အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
42
ဒီေန ့ ဆိုင္ပိတ္တဲ့ ေန ့မို ့ခါတိုင္းဆူညံေနတဲ့ ေစ်းဆိုင္သည္ တိတ္ဆိတ္ကာ လူသူရွင္းလင္းေနေလ၏။
တစ္ပါတ္တစ္ခါ ပိတ္တဲ့ ဆိုင္းနားရက္
ေန ့ေလးမို ့ေကာင္းခ်ီနဲ ့သက္ပံုတို ့နွစ္ေယာက္သည္လည္း အိမ္အလုပ္လုပ္ရင္းအခ်ိန္ကုန္
ဖို ့ဆံုးျဖတ္ထားသည္။ ထို႔ေၾကာင့္ မနက္စာ စားေသာက္ပီးခ်ိန္တြင္ နွစ္ေယာက္သား ၿခံေထာင့္က ေက်ာက္ကန္မွာ
အဝတ္ေလ်ွာ္ဖို႔ ေရာက္ရွိေန၏။ အဓိက ေလ်ွာ္မဲ့သူသည္ ေကာင္းခ်ီ ျဖစ္ၿပီး သက္ပံုကေတာ့ သစ္ပင္မ်ားကိုေရေလာင္း ေျမဆြ လုပ္ဖို႔ ေ႐ြးခ်ယ္လိုက္၏။
အခ်စ္ခံရသူတို႔အဖို ႔ ပင္ပန္းတာမွန္သမ်ွကို လက္ဖ်ားနဲ႔ထိစရာပင္ မလိုအပ္ေခ်။
အိမ္ေပၚအခန္းရွင္းၿပီး ေအာက္ဆင္းလာေတာ့ ေကာင္းခ်ီ လက္ထဲမွာ ေလ်ွာ္ရမဲ့ ေစာင္နဲ႔ အဝတ္ေတြ တေပြ႕တပိုက္ႀကီး ပါလာခဲ့ၿပီး သက္ပံုကိုေတာ့ အပင္ရိပ္မွာထိုင္ေစသည္။ အၿငိမ္မေနတက္သူမို႔ ခရင္းခြေလးကိုင္ကာ သလဲပင္ေအာက္မွာ ေျမဆြဖို႔ ထိုင္လိုက္၏
ထိုစဥ္မွာပဲ အိမ္ေထာင့္က ေက်ာက္ကန္ဝိုင္းမွာ
ေကာင္းခ်ီတစ္ေယာက္ တုတ္ပုတ္နဲ ့တဘုန္းဘုန္းထုကာ ေစာင္နဲ ့အိပ္ယာခင္းေတြေလ်ွာ္ေတာ့၏။
ခပ္တိုတိုဝတ္ထားတဲ့ ပုဆိုးေအာက္နားေတြသည္ ေရစိုေနျပီး
အေပၚပိုင္းတြင္ အက်ၤ ီဝတ္မထားပဲ ခပ္ေရးေရးျမင္ေနရတဲ့ ႀကြက္သားေတြနဲ ့ ေကာင္းခ်ီက ေယာက်ာ္းပီသျပေနပါသည္။
မနွစ္က စိုက္ထားတဲ့ သလဲသီးပင္သည္
နီနီရဲရဲ အသီးမ်ားျဖင့္ ျမိဳင္ျမိဳင္ဆိုင္ဆိုင္ျဖစ္ထြန္းလ်ွက္ရွိ၏။
သက္ပံုသည္ ျဖစ္ထြန္းေနတဲ့ သလဲပင္ေအာက္ေျခတြင္ ေစာင့္ေႀကာင့္ထိုင္ကာ
ေျမဆြေနေပမဲ့ အႀကည့္ေတြကေတာ့
အညိဳေရာင္ေရးေရး ေပါင္မုန္ ့ႀကမ္းေတြေပၚမွာသာရွိလို ့ေနသည္။
အလြန္အမင္းစိတ္ခ်မ္းသာဖြယ္ေကာင္းတဲ့ျမင္ကြင္းသည္ မ်က္စိေရွ ့ေမွာက္မို ့
တခဏေလာက္ လႊဲဖယ္လိုက္လ်ွင္ ဆံုးရွဳံ းမွဳ ့အႀကီးအက်ယ္ျဖစ္သြားနိုင္သလိုပင္ခံစားေနရသည္။
ထုရုိက္လို ့အားရသြားေတာ့ ေရသစ္ေလ်ွာ္ကာ လွမ္းဖို ့ျပင္ေနသည္။
ေစာင္လွမ္းရေအာင္ေသခ်ာလုပ္ထားတဲ့ ႀကိဳးေပၚကို ေစာင္တင္ကာ ညီညာေနေအာင္ လွမ္းေနတဲ့ ေကာင္းခ်ီသည္တခါတခါ လက္ေျမွာက္လိုက္တိုင္း ခ်ိဳင္းေမႊးမဲမဲေလးေတြေပၚလာတက္၏။
ထိုျမင္ကြင္းသည္ သက္ပံုကို အာေခါင္ေျခာက္ေစလြန္းသည္။
သူ ့ေယာက်ာ္းသည္ မျမင္အပ္တဲ့ ခ်ိဳင္းေမႊးေတာင္ ေယာက်ာ္းဆန္လြန္းေနတာမ်ိဳး။
အလြန္အမင္းအေမႊးထူရင္ျဖစ္ေစ
မပါပဲေျဗာင္ရွင္းေနရင္ျဖစ္ေစ
မႀကိဳက္တဲ့
သက္ပံုအတြက္ကေတာ့ ေကာင္းခ်ီရဲ့ ခ်ိဳင္းေမႊးက အေနေတာ္ပဲဟု ထင္သည္။
ေျပာလို ့ေျပာတာမဟုတ္ သူ ့ေယာက်ာ္းေကာင္းခ်ီသည္ ဘယ္ေနရာႀကည့္ႀကည့္
ေယာက်ာ္းေကာင္းတို ့သြင္ျပင္လကၡဏာအျပည့္ပင္ျဖစ္၏။
အလုပ္လုပ္တဲ့ေနရာမွာ ဖင္ေပါ့သလို
မိန္းမ ျမင္ရင္ တကူးတက တဏွာထကာ
လိုက္ႀကည့္တက္ တာမ်ိဳးလည္းမရွိ။
အေဒၚအရြယ္ အမ…ညီမအရြယ္ မွန္သမ်ွကိုလဲ
ေလးေလးစားစားဆက္ဆံတက္သည့္အျပင္ အလွဴအတန္းလည္းရက္ေရာတက္ေသးသည္။
သက္ပံုနဲ ့ဆိုရင္ သူက အငယ္ျဖစ္ေပမဲ့ အေလ်ာ့ေပး သည္းခံတက္ေသးသည္မို ့
တစ္ေထာင္မွာတစ္ေယာက္ရွားပါးလွတဲ့အိမ္ေထာင္ဖက္ကို သက္ပံုက ကံထူးစြာရရွိခဲ့သည္ေျပာရမယ္။
"ခ်စ္တဲ့ သက္ပံုေလး ဘာေတြအဲ့သေလာက္ေငးေနတာလဲ "
အေဝးကေန ေငးႀကည့္ေနရတဲ့ ေပါင္မုန္ ့ႀကမ္းေတြက အနီးကပ္ေရာက္လာတာကိုေတာင္ သက္ပံု မသိပဲ အေငးလြန္သြားတာကေတာ့ရွက္ရြံ ့ဖြယ္ပါ။
သို ့ေသာ္လည္း ခ်စ္စရာေကာင္းတဲ့
ေယာက်ာ္းကို ေရွ ့ထားျပီး ရွက္ရြံ ့ျငိမ္က်သြားရေအာင္
သက္ပံု အဲ့သေလာက္မတံုးအပါ။
"မင္းကို ေပါ့။ ငါ့ေယာက်ာ္းကေလ
တခါတေလ ငါနဲ ့မတန္သလိုေတာင္ခံစားေနရတယ္။ မင္းသိလား…
ႀကည့္ေနရင္းေတာင္ မင္းတန္ဖိုးက ပိုပိုတက္လာသလိုပဲ "
"သက္ပံု သက္ပံု ခင္ဗ်ားခုတေလာ အေတာ္ေလးဆိုးလာတယ္ေပါ့ဟုတ္လား။
စိတ္ကိုအေတာ္ေလာက္ဆြေနာ္။ က်ဳပ္က
ခင္ဗ်ားပတ္သတ္လာရင္ စိတ္က သိပ္ခိုင္တာမဟုတ္ဘူး။ လုပ္ပစ္လိုက္ရင္
တစစီျဖစ္အုန္းမယ္"
ေျပာေနရင္း အူယားလာပံုရတဲ့ ေကာင္းခ်ီက ေျမႀကီးေပၚထိုင္ေနတဲ့ သက္ပံုေဘးကို အတင္းဝင္ထိုင္ကာ လက္ေမာင္းေတြကို အတင္းကိုက္ေတာ့သည္။
"အား ! ယားတယ္လို ့။ မင္းကိုက္မွာဆိုရင္လဲနာေအာင္ကိုက္။ ခုလို တတိတိလုပ္ရင္ ငါမေနတက္ဘူး"
အသားနာေအာင္ဘယ္ေတာ့မွ ေကာင္းခ်ီက မလုပ္တက္ပါ။ သူလုပ္ရင္ေတာင္ သြားနဲ ့က်ိတ္တာေလာက္ပဲ လုပ္တက္သူမို ့
အဲ့အေနထားက အေတာ္ေလးကသိကေအာက္ နိုင္လွပါတယ္။
"ခင္ဗ်ားေနာ္ ။ အသားနာေအာင္
လုပ္ရေအာင္ က်ြန္ေတာ္က မုန္းေနတဲ့သူမွမဟုတ္တာ။ ခ်စ္လို ့ …ခ်စ္လြန္းလို ့
ထားစရာေနရာေတာင္မရွိတာ အာ …ေျပာရင္းနဲ ့ တေမႊးေလာက္နမ္းပါရေစဗ်ာ။
ခင္ဗ်ားပါးေလးကဝင္းေနတာပဲ "
မနက္ကပဲ သူ ့စိတ္တိုု္င္းက်ေသြးေပးထားတဲ့ အဝါေရာင္ သနပ္ခါးေတြသည္ ပိုင္ရွင္ရဲ့ လက္ခ်က္နဲ ့ပဲ ပ်က္ပ်ယ္ကုန္၏။
ေကာင္းခ်ီရဲ ့တေမႊးသည္ အလြန္ေႀကာက္ဖို ့ေကာင္းပါသည္။
"ႀကည့္စမ္း ေကာင္းခ်ီ ။ မင္းငါ့ကို အရုပ္ကေလးမ်ားမွတ္ေနလား။ ငါ့သနပ္ခါးေတြေတာ့ကုန္ပါျပီ။ မင္းပဲ အတင္းလိမ္းခိုင္း
မင္းပဲ ဇြတ္ဖ်က္နဲ ့ေနာက္ကို လာမလိမ္းခိုင္းနဲ ့"
ပါးနွစ္ဖက္ကို အတင္းညွစ္ကိုင္ကာ
လုပ္ခ်င္သလို လုပ္ေနတာမို ့
လိမ္းထားသမ်ွ သနပ္ခါးသည္ တစက္မွမက်န္ေတာ့။
ေက်နပ္အားရေအာင္ လူကို အတင္းနမ္းရွဳံ ့ျပီးမွ လႊတ္ေပးကာ သူ ့ေႀကာင့္နီသြားတဲ့ပါးျပင္ကိုအသာအယာျပံဳးကာ လက္နဲ ့
ပြတ္ေပးျပီးေခ်ာ့ျပန္သည္။
"က်ြန္ေတာ္တို ့ကေလးယူႀကေတာ့မလားသက္ပံု။ ခင္ဗ်ားနဲ ့တူတဲ့ ကေလးေလးတစ္ေယာက္ က်ြန္ေတာ္ရခ်င္ေနျပီ"
ေကာင္းခ်ီဆီမွာထြက္လာေသာစကားသည္ သက္ပံုကို အလြန္အမင္းအံ့ႀသေစ၏။
တည္ျငိမ္ေလးနက္လြန္းေသာ မ်က္လံုးမ်ားက လိမ္ေနတာမဟုတ္မွန္းသိေစေပမဲ့
"ေသခ်ာျပီလား ။ မင္းရခ်င္တာ ေသခ်ာျပီလား ေကာင္းစင္သန္ ့ခ်ီ။ "
ဟုအႀကိမ္ႀကိမ္စိတ္လွဳပ္ရွားစြာေမးမိသည္ထိျဖစ္ရသည္။
ေကာင္းခ်ီက ျပံဳးကာ ေခါင္းညိမ့္ျပလာတယ္။ ထို ့ေနာက္ သက္ပံုေခါင္းကို သူ ့ပံုခံုးေပၚမွီေစျပီး
"ေသခ်ာတယ္ သက္ပံု ။ က်ြန္ေတာ္ခင္ဗ်ားကို သိပ္ခ်စ္တယ္။ ကေလးတစ္ေယာက္ေရာက္လာရင္ အဲ့ကေလးကိုခင္ဗ်ား ဘယ္လို ျပဳစုပ်ိဳးေထာင္မလဲ က်ြန္ေတာ္ႀကည့္ခ်င္ေသးတယ္။ ေပ်ာ္ေနမဲ့ ခင္ဗ်ားကို ထိုင္ႀကည့္ေနဖို ့အလုပ္ထက္ ဘယ္အရာက ပိုအေရးႀကီးမွာလဲ ခင္ဗ်ားရယ္"
အက်ၤ ီမပါတဲ့ ညိုတိုတို ပုခံုးသားကို ပါးနဲ ့နွစ္ခ်က္ေလာက္ပြတ္ကာ သက္ပံုေပ်ာ္ေနမိသည္။
ခေရပန္းေတြက
သက္ပံုတို ့နွစ္ေယာက္ေပၚ တလြင့္လြင့္ေႀကြလို ့။
ဘယ္အရာက စစ္မွန္တဲ့ ေမတၱာ တရားထက္ပိုလွနိုင္မွာလဲ။
-
-
-
"မင္းတို ့ဟာက ဟုတ္ေရာဟုတ္ရဲ့လား"
ေဒၚေအးႀကည္သည္ သူေရွ ့ကနွစ္ေယာက္ကို မယံုႀကည္နိုင္သည္ေႀကာင့္ေနာက္တေခါက္ထပ္ေမးေနမိသည္။
ဘယ္နွယ့္ေႀကာင့္ နိုင္ငံျခားထိ ကေလးယူဖို ့ေတြးရသလဲ။
ေဆးပညာေလာကသည္သူမတို ့လို
ေတာသူေတာင္သား ဗဟုသုတမရွိသူအတြက္ နားလည္ဖို ့ခဲရင္းလြန္းသည္။
ေသြးသားမဆက္ႏြယ္ပဲ
ဘယ္လိုလုပ္ တျခားမိန္းမတစ္ေယာက္ကိုကိုယ္ဝန္လြယ္ေစမွာလဲ။
ျပီးေတာ့ ထိုကေလးက
တစ္ေယာက္ေယာက္နဲ ့ ပဲ သက္ဆိုင္မဲ့သူ။
ဘယ္လိုေတာင္ အဆင္မေျပလိုက္တဲ့စကားေတြလဲ။
ဒါေပမဲ့ တူျဖစ္သူက ဆံုးျဖတ္ခ်က္ခိုင္မာစြာျဖင့္
"ဟုတ္တယ္ေဒၚေလး ။ က်ြန္ေတာ္တို ့နွစ္ေယာက္ထဲက တစ္ေယာက္ရဲ့ေသြးသားကို နိုင္ငံၿခားမွာ အငွားကိုယ္ဝန္ေဆာင္နဲ ့
ူယူမွာပါ။ဒီေန ့ အဲ့ဒီအေႀကာင္းကို ေဒၚေလးတို ့ကို ေခၚအသိေပးတာ "
အသိေပးတယ္ဆိုကတည္းက သူလုပ္ဖို ့ရာဆံုးျဖတ္ထားတာေသခ်ာသည္။
ေဒၚေအးႀကည္ နားထင္ကိုဖိကာ ညီမျဖစ္သူကိုႀကည့္မိသည္။ ဒါေပမဲ့ ျမရင္က တည္ျငိမ္စြာ နားေထာင္ေနသည္မို ့စိတ္ေလ်ာ့ကာ
"ျမရင္ ညည္းဘယ္လိုထင္လဲ"
ဟု အႀကံေတာင္းမိသည္။
"က်မတို ့ကအခ်ိန္တိုင္းသူတို ့ကိုဂရုစိုက္နိုင္မွာမွမဟုတ္တာ ။ ကိုယ္ေမြးထားတဲ့သားသမီးဆိုမွ ေကာင္းေကာင္းတို ့အသက္အရြယ္ႀကီးရင့္လာရင္ ျပန္ျပဳစုနိုင္မွာေပါ့။ယူပါေစ အမရယ္ သူ တို ့လဲ
ကိုယ္မိသားစု ကိုယ့္သားသမီးနဲ ့အတူေနခ်င္မွာေပါ့"
ေဒၚျမရင္ကေတာ့ အေနေအးသူပီပီ
ေျဖာင့္ဖ်ေပးေလသည္။
သားသမီးဆိုတာ အားမကိုးရေတာင္
အနည္းဆံုးေတာ့ အိုမင္းမစြမ္းတဲ့အခါ
ႀကည့္ရွဳ ့ေစာင့္ေရွာက္ေဖာ္ေတာ့ရမွာပါ။
" ဘယ္ေတာ့လဲ သြားမွာ "
ေဒၚေအးႀကည္ သက္ျပင္းခ်ကာေမးလိုက္ေတာ့ နွစ္ေယာက္သားျပံဳးသြားလိုက္တာမ်ား ဘယ္ေလာက္ေပ်ာ္သြားသ
လဲေမးေနစရာေတာင္မလို။
"ေနာက္လ ပါေဒၚေလး။ ဒီႀကားထဲစီစဥ္စရာရွိတာ စီစဥ္ရအုန္းမွာမို ့ခ်က္ျခင္းေတာ့သြားလို ့မလြယ္ဘူး "
"တားမရလဲ လုပ္က်ေပါ့။ ေအး ဒါေပမဲ့
တစ္ခုမွာမယ္ေနာ္။ မင္းတို ့က သာမန္
အိမ္ေထာင္ေရးမဟုတ္ဘူးဆိုတာမေမ ့နဲ ့။
သူမ်ားေျပာမွျပန္ႀကားရမဲ့စကားထပ္
ေဒၚေလးကပဲ အမုန္းခံပီးေျပာလိုက္မယ္။
ကေလးက ေနာင္တခ်ိန္ မင္းတို ့အရိပ္ေတြလႊမ္းမိုးလာနိုင္တယ္။ နိုင္ေအာင္ထိန္းနိုင္ပါ့မလား။ စိတ္ဒဏ္ရာမျဖစ္ေအာင္ ပ်ိဳးေထာင္နိုင္မလား ေသခ်ာစဥ္းစားဆံုးျဖတ္ပါ "
သက္ပံု တည္ျငိမ္စြာပဲ ေဒၚေလးေအးႀကည္ကို ႀကည့္ကာ ျပံဳးျပမိတယ္။
သူ မေတြးထားပဲေနမလား။
ဒီလိုဒဏ္ရာေတြနဲ ့ သူႀကီးျပင္းခဲ့ဘူးတာပဲေလ။
"စိတ္ခ်ပါ ေဒၚေလး ။
အေတာက္ပဆံုးႀကယ္ေလးတစ္လံုးျဖစ္ေအာင္ က်ေတာ္ပ်ိဳးေထာင္နိုင္ပါတယ္"
ခိုင္မာတဲ့ ဂတိစကားကိုသူေပးေတာ့
ေကာင္းခ်ီက မ်က္ရည္ဝဲေနတဲ့ မ်က္လံုးမ်ားျဖင့္ႀကည့္လာတယ္။
ဘယ္သူေျပာလဲ ။
ေယာက်ာ္းနွစ္ေယာက္က ကိုယ္ပိုင္မိသားစုမရွိရဘူးလို ့။
ဘယ္သူေျပာလဲ။
ေယာက်ာ္းနွစ္ေယာက္ပတ္သတ္မူ ့
ေႀကာင့္ ကေလးတစ္ေယာက္က အနာတရရွင္သန္ႀကီးထြားရမယ္လို ့။
အကုန္လံုးရဲ့အျမင္နဲ ့ဆံုးျဖတ္ခ်က္ကို
သက္ပံု ေျပာင္းျပန္လွန္ျပဖို ့ဆံုးျဖတ္ထားသည္။
ေကာင္းစင္သန္ ့ခ်ီရဲ့ေသြးသားကို ဘယ္သူထိရဲလဲ။
ခ်စ္တဲ့အိမ္စည္။
>>>>>>>>><<<<<<<<<>
ဒီနေ့ ဆိုင်ပိတ်တဲ့ နေ့ မို့ခါတိုင်းဆူညံနေတဲ့ ဈေးဆိုင်သည် တိတ်ဆိတ်ကာ လူသူရှင်းလင်းနေလေ၏။
တစ်ပါတ်တစ်ခါ ပိတ်တဲ့ ဆိုင်းနားရက်
နေ့ လေးမို့ ကောင်းချီနဲ့ သက်ပုံတို့ နှစ်ယောက်သည်လည်း အိမ်အလုပ်လုပ်ရင်းအချိန်ကုန်
ဖို့ ဆုံးဖြတ်ထားသည်။ ထို့ကြောင့် မနက်စာ စားသောက်ပီးချိန်တွင် နှစ်ယောက်သား ခြံထောင့်က ကျောက်ကန်မှာ
အဝတ်လျှော်ဖို့ ရောက်ရှိနေ၏။ အဓိက လျှော်မဲ့သူသည် ကောင်းချီ ဖြစ်ပြီး သက်ပုံကတော့ သစ်ပင်များကိုရေလောင်း မြေဆွ လုပ်ဖို့ ရွေးချယ်လိုက်၏။
အချစ်ခံရသူတို့အဖို့ ပင်ပန်းတာမှန်သမျှကို လက်ဖျားနဲ့ထိစရာပင် မလိုအပ်ချေ။
အိမ်ပေါ်အခန်းရှင်းပြီး အောက်ဆင်းလာတော့ ကောင်းချီ လက်ထဲမှာ လျှော်ရမဲ့ စောင်နဲ့ အဝတ်တွေ တပွေ့တပိုက်ကြီး ပါလာခဲ့ပြီး သက်ပုံကိုတော့ အပင်ရိပ်မှာထိုင်စေသည်။ အငြိမ်မနေတက်သူမို့ ခရင်းခွလေးကိုင်ကာ သလဲပင်အောက်မှာ မြေဆွဖို့ ထိုင်လိုက်၏
ထိုစဉ်မှာပဲ အိမ်ထောင့်က ကျောက်ကန်ဝိုင်းမှာ
ကောင်းချီတစ်ယောက် တုတ်ပုတ်နဲ့ တဘုန်းဘုန်းထုကာ စောင်နဲ့ အိပ်ယာခင်းတွေလျှော်တော့၏။
ခပ်တိုတိုဝတ်ထားတဲ့ ပုဆိုးအောက်နားတွေသည် ရေစိုနေပြီး
အပေါ်ပိုင်းတွင် အင်္ကျီဝတ်မထားပဲ ခပ်ရေးရေးမြင်နေရတဲ့ ကြွက်သားတွေနဲ့ ကောင်းချီက ယောကျာ်းပီသပြနေပါသည်။
မနှစ်က စိုက်ထားတဲ့ သလဲသီးပင်သည်
နီနီရဲရဲ အသီးများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ထွန်းလျှက်ရှိ၏။
သက်ပုံသည် ဖြစ်ထွန်းနေတဲ့ သလဲပင်အောက်ခြေတွင် စောင့်ကြောင့်ထိုင်ကာ
မြေဆွနေပေမဲ့ အကြည့်တွေကတော့
အညိုရောင်ရေးရေး ပေါင်မုန့် ကြမ်းတွေပေါ်မှာသာရှိလို့ နေသည်။
အလွန်အမင်းစိတ်ချမ်းသာဖွယ်ကောင်းတဲ့မြင်ကွင်းသည် မျက်စိရှေ့ မှောက်မို့
တခဏလောက် လွှဲဖယ်လိုက်လျှင် ဆုံးရှုံးမှု့ အကြီးအကျယ်ဖြစ်သွားနိုင်သလိုပင်ခံစားနေရသည်။
ထုရိုက်လို့ အားရသွားတော့ ရေသစ်လျှော်ကာ လှမ်းဖို့ ပြင်နေသည်။
စောင်လှမ်းရအောင်သေချာလုပ်ထားတဲ့ ကြိုးပေါ်ကို စောင်တင်ကာ ညီညာနေအောင် လှမ်းနေတဲ့ ကောင်းချီသည်တခါတခါ လက်မြှောက်လိုက်တိုင်း ချိုင်းမွှေးမဲမဲလေးတွေပေါ်လာတက်၏။
ထိုမြင်ကွင်းသည် သက်ပုံကို အာခေါင်ခြောက်စေလွန်းသည်။
သူ့ ယောကျာ်းသည် မမြင်အပ်တဲ့ ချိုင်းမွှေးတောင် ယောကျာ်းဆန်လွန်းနေတာမျိုး။
အလွန်အမင်းအမွှေးထူရင်ဖြစ်စေ
မပါပဲဗြောင်ရှင်းနေရင်ဖြစ်စေ
မကြိုက်တဲ့
သက်ပုံအတွက်ကတော့ ကောင်းချီရဲ့ ချိုင်းမွှေးက အနေတော်ပဲဟု ထင်သည်။
ပြောလို့ ပြောတာမဟုတ် သူ့ ယောကျာ်းကောင်းချီသည် ဘယ်နေရာကြည့်ကြည့်
ယောကျာ်းကောင်းတို့ သွင်ပြင်လက္ခဏာအပြည့်ပင်ဖြစ်၏။
အလုပ်လုပ်တဲ့နေရာမှာ ဖင်ပေါ့သလို
မိန်းမ မြင်ရင် တကူးတက တဏှာထကာ
လိုက်ကြည့်တက် တာမျိုးလည်းမရှိ။
အဒေါ်အရွယ် အမ…ညီမအရွယ် မှန်သမျှကိုလဲ
လေးလေးစားစားဆက်ဆံတက်သည့်အပြင် အလှူအတန်းလည်းရက်ရောတက်သေးသည်။
သက်ပုံနဲ့ ဆိုရင် သူက အငယ်ဖြစ်ပေမဲ့ အလျော့ပေး သည်းခံတက်သေးသည်မို့
တစ်ထောင်မှာတစ်ယောက်ရှားပါးလှတဲ့အိမ်ထောင်ဖက်ကို သက်ပုံက ကံထူးစွာရရှိခဲ့သည်ပြောရမယ်။
"ချစ်တဲ့ သက်ပုံလေး ဘာတွေအဲ့သလောက်ငေးနေတာလဲ "
အဝေးကနေ ငေးကြည့်နေရတဲ့ ပေါင်မုန့် ကြမ်းတွေက အနီးကပ်ရောက်လာတာကိုတောင် သက်ပုံ မသိပဲ အငေးလွန်သွားတာကတော့ရှက်ရွံ့ ဖွယ်ပါ။
သို့ သော်လည်း ချစ်စရာကောင်းတဲ့
ယောကျာ်းကို ရှေ့ ထားပြီး ရှက်ရွံ့ ငြိမ်ကျသွားရအောင်
သက်ပုံ အဲ့သလောက်မတုံးအပါ။
"မင်းကို ပေါ့။ ငါ့ယောကျာ်းကလေ
တခါတလေ ငါနဲ့ မတန်သလိုတောင်ခံစားနေရတယ်။ မင်းသိလား…
ကြည့်နေရင်းတောင် မင်းတန်ဖိုးက ပိုပိုတက်လာသလိုပဲ "
"သက်ပုံ သက်ပုံ ခင်ဗျားခုတလော အတော်လေးဆိုးလာတယ်ပေါ့ဟုတ်လား။
စိတ်ကိုအတော်လောက်ဆွနော်။ ကျုပ်က
ခင်ဗျားပတ်သတ်လာရင် စိတ်က သိပ်ခိုင်တာမဟုတ်ဘူး။ လုပ်ပစ်လိုက်ရင်
တစစီဖြစ်အုန်းမယ်"
ပြောနေရင်း အူယားလာပုံရတဲ့ ကောင်းချီက မြေကြီးပေါ်ထိုင်နေတဲ့ သက်ပုံဘေးကို အတင်းဝင်ထိုင်ကာ လက်မောင်းတွေကို အတင်းကိုက်တော့သည်။
"အား ! ယားတယ်လို့ ။ မင်းကိုက်မှာဆိုရင်လဲနာအောင်ကိုက်။ ခုလို တတိတိလုပ်ရင် ငါမနေတက်ဘူး"
အသားနာအောင်ဘယ်တော့မှ ကောင်းချီက မလုပ်တက်ပါ။ သူလုပ်ရင်တောင် သွားနဲ့ ကျိတ်တာလောက်ပဲ လုပ်တက်သူမို့
အဲ့အနေထားက အတော်လေးကသိကအောက် နိုင်လှပါတယ်။
"ခင်ဗျားနော် ။ အသားနာအောင်
လုပ်ရအောင် ကျွန်တော်က မုန်းနေတဲ့သူမှမဟုတ်တာ။ ချစ်လို့ …ချစ်လွန်းလို့
ထားစရာနေရာတောင်မရှိတာ အာ …ပြောရင်းနဲ့ တမွှေးလောက်နမ်းပါရစေဗျာ။
ခင်ဗျားပါးလေးကဝင်းနေတာပဲ "
မနက်ကပဲ သူ့ စိတ်တို်င်းကျသွေးပေးထားတဲ့ အဝါရောင် သနပ်ခါးတွေသည် ပိုင်ရှင်ရဲ့ လက်ချက်နဲ့ ပဲ ပျက်ပျယ်ကုန်၏။
ကောင်းချီရဲ့ တမွှေးသည် အလွန်ကြောက်ဖို့ ကောင်းပါသည်။
"ကြည့်စမ်း ကောင်းချီ ။ မင်းငါ့ကို အရုပ်ကလေးများမှတ်နေလား။ ငါ့သနပ်ခါးတွေတော့ကုန်ပါပြီ။ မင်းပဲ အတင်းလိမ်းခိုင်း
မင်းပဲ ဇွတ်ဖျက်နဲ့ နောက်ကို လာမလိမ်းခိုင်းနဲ့ "
ပါးနှစ်ဖက်ကို အတင်းညှစ်ကိုင်ကာ
လုပ်ချင်သလို လုပ်နေတာမို့
လိမ်းထားသမျှ သနပ်ခါးသည် တစက်မှမကျန်တော့။
ကျေနပ်အားရအောင် လူကို အတင်းနမ်းရှုံ့ ပြီးမှ လွှတ်ပေးကာ သူ့ ကြောင့်နီသွားတဲ့ပါးပြင်ကိုအသာအယာပြုံးကာ လက်နဲ့
ပွတ်ပေးပြီးချော့ပြန်သည်။
"ကျွန်တော်တို့ ကလေးယူကြတော့မလားသက်ပုံ။ ခင်ဗျားနဲ့ တူတဲ့ ကလေးလေးတစ်ယောက် ကျွန်တော်ရချင်နေပြီ"
ကောင်းချီဆီမှာထွက်လာသောစကားသည် သက်ပုံကို အလွန်အမင်းအံ့သြစေ၏။
တည်ငြိမ်လေးနက်လွန်းသော မျက်လုံးများက လိမ်နေတာမဟုတ်မှန်းသိစေပေမဲ့
"သေချာပြီလား ။ မင်းရချင်တာ သေချာပြီလား ကောင်းစင်သန့် ချီ။ "
ဟုအကြိမ်ကြိမ်စိတ်လှုပ်ရှားစွာမေးမိသည်ထိဖြစ်ရသည်။
ကောင်းချီက ပြုံးကာ ခေါင်းညိမ့်ပြလာတယ်။ ထို့ နောက် သက်ပုံခေါင်းကို သူ့ ပုံခုံးပေါ်မှီစေပြီး
"သေချာတယ် သက်ပုံ ။ ကျွန်တော်ခင်ဗျားကို သိပ်ချစ်တယ်။ ကလေးတစ်ယောက်ရောက်လာရင် အဲ့ကလေးကိုခင်ဗျား ဘယ်လို ပြုစုပျိုးထောင်မလဲ ကျွန်တော်ကြည့်ချင်သေးတယ်။ ပျော်နေမဲ့ ခင်ဗျားကို ထိုင်ကြည့်နေဖို့ အလုပ်ထက် ဘယ်အရာက ပိုအရေးကြီးမှာလဲ ခင်ဗျားရယ်"
အင်္ကျီမပါတဲ့ ညိုတိုတို ပုခုံးသားကို ပါးနဲ့ နှစ်ချက်လောက်ပွတ်ကာ သက်ပုံပျော်နေမိသည်။
ခရေပန်းတွေက
သက်ပုံတို့ နှစ်ယောက်ပေါ် တလွင့်လွင့်ကြွေလို့ ။
ဘယ်အရာက စစ်မှန်တဲ့ မေတ္တာ တရားထက်ပိုလှနိုင်မှာလဲ။
-
-
-
"မင်းတို့ ဟာက ဟုတ်ရောဟုတ်ရဲ့လား"
ဒေါ်အေးကြည်သည် သူရှေ့ ကနှစ်ယောက်ကို မယုံကြည်နိုင်သည်ကြောင့်နောက်တခေါက်ထပ်မေးနေမိသည်။
ဘယ်နှယ့်ကြောင့် နိုင်ငံခြားထိ ကလေးယူဖို့ တွေးရသလဲ။
ဆေးပညာလောကသည်သူမတို့ လို
တောသူတောင်သား ဗဟုသုတမရှိသူအတွက် နားလည်ဖို့ ခဲရင်းလွန်းသည်။
သွေးသားမဆက်နွယ်ပဲ
ဘယ်လိုလုပ် တခြားမိန်းမတစ်ယောက်ကိုကိုယ်ဝန်လွယ်စေမှာလဲ။
ပြီးတော့ ထိုကလေးက
တစ်ယောက်ယောက်နဲ့ ပဲ သက်ဆိုင်မဲ့သူ။
ဘယ်လိုတောင် အဆင်မပြေလိုက်တဲ့စကားတွေလဲ။
ဒါပေမဲ့ တူဖြစ်သူက ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့်
"ဟုတ်တယ်ဒေါ်လေး ။ ကျွန်တော်တို့ နှစ်ယောက်ထဲက တစ်ယောက်ရဲ့သွေးသားကို နိုင်ငံခြားမှာ အငှားကိုယ်ဝန်ဆောင်နဲ့
ူယူမှာပါ။ဒီနေ့ အဲ့ဒီအကြောင်းကို ဒေါ်လေးတို့ ကို ခေါ်အသိပေးတာ "
အသိပေးတယ်ဆိုကတည်းက သူလုပ်ဖို့ ရာဆုံးဖြတ်ထားတာသေချာသည်။
ဒေါ်အေးကြည် နားထင်ကိုဖိကာ ညီမဖြစ်သူကိုကြည့်မိသည်။ ဒါပေမဲ့ မြရင်က တည်ငြိမ်စွာ နားထောင်နေသည်မို့ စိတ်လျော့ကာ
"မြရင် ညည်းဘယ်လိုထင်လဲ"
ဟု အကြံတောင်းမိသည်။
"ကျမတို့ ကအချိန်တိုင်းသူတို့ ကိုဂရုစိုက်နိုင်မှာမှမဟုတ်တာ ။ ကိုယ်မွေးထားတဲ့သားသမီးဆိုမှ ကောင်းကောင်းတို့ အသက်အရွယ်ကြီးရင့်လာရင် ပြန်ပြုစုနိုင်မှာပေါ့။ယူပါစေ အမရယ် သူ တို့ လဲ
ကိုယ်မိသားစု ကိုယ့်သားသမီးနဲ့ အတူနေချင်မှာပေါ့"
ဒေါ်မြရင်ကတော့ အနေအေးသူပီပီ
ဖြောင့်ဖျပေးလေသည်။
သားသမီးဆိုတာ အားမကိုးရတောင်
အနည်းဆုံးတော့ အိုမင်းမစွမ်းတဲ့အခါ
ကြည့်ရှု့ စောင့်ရှောက်ဖော်တော့ရမှာပါ။
" ဘယ်တော့လဲ သွားမှာ "
ဒေါ်အေးကြည် သက်ပြင်းချကာမေးလိုက်တော့ နှစ်ယောက်သားပြုံးသွားလိုက်တာများ ဘယ်လောက်ပျော်သွားသ
လဲမေးနေစရာတောင်မလို။
"နောက်လ ပါဒေါ်လေး။ ဒီကြားထဲစီစဉ်စရာရှိတာ စီစဉ်ရအုန်းမှာမို့ ချက်ခြင်းတော့သွားလို့ မလွယ်ဘူး "
"တားမရလဲ လုပ်ကျပေါ့။ အေး ဒါပေမဲ့
တစ်ခုမှာမယ်နော်။ မင်းတို့ က သာမန်
အိမ်ထောင်ရေးမဟုတ်ဘူးဆိုတာမမေ့ နဲ့ ။
သူများပြောမှပြန်ကြားရမဲ့စကားထပ်
ဒေါ်လေးကပဲ အမုန်းခံပီးပြောလိုက်မယ်။
ကလေးက နောင်တချိန် မင်းတို့ အရိပ်တွေလွှမ်းမိုးလာနိုင်တယ်။ နိုင်အောင်ထိန်းနိုင်ပါ့မလား။ စိတ်ဒဏ်ရာမဖြစ်အောင် ပျိုးထောင်နိုင်မလား သေချာစဉ်းစားဆုံးဖြတ်ပါ "
သက်ပုံ တည်ငြိမ်စွာပဲ ဒေါ်လေးအေးကြည်ကို ကြည့်ကာ ပြုံးပြမိတယ်။
သူ မတွေးထားပဲနေမလား။
ဒီလိုဒဏ်ရာတွေနဲ့ သူကြီးပြင်းခဲ့ဘူးတာပဲလေ။
"စိတ်ချပါ ဒေါ်လေး ။
အတောက်ပဆုံးကြယ်လေးတစ်လုံးဖြစ်အောင် ကျတော်ပျိုးထောင်နိုင်ပါတယ်"
ခိုင်မာတဲ့ ဂတိစကားကိုသူပေးတော့
ကောင်းချီက မျက်ရည်ဝဲနေတဲ့ မျက်လုံးများဖြင့်ကြည့်လာတယ်။
ဘယ်သူပြောလဲ ။
ယောကျာ်းနှစ်ယောက်က ကိုယ်ပိုင်မိသားစုမရှိရဘူးလို့ ။
ဘယ်သူပြောလဲ။
ယောကျာ်းနှစ်ယောက်ပတ်သတ်မူ့
ကြောင့် ကလေးတစ်ယောက်က အနာတရရှင်သန်ကြီးထွားရမယ်လို့ ။
အကုန်လုံးရဲ့အမြင်နဲ့ ဆုံးဖြတ်ချက်ကို
သက်ပုံ ပြောင်းပြန်လှန်ပြဖို့ ဆုံးဖြတ်ထားသည်။
ကောင်းစင်သန့် ချီရဲ့သွေးသားကို ဘယ်သူထိရဲလဲ။
Bạn đang đọc truyện trên: ZingTruyen.Xyz