ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

33

eainsi23


မိနစ္အေတာ္ႀကာသည္ထိ အိမ္ထဲကို သက္ပံု မဝင္ျဖစ္ေသးေပ။
လမ္းမ ထပ္မွာ ညိုးေလ်ာ္ေျခာက္ေသြ ့ေနတဲ့ ခေရေတြေႀကာင့္ ေကာင္းခ်ီ
ေျပာင္းလဲသြားျပီလားဆိုတဲ့အေတြးေတြက
နွိပ္စက္ခ်င္တိုင္းနွိပ္စက္ေနေလသည္။

အေတာ္ႀကာမွ ပုခံုးေပၚက ေလ်ွာက်ေနတဲ့ ေက်ာပိုးအိတ္ေလးကိုဆြဲျဖဳတ္ပီး လက္ထဲကိုင္ကာပန္းေရာင္ျခံတံခါးကိုဖြင့္ပီး အိမ္ထဲ ဝင္လိုက္၏။

တစ္လရွိျပီ။ ေကာင္းခ်ီ ကိုမေတြ ့ရတာ။

လြမ္းေနမိသလို စိတ္လဲနာသည္။
သက္ပံုသာ ျပန္မလာခဲ့ရင္ ေကာင္းခ်ီက
ထားတဲ့ အတိုင္းေနခဲ့မလား။
ေနခဲ့ေလာက္မွာပါ။
ေကာင္းခ်ီက အရမ္းေသြးေအးတဲ့
ေယာက်ာ္း။
တစ္လေလာက္ကို အဆက္အသြယ္ မျပဳပဲေနနိုင္တဲ့ေယာက်ာ္း။

ေနာက္ဆံုးေတာ့ မေတြ ့ပဲမေနနိုင္သူက
သက္ပံုျဖစ္ေနခဲ့ပီး ေကာင္းခ်ီကေတာ့
ခန္ ့မွန္းလို ့မရနိုင္တဲ့ အေနထားမွာသာ။
ေကာင္းခ်ီရဲ့ အေတြးေတြကို နားလည္ခ်င္သည္။ တဖက္စြန္းေရာက္ေနတက္တဲ့
စိတ္ကူးမ်ိဳးေတြကို သက္ပံု မဖယ္ရွားေပးတက္ေတာ့ပါ။
ေကာင္းခ်ီနဲ ့ပတ္သတ္လာရင္
တေရြးေစ့ ေတာင္ မက်န္ အကုန္သိခ်င္တာ သက္ပံုရဲ့ေလာဘ ျဖစ္သည္။
  အျမဲလိုခ်င္တဲ့ အမွန္တရားက ေကာင္းခ်ီရဲ့ ပြင့္ထြက္လာမဲ့စိတ္ခံစားခ်က္အစံုျဖစ္ေပမဲ့ ေကာင္းခ်ီက ခန္မွန္းလို ့မရေအာင္သိုဝွက္လြန္း၏။

သန္ ့ရွင္းသပ္ရပ္ေနတက္တဲ့ ျခံဝန္းကထင္းေျခာက္ေတြနဲ ့ရွဳပ္ပြေနသလို
အိမ္ထဲမွာလဲ ညစ္ေထးေထးနဲ ့ဖုန္တခ်ိဳ ့ကကပ္လို ့။
အိမ္မရွင္းနိုင္ရေအာင္ ေကာင္းခ်ီ
အလုပ္မ်ားေနခဲ့သလား။

လြမ္းဆြတ္မူ ့က အိမ္ကိုေျခခ်မိတာေတာင္ေပ်ာက္ပ်က္မသြားေပ။
ေက်ာပိုးအိတ္ေလးကို စားပြဲေပၚတင္ကာ
သက္ပံု အခန္းတံခါးကို ဖြင့္လိုက္သည္။

အျပင္မွာ ဖုန္ေတြပြေနေပမဲ့ ပန္းေရာင္လြင္ျပင္ငယ္ကေတာ့ သန္ ့ရွင္းေတာက္ေျပာင္ေနဆဲပါပဲ။
နွစ္ျခိဳက္စြာ အိပ္ေပ်ာ္ေနတဲ့ ေယာက်ာ္းတစ္ေယာက္က သက္ပံုခ်ဳပ္ေပးထားတဲ့
စပန္ ့အညိဳေရာင္ အက်ၤ ီေလးဝတ္ထားလ်ွက္ၿငိမ္သက္စြာလွဲေလ်ာင္းေနသည္။

"ပိန္သြားလိုက္တာ "

လြတ္ေနတဲ့ ကုတင္တျခမ္းမွာ သက္ပံု
ဝင္လွဲအိပ္လိုက္သည္။
မက္ေမာခဲ့ရတဲ့ မ်က္နွာေလးသည္
ေသြးေရာင္ေဖ်ာ့ကာ ျပံဳးရယ္လိုက္တိုင္း
သေဘာက်ခဲ့ရတဲ့ နီညိဳေရာင္ နွုတ္ခမ္းေတြက ေရဓာတ္မရွိစြာ ေျခာက္ခမ္းေန၏။
ႀကည့္ေနမိတာေတာင္ အလြမ္းကမေျပခ်င္။
ပါးျပင္ေပၚမွာ ျဖတ္သန္းသြားတဲ့
မ်က္ရည္ေတြက  ရင္ဘတ္ထဲက နာက်င္
မူ ့ေႀကာင့္လို ့ထင္သည္။
ေမေမ ေျမခ်တဲ့အထိ သက္ပံု
ေမေမနားမွာ ေနေပးခဲ့ျပီး ခ်က္ျခင္း
ေကာင္းခ်ီရွိရာကိုသာ ကားငွားျပန္ခဲ့မိတာ
ဘယ္လိုအင္းအားေတြေႀကာင့္လဲ။

ခုေတာ့ မိသားစုဆိုတာ သက္ပံုမွာ
တကယ္မရွိေတာ့ပါဘူး။
ေသြးသားရင္းေတြကေတာင္ မလိုခ်င္ခဲ့မွ
ေတာ့ ေကာင္းခ်ီကေရာ ……

တေငြ ့ေငြ ့ေလာင္းက်ြမ္းေနတဲ့
အပူမီးေႀကာင့္ ရင္ထဲမွာ ဗေလာင္ဆူ
ေနပီ။
ဘယ္ေလာက္ပဲ မေက်နပ္ပါဘူးဆိုဆို
ေနာက္ဆံုးေတာ့ သက္ပံုရဲ့ေျခခ်ရာရင္ခြင္က ေကာင္းခ်ီပဲျဖစ္သည္။
မက္ခဲ့သမ်ွေမ်ွာ္လင့္ခ်က္အိမ္မက္ေတြနဲ ့အနီးစပ္ဆံုးပန္းတိုင္ကလဲ ေကာင္းခ်ီကို
သာ ရည္ရြယ္သည္မို ့ေသဆံုးသည့္တိုင္
ေကာင္းခ်ီနားမွေနခ်င္သည္။

တေရြ ့ေရြ ့တိုးေနတဲ့ အိပ္ခ်င္စိတ္ေတြက
အိပ္မေပ်ာ္ခဲ့တဲ့ တစ္လတာအတြက္
ဒါငါ့အိမ္…ဒီေယာက်ာ္းကငါ့အပိုင္ဆိုတဲ့
စိတ္နဲ ့ပိုလံုျခံဳခဲ့လို ့မ်ားလား။

ငါပင္ပန္းေနပီေကာင္းခ်ီ…ပင္ပန္းေနျပီ။

_______

စူးခနဲ ထိုးေအာင့္လာတဲ့
ဝမ္းဗိုက္ေႀကာင့္ အိပ္ေပ်ာ္ေနရာမွ
ေကာင္းခ်ီ မ်က္ခံုးေတြ က်ံဳ ့သြားမိသည္။

က်ြတ္… နာလိုက္တာ……

မစားမေသာက္တာႀကာေလပီမို ့ဒီေလာက္ကေတာ့ခံစားရမွာေပါ့ေလ။
ကိုယ့္ကိုကိုယ္ဆံုးမပီး စိတ္ေလ်ာ့လိုက္၏။
မဟုတ္ရင္ ျပဳစုမဲ့သက္ပံုလည္းရွိတာမဟုတ္။
နာလဲမထူး…မနာလဲ မထူးတာမို ့
တအားႀကီးေတာ့ ခံစားမေနခ်င္ေတာ့။
ထိုးေအာင့္ေနတဲ့ ဗိုက္ကို အသာဖိပီး
သက္သာလို ့သက္သာျငားေဘးကိုေစာင္းအိပ္လိုက္တယ္။

"လြမ္းလိုက္တာ သက္ပံုရယ္။
အျမဲျမင္ေနရတာေတာင္ ခင္ဗ်ားလို ့
ထင္ေနတုန္းပဲ။ "

ခပ္စိပ္စိပ္မ်က္ေတာင္ေတြကို ထိကိုင္
ဖို ့လက္လွမ္းမိပီးမွ ေကာင္းခ်ီျပန္ရုတ္
သိမ္းလိုက္တယ္။
သူ ့လက္နဲ ့ထိမွေပ်ာက္ကြယ္သြားရင္ဘယ္လိုလုပ္မလဲ။

"ေငးေနရရုံနဲ ့မတင္းတိမ္လိုက္တာ"

ေစာင္းအိပ္ေနလို ့ခပ္စူစူေလးျဖစ္ေနတဲ့
နွုတ္ခမ္းလံုးေလးကိုေငးကာနုနုညံ့ညံ့ေလး
ေကာင္းခ်ီေရရြတ္လိုက္သည္။
ထို ့ေနာက္ ကိုယ္စကားကိုကိုယ္သေဘာက်စြာ ေကာင္းခ်ီရယ္ေမာလိုက္တယ္။

"ေတြ ့လားခင္ဗ်ားပံုရိပ္ေလးျမင္ေနရတာ
ေတာင္ က်ြန္ေတာ္ဒီေလာက္ေပ်ာ္ေနရတာ"

စူးေအာင့္ေနတဲ့ဗိုက္က သက္ပံုမ်က္နွာေလးျမင္ကာရွိေသး ေဝသနာက တဝက္ေပ်ာက္သည္။
သက္ပံုက ထူးဆန္းေလစြ။

တေယာက္ေယာက္ရဲ့စူးစိုက္ႀကည့္ေနသလိုခံစားခ်က္ေႀကာင့္ သက္ပံုအိပ္ေနရာမွ မ်က္လံုးဖြင့္ႀကည့္မိသည္။
စိတ္နာတက္ေအာင္ သင္ေပးသူသည္
ျပံဳးလ်က္ေဘးမွာ ေမးေထာက္ႀကည့္ေနတာမို ့ေစာင္းေနတဲ့ အေနထားမွပက္လက္ေျပာင္းလိုက္သည္။

မ်က္လံုးေတြ ျပန္မွိတ္လိုက္ေသာ
အိပ္မရေတာ့။
အာရုံမွာစြဲေနတာက ျပံဳးေနတဲ့
ေကာင္းခ်ီရဲ့ ရုပ္ကေလး။

"က်စ္! အဓိပၸါယ္ကိုမရွိဘူး"

အိပ္ယာထပ္ကေန ဆင္းကာ
သက္ပံုအခန္းအျပင္ထြက္သြားလိုက္သည္။
ဘယ္လိုပဲေျပာေျပာ ေကာင္းခ်ီ ဒီတေခါက္လုပ္တဲ့ အခ်ိဳးကိုလုံးဝမႀကိဳက္။
အေလ်ာ့ေပးဖို ့လည္းစိတ္မကူး။
ဘယ္ေလာက္စိတ္အားငယ္ငယ္
မေက်နပ္တာကိုေတာ့ ေျပာကိုေျပာရမွာပဲ။

"သက္ပံုက ဒီတခါ စကားပါေျပာတယ္"

အခန္းျပင္ကိုေဘာက္ဆတ္ေဘာက္ဆတ္ထြက္သြားတဲ့ ပံုရိပ္ေလးေႀကာင့္
ေကာင္းခ်ီဇေဝဇဝါျဖစ္ေန၏။
မေသခ်ာတဲ့ စိတ္နဲ ့သက္ပံုေနာက္ကိုေျပးလိုက္မိျပီးလ်ွင္……

"သက္ပံု…သက္ပံုျပန္လာျပီလား"

မယံုရဲစိတ္နဲ ့ေကာင္းခ်ီမ်က္ရည္ေတြပါဝိုင္းလာရသည္။
ခ်စ္တဲ့သက္ပံုသာ တကယ္ျပန္ေရာက္လာရင္ဆိုတဲ့ အေတြးေတြက သူ ့
ေျခလက္ေတြကိုပါ တုန္ရီေစသည္။

ေမ်ွာ္လင့္တႀကီး ေကာင္းခ်ီေမးေနေပမဲ့
သက္ပံုကျပန္မေျဖလာေပ။
ဖိုးသားပို ့ထားတဲ့ ထမင္းေတြကို
လွန္ေလွာစားကာ ေကာင္းခ်ီကို အေရးမလုပ္။

"သက္ပံု "

သက္ပံုေဘးနားမွာျငိမ္ျငိမ္ေလးသြားထိုင္
ပီး တိုးတိုးေလးေခၚႀကည့္လိုက္သည္။
ျပန္လွည့္ႀကည့္လို ့ႀကည့္ျငားေပါ့။
ဒါေပမဲ့ သက္ပံုက နည္းနည္းေလးေတာင္အေရးလုပ္မလာပါ။
ဝမ္းနည္းလာေပမဲ့ သက္ပံုစားျပီးတဲ့အထိ ေကာင္းခ်ီ ထပ္စကားမေျပာရဲခဲ့ပါ။
သက္ပံု စိတ္ညစ္ပီးျပန္ထြက္သြားရင္
ဒီတခါ ေကာင္းခ်ီေသသြားလိမ့္မယ္။

တစိမ့္စိမ့္ႀကည့္ေနရရုံနဲ ့ေက်နပ္ရသည္။
ဖက္ထားခ်င္သည္။ တဖြဖြနမ္းရွဳံ ့ခ်င္သည္။ သို ့ေပမဲ့ ဒီတိုင္းေလးျမင္ေနရရုံနဲ ့
တင္ အဆင္ေျပေနပါျပီ။

မီးဖိုခန္းထဲက ေဆးေႀကာပီးထြက္သြားေတာ့လဲ ေကာင္းခ်ီတေကာက္ေကာက္လိုက္ေနမိသည္။
တစကၠန္ ့ေတာင္ မ်က္စိေအာက္ကအေပ်ာက္မခံနိုင္ေတာ့ပါ။

"မင္း ငါ့ေနာက္ကေနမလိုက္နဲ ့"

ဘာစကားမွမေျပာပဲ ေနာက္ကေနလိုက္ကပ္ေနတာေႀကာင့္ သက္ပံုစိတ္မရွည္ျဖစ္လာ၏။
အနည္းငယ္ အသံမာသြားလို ့ထင္၏
ေကာင္းခ်ီမ်က္နွာေလးသည္ ညွဳိးရိပ္သန္းကာ မ်က္ရည္ႀကည္မ်ားရစ္သိုင္းလာ၏။
ငိုေတာ့မဲ့ ကေလးတစ္ေယာက္ရဲ့ အမူအယာမ်ိဳးေႀကာင့္ သက္ပံု မ်က္နွာလြဲပစ္လိုက္သည္။

"သက္ပံု … "

တိုးတိုးဖြဖြအသံက ေႀကာက္ရြံ ့စြာ ထြက္လာျပန္၏။
ခုခ်ိန္မွာ သက္ပံုျဖစ္ခ်င္တာ ေခ်ာ့ေစခ်င္တာ။ ေျဖရွင္းေစခ်င္တာ။
ေႀကာက္ရြံ ့ေနရေအာင္ သက္ပံုက
ဘာေတြလုပ္ေနလို ့လဲ။
ေဒါသကထြက္လာပီမို ့မာဆတ္ဆတ္ေအာ္ပစ္လိုက္သည္။

"ဘာတုန္း …ေျပာ"

"လိုက္ခ်င္တယ္ … ဘယ္သြားသြားလိုက္ခ်င္တယ္…"

"က်စ္ "

"လိုက္ပါရေစ ခင္ဗ်ားရယ္ ။
က်ြန္ေတာ္ကို နွင္မထုတ္ပါနဲ ့ေနာ္"

"……"

မ်က္ရည္စေတြရစ္သိုင္းေနတဲ့ မ်က္ဝန္းေတြကိုမခံနိုင္စြာ သက္ပံု အခန္းထဲသို ့သာျပန္ဝင္လာခဲ့လိုက္သည္။
ေနာက္ဆံုးေတာ့ သက္ပံုကသာ လူမိုက္ႀကီးျဖစ္က်န္ခဲ့တာပါပဲ။
ေနာက္ေနတရွပ္ရွပ္ပါလာတဲ့ ေျခသံေတြက ဥေပကၡာျပဳလို ့လဲမရ။
ေက်ာခိုင္းထားေပမဲ့ စူးစိုက္ႀကည့္ေနတယ္ဆိုတာခံစားေနရတုန္း။

ေဝးေနတုန္းကက် ျပစ္ထားတယ္။
နီးေနမွ အပိုေတြလုပ္ျပတယ္။
ေနာက္ဆံုးေတာ့ ကိုယ္ကပဲေစာက္ပိုလုပ္ေနမိသလိုပဲ။

"သက္ပံု "

ေခၚသံအဆံုးမွာ ေႏြးေထြးတဲ့ ရင္ခြင္ထဲမွာ ေထြးခနဲ ။
သိုင္းဖက္လာတဲ့ လက္ေတြကို အလိုမက်စြာ ထုရုိက္ရင္း

"ဖယ္စမ္း…ေကာင္းစင့္သန္ ့ခ်ီ။
မင္းလုပ္သမ်ွ  မင္းျခယ္လွယ္သမ်ွ
ခံေနရေအာင္ ငါကအရုပ္မဟုတ္ဘူး"

"မဟုတ္ပါဘူးခင္ဗ်ားရယ္…မဟုတ္ပါဘူး။
ခင္ဗ်ားအေပၚမွာ ျမတ္နိုးစိတ္ကလြဲျပီး
က်ြန္ေတာ္ ဘာစိတ္မွမထားခဲ့ပါဘူး။ျငိမ္ျငိမ္ေနပါ ခင္ဗ်ားရယ္…ခုလိုေလးမွမဖက္ထားရရင္က်ြန္ေတာ္ေသသြားလိမ့္မယ္သက္ပံု ။"

ငိုသံေတြေရာေထြးေနတဲ့ ေကာင္းခ်ီ
ေႀကာင့္ ရုန္းကန္ေနရာမွ သက္ပံုရပ္ေပးလိုက္သည္။
တိုးဖက္လာတဲ့ လက္ေတြေႀကာင့္
ေကာင္းခ်ီ ရင္ဘတ္နဲ ့သက္ပံုေက်ာျပင္နဲ ့
ႀကားမွာေနရာလြတ္တခုေတာင္ရွိမေနေတာ့။
ပုခံုးေပၚမွာ တိုးေဝွ ့လာတဲ့
မ်က္နွာေႀကာင့္ အသက္ရွဳလိုက္တိုင္း
သက္ပံု လည္ပင္းမွာေႏြးခနဲ ။

"က်ြန္ေတာ္အရမ္းလြမ္းေနခဲ့တာ"

"မေျပာနဲ ့။ မယံုဘူး"

" က်ြန္ေတာ္ မလိမ္တက္ဘူးဆိုတာ ခင္ဗ်ားသိပါတယ္။ ဘာလို ့လဲ။ ဘာလို ့
တစ္လႀကီး က်ြန္ေတာ္ကိုပစ္ထားတာလဲ"

ေအာ္…ေနာက္ဆံုးေတာ့ အျပစ္က သက္ပံုလုပ္တာပါ့။

"မင္း…ငါ့ကိုတခါဆက္သြယ္လား။
ေတြ ့မွ ႀကင္နာျပမယ္ဆိုတာ
ငါ့ကိုလာမလုပ္နဲ ့ေကာင္းခ်ီ။ ဟိုမွာ ငါဘာေတြျဖစ္ခဲ့သလဲ။ ဘာေတြခက္ခဲေနသလဲ မင္းတခါေမးလား။"

"………"

စိုးစိစိပုခံုးႀကားကအထိေတြ ့ေႀကာင့္

"မငိုနဲ ့ေကာင္းစင္သန္ ့ခ်ီ။
ငါေဒါသထြက္ေနခ်ိန္မွာ ငါ့ကိုစိတ္ေပ်ာ့သြားေအာင္လာမလုပ္နဲ ့။ တစ္လလံုးလံုးငါေဒါသေတြသိမ္းဆည္းလာတာ မင္းမ်က္ရည္က်လိုက္တာနဲ ့ေပ်ာက္ပ်က္သြားမွာ မလိုခ်င္ဘူး ခုတိတ္"

"တိတ္လို ့မရဘူး။ သူအလိုလို က်ေနတာ ။ "

"……"

သက္ပံု နွုတ္ခမ္းေတြကိုသာကိုက္ထားလိုက္မိသည္။
တခ်ိန္လံုး ေမာင္းတင္လာခဲ့တဲ့
ေဒါသတရားေတြက ဒီေလာက္နဲ ့ေျပသြားပီလား။
စိတ္ပ်က္စရာပဲ…

"က်ြန္ေတာ္ဖုန္းမဆက္ရဲဘူးခင္ဗ်ားရယ္။
က်ြန္ေတာ္ဆက္လိုက္လို ့ဟိုမွာသက္ပံု
ေနရထိုင္ရခက္မွာ က်ြန္ေတာ္ေႀကာက္တယ္……။ ဘာပဲေျပာေျပာ ခင္ဗ်ားသိမ္ငယ္ရမွာစိုးလို ့က်ြန္ေတာ္ သည္းခံခဲ့တာပါ
စိတ္မဆိုးပါနဲ ့ေတာ့ေနာ္။
တလႀကီး ခြဲေနခဲ့ရတာ က်ြန္ေတာ္ကို
နည္းနည္းေလးေတာင္မလြမ္းဘူးလားဟင္"

"မသိဘူး။ ငါ မင္းကို တကယ္စိတ္ဆိုးေနတာေနာ္"

"သက္ပံုလည္းမွားတာပဲ "

"ဘာေျပာတယ္! "

"မသိဘူးဗ်ာ … က်ြန္ေတာ္လဲစိတ္ေကာက္ေနတယ္သက္ပံု ခုေခ်ာ့ "

ေျပာင္းလဲလာတဲ့ အေနအထားေႀကာင့္
သက္ပံု ငိုခ်င္လာတယ္။
တကယ္ဆို ေမေမ ဆံုးပီးကတည္းက
သိုေလွာင္ခဲ့တဲ့ ခံစားခ်က္ေတြကို ေကာင္းခ်ီေျဖေလ်ာ့ေပးေစခ်င္တာ။

"ဟီးအီး … ငါဘာမွားလို ့လဲ။
ငါ့ကိုသေဘာမက်တဲ့ မိသားစု ႀကားမွာ
အဆင္ေျပရဲ့လားလို ့မင္းတခါစိတ္ပူလား။ တခါေလာက္မ်ား ငါ့အေမသက္သာလားဆိုတာကို မင္းသမက္တစ္ေယာက္အေနနဲ ့ဖုန္းဆက္ပီးအက်ိဳးေႀကာင္းေမးလား။ မင္းျပစ္ထားခ်င္သလို
ျပစ္ထားခဲ့ပီးမွေနာက္ဆံုးေတာ့ငါ့အမွားေတြေပါ့…ဟုတ္လား လူယူတ္မာႀကီးရဲ့ "

ေကာင္းခ်ီကို ဒီတခါမွမလုပ္ရရင္
မေျပေတာ့တာမို ့ဖက္ထားတဲ့ ေကာင္းခ်ီလက္ကို ဆြဲကာ ကိုက္သတ္ပစ္လိုက္သည္။
ေဒါသစိတ္အကုန္ကို လက္ေကာက္ဝတ္မွာ ပံုခ်လိုက္ေသာ္လည္း ေကာင္းခ်ီကတခ်က္မေအာ္။
လည္ပင္းႀကားမွာ စိုစိစိေရစက္ေတြ တိုးဝင္လာတာသိမွ ရပ္ပစ္လိုက္၏။
လက္ကိုဆြဲႀကည့္ေတာ့ ေသြးထြက္စျပဳေန၏။

"ေတာင္းပန္ပါတယ္။ က်ြန္ေတာ္
အေတြးလြန္သြားခဲ့တယ္သက္ပံုရယ္။
က်ြန္ေတာ္ဖုန္းဆက္လိုက္ရင္ ခင္ဗ်ားအိမ္မွာေနရခက္သြားမွာေႀကာက္လို ့ပါ။
ခင္ဗ်ားကိုပစ္ထားတာမဟုတ္ပါဘူးဗ်ာ။
ဟင့္… ေတာင္းပန္ပါတယ္"

"မေတာင္းပန္နဲ ့ငါ့ကို ဘယ္ေတာ့မွပြင့္လင္းမွာလဲ။ ငါျဖစ္ခ်င္တာကို ငါဘယ္နွစ္ခါေျပာမွမင္းသိမွာလဲ ။ မင္း ကို
အႀကိမ္ႀကိမ္ေျပာတယ္… မင္းလုပ္ခ်င္ရာလုပ္ဖို ့ဘယ္သူမ်က္နွာမွႀကည့္ေနစရာမလိုဘူးလို ့။ မင္းရဲ့မပြင့္လင္းမူ ့
သည္းခံေပးမူ ့ေတြေႀကာင့္ ငါဘယ္ေလာက္ခံစားခဲ့ရလဲ။ ေကာင္းစင္သန္ ့ခ်ီ မင္းအလကားေကာင္ပဲ"

"က်ြန္ေတာ္ပြင့္လင္းရင္ ခင္ဗ်ား
စိတ္ဆိုးမွာစိုးတယ္"

"ငါက ဘာလို ့စိတ္ဆိုးရမွာလဲ …
အား…ေကာင္းခ်ီ မင္း……"

အားနဲ ့ဆြဲပီးေအာက္ပို ့လိုက္တာမို ့
မနာေပမဲ့ လူက ဗရမ္းဗတာေတာ့ျဖစ္သြား၏။မ်က္ရည္စေတြစိုလူးေနတဲ့
မ်က္လံုးေတြနဲ ့သက္ပံုကို တည့္တည့္စိုက္ႀကည့္ပီးလ်ွင္……

"စိတ္ခ် ခုခ်ိန္ကစ ဘယ္သူ ့မ်က္နွာမွ
မႀကည့္ေတာ့ဘူး ။ က်ြန္ေတာ္လုပ္ခ်င္ရာပဲလုပ္ေတာ့မယ္"

ေျပာရင္း နွုတ္ခမ္းေတြကို ဘာစကားမွ
ေျပာခြင့္မေပးပဲေထြးစုပ္လာတာေႀကာင့္
သက္ပံုခမ်ာ အြန္း…အဲေတာင္ မေအာ္နိုင္ေတာ့။ ေျခာက္ေသြ ့ေနတဲ့ နွဳတ္ခမ္းရဲ့
အရသာကို စူးစိုက္မိေနရင္း
ေကာင္းခ်ီ မွက်လာတဲ့ မ်က္ရည္ေတြက သက္ပံုဆီကိုကူးစက္လာတယ္။
ဘယ္သူသိမွာလဲ ငိုရင္းနမ္းလို ့ရတယ္ဆိုတာ……။
လုပ္ခ်င္ရာလုပ္ပီး ငိုေနတဲ့ ေကာင္းခ်ီက အရူးလိုပင္။

ခ်စ္တဲ့အိမ္စည္။

(ကိုယ္ထင္တာက အႀကီးက်ယ္ရန္ျဖစ္မယ္လို ့ေလ။ ေဟး ယူတို ့လင္မယားက
ဘာေတြလဲ ။ )

 

     >>>>><<<<<<

မိနစ်အတော်ကြာသည်ထိ အိမ်ထဲကို သက်ပုံ မဝင်ဖြစ်သေးပေ။
လမ်းမ ထပ်မှာ ညိုးလျော်ခြောက်သွေ့ နေတဲ့ ခရေတွေကြောင့် ကောင်းချီ
ပြောင်းလဲသွားပြီလားဆိုတဲ့အတွေးတွေက
နှိပ်စက်ချင်တိုင်းနှိပ်စက်နေလေသည်။

အတော်ကြာမှ ပုခုံးပေါ်က လျှောကျနေတဲ့ ကျောပိုးအိတ်လေးကိုဆွဲဖြုတ်ပီး လက်ထဲကိုင်ကာပန်းရောင်ခြံတံခါးကိုဖွင့်ပီး အိမ်ထဲ ဝင်လိုက်၏။

တစ်လရှိပြီ။ ကောင်းချီ ကိုမတွေ့ ရတာ။

လွမ်းနေမိသလို စိတ်လဲနာသည်။
သက်ပုံသာ ပြန်မလာခဲ့ရင် ကောင်းချီက
ထားတဲ့ အတိုင်းနေခဲ့မလား။
နေခဲ့လောက်မှာပါ။
ကောင်းချီက အရမ်းသွေးအေးတဲ့
ယောကျာ်း။
တစ်လလောက်ကို အဆက်အသွယ် မပြုပဲနေနိုင်တဲ့ယောကျာ်း။

နောက်ဆုံးတော့ မတွေ့ ပဲမနေနိုင်သူက
သက်ပုံဖြစ်နေခဲ့ပီး ကောင်းချီကတော့
ခန့် မှန်းလို့ မရနိုင်တဲ့ အနေထားမှာသာ။
ကောင်းချီရဲ့ အတွေးတွေကို နားလည်ချင်သည်။ တဖက်စွန်းရောက်နေတက်တဲ့
စိတ်ကူးမျိုးတွေကို သက်ပုံ မဖယ်ရှားပေးတက်တော့ပါ။
ကောင်းချီနဲ့ ပတ်သတ်လာရင်
တရွေးစေ့ တောင် မကျန် အကုန်သိချင်တာ သက်ပုံရဲ့လောဘ ဖြစ်သည်။
  အမြဲလိုချင်တဲ့ အမှန်တရားက ကောင်းချီရဲ့ ပွင့်ထွက်လာမဲ့စိတ်ခံစားချက်အစုံဖြစ်ပေမဲ့ ကောင်းချီက ခန်မှန်းလို့ မရအောင်သိုဝှက်လွန်း၏။

သန့် ရှင်းသပ်ရပ်နေတက်တဲ့ ခြံဝန်းကထင်းခြောက်တွေနဲ့ ရှုပ်ပွနေသလို
အိမ်ထဲမှာလဲ ညစ်ထေးထေးနဲ့ ဖုန်တချို့ ကကပ်လို့ ။
အိမ်မရှင်းနိုင်ရအောင် ကောင်းချီ
အလုပ်များနေခဲ့သလား။

လွမ်းဆွတ်မူ့ က အိမ်ကိုခြေချမိတာတောင်ပျောက်ပျက်မသွားပေ။
ကျောပိုးအိတ်လေးကို စားပွဲပေါ်တင်ကာ
သက်ပုံ အခန်းတံခါးကို ဖွင့်လိုက်သည်။

အပြင်မှာ ဖုန်တွေပွနေပေမဲ့ ပန်းရောင်လွင်ပြင်ငယ်ကတော့ သန့် ရှင်းတောက်ပြောင်နေဆဲပါပဲ။
နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ယောကျာ်းတစ်ယောက်က သက်ပုံချုပ်ပေးထားတဲ့
စပန့် အညိုရောင် အင်္ကျီလေးဝတ်ထားလျှက်ငြိမ်သက်စွာလှဲလျောင်းနေသည်။

"ပိန်သွားလိုက်တာ "

လွတ်နေတဲ့ ကုတင်တခြမ်းမှာ သက်ပုံ
ဝင်လှဲအိပ်လိုက်သည်။
မက်မောခဲ့ရတဲ့ မျက်နှာလေးသည်
သွေးရောင်ဖျော့ကာ ပြုံးရယ်လိုက်တိုင်း
သဘောကျခဲ့ရတဲ့ နီညိုရောင် နှုတ်ခမ်းတွေက ရေဓာတ်မရှိစွာ ခြောက်ခမ်းနေ၏။
ကြည့်နေမိတာတောင် အလွမ်းကမပြေချင်။
ပါးပြင်ပေါ်မှာ ဖြတ်သန်းသွားတဲ့
မျက်ရည်တွေက  ရင်ဘတ်ထဲက နာကျင်
မူ့ ကြောင့်လို့ ထင်သည်။
မေမေ မြေချတဲ့အထိ သက်ပုံ
မေမေနားမှာ နေပေးခဲ့ပြီး ချက်ခြင်း
ကောင်းချီရှိရာကိုသာ ကားငှားပြန်ခဲ့မိတာ
ဘယ်လိုအင်းအားတွေကြောင့်လဲ။

ခုတော့ မိသားစုဆိုတာ သက်ပုံမှာ
တကယ်မရှိတော့ပါဘူး။
သွေးသားရင်းတွေကတောင် မလိုချင်ခဲ့မှ
တော့ ကောင်းချီကရော ……

တငွေ့ ငွေ့ လောင်းကျွမ်းနေတဲ့
အပူမီးကြောင့် ရင်ထဲမှာ ဗလောင်ဆူ
နေပီ။
ဘယ်လောက်ပဲ မကျေနပ်ပါဘူးဆိုဆို
နောက်ဆုံးတော့ သက်ပုံရဲ့ခြေချရာရင်ခွင်က ကောင်းချီပဲဖြစ်သည်။
မက်ခဲ့သမျှမျှော်လင့်ချက်အိမ်မက်တွေနဲ့ အနီးစပ်ဆုံးပန်းတိုင်ကလဲ ကောင်းချီကို
သာ ရည်ရွယ်သည်မို့ သေဆုံးသည့်တိုင်
ကောင်းချီနားမှနေချင်သည်။

တရွေ့ ရွေ့ တိုးနေတဲ့ အိပ်ချင်စိတ်တွေက
အိပ်မပျော်ခဲ့တဲ့ တစ်လတာအတွက်
ဒါငါ့အိမ်…ဒီယောကျာ်းကငါ့အပိုင်ဆိုတဲ့
စိတ်နဲ့ ပိုလုံခြုံခဲ့လို့ များလား။

ငါပင်ပန်းနေပီကောင်းချီ…ပင်ပန်းနေပြီ။

_______

စူးခနဲ ထိုးအောင့်လာတဲ့
ဝမ်းဗိုက်ကြောင့် အိပ်ပျော်နေရာမှ
ကောင်းချီ မျက်ခုံးတွေ ကျုံ့ သွားမိသည်။

ကျွတ်… နာလိုက်တာ……

မစားမသောက်တာကြာလေပီမို့ ဒီလောက်ကတော့ခံစားရမှာပေါ့လေ။
ကိုယ့်ကိုကိုယ်ဆုံးမပီး စိတ်လျော့လိုက်၏။
မဟုတ်ရင် ပြုစုမဲ့သက်ပုံလည်းရှိတာမဟုတ်။
နာလဲမထူး…မနာလဲ မထူးတာမို့
တအားကြီးတော့ ခံစားမနေချင်တော့။
ထိုးအောင့်နေတဲ့ ဗိုက်ကို အသာဖိပီး
သက်သာလို့ သက်သာငြားဘေးကိုစောင်းအိပ်လိုက်တယ်။

"လွမ်းလိုက်တာ သက်ပုံရယ်။
အမြဲမြင်နေရတာတောင် ခင်ဗျားလို့
ထင်နေတုန်းပဲ။ "

ခပ်စိပ်စိပ်မျက်တောင်တွေကို ထိကိုင်
ဖို့ လက်လှမ်းမိပီးမှ ကောင်းချီပြန်ရုတ်
သိမ်းလိုက်တယ်။
သူ့ လက်နဲ့ ထိမှပျောက်ကွယ်သွားရင်ဘယ်လိုလုပ်မလဲ။

"ငေးနေရရုံနဲ့ မတင်းတိမ်လိုက်တာ"

စောင်းအိပ်နေလို့ ခပ်စူစူလေးဖြစ်နေတဲ့
နှုတ်ခမ်းလုံးလေးကိုငေးကာနုနုညံ့ညံ့လေး
ကောင်းချီရေရွတ်လိုက်သည်။
ထို့ နောက် ကိုယ်စကားကိုကိုယ်သဘောကျစွာ ကောင်းချီရယ်မောလိုက်တယ်။

"တွေ့ လားခင်ဗျားပုံရိပ်လေးမြင်နေရတာ
တောင် ကျွန်တော်ဒီလောက်ပျော်နေရတာ"

စူးအောင့်နေတဲ့ဗိုက်က သက်ပုံမျက်နှာလေးမြင်ကာရှိသေး ဝေသနာက တဝက်ပျောက်သည်။
သက်ပုံက ထူးဆန်းလေစွ။

တယောက်ယောက်ရဲ့စူးစိုက်ကြည့်နေသလိုခံစားချက်ကြောင့် သက်ပုံအိပ်နေရာမှ မျက်လုံးဖွင့်ကြည့်မိသည်။
စိတ်နာတက်အောင် သင်ပေးသူသည်
ပြုံးလျက်ဘေးမှာ မေးထောက်ကြည့်နေတာမို့ စောင်းနေတဲ့ အနေထားမှပက်လက်ပြောင်းလိုက်သည်။

မျက်လုံးတွေ ပြန်မှိတ်လိုက်သော
အိပ်မရတော့။
အာရုံမှာစွဲနေတာက ပြုံးနေတဲ့
ကောင်းချီရဲ့ ရုပ်ကလေး။

"ကျစ်! အဓိပ္ပါယ်ကိုမရှိဘူး"

အိပ်ယာထပ်ကနေ ဆင်းကာ
သက်ပုံအခန်းအပြင်ထွက်သွားလိုက်သည်။
ဘယ်လိုပဲပြောပြော ကောင်းချီ ဒီတခေါက်လုပ်တဲ့ အချိုးကိုလုံးဝမကြိုက်။
အလျော့ပေးဖို့ လည်းစိတ်မကူး။
ဘယ်လောက်စိတ်အားငယ်ငယ်
မကျေနပ်တာကိုတော့ ပြောကိုပြောရမှာပဲ။

"သက်ပုံက ဒီတခါ စကားပါပြောတယ်"

အခန်းပြင်ကိုဘောက်ဆတ်ဘောက်ဆတ်ထွက်သွားတဲ့ ပုံရိပ်လေးကြောင့်
ကောင်းချီဇဝေဇဝါဖြစ်နေ၏။
မသေချာတဲ့ စိတ်နဲ့ သက်ပုံနောက်ကိုပြေးလိုက်မိပြီးလျှင်……

"သက်ပုံ…သက်ပုံပြန်လာပြီလား"

မယုံရဲစိတ်နဲ့ ကောင်းချီမျက်ရည်တွေပါဝိုင်းလာရသည်။
ချစ်တဲ့သက်ပုံသာ တကယ်ပြန်ရောက်လာရင်ဆိုတဲ့ အတွေးတွေက သူ့
ခြေလက်တွေကိုပါ တုန်ရီစေသည်။

မျှော်လင့်တကြီး ကောင်းချီမေးနေပေမဲ့
သက်ပုံကပြန်မဖြေလာပေ။
ဖိုးသားပို့ ထားတဲ့ ထမင်းတွေကို
လှန်လှောစားကာ ကောင်းချီကို အရေးမလုပ်။

"သက်ပုံ "

သက်ပုံဘေးနားမှာငြိမ်ငြိမ်လေးသွားထိုင်
ပီး တိုးတိုးလေးခေါ်ကြည့်လိုက်သည်။
ပြန်လှည့်ကြည့်လို့ ကြည့်ငြားပေါ့။
ဒါပေမဲ့ သက်ပုံက နည်းနည်းလေးတောင်အရေးလုပ်မလာပါ။
ဝမ်းနည်းလာပေမဲ့ သက်ပုံစားပြီးတဲ့အထိ ကောင်းချီ ထပ်စကားမပြောရဲခဲ့ပါ။
သက်ပုံ စိတ်ညစ်ပီးပြန်ထွက်သွားရင်
ဒီတခါ ကောင်းချီသေသွားလိမ့်မယ်။

တစိမ့်စိမ့်ကြည့်နေရရုံနဲ့ ကျေနပ်ရသည်။
ဖက်ထားချင်သည်။ တဖွဖွနမ်းရှုံ့ ချင်သည်။ သို့ ပေမဲ့ ဒီတိုင်းလေးမြင်နေရရုံနဲ့
တင် အဆင်ပြေနေပါပြီ။

မီးဖိုခန်းထဲက ဆေးကြောပီးထွက်သွားတော့လဲ ကောင်းချီတကောက်ကောက်လိုက်နေမိသည်။
တစက္ကန့် တောင် မျက်စိအောက်ကအပျောက်မခံနိုင်တော့ပါ။

"မင်း ငါ့နောက်ကနေမလိုက်နဲ့ "

ဘာစကားမှမပြောပဲ နောက်ကနေလိုက်ကပ်နေတာကြောင့် သက်ပုံစိတ်မရှည်ဖြစ်လာ၏။
အနည်းငယ် အသံမာသွားလို့ ထင်၏
ကောင်းချီမျက်နှာလေးသည် ညှိုးရိပ်သန်းကာ မျက်ရည်ကြည်များရစ်သိုင်းလာ၏။
ငိုတော့မဲ့ ကလေးတစ်ယောက်ရဲ့ အမူအယာမျိုးကြောင့် သက်ပုံ မျက်နှာလွဲပစ်လိုက်သည်။

"သက်ပုံ … "

တိုးတိုးဖွဖွအသံက ကြောက်ရွံ့ စွာ ထွက်လာပြန်၏။
ခုချိန်မှာ သက်ပုံဖြစ်ချင်တာ ချော့စေချင်တာ။ ဖြေရှင်းစေချင်တာ။
ကြောက်ရွံ့ နေရအောင် သက်ပုံက
ဘာတွေလုပ်နေလို့ လဲ။
ဒေါသကထွက်လာပီမို့ မာဆတ်ဆတ်အော်ပစ်လိုက်သည်။

"ဘာတုန်း …ပြော"

"လိုက်ချင်တယ် … ဘယ်သွားသွားလိုက်ချင်တယ်…"

"ကျစ် "

"လိုက်ပါရစေ ခင်ဗျားရယ် ။
ကျွန်တော်ကို နှင်မထုတ်ပါနဲ့ နော်"

"……"

မျက်ရည်စတွေရစ်သိုင်းနေတဲ့ မျက်ဝန်းတွေကိုမခံနိုင်စွာ သက်ပုံ အခန်းထဲသို့ သာပြန်ဝင်လာခဲ့လိုက်သည်။
နောက်ဆုံးတော့ သက်ပုံကသာ လူမိုက်ကြီးဖြစ်ကျန်ခဲ့တာပါပဲ။
နောက်နေတရှပ်ရှပ်ပါလာတဲ့ ခြေသံတွေက ဥပေက္ခာပြုလို့ လဲမရ။
ကျောခိုင်းထားပေမဲ့ စူးစိုက်ကြည့်နေတယ်ဆိုတာခံစားနေရတုန်း။

ဝေးနေတုန်းကကျ ပြစ်ထားတယ်။
နီးနေမှ အပိုတွေလုပ်ပြတယ်။
နောက်ဆုံးတော့ ကိုယ်ကပဲစောက်ပိုလုပ်နေမိသလိုပဲ။

"သက်ပုံ "

ခေါ်သံအဆုံးမှာ နွေးထွေးတဲ့ ရင်ခွင်ထဲမှာ ထွေးခနဲ ။
သိုင်းဖက်လာတဲ့ လက်တွေကို အလိုမကျစွာ ထုရိုက်ရင်း

"ဖယ်စမ်း…ကောင်းစင့်သန့် ချီ။
မင်းလုပ်သမျှ  မင်းခြယ်လှယ်သမျှ
ခံနေရအောင် ငါကအရုပ်မဟုတ်ဘူး"

"မဟုတ်ပါဘူးခင်ဗျားရယ်…မဟုတ်ပါဘူး။
ခင်ဗျားအပေါ်မှာ မြတ်နိုးစိတ်ကလွဲပြီး
ကျွန်တော် ဘာစိတ်မှမထားခဲ့ပါဘူး။ငြိမ်ငြိမ်နေပါ ခင်ဗျားရယ်…ခုလိုလေးမှမဖက်ထားရရင်ကျွန်တော်သေသွားလိမ့်မယ်သက်ပုံ ။"

ငိုသံတွေရောထွေးနေတဲ့ ကောင်းချီ
ကြောင့် ရုန်းကန်နေရာမှ သက်ပုံရပ်ပေးလိုက်သည်။
တိုးဖက်လာတဲ့ လက်တွေကြောင့်
ကောင်းချီ ရင်ဘတ်နဲ့ သက်ပုံကျောပြင်နဲ့
ကြားမှာနေရာလွတ်တခုတောင်ရှိမနေတော့။
ပုခုံးပေါ်မှာ တိုးဝှေ့ လာတဲ့
မျက်နှာကြောင့် အသက်ရှုလိုက်တိုင်း
သက်ပုံ လည်ပင်းမှာနွေးခနဲ ။

"ကျွန်တော်အရမ်းလွမ်းနေခဲ့တာ"

"မပြောနဲ့ ။ မယုံဘူး"

" ကျွန်တော် မလိမ်တက်ဘူးဆိုတာ ခင်ဗျားသိပါတယ်။ ဘာလို့ လဲ။ ဘာလို့
တစ်လကြီး ကျွန်တော်ကိုပစ်ထားတာလဲ"

အော်…နောက်ဆုံးတော့ အပြစ်က သက်ပုံလုပ်တာပါ့။

"မင်း…ငါ့ကိုတခါဆက်သွယ်လား။
တွေ့ မှ ကြင်နာပြမယ်ဆိုတာ
ငါ့ကိုလာမလုပ်နဲ့ ကောင်းချီ။ ဟိုမှာ ငါဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေခက်ခဲနေသလဲ မင်းတခါမေးလား။"

"………"

စိုးစိစိပုခုံးကြားကအထိတွေ့ ကြောင့်

"မငိုနဲ့ ကောင်းစင်သန့် ချီ။
ငါဒေါသထွက်နေချိန်မှာ ငါ့ကိုစိတ်ပျော့သွားအောင်လာမလုပ်နဲ့ ။ တစ်လလုံးလုံးငါဒေါသတွေသိမ်းဆည်းလာတာ မင်းမျက်ရည်ကျလိုက်တာနဲ့ ပျောက်ပျက်သွားမှာ မလိုချင်ဘူး ခုတိတ်"

"တိတ်လို့ မရဘူး။ သူအလိုလို ကျနေတာ ။ "

"……"

သက်ပုံ နှုတ်ခမ်းတွေကိုသာကိုက်ထားလိုက်မိသည်။
တချိန်လုံး မောင်းတင်လာခဲ့တဲ့
ဒေါသတရားတွေက ဒီလောက်နဲ့ ပြေသွားပီလား။
စိတ်ပျက်စရာပဲ…

"ကျွန်တော်ဖုန်းမဆက်ရဲဘူးခင်ဗျားရယ်။
ကျွန်တော်ဆက်လိုက်လို့ ဟိုမှာသက်ပုံ
နေရထိုင်ရခက်မှာ ကျွန်တော်ကြောက်တယ်……။ ဘာပဲပြောပြော ခင်ဗျားသိမ်ငယ်ရမှာစိုးလို့ ကျွန်တော် သည်းခံခဲ့တာပါ
စိတ်မဆိုးပါနဲ့ တော့နော်။
တလကြီး ခွဲနေခဲ့ရတာ ကျွန်တော်ကို
နည်းနည်းလေးတောင်မလွမ်းဘူးလားဟင်"

"မသိဘူး။ ငါ မင်းကို တကယ်စိတ်ဆိုးနေတာနော်"

"သက်ပုံလည်းမှားတာပဲ "

"ဘာပြောတယ်! "

"မသိဘူးဗျာ … ကျွန်တော်လဲစိတ်ကောက်နေတယ်သက်ပုံ ခုချော့ "

ပြောင်းလဲလာတဲ့ အနေအထားကြောင့်
သက်ပုံ ငိုချင်လာတယ်။
တကယ်ဆို မေမေ ဆုံးပီးကတည်းက
သိုလှောင်ခဲ့တဲ့ ခံစားချက်တွေကို ကောင်းချီဖြေလျော့ပေးစေချင်တာ။

"ဟီးအီး … ငါဘာမှားလို့ လဲ။
ငါ့ကိုသဘောမကျတဲ့ မိသားစု ကြားမှာ
အဆင်ပြေရဲ့လားလို့ မင်းတခါစိတ်ပူလား။ တခါလောက်များ ငါ့အမေသက်သာလားဆိုတာကို မင်းသမက်တစ်ယောက်အနေနဲ့ ဖုန်းဆက်ပီးအကျိုးကြောင်းမေးလား။ မင်းပြစ်ထားချင်သလို
ပြစ်ထားခဲ့ပီးမှနောက်ဆုံးတော့ငါ့အမှားတွေပေါ့…ဟုတ်လား လူယူတ်မာကြီးရဲ့ "

ကောင်းချီကို ဒီတခါမှမလုပ်ရရင်
မပြေတော့တာမို့ ဖက်ထားတဲ့ ကောင်းချီလက်ကို ဆွဲကာ ကိုက်သတ်ပစ်လိုက်သည်။
ဒေါသစိတ်အကုန်ကို လက်ကောက်ဝတ်မှာ ပုံချလိုက်သော်လည်း ကောင်းချီကတချက်မအော်။
လည်ပင်းကြားမှာ စိုစိစိရေစက်တွေ တိုးဝင်လာတာသိမှ ရပ်ပစ်လိုက်၏။
လက်ကိုဆွဲကြည့်တော့ သွေးထွက်စပြုနေ၏။

"တောင်းပန်ပါတယ်။ ကျွန်တော်
အတွေးလွန်သွားခဲ့တယ်သက်ပုံရယ်။
ကျွန်တော်ဖုန်းဆက်လိုက်ရင် ခင်ဗျားအိမ်မှာနေရခက်သွားမှာကြောက်လို့ ပါ။
ခင်ဗျားကိုပစ်ထားတာမဟုတ်ပါဘူးဗျာ။
ဟင့်… တောင်းပန်ပါတယ်"

"မတောင်းပန်နဲ့ ငါ့ကို ဘယ်တော့မှပွင့်လင်းမှာလဲ။ ငါဖြစ်ချင်တာကို ငါဘယ်နှစ်ခါပြောမှမင်းသိမှာလဲ ။ မင်း ကို
အကြိမ်ကြိမ်ပြောတယ်… မင်းလုပ်ချင်ရာလုပ်ဖို့ ဘယ်သူမျက်နှာမှကြည့်နေစရာမလိုဘူးလို့ ။ မင်းရဲ့မပွင့်လင်းမူ့
သည်းခံပေးမူ့ တွေကြောင့် ငါဘယ်လောက်ခံစားခဲ့ရလဲ။ ကောင်းစင်သန့် ချီ မင်းအလကားကောင်ပဲ"

"ကျွန်တော်ပွင့်လင်းရင် ခင်ဗျား
စိတ်ဆိုးမှာစိုးတယ်"

"ငါက ဘာလို့ စိတ်ဆိုးရမှာလဲ …
အား…ကောင်းချီ မင်း……"

အားနဲ့ ဆွဲပီးအောက်ပို့ လိုက်တာမို့
မနာပေမဲ့ လူက ဗရမ်းဗတာတော့ဖြစ်သွား၏။မျက်ရည်စတွေစိုလူးနေတဲ့
မျက်လုံးတွေနဲ့ သက်ပုံကို တည့်တည့်စိုက်ကြည့်ပီးလျှင်……

"စိတ်ချ ခုချိန်ကစ ဘယ်သူ့ မျက်နှာမှ
မကြည့်တော့ဘူး ။ ကျွန်တော်လုပ်ချင်ရာပဲလုပ်တော့မယ်"

ပြောရင်း နှုတ်ခမ်းတွေကို ဘာစကားမှ
ပြောခွင့်မပေးပဲထွေးစုပ်လာတာကြောင့်
သက်ပုံခမျာ အွန်း…အဲတောင် မအော်နိုင်တော့။ ခြောက်သွေ့ နေတဲ့ နှုတ်ခမ်းရဲ့
အရသာကို စူးစိုက်မိနေရင်း
ကောင်းချီ မှကျလာတဲ့ မျက်ရည်တွေက သက်ပုံဆီကိုကူးစက်လာတယ်။
ဘယ်သူသိမှာလဲ ငိုရင်းနမ်းလို့ ရတယ်ဆိုတာ……။
လုပ်ချင်ရာလုပ်ပီး ငိုနေတဲ့ ကောင်းချီက အရူးလိုပင်။

ချစ်တဲ့အိမ်စည်။

(ကိုယ်ထင်တာက အကြီးကျယ်ရန်ဖြစ်မယ်လို့ လေ။ ဟေး ယူတို့ လင်မယားက
ဘာတွေလဲ ။ )

 

     >>>>><<<<<<

Bạn đang đọc truyện trên: ZingTruyen.Xyz