ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

3

eainsi23

အနက္ေရာင္ ညမွာ ေပတရာလမ္းေပၚက
ကုန္ကားတစီးကေတာ့ သူလိုရာအရပ္ကို အိပဲ့အိပဲ့ နဲ ့ခရီးနွင္ေနသည္။
ကားေပၚမွာ ေလတဝူးဝူးတိုက္ေနတာေႀကာင့္ အဝါေရာင္ အေႏြးထည္ဝတ္ ေကာင္ေလးသည္
ေျခေတြလက္ေတြကို ဒူးႀကားညွပ္ကာ
အသဲအသန္ေကြးေန၏။

"ခ်မ္းေနလားသက္ပံု ။ လာ ဒီဖက္တိုး
က်ဳပ္ဖက္ထားမယ္"

ဟန္မေဆာင္နိုင္ေလာက္ေအာင္ ေအးေနသည္မို ့ေကာင္းခ်ီအနားကိုတိုးကပ္လိုက္သည္။

"ခ်မ္းတယ္။ ေကာင္းခ်ီေရာ မခ်မ္းဘူးလား"

ေခါင္းေဆာင္းပါတဲ့ အေႏြးထည္ေလးမို ့
သက္ပံု ကို ေသခ်ာေဆာင္းေပးလိုက္ပီးမွ

"ေနသားက်ေနလို ့အရမ္းႀကီးမခ်မ္းပါဘူး ။
လမ္းခဏနားရင္ ကိုျဖိဳးဆီက ေစာင္ငွားေပးမယ္"

လက္ေမာင္းကေန ဆြဲပီး သက္ပံုကို ဒူးႀကားပို ့ကာ ေကာင္းခ်ီက သူရင္ဘတ္ကိုမွီေစသည္။
ေနာက္ကေနသိုင္းဖက္ေထြးေပြ ့လိုက္တာမို ့ခ်က္ျခင္းေႏြးေထြးသြားသည္။

"ရြာက ဘယ္ရြာလဲ မင္းတို ့ရြာလား "

ေကာင္းခ်ီကျမိဳ ့မွာ က်ပန္းလာလုပ္စားတဲ့ ရြာသားတစ္ေယာက္မို ့သက္ပံု ေခါင္းေမာ့ေမးလိုက္သည္။
တခ်က္တခ်က္ ေဘးကျဖတ္သြားတဲ့ ကားမီးေရာင္ေတြေႀကာင့္ ေကာင္းခ်ီမ်က္နွာကို ရွင္းရွင္းလင္းလင္းျမင္ေနရသည္။
ပုဆိုးတိုတို အားကစားအက်ၤ ီနဲ ့သာေနေလ့ရွိတဲ့ ေကာင္းခ်ီက အသားညို ပီး
အုပ္ထူတဲ့ နီက်င္က်င္ဆံသားေတြရွိသည္။
သာမွန္ရုပ္ရည္ရွိတဲ့ေကာင္းခ်ီမွာအျမဲတင္းတင္းေစ့ေနတဲ့ နွဳတ္ခမ္းေတြ ရွိပီး ပါးရုိးထင္ထင္းနဲ ့ျပတ္သားတဲ့ ေယာက်ာ္းတစ္ေယာက္ ပံုစံအျပည့္ရွိသည္။

မိဘမဲ့ တစ္ေယာက္ျဖစ္ကာ
ဘုန္းႀကီးေက်ာင္းမွာကပ္ေနေနရတဲ့
ေကာင္းခ်ီနဲ ့ေတြ ့ဆံုခဲ့ပံုမွာ ဇာတ္လမ္းေတြထဲကလို ရင္ခုန္စရာအေနအထားနဲ ့ေတာ့မဟုတ္ခဲ့။

"အင္း အေမြရထားတဲ့ အိမ္ေလးတစ္လံုးရွိတယ္အဲ့မွာ။ "

ေႏြးကနဲ ျဖစ္သြားတဲ့ နွဖူးေႀကာင့္
ေအးလို ့အနည္းငယ္ေဖ်ာ့ေနတဲ့ သက္ပံုအသားေရသည္ ပန္းေရာင္ေျပာင္းသြား၏။

" ခ်စ္တဲ့သက္ပံုေလးကို ျမတ္နိုးလိုက္တာ။
က်ဳပ္ကို ျပန္ခ်စ္ေပးလို ့ခင္ဗ်ားကိုေက်းဇူးတင္ပါတယ္"

အေနာက္ကေန ပုခံုးေပၚေခါင္းမွီလိုက္တဲ့
ေကာင္းခ်ီေလးေႀကာင့္ ေစာေစာက မေျပာလိုက္ရတဲ့စကားကို သတိရသြားသည္။

"က်ဳဳပ္လို ့မေျပာပါနဲ ့။ က်ြန္ေတာ္ ဒါမွမဟုတ္ ကိုယ္လို ့ေျပာ"

"က်ဳပ္လို ့ေျပာတာ သက္ပံု နားဝင္ဆိုးရင္
ျပင္ေပးပါ့မယ္။ က်ြန္ေတာ္လို ့ေျပာမယ္ေလ ရတယ္မို ့လား "

"အင္း ဒါနဲ ့ ငါတို ့ဟိုမွာ ဘာဆက္လုပ္ႀကမလဲ။ ေကာင္းခ်ီ စီစဥ္ထားတာေရာ ရွိလား"

"မရွိဘူး ။ သက္ပံုသိတဲ့အတိုင္း က်ြန္ေတာ္ရြာမျပန္တာ ေလးနွစ္ရွိေနျပီ။ ဒါေပမဲ့ဟိုေရာက္ရင္ေတာ့ တခုခု လုပ္ဖို ့က်ြန္ေတာ္စီစဥ္ပါ့မယ္"

နားထင္စပ္က ေႏြးခနဲ ထပ္ျဖစ္သြားတာမို ့
သက္ပံုျပံဳးလိုက္မိသည္။
ေကာင္းခ်ီေလး က သူ ့ကိုထူးထူးဆန္းဆန္း အသားယူလို ့။
သံုးနွစ္တာကာလမွာ ခ်ိန္းေတြ ့တာ
ေျခာက္ႀကိမ္သာရွိပီး
ေတြ ့တဲ့ အခ်ိန္မွာ မလွမ္းမကမ္းမွာသာထိုင္ပီး သက္ပံုကို စူးစူးရဲရဲႀကည့္ေနတက္တဲ့
ေကာင္းစင္သန္ ့ခ်ီကနမ္းဖို ့မေျပာနဲ ့အသားျခင္းေတာင္ထိတာမဟုတ္။

မခ်စ္လို ့မထိခ်င္တာလားလို ့သိမ္ငယ္စိတ္ဝင္မိေပမဲ့ အဲ့လိုလည္းမဟုတ္ျပန္။
ေကာင္းခ်ီက ခန္ ့မွန္းရသိပ္ခက္သည္။

"ငါနဲ ့ေကာင္းခ်ီ ပထမဆံုးစေတြ ့တဲ့ေန ့ကိုမွတ္မိလား"

"အင္း အဲ့ေန ့က သက္ပံုကားပ်က္လို ့
လမ္းထိပ္ကေန မိုးရြာႀကီးတဲ့ ျပန္လာခဲ့တဲ့ေန ့ေလး။ အျဖဴေရာင္ ေက်ာပိုးအိတ္ေလးလြယ္ထားတယ္ျပီးေတာ့ ဂ်ဴတီကုတ္အျဖဴေရာင္ေလးကို လည္း လက္ထဲ ပိုက္ထားေသးတယ္ ။ မိုးေတြလဲ စိုလို ့။ က်ြန္ေတာ္ကလည္း အလုပ္ကျပန္လာတဲ့အခ်ိန္ ဆိုေတာ့ တိုက္တိုက္ဆိုင္ဆိုင္ သက္ပံုက သက္ပံုေနာက္ကို ေနွာက္ယွက္ဖို ့လိုက္လာတယ္ထင္ပီး က်ြန္ေတာ္ကို ရန္ေတြ ့တာေလ ။ "

ေကာင္းခ်ီရဲ့ စကားေျပာရင္ထြက္လာတဲ့ ေလေႏြးေႏြးက လည္ပင္းမွာ တခ်က္တခ်က္ရုိက္ခတ္ ေန၏။

သက္ပံုျပံဳးကာ...

"အင္း ေကာင္းခ်ီက ငါေအာ္တာကို
ျပန္ရွင္းမျပပဲ ခပ္တည္တည္ႀကီးႀကည့္ေနတာ အားႀကီးစိတ္တိုဖို ့ေကာင္းတယ္"

ေပြ ့ထားတဲ့ ေကာင္းခ်ီလက္ဖမိုးကိုဖြဖြေလးဆိတ္ဆြဲကာ ေတြဆံုတုန္းက အဆင္မေျပခဲ့တာကိုျပန္ေျပာမိသည္။
တကယ္ပင္ သက္ပံုကို စူးစူးရဲရဲ ႀကည့္ေနတာ မဟုတ္ပါဘူးဆိုတာကို တခြန္းေတာင္ရွင္းမျပခဲ့ေပ။

" သက္ပံုရန္ေတြ ့ရင္ သိပ္ခ်စ္ဖို ့ေကာင္းတာ။ က်ဳပ္ အဲ က်ြန္ေတာ္ အဲ့ေန ့စပီး ခင္မ်ားေနာက္ကေန အခ်ိန္တိုင္း လိုက္ႀကည့္ေနမိေတာ့တာပဲ"

"ေကာင္းခ်ီက လူဆိုးပဲ"

"ခင္ဗ်ား ခ်စ္တယ္မို ့လား"

ခ်က္ျခင္းေျပာလာတဲ့ေကာင္းခ်ီေႀကာင့္ သေဘာတက် ရယ္မိသည္။

"ခ်စ္တယ္ ...ေျပာမျပတက္ေအာင္ကို ခ်စ္တာ "

တတိယအႀကိမ္ေျမာက္ အနမ္းက
ပါးတဖက္ကို ပင္။

"က်ြန္ေတာ္တို ့နွစ္ေယာက္ရဲ့ အိမ္ေလးေရာက္မွ ခင္ဗ်ားကို ေသခ်ာနမ္းေတာ့မယ္"

"င ါေကာင္းခ်ီကို ကြမ္းမစားနဲ ့လို ့ေျပာရင္ လက္ခံမွာလားဟင္"

အျမဲတမ္းမစားဘူးဆိုတာသိေပမဲ့
တမင္ေမးလိုက္ျခင္းသာ။

" တေန ့မွာ နွစ္ယာေလာက္ပဲ စားတာပါ
ခင္ဗ်ား မႀကိဳက္ရင္ က်ြန္ေတာ္မစားေတာ့ဘူး "

ေက်နပ္သြားျခင္းက အတိုင္းထက္အလြန္ပင္။
တေရြ ့ေရြ ့သြားေနေသာ ကုန္ကားေပၚမွာ
အခ်စ္ငွက္နွစ္ေကာင္က အနာဂတ္အစီစဥ္ေတြကို မနားတမ္းေျပာေနႀကသည္။
မ်က္နွာျခင္းဆိုင္ စကားေျပာရခဲတဲ့ သူတို ့နွစ္ေယာက္အဖို ့ကေတာ့ ဒီညေတာ့ မေမာနိုင္မပန္းနိုင္ေျပာမဲ့ပံုပင္။

မနက္ေဝလီေဝလင္း အခ်ိန္တြင္
ေကာင္းခ်ီနဲ ့ သက္ပံုတို ့နွစ္ေယာက္သည္
တံငါကုန္းရြာ ၂၈မိုင္ဆိုတဲ့ သစ္သားဆိုင္းပုဒ္ေလးေအာက္မွာ မတ္တပ္ရပ္ေနႀကသည္။
ကုန္စိမ္းကားကေတာ့ ေနာက္ထပ္ သိပ္မေဝးေတာ့တဲ့ ျမိဳ ့ငယ္ေလးကို ဆက္သြားသည္မို ့သူတို ့နွစ္ေယာက္ကက်န္ေနခဲ့ႀကျခင္းျဖစ္သည္။

" သက္ပံု ဗိုက္ဆာပီလား "

ညလယ္တုန္းက စားေသာက္ဆိုင္မွာ နားစဥ္ ထမင္းေႀကာ္တပြဲကုန္ေအာင္စားခဲ့သည္မို ့ရင္ခံကာ ဗိုက္လံုးဝမဆာေပ။

"ငါ ဗိုက္မဆာဘူး။ ေကာင္းခ်ီဆာရင္ ဆိုင္ဝင္ထိုင္လိုက္ေလ"

ေကာင္းခ်ီေကာင္းညိတ္ျပလိုက္သည္။
ဗိုက္ဆာလို ့မဟုတ္ပဲ ခ်စ္တဲ့ သက္ပံုတစ္ေယာက္ ကားရပ္ေစာင့္ေနရတာ ေျခေထာက္ေတြနာမည္စိုးလို ့သာျဖစ္၏။
အနီးနားက စားေသာက္ဆိုင္မွာ ရွမ္းေခါက္ဆြဲစားရင္း တံငါကုန္းရြာကို သြားမဲ့
ကားတစီးကို ကားႀကံဳ လိုက္စီးခဲ့သည္။

သက္ပံု ကုိယ္ေတြလက္ေတြနာေနေပမဲ့
ေကာင္းခ်ီစိတ္မေကာင္းျဖစ္မည္ဆိုးလို ့မညည္းရဲ။
တစ္နာရီးနီးပါးေလာက္ ႀကာေအာင္ ေက်ာက္ခင့္းလမ္းႀကမ္းကိုျဖတ္ပီးေနာက္မွာ
တံငါကုန္းရြာ မွႀကိဳဆိုပါ၏ဆိုတဲ့ ဆိုင္းပုဒ္ေလးကို ေတြ ့ရသည္။

" ေရာက္ပီ သက္ပံု ဆင္းရေအာင္ "

ဆီတင္ကုန္ကားရဲ့ ေနာက္နားမွာ ေျခက်င္ေအာင္ေခြေခါက္ထိုင္ေနရတဲ့ အျဖစ္မွ လြတ္ေျမာက္သြားတဲ့ခံစားခ်က္က ဘာနဲ ့မွမတူ။
ကားဆရာကိုကားခသြားေပးေတာ့ မယူလိုက္။
နွုတ္ဆက္ပီး နွစ္ေယာက္သား ေျမာက္တံငါကုန္းလို ့ေရးထားတဲ့ မုဒ္ဦးဖက္ကို ခ်ိဳးဝင္လိုက္သည္။

"ေျမာက္နဲ ့ေတာင္ ဆိုပီးရြာနွစ္ပိုင္း ခြဲထားတာ ။ က်ြန္ေတာ္တို ့အိမ္က ေျမာက္ပိုင္းဖက္မွာ။ ေညာင္းေနပီလား အဝင္စ က အိမ္ေလးက က်ြန္ေတာ့္အိမ္"

သူေခါင္းညိတ္ျပရုံပဲ တက္နိုင္သည္။
ဒါေတာင္ အထုတ္အပိုးေတြက ေကာင္းခ်ီဆီမွာသာ။

အနီေရာင္ အုတ္နဲ ့ေဆာက္ထားတဲ့
တစ္ထပ္တိုက္ႀကမ္းေလး ေရွ ့မွာရပ္ကာ

"ဒါ က်ြန္ေတာ္တို ့အိမ္ ပဲ "

ျခံေရွ ့မွာ ခေရပင္ႀကီးက အုပ္ဆိုင္းေနကာ
ေအာက္မွာထိုင္ဖို ့သစ္သားကြတ္ပ်စ္ကေလးခင္းထားသည္။ ျခံေထာင့္မွာ ေရဗံုဘိုင္
တခုကို လွမ္းေတြ ့ရပီး တျခံလံုးကို
သစ္သားျခံစည္းရုိးေလးသာ ကာရံထား၏။

ေသာ့ခတ္မထားတဲ့အိမ္တံခါးကိုတြန္းဖြင့္ဝင္လိုက္ေတာ့ ဖုန္တစက္မရွိ။

" လူလာေနႀကလား"

"မဟုတ္ဘူး သန္ ့ရွင္းေရးႀကိဳလုပ္ခိုင္းထားတာ ။ ဒီမွာ က်ြန္ေတာ္ အမ်ိဳးေတြရွိတယ္ေလ ။လာ ... အခန္းကဒီဖက္မွာ "

အေနာက္ကလိုက္သြားေတာ့ အခန္းဆိုတာလံုျခံဳမူ ့တခု အျဖစ္ပဲရွိသည္။

ဗလာက်င္းကာ အခန္းအတြင္းမွာ
နွစ္ေယာက္အိပ္ ကုတင္တလံုးသာရွိပီး
ေစာင္ေခါင္းအုန္း တလံုးေတာင္မရွိပဲ
ေျပာင္ရွင္းေနသည္။

"ခဏ နားဦး ၊ ေရခ်ိဳးဖို ့သြားလုပ္အုန္းမယ္"

ထြက္သြားတဲ့ ေက်ာျပင္ကိုႀကည့္ကာ
သူလဲ မနားနိုင္ပါ။ အေႏြးထည္ခ်ြတ္ၿပီး
ေရခ်ိဳးဖို ့ျပင္ထားလိုက္သည္။
ဆယ္မိနစ္ခန္ ့အႀကာေတာ့ စကားေျပာသံအခ်ိဳ ့ကိုႀကားလိုက္ရတာမို ့ သက္ပံု အခန္းထဲကထြက္ႀကည့္မိသည္။

အျပင္ေရာက္ေတာ့ ၁၃နွစ္သာသာေကာင္းေလးတစ္ေယာက္ရဲ့ ေက်ာျပင္ကိုသာ
ေတြ ့လိုက္ရပီး အသံမ်ိဳးစံုျမည္ေနတဲ့ ခပ္စုတ္စုတ္ဆိုင္ကယ္ ကို စီးျပန္သြားသည္။

"ေကာင္းခ်ီ ေစာေစာက ဘယ္သူလဲ"

သံမံသလင္း ေပၚမွာ အထုတ္ေတြပံုေနတဲ့ ေကာင္းခ်ီက ခဏေမာ့ႀကည့္ကာ သူ ့အလုပ္ေတြကို ျပန္ဆက္လုပ္ေနသည္။

"အဲ့ဒါ က်ြန္ေတာ့္ညီနွစ္ဝမ္းကြဲ...ဟိုဖက္ တျခံေက်ာ္မွာေနတာေလ။ လိုအပ္တာေတြေတာင္ရြာဖက္ သြားဝယ္ခိုင္းထားတာလာပို႔တာ"

ဆယ္မိနစ္ေလာက္နဲ ့ဘယ္လိုဝယ္လာသလဲ လို ့သက္ပံုမေမးလိုက္ေတာ့။

"ဘာေတြလဲ အထုတ္ေတြကမ်ားလိုက္တာ "

"ေရအရင္လာခ်ိဳးလိုက္ ။ မဟုတ္ရင္ သက္ပံု ေနလို ့မေကာင္းပဲေနမယ္... ဒါအိမ္
အတြက္လိုအပ္တာေတြ အရင္ႀကိဳမွာခိုင္းထားတာ ဖုန္းဆက္ပီးေတာ့ "

"ဘယ္သူ ့ဖုန္းနဲ ့လဲ ငါလဲမသိရပါ့လား"

"သက္ပံုကို လာမေခၚခင္ ဘုန္းႀကီးေက်ာင္းက ကပၸိယႀကီးဖုန္းနဲ ့ေခၚလိုက္တာ ။
ဒီမွာ ျမိဳ ့ကိုသြားတဲ့ ေစ်းကားက တရက္ျခားတခါပဲထြက္တာဆိုေတာ့ မဟုတ္ရင္ အိမ္မွာ ဘာမွရွိမွာမဟုတ္ဘူး"

သက္ပံု ေခါင္းညိတ့္ျပကာ လွမ္းေပးတဲ့
အစံုထည့္ထားေသာအစိမ္းေရာင္ပလက္စတစ္ ဆပ္ျပာျခင္းကို ယူလိုက္သည္။
သြားတိုက္တံ နွစ္ေခ်ာင္း နဲ ့သက္ပံုသံုးေနက် မ်က္နွာသစ္ေဆး ဆပ္ျပာမွဳန္ ့ဘူး
ေရခ်ိဳးဆပ္ျပာ ကိုေတာင္ ေသခ်ာဝယ္ထည့္ေပးထားသျဖင့္

"အစံုဝယ္ထားတာပဲ ...ငါ ပန္းေရာင္သြားတိုက္တံေလးယူလိုက္မယ္ေနာ္"

အေျဖကိုမေစာင့္ေတာ့ပဲ ျခင္းေလးဆြဲကာ
အခန္းအတြင္းကေရလဲပုဆိုးပုခံုးေပၚတင္ပီး ျခံေထာင့္က ေရဘံု ဘိုင္သို ့ေရခ်ိဳးဖို ့သြားလုိက္သည္။

အဂၤေတနဲ ့လုပ္ထားတဲ့ ကန္ဝိုင္းႀကီးမွာ ေရအျပည့္နီးပါးအဆင္သင့္ ျဖည့္ထားပီးသားမို ့သြက္လက္စြာ ခ်ိဳးလိုက္သည္။
တစ္ညလံုးပင္ပန္းလာတဲ့ ကိုယ္က ေရေအးေအးနဲ ့ထိေတာ့ ခ်က္ျခင္းလန္းဆန္းသြား၏။

သက္ပံုေရခ်ိဳးပီး အိမ္ထဲဝင္လာေတာ့
အိမ္ခန္းထဲကထြက္လာတဲ့ ေကာင္းခ်ီက
မ်က္ေမွာင္ႀကံဳ ့ပီးတဲ့ထြက္လာ၏။
ဘာလဲဆိုပီး ေမးေငါ့ ျပေတာ့ ေခါင္းရမ္းကာ ထြက္သြားျပန္သည္။

ဇေဝဇဝါနဲ ့အခန္းထဲဝင္လာခဲ့စဥ္မွာ ေျပာင္းလဲသြားတဲ့ ျမင္ကြင္းေႀကာင့္ သက္ပံု
အံ့ၾသမင္သက္သြား၏။

ေကာင္းခ်ီ အေတြးေတြကို သက္ပံုတကယ္လိုက္လို ့မမွီနိုင္ေပ။
ဘယ္တုန္းက စီစဥ္ထားသလဲ မသိရေအာင္ လုပ္သြားတာ က အကြက္က်သည္။

ေစာေစာ ေျပာင္ရွင္းေနတဲ့အခန္း
တြင္းဝယ္ ပန္းေရာင္ ျခင္ေထာင္ေလးရယ္
၊ပန္းေရာင္ ေခါင္းအုန္းေလးနွစ္လံုးရယ္ ၊
ပန္းနုေရာင္ ပန္းပြင့္ေလးေတြပါတဲ့ ေစာင္ပါးေလးရယ္ က ေရခ်ိဳးခ်ိန္ ၁၅မိနစ္ေက်ာ္ေက်ာ္မွာ ဟခ်ေလာင္းလုပ္လိုက္သလိုပဲ ေျပာင္းလဲသြားတာျဖစ္သည္။

ပူေလာင္လာေသာ မ်က္နွာနွင့္အတူ မဂၤလာခန္းဝင္ သတိုးသမီး တစ္ေယာက္လို ခံစားေနရတာ ဘာေႀကာင့္လဲ။

ခ်စ္တဲ့အိမ္စည္။

အနက်ရောင် ညမှာ ပေတရာလမ်းပေါ်က
ကုန်ကားတစီးကတော့ သူလိုရာအရပ်ကို အိပဲ့အိပဲ့ နဲ့ ခရီးနှင်နေသည်။
ကားပေါ်မှာ လေတဝူးဝူးတိုက်နေတာကြောင့် အဝါရောင် အနွေးထည်ဝတ် ကောင်လေးသည်
ခြေတွေလက်တွေကို ဒူးကြားညှပ်ကာ
အသဲအသန်ကွေးနေ၏။

"ချမ်းနေလားသက်ပုံ ။ လာ ဒီဖက်တိုး
ကျုပ်ဖက်ထားမယ်"

ဟန်မဆောင်နိုင်လောက်အောင် အေးနေသည်မို့ ကောင်းချီအနားကိုတိုးကပ်လိုက်သည်။

"ချမ်းတယ်။ ကောင်းချီရော မချမ်းဘူးလား"

ခေါင်းဆောင်းပါတဲ့ အနွေးထည်လေးမို့
သက်ပုံ ကို သေချာဆောင်းပေးလိုက်ပီးမှ

"နေသားကျနေလို့ အရမ်းကြီးမချမ်းပါဘူး ။
လမ်းခဏနားရင် ကိုဖြိုးဆီက စောင်ငှားပေးမယ်"

လက်မောင်းကနေ ဆွဲပီး သက်ပုံကို ဒူးကြားပို့ ကာ ကောင်းချီက သူရင်ဘတ်ကိုမှီစေသည်။
နောက်ကနေသိုင်းဖက်ထွေးပွေ့ လိုက်တာမို့ ချက်ခြင်းနွေးထွေးသွားသည်။

"ရွာက ဘယ်ရွာလဲ မင်းတို့ ရွာလား "

ကောင်းချီကမြို့ မှာ ကျပန်းလာလုပ်စားတဲ့ ရွာသားတစ်ယောက်မို့ သက်ပုံ ခေါင်းမော့မေးလိုက်သည်။
တချက်တချက် ဘေးကဖြတ်သွားတဲ့ ကားမီးရောင်တွေကြောင့် ကောင်းချီမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ပုဆိုးတိုတို အားကစားအင်္ကျီနဲ့ သာနေလေ့ရှိတဲ့ ကောင်းချီက အသားညို ပီး
အုပ်ထူတဲ့ နီကျင်ကျင်ဆံသားတွေရှိသည်။
သာမှန်ရုပ်ရည်ရှိတဲ့ကောင်းချီမှာအမြဲတင်းတင်းစေ့နေတဲ့ နှုတ်ခမ်းတွေ ရှိပီး ပါးရိုးထင်ထင်းနဲ့ ပြတ်သားတဲ့ ယောကျာ်းတစ်ယောက် ပုံစံအပြည့်ရှိသည်။

မိဘမဲ့ တစ်ယောက်ဖြစ်ကာ
ဘုန်းကြီးကျောင်းမှာကပ်နေနေရတဲ့
ကောင်းချီနဲ့ တွေ့ ဆုံခဲ့ပုံမှာ ဇာတ်လမ်းတွေထဲကလို ရင်ခုန်စရာအနေအထားနဲ့ တော့မဟုတ်ခဲ့။

"အင်း အမွေရထားတဲ့ အိမ်လေးတစ်လုံးရှိတယ်အဲ့မှာ။ "

နွေးကနဲ ဖြစ်သွားတဲ့ နှဖူးကြောင့်
အေးလို့ အနည်းငယ်ဖျော့နေတဲ့ သက်ပုံအသားရေသည် ပန်းရောင်ပြောင်းသွား၏။

" ချစ်တဲ့သက်ပုံလေးကို မြတ်နိုးလိုက်တာ။
ကျုပ်ကို ပြန်ချစ်ပေးလို့ ခင်ဗျားကိုကျေးဇူးတင်ပါတယ်"

အနောက်ကနေ ပုခုံးပေါ်ခေါင်းမှီလိုက်တဲ့
ကောင်းချီလေးကြောင့် စောစောက မပြောလိုက်ရတဲ့စကားကို သတိရသွားသည်။

"ကျုပ်လို့ မပြောပါနဲ့ ။ ကျွန်တော် ဒါမှမဟုတ် ကိုယ်လို့ ပြော"

"ကျုပ်လို့ ပြောတာ သက်ပုံ နားဝင်ဆိုးရင်
ပြင်ပေးပါ့မယ်။ ကျွန်တော်လို့ ပြောမယ်လေ ရတယ်မို့ လား "

"အင်း ဒါနဲ့ ငါတို့ ဟိုမှာ ဘာဆက်လုပ်ကြမလဲ။ ကောင်းချီ စီစဉ်ထားတာရော ရှိလား"

"မရှိဘူး ။ သက်ပုံသိတဲ့အတိုင်း ကျွန်တော်ရွာမပြန်တာ လေးနှစ်ရှိနေပြီ။ ဒါပေမဲ့ဟိုရောက်ရင်တော့ တခုခု လုပ်ဖို့ ကျွန်တော်စီစဉ်ပါ့မယ်"

နားထင်စပ်က နွေးခနဲ ထပ်ဖြစ်သွားတာမို့
သက်ပုံပြုံးလိုက်မိသည်။
ကောင်းချီလေး က သူ့ ကိုထူးထူးဆန်းဆန်း အသားယူလို့ ။
သုံးနှစ်တာကာလမှာ ချိန်းတွေ့ တာ
ခြောက်ကြိမ်သာရှိပီး
တွေ့ တဲ့ အချိန်မှာ မလှမ်းမကမ်းမှာသာထိုင်ပီး သက်ပုံကို စူးစူးရဲရဲကြည့်နေတက်တဲ့
ကောင်းစင်သန့် ချီကနမ်းဖို့ မပြောနဲ့ အသားခြင်းတောင်ထိတာမဟုတ်။

မချစ်လို့ မထိချင်တာလားလို့ သိမ်ငယ်စိတ်ဝင်မိပေမဲ့ အဲ့လိုလည်းမဟုတ်ပြန်။
ကောင်းချီက ခန့် မှန်းရသိပ်ခက်သည်။

"ငါနဲ့ ကောင်းချီ ပထမဆုံးစတွေ့ တဲ့နေ့ ကိုမှတ်မိလား"

"အင်း အဲ့နေ့ က သက်ပုံကားပျက်လို့
လမ်းထိပ်ကနေ မိုးရွာကြီးတဲ့ ပြန်လာခဲ့တဲ့နေ့ လေး။ အဖြူရောင် ကျောပိုးအိတ်လေးလွယ်ထားတယ်ပြီးတော့ ဂျူတီကုတ်အဖြူရောင်လေးကို လည်း လက်ထဲ ပိုက်ထားသေးတယ် ။ မိုးတွေလဲ စိုလို့ ။ ကျွန်တော်ကလည်း အလုပ်ကပြန်လာတဲ့အချိန် ဆိုတော့ တိုက်တိုက်ဆိုင်ဆိုင် သက်ပုံက သက်ပုံနောက်ကို နှောက်ယှက်ဖို့ လိုက်လာတယ်ထင်ပီး ကျွန်တော်ကို ရန်တွေ့ တာလေ ။ "

ကောင်းချီရဲ့ စကားပြောရင်ထွက်လာတဲ့ လေနွေးနွေးက လည်ပင်းမှာ တချက်တချက်ရိုက်ခတ် နေ၏။

သက်ပုံပြုံးကာ...

"အင်း ကောင်းချီက ငါအော်တာကို
ပြန်ရှင်းမပြပဲ ခပ်တည်တည်ကြီးကြည့်နေတာ အားကြီးစိတ်တိုဖို့ ကောင်းတယ်"

ပွေ့ ထားတဲ့ ကောင်းချီလက်ဖမိုးကိုဖွဖွလေးဆိတ်ဆွဲကာ တွေဆုံတုန်းက အဆင်မပြေခဲ့တာကိုပြန်ပြောမိသည်။
တကယ်ပင် သက်ပုံကို စူးစူးရဲရဲ ကြည့်နေတာ မဟုတ်ပါဘူးဆိုတာကို တခွန်းတောင်ရှင်းမပြခဲ့ပေ။

" သက်ပုံရန်တွေ့ ရင် သိပ်ချစ်ဖို့ ကောင်းတာ။ ကျုပ် အဲ ကျွန်တော် အဲ့နေ့ စပီး ခင်များနောက်ကနေ အချိန်တိုင်း လိုက်ကြည့်နေမိတော့တာပဲ"

"ကောင်းချီက လူဆိုးပဲ"

"ခင်ဗျား ချစ်တယ်မို့ လား"

ချက်ခြင်းပြောလာတဲ့ကောင်းချီကြောင့် သဘောတကျ ရယ်မိသည်။

"ချစ်တယ် ...ပြောမပြတက်အောင်ကို ချစ်တာ "

တတိယအကြိမ်မြောက် အနမ်းက
ပါးတဖက်ကို ပင်။

"ကျွန်တော်တို့ နှစ်ယောက်ရဲ့ အိမ်လေးရောက်မှ ခင်ဗျားကို သေချာနမ်းတော့မယ်"

"ငါကောင်းချီကို ကွမ်းမစားနဲ့ လို့ ပြောရင် လက်ခံမှာလားဟင်"

အမြဲတမ်းမစားဘူးဆိုတာသိပေမဲ့
တမင်မေးလိုက်ခြင်းသာ။

" တနေ့ မှာ နှစ်ယာလောက်ပဲ စားတာပါ
ခင်ဗျား မကြိုက်ရင် ကျွန်တော်မစားတော့ဘူး "

ကျေနပ်သွားခြင်းက အတိုင်းထက်အလွန်ပင်။
တရွေ့ ရွေ့ သွားနေသော ကုန်ကားပေါ်မှာ
အချစ်ငှက်နှစ်ကောင်က အနာဂတ်အစီစဉ်တွေကို မနားတမ်းပြောနေကြသည်။
မျက်နှာခြင်းဆိုင် စကားပြောရခဲတဲ့ သူတို့ နှစ်ယောက်အဖို့ ကတော့ ဒီညတော့ မမောနိုင်မပန်းနိုင်ပြောမဲ့ပုံပင်။

မနက်ဝေလီဝေလင်း အချိန်တွင်
ကောင်းချီနဲ့ သက်ပုံတို့ နှစ်ယောက်သည်
တံငါကုန်းရွာ ၂၈မိုင်ဆိုတဲ့ သစ်သားဆိုင်းပုဒ်လေးအောက်မှာ မတ်တပ်ရပ်နေကြသည်။
ကုန်စိမ်းကားကတော့ နောက်ထပ် သိပ်မဝေးတော့တဲ့ မြို့ ငယ်လေးကို ဆက်သွားသည်မို့ သူတို့ နှစ်ယောက်ကကျန်နေခဲ့ကြခြင်းဖြစ်သည်။

" သက်ပုံ ဗိုက်ဆာပီလား "

ညလယ်တုန်းက စားသောက်ဆိုင်မှာ နားစဉ် ထမင်းကြော်တပွဲကုန်အောင်စားခဲ့သည်မို့ ရင်ခံကာ ဗိုက်လုံးဝမဆာပေ။

"ငါ ဗိုက်မဆာဘူး။ ကောင်းချီဆာရင် ဆိုင်ဝင်ထိုင်လိုက်လေ"

ကောင်းချီကောင်းညိတ်ပြလိုက်သည်။
ဗိုက်ဆာလို့ မဟုတ်ပဲ ချစ်တဲ့ သက်ပုံတစ်ယောက် ကားရပ်စောင့်နေရတာ ခြေထောက်တွေနာမည်စိုးလို့ သာဖြစ်၏။
အနီးနားက စားသောက်ဆိုင်မှာ ရှမ်းခေါက်ဆွဲစားရင်း တံငါကုန်းရွာကို သွားမဲ့
ကားတစီးကို ကားကြုံ လိုက်စီးခဲ့သည်။

သက်ပုံ ကိုယ်တွေလက်တွေနာနေပေမဲ့
ကောင်းချီစိတ်မကောင်းဖြစ်မည်ဆိုးလို့ မညည်းရဲ။
တစ်နာရီးနီးပါးလောက် ကြာအောင် ကျောက်ခင့်းလမ်းကြမ်းကိုဖြတ်ပီးနောက်မှာ
တံငါကုန်းရွာ မှကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းပုဒ်လေးကို တွေ့ ရသည်။

" ရောက်ပီ သက်ပုံ ဆင်းရအောင် "

ဆီတင်ကုန်ကားရဲ့ နောက်နားမှာ ခြေကျင်အောင်ခွေခေါက်ထိုင်နေရတဲ့ အဖြစ်မှ လွတ်မြောက်သွားတဲ့ခံစားချက်က ဘာနဲ့ မှမတူ။
ကားဆရာကိုကားခသွားပေးတော့ မယူလိုက်။
နှုတ်ဆက်ပီး နှစ်ယောက်သား မြောက်တံငါကုန်းလို့ ရေးထားတဲ့ မုဒ်ဦးဖက်ကို ချိုးဝင်လိုက်သည်။

"မြောက်နဲ့ တောင် ဆိုပီးရွာနှစ်ပိုင်း ခွဲထားတာ ။ ကျွန်တော်တို့ အိမ်က မြောက်ပိုင်းဖက်မှာ။ ညောင်းနေပီလား အဝင်စ က အိမ်လေးက ကျွန်တော့်အိမ်"

သူခေါင်းညိတ်ပြရုံပဲ တက်နိုင်သည်။
ဒါတောင် အထုတ်အပိုးတွေက ကောင်းချီဆီမှာသာ။

အနီရောင် အုတ်နဲ့ ဆောက်ထားတဲ့
တစ်ထပ်တိုက်ကြမ်းလေး ရှေ့ မှာရပ်ကာ

"ဒါ ကျွန်တော်တို့ အိမ် ပဲ "

ခြံရှေ့ မှာ ခရေပင်ကြီးက အုပ်ဆိုင်းနေကာ
အောက်မှာထိုင်ဖို့ သစ်သားကွတ်ပျစ်ကလေးခင်းထားသည်။ ခြံထောင့်မှာ ရေဗုံဘိုင်
တခုကို လှမ်းတွေ့ ရပီး တခြံလုံးကို
သစ်သားခြံစည်းရိုးလေးသာ ကာရံထား၏။

သော့ခတ်မထားတဲ့အိမ်တံခါးကိုတွန်းဖွင့်ဝင်လိုက်တော့ ဖုန်တစက်မရှိ။

" လူလာနေကြလား"

"မဟုတ်ဘူး သန့် ရှင်းရေးကြိုလုပ်ခိုင်းထားတာ ။ ဒီမှာ ကျွန်တော် အမျိုးတွေရှိတယ်လေ ။လာ ... အခန်းကဒီဖက်မှာ "

အနောက်ကလိုက်သွားတော့ အခန်းဆိုတာလုံခြုံမူ့ တခု အဖြစ်ပဲရှိသည်။

ဗလာကျင်းကာ အခန်းအတွင်းမှာ
နှစ်ယောက်အိပ် ကုတင်တလုံးသာရှိပီး
စောင်ခေါင်းအုန်း တလုံးတောင်မရှိပဲ
ပြောင်ရှင်းနေသည်။

"ခဏ နားဦး ၊ ရေချိုးဖို့ သွားလုပ်အုန်းမယ်"

ထွက်သွားတဲ့ ကျောပြင်ကိုကြည့်ကာ
သူလဲ မနားနိုင်ပါ။ အနွေးထည်ချွတ်ပြီး
ရေချိုးဖို့ ပြင်ထားလိုက်သည်။
ဆယ်မိနစ်ခန့် အကြာတော့ စကားပြောသံအချို့ ကိုကြားလိုက်ရတာမို့ သက်ပုံ အခန်းထဲကထွက်ကြည့်မိသည်။

အပြင်ရောက်တော့ ၁၃နှစ်သာသာကောင်းလေးတစ်ယောက်ရဲ့ ကျောပြင်ကိုသာ
တွေ့ လိုက်ရပီး အသံမျိုးစုံမြည်နေတဲ့ ခပ်စုတ်စုတ်ဆိုင်ကယ် ကို စီးပြန်သွားသည်။

"ကောင်းချီ စောစောက ဘယ်သူလဲ"

သံမံသလင်း ပေါ်မှာ အထုတ်တွေပုံနေတဲ့ ကောင်းချီက ခဏမော့ကြည့်ကာ သူ့ အလုပ်တွေကို ပြန်ဆက်လုပ်နေသည်။

"အဲ့ဒါ ကျွန်တော့်ညီနှစ်ဝမ်းကွဲ...ဟိုဖက် တခြံကျော်မှာနေတာလေ။ လိုအပ်တာတွေတောင်ရွာဖက် သွားဝယ်ခိုင်းထားတာလာပို့တာ"

ဆယ်မိနစ်လောက်နဲ့ ဘယ်လိုဝယ်လာသလဲ လို့ သက်ပုံမမေးလိုက်တော့။

"ဘာတွေလဲ အထုတ်တွေကများလိုက်တာ "

"ရေအရင်လာချိုးလိုက် ။ မဟုတ်ရင် သက်ပုံ နေလို့ မကောင်းပဲနေမယ်... ဒါအိမ်
အတွက်လိုအပ်တာတွေ အရင်ကြိုမှာခိုင်းထားတာ ဖုန်းဆက်ပီးတော့ "

"ဘယ်သူ့ ဖုန်းနဲ့ လဲ ငါလဲမသိရပါ့လား"

"သက်ပုံကို လာမခေါ်ခင် ဘုန်းကြီးကျောင်းက ကပ္ပိယကြီးဖုန်းနဲ့ ခေါ်လိုက်တာ ။
ဒီမှာ မြို့ကိုသွားတဲ့ ဈေးကားက တရက်ခြားတခါပဲထွက်တာဆိုတော့ မဟုတ်ရင် အိမ်မှာ ဘာမှရှိမှာမဟုတ်ဘူး"

သက်ပုံ ခေါင်းညိတ့်ပြကာ လှမ်းပေးတဲ့
အစုံထည့်ထားသောအစိမ်းရောင်ပလက်စတစ် ဆပ်ပြာခြင်းကို ယူလိုက်သည်။
သွားတိုက်တံ နှစ်ချောင်း နဲ့ သက်ပုံသုံးနေကျ မျက်နှာသစ်ဆေး ဆပ်ပြာမှုန့် ဘူး
ရေချိုးဆပ်ပြာ ကိုတောင် သေချာဝယ်ထည့်ပေးထားသဖြင့်

"အစုံဝယ်ထားတာပဲ ...ငါ ပန်းရောင်သွားတိုက်တံလေးယူလိုက်မယ်နော်"

အဖြေကိုမစောင့်တော့ပဲ ခြင်းလေးဆွဲကာ
အခန်းအတွင်းကရေလဲပုဆိုးပုခုံးပေါ်တင်ပီး ခြံထောင့်က ရေဘုံ ဘိုင်သို့ ရေချိုးဖို့ သွားလိုက်သည်။

အင်္ဂတေနဲ့ လုပ်ထားတဲ့ ကန်ဝိုင်းကြီးမှာ ရေအပြည့်နီးပါးအဆင်သင့် ဖြည့်ထားပီးသားမို့ သွက်လက်စွာ ချိုးလိုက်သည်။
တစ်ညလုံးပင်ပန်းလာတဲ့ ကိုယ်က ရေအေးအေးနဲ့ ထိတော့ ချက်ခြင်းလန်းဆန်းသွား၏။

သက်ပုံရေချိုးပီး အိမ်ထဲဝင်လာတော့
အိမ်ခန်းထဲကထွက်လာတဲ့ ကောင်းချီက
မျက်မှောင်ကြုံ့ပီးတဲ့ထွက်လာ၏။
ဘာလဲဆိုပီး မေးငေါ့ ပြတော့ ခေါင်းရမ်းကာ ထွက်သွားပြန်သည်။

ဇဝေဇဝါနဲ့ အခန်းထဲဝင်လာခဲ့စဉ်မှာ ပြောင်းလဲသွားတဲ့ မြင်ကွင်းကြောင့် သက်ပုံ
အံ့သြမင်သက်သွား၏။

ကောင်းချီ အတွေးတွေကို သက်ပုံတကယ်လိုက်လို့ မမှီနိုင်ပေ။
ဘယ်တုန်းက စီစဉ်ထားသလဲ မသိရအောင် လုပ်သွားတာ က အကွက်ကျသည်။

စောစော ပြောင်ရှင်းနေတဲ့အခန်း
တွင်းဝယ် ပန်းရောင် ခြင်ထောင်လေးရယ်
၊ပန်းရောင် ခေါင်းအုန်းလေးနှစ်လုံးရယ် ၊
ပန်းနုရောင် ပန်းပွင့်လေးတွေပါတဲ့ စောင်ပါးလေးရယ် က ရေချိုးချိန် ၁၅မိနစ်ကျော်ကျော်မှာ ဟချလောင်းလုပ်လိုက်သလိုပဲ ပြောင်းလဲသွားတာဖြစ်သည်။

ပူလောင်လာသော မျက်နှာနှင့်အတူ မင်္ဂလာခန်းဝင် သတိုးသမီး တစ်ယောက်လို ခံစားနေရတာ ဘာကြောင့်လဲ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz