ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

41

eainsi23

"ေကာင္းခ်ီ မင္းငါ့ကို ဘာလို ့ခ်စ္တာလဲဟင္"

တလႊင့္လြင့္တိုက္ေနတဲ့ ေလေႀကာင့္ သက္ပံုရဲ့ ဆံပင္ေတြက အနည္းငယ္ ရွဳပ္ေနတာကို လေရာင္အကူညီနဲ ့ေကာင္းခ်ီရွင္းလင္းစြာျမင္ေနရသည္။
အေပၚဆံုးထပ္သည္ ခုလို ပူအိုက္တဲ့ညေတြဆို ေတာ္ေတာ္အသံုးဝင္၏။
ေလေႀကာက်လို ့ဘယ္ေလာက္ပူပူ
အေပၚဆံုးထပ္ေလဟာျပင္မွာ ေလျဖတ္မွာစိုးရိမ္ရသည္မို ့ညအိပ္လို ့ေတာ့မရေပ။

ေကာင္းခ်ီနဲ ့ သက္ပံုႀကားတြင္ စားပြဲပုေလးတစ္လံုးခံေနတာမို ့ ေကာင္းခ်ီျပံဳးကာ
လက္ကမ္းလိုက္သည္။

"က်ြန္ေတာ္ေပၚလာထိုင္ပါ့လား...
သက္ပံု "

တိုးညင္းတဲ့ေလသံနဲ ့ ေကာင္းခ်ီ ရဲ့ ျမတ္နိုးတဲ့အႀကည့္ေတြေႀကာင့္ သက္ပံု ထိုင္ေနတဲ့
ထန္းလက္ခံုေပၚကေန ထ လိုက္၏။
ဒီခံုေလးေတြက နွစ္ေယာက္ဆင္တူ
ထိုင္ရေအာင္ ေကာင္းခ်ီ မန္းေလးအျပန္ ကားလမ္းေဘးမွာ ေရာင္းတဲ့ အသည္ဆီက တကူးတကဝယ္လာတာျဖစ္သည္။

ေပါင္ေပၚမွာ ဝင္ထိုင္လိုက္ေတာ့ ေကာင္းခ်ီက သက္ေသာင့္သက္သာထိုင္ရေအာင္ ေနာက္ေက်ာကို သူ ့ရင္ဖက္ကိုကပ္မွီေစသည္။
တိုးဖက္လာတဲ့ ခါးက ေကာင္းခ်ီရဲ့ လက္ကို ျပန္လည္ေထြးဆုပ္ထပ္ကိုင္ျပီး
သက္ပံုျပံဳးလိုက္စဥ္ ပါးျပင္မွာ
အနမ္းတပြင့္ အရင္ပ်ိဳးခံရ၏။

"ခင္ဗ်ားကို ခ်စ္ဖို ့ရာအေႀကာင္းျပခ်က္လိုေသးလားသက္ပံုရယ္။ လူေတြကေျပာတယ္ ဘာေႀကာင့္ ေယာက်ာ္းတစ္ေယာက္ကို အဆံုးထိ ခ်စ္ဖို ့ေရြးခ်ယ္ရလဲတဲ့။ "

"အဲ့ေတာ့ မင္းက ဘယ္လို ့ျပန္ေျဖခဲ့လဲ "

ေခါင္းကို ေစာင္းငဲ့ၿပီး ေမးမိစဥ္ ေကာင္းခ်ီ၏ နွာေခါင္းဖ်ား နဖူးေပၚ ဖြဖြေလး လာထိ၏။

လင္းထိန္ေနတဲ့ လေရာင္ရယ္... ေဒၚေလးျမရင္တို ့အိမ္ဖက္ကလြင့္လာတဲ့ ဒန္းပန္းနံ ့
သင္းသင္းရယ္... အေပၚစီးကေန ျမင္ေနရတဲ့ ခေရပင္အိုရယ္ ...အရာရာအားလံုးကေကာင္းခ်ီေဘးမွာရွိေနတယ္ဆိုတဲ့ အသိနဲ ့သိပ္ကိုလွသည္။

"အေႀကာင္းျပခ်က္မွမရွိတာ ။
ဒါေပမဲ့ တခုေတာ့ ေျဖေပးခဲ့တယ္ အဲ့ဒါ သက္မင္းပံု ျဖစ္ေနလို ့လို ့"

"မင္းက ငါ့ကိုေျခြျပန္ျပီ"

"ေျခြစရာလားခင္ဗ်ားရယ္။ ေျခြမွ ခင္ဗ်ားနဲ ့ခ်စ္သူေတြျဖစ္မယ္ဆိုရင္ ခုလို အတူေနရပါ့မလား"

ထပ္ျပီးက်ေရာက္လာေသာ အနမ္းတပြင့္နဲ ့အတူ ေျဖရွင္းတဲ့စကားကို သက္ပံု ျပံဳးကာနားေထာင္မိသည္။
ေကာင္းခ်ီက သိပ္ေအးတဲ့ေကာင္ေလး။

ဒီလိုေတြ ေျပာတက္မယ္လို ့ထင္ေတာင္မထားျဖစ္ခဲ့ေပမဲ့ အတူေနတာႀကာေတာ့
ေကာင္းခ်ီက သက္ပံုအတြက္ အရာရာေျပာင္းလဲေပးခဲ့သည္။
ဖူးစာလို ့ေျပာရမလား သက္ပံုမသိပါ။

ေကာင္းခ်ီက လူပ်ိဳဘဝကတည္းက
စကားလည္း မသြက္သလို အေနလည္းေအးသည္။
အဝတ္အစား ကအစ ေတာက္ေျပာင္ေအာင္မဝတ္စားခဲ့။
ရုပ္ရည္ဆို သက္ပံုတကယ္ေရြးခ်ယ္မယ္ဆို ေကာင္းခ်ီထပ္မ်ားစြာ ေကာင္းမြန္သာလြန္တဲ့
ေယာက်ားရနိုင္ပါေသာ္လည္း
သက္ပံုကေတာ့ ထူးဆန္းစြာပင္ အႀကည့္စူးစူးနဲ ့ ခ်စ္ေႀကာင္းႀကိဳက္ေႀကာင္းမေျပာတက္တဲ့ ေကာင္းခ်ီကိုပဲ ေရြးခ်ယ္ပီးခ်စ္ခဲ့မိသည္။

ဒါေပမဲ့ လိုအပ္တာထပ္ပိုပီးအိမ္ေထာင္ေရးကံေကာင္းခဲ့တာမို ့သက္ပံု ေပ်ာ္ရႊင္ခဲ့
ရပါသည္။

"က်ြန္ေတာ္ခင္ဗ်ားကိုသိပ္ခ်စ္တယ္ သက္ပံု။ ဘာလို ့ခ်စ္သြားလဲ က်ြန္ေတာ္မသိဘူး။ ခင္ဗ်ားကို မျမင္ရရင္ က်ြန္ေတာ္ငိုခ်င္တယ္။ ခင္ဗ်ား မ်က္နွာကို တစိမ့္စိမ့္ႀကည့္ေနရရင္ ထမင္းလဲမစားခ်င္ဘူး အလုပ္လဲမသြားခ်င္ဘူး။ အဲ့ဒါသာ အခ်စ္ဆိုရင္ က်ြန္ေတာ္ခင္ဗ်ားကို
စေတြ ့ခဲ့တဲ့ မိုးေတြရြာတဲ့ေန ့ကတည္းက ခ်စ္ခဲ့တာ"

ေလးႀကိမ္ေျမာက္အနမ္းတပြင့္က နားထင္စပ္ကို က်ေရာက္သြားျပီးေနာက္မွာ ေကာင္းခ်ီရဲ့ မ်က္ရည္စေတြက သက္ပံု ပါးမွာ ေပလူးကုန္တယ္။

ေကာင္းခ်ီ ငိုပါသည္။

သက္ပံု ကိုခ်စ္တဲ့ ေႀကာင္းေျပာပီးေကာင္းခ်ီ အေတာ္ႀကာ ငို ခဲ့ပါတယ္။

သက္ပံု ေကာင္းခ်ီ ကိုမငိုဖို ့တခြန္းမတားျမစ္ခဲ့ေပမဲ့ ေက်ာေပးထားရာမွ ေကာင္းခ်ီဖက္ကိုလွည့္ျပီး ေထြးေပြ ့ခဲ့ပါ၏။

သူကိုယ္တိုင္လည္း ေကာင္းခ်ီလိုပဲ ဝမ္းနည္း
ဝမ္းသာခံစားခ်က္ႀကီးက တစ္စို ့ေနတာမို ့
ေကာင္းခ်ီကို မတားျမစ္ခဲ့တာပါ။
ခံစားခ်က္ကိုသိုေလွာင္ေလ့ရွိတဲ့ ေကာင္းခ်ီအတြက္ကေတာ့ ခုလိုရင္ဖြင့္ခ်က္ဟာ
ပထမဆံုးအႀကိမ္ျဖစ္သလို သက္ပံုကို
ခ်စ္တဲ့စကားမ်ားျဖစ္လို ့ဝမ္းသာရတာလဲအတိုင္းထက္လြန္ျဖစ္ရပါသည္။

"ျပန္ခ်စ္ပါ့မလားထိ မေမ်ွာ္လင့္ရဲေပမဲ့
ခင္ဗ်ားကျပန္ခ်စ္ခဲ့တယ္ သက္ပံု။ အဲ့ဒါနဲ ့သက္မင္းပံုဆိုတာ ခင္ဗ်ားဟာ
က်ြန္ေတာ့္ဘဝအတြက္ ရူးမုိက္ခ်င္စရာျဖစ္လာခဲ့တယ္။ ဘာလို ့ခ်စ္တာလဲထပ္မေမးနဲ ့သက္ပံု ေနာက္တေခါက္ေျဖရရင္
ခင္ဗ်ားကို ခ်စ္ရတဲ့ အခ်စ္ေတြ
ပြင့္ထြက္လာျပီး က်ြန္ေတာ္ေသရလိမ့္မယ္ "

သက္ပံု သေဘာက်စြာပဲ မ်က္ရည္သုတ္ေနတဲ့ ေကာင္းခ်ီလက္ေတြကိုတားျမစ္ကာ
တရွဳံ ့ရွဳံ ့ဖက္နမ္းမိသည္။
တကယ္ တကယ္ ကို သိပ္ခ်စ္ဖို ့ေကာင္းတဲ့ေကာင္ေလးပဲ။

"ေန ့ရက္ေတြအမ်ားႀကီးမင္းနဲ ့အတူရွိဖို ့
ေရြးခ်ယ္ခဲ့မိတာသိပ္မွန္တာပဲ ေကာင္းခ်ီ။
ငါကလည္းမင္းကို မင္းခ်စ္သေလာက္မဟုတ္ေပမဲ့ မင္းေလာက္နီးနီး မင္းကိုသိပ္ခ်စ္ပါတယ္ "

ေကာင္းခ်ီရဲ့ နဖူးေလးကိုထိေတြ ့ျပီးသူဆိုေတာ့ ရုိးအတဲ့ ေကာင္းခ်ီက ေပ်ာ္သတဲ့။
ေမွးမွိတ္သြားတဲ့ မ်က္လံုးေလးရယ္
ပါးျပင္ေပၚမွာျဖတ္စီးသြားတဲ့ မ်က္ရည္တန္းေလးရယ္ ေကာင္းခ်ီရဲ့ ခ်စ္ျခင္းသေကၤတေတြပါ။
ဘယ္သူထင္မလဲ တံငါကုန္းသားေလး
ေမာင္ေကာင္းခ်ီက သိပ္ခ်စ္လြန္းရင္
ငိုတက္တယ္တဲ့။

-
-
-
ေကာင္းခ်ီနဲ ့သက္ပံုရဲ့ ေနစဥ္ ေစ်းေရာင္းလိုက္ ခ်စ္လိုက္နဲ ့
သာယာစြာျဖတ္သန္းအျပီးမွာ
ေမ်ွာ္လင့္ထားတဲ့ မဂၤလာေဆာင္တဲ့ရာသီကိုေရာက္လာခဲ့ေလသည္။
ရွဳပ္ယွက္ခက္ေအာင္ေရာင္းရတဲ့ ေစ်းဆိုင္ေႀကာင့္ တစ္မ်ိဳးလံုး ဝိုင္းေရာင္းရသည္ထိေရာင္းရေလသည္။

ပိုတိုးလာတဲ့ မွန္ေကာင္တာမ်ား သည္
ပုဆိုးမ်ိဳးစံု ပါတိတ္လံုခ်ည္မ်ိဳးစံုအျပင္
သတိုးသမီးသတိုးသား ဝတ္တဲ့ ခ်ိတ္လံုခ်ည္နဲ ့ပိုးပုဆိုးေတြနဲ ့ျပည့္ႀကပ္လာခဲ့သည္။
ေကာင္းခ်ီခန္ ့မွန္းထားတဲ့ အတိုင္း
မဂၤလာမေဆာင္ခင္ လိုအပ္သမ်ွ လာဝယ္ရုံမကဘူး အထူးဖတ္ဖို ့ပိတ္စနဲ ့
ပုဆိုးေတြသည္လည္းေရာင္းမေလာက္ျဖစ္လာ၏။

"ျမသက္ တစ္ကိုက္ထိုး အစ တစ္ရာ
ျဖတ္ေပးပါ "

"ေဒၚေလး ျမရင္ ကန္ေတာ့ခံေတြဖိတ္ဖို ့
ပုဆိုးနဲ ့ပါတိတ္ စံုတြဲငါးဆယ္ အဆင္လွတာေလးေရြးေပးပါအုန္း"

သက္ပံုသည္ ထိုင္ရာမထ ေငြအမ္းေငြယူ လုပ္ရုံမက ပါးစပ္ကလည္း ျမင္သမ်ွမလြတ္ေအာင္ေအာ္ေျပာေနရသည္။

"မာလာ ဟိုမွာေစ်းဝယ္လာေနတယ္။ ဘာယူမလဲေမး ..."

"ေငးမေနနဲ ့သမီးတို ့သြက္သြက္ေလးလုပ္ေပးပါ။ ညေန ေဘာနပ္မုန္ ့ဖိုးေပးမွာ
ေနာ္ စိတ္ပါလက္ပါေလးလုပ္ ႀက"

တေန ့လံုးဆိုေတာ့ အကုန္ပင္ပန္းမွာ
သိေပမဲ့ ေစ်းဆိုတာ ရာင္းရတုန္း ေရာင္းမွ။

"ကိုသက္ေရ ေဒၚျမတို ့ မဂၤလာပြဲျပီးမွ
က်သေလာက္ရွင္းေပးလို ့ ရမလား။ "

သိပ္အဆင္မေျပတဲ့ ပံုေႀကာင့္ သက္ပံု
ေခါင္းညိမ့္ျပလိုက္သည္။
တခ်ိဳ ့က လက္ငင္းေငြထုတ္မဝယ္နိုင္။
မဂၤလာပြဲျပီးမွ လက္ဖြဲ ့ရတဲ့ေငြထဲက
ျပီးမွသပ္သပ္လာေပးႀကတာေတြလဲရွိသည္။

"ရတယ္ ေဒၚျမ ။ ယူမဲ့ပစၥည္းေတြ ေဘာင္ခ်ာဖြင့္ေပးထားလိုက္မယ္ ။ ပြဲျပီးရင္
သာခ်က္ျခင္းလာရွင္းေပးပါေနာ္။ ပံုမွန္ဆို
က်ြန္ေတာ္က အေႀကြးမေရာင္းဘူး။ ေဒၚျမမို ့လို ့လုပ္ေပးလိုက္တာ "

"ေအးပါေအးပါ ေက်းဇူးတင္ပါတယ္
ကိုသက္ရယ္။ ေဒၚျမတို ့လဲ အဆင္မေျပတဲ့ႀကားက ေငြေလးေခ်းလုပ္ေပးရတာပါ။
ဒါဆို လိုတာေလးေဒၚျမယူသြားမယ္ေနာ္"

သားေဇာေႀကာင့္ ေဒၚျမက မရွက္မေႀကာက္ အေႀကြးယူဖို ့လာေျပာရွာသည္။
သက္ပံုကေတာ့မရွိတဲ့သူေတြကို အတက္နိုင္ဆံုး အဆင္ေျပေအာင္လုပ္ေပးျဖစ္တာမ်ားသည္။ထို ့ေႀကာင့္

"ဟုတ္ရတယ္။ ဇင္ဇင္ သမီး ဒီအေဒၚယူတာေလး စာရင္းေအာ္ေပးပါ ။ ဒီမွာ လိုက္မွတ္လိုက္မယ္"

ကေလးတစ္ေယာက္ကို ထည့္ေပးျပီး သက္ပံုကေတာ့ ေကာင္းခ်ီကို လွည့္ရွာရေသးသည္။
မအားပါဘူးဆို ဒီေယာက်ာ္းဘယ္သြားျပန္တာလဲ။

"မာလာညည္းအကိုဘယ္သြားလဲ "

"ကိုသက္ကိုေျပာသြားတယ္ေလ။ ရပ္ကြက္အစည္းေဝးပြဲရွိလို ့သြားရမွာတဲ့ အသံေတြဆူေနလို ့မႀကားလိုက္ဘူးထင္တယ္။ ေဟာ ...ေျပာရင္း ဟိုမွာျပန္လာျပီ"

မာလာ ကသူသိသမ်ွ ျပန္ေျပာျပေနတုန္း
ေကာင္းခ်ီ က ပုဆိုးနဲ ့ရွပ္အျပာနုေရာင္အကြက္နဲ ့တြဲဝတ္ထားျပီး အရင္တုန္းကနဲ ့မတူစြာ သပ္ရပ္သန္ ့ရွင္းေနတဲ့ပံုျဖင့္ဆိုင္ထဲဝင္လာ၏။

"မင္းက ရြာထဲအစည္းေဝးပြဲသြားတက္တာလား။ မင္းသားသြားလုပ္တာလား"

ကိုယ့္ေယာက်ာ္း သပ္ရပ္သန္ ့ရွင္းေနတာကို သေဘာက်ေပမဲ့ ကိုယ္မပါပဲ ဒီလို ေခ်ာေမာေတာက္ေျပာင္ေနတာကိုေတာ့
မႀကည္ျဖဴနိုင္ပါ။

"မဟုတ္ပါဘူး ခင္ဗ်ားရယ္ ။ လူႀကီးေတြနဲ ့စကားေျပာမွာဆိုေတာ့ နည္းနည္းႀကည့္ရအဆင္ေျပေအာင္ ဝတ္သြားတာပါ။
ႀကည့္ရတာက်ြန္ေတာ့္သက္ပံုေလးက
မႀကိဳက္ဘူးထင္တယ္။ မွတ္ထားလိုက္ပါ့မယ္ဗ်ာ ေနာက္ဆို ခုလို ဝတ္မသြားေတာ့ပါဘူး"

ေျပလည္ေအာင္အေလ်ာ့ေပးလိုက္ေတာ့လဲ စိတ္မေကာင္းျဖစ္ရသည္။
ခုဆိုအဆင္ေျပမွသာ ေကာင္းခ်ီက အနည္းအပါးဝတ္လာတာျဖစ္ေပမဲ့ ကိုယ့္ဆိုရင္အိမ္ေနရင္းအဝတ္ေတာင္ မညွူိးႏြမ္းေအာင္ထားတက္သူမို ့

"ေတာ္ပါကြာ... မင္းကိုမဝတ္ရဘူးမေျပာဘူး။ ဝတ္ ...ဒါေပမဲ့ ငါပါမွဝတ္။
ခုလိုသန္ ့ျပန္ ့ေနတုန္း မင္းတစ္ေယာက္ထဲသြားရင္ ငါစိတ္မခ်ဘူး"

"သက္ပံုသေဘာ"

ပါးကို ဆြဲညွစ္လာတဲ့ လက္နွစ္ဖက္ကို ဒီတခါေတာ့ သက္ပံု မရုိက္ထုတ္ခဲ့ပါ။
ေခ်ာေမာခန္ ့ညားေနတဲ့ ေကာင္းခ်ီကို
ေက်နပ္ေအာင္မႀကည့္အား မ်ားလွတဲ့
ေဘာင္ခ်ာ စာအုပ္ေတြႀကားေခါင္းျပန္နွစ္ရသည္။

"ဘာတဲ့လဲ အစည္းေဝးပြဲက "

စာရင္းငံု ့တြက္ရင္းသက္ပံုေမးလိုက္သည္။

"ေက်ာင္းအုတ္တံတိုင္းခတ္ဖို ့အလွဴေငြေကာက္တာပါ။ က်ြန္ေတာ္သက္ပံုကိုမတိုင္ပင္ပဲ သိန္း၃၀ မ တည္ျပီး ေဇာတိက နာမည္နဲ ့လွဴ ခဲ့လိုက္တယ္..ေနာက္ၿပီး သက္ပံု ကေလးေတြအတြက္ ပညာဒါန ေက်ာင္းေလးဖြင့္ေပးခ်င္တယ္လို ႔ေျပာဖူးေတာ့ အဲ့ကိစၥကိုပါေရာက္တုန္း ရပ္႐ြာလူႀကီးေတြနဲ႔တိုင္ပင္ခဲ့ေသးတယ္"

သက္ပံု ေကာင္းခ်ိစကားေႀကာင့္ေမာ့မႀကည့္ပဲ ျပံဳးလိုက္သည္။
ေကာင္းခ်ီက ထိုကဲ့သို ့ေသာ ေယာက်ာ္းပါ။
တိုင္ပင္တက္သလို
သူလုပ္ခ်င္တာလုပ္ ခြင့္ျပဳခ်က္ရမွာလဲ
လုပ္တက္သည္။

"မင္းက အိမ္ေထာင္ဦးစီးပဲ မင္းႀကိဳက္တာလုပ္ခြင့္ရွိပါတယ္ "

သက္ပုံရဲ့ျပံဳးစိစိစကားအဆံုးမွာ
ေကာင္းခ်ီရဲ့

"ဟာဗ်ာ သက္ပံုက လုပ္ျပန္ျပီ"
ဆိုတဲ့
မခ်င့္မရဲအသံက ေစာင့္ႀကီးေအာင့္ႀကီးထြက္လာသည္မို ့သက္ပံုတစ္ေယာက္
ထပ္မစရဲေတာ့ပဲပါးစပ္ပိတ္သြား၏။

ခ်စ္တဲ့အိမ္စည္။

"ကောင်းချီ မင်းငါ့ကို ဘာလို့ ချစ်တာလဲဟင်"

တလွှင့်လွင့်တိုက်နေတဲ့ လေကြောင့် သက်ပုံရဲ့ ဆံပင်တွေက အနည်းငယ် ရှုပ်နေတာကို လရောင်အကူညီနဲ့ ကောင်းချီရှင်းလင်းစွာမြင်နေရသည်။
အပေါ်ဆုံးထပ်သည် ခုလို ပူအိုက်တဲ့ညတွေဆို တော်တော်အသုံးဝင်၏။
လေကြောကျလို့ ဘယ်လောက်ပူပူ
အပေါ်ဆုံးထပ်လေဟာပြင်မှာ လေဖြတ်မှာစိုးရိမ်ရသည်မို့ ညအိပ်လို့ တော့မရပေ။

ကောင်းချီနဲ့ သက်ပုံကြားတွင် စားပွဲပုလေးတစ်လုံးခံနေတာမို့ ကောင်းချီပြုံးကာ
လက်ကမ်းလိုက်သည်။

"ကျွန်တော်ပေါ်လာထိုင်ပါ့လား...
သက်ပုံ "

တိုးညင်းတဲ့လေသံနဲ့ ကောင်းချီ ရဲ့ မြတ်နိုးတဲ့အကြည့်တွေကြောင့် သက်ပုံ ထိုင်နေတဲ့
ထန်းလက်ခုံပေါ်ကနေ ထ လိုက်၏။
ဒီခုံလေးတွေက နှစ်ယောက်ဆင်တူ
ထိုင်ရအောင် ကောင်းချီ မန်းလေးအပြန် ကားလမ်းဘေးမှာ ရောင်းတဲ့ အသည်ဆီက တကူးတကဝယ်လာတာဖြစ်သည်။

ပေါင်ပေါ်မှာ ဝင်ထိုင်လိုက်တော့ ကောင်းချီက သက်သောင့်သက်သာထိုင်ရအောင် နောက်ကျောကို သူ့ ရင်ဖက်ကိုကပ်မှီစေသည်။
တိုးဖက်လာတဲ့ ခါးက ကောင်းချီရဲ့ လက်ကို ပြန်လည်ထွေးဆုပ်ထပ်ကိုင်ပြီး
သက်ပုံပြုံးလိုက်စဉ် ပါးပြင်မှာ
အနမ်းတပွင့် အရင်ပျိုးခံရ၏။

"ခင်ဗျားကို ချစ်ဖို့ ရာအကြောင်းပြချက်လိုသေးလားသက်ပုံရယ်။ လူတွေကပြောတယ် ဘာကြောင့် ယောကျာ်းတစ်ယောက်ကို အဆုံးထိ ချစ်ဖို့ ရွေးချယ်ရလဲတဲ့။ "

"အဲ့တော့ မင်းက ဘယ်လို့ ပြန်ဖြေခဲ့လဲ "

ခေါင်းကို စောင်းငဲ့ပြီး မေးမိစဉ် ကောင်းချီ၏ နှာခေါင်းဖျား နဖူးပေါ် ဖွဖွလေး လာထိ၏။

လင်းထိန်နေတဲ့ လရောင်ရယ်... ဒေါ်လေးမြရင်တို့ အိမ်ဖက်ကလွင့်လာတဲ့ ဒန်းပန်းနံ့
သင်းသင်းရယ်... အပေါ်စီးကနေ မြင်နေရတဲ့ ခရေပင်အိုရယ် ...အရာရာအားလုံးကကောင်းချီဘေးမှာရှိနေတယ်ဆိုတဲ့ အသိနဲ့ သိပ်ကိုလှသည်။

"အကြောင်းပြချက်မှမရှိတာ ။
ဒါပေမဲ့ တခုတော့ ဖြေပေးခဲ့တယ် အဲ့ဒါ သက်မင်းပုံ ဖြစ်နေလို့ လို့ "

"မင်းက ငါ့ကိုခြွေပြန်ပြီ"

"ခြွေစရာလားခင်ဗျားရယ်။ ခြွေမှ ခင်ဗျားနဲ့ ချစ်သူတွေဖြစ်မယ်ဆိုရင် ခုလို အတူနေရပါ့မလား"

ထပ်ပြီးကျရောက်လာသော အနမ်းတပွင့်နဲ့ အတူ ဖြေရှင်းတဲ့စကားကို သက်ပုံ ပြုံးကာနားထောင်မိသည်။
ကောင်းချီက သိပ်အေးတဲ့ကောင်လေး။

ဒီလိုတွေ ပြောတက်မယ်လို့ ထင်တောင်မထားဖြစ်ခဲ့ပေမဲ့ အတူနေတာကြာတော့
ကောင်းချီက သက်ပုံအတွက် အရာရာပြောင်းလဲပေးခဲ့သည်။
ဖူးစာလို့ ပြောရမလား သက်ပုံမသိပါ။

ကောင်းချီက လူပျိုဘဝကတည်းက
စကားလည်း မသွက်သလို အနေလည်းအေးသည်။
အဝတ်အစား ကအစ တောက်ပြောင်အောင်မဝတ်စားခဲ့။
ရုပ်ရည်ဆို သက်ပုံတကယ်ရွေးချယ်မယ်ဆို ကောင်းချီထပ်များစွာ ကောင်းမွန်သာလွန်တဲ့
ယောကျားရနိုင်ပါသော်လည်း
သက်ပုံကတော့ ထူးဆန်းစွာပင် အကြည့်စူးစူးနဲ့ ချစ်ကြောင်းကြိုက်ကြောင်းမပြောတက်တဲ့ ကောင်းချီကိုပဲ ရွေးချယ်ပီးချစ်ခဲ့မိသည်။

ဒါပေမဲ့ လိုအပ်တာထပ်ပိုပီးအိမ်ထောင်ရေးကံကောင်းခဲ့တာမို့ သက်ပုံ ပျော်ရွှင်ခဲ့
ရပါသည်။

"ကျွန်တော်ခင်ဗျားကိုသိပ်ချစ်တယ် သက်ပုံ။ ဘာလို့ ချစ်သွားလဲ ကျွန်တော်မသိဘူး။ ခင်ဗျားကို မမြင်ရရင် ကျွန်တော်ငိုချင်တယ်။ ခင်ဗျား မျက်နှာကို တစိမ့်စိမ့်ကြည့်နေရရင် ထမင်းလဲမစားချင်ဘူး အလုပ်လဲမသွားချင်ဘူး။ အဲ့ဒါသာ အချစ်ဆိုရင် ကျွန်တော်ခင်ဗျားကို
စတွေ့ ခဲ့တဲ့ မိုးတွေရွာတဲ့နေ့ ကတည်းက ချစ်ခဲ့တာ"

လေးကြိမ်မြောက်အနမ်းတပွင့်က နားထင်စပ်ကို ကျရောက်သွားပြီးနောက်မှာ ကောင်းချီရဲ့ မျက်ရည်စတွေက သက်ပုံ ပါးမှာ ပေလူးကုန်တယ်။

ကောင်းချီ ငိုပါသည်။

သက်ပုံ ကိုချစ်တဲ့ ကြောင်းပြောပီးကောင်းချီ အတော်ကြာ ငို ခဲ့ပါတယ်။

သက်ပုံ ကောင်းချီ ကိုမငိုဖို့ တခွန်းမတားမြစ်ခဲ့ပေမဲ့ ကျောပေးထားရာမှ ကောင်းချီဖက်ကိုလှည့်ပြီး ထွေးပွေ့ ခဲ့ပါ၏။

သူကိုယ်တိုင်လည်း ကောင်းချီလိုပဲ ဝမ်းနည်း
ဝမ်းသာခံစားချက်ကြီးက တစ်စို့ နေတာမို့
ကောင်းချီကို မတားမြစ်ခဲ့တာပါ။
ခံစားချက်ကိုသိုလှောင်လေ့ရှိတဲ့ ကောင်းချီအတွက်ကတော့ ခုလိုရင်ဖွင့်ချက်ဟာ
ပထမဆုံးအကြိမ်ဖြစ်သလို သက်ပုံကို
ချစ်တဲ့စကားများဖြစ်လို့ ဝမ်းသာရတာလဲအတိုင်းထက်လွန်ဖြစ်ရပါသည်။

"ပြန်ချစ်ပါ့မလားထိ မမျှော်လင့်ရဲပေမဲ့
ခင်ဗျားကပြန်ချစ်ခဲ့တယ် သက်ပုံ။ အဲ့ဒါနဲ့ သက်မင်းပုံဆိုတာ ခင်ဗျားဟာ
ကျွန်တော့်ဘဝအတွက် ရူးမိုက်ချင်စရာဖြစ်လာခဲ့တယ်။ ဘာလို့ ချစ်တာလဲထပ်မမေးနဲ့ သက်ပုံ နောက်တခေါက်ဖြေရရင်
ခင်ဗျားကို ချစ်ရတဲ့ အချစ်တွေ
ပွင့်ထွက်လာပြီး ကျွန်တော်သေရလိမ့်မယ် "

သက်ပုံ သဘောကျစွာပဲ မျက်ရည်သုတ်နေတဲ့ ကောင်းချီလက်တွေကိုတားမြစ်ကာ
တရှုံ့ ရှုံ့ ဖက်နမ်းမိသည်။
တကယ် တကယ် ကို သိပ်ချစ်ဖို့ ကောင်းတဲ့ကောင်လေးပဲ။

"နေ့ ရက်တွေအများကြီးမင်းနဲ့ အတူရှိဖို့
ရွေးချယ်ခဲ့မိတာသိပ်မှန်တာပဲ ကောင်းချီ။
ငါကလည်းမင်းကို မင်းချစ်သလောက်မဟုတ်ပေမဲ့ မင်းလောက်နီးနီး မင်းကိုသိပ်ချစ်ပါတယ် "

ကောင်းချီရဲ့ နဖူးလေးကိုထိတွေ့ ပြီးသူဆိုတော့ ရိုးအတဲ့ ကောင်းချီက ပျော်သတဲ့။
မှေးမှိတ်သွားတဲ့ မျက်လုံးလေးရယ်
ပါးပြင်ပေါ်မှာဖြတ်စီးသွားတဲ့ မျက်ရည်တန်းလေးရယ် ကောင်းချီရဲ့ ချစ်ခြင်းသင်္ကေတတွေပါ။
ဘယ်သူထင်မလဲ တံငါကုန်းသားလေး
မောင်ကောင်းချီက သိပ်ချစ်လွန်းရင်
ငိုတက်တယ်တဲ့။

-
-
-
ကောင်းချီနဲ့ သက်ပုံရဲ့ နေစဉ် ဈေးရောင်းလိုက် ချစ်လိုက်နဲ့
သာယာစွာဖြတ်သန်းအပြီးမှာ
မျှော်လင့်ထားတဲ့ မင်္ဂလာဆောင်တဲ့ရာသီကိုရောက်လာခဲ့လေသည်။
ရှုပ်ယှက်ခက်အောင်ရောင်းရတဲ့ ဈေးဆိုင်ကြောင့် တစ်မျိုးလုံး ဝိုင်းရောင်းရသည်ထိရောင်းရလေသည်။

ပိုတိုးလာတဲ့ မှန်ကောင်တာများ သည်
ပုဆိုးမျိုးစုံ ပါတိတ်လုံချည်မျိုးစုံအပြင်
သတိုးသမီးသတိုးသား ဝတ်တဲ့ ချိတ်လုံချည်နဲ့ ပိုးပုဆိုးတွေနဲ့ ပြည့်ကြပ်လာခဲ့သည်။
ကောင်းချီခန့် မှန်းထားတဲ့ အတိုင်း
မင်္ဂလာမဆောင်ခင် လိုအပ်သမျှ လာဝယ်ရုံမကဘူး အထူးဖတ်ဖို့ ပိတ်စနဲ့
ပုဆိုးတွေသည်လည်းရောင်းမလောက်ဖြစ်လာ၏။

"မြသက် တစ်ကိုက်ထိုး အစ တစ်ရာ
ဖြတ်ပေးပါ "

"ဒေါ်လေး မြရင် ကန်တော့ခံတွေဖိတ်ဖို့
ပုဆိုးနဲ့ ပါတိတ် စုံတွဲငါးဆယ် အဆင်လှတာလေးရွေးပေးပါအုန်း"

သက်ပုံသည် ထိုင်ရာမထ ငွေအမ်းငွေယူ လုပ်ရုံမက ပါးစပ်ကလည်း မြင်သမျှမလွတ်အောင်အော်ပြောနေရသည်။

"မာလာ ဟိုမှာဈေးဝယ်လာနေတယ်။ ဘာယူမလဲမေး ..."

"ငေးမနေနဲ့ သမီးတို့ သွက်သွက်လေးလုပ်ပေးပါ။ ညနေ ဘောနပ်မုန့် ဖိုးပေးမှာ
နော် စိတ်ပါလက်ပါလေးလုပ် ကြ"

တနေ့ လုံးဆိုတော့ အကုန်ပင်ပန်းမှာ
သိပေမဲ့ ဈေးဆိုတာ ရာင်းရတုန်း ရောင်းမှ။

"ကိုသက်ရေ ဒေါ်မြတို့ မင်္ဂလာပွဲပြီးမှ
ကျသလောက်ရှင်းပေးလို့ ရမလား။ "

သိပ်အဆင်မပြေတဲ့ ပုံကြောင့် သက်ပုံ
ခေါင်းညိမ့်ပြလိုက်သည်။
တချို့ က လက်ငင်းငွေထုတ်မဝယ်နိုင်။
မင်္ဂလာပွဲပြီးမှ လက်ဖွဲ့ ရတဲ့ငွေထဲက
ပြီးမှသပ်သပ်လာပေးကြတာတွေလဲရှိသည်။

"ရတယ် ဒေါ်မြ ။ ယူမဲ့ပစ္စည်းတွေ ဘောင်ချာဖွင့်ပေးထားလိုက်မယ် ။ ပွဲပြီးရင်
သာချက်ခြင်းလာရှင်းပေးပါနော်။ ပုံမှန်ဆို
ကျွန်တော်က အကြွေးမရောင်းဘူး။ ဒေါ်မြမို့ လို့ လုပ်ပေးလိုက်တာ "

"အေးပါအေးပါ ကျေးဇူးတင်ပါတယ်
ကိုသက်ရယ်။ ဒေါ်မြတို့ လဲ အဆင်မပြေတဲ့ကြားက ငွေလေးချေးလုပ်ပေးရတာပါ။
ဒါဆို လိုတာလေးဒေါ်မြယူသွားမယ်နော်"

သားဇောကြောင့် ဒေါ်မြက မရှက်မကြောက် အကြွေးယူဖို့ လာပြောရှာသည်။
သက်ပုံကတော့မရှိတဲ့သူတွေကို အတက်နိုင်ဆုံး အဆင်ပြေအောင်လုပ်ပေးဖြစ်တာများသည်။ထို့ ကြောင့်

"ဟုတ်ရတယ်။ ဇင်ဇင် သမီး ဒီအဒေါ်ယူတာလေး စာရင်းအော်ပေးပါ ။ ဒီမှာ လိုက်မှတ်လိုက်မယ်"

ကလေးတစ်ယောက်ကို ထည့်ပေးပြီး သက်ပုံကတော့ ကောင်းချီကို လှည့်ရှာရသေးသည်။
မအားပါဘူးဆို ဒီယောကျာ်းဘယ်သွားပြန်တာလဲ။

"မာလာညည်းအကိုဘယ်သွားလဲ "

"ကိုသက်ကိုပြောသွားတယ်လေ။ ရပ်ကွက်အစည်းဝေးပွဲရှိလို့ သွားရမှာတဲ့ အသံတွေဆူနေလို့ မကြားလိုက်ဘူးထင်တယ်။ ဟော ...ပြောရင်း ဟိုမှာပြန်လာပြီ"

မာလာ ကသူသိသမျှ ပြန်ပြောပြနေတုန်း
ကောင်းချီ က ပုဆိုးနဲ့ ရှပ်အပြာနုရောင်အကွက်နဲ့ တွဲဝတ်ထားပြီး အရင်တုန်းကနဲ့ မတူစွာ သပ်ရပ်သန့် ရှင်းနေတဲ့ပုံဖြင့်ဆိုင်ထဲဝင်လာ၏။

"မင်းက ရွာထဲအစည်းဝေးပွဲသွားတက်တာလား။ မင်းသားသွားလုပ်တာလား"

ကိုယ့်ယောကျာ်း သပ်ရပ်သန့် ရှင်းနေတာကို သဘောကျပေမဲ့ ကိုယ်မပါပဲ ဒီလို ချောမောတောက်ပြောင်နေတာကိုတော့
မကြည်ဖြူနိုင်ပါ။

"မဟုတ်ပါဘူး ခင်ဗျားရယ် ။ လူကြီးတွေနဲ့ စကားပြောမှာဆိုတော့ နည်းနည်းကြည့်ရအဆင်ပြေအောင် ဝတ်သွားတာပါ။
ကြည့်ရတာကျွန်တော့်သက်ပုံလေးက
မကြိုက်ဘူးထင်တယ်။ မှတ်ထားလိုက်ပါ့မယ်ဗျာ နောက်ဆို ခုလို ဝတ်မသွားတော့ပါဘူး"

ပြေလည်အောင်အလျော့ပေးလိုက်တော့လဲ စိတ်မကောင်းဖြစ်ရသည်။
ခုဆိုအဆင်ပြေမှသာ ကောင်းချီက အနည်းအပါးဝတ်လာတာဖြစ်ပေမဲ့ ကိုယ့်ဆိုရင်အိမ်နေရင်းအဝတ်တောင် မညှိူးနွမ်းအောင်ထားတက်သူမို့

"တော်ပါကွာ... မင်းကိုမဝတ်ရဘူးမပြောဘူး။ ဝတ် ...ဒါပေမဲ့ ငါပါမှဝတ်။
ခုလိုသန့် ပြန့် နေတုန်း မင်းတစ်ယောက်ထဲသွားရင် ငါစိတ်မချဘူး"

"သက်ပုံသဘော"

ပါးကို ဆွဲညှစ်လာတဲ့ လက်နှစ်ဖက်ကို ဒီတခါတော့ သက်ပုံ မရိုက်ထုတ်ခဲ့ပါ။
ချောမောခန့် ညားနေတဲ့ ကောင်းချီကို
ကျေနပ်အောင်မကြည့်အား များလှတဲ့
ဘောင်ချာ စာအုပ်တွေကြားခေါင်းပြန်နှစ်ရသည်။

"ဘာတဲ့လဲ အစည်းဝေးပွဲက "

စာရင်းငုံ့ တွက်ရင်းသက်ပုံမေးလိုက်သည်။

"ကျောင်းအုတ်တံတိုင်းခတ်ဖို့ အလှူငွေကောက်တာပါ။ ကျွန်တော်သက်ပုံကိုမတိုင်ပင်ပဲ သိန်း၃၀ မ တည်ပြီး ဇောတိက နာမည်နဲ့ လှူ ခဲ့လိုက်တယ်..နောက်ပြီး သက်ပုံ ကလေးတွေအတွက် ပညာဒါန ကျောင်းလေးဖွင့်ပေးချင်တယ်လို့ ပြောဖူးတော့ အဲ့ကိစ္စကိုပါရောက်တုန်း ရပ်ရွာလူကြီးတွေနဲ့တိုင်ပင်ခဲ့သေးတယ်"

သက်ပုံ ကောင်းချိစကားကြောင့်မော့မကြည့်ပဲ ပြုံးလိုက်သည်။
ကောင်းချီက ထိုကဲ့သို့ သော ယောကျာ်းပါ။
တိုင်ပင်တက်သလို
သူလုပ်ချင်တာလုပ် ခွင့်ပြုချက်ရမှာလဲ
လုပ်တက်သည်။

"မင်းက အိမ်ထောင်ဦးစီးပဲ မင်းကြိုက်တာလုပ်ခွင့်ရှိပါတယ် "

သက်ပုံရဲ့ပြုံးစိစိစကားအဆုံးမှာ
ကောင်းချီရဲ့

"ဟာဗျာ သက်ပုံက လုပ်ပြန်ပြီ"
ဆိုတဲ့
မချင့်မရဲအသံက စောင့်ကြီးအောင့်ကြီးထွက်လာသည်မို့ သက်ပုံတစ်ယောက်
ထပ်မစရဲတော့ပဲပါးစပ်ပိတ်သွား၏။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz