အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
31
ႀကည္လင္စြာ နိုးထခဲ့ေပမဲ့ မေန ့ညက
နိုးတဝက္ မနိုးတဝက္နဲ ့
စိတ္ခ်လက္ခ်အိပ္မေပ်ာ္နိုင္ခဲ့ပါ။
၅၈၀၀ဆိုတဲ့ ခ်က္လက္မွတ္ စာရြက္ကေလးက လူကို စိတ္မခ်ျဖစ္ေစနိုင္သည္တဲ့့လား။
ေဘးကိုေစာင္းႀကည့္လိုက္ေတာ့
ေခါင္းအုန္းအလြတ္ေလးတစ္လံုးကလြဲပီး
ခ်စ္လွစြာေသာ အမ်ိဳးေကာင္းသားေလးကမရွိေတာ့။
စကားေျပာသံတခ်က္တခ်က္က
ေက်ာင္းေရွ ့စြယ္ေတာ္ပင္ေအာက္ကလြင့္ပါးလာသည္မို ့အကုန္နိုးပီး သက္ပံုတစ္ေယာက္သာ အိပ္ေပ်ာ္ေနခဲ့ပံု။
"နိုးပီလား သက္ပံုေလး။ "
သန္ ့ရွင္းသပ္ရပ္ေနတဲ့ ေကာင္းခ်ီသည္
ေစာေစာစီးစီးေရခ်ိဳးထားကာ D2တံဆိပ္ အနက္နဲ ့အျဖဴ အကြက္စိတ္ေလးကိုဝတ္ဆင္ထား၏။
မႏၱေလးလာမဲ့ေန ့က ေတာင္ရြာဖက္ကိုသြားညွပ္ခဲ့တဲ့ တစ္ေထာင္တန္ဘိုေကနဲ ့
အေတာ္ေလးႀကည့္ေကာင္းေနေလရဲ့။
"အင္း......ငါ့ကိုမနက္ကတခါတည္းနွဳိးလိုက္တာမဟုတ္ဘူး။ "
ဘုန္းႀကီးေက်ာင္းမွားတည္းရသည္မို ့
အိမ္မွာလို ေနာက္က်မွ အိပ္ယာထရျခင္းသည္ အေတာ္ေလး မသင့္ေတာ္စရာေကာင္း၏။
"ခင္ဗ်ားညကအိပ္မေပ်ာ္တာက်ြန္ေတာ္သိတာေပါ့။ ထေတာ့ေလ။ အျပင္္မွာ မနက္စာ သြားစားဖို ့ေဒၚေလးတို ့ေစာင့္ေနတယ္"
"အာ...ေဒၚေလးတို ့ကို အားနာစရာ
ေကာင္းလိုက္တာ။ အဲ့ဒါေႀကာင့္ ငါ့ကို နွဳိးပါလို ့ေျပာတာ"
သြက္လက္ျမန္ဆန္စြာ အိပ္ယာထပ္မွထကာရွိေသး...ၿခင္ေထာင္ႀကိဳးေတြျဖဳတ္ပီး
ေကာင္းခ်ီကအိပ္ယာသိမ္းျခင္းအမူ ့ကိုျပဳေနေလပီ။
ခါတိုင္းလဲ အိပ္ယာသိမ္းတာ ေကာင္းခ်ီပဲလုပ္တက္သည္မို ့ဒီတခါလည္း အမ်ိဳးူသားျဖစ္သူလက္ထဲအျပည့္အဝအပ္ကာ
သက္ပံုကေတာ့ ဆပ္ျပာျခင္းေလးဆြဲကာ
ေက်ာင္းေနာက္ေဖးကို အျမန္ထြက္ခဲ့လိုက္ရသည္။
ညက အေတာ္ေလးပူအိုက္ခဲ့သည္မို ့
ခႏၶာကိုယ္၏ အနံအသက္လည္း သိပ္မေကာင္းခ်င္။ တခါထဲေရခ်ိဳးခ်င္ေပမဲ့
ေရလဲပုဆိုးက မပါခဲ့။
ဇေဝဇဝါအေတြးေတြနဲ ့ သြားတိုက္ရင္း
လူက ေႀကာင္စီစီျဖစ္ေန၏။
"သက္ပံု "
ေခၚဆိုသံသဲ့သဲ့ေႀကာင့္လွည့္ႀကည့္မိေတာ့
မ်က္နွာသစ္ရုံပဲမို ့ပိတ္မထားတဲ့
ေရခ်ိဳးခန္းတံခါးေရွ ့မွာ ေရလဲပုဆိုးကို
ကိုင္ပီးရပ္ေနတဲ့ ေကာင္းခ်ီ။
ပါးစပ္ထဲက သြားတိုက္ေဆးျမဳပ္ေတြကို
ေရနဲ ့အျမန္သန္ ့စင္လိုက္ပီး အလိုက္သိတဲ့ ခ်စ္စရာေကာင္းခ်ီေလးကို
သြားေလးေပၚေအာင္ရယ္ျပလိုက္သည္။
"မင္း အေကာင္းဆံုးပဲ"
သက္ပံုရဲ့ ခ်ီက်ဴးသံေႀကာင့္
ေကာင္းခ်ီေပ်ာ္သြားေပမဲ့ အနည္းငယ္ေတာ့ ရွက္သြားပံုရသည္။
နားရြက္ဖ်ားေတြကို လက္နဲ ့ကုတ္ပီး
မေနတက္သလိုေလး ရွက္ရယ္ ...ရယ္ေနပံုက သက္ပံုမ်က္စိထဲမွာႀကည့္မဝခ်င္စရာေလးျဖစ္ေနသည္ေႀကာင့္......
လက္ေကာက္ဝတ္ကေနဆြဲကာ
ေရခ်ိဳးခန္းထဲကို ဆြဲသြင္းပစ္လိုက္၏။ ။
"ခင္ဗ်ား! "
မ်က္လံုးေလးျပဴးကာ အမွတ္တမဲ့မို ့
လန္ ့သြားပံုေလးက ခ်စ္စရာပင္။
"အား...အသည္းယားေအာင္လုပ္ေနသလားေကာင္းစင္သန္ ့ခ်ီ "
မခ်င့္မရဲ နွုတ္ခမ္းကိုကိုက္ကာ
ဝမ္းေခါင္းသံႀကီးနဲ ့သက္ပံုေျပာလိုက္မွ
ေကာင္းခ်ီက ဘာျဖစ္ေနတယ္ဆိုတာကို
သိသြား၏။
တြန္ ့ေကြးလာတဲ့ နွုတ္ခမ္းသားေတြနဲ ့
ေကာင္းခ်ီက သက္ပံု ပါးေလးကိုဖြဖြလွမ္းကိုင္ကာ
"ခင္ဗ်ားကို သိပ္ခ်စ္တာပဲ"
"ငါေရာပဲ။ "
ပါးေပၚကလက္ကို ထပ္ဆုပ္ကိုင္ကာ
ေကာင္းခ်ီမ်က္ဝန္းေတြကိုတည့္တည့္ႀကည့္ကာ ေျပာပစ္လိုက္သည္။
သက္ပံုခုတေလာ နည္းနည္းအရွက္မဲ့လာသလို ျဖစ္ေနသည္။
အားရင္အားသလို...ႀကံဳရင္ႀကံဳသလို
ေကာင္းခ်ီကို မထိခလုတ္နဲ ့အသားယူလိုက္ရမွ။
မဟုတ္ရင္ ဆားမပါတဲ့ဟင္းလိုပဲ
အရသာကေပါ့ရႊတ္ရႊတ္နဲ ့ခံစားေနရသည္။
ငါးမိနစ္ခန္ ့လင္မယားနွစ္ေယာက္အီစီကလီလုပ္ပီးမွ ေရခ်ိဳးခန္းထဲကထြက္ခဲ့လိုက္၏။
ဒါေတာင္ ေဒၚေလးတို ့ကို အားနာလို ့ျဖစ္သည္။
အျပင္ေရာက္ေတာ့ ဝတ္ေကာင္းစားလွေတြနဲ ့ေဒၚေလးတို ့အုပ္စုက အဆင္သင့္ျဖစ္ေနသည္။
ငွားထားတဲ့ ကားကပါ အဆင္သင့္မို ့
အဖြဲ ့လိုက္ႀကီး မနက္စာစားဖို ့ထြက္ခဲ့ႀကသည္။
မႏၱေလးမွာ မနက္စာစားဖို ့ဆိုရင္
လက္ဖက္ရည္ဆိုင္ႀကီးႀကီးမွာထိုင္တာအသင့္ေတာ္ဆံုးပင္။
အေတာ္ႀကီးစံုလင္လွတဲ့ အစားအေသာက္မိ်ဳးစံုုကို ပါလာတဲ့ လူေတြတစ္ေယာက္တမ်ိဳးႀကိဳက္တာမွာစားနိုင္သည္။
"ဘာစားႀကမွာလဲ...ႀကိဳက္တာမွာ ။ ဖိုးသားတို ့မႏၱေလးေရာက္တုန္း
တခါထဲစားခ်င္ရာစားႀကေနာ္"
သေဘာေကာင္းတဲ့အကိုျဖစ္သူေႀကာင့္
ဖိုးသားတို ့ကအပီအျပင္မွာစားႀကသည္။
သက္ပံုကေတာ့ သေဘာတက်ျပံဳးႀကည့္ရာမွ ဘုန္းႀကီးေက်ာင္းမွာရွိတဲ့ ပန္ကာေတြကိုသတိရသြားကာ......
"ေဒၚေလး အျပန္က်ဘုန္းႀကီးေက်ာင္းအတြက္ ပန္ကာလွဴရေအာင္ "
"လွဴေတာ့ေကာင္းတာေပါ့။ ေက်ာင္းမွာရွိတဲ့ ပန္ကာေတြက ေဟာင္းေနေတာ့ အသံျမည္တာပဲ ရွိတာ ... ေအးမွမေအးေတာ့တာ"
ေဒၚေလးေအးႀကည္ေျပာတာမွန္သည္။
တက်ီက်ီျမည္ေနတဲ့ေရွးေဟာင္းပန္ကာေတြေႀကာင့္ေလကရတယ္ဆိုရုံသာ။
" ကိုသက္အျပန္ ရုပ္ရွင္လိုက္ျပေနာ္။ "
ဖိုးသားရဲ့ပူဆာသံေႀကာင့္ သက္ပံု စားေနရာမွေမာ့ႀကည့္လိုက္သည္။
ကိုထက္အပါအဝင္ လူငယ္ေတြရဲ့
ေမ်ွာ္လင့္ခ်က္က သက္ပံုဆီမွာပင္။
နာရီကိုတခ်က္ႀကည့္ကာ......
"ေစာေသးတယ္။ အရင္ဆံုး ေကာင္းခ်ီကိုဖုန္းဝယ္ေပးခ်င္လို ့အနီးဆံုးဖုန္းဆိုင္ကိုသြားမယ္။ "
"က်ြန္ေတာ္က ဖုန္းမွမလိုတာ သက္ပံုကလည္းအပိုကုန္ေအာင္လို ့"
ေမ်ွာ္လင့္ထားပီးသားမို ့ေဘးကတစ္ေယာက္ကို စူးရဲေနေအာင္ႀကည့္ပစ္လိုက္သည္။
သေဘာကေတာ့ မင္းလံုးဝအထြန္ ့တက္စရာမရွိဘူး။ ငါခိုင္းတာသာ လုပ္လို ့
အသံတိတ္ေျပာလိုက္တာပင္။
ထိေရာက္စြာပင္ေကာင္းခ်ီဆက္ပီးအသံထြက္မလာေတာ့။
ေနရာတကာ နွေျမာေနလို ့မျဖစ္ဘူးေလ။
တခါတေလ ေကာင္းခ်ီ ျမိဳ ့ေလးလိုက္သြားတဲ့ေနေတြဆိုရင္ ကိုယ္ကအိမ္မွာတေယာက္ထဲက်န္ေနခဲ့ရတာ။
အဆက္သြယ္ေလးဘာေလးက ဖုန္းမရွိရင္ ဘာနဲ ့လုပ္ရမွာလဲ။
သက္ပံုကေတာ့ အေျပာနဲ ့အလုပ္နဲ ့ညီတယ္။ လက္ဖက္ရည္ဆိုင္ကေန
အျပန္မွာ ကားသမားကို ဖုန္းဆိုင္ဝင္ခိုင္းလိုက္သည္။
အေရာင္ေသြးမ်ိဳးစံုတဲ့ ဖုန္းေကာင္တာ
ေရွ ့မွာ သက္ပံုက အေရာင္ဝန္ထမ္းေကာင္မေလး ထုတ္ျပတဲ့ ဖုန္းေတြကို
တစ္လံုးျပီးတစ္လံုးယူ ႀကည့္လို ့......။
မရခ်င္ရွာတဲ့ ေကာင္းခ်ီကေတာ့
အီလည္လည္ရုပ္ေလးနဲ ့တြန္ ့ဆုတ္
တြန္ ့ ဆုတ္ျဖစ္လို ့ေနတယ္။
ရယ္ခ်င္ေပမဲ့ မသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။
ဒီေန ့အဖို ့ေကာင္းခ်ီကို ဖုန္းဝယ္ေပးျဖစ္ေအာင္ေပးမယ္ဆိုတဲ့ စိတ္ကူးကိုလက္ဝယ္ပိုက္ပီး Samsungဖုန္းတစ္လံုးကိုအျပန္အလွန္ႀကည့္ေနမိသည္။
"ဒါေလးယူမယ္ညီမ ။ samsungထဲကပဲ တျခား တစ္သိန္းေက်ာ္တန္ေလးေတြလဲျပပါအုန္း "
ငါးသိန္းတန္ဖုန္းေလးကိုယူမယ္လို ့ေျပာလိုက္ေတာ့ ကိုယ္ေတာ္ေခ်ာက ေဘးမွာမသိမသာေလးလာကပ္ရပ္သည္။
ဒီတခါေတာ့ သက္ပံု အလိုလိုက္ဖို ့မျဖစ္နိုင္ေတာ့။လူ ့ဘဝေနရတဲ့ကာလမွာ
လူျခင္းတူေအာင္ေတာ့ေနသင့္သည္။
လက္ဖြာတာမဟုတ္ေပမဲ့ ႀကည့္ရွဳ ့ေစာင့္
ေရွာက္ရမဲ့ဝတၱရားအရ ကိုယ္မွာလဲ
ပိုက္ဆံရွိတုန္း ......ဖုန္းဆိုင္လဲေရာက္
တုန္း...တခါထဲတျခား တစ္သိန္းေက်ာ္တန္ဖုန္းေလးေတြကို ကိုထက္မိန္းမေလးရယ္ျမသက္တို ့ေမာင္နွမအတြက္ရယ္ကိုပါ ဝယ္ေပးျဖစ္သည္။
တခါထဲ ဖုန္းဆိုင္ေဘးက
လ်ွပ္စစ္ပစၥည္းဆိုင္ကိုပါဝင္ကာ ပန္ကာ
ဆယ္လံုးဝယ္ခဲ့လိုက္သည္။
အကုန္လံုးသက္ပံုဘာသာ လုပ္ခ်င္ရာလုပ္ေနတာျဖစ္ပီး ေကာင္းခ်ီကေတာ့
စိတ္ခ်မ္းသာရင္ ျပီးေရာ ႀကိဳက္တာလုပ္ဆိုတဲ့ သေဘာေဆာင္ကာ ဘာတခြန္းမွဝင္မေျပာခဲ့။ပံုမွန္ဆို သက္ပံုနွေျမာေကာင္းနွေျမာနိုင္ေပမဲ့ ဒီတခါေတာ့
ကုသိုလ္ေရးမို ့နွေျမာမေနပါ။
ဧည့္ေဆာင္အပါအဝင္ ဘုန္းႀကီးေက်ာင္းေပၚက ဦးဇင္း ၇ပါးအတြက္ပါ ကပ္လွဴရင္း ေက်းဇူးရွင္ေဒၚအံ့မင္းကိုရည္စူးကာ ျပဳလုပ္ခဲ့သမ်ွကုသိုလ္အဝဝကို အမ်ွေဝေပးခဲ့သည္။
ေန ့ခင္းပိုင္းတြင္ ေဒၚေလးတို ့ကို
ရုပ္ရွင္လိုက္ျပမည္။
အျပန္ဘုရားႀကီးကို ဝင္ပို ့ပီးရင္
မႏၱေလးကေန မနက္ဖန္မနက္ေစာေစာ
ထျပန္ရုံသာရွိေတာ့သည္။
အလုပ္ကိစၥကမေန ့ကတည္းက
စိုးဝင္းျမတ္အေဖရဲ့ အကူအညီျဖင့္ သိန္း၅၈၀၀လည္ဆြဲက ေစ်းျပတ္ခဲ့သည္။
ဝယ္သူကသေဘာက်စြာတခြန္းေတာင္
ေစ်းအေလ်ာ့အတင္းမလုပ္ခဲ့။
ေပါက္ေစ်းအတိုင္း လည္ဆြဲတမ်ိဳးတည္း
နဲ ့ ကိုယ္ေျပာတဲ့ေစ်းအတိုင္းေပးကာ
ဝယ္သြားခဲ့သည္မို ့အေတာ္ေလးဝန္ထုတ္ဝန္ပိုးေလ်ာ့ခဲ့သည္ဆိုရမည္။
မဟုတ္ရင္ သြားေလရာစိတ္တထင့္ထင့္
ျဖစ္ကာ မလြတ္မလပ္ခံစားခ်က္သည္အေတာ္ဆိုးဝါးလွသည္။
-
-
-
မုန္းတိုင္းမလာခင္ ေလေျပလာတာထံုးစံ
ပင္။
ေပ်ာ္ရြင္မူ ့ေတြ နဲ ့ျဖတ္သန္းပီးမႀကာခင္မွာပဲ ဝမ္းနည္းစရာကိစၥက ဆီးႀကိဳ
လာေလရဲ့။
ဒီေန ့ သက္ပံုတို ့မိသားစုသည္
ေနရပ္ျဖစ္တဲ့ တံငါကုန္းရြာကို ျပန္ႀကေတာ့မည္ျဖစ္သည္။
မနက္ငါးနာရီကတည္းက ထကာ
သိမ္းဆည္းထုတ္ပုိးျပီးသည္ထိ ေခၚထားတ့ဲအငွားယာဥ္သည္ေရာက္မလာေသး။
ေျခာက္နာရီခြဲဆိုသည့္အခ်ိန္သည္
ေစာေနေသးေပမဲ့ ေန ့တာရွည္တဲ့အတြက္
ေနထြက္တာေစာသလို ပူလဲပူေလာင္ေနေလသည္။
သက္ပံုအပါအဝင္ အကုန္လံုးကလည္း
အိမ္ျပန္ခ်င္ေနပီမို ့တေမ်ွာ္ေမ်ွာ္ျဖစ္ ေနႀက၏။
နာရီဝက္ေလာက္ေစာင့္ပီးတဲ့ အခ်ိန္မွာေတာ့.........
တီ...တီ
ဘုန္းေက်ာင္းေရွ ့က light truck
ကားဟြန္းသံေႀကာင့္ ေစာင့္ဆိုင္းေနသူမ်ားလွဳပ္လွဳပ္ရွာရွားျဖစ္သြားႀကသည္။
"ကားလာပီေဟ့။ ဖိုးသားအထုတ္ေတြသြားတင္ "
ေဒၚေလးျမရင္ က ဖိုးသားကိုခိုင္းေနေပမဲ့ သူကိုယ္တိုင္လဲနိုင္တဲ့ အထုတ္ေတြ
ဆြဲေနပီမို ့သက္ပံုတို ့လဲ ကိုယ့္အထုတ္ကိုယ္ဆြဲကာ အေျပးအလႊားသြားတင္ႀကသည္။
လွဳိင္းမူးတက္ေသာ သက္ပံုေႀကာင့္
အျပန္ကို ေကာင္းခ်ီက တမင္ ကားငွားလိုက္တာျဖစ္သည္။
"သက္ပံု......မင္းတို ့နွစ္ေယာက္ကေတာ့ေခါင္းခန္းကပဲလိုက္ေတာ့။ "
"ဟုတ္ေဒၚေလး။ ကားရပ္ခ်င္ရင္ ဖုန္းေခၚလိုက္ေနာ္"
"ေအးေအး"
ေဒၚေလးေအးႀကည္ေနရာခ်ေပးတဲ့ အတိုင္း
ေကာင္းခ်ီနဲ ့သက္ပံုက ေခါင္းခန္းေရာက္သြားသည္။
အျပန္လမ္းသည္ သက္ပံု အတြက္
အေတာ္ေလး ေပ်ာ္ရႊင္ေစ၏။
သူတို ့နွစ္ေယာက္ရဲ့ အသိုက္အျမံဳေလးကို လြမ္းလွပီေလ။
ခေရပင္အိုေအာက္မွာ ေကာင္းခ်ီ
ခပ္ေပးတဲ့ ယပ္ေတာင္ ေလေအးေလးကိုလဲသတိရသည္။
အားေနရင္ လုပ္စရာမရွိရွာက်န္လုပ္တက္တဲ့ ေကာင္းစင္သန္ ့ခ်ီရဲ့ လွဳပ္ရွားမူ ့
မွန္သမ်ွကို ထိုင္ေငးရတာကို တက္တက္ႀကြႀကြလုပ္ခ်င္လွပီ။
ring ring .........
ဖုန္းသံေႀကာင့္ ျပံဳးရယ္ေနေသာ
နွဳတ္ခမ္းပါးေလးသည္ ရပ္တန္ ့ပီး
တည္တင္းျခင္းအျဖစ္သို ့ေရာက္ရွိသြား၏။
ဆက္စရာ အိမ္နဲ ့ေကာင္းခ်ီသာရွိသည္
မို ့ဖုန္းသံကိုႀကားကတည္းက သက္ပံု
ခန္ ့မွန္းမိသည္။
ေကာင္းခ်ီကေတာ့ ဘာမွမေျပာပဲ
သက္ပံုကိုသာ ေငးႀကည့္ေနေလတယ္။
စိတ္ေလ်ာ့ကာ သက္ပံုဖုန္းကိုထုတ္လိုက္သည္။
တကယ္ပင္ အိမ္ဖုန္းနံပါတ္စစ္စစ္ပင္။
မဆက္တာႀကာတဲ့ အိမ္က သက္ပံုကို
ဘာေတြမ်ားထိုးနွက္ဖို ့တကူးတက ဆက္သြယ္ရပါသလဲ။
ခုထိ ေလာင္းရိပ္က မလြတ္ေျမာက္ေသးသလိုခံစားခ်က္နဲ ့သက္ပံု သက္ျပင္းခ်ကာဖုန္းကိုင္လိုက္ရသည္။
"ဟယ္လို "
"ကိုငယ္ ...ကိုငယ္လား ။
သမီးအေရးႀကီးလို ့ဆက္လိုက္တာ
ေမေမ ေနမေကာင္းဘူး ကိုငယ္။
အိမ္ကို ခုျပန္ခဲ့ "
ဖုန္းကိုင္လိုက္ကာ ရွိေသး
အငယ္မရဲ့ တုန္လွဳပ္ေနတဲ့ အသံက နားထဲ အစီစဥ္မက်စြာဝင္လာ၏။
နိုင္ငံျခားမွာ ေက်ာင္းတက္ေနတဲ့
ညီမျဖစ္သူက ဘာေႀကာင့္အိမ္ျပန္ေရာက္သလဲဆိုတာနဲ ့ေမေမေနမေကာင္းဘူးဆိုတာနဲ ့ဆက္စပ္ပီး သက္ပံုေျခဖ်ားလက္ဖ်ားေတြေအးစက္ကုန္၏။
ဘယ္ေလာက္စိတ္နာပါေစ ။
အေမက အေမပဲမို ့ သက္ပံု
စိုးရိမ္သြားရ၏။
"ဦးေလး ဟိုေရွ ့နားမွာကားရပ္ေပးပါ"
ဘာစကားမွမေျပာနိုင္ပဲ စြံ ့အေနခ်ိန္မွာပဲ
ေကာင္းခ်ီရဲ့ အသံေႀကာင့္ အလန္ ့တႀကားလွည့္ႀကည့္လိုက္၏။
ခ်စ္တဲ့အိမ္စည္။
ကြည်လင်စွာ နိုးထခဲ့ပေမဲ့ မနေ့ ညက
နိုးတဝက် မနိုးတဝက်နဲ့
စိတ်ချလက်ချအိပ်မပျော်နိုင်ခဲ့ပါ။
၅၈၀၀ဆိုတဲ့ ချက်လက်မှတ် စာရွက်ကလေးက လူကို စိတ်မချဖြစ်စေနိုင်သည်တဲ့လား။
ဘေးကိုစောင်းကြည့်လိုက်တော့
ခေါင်းအုန်းအလွတ်လေးတစ်လုံးကလွဲပီး
ချစ်လှစွာသော အမျိုးကောင်းသားလေးကမရှိတော့။
စကားပြောသံတချက်တချက်က
ကျောင်းရှေ့ စွယ်တော်ပင်အောက်ကလွင့်ပါးလာသည်မို့ အကုန်နိုးပီး သက်ပုံတစ်ယောက်သာ အိပ်ပျော်နေခဲ့ပုံ။
"နိုးပီလား သက်ပုံလေး။ "
သန့် ရှင်းသပ်ရပ်နေတဲ့ ကောင်းချီသည်
စောစောစီးစီးရေချိုးထားကာ D2တံဆိပ် အနက်နဲ့ အဖြူ အကွက်စိတ်လေးကိုဝတ်ဆင်ထား၏။
မန္တလေးလာမဲ့နေ့ က တောင်ရွာဖက်ကိုသွားညှပ်ခဲ့တဲ့ တစ်ထောင်တန်ဘိုကေနဲ့
အတော်လေးကြည့်ကောင်းနေလေရဲ့။
"အင်း......ငါ့ကိုမနက်ကတခါတည်းနှိုးလိုက်တာမဟုတ်ဘူး။ "
ဘုန်းကြီးကျောင်းမှားတည်းရသည်မို့
အိမ်မှာလို နောက်ကျမှ အိပ်ယာထရခြင်းသည် အတော်လေး မသင့်တော်စရာကောင်း၏။
"ခင်ဗျားညကအိပ်မပျော်တာကျွန်တော်သိတာပေါ့။ ထတော့လေ။ အပြင်မှာ မနက်စာ သွားစားဖို့ ဒေါ်လေးတို့ စောင့်နေတယ်"
"အာ...ဒေါ်လေးတို့ ကို အားနာစရာ
ကောင်းလိုက်တာ။ အဲ့ဒါကြောင့် ငါ့ကို နှိုးပါလို့ ပြောတာ"
သွက်လက်မြန်ဆန်စွာ အိပ်ယာထပ်မှထကာရှိသေး...ခြင်ထောင်ကြိုးတွေဖြုတ်ပီး
ကောင်းချီကအိပ်ယာသိမ်းခြင်းအမူ့ ကိုပြုနေလေပီ။
ခါတိုင်းလဲ အိပ်ယာသိမ်းတာ ကောင်းချီပဲလုပ်တက်သည်မို့ ဒီတခါလည်း အမျိုးသားဖြစ်သူလက်ထဲအပြည့်အဝအပ်ကာ
သက်ပုံကတော့ ဆပ်ပြာခြင်းလေးဆွဲကာ
ကျောင်းနောက်ဖေးကို အမြန်ထွက်ခဲ့လိုက်ရသည်။
ညက အတော်လေးပူအိုက်ခဲ့သည်မို့
ခန္ဓာကိုယ်၏ အနံအသက်လည်း သိပ်မကောင်းချင်။ တခါထဲရေချိုးချင်ပေမဲ့
ရေလဲပုဆိုးက မပါခဲ့။
ဇဝေဇဝါအတွေးတွေနဲ့ သွားတိုက်ရင်း
လူက ကြောင်စီစီဖြစ်နေ၏။
"သက်ပုံ "
ခေါ်ဆိုသံသဲ့သဲ့ကြောင့်လှည့်ကြည့်မိတော့
မျက်နှာသစ်ရုံပဲမို့ ပိတ်မထားတဲ့
ရေချိုးခန်းတံခါးရှေ့ မှာ ရေလဲပုဆိုးကို
ကိုင်ပီးရပ်နေတဲ့ ကောင်းချီ။
ပါးစပ်ထဲက သွားတိုက်ဆေးမြုပ်တွေကို
ရေနဲ့ အမြန်သန့် စင်လိုက်ပီး အလိုက်သိတဲ့ ချစ်စရာကောင်းချီလေးကို
သွားလေးပေါ်အောင်ရယ်ပြလိုက်သည်။
"မင်း အကောင်းဆုံးပဲ"
သက်ပုံရဲ့ ချီကျူးသံကြောင့်
ကောင်းချီပျော်သွားပေမဲ့ အနည်းငယ်တော့ ရှက်သွားပုံရသည်။
နားရွက်ဖျားတွေကို လက်နဲ့ ကုတ်ပီး
မနေတက်သလိုလေး ရှက်ရယ် ...ရယ်နေပုံက သက်ပုံမျက်စိထဲမှာကြည့်မဝချင်စရာလေးဖြစ်နေသည်ကြောင့်......
လက်ကောက်ဝတ်ကနေဆွဲကာ
ရေချိုးခန်းထဲကို ဆွဲသွင်းပစ်လိုက်၏။ ။
"ခင်ဗျား! "
မျက်လုံးလေးပြူးကာ အမှတ်တမဲ့မို့
လန့် သွားပုံလေးက ချစ်စရာပင်။
"အား...အသည်းယားအောင်လုပ်နေသလားကောင်းစင်သန့် ချီ "
မချင့်မရဲ နှုတ်ခမ်းကိုကိုက်ကာ
ဝမ်းခေါင်းသံကြီးနဲ့ သက်ပုံပြောလိုက်မှ
ကောင်းချီက ဘာဖြစ်နေတယ်ဆိုတာကို
သိသွား၏။
တွန့် ကွေးလာတဲ့ နှုတ်ခမ်းသားတွေနဲ့
ကောင်းချီက သက်ပုံ ပါးလေးကိုဖွဖွလှမ်းကိုင်ကာ
"ခင်ဗျားကို သိပ်ချစ်တာပဲ"
"ငါရောပဲ။ "
ပါးပေါ်ကလက်ကို ထပ်ဆုပ်ကိုင်ကာ
ကောင်းချီမျက်ဝန်းတွေကိုတည့်တည့်ကြည့်ကာ ပြောပစ်လိုက်သည်။
သက်ပုံခုတလော နည်းနည်းအရှက်မဲ့လာသလို ဖြစ်နေသည်။
အားရင်အားသလို...ကြုံရင်ကြုံသလို
ကောင်းချီကို မထိခလုတ်နဲ့ အသားယူလိုက်ရမှ။
မဟုတ်ရင် ဆားမပါတဲ့ဟင်းလိုပဲ
အရသာကပေါ့ရွှတ်ရွှတ်နဲ့ ခံစားနေရသည်။
ငါးမိနစ်ခန့် လင်မယားနှစ်ယောက်အီစီကလီလုပ်ပီးမှ ရေချိုးခန်းထဲကထွက်ခဲ့လိုက်၏။
ဒါတောင် ဒေါ်လေးတို့ ကို အားနာလို့ ဖြစ်သည်။
အပြင်ရောက်တော့ ဝတ်ကောင်းစားလှတွေနဲ့ ဒေါ်လေးတို့ အုပ်စုက အဆင်သင့်ဖြစ်နေသည်။
ငှားထားတဲ့ ကားကပါ အဆင်သင့်မို့
အဖွဲ့ လိုက်ကြီး မနက်စာစားဖို့ ထွက်ခဲ့ကြသည်။
မန္တလေးမှာ မနက်စာစားဖို့ ဆိုရင်
လက်ဖက်ရည်ဆိုင်ကြီးကြီးမှာထိုင်တာအသင့်တော်ဆုံးပင်။
အတော်ကြီးစုံလင်လှတဲ့ အစားအသောက်မျိုးစုံကို ပါလာတဲ့ လူတွေတစ်ယောက်တမျိုးကြိုက်တာမှာစားနိုင်သည်။
"ဘာစားကြမှာလဲ...ကြိုက်တာမှာ ။ ဖိုးသားတို့ မန္တလေးရောက်တုန်း
တခါထဲစားချင်ရာစားကြနော်"
သဘောကောင်းတဲ့အကိုဖြစ်သူကြောင့်
ဖိုးသားတို့ ကအပီအပြင်မှာစားကြသည်။
သက်ပုံကတော့ သဘောတကျပြုံးကြည့်ရာမှ ဘုန်းကြီးကျောင်းမှာရှိတဲ့ ပန်ကာတွေကိုသတိရသွားကာ......
"ဒေါ်လေး အပြန်ကျဘုန်းကြီးကျောင်းအတွက် ပန်ကာလှူရအောင် "
"လှူတော့ကောင်းတာပေါ့။ ကျောင်းမှာရှိတဲ့ ပန်ကာတွေက ဟောင်းနေတော့ အသံမြည်တာပဲ ရှိတာ ... အေးမှမအေးတော့တာ"
ဒေါ်လေးအေးကြည်ပြောတာမှန်သည်။
တကျီကျီမြည်နေတဲ့ရှေးဟောင်းပန်ကာတွေကြောင့်လေကရတယ်ဆိုရုံသာ။
" ကိုသက်အပြန် ရုပ်ရှင်လိုက်ပြနော်။ "
ဖိုးသားရဲ့ပူဆာသံကြောင့် သက်ပုံ စားနေရာမှမော့ကြည့်လိုက်သည်။
ကိုထက်အပါအဝင် လူငယ်တွေရဲ့
မျှော်လင့်ချက်က သက်ပုံဆီမှာပင်။
နာရီကိုတချက်ကြည့်ကာ......
"စောသေးတယ်။ အရင်ဆုံး ကောင်းချီကိုဖုန်းဝယ်ပေးချင်လို့ အနီးဆုံးဖုန်းဆိုင်ကိုသွားမယ်။ "
"ကျွန်တော်က ဖုန်းမှမလိုတာ သက်ပုံကလည်းအပိုကုန်အောင်လို့ "
မျှော်လင့်ထားပီးသားမို့ ဘေးကတစ်ယောက်ကို စူးရဲနေအောင်ကြည့်ပစ်လိုက်သည်။
သဘောကတော့ မင်းလုံးဝအထွန့် တက်စရာမရှိဘူး။ ငါခိုင်းတာသာ လုပ်လို့
အသံတိတ်ပြောလိုက်တာပင်။
ထိရောက်စွာပင်ကောင်းချီဆက်ပီးအသံထွက်မလာတော့။
နေရာတကာ နှမြောနေလို့ မဖြစ်ဘူးလေ။
တခါတလေ ကောင်းချီ မြို့ လေးလိုက်သွားတဲ့နေတွေဆိုရင် ကိုယ်ကအိမ်မှာတယောက်ထဲကျန်နေခဲ့ရတာ။
အဆက်သွယ်လေးဘာလေးက ဖုန်းမရှိရင် ဘာနဲ့ လုပ်ရမှာလဲ။
သက်ပုံကတော့ အပြောနဲ့ အလုပ်နဲ့ ညီတယ်။ လက်ဖက်ရည်ဆိုင်ကနေ
အပြန်မှာ ကားသမားကို ဖုန်းဆိုင်ဝင်ခိုင်းလိုက်သည်။
အရောင်သွေးမျိုးစုံတဲ့ ဖုန်းကောင်တာ
ရှေ့ မှာ သက်ပုံက အရောင်ဝန်ထမ်းကောင်မလေး ထုတ်ပြတဲ့ ဖုန်းတွေကို
တစ်လုံးပြီးတစ်လုံးယူ ကြည့်လို့ ......။
မရချင်ရှာတဲ့ ကောင်းချီကတော့
အီလည်လည်ရုပ်လေးနဲ့ တွန့် ဆုတ်
တွန့် ဆုတ်ဖြစ်လို့ နေတယ်။
ရယ်ချင်ပေမဲ့ မသိချင်ယောင်ဆောင်ထားလိုက်သည်။
ဒီနေ့ အဖို့ ကောင်းချီကို ဖုန်းဝယ်ပေးဖြစ်အောင်ပေးမယ်ဆိုတဲ့ စိတ်ကူးကိုလက်ဝယ်ပိုက်ပီး Samsungဖုန်းတစ်လုံးကိုအပြန်အလှန်ကြည့်နေမိသည်။
"ဒါလေးယူမယ်ညီမ ။ samsungထဲကပဲ တခြား တစ်သိန်းကျော်တန်လေးတွေလဲပြပါအုန်း "
ငါးသိန်းတန်ဖုန်းလေးကိုယူမယ်လို့ ပြောလိုက်တော့ ကိုယ်တော်ချောက ဘေးမှာမသိမသာလေးလာကပ်ရပ်သည်။
ဒီတခါတော့ သက်ပုံ အလိုလိုက်ဖို့ မဖြစ်နိုင်တော့။လူ့ ဘဝနေရတဲ့ကာလမှာ
လူခြင်းတူအောင်တော့နေသင့်သည်။
လက်ဖွာတာမဟုတ်ပေမဲ့ ကြည့်ရှု့ စောင့်
ရှောက်ရမဲ့ဝတ္တရားအရ ကိုယ်မှာလဲ
ပိုက်ဆံရှိတုန်း ......ဖုန်းဆိုင်လဲရောက်
တုန်း...တခါထဲတခြား တစ်သိန်းကျော်တန်ဖုန်းလေးတွေကို ကိုထက်မိန်းမလေးရယ်မြသက်တို့ မောင်နှမအတွက်ရယ်ကိုပါ ဝယ်ပေးဖြစ်သည်။
တခါထဲ ဖုန်းဆိုင်ဘေးက
လျှပ်စစ်ပစ္စည်းဆိုင်ကိုပါဝင်ကာ ပန်ကာ
ဆယ်လုံးဝယ်ခဲ့လိုက်သည်။
အကုန်လုံးသက်ပုံဘာသာ လုပ်ချင်ရာလုပ်နေတာဖြစ်ပီး ကောင်းချီကတော့
စိတ်ချမ်းသာရင် ပြီးရော ကြိုက်တာလုပ်ဆိုတဲ့ သဘောဆောင်ကာ ဘာတခွန်းမှဝင်မပြောခဲ့။ပုံမှန်ဆို သက်ပုံနှမြောကောင်းနှမြောနိုင်ပေမဲ့ ဒီတခါတော့
ကုသိုလ်ရေးမို့ နှမြောမနေပါ။
ဧည့်ဆောင်အပါအဝင် ဘုန်းကြီးကျောင်းပေါ်က ဦးဇင်း ၇ပါးအတွက်ပါ ကပ်လှူရင်း ကျေးဇူးရှင်ဒေါ်အံ့မင်းကိုရည်စူးကာ ပြုလုပ်ခဲ့သမျှကုသိုလ်အဝဝကို အမျှဝေပေးခဲ့သည်။
နေ့ ခင်းပိုင်းတွင် ဒေါ်လေးတို့ ကို
ရုပ်ရှင်လိုက်ပြမည်။
အပြန်ဘုရားကြီးကို ဝင်ပို့ ပီးရင်
မန္တလေးကနေ မနက်ဖန်မနက်စောစော
ထပြန်ရုံသာရှိတော့သည်။
အလုပ်ကိစ္စကမနေ့ ကတည်းက
စိုးဝင်းမြတ်အဖေရဲ့ အကူအညီဖြင့် သိန်း၅၈၀၀လည်ဆွဲက ဈေးပြတ်ခဲ့သည်။
ဝယ်သူကသဘောကျစွာတခွန်းတောင်
ဈေးအလျော့အတင်းမလုပ်ခဲ့။
ပေါက်ဈေးအတိုင်း လည်ဆွဲတမျိုးတည်း
နဲ့ ကိုယ်ပြောတဲ့ဈေးအတိုင်းပေးကာ
ဝယ်သွားခဲ့သည်မို့ အတော်လေးဝန်ထုတ်ဝန်ပိုးလျော့ခဲ့သည်ဆိုရမည်။
မဟုတ်ရင် သွားလေရာစိတ်တထင့်ထင့်
ဖြစ်ကာ မလွတ်မလပ်ခံစားချက်သည်အတော်ဆိုးဝါးလှသည်။
-
-
-
မုန်းတိုင်းမလာခင် လေပြေလာတာထုံးစံ
ပင်။
ပျော်ရွင်မူ့ တွေ နဲ့ ဖြတ်သန်းပီးမကြာခင်မှာပဲ ဝမ်းနည်းစရာကိစ္စက ဆီးကြို
လာလေရဲ့။
ဒီနေ့ သက်ပုံတို့ မိသားစုသည်
နေရပ်ဖြစ်တဲ့ တံငါကုန်းရွာကို ပြန်ကြတော့မည်ဖြစ်သည်။
မနက်ငါးနာရီကတည်းက ထကာ
သိမ်းဆည်းထုတ်ပိုးပြီးသည်ထိ ခေါ်ထားတဲ့အငှားယာဉ်သည်ရောက်မလာသေး။
ခြောက်နာရီခွဲဆိုသည့်အချိန်သည်
စောနေသေးပေမဲ့ နေ့ တာရှည်တဲ့အတွက်
နေထွက်တာစောသလို ပူလဲပူလောင်နေလေသည်။
သက်ပုံအပါအဝင် အကုန်လုံးကလည်း
အိမ်ပြန်ချင်နေပီမို့ တမျှော်မျှော်ဖြစ် နေကြ၏။
နာရီဝက်လောက်စောင့်ပီးတဲ့ အချိန်မှာတော့.........
တီ...တီ
ဘုန်းကျောင်းရှေ့ က light truck
ကားဟွန်းသံကြောင့် စောင့်ဆိုင်းနေသူများလှုပ်လှုပ်ရှာရှားဖြစ်သွားကြသည်။
"ကားလာပီဟေ့။ ဖိုးသားအထုတ်တွေသွားတင် "
ဒေါ်လေးမြရင် က ဖိုးသားကိုခိုင်းနေပေမဲ့ သူကိုယ်တိုင်လဲနိုင်တဲ့ အထုတ်တွေ
ဆွဲနေပီမို့ သက်ပုံတို့ လဲ ကိုယ့်အထုတ်ကိုယ်ဆွဲကာ အပြေးအလွှားသွားတင်ကြသည်။
လှိုင်းမူးတက်သော သက်ပုံကြောင့်
အပြန်ကို ကောင်းချီက တမင် ကားငှားလိုက်တာဖြစ်သည်။
"သက်ပုံ......မင်းတို့ နှစ်ယောက်ကတော့ခေါင်းခန်းကပဲလိုက်တော့။ "
"ဟုတ်ဒေါ်လေး။ ကားရပ်ချင်ရင် ဖုန်းခေါ်လိုက်နော်"
"အေးအေး"
ဒေါ်လေးအေးကြည်နေရာချပေးတဲ့ အတိုင်း
ကောင်းချီနဲ့ သက်ပုံက ခေါင်းခန်းရောက်သွားသည်။
အပြန်လမ်းသည် သက်ပုံ အတွက်
အတော်လေး ပျော်ရွှင်စေ၏။
သူတို့ နှစ်ယောက်ရဲ့ အသိုက်အမြုံလေးကို လွမ်းလှပီလေ။
ခရေပင်အိုအောက်မှာ ကောင်းချီ
ခပ်ပေးတဲ့ ယပ်တောင် လေအေးလေးကိုလဲသတိရသည်။
အားနေရင် လုပ်စရာမရှိရှာကျန်လုပ်တက်တဲ့ ကောင်းစင်သန့် ချီရဲ့ လှုပ်ရှားမူ့
မှန်သမျှကို ထိုင်ငေးရတာကို တက်တက်ကြွကြွလုပ်ချင်လှပီ။
ring ring .........
ဖုန်းသံကြောင့် ပြုံးရယ်နေသော
နှုတ်ခမ်းပါးလေးသည် ရပ်တန့် ပီး
တည်တင်းခြင်းအဖြစ်သို့ ရောက်ရှိသွား၏။
ဆက်စရာ အိမ်နဲ့ ကောင်းချီသာရှိသည်
မို့ ဖုန်းသံကိုကြားကတည်းက သက်ပုံ
ခန့် မှန်းမိသည်။
ကောင်းချီကတော့ ဘာမှမပြောပဲ
သက်ပုံကိုသာ ငေးကြည့်နေလေတယ်။
စိတ်လျော့ကာ သက်ပုံဖုန်းကိုထုတ်လိုက်သည်။
တကယ်ပင် အိမ်ဖုန်းနံပါတ်စစ်စစ်ပင်။
မဆက်တာကြာတဲ့ အိမ်က သက်ပုံကို
ဘာတွေများထိုးနှက်ဖို့ တကူးတက ဆက်သွယ်ရပါသလဲ။
ခုထိ လောင်းရိပ်က မလွတ်မြောက်သေးသလိုခံစားချက်နဲ့ သက်ပုံ သက်ပြင်းချကာဖုန်းကိုင်လိုက်ရသည်။
"ဟယ်လို "
"ကိုငယ် ...ကိုငယ်လား ။
သမီးအရေးကြီးလို့ ဆက်လိုက်တာ
မေမေ နေမကောင်းဘူး ကိုငယ်။
အိမ်ကို ခုပြန်ခဲ့ "
ဖုန်းကိုင်လိုက်ကာ ရှိသေး
အငယ်မရဲ့ တုန်လှုပ်နေတဲ့ အသံက နားထဲ အစီစဉ်မကျစွာဝင်လာ၏။
နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့
ညီမဖြစ်သူက ဘာကြောင့်အိမ်ပြန်ရောက်သလဲဆိုတာနဲ့ မေမေနေမကောင်းဘူးဆိုတာနဲ့ ဆက်စပ်ပီး သက်ပုံခြေဖျားလက်ဖျားတွေအေးစက်ကုန်၏။
ဘယ်လောက်စိတ်နာပါစေ ။
အမေက အမေပဲမို့ သက်ပုံ
စိုးရိမ်သွားရ၏။
"ဦးလေး ဟိုရှေ့ နားမှာကားရပ်ပေးပါ"
ဘာစကားမှမပြောနိုင်ပဲ စွံ့ အနေချိန်မှာပဲ
ကောင်းချီရဲ့ အသံကြောင့် အလန့် တကြားလှည့်ကြည့်လိုက်၏။ ကောင်းချီက
လျော့တိလျော့ရဲ ပြုံးရင်း သက်ပုံ လက်တွေကို ဆုပ်ကိုင်လာသည်။ ထို့နောက်
" ကျွန်တော် အိမ်ကနေပဲစောင့်နေမယ်သက်ပုံ..ခင်ဗျား စိတ်ချလက်ချ သွားစရာရှိတာသွားပါ "
စိတ်မကောင်းပေမဲ့ သက်ပုံခေါင်းညိမ့်ပြလိုက်ရသည်။
"ငါပြန်လာခဲ့မယ် ကောင်းချီ "
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz