အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
34
"သက္ပံု ... သက္ပံု!!!!"
ေနာက္ဆံုးေခၚသံမွာ အေတာ္ႀကီး
ေစာင့္ႀကီးေအာင့္ႀကီးနိုင္လွသျဖင့္
သက္ပံု ဆန္ျပဳတ္အိုးကိုေမႊေနတဲ့ ဇြန္းကို
ပစ္ခ်ပီး အခန္းထဲကို အလ်ွင္စလိုဝင္ရျပန္သည္။
"ဘာတုန္း... ေျပာစရာရွိတာျမန္ျမန္ေျပာ။
အားေန ငါ့ကိုပဲေခၚမေနနဲ ့ေကာင္းခ်ီ...
မင္းကေလးလဲမဟုတ္ပဲ အေတာ္ေလာက္ဂ်စ္တိုက္"
သက္ပံု အခန္းေပါက္ဝေရွ ့မွာ ခါးေထာက္ပီး ေအာ္လိုက္သည္။
ခ်ည္သားေဘာင္းဘီရွည္က ေအာက္မွာပံုက်ရုံမက ... ေကာင္းခ်ီရဲ့ ကြမ္းရြက္ဆိုင္က လက္ေဆာင္ရ တီရွပ္နဲ ့သက္ပံုအျဖစ္က ကေလးအေမတစ္ေယာက္လို
အေတာ္ႀကီး ႏြမ္းဖက္ေန၏။
ကေလးေတြေနမေကာင္းရင္ ဂ်စ္တိုက္တယ္ဆိုတာႀကားဘူးေပမဲ့ ေကာင္းခ်ီက
အဆိုပါ ကေလးေတြထပ္ပိုဆိုးတယ္။
အေမေပ်ာက္တဲ့ ကေလးလို မျမင္တာနဲ ့ေအာ္ေခၚတက္လြန္းလို ့သက္ပံုခမ်ာ
အေပါ့အပါးေတာင္ ေကာင္းေကာင္းမသြားရ။
"ဒီကိုလာ ...ဖက္ထားေပး "
လက္ကမ္းလာတဲ့ေကာင္းခ်ီကို သက္ပံု
မ်က္ေစာင္းရြယ္လိုက္သည္။
ဟိုေန ့က ခံရသူကကိုယ္ပါ။
ဘယ္နွယ့္ေႀကာင့္ ေကာင္းခ်ီက ေနမေကာင္းျဖစ္သြားရတာလဲ ။
"မင္းေနာ္ ...ငါေဒါသမျဖစ္ခ်င္ဘူး။
ေစာေစာကလဲ ဖက္ထားအုန္းမယ္ဆို
လို ့ငါဖက္ခံပီးပီေလ။ "
"......"
ဘာစကားမွျပန္မေျပာပဲ လက္ကမ္းထားတာ မဖယ္ပဲ မလာရင္ ငိုမွာေနာ္ဆိုတဲ့
အသံတိတ္မ်က္ဝန္းေတြေႀကာင့္
ေနာက္တေခါက္ အရွဳံးေပးလိုက္ရတာ
ကိုယ္။
"က်စ္ ! ခနေတာ့ေစာင့္အုန္း ဆန္ျပဳတ္နွပ္လိုက္အုန္းမယ္"
အသားဆန္ျပဳတ္တိုက္မရတဲ့ေကာင္းခ်ီေႀကာင့္ခမ္းခါစ ႏြားနို ့ဆန္ျပဳတ္ကို
မီးေအးေအးနဲ ့နွပ္လိုက္ရသည္။
ပန္းကန္လံုးနဲ ့ဆန္ျပဳတ္အနည္းငယ္ခြဲထည့္ရင္းေတြးမိတာက ေကာင္းခ်ီကို ေနာက္ေနမေကာင္းမျဖစ္ေအာင္ဂရုစိုက္ရမယ္ဆိုတာပဲ။
ျမန္ျမန္ေပ်ာက္ေအာင္ ဆန္ျပဳတ္တိုက္ပီးရင္ေဆးလဲတိုက္ရမည္ ။
မဟုတ္ရင္ ေနမေကာင္းျဖစ္မွေပၚလာတဲ့
ေကာင္းခ်ီရဲ့ ထူးဆန္းတဲ့ အမူအက်င့္ေတြကို သက္ပံု မထိန္းနိုင္ေတာ့။
သက္ပံုဝင္လာတာကိုျမင္ေတာ့ ေခြအိပ္ေနရာမွ လက္တဖက္ ကမ္းပီးေပးျပန္သည္။
သက္ေမာခ်ကာ ကုတင္ေဘးက မွန္
တင္ခံုေပၚပန္းကန္ကို ေျပးတင္ကာ
ဂ်ီက်ေနတဲ့ ေကာင္းခ်ီေဘးကို ကပ္ရသည္။
"မင္းအေတာ္ဆိုးပါ့လား ေကာင္းခ်ီ။
မင္းေႀကာင့္ ငါပါအဖ်ားကူးရင္ ဘယ္နွယ့္လုပ္မလဲ "
ဖက္ထားတဲ့ လက္မွ တဆင့္ ပူေႏြးေႏြး
အေငြ ့အသက္ကို သက္ပံု ခံစားေနရသည္။ နဖူးေတြကို လက္နဲ ့စမ္းပီး
အပူခ်ိန္တိုင္းႀကည့္ေတာ့ အရင္ေန ့ကေလာက္ေတာ့မဆိုးေတာ့။
"မဖ်ားပါဘူးဗ်ာ။ ဘာလဲ သက္ပံုက
က်ြန္ေတာ့္ေဘးမွာ မေနခ်င္လို ့လား"
အရင္က ေနမေကာင္းျဖစ္ရမွာ ေကာင္းခ်ီ စိုးရိမ္ခဲ့ရဘူးသည္။
ဂရုစိုက္မဲ့သူမရွိေသာ တေကာင္ႀကြက္မို ့
ေနမေကာင္းျဖစ္လဲ ကိုယ္ကိုကိုယ္သာ
ျပန္ျပဳစုေနရတာမို ့အတက္နိုု္င္ဆံုး
မျဖစ္ေအာင္ အေနအထိုင္ဆင္ျခင္ခဲ့ရ၏
ခုေတာ့ အရင္လို စိတ္ပူစရာမလိုေတာ့။
ေဘးမွာစိတ္ရွည္လက္ရွည္ျပဳစုေပးမဲ့
သက္ပံုေလးရွိသည္။
မနက္က က်န္းမာေရးမွဴ းလာပီး
ေဆးထိုးေပးသြားလို ့သာ အသံထြက္နိုင္တာ ။ဒါေတာင္
ထူထူေထာင္ေထာင္ျဖစ္မလာပဲအိပ္ယာထပ္မွာ အရုိးမရွိတဲ့သတၱဝါတေကာင္လို
ေပ်ာ့ေခြလို ့။
"အပိုေတြမလုပ္နဲ ့...တမနက္လံုး
မင္းဂ်ီေနလို ့ငါဘာအလုပ္မွမျပီးေသးဘူး။
ေသာက္ေရအိုးလဲ ေရမျဖည့္ရေသးဘူး။
အိမ္ေရွ ့ မွာလဲ အမွဳိက္ေတြနဲ ့ထင္းေျခာက္ေတြလဲ ျပည့္ေနပီ"
"......"
ဘာေျပာေျပာ ျပန္မေျပာပဲ အတင္း
လက္ေမာင္းကို တတိတိကိုက္ေနတာေႀကာင့္ သက္ပံု မ်က္နွာေလးရွဳံ ့မဲ့လာ၏။
ေကာင္းခ်ီက ေနမေကာင္းရင္ ေခြးစိတ္ေပါက္တက္သလား......
"အ ! နာတယ္ေနာ္ ။ မင္းဘာျဖစ္ေနတာလဲ ဒီမွာ စကားအေကာင္းေျပာေနတာကို။ "
"မသိဘူး ။ သြားေတြယားေနလို ့"
ေျပာပီးထပ္ကိုက္ေနျပန္တာမို ့
နဖူးကို လက္နဲ ့တြန္းထားရျပန္သည္။
"မလုပ္နဲ ့ စကားေျပာရေအာင္"
သက္ပံု ေကာင္းခ်ီပါးနွစ္ဖက္ကို ေျပာင္းကိုင္ကာ ထိန္းထားလိုက္သည္။
နို ့မို ့ဆိုရင္ ဒင္းက ဆက္လုပ္ေနအုန္းမွာ ။ ဒါေတာင္ ...စူးစိုက္ႀကည့္ေနတဲ့ မ်က္လံုးေတြရဲ့ ဦးတည္ရာေနရာက သက္ပံု နွဳတ္ခမ္းေတြျဖစ္လာတာေႀကာင့္ ခပ္ဆတ္ဆတ္ေလး ေျပာလိုက္ရ၏။။
"အရင္ဆံုး မင္းမ်က္လံုးေတြေနရာေျပာင္းစမ္း"
" က်ြန္ေတာ္ဘာမွမလုပ္ပါဘူး ခင္မ်ားရယ္။ ႀကည့္ရုံေလးပဲဟာကို "
"မြ ! မႀကည့္နဲ ့အေကာင္းေျပာမလို ့
ပါဆို "
နဖူးကို အသာေလးဖိကပ္နမ္းပီးေျပာေတာ့မွ သက္ပံုပါးကို သူ ့ပါးေလးနဲ ့
လာထိကာ ျငိမ္သြားသည္။
"ငါတို ့ဘာလုပ္ႀကမလဲ ...ဒီတိုု္င္းလက္ထဲ ကိုင္မထားခ်င္ဘူး "
သက္ပံုတို ့နွစ္ေယာက္ရဲ့ျဖစ္တည္မူ ့
ေႀကာင့္ လူအထင္မေသးေအာင္
ခ်မ္းသာမွျဖစ္မည္။ လက္ထဲမွာရွိတဲ့ ပိုက္ဆံေလာက္နဲ ့ေက်နပ္ေနရတာမ်ိဳး
သက္ပံုမျဖစ္ခ်င္။ ပတ္ဝန္းက်င္ဆိုတာက
ေကာင္းသည့္ျဖစ္ေစ...ဆိုးသည္ျဖစ္ေစ
အားေန စကားလုပ္ေျပာခ်င္ေနႀကတဲ့အမ်ိဳး... ။
သက္ပံု ကိုေတာင္ စေရာက္ခါစက
တိုးတိုးတမ်ိဳး က်ယ္က်ယ္တမ်ိဳး ေျပာတက္ႀကေပမဲ့ ေနာက္က် ေတာ္ရုံမိသားစုကမဟုတ္ပဲ ေဆးေက်ာင္းသားတစ္ေယာက္မွန္းသိမွ သိပ္မေျပာႀကေတာ့တာ။
"သက္ပံု စိတ္ကူးရွိလား လုပ္ခ်င္တာမ်ိဳး"
သက္ပံု ေခါင္းညိမ့္ျပလိုက္တယ္။
ရွိတာေပါ့။ လက္တေလာ ျဖတ္သန္းခဲ့တဲ့
ဘဝအေျခအေနအရ နွစ္ေယာက္စလံုးနဲ ့အသင့္ေတာ္ဆံုးအလုပ္က ေစ်းေရာင္းတာပဲ။
ေစ်းသည္ဆိုတာ နာမည္သိပ္မလွေပမဲ့
လုပ္တက္ကိုင္တက္ရင္ အျမတ္ႀကီးပဲ။
"ရွိတယ္။ မင္းက်ြမ္းက်င္တဲ့အလုပ္။ "
" ကုန္စံုဆိုင္ဖြင့္ခ်င္တာလား"
"မင္းဘယ္လိုသိတာလဲ "
သက္ပံုအံ့ႀသတႀကီးျဖစ္သြားေတာ့...
ေကာင္းခ်ီက ရယ္တယ္။ သူ ့ပါးနဲ ့ထိကပ္ထားတဲ့ သက္ပံုပါးေလးကို နွစ္ခါေလာက္ထိလိုက္ခြာလိုက္လုပ္ပီးမွ။
"ေအာ္...ခင္မ်ားရယ္။ က်ြန္ေတာ္က
ခင္မ်ားေယာက်ာ္းပါဗ်။ မသိစရာလား"
"ငါ့ေဒါသထြက္ပီး စိတ္ဆိုးတဲ့အခါေတြလဲ သိရင္ေကာင္းမယ္။မဟုတ္ရင္ မင္းကိုစိတ္ေကာက္မဲ့အစား က်ားျမွီးသာသြားဆြဲခ်င္ေတာ့တယ္"
" ဟား...ဟား က်ားျမွီးေတာ့ မလုပ္လိုက္ပါနဲ ့ခ်စ္တဲ့ သက္ပံုေလးရယ္။ ကဲ...
ျဖစ္ခ်င္တာေလးေတြသာေျပာပါေတာ့ဗ်ာ။
မဟုတ္ရင္ ခင္မ်ား အသားေတြ အတိတိနဲ ့ကိုက္မိေတာ့မယ္"
သက္ပံု ပုခံုးေတြ က်ံဳ ့သြား၏။
စကားပဲေျပာတာမဟုတ္ ေကာင္းခ်ီ
လက္က သက္ပံု ဗိုက္သားေတြကို ပြတ္သပ္ထိကိုင္လို ့။
သူ ့လက္ထဲမွာ အရုပ္တရုပ္လို မြမြမေက်ခင္ အလုပ္အေႀကာင္းကို ေခါင္းစဥ္
ျပန္ေျပာင္းရတယ္။
"ငါတို ့ေနရာက ေျမာက္ရြာမွာ
လမ္း ေနရာအက်ဆံုးပဲ။ မင္းဟိုတခါေျပာသလို ကုန္စံုဆိုင္ဖြင့္ရင္ဘယ္လိုလဲ။
လုပ္ငန္းေက်ာလဲ ငါတို ့သိေနပီပဲ ။
သတ္သတ္မွတ္မွတ္ အေျခက်ေအာင္
လုပ္ႀကည့္ရေအာင္။ ေစ်းကို ျမိဳ ့ေလးေစ်းေလာက္ထိ ေလ်ာ့ေရာင္းမယ္ကြာ။
မင္း မႏၱေလးမွာေနတုန္းက လက္ကားဆိုင္မွာေနဖူးတာပဲ။ "
"အင္း သက္ပံုေျပာတာမွန္ပါတယ္။
အရင္ဆံုး က်ြန္ေတာ္တို ့ေနရာက်ေအာင္
အိမ္ျပင္ရမယ္ ။ ေတာင္ရြာက ေစ်းဆိုင္ေသးေသးေတြလိုေတာ့ မေရာင္းခ်င္ဘူး။ ျဖစ္နိုင္ရင္ တခါထဲ ခိုင္ခိုင္မာမာ
စခ်င္တယ္။ လက္လီ ဆိုတာထပ္
က်ြန္ေတာ္ဆိုင္က ေရာင္းတဲ့ ေစ်းက
ျမိဳ ့ေလးေစ်းနဲ ့မကြာဘူးပဲ ျဖစ္ေစခ်င္တာ။ တခုေကာင္းတာက တံငါကုန္း
ရြာမွာ ရြာနီးခ်ဳပ္စပ္ေပါတာပဲ။
က်ြန္ေတာ္သာ ေစ်းကို အတက္နိုင္ဆံုး
့ျမိဳ ့ေလးေစ်းနီးပါးေပးနိုင္ရင္ အကုန္ယူ
ေရာင္းႀကမွာ "
"ဒါဆို ငါတို ့ေဒၚေလးတို ့နဲ ့တိုင္ပင္ႀကည့္မလား။ "
"သက္ပံုကို သိပ္ခ်စ္တာပဲ "
ထိကပ္ထားဆဲျဖစ္ေသာ ေကာင္းခ်ီပါးျပင္ကို ျမတ္နိုးစြာ လွည့္နမ္းလိုက္ပီး
အခါထဲ အဖ်ားေပ်ာက္သြားေအာင္
ေျပာေပးလိုက္တယ္။
"ငါက ပိုခ်စ္တယ္" လို ့။
အခ်စ္ကတခါတေလ ေဆးတဲ့။
သက္ပံုတိုက္တဲ့ အခ်စ္ေဆးက အစြမ္းထက္ပီးသားမို ့ညေနဆို ေကာင္းခ်ီအဖ်ားေပ်ာက္သြားမွာေသခ်ာသည္။
---
" ျမသက္ ဒါေလး... အလုပ္သမားေတြ
ဆီသြားပို ့ေပးပါအုန္း...ဟိတ္ ...တစ္ေယာက္ထဲမသြားနဲ ့ဖိုးသားေရာ ေခၚသြား"
မုန္ ့ဗန္းေလးကိုင္ပီးထြက္သြားေတာ့မဲ့
ျမသက္ကို သတိေပးလိုက္ေတာ့
ျပံဳးရယ္ကာေခါင္းညိမ့္ျပသြားသည္။
ေကာင္းခ်ီအမ်ိဳးေတြ ေကာင္းလို ့သာ
ေတာ္ေရာ့သည္။
မဟုတ္ရင္ သက္ပံုတစ္ေယာက္ထဲ
မနိုင္ဝန္ထမ္းေနရမည္သာ။
အိမ္ေဆာက္ဖို ့ ျမိဳ ့ေလးက ငွားထားတဲ့
အဖြဲ ့ကို မနက္စာရယ္ ေန ့ခင္းအစာေျပစားဖို ့မုန္ ့ပဲသေရစာရယ္ကို သက္ပံုတို ့က တာဝန္ယူရသည္။
အဖြဲ ့က ၁၅ေယာက္ခန္ ့မို ့ေနဖို ့အိမ္မွာေတာ့ အဆင္မေျပ။
ဘုန္းႀကီးေက်ာင္းေဘးမွာရွိတဲ့ ဇရပ္မွာေနဖို ့ေက်ာင္းထိုင္ဘုန္းႀကီးကို ေဒၚေလးေအးႀကည္ကသြားေလ်ွာက္ေပးထား၍သာ အဆင္ေျပေတာ့သည္။
အဲ့ဒီမွာပဲသူတို ့ဘာသာ ထမင္းေတြဘာေတြခ်က္ျပဳတ္စားက်သည္မို ့သက္ပံု ခ်က္ေက်ြးစရာမလိုေပ။
ခုဆို သက္ပံုတို ့အသစ္ေဆာက္တဲ့
RCနွစ္ထပ္ခြဲတိုက္ေလးသည္ အေတာ္ေလးရုပ္လံုးေပၚလာျပီျဖစ္၏။
ညဆိုရင္ လင္မယားနွစ္ေယာက္လံုး ကိုယ္ေဆာက္တဲ့ အိမ္ကို တစိမ့္စိမ့္ႀကည့္ကာစိတ္ခ်မ္းသာေနရသည္။
တံငါကုန္းရြာမွာ RCတိုက္ ေဆာက္တဲ့သူက သက္ပံုတို ့ပထမဆံုးမို ့ပိုက္ဆံရွိတဲ့ လူေတာ္ေတာ္မ်ားမ်ား စိတ္ဝင္တစားလာေလ့လာႀကသည္။
"သက္ပံု က်ြန္ေတာ္ျမိဳ ့ေလး ဘိလပ္ေျမအိတ္သြားတိုက္မလို ့အျပန္ဘာမွာအုန္းမလဲ"
ေခ်ြးဒီးဒီးက်ေနတဲ့ ေကာင္းခ်ီ ကို
ပုဆိုးေဟာင္းတစ္ထည္လွမ္းေပးလိုက္ရင္း အရင္သုတ္ေစလိုက္သည္။
ဒီေယာက်ာ္း အိမ္စေဆာက္ကတည္းက
နည္းနည္းမွအျငိမ္မေနသူ။
အျမင္မေတာ္တာရွိရင္ သူကအရင္ဝင္လုပ္လိုက္ရမွ။
ခုလဲ အိမ္ေနာက္ေဖးမွာ ေရဆိပ္ဆင္းတဲ့
အုတ္ေလွကားကုိ သူကိုယ္တိုင္ ပန္းရံသမားေတြနဲ ့ဝင္လုပ္ေနရာမွ ကုန္တိုက္သြားရမွာမို ့ ျပန္လာတာ။
နို ့မိုဆို တေနကုန္ သက္ပံုကိုေတာင္ေမ့လို ့......
တခ်ိန္က ေယာက်ာ္းပီသတယ္ဆိုတာ
ကိုယ္ခႏၶာ အစိတ္အပိုင္းဖြံ ့ျဖိဳးမူ ့ကို
ႀကည့္ပီး ဆံုးျဖတ္ခဲ့တာ မွားသြားမွန္း
ေကာင္းခ်ီနဲ ့ေတြ ့မွ နားလည္ေတာ့တယ္။
ေကာင္းခ်ီမွာ ဟိတ္ဟန္နဲ ့ေခ်ာေမာမူ ့
မရွိသလို ...မက္ေမာစရာ ပညာအရည္အခ်င္းနဲ ့အထင္ႀကီးစရာလဲ မရွိဘူး။
အလုပ္ဒဏ္ေႀကာင့္ သိပ္မလွတဲ့ ေႀကးနီေရာင္ အသားေရရယ္ အလကားရတဲ့
ဆိုင္နာမည္ရုိက္ထားေသာ အက်ၤ ီေတြကေကာင္းခ်ီ သေကၤတပဲ။
ဘာတခုမွ ေက်နပ္စရာမရွိတဲ့ ေကာင္းခ်ီမွာ တည္ႀကည္တဲ့ မ်က္နွာထားရယ္...
လိုတာထပ္ပိုမေျပာတဲ့ စကားေတြရယ္...
အလုပ္နဲ ့လက္နဲ ့ပ်က္ရင္ မေနတက္တာရယ္ေလာက္သာရွိသည္။
ဒါေတြကပဲ ေကာင္းခ်ီကို ေယာက်ာ္းပီသေစသလား ဆိုတာ မသိေပမဲ့
ဘယ္သမီးရွင္ကေန ေနေန ေကာင္းခ်ီ
လို လူမ်ိဳးမွ ငါသေဘာတူမွာဆိုတာေတာ့ တံငါကုန္းမွာေျပာစမွတ္တြင္ေနေလသည္။
"လက္ဖက္နဲ ့အေႀကာ္ဆံ ႀကည့္ဝယ္ခဲ့။
ေအာ္...လက္ဖက္ေျခာက္ ေကာင္းတာေလးလဲဝယ္ခဲ့ "
လိုအပ္တာကို သာမွာလိုက္ေပမဲ့
အျပန္က် သက္ပံုအတြက္ မ်က္စိတည့္တာတခုခုကေတာ့ ပါေနအုန္းမွာပင္။
မဝယ္ပါနဲ ့တားမရတဲ့ ေကာင္းခ်ီေႀကာင့္
အိပ္ခန္းထဲမွာ ဘုစုခရုေတြ ထားစရာေနရာေတာင္ သိပ္မရွိခ်င္ေတာ့။
ခ်စ္တဲ့အိမ္စည္။
(သမီးအေမလဲ ဖတ္တယ္ဆိုတဲ့
မန္ ့ေလးကို သတိရလို ့ေတာင္းပန္ပါရေစ။
လူႀကီးေတြအေနနဲ ့အျမင္မေတာ္ေသာ
အသံုးအနွဳန္းေတြမပါေအာင္အတက္နိုင္ဆံုးႀကိဳစားေရးထားေပမဲ့ ပါခဲ့ရင္လဲ ခြင့္လႊတ္ေပးဖို ့ပါ)
>>>>>>>><<<<<<<<
"သက်ပုံ ... သက်ပုံ!!!!"
နောက်ဆုံးခေါ်သံမှာ အတော်ကြီး
စောင့်ကြီးအောင့်ကြီးနိုင်လှသဖြင့်
သက်ပုံ ဆန်ပြုတ်အိုးကိုမွှေနေတဲ့ ဇွန်းကို
ပစ်ချပီး အခန်းထဲကို အလျှင်စလိုဝင်ရပြန်သည်။
"ဘာတုန်း... ပြောစရာရှိတာမြန်မြန်ပြော။
အားနေ ငါ့ကိုပဲခေါ်မနေနဲ့ ကောင်းချီ...
မင်းကလေးလဲမဟုတ်ပဲ အတော်လောက်ဂျစ်တိုက်"
သက်ပုံ အခန်းပေါက်ဝရှေ့ မှာ ခါးထောက်ပီး အော်လိုက်သည်။
ချည်သားဘောင်းဘီရှည်က အောက်မှာပုံကျရုံမက ... ကောင်းချီရဲ့ ကွမ်းရွက်ဆိုင်က လက်ဆောင်ရ တီရှပ်နဲ့ သက်ပုံအဖြစ်က ကလေးအမေတစ်ယောက်လို
အတော်ကြီး နွမ်းဖက်နေ၏။
ကလေးတွေနေမကောင်းရင် ဂျစ်တိုက်တယ်ဆိုတာကြားဘူးပေမဲ့ ကောင်းချီက
အဆိုပါ ကလေးတွေထပ်ပိုဆိုးတယ်။
အမေပျောက်တဲ့ ကလေးလို မမြင်တာနဲ့ အော်ခေါ်တက်လွန်းလို့ သက်ပုံခမျာ
အပေါ့အပါးတောင် ကောင်းကောင်းမသွားရ။
"ဒီကိုလာ ...ဖက်ထားပေး "
လက်ကမ်းလာတဲ့ကောင်းချီကို သက်ပုံ
မျက်စောင်းရွယ်လိုက်သည်။
ဟိုနေ့ က ခံရသူကကိုယ်ပါ။
ဘယ်နှယ့်ကြောင့် ကောင်းချီက နေမကောင်းဖြစ်သွားရတာလဲ ။
"မင်းနော် ...ငါဒေါသမဖြစ်ချင်ဘူး။
စောစောကလဲ ဖက်ထားအုန်းမယ်ဆို
လို့ ငါဖက်ခံပီးပီလေ။ "
"......"
ဘာစကားမှပြန်မပြောပဲ လက်ကမ်းထားတာ မဖယ်ပဲ မလာရင် ငိုမှာနော်ဆိုတဲ့
အသံတိတ်မျက်ဝန်းတွေကြောင့်
နောက်တခေါက် အရှုံးပေးလိုက်ရတာ
ကိုယ်။
"ကျစ် ! ခနတော့စောင့်အုန်း ဆန်ပြုတ်နှပ်လိုက်အုန်းမယ်"
အသားဆန်ပြုတ်တိုက်မရတဲ့ကောင်းချီကြောင့်ခမ်းခါစ နွားနို့ ဆန်ပြုတ်ကို
မီးအေးအေးနဲ့ နှပ်လိုက်ရသည်။
ပန်းကန်လုံးနဲ့ ဆန်ပြုတ်အနည်းငယ်ခွဲထည့်ရင်းတွေးမိတာက ကောင်းချီကို နောက်နေမကောင်းမဖြစ်အောင်ဂရုစိုက်ရမယ်ဆိုတာပဲ။
မြန်မြန်ပျောက်အောင် ဆန်ပြုတ်တိုက်ပီးရင်ဆေးလဲတိုက်ရမည် ။
မဟုတ်ရင် နေမကောင်းဖြစ်မှပေါ်လာတဲ့
ကောင်းချီရဲ့ ထူးဆန်းတဲ့ အမူအကျင့်တွေကို သက်ပုံ မထိန်းနိုင်တော့။
သက်ပုံဝင်လာတာကိုမြင်တော့ ခွေအိပ်နေရာမှ လက်တဖက် ကမ်းပီးပေးပြန်သည်။
သက်မောချကာ ကုတင်ဘေးက မှန်
တင်ခုံပေါ်ပန်းကန်ကို ပြေးတင်ကာ
ဂျီကျနေတဲ့ ကောင်းချီဘေးကို ကပ်ရသည်။
"မင်းအတော်ဆိုးပါ့လား ကောင်းချီ။
မင်းကြောင့် ငါပါအဖျားကူးရင် ဘယ်နှယ့်လုပ်မလဲ "
ဖက်ထားတဲ့ လက်မှ တဆင့် ပူနွေးနွေး
အငွေ့ အသက်ကို သက်ပုံ ခံစားနေရသည်။ နဖူးတွေကို လက်နဲ့ စမ်းပီး
အပူချိန်တိုင်းကြည့်တော့ အရင်နေ့ ကလောက်တော့မဆိုးတော့။
"မဖျားပါဘူးဗျာ။ ဘာလဲ သက်ပုံက
ကျွန်တော့်ဘေးမှာ မနေချင်လို့ လား"
အရင်က နေမကောင်းဖြစ်ရမှာ ကောင်းချီ စိုးရိမ်ခဲ့ရဘူးသည်။
ဂရုစိုက်မဲ့သူမရှိသော တကောင်ကြွက်မို့
နေမကောင်းဖြစ်လဲ ကိုယ်ကိုကိုယ်သာ
ပြန်ပြုစုနေရတာမို့ အတက်နို်င်ဆုံး
မဖြစ်အောင် အနေအထိုင်ဆင်ခြင်ခဲ့ရ၏
ခုတော့ အရင်လို စိတ်ပူစရာမလိုတော့။
ဘေးမှာစိတ်ရှည်လက်ရှည်ပြုစုပေးမဲ့
သက်ပုံလေးရှိသည်။
မနက်က ကျန်းမာရေးမှူးလာပီး
ဆေးထိုးပေးသွားလို့ သာ အသံထွက်နိုင်တာ ။ဒါတောင်
ထူထူထောင်ထောင်ဖြစ်မလာပဲအိပ်ယာထပ်မှာ အရိုးမရှိတဲ့သတ္တဝါတကောင်လို
ပျော့ခွေလို့ ။
"အပိုတွေမလုပ်နဲ့ ...တမနက်လုံး
မင်းဂျီနေလို့ ငါဘာအလုပ်မှမပြီးသေးဘူး။
သောက်ရေအိုးလဲ ရေမဖြည့်ရသေးဘူး။
အိမ်ရှေ့ မှာလဲ အမှိုက်တွေနဲ့ ထင်းခြောက်တွေလဲ ပြည့်နေပီ"
"......"
ဘာပြောပြော ပြန်မပြောပဲ အတင်း
လက်မောင်းကို တတိတိကိုက်နေတာကြောင့် သက်ပုံ မျက်နှာလေးရှုံ့ မဲ့လာ၏။
ကောင်းချီက နေမကောင်းရင် ခွေးစိတ်ပေါက်တက်သလား......
"အ ! နာတယ်နော် ။ မင်းဘာဖြစ်နေတာလဲ ဒီမှာ စကားအကောင်းပြောနေတာကို။ "
"မသိဘူး ။ သွားတွေယားနေလို့ "
ပြောပီးထပ်ကိုက်နေပြန်တာမို့
နဖူးကို လက်နဲ့ တွန်းထားရပြန်သည်။
"မလုပ်နဲ့ စကားပြောရအောင်"
သက်ပုံ ကောင်းချီပါးနှစ်ဖက်ကို ပြောင်းကိုင်ကာ ထိန်းထားလိုက်သည်။
နို့ မို့ ဆိုရင် ဒင်းက ဆက်လုပ်နေအုန်းမှာ ။ ဒါတောင် ...စူးစိုက်ကြည့်နေတဲ့ မျက်လုံးတွေရဲ့ ဦးတည်ရာနေရာက သက်ပုံ နှုတ်ခမ်းတွေဖြစ်လာတာကြောင့် ခပ်ဆတ်ဆတ်လေး ပြောလိုက်ရ၏။။
"အရင်ဆုံး မင်းမျက်လုံးတွေနေရာပြောင်းစမ်း"
" ကျွန်တော်ဘာမှမလုပ်ပါဘူး ခင်များရယ်။ ကြည့်ရုံလေးပဲဟာကို "
"မွ ! မကြည့်နဲ့ အကောင်းပြောမလို့
ပါဆို "
နဖူးကို အသာလေးဖိကပ်နမ်းပီးပြောတော့မှ သက်ပုံပါးကို သူ့ ပါးလေးနဲ့
လာထိကာ ငြိမ်သွားသည်။
"ငါတို့ ဘာလုပ်ကြမလဲ ...ဒီတို်င်းလက်ထဲ ကိုင်မထားချင်ဘူး "
သက်ပုံတို့ နှစ်ယောက်ရဲ့ဖြစ်တည်မူ့
ကြောင့် လူအထင်မသေးအောင်
ချမ်းသာမှဖြစ်မည်။ လက်ထဲမှာရှိတဲ့ ပိုက်ဆံလောက်နဲ့ ကျေနပ်နေရတာမျိုး
သက်ပုံမဖြစ်ချင်။ ပတ်ဝန်းကျင်ဆိုတာက
ကောင်းသည့်ဖြစ်စေ...ဆိုးသည်ဖြစ်စေ
အားနေ စကားလုပ်ပြောချင်နေကြတဲ့အမျိုး... ။
သက်ပုံ ကိုတောင် စရောက်ခါစက
တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ပြောတက်ကြပေမဲ့ နောက်ကျ တော်ရုံမိသားစုကမဟုတ်ပဲ ဆေးကျောင်းသားတစ်ယောက်မှန်းသိမှ သိပ်မပြောကြတော့တာ။
"သက်ပုံ စိတ်ကူးရှိလား လုပ်ချင်တာမျိုး"
သက်ပုံ ခေါင်းညိမ့်ပြလိုက်တယ်။
ရှိတာပေါ့။ လက်တလော ဖြတ်သန်းခဲ့တဲ့
ဘဝအခြေအနေအရ နှစ်ယောက်စလုံးနဲ့ အသင့်တော်ဆုံးအလုပ်က ဈေးရောင်းတာပဲ။
ဈေးသည်ဆိုတာ နာမည်သိပ်မလှပေမဲ့
လုပ်တက်ကိုင်တက်ရင် အမြတ်ကြီးပဲ။
"ရှိတယ်။ မင်းကျွမ်းကျင်တဲ့အလုပ်။ "
" ကုန်စုံဆိုင်ဖွင့်ချင်တာလား"
"မင်းဘယ်လိုသိတာလဲ "
သက်ပုံအံ့သြတကြီးဖြစ်သွားတော့...
ကောင်းချီက ရယ်တယ်။ သူ့ ပါးနဲ့ ထိကပ်ထားတဲ့ သက်ပုံပါးလေးကို နှစ်ခါလောက်ထိလိုက်ခွာလိုက်လုပ်ပီးမှ။
"အော်...ခင်များရယ်။ ကျွန်တော်က
ခင်များယောကျာ်းပါဗျ။ မသိစရာလား"
"ငါ့ဒေါသထွက်ပီး စိတ်ဆိုးတဲ့အခါတွေလဲ သိရင်ကောင်းမယ်။မဟုတ်ရင် မင်းကိုစိတ်ကောက်မဲ့အစား ကျားမြှီးသာသွားဆွဲချင်တော့တယ်"
" ဟား...ဟား ကျားမြှီးတော့ မလုပ်လိုက်ပါနဲ့ ချစ်တဲ့ သက်ပုံလေးရယ်။ ကဲ...
ဖြစ်ချင်တာလေးတွေသာပြောပါတော့ဗျာ။
မဟုတ်ရင် ခင်များ အသားတွေ အတိတိနဲ့ ကိုက်မိတော့မယ်"
သက်ပုံ ပုခုံးတွေ ကျုံ့ သွား၏။
စကားပဲပြောတာမဟုတ် ကောင်းချီ
လက်က သက်ပုံ ဗိုက်သားတွေကို ပွတ်သပ်ထိကိုင်လို့ ။
သူ့ လက်ထဲမှာ အရုပ်တရုပ်လို မွမွမကျေခင် အလုပ်အကြောင်းကို ခေါင်းစဉ်
ပြန်ပြောင်းရတယ်။
"ငါတို့ နေရာက မြောက်ရွာမှာ
လမ်း နေရာအကျဆုံးပဲ။ မင်းဟိုတခါပြောသလို ကုန်စုံဆိုင်ဖွင့်ရင်ဘယ်လိုလဲ။
လုပ်ငန်းကျောလဲ ငါတို့ သိနေပီပဲ ။
သတ်သတ်မှတ်မှတ် အခြေကျအောင်
လုပ်ကြည့်ရအောင်။ ဈေးကို မြို့ လေးဈေးလောက်ထိ လျော့ရောင်းမယ်ကွာ။
မင်း မန္တလေးမှာနေတုန်းက လက်ကားဆိုင်မှာနေဖူးတာပဲ။ "
"အင်း သက်ပုံပြောတာမှန်ပါတယ်။
အရင်ဆုံး ကျွန်တော်တို့ နေရာကျအောင်
အိမ်ပြင်ရမယ် ။ တောင်ရွာက ဈေးဆိုင်သေးသေးတွေလိုတော့ မရောင်းချင်ဘူး။ ဖြစ်နိုင်ရင် တခါထဲ ခိုင်ခိုင်မာမာ
စချင်တယ်။ လက်လီ ဆိုတာထပ်
ကျွန်တော်ဆိုင်က ရောင်းတဲ့ ဈေးက
မြို့ လေးဈေးနဲ့ မကွာဘူးပဲ ဖြစ်စေချင်တာ။ တခုကောင်းတာက တံငါကုန်း
ရွာမှာ ရွာနီးချုပ်စပ်ပေါတာပဲ။
ကျွန်တော်သာ ဈေးကို အတက်နိုင်ဆုံး
့မြို့ လေးဈေးနီးပါးပေးနိုင်ရင် အကုန်ယူ
ရောင်းကြမှာ "
"ဒါဆို ငါတို့ ဒေါ်လေးတို့ နဲ့ တိုင်ပင်ကြည့်မလား။ "
"သက်ပုံကို သိပ်ချစ်တာပဲ "
ထိကပ်ထားဆဲဖြစ်သော ကောင်းချီပါးပြင်ကို မြတ်နိုးစွာ လှည့်နမ်းလိုက်ပီး
အခါထဲ အဖျားပျောက်သွားအောင်
ပြောပေးလိုက်တယ်။
"ငါက ပိုချစ်တယ်" လို့ ။
အချစ်ကတခါတလေ ဆေးတဲ့။
သက်ပုံတိုက်တဲ့ အချစ်ဆေးက အစွမ်းထက်ပီးသားမို့ ညနေဆို ကောင်းချီအဖျားပျောက်သွားမှာသေချာသည်။
---
" မြသက် ဒါလေး... အလုပ်သမားတွေ
ဆီသွားပို့ ပေးပါအုန်း...ဟိတ် ...တစ်ယောက်ထဲမသွားနဲ့ ဖိုးသားရော ခေါ်သွား"
မုန့် ဗန်းလေးကိုင်ပီးထွက်သွားတော့မဲ့
မြသက်ကို သတိပေးလိုက်တော့
ပြုံးရယ်ကာခေါင်းညိမ့်ပြသွားသည်။
ကောင်းချီအမျိုးတွေ ကောင်းလို့ သာ
တော်ရော့သည်။
မဟုတ်ရင် သက်ပုံတစ်ယောက်ထဲ
မနိုင်ဝန်ထမ်းနေရမည်သာ။
အိမ်ဆောက်ဖို့ မြို့ လေးက ငှားထားတဲ့
အဖွဲ့ ကို မနက်စာရယ် နေ့ ခင်းအစာပြေစားဖို့ မုန့် ပဲသရေစာရယ်ကို သက်ပုံတို့ က တာဝန်ယူရသည်။
အဖွဲ့ က ၁၅ယောက်ခန့် မို့ နေဖို့ အိမ်မှာတော့ အဆင်မပြေ။
ဘုန်းကြီးကျောင်းဘေးမှာရှိတဲ့ ဇရပ်မှာနေဖို့ ကျောင်းထိုင်ဘုန်းကြီးကို ဒေါ်လေးအေးကြည်ကသွားလျှောက်ပေးထား၍သာ အဆင်ပြေတော့သည်။
အဲ့ဒီမှာပဲသူတို့ ဘာသာ ထမင်းတွေဘာတွေချက်ပြုတ်စားကျသည်မို့ သက်ပုံ ချက်ကျွေးစရာမလိုပေ။
ခုဆို သက်ပုံတို့ အသစ်ဆောက်တဲ့
RCနှစ်ထပ်ခွဲတိုက်လေးသည် အတော်လေးရုပ်လုံးပေါ်လာပြီဖြစ်၏။
ညဆိုရင် လင်မယားနှစ်ယောက်လုံး ကိုယ်ဆောက်တဲ့ အိမ်ကို တစိမ့်စိမ့်ကြည့်ကာစိတ်ချမ်းသာနေရသည်။
တံငါကုန်းရွာမှာ RCတိုက် ဆောက်တဲ့သူက သက်ပုံတို့ ပထမဆုံးမို့ ပိုက်ဆံရှိတဲ့ လူတော်တော်များများ စိတ်ဝင်တစားလာလေ့လာကြသည်။
"သက်ပုံ ကျွန်တော်မြို့ လေး ဘိလပ်မြေအိတ်သွားတိုက်မလို့ အပြန်ဘာမှာအုန်းမလဲ"
ချွေးဒီးဒီးကျနေတဲ့ ကောင်းချီ ကို
ပုဆိုးဟောင်းတစ်ထည်လှမ်းပေးလိုက်ရင်း အရင်သုတ်စေလိုက်သည်။
ဒီယောကျာ်း အိမ်စဆောက်ကတည်းက
နည်းနည်းမှအငြိမ်မနေသူ။
အမြင်မတော်တာရှိရင် သူကအရင်ဝင်လုပ်လိုက်ရမှ။
ခုလဲ အိမ်နောက်ဖေးမှာ ရေဆိပ်ဆင်းတဲ့
အုတ်လှေကားကို သူကိုယ်တိုင် ပန်းရံသမားတွေနဲ့ ဝင်လုပ်နေရာမှ ကုန်တိုက်သွားရမှာမို့ ပြန်လာတာ။
နို့ မိုဆို တနေကုန် သက်ပုံကိုတောင်မေ့လို့ ......
တချိန်က ယောကျာ်းပီသတယ်ဆိုတာ
ကိုယ်ခန္ဓာ အစိတ်အပိုင်းဖွံ့ ဖြိုးမူ့ ကို
ကြည့်ပီး ဆုံးဖြတ်ခဲ့တာ မှားသွားမှန်း
ကောင်းချီနဲ့ တွေ့ မှ နားလည်တော့တယ်။
ကောင်းချီမှာ ဟိတ်ဟန်နဲ့ ချောမောမူ့
မရှိသလို ...မက်မောစရာ ပညာအရည်အချင်းနဲ့ အထင်ကြီးစရာလဲ မရှိဘူး။
အလုပ်ဒဏ်ကြောင့် သိပ်မလှတဲ့ ကြေးနီရောင် အသားရေရယ် အလကားရတဲ့
ဆိုင်နာမည်ရိုက်ထားသော အင်္ကျီတွေကကောင်းချီ သင်္ကေတပဲ။
ဘာတခုမှ ကျေနပ်စရာမရှိတဲ့ ကောင်းချီမှာ တည်ကြည်တဲ့ မျက်နှာထားရယ်...
လိုတာထပ်ပိုမပြောတဲ့ စကားတွေရယ်...
အလုပ်နဲ့ လက်နဲ့ ပျက်ရင် မနေတက်တာရယ်လောက်သာရှိသည်။
ဒါတွေကပဲ ကောင်းချီကို ယောကျာ်းပီသစေသလား ဆိုတာ မသိပေမဲ့
ဘယ်သမီးရှင်ကနေ နေနေ ကောင်းချီ
လို လူမျိုးမှ ငါသဘောတူမှာဆိုတာတော့ တံငါကုန်းမှာပြောစမှတ်တွင်နေလေသည်။
"လက်ဖက်နဲ့ အကြော်ဆံ ကြည့်ဝယ်ခဲ့။
အော်...လက်ဖက်ခြောက် ကောင်းတာလေးလဲဝယ်ခဲ့ "
လိုအပ်တာကို သာမှာလိုက်ပေမဲ့
အပြန်ကျ သက်ပုံအတွက် မျက်စိတည့်တာတခုခုကတော့ ပါနေအုန်းမှာပင်။
မဝယ်ပါနဲ့ တားမရတဲ့ ကောင်းချီကြောင့်
အိပ်ခန်းထဲမှာ ဘုစုခရုတွေ ထားစရာနေရာတောင် သိပ်မရှိချင်တော့။
ချစ်တဲ့အိမ်စည်။
(သမီးအမေလဲ ဖတ်တယ်ဆိုတဲ့
မန့် လေးကို သတိရလို့ တောင်းပန်ပါရစေ။
လူကြီးတွေအနေနဲ့ အမြင်မတော်သော
အသုံးအနှုန်းတွေမပါအောင်အတက်နိုင်ဆုံးကြိုစားရေးထားပေမဲ့ ပါခဲ့ရင်လဲ ခွင့်လွှတ်ပေးဖို့ ပါ)
Bạn đang đọc truyện trên: ZingTruyen.Xyz