ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

32

eainsi23

"ေမေမ ေဆးေလးေသာက္ရေအာင္ "

ေခ်မြထားတဲ့ေဆးမွဳန္႔ေတြကိုေရနဲ ့ေဖ်ာ္ကာနွုတ္ခမ္းဖ်ားမွာဇြန္းနဲ ့ေတ့ပီးတိုက္လိုက္ေသာ္လည္း ေခါင္းရမ္းပီးျငင္းပယ္လာသည္။

"မေသာက္ခ်င္လို ့မရဘူးေလ။
ေမေမက လိမ္မာပါတယ္။ ဒါေလးေတာ့ကုန္ေအာင္ေသာက္လိုက္ပါေနာ္"

ေခ်ာ့ေမာ့တိုက္ဖို ့ႀကိဳးစားေနေသာ္ျငား
ေစာင္းထားတဲ့ေခါင္းကို ျပန္လွည့္မေပး။
အရင္ကနဲ ့မတူစြာပိန္လွီေဖ်ာ့ေတာ့ေနတဲ့
မိခင္ကို သက္ပံု ႀကည့္ရင္းေဝ့သီလာတဲ့
မ်က္ရည္စေတြကိုခိုးသုတ္လိုက္သည္။
ဒီေန ့နဲ ့ဆို ေမေမ ့ဆီလာျပဳစုေနတာ
သံုးပတ္နီးပါးရွိခဲ့ျပီ။
တိုးတက္မလာပဲ ပိုဆိုးလာတဲ့ အေျခအေနက မ်က္ျမင္ကိုယ္ေတြ ့မို ့အတက္နိုင္ဆံုးစိတ္ကို ႀကိဳစားတည္ေဆာက္ထားေပမဲ့ လက္ေတြ ့မွာေတာ့ခံႏိုင္ရည္မရွိေသး။

ကိုယ္တိုင္လည္း ဆရာဝန္တစ္ေယာက္ျဖစ္ေတာ့မဲ့ဆဲဆဲထိ ေက်ာင္းတက္ခဲ့သည္မို ့
ဒီအေျခေနကိုနားလည္သည္။

"ကိုသက္"

"ဗ်ာ !ေမေမ"

တိုးဖြဖြအသံကမနည္းအားယူေျပာေနရသလို။
တကယ္ဆို သက္ပံုမရွိခဲ့တဲ့ လပိုင္းေလာက္နဲ ့ေမေမကို ဒီေလာက္ျဖစ္သြားမယ္ေတာင္ထင္မထားခဲ့။
ေက်ာက္ကပ္ကင္ဆာတဲ့။
လြန္မွသိတဲ့ ေရာဂါဆိုးကို ေငြအပံုလိုက္ခ်ကုေသာ္လည္း မသက္သာခဲ့ေပ။

"ေမေမ…ေတာင္းပန္…ပါတယ္"

"မဟုတ္တာ… က်ြန္ေတာ္ကသာ
ေမေမ့ကိုေတာင္းပန္ရမွာပါ။
မိသားစုကိုအရွက္ရေအာင္ လုပ္ခဲ့မိတဲ့အတြက္ က်ြန္ေတာ္ေမေမတို ့ကို မ်က္နွာျပဖို ့ခက္ခဲခဲ့တာပါ"

သက္ပံုေမေမလက္ကိုဆြဲကာ တဖြဖြေတာင္းပန္ေနခဲ့မိသည္။
ေမာပန္းစြာ အသက္ရွဳသြင္းေနရတဲ့ေမေမသည္ သက္ပံုကို ခြင့္လႊတ္တဲ့အႀကည့္ေတြနဲ ့နွစ္သိမ့္ေနပါေသာ္ျငား ေမေမကိုတကယ္အားနာမိပါသည္။
အရင္ကတည္းက  သက္ပံုကို
ေဖေဖထပ္စာရင္ နားလည္ေပးဖို ့ႀကိဳးစားခဲ့ဘူးတဲ့ေမေမကို မိသားစုနဲ ့
ေရာပီး စိတ္နာခဲ့မိသည္။

"ကိုငယ္……ေဖေဖက စကားေျပာရေအာင္တဲ့"

အခန္းထဲဝင္လာတဲ့ အငယ္မ နွုတ္ခမ္းလွဳပ္ရုံ သာေျပာေပမဲ့ သက္ပံုႀကားရပါသည္။
ဘာေတြမ်ား ေျပာႀကအုံးမွာလဲ။
ေရာက္ကတည္းက သိသိသာသာမဟုတ္ေပမဲ့ စကားေျပာတဲ့ အမူယာေတြထဲမွာ ဖခင္ေရာ အကိုနွစ္ေယာက္လံုးေရာလိုလားဟန္တစက္မွမျပ။
အငယ္မကေတာ့ နိုင္ငံျခားမွာေနခဲ့သူ
ျဖစ္တာေႀကာင့္ အံႀသခဲ့ေပမဲ့ နားလည္ေပးခဲ့၏။

ေမေမေႀကာင့္သာမဟုတ္ရင္ သက္ပံုအိမ္ကို
ျပန္လာမိမွာမဟုတ္ေပ။
အငယ္မလက္ထဲကို ေမေမ့ကိုအပ္ကာ
သက္ပံုအျပင္ထြက္ခဲ့လိုက္သည္။
ဧည့္ခန္းမွာ မျမင္တာႀကာတဲ့ ကိုလတ္
ေရာ ကိုႀကီးေရာ ေဖေဖနဲ ့အတူထိုင္
ေနႀက၏။
လြတ္ေနတဲ့ ဆိုဖာမွာဝင္ထိုင္ပီး
ေျပာမဲ့စကားကိုသာ ေစာင့္ေနလိုက္တယ္။
ေျပာႀကစမ္းပါ။ ဘာေတြေျပာေျပာ
ရင္ဘတ္ထဲကထံုေနပီမို ့သိပ္ႀကီးမနာက်င္ေလာက္ေတာ့ဘူးထင္တာပဲ။

"မင္းအေမအေျခအေနကို မင္းသိမွာပါ။
စကားေတြရွည္ရွည္ေဝးမေျပာခ်င္ဘူး
သက္မင္းပံု။
သတင္းစာထဲမွာ တိုင္းသိျပည္သိအေမြျဖတ္လိုက္ကတည္းက မင္းနဲ ့ငါတို ့မိသားစု ဘယ္လိုမွဆက္ပတ္သတ္ဖို ့
မျဖစ္နိုင္ေတာ့ဘူး။
လက္သင့္လဲမခံနိုင္ဘူး။ အဲ့ေတာ့
မင္းလုပ္သင့္တာလုပ္ပီးတဲ့အခ်ိန္ေရာက္
ရင္ေတာ့ မင္းဘဝမင္းဆက္ေလ်ွာက္ပါ"

သက္ပံု ျပံဳးလိုက္၏။
ဖေအက သားတစ္ေယာက္ကိုေခၚေျပာတဲ့ စကားေတြကဒါေတြလား။
က်စ္က်စ္ပါေအာင္ဆုပ္ထားတဲ့ လက္သီးဆုပ္ကို ျဖည္ပီး အနည္းငယ္ေခ်ြးထြက္ေနတဲ့ လက္ဖဝါးေတြကို ေဘာင္းဘီနဲ ့
မသိမသာသုတ္လိုက္သည္။
ဟင္း……သူဘာေတြမ်ားေမ်ွာ္လင့္ခဲ့မိတာလဲ။

"ေဖေဖေျပာခ်င္တာ ဒါပဲမို ့လား။
ဒီအိမ္ကိုေျခခ်ကတည္းက ေမေမမ်က္နွာတခုထဲေႀကာင့္ဆိုတာ သိေအာင္တခါထဲေျပာခဲ့လိုက္မယ္။
သားတစ္ေယာက္ရဲ့တာဝန္ ျပီးဆံုးသြားရင္ တစ္စကၠန္ ့ေတာင္ မေနဘူးဆို သိထားေပးပါ။
ေနာက္ေနာင္ ဒီမိသားစုမွာ ေသေရးရွင္ေရးျဖစ္လာရင္ေတာင္ က်ြန္ေတာ္က
လာေတာ့မွာမဟုတ္လို ့စိတ္ခ်ထားလို ့ရပါတယ္။ "

ေျပာစရာစကားကုန္ဆံုးသြားပီမို ့
သက္ပံု မတ္တပ္ထ ရပ္လိုက္သည္။

"ေတာက္! သက္မင္းပံု မင္းကေဖေဖကိုေတာင္တခြန္းမက်န္ျပန္ေျပာရဲတယ္ေပါ့ ။ ေတြ ့လား ! ေဖေဖ့သားအခ်ိဳးေတြကို …အဲ့ဒါေႀကာင့္ ေခၚမေပးနဲ ့လို ့ေဖေဖတို ့ကိုေျပာတာ။ ဘယ္ေလာက္လူပါးဝတဲ့အေကာင္လဲ "

"ဟုတ္တယ္ ကိုႀကီးေျပာတာမွန္တယ္။
သားပတ္ဝန္းက်င္မွာလဲ ဒီေကာင့္ေႀကာင့္ဘယ္ေလာက္အရွက္ရခဲ့လဲ။
ဒီလို မေကာင္းတဲ့ဗီဇပါတဲ့ေကာင္ကို
မပါတ္သတ္တာ အေကာင္းဆံုးပဲ "

ေနာက္ပါးကေန လႊင့္လာတဲ့ အသံေတြကို မႀကားခ်င္ေပမဲ့ သက္ပံုအံႀကိတ္နားေထာင္ခဲ့သည္။
ဒါေတြသာ ေကာင္းခ်ီႀကားရင္ဘာေျပာ
မလဲ။
မိဘအိမ္က ေအးျမသည္တဲ့။
ဒါေတြက သက္ပံုအတြက္မဟုတ္ခဲ့ပါ။
သက္ပံုအတြက္ အလံုျခံဳဆံုးနဲ ့အေႏြးေထြးဆံုးက ေကာင္းစင္သန္ ့ခ်ီရဲ့အိမ္ေလးသာျဖစ္၏။

တံငါကုန္းရြာကို ျပန္ခ်င္ျပီ။

ေကာင္းခ်ီနဲ ့ေဝးေနတာ တလျပည့္ေတာ့မယ္။
ဖုန္းဝယ္ေပးခဲ့ေသာ္လည္း ေနစိမ့္သူက
တစ္ေခါက္ေတာင္ မဆက္ခဲ့ေပ။
ေမေမေဘးမွာ အခ်ိန္တိုင္းေနေပးရင္း
ေကာင္းခ်ီကိုလြမ္းမိေပမဲ့ အက်ိဳးအေႀကာင္းဖုန္းဆက္မေမးခဲ့တဲ့ ေကာင္းခ်ီကို
ေဒါသလဲ ထြက္ရသည္။

ဒီခ်ိန္မွာ သက္ပံုဘာျဖစ္ေနမလဲဆိုတာ
ေကာင္းခ်ီအသိဆံုးျဖစ္မွာပါ။
ေကာင္းခ်ီရဲ့ အားေပးစကားေတြနဲ ့
ခင္ဗ်ားရယ္…ဆိုတဲ့ မခ်င့္မရဲသံေလးကိုသာႀကားရရင္ ဒါေတြကုိသက္ပံုရင္ဆိုင္
ေကာင္းနိုင္ပါရဲ့။

ဒါေပမဲ့ ေကာင္းစင္သန္ ့ခ်ီက
အဲ့ဒီေန ့ ရြာကိုျပန္မဲ့ မနက္ခင္း မွာ
အိမ္ေရွ ့ကိုလိုက္ပို ့ခဲ့ျပီး
ထားခဲ့တဲ့အတိုင္းတခါေလးေတာင္မဆက္သြယ္ခဲ့ပါ။

ဝမ္းနည္းစိတ္မေက်နပ္စိတ္အလံုးစံုကို
ေကာင္းခ်ီကိုလႊဲခ်ပီး …ေမေမရွိတဲ့ အခန္းထဲကိုျပန္ဝင္ခဲ့လိုက္သည္။

-------

" ဟဲ့ဖိုးသား…လာဦး ..ဒီကို "

ေဒၚျမရင္ လက္ယပ္ကာ လွမ္းေခၚလိုက္သည္။

"သိပ္မစားဘူးအေမရာ။ တေန ့တေန ့
ကိုေကာင္းထမင္းဘယ္ေလာက္စားသလဲပဲေမးေနေတာ့တာပဲ။ သူ မဆာလို ့မစားတာေပါ့"

သံုးလံုးခ်ိဳင့္ဆင့္ေလးကိုင္ထားတဲ့ဖုိးသားက
အိမ္ေပၚတက္မဲ့ေျခလွမ္းေတြကို ျပန္သိမ္းကာ အိမ္ေဘးမွာ တံျမတ္စည္းကိုင္ပီးရပ္ေနတဲ့ မိခင္ကိုႀကည့့္ပီး မေက်မနပ္ေအာ္ေျပာလိုက္သည္။
ေန ့တိုင္းနီးပါးေမးေလ့ရွိတဲ့ေမးခြန္းေတြကိုေျဖရမွာ တကယ္ပ်င္းေနျပီေလ။

ကေလးပီပီ … သူမေက်နပ္တာကိုထုတ္ေဖာ္ေနတဲ့ သားျဖစ္သူကိုမ်က္ေစာင္းထိုးကာ လက္ထဲကလွဲေနတဲ့ တံျမတ္စည္းကို ျခံေထာင့္မွာသြားေထာင္လိုက္သည္။
သက္ပံုျပန္မလာတာ တစ္လျပည့္ေတာ့မယ္။
မစားမေသာက္နဲ ့ေကာင္းေကာင္းကလဲပံုမွန္မဟုတ္။
ဒါကိုကေလးျဖစ္တဲ့ဖိုးသားက နားမလည္တဲ့အျပင္ အလိုက္ကန္းဆိုးကနည္းနည္းမွမသိ။
ေဒၚျမရင္ အေတာ္စိတ္ညစ္ေနေလျပီ။
အမျဖစ္သူက တစ္အိမ္ပဲေက်ာ္တဲ့ ေကာင္းေကာင္းကို ခဏတိုင္းသြားႀကည့္ခိုင္းသည္။
သြားႀကည့္တိုင္းလည္း ခေရပင္ေအာက္မွာ ထုိင္ပီး ေငးခ်င္ရာေငးလို ့။
ေမးရင္လဲေျဖခ်င္မွေျဖသည္။
အဆိုးဆံုးကေတာ့ ထမင္းမစားတာပဲ။
မသိရင္ အသည္းကြဲေနတဲ့သူလိုပဲ။
ဟိုက အေမေနမေကာင္းလို ့ခဏသြားတာပါ။ဒါကို ဆယ္ဘဝေလာက္ျခားေနတဲ့အတိုင္း လုပ္ေနတဲ့ပံုကအေတာ္ အျမင္မတည့္ခ်င္စရာပဲ။
ကိုယ္ကအသက္အရြယ္ရလာလို ့လားမသိ…
ခုေခတ္လူငယ္ေတြရဲ့ အခ်စ္ေရးကို
နားကိုမလည္ေပးနိုင္ေတာ့ဘူး။

လြမ္းရင္လိုက္သြားလိုက္ပါ့လားဆိုေတာ့လဲမဟုတ္ရ။

"ခက္တယ္…ခက္တယ္။"

ေဒၚျမရင္တစ္ေယာက္ အိမ္ေပၚေလွကားေတြျဖတ္နင္းရင္း တူျဖစ္သူရဲ့
အေျခအေနကို အားမလိုအားမရျဖစ္ကာ
ဖ်စ္ေတာက္ ဖ်စ္ေတာက္ေျပာကာတက္သြားေလရဲ့။
-
-

ေလအေဝ့မွာ ခ်ိတ္တပ္မထားတဲ့ျပတင္းတံခါးက ပိတ္လိုက္ဖြင့္လိုက္နဲ ့
တလွဳပ္လွဳပ္ျဖစ္ေနသည္။

တက်ီက်ီျမည္ေနတဲ့ တံခါးေႀကာင့္
အိပ္ေပ်ာ္ေနရာမွ ေကာင္းခ်ီနိုးသြားခဲ့သည္။
ျဖစ္နိုင္ရင္ အခ်ိန္ေတြကုန္ေအာင္
အိပ္ပဲေပ်ာ္ေနခ်င္ေတာ့တယ္။

လြမ္းတယ္ ……
ခ်စ္တဲ့သက္ပံုေလးကို လြမ္းလြန္းလို ့
ေကာင္းခ်ီရူးသြားေတာ့မလားေတာင္ထင္ေနရပီ။

"ဟင္း! "

အေပၚကိုတင္သိမ္းထားတဲ့
ပန္းနုေရာင္ ျခင္ေထာင္ကို အဓိပၸါယ္မဲ့ေငးရင္း ေကာင္းခ်ီ သက္ျပင္းခ်လိုက္သည္။
ေဒၚေလးတို ့ဒီအခ်ိန္ဆို
ထမင္းခ်ိဳင့္လာပို ့ေပးျပီးေရာေပါ့။
တခ်ိန္လံုး ကိုယ္ေျခကိုယ့္လက္ေတာင္မသယ္ခ်င္ေတာ့လို ့ အိပ္ယာထဲမွာ ေခြေခါက္အိပ္ေနမိတာ ၂၈ရက္ရွိခဲ့ေလျပီ။
မေသရုံတမယ္
စားေနရေပမဲ့ လြမ္းတဲ့ စိတ္ေႀကာင့္
ထမင္းတလုတ္ေတာင္မဝင္လို ့အတင္းသြပ္ေနရသည္။

အျမဲအရိပ္အေခ် ႀကည့္ေနတဲ့ ေဒၚေလးတို ့ကိုအားနာေပမဲ့ ကိုယ့္ဝမ္းနာကိုယ္သာသိသည္။

"ေမႊးတယ္……သက္ပံုရဲ့ ကိုယ္သင္းနံ ့ေလးက…ဟင္း က်ြန္ေတာ္ေတာ့ရူးေတာ့မယ္ထင္တာပဲ သက္ပံုရယ္"

ေဘးမွာ အိပ္ေပ်ာ္ေနတဲ့ သက္ပံုေလးကိုေငးရင္း  ေကာင္းခ်ီတိုးတိတ္စြာဆိုမိ၏။
အျမဲျမင္ေတြ ့ေနရတဲ့ သက္ပံုရဲ့ ပံုရိပ္ေတြကို ေကာင္းခ်ီ ဖမ္းဆုပ္လို ့မရပဲသိေပမဲ့ ပါးျပင္နုနုကို လွမ္းထိေတြ ့လိုက္ေတာ့ ေလဟာျပင္ကိုသာ ထိေတြ ့မိလိုက္သည္။

"ထိေတြ ့ခြင့္မရွိတာ …ဝမ္းနည္းစရာပဲ ခင္ဗ်ားရယ္ ။
တေန ့လံုးဘယ္ေနရာႀကည့္ႀကည့္ခင္ဗ်ားပံုရိပ္ေတြပဲျပည့္ေနတယ္"

ျဖဴေလ်ာ့ေနတဲ့ နွုတ္ခမ္းသားကို ကိုက္မိခ်ိန္တြင္ ပါးျပင္ထပ္မွာ မ်က္ရည္တစ္ေႀကာင္းက ျဖတ္စီးသြား၏။
ဝမ္းနည္းစိတ္ကအေတာမသတ္နိုင္ေတာ့။
ျဖစ္နိုင္ရင္ သက္ပံုကို လိုက္ေခၚခ်င္သည္။
ဖုန္းေခၚခ်င္ေပမဲ့ အသံေလးႀကားရင္ သူေနနိုင္မွာမဟုတ္ေပ။
အရင္ကနွစ္ေယာက္ထဲေနခဲ့တုန္းက
မသိသာခဲ့တဲ့ တိတ္ဆိတ္မူ ့က တစ္ေယာက္ထဲဆိုေတာ့ ပိုပီး ေျခာက္ျခားစရာေကာင္းလြန္းတယ္။

ခေရပင္ေအာက္မွာ ပန္းေႀကြေတြမေကာက္နိုင္တာလဲ ႀကာပီသက္ပံု…။

ခုဆို အေႀကြပန္းတို ့ရဲ့ထံုးစံအတိုင္း
လူေတြရဲ့ ေျခေထာက္ေတြေအာက္မွာ
သနားစရာမ်ားျဖစ္ေနႀကပီထင္ပါတယ္သက္ပံုရယ္။
အားနာေပမဲ့ က်ြန္ေတာ္ ပစ္ထားမိတယ္သက္ပံု။ ေဘးနားမွာ ခင္ဗ်ားမွမရွိတာ။

ရာသီဥတုပူတယ္ သက္ပံု။
ဒါေပမဲ့ ခင္ဗ်ားအိမ္မွာ airconရွိတယ္မို ့လား။
ယပ္ေတာင္ေလးလည္း အေဖာ္မဲ့ေနရွာတယ္
ခင္ဗ်ားရယ္… ခပ္ေပးမဲ့သူရွိေပမဲ့ ျပံဳးျပံဳးေလး ဇိမ္ခံတက္တဲ့သူမွမရွိပဲ။

ခင္ဗ်ား လိမ္းဖို ့ေန ့တိုင္းသနပ္ခါးေတြေသြးထားမိတယ္…သက္ပံု။
လိမ္းမဲ့သူမရွိေတာ့ ေအာက္မွာ
ေျခာက္ေသြ ့ပ်စ္ခ်ြဲေနေပမဲ့
ျပန္လာတာနဲ ့ႀကံဳရင္ ေအးေအးေလးျဖစ္သြားေအာင္ဆီးႀကိဳလိမ္းေပးခ်င္တယ္အခ်စ္ရယ္။
ဟိုမွာေနတုန္း သံုးခဲ့တဲ့ aircon
ေလေအးေတြေႀကာင့္ ရြာျပန္ေရာက္ရင္
မိတ္ေတြထြက္မလားလဲ စိုးရိမ္မိလို႔ပါဗ်ာ..

ေဒၚေလးတို ့ေျပာတယ္သက္ပံု။
မင္းဟာက ပိုကိုပိုလြန္းတယ္တဲ့။
က်ြန္ေတာ္ အေရးမလုပ္လိုက္ဘူး။
ခံစားေနရတဲ့ ေဝသနာကို ခင္ဗ်ားပဲ
သိလိမ့္မယ္။

ဒီထပ္ပိုႀကာရင္ လြမ္းတဲ့စိတ္နဲ ့
က်ြန္ေတာ္ရူးသြားလိမ့္မယ္သက္ပံု။

ဒါေႀကာင့္ျပန္လာေပးပါေတာ့ဗ်ာ………

ခ်စ္တဲ့အိမ္စည္။

"မေမေ ဆေးလေးသောက်ရအောင် "

ချေမွထားတဲ့ဆေးမှုန့်တွေကိုရေနဲ့ ဖျော်ကာနှုတ်ခမ်းဖျားမှာဇွန်းနဲ့ တေ့ပီးတိုက်လိုက်သော်လည်း ခေါင်းရမ်းပီးငြင်းပယ်လာသည်။

"မသောက်ချင်လို့ မရဘူးလေ။
မေမေက လိမ်မာပါတယ်။ ဒါလေးတော့ကုန်အောင်သောက်လိုက်ပါနော်"

ချော့မော့တိုက်ဖို့ ကြိုးစားနေသော်ငြား
စောင်းထားတဲ့ခေါင်းကို ပြန်လှည့်မပေး။
အရင်ကနဲ့ မတူစွာပိန်လှီဖျော့တော့နေတဲ့
မိခင်ကို သက်ပုံ ကြည့်ရင်းဝေ့သီလာတဲ့
မျက်ရည်စတွေကိုခိုးသုတ်လိုက်သည်။
ဒီနေ့ နဲ့ ဆို မေမေ့ ဆီလာပြုစုနေတာ
သုံးပတ်နီးပါးရှိခဲ့ပြီ။
တိုးတက်မလာပဲ ပိုဆိုးလာတဲ့ အခြေအနေက မျက်မြင်ကိုယ်တွေ့ မို့ အတက်နိုင်ဆုံးစိတ်ကို ကြိုစားတည်ဆောက်ထားပေမဲ့ လက်တွေ့ မှာတော့ခံနိုင်ရည်မရှိသေး။

ကိုယ်တိုင်လည်း ဆရာဝန်တစ်ယောက်ဖြစ်တော့မဲ့ဆဲဆဲထိ ကျောင်းတက်ခဲ့သည်မို့
ဒီအခြေနေကိုနားလည်သည်။

"ကိုသက်"

"ဗျာ !မေမေ"

တိုးဖွဖွအသံကမနည်းအားယူပြောနေရသလို။
တကယ်ဆို သက်ပုံမရှိခဲ့တဲ့ လပိုင်းလောက်နဲ့ မေမေကို ဒီလောက်ဖြစ်သွားမယ်တောင်ထင်မထားခဲ့။
ကျောက်ကပ်ကင်ဆာတဲ့။
လွန်မှသိတဲ့ ရောဂါဆိုးကို ငွေအပုံလိုက်ချကုသော်လည်း မသက်သာခဲ့ပေ။

"မေမေ…တောင်းပန်…ပါတယ်"

"မဟုတ်တာ… ကျွန်တော်ကသာ
မေမေ့ကိုတောင်းပန်ရမှာပါ။
မိသားစုကိုအရှက်ရအောင် လုပ်ခဲ့မိတဲ့အတွက် ကျွန်တော်မေမေတို့ ကို မျက်နှာပြဖို့ ခက်ခဲခဲ့တာပါ"

သက်ပုံမေမေလက်ကိုဆွဲကာ တဖွဖွတောင်းပန်နေခဲ့မိသည်။
မောပန်းစွာ အသက်ရှုသွင်းနေရတဲ့မေမေသည် သက်ပုံကို ခွင့်လွှတ်တဲ့အကြည့်တွေနဲ့ နှစ်သိမ့်နေပါသော်ငြား မေမေကိုတကယ်အားနာမိပါသည်။
အရင်ကတည်းက  သက်ပုံကို
ဖေဖေထပ်စာရင် နားလည်ပေးဖို့ ကြိုးစားခဲ့ဘူးတဲ့မေမေကို မိသားစုနဲ့
ရောပီး စိတ်နာခဲ့မိသည်။

"ကိုငယ်……ဖေဖေက စကားပြောရအောင်တဲ့"

အခန်းထဲဝင်လာတဲ့ အငယ်မ နှုတ်ခမ်းလှုပ်ရုံ သာပြောပေမဲ့ သက်ပုံကြားရပါသည်။
ဘာတွေများ ပြောကြအုံးမှာလဲ။
ရောက်ကတည်းက သိသိသာသာမဟုတ်ပေမဲ့ စကားပြောတဲ့ အမူယာတွေထဲမှာ ဖခင်ရော အကိုနှစ်ယောက်လုံးရောလိုလားဟန်တစက်မှမပြ။
အငယ်မကတော့ နိုင်ငံခြားမှာနေခဲ့သူ
ဖြစ်တာကြောင့် အံသြခဲ့ပေမဲ့ နားလည်ပေးခဲ့၏။

မေမေကြောင့်သာမဟုတ်ရင် သက်ပုံအိမ်ကို
ပြန်လာမိမှာမဟုတ်ပေ။
အငယ်မလက်ထဲကို မေမေ့ကိုအပ်ကာ
သက်ပုံအပြင်ထွက်ခဲ့လိုက်သည်။
ဧည့်ခန်းမှာ မမြင်တာကြာတဲ့ ကိုလတ်
ရော ကိုကြီးရော ဖေဖေနဲ့ အတူထိုင်
နေကြ၏။
လွတ်နေတဲ့ ဆိုဖာမှာဝင်ထိုင်ပီး
ပြောမဲ့စကားကိုသာ စောင့်နေလိုက်တယ်။
ပြောကြစမ်းပါ။ ဘာတွေပြောပြော
ရင်ဘတ်ထဲကထုံနေပီမို့ သိပ်ကြီးမနာကျင်လောက်တော့ဘူးထင်တာပဲ။

"မင်းအမေအခြေအနေကို မင်းသိမှာပါ။
စကားတွေရှည်ရှည်ဝေးမပြောချင်ဘူး
သက်မင်းပုံ။
သတင်းစာထဲမှာ တိုင်းသိပြည်သိအမွေဖြတ်လိုက်ကတည်းက မင်းနဲ့ ငါတို့ မိသားစု ဘယ်လိုမှဆက်ပတ်သတ်ဖို့
မဖြစ်နိုင်တော့ဘူး။
လက်သင့်လဲမခံနိုင်ဘူး။ အဲ့တော့
မင်းလုပ်သင့်တာလုပ်ပီးတဲ့အချိန်ရောက်
ရင်တော့ မင်းဘဝမင်းဆက်လျှောက်ပါ"

သက်ပုံ ပြုံးလိုက်၏။
ဖအေက သားတစ်ယောက်ကိုခေါ်ပြောတဲ့ စကားတွေကဒါတွေလား။
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သီးဆုပ်ကို ဖြည်ပီး အနည်းငယ်ချွေးထွက်နေတဲ့ လက်ဖဝါးတွေကို ဘောင်းဘီနဲ့
မသိမသာသုတ်လိုက်သည်။
ဟင်း……သူဘာတွေများမျှော်လင့်ခဲ့မိတာလဲ။

"ဖေဖေပြောချင်တာ ဒါပဲမို့ လား။
ဒီအိမ်ကိုခြေချကတည်းက မေမေမျက်နှာတခုထဲကြောင့်ဆိုတာ သိအောင်တခါထဲပြောခဲ့လိုက်မယ်။
သားတစ်ယောက်ရဲ့တာဝန် ပြီးဆုံးသွားရင် တစ်စက္ကန့် တောင် မနေဘူးဆို သိထားပေးပါ။
နောက်နောင် ဒီမိသားစုမှာ သေရေးရှင်ရေးဖြစ်လာရင်တောင် ကျွန်တော်က
လာတော့မှာမဟုတ်လို့ စိတ်ချထားလို့ ရပါတယ်။ "

ပြောစရာစကားကုန်ဆုံးသွားပီမို့
သက်ပုံ မတ်တပ်ထ ရပ်လိုက်သည်။

"တောက်! သက်မင်းပုံ မင်းကဖေဖေကိုတောင်တခွန်းမကျန်ပြန်ပြောရဲတယ်ပေါ့ ။ တွေ့ လား ! ဖေဖေ့သားအချိုးတွေကို …အဲ့ဒါကြောင့် ခေါ်မပေးနဲ့ လို့ ဖေဖေတို့ ကိုပြောတာ။ ဘယ်လောက်လူပါးဝတဲ့အကောင်လဲ "

"ဟုတ်တယ် ကိုကြီးပြောတာမှန်တယ်။
သားပတ်ဝန်းကျင်မှာလဲ ဒီကောင့်ကြောင့်ဘယ်လောက်အရှက်ရခဲ့လဲ။
ဒီလို မကောင်းတဲ့ဗီဇပါတဲ့ကောင်ကို
မပါတ်သတ်တာ အကောင်းဆုံးပဲ "

နောက်ပါးကနေ လွှင့်လာတဲ့ အသံတွေကို မကြားချင်ပေမဲ့ သက်ပုံအံကြိတ်နားထောင်ခဲ့သည်။
ဒါတွေသာ ကောင်းချီကြားရင်ဘာပြော
မလဲ။
မိဘအိမ်က အေးမြသည်တဲ့။
ဒါတွေက သက်ပုံအတွက်မဟုတ်ခဲ့ပါ။
သက်ပုံအတွက် အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံးက ကောင်းစင်သန့် ချီရဲ့အိမ်လေးသာဖြစ်၏။

တံငါကုန်းရွာကို ပြန်ချင်ပြီ။

ကောင်းချီနဲ့ ဝေးနေတာ တလပြည့်တော့မယ်။
ဖုန်းဝယ်ပေးခဲ့သော်လည်း နေစိမ့်သူက
တစ်ခေါက်တောင် မဆက်ခဲ့ပေ။
မေမေဘေးမှာ အချိန်တိုင်းနေပေးရင်း
ကောင်းချီကိုလွမ်းမိပေမဲ့ အကျိုးအကြောင်းဖုန်းဆက်မမေးခဲ့တဲ့ ကောင်းချီကို
ဒေါသလဲ ထွက်ရသည်။

ဒီချိန်မှာ သက်ပုံဘာဖြစ်နေမလဲဆိုတာ
ကောင်းချီအသိဆုံးဖြစ်မှာပါ။
ကောင်းချီရဲ့ အားပေးစကားတွေနဲ့
ခင်ဗျားရယ်…ဆိုတဲ့ မချင့်မရဲသံလေးကိုသာကြားရရင် ဒါတွေကိုသက်ပုံရင်ဆိုင်
ကောင်းနိုင်ပါရဲ့။

ဒါပေမဲ့ ကောင်းစင်သန့် ချီက
အဲ့ဒီနေ့  ရွာကိုပြန်မဲ့ မနက်ခင်း မှာ
အိမ်ရှေ့ ကိုလိုက်ပို့ ခဲ့ပြီး
ထားခဲ့တဲ့အတိုင်းတခါလေးတောင်မဆက်သွယ်ခဲ့ပါ။

ဝမ်းနည်းစိတ်မကျေနပ်စိတ်အလုံးစုံကို
ကောင်းချီကိုလွှဲချပီး …မေမေရှိတဲ့ အခန်းထဲကိုပြန်ဝင်ခဲ့လိုက်သည်။

-------

" ဟဲ့ဖိုးသား…လာဦး ..ဒီကို "

ဒေါ်မြရင် လက်ယပ်ကာ လှမ်းခေါ်လိုက်သည်။

"သိပ်မစားဘူးအမေရာ။ တနေ့ တနေ့
ကိုကောင်းထမင်းဘယ်လောက်စားသလဲပဲမေးနေတော့တာပဲ။ သူ မဆာလို့ မစားတာပေါ့"

သုံးလုံးချိုင့်ဆင့်လေးကိုင်ထားတဲ့ဖိုးသားက
အိမ်ပေါ်တက်မဲ့ခြေလှမ်းတွေကို ပြန်သိမ်းကာ အိမ်ဘေးမှာ တံမြတ်စည်းကိုင်ပီးရပ်နေတဲ့ မိခင်ကိုကြည့်ပီး မကျေမနပ်အော်ပြောလိုက်သည်။
နေ့ တိုင်းနီးပါးမေးလေ့ရှိတဲ့မေးခွန်းတွေကိုဖြေရမှာ တကယ်ပျင်းနေပြီလေ။

ကလေးပီပီ … သူမကျေနပ်တာကိုထုတ်ဖော်နေတဲ့ သားဖြစ်သူကိုမျက်စောင်းထိုးကာ လက်ထဲကလှဲနေတဲ့ တံမြတ်စည်းကို ခြံထောင့်မှာသွားထောင်လိုက်သည်။
သက်ပုံပြန်မလာတာ တစ်လပြည့်တော့မယ်။
မစားမသောက်နဲ့ ကောင်းကောင်းကလဲပုံမှန်မဟုတ်။
ဒါကိုကလေးဖြစ်တဲ့ဖိုးသားက နားမလည်တဲ့အပြင် အလိုက်ကန်းဆိုးကနည်းနည်းမှမသိ။
ဒေါ်မြရင် အတော်စိတ်ညစ်နေလေပြီ။
အမဖြစ်သူက တစ်အိမ်ပဲကျော်တဲ့ ကောင်းကောင်းကို ခဏတိုင်းသွားကြည့်ခိုင်းသည်။
သွားကြည့်တိုင်းလည်း ခရေပင်အောက်မှာ ထိုင်ပီး ငေးချင်ရာငေးလို့ ။
မေးရင်လဲဖြေချင်မှဖြေသည်။
အဆိုးဆုံးကတော့ ထမင်းမစားတာပဲ။
မသိရင် အသည်းကွဲနေတဲ့သူလိုပဲ။
ဟိုက အမေနေမကောင်းလို့ ခဏသွားတာပါ။ဒါကို ဆယ်ဘဝလောက်ခြားနေတဲ့အတိုင်း လုပ်နေတဲ့ပုံကအတော် အမြင်မတည့်ချင်စရာပဲ။
ကိုယ်ကအသက်အရွယ်ရလာလို့ လားမသိ…
ခုခေတ်လူငယ်တွေရဲ့ အချစ်ရေးကို
နားကိုမလည်ပေးနိုင်တော့ဘူး။

လွမ်းရင်လိုက်သွားလိုက်ပါ့လားဆိုတော့လဲမဟုတ်ရ။

"ခက်တယ်…ခက်တယ်။"

ဒေါ်မြရင်တစ်ယောက် အိမ်ပေါ်လှေကားတွေဖြတ်နင်းရင်း တူဖြစ်သူရဲ့
အခြေအနေကို အားမလိုအားမရဖြစ်ကာ
ဖျစ်တောက် ဖျစ်တောက်ပြောကာတက်သွားလေရဲ့။
-
-

လေအဝေ့မှာ ချိတ်တပ်မထားတဲ့ပြတင်းတံခါးက ပိတ်လိုက်ဖွင့်လိုက်နဲ့
တလှုပ်လှုပ်ဖြစ်နေသည်။

တကျီကျီမြည်နေတဲ့ တံခါးကြောင့်
အိပ်ပျော်နေရာမှ ကောင်းချီနိုးသွားခဲ့သည်။
ဖြစ်နိုင်ရင် အချိန်တွေကုန်အောင်
အိပ်ပဲပျော်နေချင်တော့တယ်။

လွမ်းတယ် ……
ချစ်တဲ့သက်ပုံလေးကို လွမ်းလွန်းလို့
ကောင်းချီရူးသွားတော့မလားတောင်ထင်နေရပီ။

"ဟင်း! "

အပေါ်ကိုတင်သိမ်းထားတဲ့
ပန်းနုရောင် ခြင်ထောင်ကို အဓိပ္ပါယ်မဲ့ငေးရင်း ကောင်းချီ သက်ပြင်းချလိုက်သည်။
ဒေါ်လေးတို့ ဒီအချိန်ဆို
ထမင်းချိုင့်လာပို့ ပေးပြီးရောပေါ့။
တချိန်လုံး ကိုယ်ခြေကိုယ့်လက်တောင်မသယ်ချင်တော့လို့  အိပ်ယာထဲမှာ ခွေခေါက်အိပ်နေမိတာ ၂၈ရက်ရှိခဲ့လေပြီ။
မသေရုံတမယ်
စားနေရပေမဲ့ လွမ်းတဲ့ စိတ်ကြောင့်
ထမင်းတလုတ်တောင်မဝင်လို့ အတင်းသွပ်နေရသည်။

အမြဲအရိပ်အချေ ကြည့်နေတဲ့ ဒေါ်လေးတို့ ကိုအားနာပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိသည်။

"မွှေးတယ်……သက်ပုံရဲ့ ကိုယ်သင်းနံ့ လေးက…ဟင်း ကျွန်တော်တော့ရူးတော့မယ်ထင်တာပဲ သက်ပုံရယ်"

ဘေးမှာ အိပ်ပျော်နေတဲ့ သက်ပုံလေးကိုငေးရင်း  ကောင်းချီတိုးတိတ်စွာဆိုမိ၏။
အမြဲမြင်တွေ့ နေရတဲ့ သက်ပုံရဲ့ ပုံရိပ်တွေကို ကောင်းချီ ဖမ်းဆုပ်လို့ မရပဲသိပေမဲ့ ပါးပြင်နုနုကို လှမ်းထိတွေ့ လိုက်တော့ လေဟာပြင်ကိုသာ ထိတွေ့ မိလိုက်သည်။

"ထိတွေ့ ခွင့်မရှိတာ …ဝမ်းနည်းစရာပဲ ခင်ဗျားရယ် ။
တနေ့ လုံးဘယ်နေရာကြည့်ကြည့်ခင်ဗျားပုံရိပ်တွေပဲပြည့်နေတယ်"

ဖြူလျော့နေတဲ့ နှုတ်ခမ်းသားကို ကိုက်မိချိန်တွင် ပါးပြင်ထပ်မှာ မျက်ရည်တစ်ကြောင်းက ဖြတ်စီးသွား၏။
ဝမ်းနည်းစိတ်ကအတောမသတ်နိုင်တော့။
ဖြစ်နိုင်ရင် သက်ပုံကို လိုက်ခေါ်ချင်သည်။
ဖုန်းခေါ်ချင်ပေမဲ့ အသံလေးကြားရင် သူနေနိုင်မှာမဟုတ်ပေ။
အရင်ကနှစ်ယောက်ထဲနေခဲ့တုန်းက
မသိသာခဲ့တဲ့ တိတ်ဆိတ်မူ့ က တစ်ယောက်ထဲဆိုတော့ ပိုပီး ခြောက်ခြားစရာကောင်းလွန်းတယ်။

ခရေပင်အောက်မှာ ပန်းကြွေတွေမကောက်နိုင်တာလဲ ကြာပီသက်ပုံ…။

ခုဆို အကြွေပန်းတို့ ရဲ့ထုံးစံအတိုင်း
လူတွေရဲ့ ခြေထောက်တွေအောက်မှာ
သနားစရာများဖြစ်နေကြပီထင်ပါတယ်သက်ပုံရယ်။
အားနာပေမဲ့ ကျွန်တော် ပစ်ထားမိတယ်သက်ပုံ။ ဘေးနားမှာ ခင်ဗျားမှမရှိတာ။

ရာသီဥတုပူတယ် သက်ပုံ။
ဒါပေမဲ့ ခင်ဗျားအိမ်မှာ airconရှိတယ်မို့ လား။
ယပ်တောင်လေးလည်း အဖော်မဲ့နေရှာတယ်
ခင်ဗျားရယ်… ခပ်ပေးမဲ့သူရှိပေမဲ့ ပြုံးပြုံးလေး ဇိမ်ခံတက်တဲ့သူမှမရှိပဲ။

ခင်ဗျား လိမ်းဖို့ နေ့ တိုင်းသနပ်ခါးတွေသွေးထားမိတယ်…သက်ပုံ။
လိမ်းမဲ့သူမရှိတော့ အောက်မှာ
ခြောက်သွေ့ ပျစ်ချွဲနေပေမဲ့
ပြန်လာတာနဲ့ ကြုံရင် အေးအေးလေးဖြစ်သွားအောင်ဆီးကြိုလိမ်းပေးချင်တယ်အချစ်ရယ်။
ဟိုမှာနေတုန်း သုံးခဲ့တဲ့ aircon
လေအေးတွေကြောင့် ရွာပြန်ရောက်ရင်
မိတ်တွေထွက်မလားလဲ စိုးရိမ်မိလို့ပါဗျာ..

ဒေါ်လေးတို့ ပြောတယ်သက်ပုံ။
မင်းဟာက ပိုကိုပိုလွန်းတယ်တဲ့။
ကျွန်တော် အရေးမလုပ်လိုက်ဘူး။
ခံစားနေရတဲ့ ဝေသနာကို ခင်ဗျားပဲ
သိလိမ့်မယ်။

ဒီထပ်ပိုကြာရင် လွမ်းတဲ့စိတ်နဲ့
ကျွန်တော်ရူးသွားလိမ့်မယ်သက်ပုံ။

ဒါကြောင့်ပြန်လာပေးပါတော့ဗျာ………

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz