာရင် လူလိမ်မာလေးဖြစ်စေရမယ်။
မင်းယောကျာ်းငါက ဘယ်လောက်တော်တယ်ဆိုတာ မင်းသိတယ်မို့ လား…"

"အင်း… ကျွန်တော်သိပါတယ် "

ဦးခေါင်းထပ်က ဆံနွယ်တွေကြားမှာ
နစ်ဝင်လာသော နှာခေါင်းဖျားရဲ့ အထိအတွေ့ ကို ငြိမ်သက်စွာခံယူရင်း သက်ပုံ
မပြောဖြစ်သေးတဲ့ စကားတွေကို ပြောလိုက်သည်။

"ကောင်းချီ ။ ငါမင်းကို ပြောစရာရှိတယ်။ "

"အင်း "

ဖယ်ခွာသွားတဲ့ အတွေ့ အထိကို နှမြောပေမဲ့ လေးနက်စွာ ဖက်ထားရင်းနားထောင်နေတဲ့ ကောင်းချီကြောင့်ကျေနပ်ရပါသေးသည်။

"ငါမင်းရဲ့ သွေးသားကိုပဲ ရချင်တယ်။ "

"ဘာလို့ လဲ"

တည်ငြိမ်နေသောလေသံက အံသြဟန်လုံးလုံးမရှိ။
ဘယ်တုန်းကမှ ကောင်းချီအတွေးတွေကို
မသိခဲ့တဲ့ သက်ပုံက ဒီတခါလည်း ကောင်းချီဘာတွေ
တွေးထားလဲ မသိခဲ့ပါ။
လေးပင့်စွာ သက်ပြင်းချလိုက်ရင်း

" မင်းကိုချစ်တဲ့ လောဘတွေကြောင့်ပါ။
မင်းနဲ့ တူတဲ့ကလေးလေးကို ငါတကယ်ရချင်တယ် ကောင်းချီ။ ဒီတခါလည်း မင်းကို
အနိုင်ယူခွင့်ပြုပါ "

သက်ပုံကိုထွေးဖက်ထားတဲ့ ကောင်းချီရဲ့လက်တွေက ပြေလျော့သွားပါသည်။
ဘေးတစောင်းမြင်နေရတဲ့ ကောင်းချီကို
အလန့် တကြားမော့ကြည့်မိသည်ထိ
ကောင်းချီ လက်မခံမှာ သိပ်စိုးပါသည်။

"မျက်ရည်တွေဘာလို့ ကျနေတာလဲသက်ပုံရာ။ ခင်ဗျား ပျော်ရမယ်ထင်ရင် ကြိုက်တာလုပ်ပါ။ ကောင်းချီဆိုတဲ့ ယောကျာ်းက အိမ်ထောင်သက် တစ်လျှောက်လုံး
ခင်ဗျား စိတ်ဆင်းရဲအောင် …စိတ်တိုင်းမကျအောင် ဘယ်နှစ်ခါ ထားခဲ့နေခဲ့ဖူးလဲ"

ကောင်းချီစကားဆုံးတော့ ပိုးတိုးကျလာတဲ့ မျက်ရည်တွေကအလုအယက်။
သူကိုယ်တိုင် ကလေးမွေးမပေးနိုင်လို့
ကောင်းချီကိုအားနာရပါသည်။
ဘယ်သောအခါမှ စိတ်ဆင်းရဲရပါတယ်ဆိုတာမျိုး အိမ်ထောင်ကျခဲ့သော နှစ်နှစ်နီးပါးအတွင်း မရှိခဲ့ပါ။

ဒါဟာ မှန်သောစကားပါ။

ကောင်းချီလို ယောကျာ်းမျိုးတွေ့ စုံစေခဲ့သော  ကံကြမ္မာကိုလည်း ကျေးဇူးတင်မိတာက  အကြိမ်ကြိမ်ပါပဲ။

"အော် …ငိုပြန်ပါပီခင်ဗျားရယ်။ ကလေးလေးကျနေတာပဲ ။ "

မျက်ရည်စတွေကို သုတ်ပေးဖို့ ကမ်းလာတဲ့ လက်ကိုပုတ်ထုတ်ပြီး ကောင်းချီကို အတင်းတိုးဖက်မိသည်။
သက်ပုံက လောကမှာကံအကောင်းဆုံးပဲ။
ကောင်းချီကို ရွေးချယ်ခဲ့မိတာ အမှန်ကန်ဆုံးလုပ်ရပ်။
အကြိမ်ကြိမ်သေရမယ်ဆိုရင်တောင် ကောင်းချီကိုပဲရွေးမယ်။

"မင်းကို သိပ်ချစ်တယ် ကောင်းချီ။ ငါ့  တသက်လုံး
မင်းဆီမှာပဲ ငါ့အချစ်တွေပုံအပ်ထားမယ်။
အဆုံးအစမရှိတဲ့ အချစ်တွေကို မင်းကိုပေးမယ်။ "

တိုးဖက်ရင်း ကောင်းချီကို လက်မလွတ်ပေးတော့မဲ့အကြောင်းပြောမိတာအခါခါ။
ဒီကောင်လေးကို သက်ပုံ ရူးသွားလောက်အောင်ချစ်ရသည်။
ထုံးစံအတိုင်းပါပဲ ငတုံးလေးကောင်းချီက
သက်ပုံငိုနေတာတောင် မချော့နိုင်ပဲ
သူ့ ကိုချစ်တယ်ပြောလို့  သဘောကျစွာဖက်ထားရင်းခိုးရယ်နေတာမရပ်တော့။

" ကျွန်တော်တို့ နှစ်ယောက် ဘယ်တော့မှမခွဲဘူးနော်သက်ပုံ။ ခင်ဗျား လိုချင်တဲ့အရာမှန်သမျှ  စိတ်တိုင်းလုပ်နိုင်တယ် ဒါပေမဲ့
ကျွန်တော့်ကို မချစ်ပဲတော့မနေပါနဲ့ နော်။
ခင်ဗျား မရှိပဲ နေရမဲ့ နေ့ ၊ ခင်ဗျားမချစ်တော့ပဲ နေရမဲ့  အဲ့ဒီနေ့တွေကို တသက်လုံးမကြုံ ပါရစေနဲ့ သက်ပုံ။ အဲ့ဒါလေးပဲလိုက်လျောပေးပါ ။ ကျွန်တော်လေ  သက်ပုံ ဘေးနားမှာ မရှိပဲ မနေနိုင်လောက်အောင် ခင်ဗျားကိုရူးသွပ်နေမိပြီ  "

"ဟင့်အင်  မင်းက ငါ့ဘဝအတွက် လမ်းပြကြယ်လေးက ကောင်းချီ ။ ငါ့အနာဂတ်တွေမှာ  မင်းမရှိပဲ ဖြတ်သန်းသွားလာဖို့ဆိုတာ  အိမ်မက်ထဲမှာတောင်ထည့်မမက်ရဲပါဘူး။ မင်းရယ်၊ ငါရယ်ပြီးတော့ ငါတို့နှစ်ယောက်ရဲ့သားလေးရယ်  တသက်လုံး ပျော်ပျော်ရွှင်ရွှင် အတူ နေသွားကြရဖို့  ငါကြိုးစားပါ့မယ်ကောင်းချီ "

တချို့  ယုံကြည်ခြင်းတွေက ချစ်ခြင်းတရားတွေနဲ့ ဖြစ်တည်သည်။ သူတို့ဘဝထဲဝင်လာမဲ့ ကလေးတစ်ယောက်ကို  အဖေနှစ်ယောက်ရဲ့ ရင်ထဲက  မေတ္တာနဲ့  ကြိုဆိုဖို့ အသင့်ပြင်ထားတယ်ဆိုတာ ဖြစ်တည်မလာသေးတဲ့ကလေး ကသာနောင်တချိန် သိမည်ဆိုပါလျှင်.....

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz