အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
35
"သက္ပံု ဒါေလး က်ြန္ေတာ္ဘယ္နားထားရမလဲ "
လက္ထဲမွာေပြ ့ထားတဲ့ အစံုထည့္ထားတဲ့ ဂ်ပ္ဖာေလးကို ေပြ ့လို ့ေကာင္းခ်ီေမးလာသည္။
ဒီေန ့သက္ပံုတို ့အိမ္ေျပာင္းလာတဲ့ေန ့။
ေျမာက္ဖက္ကအသစ္ဝယ္တဲ့ ေဒၚအံ့မင္းျခံလြတ္မွာ အိမ္သစ္ေဆာက္လိုက္တာ
သိန္း၆၀၀ေလာက္ကုန္သြားေပမဲ့ တန္တယ္ေျပာရမယ္။
ပန္းေရာင္နုုနု သုတ္ထားတဲ့ နွစ္ထပ္ခြဲ
တိုက္က တံငါကုန္းရြာမွာ ပထမဆံုးနဲ ့အလွဆံုးပဲ။
ေအာက္ထပ္ တစ္ထပ္လံုးေဟာခန္းက်ယ္ႀကီးလုပ္ထားၿပီး
အိမ္အတြင္းပိုင္းမွာ အခန္းတစ္ခန္းေတာင္ထည့္မထားဘူး။
အေပၚထပ္တက္ဖို ့ေလွကားရဲ့ေဘးမွာ
အိမ္သာေရခ်ိဳးခန္းတစ္ခုစီနဲ ့ခပ္က်ယ္က်ယ္ရွိတဲ့ မီးဖိုခန္းတခုကိုပဲရုိးရုိးရွင္းရွင္း ေအာက္ထပ္မွာထားတယ္။
အေပၚထပ္မွာေတာ့ သက္ပံုတို ့နွစ္ေယာက္အတြက္ သီးသန္ ့ကမၻာေလးတစ္ခု
ဖန္တီးထား၏။
အရင္က ခပ္ေသးေသးပန္းေရာင္လြင္ျပင္ငယ္ကေန ခုေတာ့ တထပ္လံုးအသံုးေဆာင္ေတြက အစ ပန္းနုေရာင္လြင္ျပင္က်ယ္ျဖစ္လို ့ေနတယ္။
နွစ္ထပ္ခြဲျဖစ္လို ့အေပၚဆံုးထပ္မွာ
ညညဆို သက္ပံုတို ့နွစ္ေယာက္သား
ႀကယ္ေတြႀကည့္ပီးေအးေအးေဆးေဆးထိုင္လို ့ရ၏။
"အခန္းထဲသာယူသြားေတာ့။
ငါ့ကိုေနာက္တခါ ေလ်ွာက္ဝယ္ေပးရင္
မင္းနဲ ့ငါေတြ ့မယ္"
အစံုထည့္ထားတဲ့ ပစၥည္းေတြထဲမွာ
ဟိုဖက္အိမ္ငယ္က သက္ပံု အသံုးအေဆာင္ေတြမ်ားသာ။
တခါတေလ မလိုအပ္တာေတြမ်ားလြန္းလို ့ တားျမစ္ခဲ့ေသာ္လဲ ေကာင္းခ်ီက
ဒါနဲ ့ပတ္သတ္ရင္ စကားကိုသိပ္နားေထာင္တက္သူမဟုတ္။
"ခင္ဗ်ားရယ္"
တားျမစ္လိုက္တာကို မလိုက္နာ ခ်င္ဟန္
ျဖင့္ အခန္းထဲမဝင္ဘဲ ဂ်ပ္ဖာေလးပိုက္ကာ သက္ပံုကို လွမ္းႀကည့္ေန၏။
"ဘာမွဆက္ေျပာဖို ့မႀကိဳးစားနဲ ့
ေကာင္းစင္သန္ ့ခ်ီ။ သြား…အဲ့ဒါေတြ
အခန္းထဲ သြားထားျပီး…ဒီကိုလာခဲ့"
ျပတ္သားစြာ အမိန္ ့ေပးျပီးေနာက္မွာ
အခန္းထဲကိုေပေစာင္းေပေစာင္းဝင္သြားေလသည္။
ေကာင္းစင္သန္ ့ခ်ီ အရင္လို မလိမ္မာေတာ့ျပီ။
ဗလာစာအုပ္ တစ္အုပ္နီးပါးေလာက္ရွိတဲ့ ဝယ္စရာ ေတြေရးထားေသာ စာရင္းစာအုပ္သည္ သက္ပံုစဥ္းစားမိသေလာက္
ျဖစ္ေပမဲ့ အစံုမပါေသး။
တမနက္လံုး တကုတ္ကုတ္ေရးထားေတာင္ လိုေနေသးတဲ့ အမ်ိဳးအမည္တခ်ိဳ ့
ကို ေကာင္းခ်ီ ထပ္ျဖည့္လိမ့္မည္။
"ကဲေျပာ …က်ြန္ေတာ္ကို ဘာခိုင္းမလို ့လဲ"
ႀကမ္းျပင္ေပၚထိုင္ပီး မွန္စားပြဲပုေလးေပၚစာငံု ့ေရးေနတဲ့ သက္ပံုေဘးဝင္ထိုင္ရင္း
ေကာင္းခ်ီေမးလာ၏
"ဒါေလး… လိုတာမင္းဆက္ျဖည့္လိုက္ေတာ့… "
စာရင္းစာအုပ္ကို ေမးေငါ့ျပပီး သက္ပံု ကေတာ့ ေကာင္းခ်ီေပါင္ေပၚေခါင္းတင္ကာေအာက္မွာပဲ လွဲအိပ္လိုက္သည္။
"သက္ပံု "
"အင္း"
ခပ္ဖြဖြထိေတြ ့ေနတဲ့ ဦးေခါင္းထပ္က
လက္ေခ်ာင္းေတြေႀကာင့္ သက္ပံု
မ်က္လံုးေတြေမွးမွိတ္ထားရင္း တိုးလ်စြာထူးလိုက္၏။
ေခါင္းကိုင္ရင္ အိပ္ခ်င္တဲ့ သက္ပံုက
ညင္ညင္သာသာေလး ထိကိုင္တက္တဲ့
ေကာင္းခ်ီေႀကာင့္ အျမဲ ဇိမ္ယူပီး
အိပ္ေပ်ာ္တက္စျမဲ။
"မနက္ဖန္ က်ြန္ေတာ္တစ္ေယာက္ထဲ မသြားခ်င္ဘူး ။ လိုက္ခဲ့ဖို ့က်လည္း သက္ပံု
ပန္းမွာစိုးတယ္။ က်ြန္ေတာ္ခင္ဗ်ားနဲ ့မခြဲခ်င္ဘူး သက္ပံု…… "
ေကာင္းခ်ီရဲ့ ေဆြးေျမ့တဲ့ အေျပာေႀကာင့္
သက္ပံု မွိတ္ထားတဲ့ မ်က္လံုးကိုမဖြင့္ပဲ
ေခါင္းေပၚကေကာင္းခ်ီလက္ကိုဆြဲနမ္းလိုက္သည္။
"ငါလည္း မင္းကိုခြဲခ်င္ပါ့မလား။
အိမ္မွာ ငါမရွိပဲ ထားခဲ့လို ့မရဘူးဆိုတာမင္းသိရက္နဲ ့။ မင္းျပန္လာတာနဲ ့
တခါထဲ
ငါဆိုင္ဖြင့္ဖို ့ျပင္ဆင္ထားရအုန္းမယ္။
မအားပါဘူးကြာ။ ကိုထက္နဲ ့သာ သြားလိုက္ပါ "
မနက္ဖန္ ေကာင္းခ်ီ မႏၱေလးကို ေစ်းဝယ္သြားမွာ ျဖစ္သည္။
ဒီအလုပ္က ေကာင္းခ်ီအတြက္ မခဲရင္းတဲ့ အလုပ္မို ့စိတ္ေတာ့ပူစရာမရွိ။
အေရာင္းမ်ားတဲ့ ကုန္စာရင္းကအစ
ေကာင္းခ်ီက သိထားပီးသားမို ့
ႀကည့္ပီးဝယ္လာလိမ့္မည္။
ဒါေတာင္ လုပ္စရာရွိတာေတြကို လြန္ခဲ့တဲ့ တပတ္ေလာက္ကတည္းက ႀကိဳလုပ္ထားလို ့။
လုပ္ငန္းတခုက လုပ္ဖို ့က အေျပာပဲလြယ္တာ ။ လက္ေတြ ့ဘယ္ေလာက္ပန္းလဲ ဆိုတာ ကိုယ္အသိဆံုး။
သြားလိုက္ရတဲ့ ျမိဳ ့ေလးဆိုတာကလဲ
ခဏခဏပဲ။
ကိုယ္ကုန္ကားနဲ ့ကိုယ္မို ့သာ ေတာ္ေရာ့သည္။
"အင္းပါ … ခင္မ်ား အိပ္ခ်င္ရင္ အိပ္ေလ ။ က်ြန္ေတာ္ လိုတာထပ္ျဖည့္ထားလိုက္မယ္။ "
သက္ပံု ေဘးကိုေစာင္းအိပ္ကာ ေကာင္းခ်ီ ခါးကိုဖက္လိုက္သည္။
အေမႊးရနံ ့သိပ္မႀကိဳက္တက္တဲ့ ေကာင္းခ်ီဆီမွာ မ်ားေသာအားျဖင့္ ဆပ္ျပာေမႊး
နံ ့တခ်ိဳ ့နဲ ့သိပ္မျပင္းတဲ့ ေခ်ြးနံ ့တခ်ိဳ ့သာ ရတက္သည္။
ဒါကိုပင္ သက္ပံု သေဘာက်နွစ္ျခိဳက္ရတာျဖစ္သည္။
ဒီလိုရုိးသားတဲ့ အဖိုးတန္ တံငါကုန္းသားေလးကိုသက္ပံု လက္မလႊတ္ေပးနိုင္ေအာင္ခ်စ္ရပါသည္။
-
-
-
ဒီေန ့ ေကာင္းခ်ီ မႏၱေလးကို ေစ်းဝယ္သြား၏။
အျပန္မွာ အျမန္ယာဥ္နဲ ့ေရလမ္းကေန ျပန္ခဲ့မည္ျဖစ္ေႀကာင္းကိုလဲေျပာသြားသည္။
ေစ်းကုန္မ်ားသည္ေႀကာင့္ ဆိပ္ကမ္းထိ ကပ္ေပးမွ အဆင္ေျပလိမ့္မည္။
ဂိတ္ကေတာ့ အဆင္ေျပေအာင္ႀကည့္လုပ္ေပးမည္လို ့ေတာ့ေျပာတာပဲ။ မဟုတ္ရင္ ေရလယ္ေခါင္ ထိ စက္ေလွနဲ ့ကုန္အမ်ားႀကီးထြက္သယ္ဖို ့အဆင္မေျပနိုင္။
ပထမဆံုးအစဆိုေတာ့ ပစၥည္းကနည္းနည္းမ်ားပါသည္။
ေသခ်ာစီစစ္ဝယ္ရမွာဆိုေတာ့ အနည္းဆံုးသံုးေလးရက္ႀကာနိုင္သည္။
"ကိုသက္ မွန္ေကာင္တာေတြ…ဘယ္နားကပ္ရမလဲ"
မေန ့က ကိုထက္ျမိဳ ့ေလးကေန သြားဝယ္ခဲ့တဲ့မွန္ေကာင္တာနဲ ့အလူမီနီယမ္စင္ေတြက အိမ္ေပါက္ဝမွာ ရွဳပ္ေန၏။
ပတ္ပတ္လည္လွည့္ႀကည့္ပီး ဘယ္နားထားရမလဲ ေခါင္းေျခာက္ေအာင္ သက္ပံုစဥ္းစားေနရသည္။
ေစ်းသည္အလုပ္က တကယ္ခက္လိုက္တာ။
တခ်ိဳ ့ေစ်းဆိုင္ေတြမ်ားလူစိတ္ဝင္စားေအာင္…မဝယ္ခ်င္ဝယ္ခ်င္ေအာင္ ခင္းက်င္းထားလိုက္တာမ်ား။
"အဆင္ေျပသလိုသာထားလိုက္ပါေတာ့။
ငါတကယ္ေခါင္းကိုက္ေနပီ။ "
"ဒါမ်ားကုိသက္ရာ ေဒၚေလးေအးႀကည္ကိုသာ ေခၚလိုက္ ။ သူက ေစ်းခင္းတဲ့ေနရာမွာ ဆရာမႀကီးဗ်"
ဖိုးသားအႀကံ ေႀကာင့္ သက္ပံု မ်က္ခံုးေတြပင့္လိုက္သည္။
ခါတိုင္းေရာက္လာတက္တဲ့ ေဒၚေလးေအးႀကည္သည္ခုတေလာ အိမ္မွာ သူ ့သမီးျပန္ေရာက္ေနလို ့ အလည္မလာတာသံုးရက္ေလာက္ရွိေနျပီ။
"ဒါဆိုလဲ သြားေခၚလိုက္ ။ ငါ တကယ္ မလုပ္တက္ေတာ့ဘူး။ "
"အင္း အဲ့ဒါဆို က်ြန္ေတာ္သြားလိုက္မယ္။ "
ဖိုးသားထြက္သြားေတာ့ သက္ပံု အျငိမ္မေနအား။
ေလဝင္ေလထြက္အေပါက္ပါတဲ့ ျခင္းေတြထဲကို ႀကက္သြန္နီ ႀကက္သြန္ျဖဴ အာလူး စတဲ့ အထားခံတဲ့ မီးဖိုေခ်ာင္သံုးကုန္ပစၥည္းေတြကို အရင္ထည့္နွင့္သည္။
ဆိုင္မွာ မုန္ ့ပဲ သေရစာနဲ ့အေျခာက္အျခမ္း အစံုထားမည္။
အတက္နိုင္ဆံုး အေရာင္းနည္းနိုင္ရင္ေတာင္ ေမးလိုက္တာနဲ ့မရွိတာမရွိေအာင္ ဆိုင္မွာ တင္ထားနိုင္ဖို ့ႀကိဳးစားရမည္။
ခနႀကာေတာ့ ဆိုင္ကယ္သံခပ္က်ယ္က်ယ္နဲ ့အတူ ေဒၚေလးေအးႀကည္က လွဳပ္လီလွဳပ္လဲ့ ဝင္လာ၏။
"ခုထိဘာမွလဲ မျပီေသးပါ့လားသက္ပံုရယ္။ ဖိုးသား ေကာင္တာေတြကို အလယ္မွာ ေဒါင္လိုက္သြားစီ။ "
စဝင္လာတာနဲ ့တခါထဲ ခိုင္းလိုက္တာေႀကာင့္ သက္ပံု လုပ္လက္စအလုပ္ခ်ကာဖိုးသားနဲ ့အတူဝိုင္းလုပ္ရသည္။
မွန္ေကာင္တာေတြမွာ ဘီးလံုးထည့္ထားသည္မို ့ တြန္းရေရြ ့ရေတာ့ လြယ္သည္။
ေဒၚေလးလာမွ အေစာက ဘယ္ထားရမွန္းမသိတဲ့ ေနရာအထားအသိုသည္ ခနေလးနဲ ့အစီအရီျဖစ္သြားသည္။
မွန္ေကာင္တာေတြထဲမွာ အလွကုန္နဲ ့
တျခားအေသးအမႊားေတြထားမွာမို ့
အလယ္ေလ်ွာက္လမ္းမွာ ထားပီး
စင္ေတြကိုေတာ့ နံရံမွာ ကပ္ပစ္လိုက္သည္။
"ေဒၚေလးလာမွပဲ အဆင္ေျပေတာ့တယ္။ "
"ေနာက္ေတာ့ မင္းတို ့နားလည္သြားမွာပါ ။ အစဆိုေတာ့ ဒီလိုပဲ ဘယ္လုပ္တက္မလဲ"
"ထမင္းစားမလားေဒၚေလး။ ႀကက္သားေႀကာ္ထားတယ္"
ေကာင္းခ်ီမရွိတာမို ့ေထြေထြထူးထူးခ်က္ျပဳတ္မထားတာမို ့တခြက္တည္းေသာဟင္းလ်ာနဲ ့ေဒၚေလးကိုမ်က္နွာလုပ္လိုက္သည္။
"စားခဲ့ပီ…ေရာက္တုန္းျမရင္ တို ့အိမ္ဖက္သြားအုန္းမယ္။ "
ေဒၚေလးေအးႀကည္က သူ ့ညီမေတာ့အေတာ္ခ်စ္ရွာသည္။
ေရာက္ရင္ ေဒၚေလးျမရင္အိမ္ဖက္ကိုေတာ့ ခဏျဖစ္ျဖစ္ေရာက္ေအာင္သြားသည္။
ဆန္ကအစ အလကားမေပးနိုင္ရင္ေတာင္ အျမတ္မစားပဲ အရင္းအတိုင္းေပးတက္သည္။
ေဒၚေလး ထြက္သြာေတာ့ အိမ္မွာ သက္ပံုတစ္ေယာက္ထဲ က်န္ခဲ့သည္။ ဖိုးသားက သူ လုပ္စရာရွိတာလုပ္ေပးျပီးgameေဆာ့ဖို ့ေျပးျပီ။
ဘယ္သူမွမရွိတဲ့ အိမ္မွာ သက္ပံုတစ္ေယာက္ထဲပ်င္းေျခာက္ႀကီးျဖစ္ေနလ်က္။
သူတကယ္ ေကာင္းစင္သန္ ့ခ်ီေလးကို
လြမ္းေနပါပီ။
သံုရက္မေျပာနဲ ့တစ္ရက္ေတာင္ ေနရတာ
အဆင္မေျပဘူး။
ပစၥည္းပံုကို ဒီတိုင္းထားခဲ့ျပီး သက္ပံု
အေပၚထပ္ကို သြက္လက္စြာ တက္လာရင္းနွုတ္မွလည္း………
"မျဖစ္ေတာ့ဘူး ေကာင္းခ်ီေလးေရ။
ငါမင္းကို မတရားႀကီးလြမ္းေနပီ "ဟု ေအာ္လိုက္ေသး၏။
ုအေပၚေရာက္ေတာ့ ဖုန္းကိုအရင္ရွာမိသည္။ အျမဲတမ္းလက္ထဲကိုင္မထားျဖစ္တဲ့ဖုန္းက ေမြ ့ယာေပၚမွာ ပိုးလို ့ပက္လက္။
ျမန္ျမန္ဆန္ဆန္ေကာက္ယူပီး
"ေတာသူေဌးေယာက်ာ္း"ဆိုတဲ့နာမည္ေလးကိုေခၚလိုက္၏။
တတီတီဝင္သြားတဲ့ ဖုန္းသံက သိပ္ႀကာႀကာေတာ့မေစာင့္လိုက္ရ။
"သက္ပံု "
ဟယ္လိုမထူးပဲ နာမည္ကိုခ်က္ျခင္းေခၚလာတာမို ့သက္ပံု ေက်နပ္သေဘာက်သြားတာေႀကာင့္
"ငါမင္းကိုလြမ္းလို ့"
"……"
အေတာ္ႀကာတိတ္သြားပီးမွ
"က်ြန္ေတာ္ မႏၱေလးကိုမသြားခ်င္ေတာ့ဘူး"
"ဟမ္! ဘာလို ့လဲ။ ခုေတာင္ လမ္းတဝက္ေလာက္ေရာက္ေနျပီမို ့လား"
စိုးရိမ္တႀကီးအေလာသံုးဆယ္ သက္ပံုျဖစ္သြားတယ္။
ေကာင္းစင္သန္ ့ခ်ီ ေနမ်ားမေကာင္းလို ့လား။
လွဳိင္းလဲမမူးတက္ပါဘူးဟူတဲ့ အေတြးေတြကို ေတာင္စဥ္ေရမရေလ်ွာက္ေတြးေနမိ၏
"မဟုတ္ဘူး ။ "
"ဒါဆိုဘာျဖစ္ရတာလဲ"
"ခင္္ဗ်ားကို လြမ္းတယ္။ ေနာက္ကိုခင္ဗ်ားမပါပဲ ဘယ္မွမသြားေတာ့ဘူးသက္ပံု"
ိလက္ထဲကေခါင္းအုန္းကို တိုးဖက္မိသြာသည္။
ေကာင္းခ်ီ အသည္းယားေအာင္လုပ္ေနျပန္ပါပီ။
"ငါေယာက်ာ္းကို ငါကလဲ တစ္ေယာက္ထဲေနာက္ကိုေပးမလႊတ္ေတာ့ဘူး"
ခပ္ျမဴးျမဴးေလး ေကာင္းခ်ီကို အီေပးလိုက္ေတာ့ အသံထြက္မလာေတာ့။
မႀကာဘူး ဖုန္းခ်သြား၏။
သံုးႀကိမ္တိတိဖုန္းျပန္ေခၚတာေတာင္မကိုင္ေတာ့ေပ။
သူ ့ေယာက်ာ္းကတကယ္ရုိးသားတဲ့သူဆိုတာကို အီစီကလီရုိက္ခ်င္တဲ့သက္ပံု ေမ့သြားတယ္။
ခ်စ္တဲ့အိမ္စည္။
>>>>>>>><<<<<<<<>
"သက်ပုံ ဒါလေး ကျွန်တော်ဘယ်နားထားရမလဲ "
လက်ထဲမှာပွေ့ ထားတဲ့ အစုံထည့်ထားတဲ့ ဂျပ်ဖာလေးကို ပွေ့ လို့ ကောင်းချီမေးလာတယ်။
ဒီနေ့ သက်ပုံတို့ အိမ်ပြောင်းလာတဲ့နေ့ ။
မြောက်ဖက်ကအသစ်ဝယ်တဲ့ ဒေါ်အံ့မင်းခြံလွတ်မှာ အိမ်သစ်ဆောက်လိုက်တာ
သိန်း၆၀၀လောက်ကုန်သွားပေမဲ့ တန်တယ်ပြောရမယ်။
ပန်းရောင်နုနု သုတ်ထားတဲ့ နှစ်ထပ်ခွဲ
တိုက်က တံငါကုန်းရွာမှာ ပထမဆုံးနဲ့ အလှဆုံးပဲ။
အောက်ထပ် တစ်ထပ်လုံးဟောခန်းကျယ်ကြီးလုပ်ထားတယ်။
အိမ်အတွင်းပိုင်းမှာ အခန်းတစ်ခန်းတောင်ထည့်မထားဘူး။
အပေါ်ထပ်တက်ဖို့ လှေကားရဲ့ဘေးမှာ
အိမ်သာရေချိုးခန်းတစ်ခုစီနဲ့ ခပ်ကျယ်ကျယ်ရှိတဲ့ မီးဖိုခန်းတခုကိုပဲရိုးရိုးရှင်းရှင်း အောက်ထပ်မှာထားတယ်။
အပေါ်ထပ်မှာတော့ သက်ပုံတို့ နှစ်ယောက်အတွက် သီးသန့် ကမ္ဘာလေးတစ်ခု
ဖန်တီးထား၏။
အရင်က ခပ်သေးသေးပန်းရောင်လွင်ပြင်ငယ်ကနေ ခုတော့ တထပ်လုံးအသုံးဆောင်တွေက အစ ပန်းနုရောင်လွင်ပြင်ကျယ်ဖြစ်လို့ နေတယ်။
နှစ်ထပ်ခွဲဖြစ်လို့ အပေါ်ဆုံးထပ်မှာ
ညညဆို သက်ပုံတို့ နှစ်ယောက်သား
ကြယ်တွေကြည့်ပီးအေးအေးဆေးဆေးထိုင်လို့ ရ၏။
"အခန်းထဲသာယူသွားတော့။
ငါ့ကိုနောက်တခါ လျှောက်ဝယ်ပေးရင်
မင်းနဲ့ ငါတွေ့ မယ်"
အစုံထည့်ထားတဲ့ ပစ္စည်းတွေထဲမှာ
ဟိုဖက်အိမ်ငယ်က သက်ပုံ အသုံးအဆောင်တွေများသာ။
တခါတလေ မလိုအပ်တာတွေများလွန်းလို့ တားမြစ်ခဲ့သော်လဲ ကောင်းချီက
ဒါနဲ့ ပတ်သတ်ရင် စကားကိုသိပ်နားထောင်တက်သူမဟုတ်။
"ခင်များရယ်"
တားမြစ်လိုက်တာကို မလိုက်နာ ချင်ဟန်
ဖြင့် အခန်းထဲမဝင်ဘဲ ဂျပ်ဖာလေးပိုက်ကာ သက်ပုံကို လှမ်းကြည့်နေ၏။
"ဘာမှဆက်ပြောဖို့ မကြိုးစားနဲ့
ကောင်းစင်သန့် ချီ။ သွား…အဲ့ဒါတွေ
အခန်းထဲ သွားထားပြီး…ဒီကိုလာခဲ့"
ပြတ်သားစွာ အမိန့် ပေးပြီးနောက်မှာ
အခန်းထဲကိုပေစောင်းပေစောင်းဝင်သွားလေသည်။
ကောင်းစင်သန့် ချီ အရင်လို မလိမ်မာတော့ပီ။
ဗလာစာအုပ် တအုပ်နီးပါးလောက်ရှိတဲ့ ဝယ်စရာ တွေရေးထားသော စာရင်းစာအုပ်သည် သက်ပုံစဉ်းစားမိသလောက်
ဖြစ်ပေမဲ့ အစုံမပါသေး။
တမနက်လုံး တကုတ်ကုတ်ရေးထားတောင် လိုနေသေးတဲ့ အမျိုးအမည်တချို့
ကို ကောင်းချီ ထပ်ဖြည့်လိမ့်မည်။
"ကဲပြော …ကျွန်တော်ကို ဘာခိုင်းမလို့ လဲ"
ကြမ်းပြင်ပေါ်ထိုင်ပီး မှန်စားပွဲပုလေးပေါ်စာငုံ့ ရေးနေတဲ့ သက်ပုံဘေးဝင်ထိုင်ရင်း
ကောင်းချီမေးလာ၏
"ဒါလေး… လိုတာမင်းဆက်ဖြည့်လိုက်တော့… "
စာရင်းစာအုပ်ကို မေးငေါ့ပြပီး သက်ပုံ ကတော့ ကောင်းချီပေါင်ပေါ်ခေါင်းတင်ကာအောက်မှာပဲ လှဲအိပ်လိုက်သည်။
"သက်ပုံ "
"အင်း"
ခပ်ဖွဖွထိတွေ့ နေတဲ့ ဦးခေါင်းထပ်က
လက်ချောင်းတွေကြောင့် သက်ပုံ
မျက်လုံးတွေမှေးမှိတ်ထားရင်း တိုးလျစွာထူးလိုက်၏။
ခေါင်းကိုင်ရင် အိပ်ချင်တဲ့ သက်ပုံက
ညင်ညင်သာသာလေး ထိကိုင်တက်တဲ့
ကောင်းချီကြောင့် အမြဲ ဇိမ်ယူပီး
အိပ်ပျော်တက်စမြဲ။
"မနက်ဖန် ကျွန်တော်တစ်ယောက်ထဲ မသွားချင်ဘူး ။ လိုက်ခဲ့ဖို့ ကျလဲ သက်ပုံ
ပန်းမှာစိုးတယ်။ ကျွန်တော်ခင်များနဲ့ မခွဲချင်ဘူး သက်ပုံ…… "
ကောင်းချီရဲ့ ဆွေးမြေ့တဲ့ အပြောကြောင့်
သက်ပုံ မှိတ်ထားတဲ့ မျက်လုံးကိုမဖွင့်ပဲ
ခေါင်းပေါ်ကကောင်းချီလက်ကိုဆွဲနမ်းလိုက်တယ်။
"ငါလဲ မင်းကိုခွဲချင်ပါ့မလား။
အိမ်မှာလဲ ငါမရှိပဲ ထားခဲ့လို့ မရဘူးဆိုတာမင်းသိရက်နဲ့ ။ မင်းပြန်လာတာနဲ့
တခါထဲ
ငါဆိုင်ဖွင့်ဖို့ ပြင်ဆင်ထားရအုန်းမယ်။
မအားပါဘူးကွာ။ ကိုထက်နဲ့ သာ သွားလိုက်ပါ "
မနက်ဖန် ကောင်းချီ မန္တလေးကို ဈေးဝယ်သွားမှာ ဖြစ်သည်။
ဒီအလုပ်က ကောင်းချီအတွက် မခဲရင်းတဲ့ အလုပ်မို့ စိတ်တော့ပူစရာမရှိ။
အရောင်းများတဲ့ ကုန်စာရင်းကအစ
ကောင်းချီက သိထားပီးသားမို့
ကြည့်ပီးဝယ်လာလိမ့်မည်။
ဒါတောင် လုပ်စရာရှိတာတွေကို လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ကြိုလုပ်ထားလို့ ။
လုပ်ငန်းတခုက လုပ်ဖို့ က အပြောပဲလွယ်တာ ။ လက်တွေ့ ဘယ်လောက်ပန်းလဲ ဆိုတာ ကိုယ်အသိဆုံး။
သွားလိုက်ရတဲ့ မြို့ လေးဆိုတာကလဲ
ခနခနပဲ။
ကိုယ်ကုန်ကားနဲ့ ကိုယ်မို့ သာ တော်ရော့သည်။
"အင်းပါ … ခင်များ အိပ်ချင်ရင် အိပ်လေ ။ ကျွန်တော် လိုတာထပ်ဖြည့်ထားလိုက်မယ်။ "
သက်ပုံ ဘေးကိုစောင်းအိပ်ကာ ကောင်းချီ ခါးကိုဖက်လိုက်သည်။
အမွှေးရနံ့ သိပ်မကြိုက်တက်တဲ့ ကောင်းချီဆီမှာ များသောအားဖြင့် ဆပ်ပြာမွှေး
နံ့ တချို့ နဲ့ သိပ်မပြင်းတဲ့ ချွေးနံ့ တချို့ သာ ရတက်သည်။
ဒါကိုပင် သက်ပုံ သဘောကျနှစ်ခြိုက်ရတာဖြစ်သည်။
ဒီလိုရိုးသားတဲ့ အဖိုးတန် တံငါကုန်းသားလေးကိုသက်ပုံ လက်မလွှတ်ပေးနိုင်အောင်ချစ်ရပါသည်။
-
-
-
ဒီနေ့ ကောင်းချီ မန္တလေးကို ဈေးဝယ်သွား၏။
အပြန်မှာ အမြန်ယာဉ်နဲ့ ရေလမ်းကနေ ပြန်ခဲ့မည်ဖြစ်ကြောင်းကိုလဲပြောသွားသည်။
ဈေးကုန်များသည်ကြောင့် ဆိပ်ကမ်းထိ ကပ်ပေးမှ အဆင်ပြေလိမ့်မည်။
ဂိတ်ကတော့ အဆင်ပြေအောင်ကြည့်လုပ်ပေးမည်လို့ တော့ပြောတာပဲ။ မဟုတ်ရင် ရေလယ်ခေါင် ထိ စက်လှေနဲ့ ကုန်အများကြီးထွက်သယ်ဖို့ အဆင်မပြေနိုင်။
ပထမဆုံးအစဆိုတော့ ပစ္စည်းကနည်းနည်းများသည်။
သေချာစီစစ်ဝယ်ရမှာဆိုတော့ အနည်းဆုံးသုံးလေးရက်ကြာနိုင်သည်။
"ကိုသက် မှန်ကောင်တာတွေ…ဘယ်နားကပ်ရမလဲ"
မနေ့ က ကိုထက်မြို့ လေးကနေ သွားဝယ်ခဲ့တဲ့မှန်ကောင်တာနဲ့ အလူမီနီယမ်စင်တွေက အိမ်ပေါက်ဝမှာ ရှုပ်နေ၏။
ပတ်ပတ်လည်လှည့်ကြည့်ပီး ဘယ်နားထားရမလဲ ခေါင်းခြောက်အောင် သက်ပုံစဉ်းစားနေရသည်။
ဈေးသည်အလုပ်က တကယ်ခက်လိုက်တာ။
တချို့ ဈေးဆိုင်တွေများလူစိတ်ဝင်စားအောင်…မဝယ်ချင်ဝယ်ချင်အောင် ခင်းကျင်းထားလိုက်တာများ။
"အဆင်ပြေသလိုသာထားလိုက်ပါတော့။
ငါတကယ်ခေါင်းကိုက်နေပီ။ "
"ဒါများကိုသက်ရာ ဒေါ်လေးအေးကြည်ကိုသာ ခေါ်လိုက် ။ သူက ဈေးခင်းတဲ့နေရာမှာ ဆရာမကြီးဗျ"
ဖိုးသားအကြံ ကြောင့် သက်ပုံ မျက်ခုံးတွေပင့်လိုက်သည်။
ခါတိုင်းရောက်လာတက်တဲ့ ဒေါ်လေးအေးကြည်သည်ခုတလော အိမ်မှာ သူ့ သမီးပြန်ရောက်နေလို့ အလည်မလာတာသုံးရက်လောက်ရှိနေပြီ။
"ဒါဆိုလဲ သွားခေါ်လိုက် ။ ငါ တကယ် မလုပ်တက်တော့ဘူး။ "
"အင်း အဲ့ဒါဆို ကျွန်တော်သွားလိုက်မယ်။ "
ဖိုးသားထွက်သွားတော့ သက်ပုံ အငြိမ်မနေအား။
လေဝင်လေထွက်အပေါက်ပါတဲ့ ခြင်းတွေထဲကို ကြက်သွန်နီ ကြက်သွန်ဖြူ အာလူး စတဲ့ အထားခံတဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်းတွေကို အရင်ထည့်နှင့်သည်။
ဆိုင်မှာ မုန့် ပဲ သရေစာနဲ့ အခြောက်အခြမ်း အစုံထားမည်။
အတက်နိုင်ဆုံး အရောင်းနည်းနိုင်ရင်တောင် မေးလိုက်တာနဲ့ မရှိတာမရှိအောင် ဆိုင်မှာ တင်ထားနိုင်ဖို့ ကြိုးစားရမည်။
ခနကြာတော့ ဆိုင်ကယ်သံခပ်ကျယ်ကျယ်နဲ့ အတူ ဒေါ်လေးအေးကြည်က လှုပ်လီလှုပ်လဲ့ ဝင်လာ၏။
"ခုထိဘာမှလဲ မပြီသေးပါ့လားသက်ပုံရယ်။ ဖိုးသား ကောင်တာတွေကို အလယ်မှာ ဒေါင်လိုက်သွားစီ။ "
စဝင်လာတာနဲ့ တခါထဲ ခိုင်းလိုက်တာကြောင့် သက်ပုံ လုပ်လက်စအလုပ်ချကာဖိုးသားနဲ့ အတူဝိုင်းလုပ်ရသည်။
မှန်ကောင်တာတွေမှာ ဘီးလုံးထည့်ထားသည်မို့ တွန်းရရွေ့ ရတော့ လွယ်သည်။
ဒေါ်လေးလာမှ အစောက ဘယ်ထားရမှန်းမသိတဲ့ နေရာအထားအသိုသည် ခနလေးနဲ့ အစီအရီဖြစ်သွားသည်။
မှန်ကောင်တာတွေထဲမှာ အလှကုန်နဲ့
တခြားအသေးအမွှားတွေထားမှာမို့
အလယ်လျှောက်လမ်းမှာ ထားပီး
စင်တွေကိုတော့ နံရံမှာ ကပ်ပစ်လိုက်သည်။
"ဒေါ်လေးလာမှပဲ အဆင်ပြေတော့တယ်။ "
"နောက်တော့ မင်းတို့ နားလည်သွားမှာပါ ။ အစဆိုတော့ ဒီလိုပဲ ဘယ်လုပ်တက်မလဲ"
"ထမင်းစားမလားဒေါ်လေး။ ကြက်သားကြော်ထားတယ်"
ကောင်းချီမရှိတာမို့ ထွေထွေထူးထူးချက်ပြုတ်မထားတာမို့ တခွက်တည်းသောဟင်းလျာနဲ့ ဒေါ်လေးကိုမျက်နှာလုပ်လိုက်သည်။
"စားခဲ့ပီ…ရောက်တုန်းမြရင် တို့ အိမ်ဖက်သွားအုန်းမယ်။ "
ဒေါ်လေးအေးကြည်က သူ့ ညီမတော့အတော်ချစ်ရှာသည်။
ရောက်ရင် ဒေါ်လေးမြရင်အိမ်ဖက်ကိုတော့ ခဏဖြစ်ဖြစ်ရောက်အောင်သွားသည်။
ဆန်ကအစ အလကားမပေးနိုင်ရင်တောင် အမြတ်မစားပဲ အရင်းအတိုင်းပေးတက်သည်။
ဒေါ်လေး ထွက်သွာတော့ အိမ်မှာ သက်ပုံတစ်ယောက်ထဲ ကျန်ခဲ့သည်။ ဖိုးသားက သူ လုပ်စရာရှိတာလုပ်ပေးပြီးgameဆော့ဖို့ ပြေးပီ။
ဘယ်သူမှမရှိတဲ့ အိမ်မှာ သက်ပုံတစ်ယောက်ထဲပျင်းခြောက်ကြီးဖြစ်နေလျက်။
သူတကယ် ကောင်းစင်သန့် ချီလေးကို
လွမ်းနေပါပီ။
သုံရက်မပြောနဲ့ တရက်တောင် နေရတာ
အဆင်မပြေဘူး။
ပစ္စည်းပုံကို ဒီတိုင်းထားခဲ့ပြီး သက်ပုံ
အပေါ်ထပ်ကို သွက်လက်စွာ တက်လာရင်းနှုတ်မှလဲ………
"မဖြစ်တော့ဘူး ကောင်းချီလေးရေ။
ငါမင်းကို မတရားကြီးလွမ်းနေပီ "ဟု အော်လိုက်သေး၏။
ုအပေါ်ရောက်တော့ ဖုန်းကိုအရင်ရှာမိသည်။ အမြဲတမ်းလက်ထဲကိုင်မထားဖြစ်တဲ့ဖုန်းက မွေ့ ယာပေါ်မှာ ပိုးလို့ ပက်လက်။
မြန်မြန်ဆန်ဆန်ကောက်ယူပီး
"တောသူဌေးယောကျာ်း"ဆိုတဲ့နာမည်လေးကိုခေါ်လိုက်၏။
တတီတီဝင်သွားတဲ့ ဖုန်းသံက သိပ်ကြာကြာတော့မစောင့်လိုက်ရ။
"သက်ပုံ "
ဟယ်လိုမထူးပဲ နာမည်ကိုချက်ခြင်းခေါ်လာတာမို့ သက်ပုံ ကျေနပ်သဘောကျသွားတာကြောင့်
"ငါမင်းကိုလွမ်းလို့ "
"……"
အတော်ကြာတိတ်သွားပီးမှ
"ကျွန်တော် မန္တလေးကိုမသွားချင်တော့ဘူး"
"ဟမ်! ဘာလို့ လဲ။ ခုတောင် လမ်းတဝက်လောက်ရောက်နေပြီမို့ လား"
စိုးရိမ်တကြီးအလောသုံးဆယ် သက်ပုံဖြစ်သွားတယ်။
ကောင်းစင်သန့် ချီ နေများမကောင်းလို့ လား။
လှိုင်းလဲမမူးတက်ပါဘူးဟူတဲ့ အတွေးတွေကို တောင်စဉ်ရေမရလျှောက်တွေးနေမိ၏
"မဟုတ်ဘူး ။ "
"ဒါဆိုဘာဖြစ်ရတာလဲ"
"ခင်များကို လွမ်းတယ်။ နောက်ကိုခင်များမပါပဲ ဘယ်မှမသွားတော့ဘူးသက်ပုံ"
ိလက်ထဲကခေါင်းအုန်းကို တိုးဖက်မိသွာသည်။
ကောင်းချီ အသည်းယားအောင်လုပ်နေပြန်ပါပီ။
"ငါယောကျာ်းကို ငါကလဲ တစ်ယောက်ထဲနောက်ကိုပေးမလွှတ်တော့ဘူး"
ခပ်မြူးမြူးလေး ကောင်းချီကို အီပေးလိုက်တော့ အသံထွက်မလာတော့။
မကြာဘူး ဖုန်းချသွား၏။
သုံးကြိမ်တိတိဖုန်းပြန်ခေါ်တာတောင်မကိုင်တော့ပေ။
သူ့ ယောကျာ်းကတကယ်ရိုးသားတဲ့သူဆိုတာကို အီစီကလီရိုက်ချင်တဲ့သက်ပုံ မေ့သွားတယ်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz