အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
30
"၅၅၀၀ေလာက္ေတာ့တန္မယ္ ကိုသက္။
အထဲမွာပါတဲ့ ေက်ာက္ေတြက ပိုတန္တာ။ ဒီမွာႀကည့္ ။ ေက်ာမွာစီထားတဲ့ အျဖဴေရာင္ ေက်ာက္တန္းေလးက စိန္ေတြ ။ တျခား ျမ တို ့ နီလာတို ့ ပတၱျမားတို ့ကလည္းအေရအေသြးက အေတာ္ေကာင္းတယ္ …"
ေဒါင္းပံုစံ ဆြဲသီးမွာရွိတဲ့ ေက်ာက္ေတြကို လက္ညိုးနဲ ့ထိုးပီး ရွင္းျပေနတဲ့ ဦးစိုးျပည့္က သက္ပံု ေဆးေက်ာင္းတက္တုန္းကခင္ခဲ့တဲ့ စိုးဝင္းျမတ္ဆိုတဲ့ သူငယ္ခ်င္းရဲ့အေဖ။ ေက်ာက္ေလာကမွာ ဆရာႀကီးျဖစ္သလို အမွန္အကန္သမားမို ့နာမည္ရွိတဲ့သူ။
"ေရာင္းမဲ့ဝယ္လက္ရွိလားေဖေဖ ။ သက္မင္းပံုက နယ္ကေန လာရတာမို ့လို ့အဆင္ေျပေအာင္လုပ္ေပးမွရမွာ"
စိုးဝင္းျမတ္စကားေႀကာင့္ သက္ပံု ေက်းဇူးတင္စြာျပံဳးျပလိုက္သည္။
"ရွိတာေတာ့ရွိတယ္။ ေဒၚေဟမာသန္းတဲ့
။ ပစၥည္းေကာင္းရွိရင္ေတာ့ အျမဲဝယ္တက္တယ္။ တခုပဲ မင္းတို ့ကံေကာင္းရင္ေတာ့ … သူဒီမွာရွိမွာရွိမွာပဲ။ မဟုတ္ရင္ သူက ျပည္ပမွာေနတာမ်ားတယ္"
"ဟုတ္ကဲ့ ဦးေလး။ အဲ့ဒါဆို က်ြန္ေတာ္တို ့ကို တခ်က္ေလာက္ဆက္သြယ္ေပးပါ့လားဗ်။ ဒီမွာ အႀကာႀကီးေနလို ့အဆင္မေျပေတာ့ ရက္သိပ္မႀကာေလ ေကာင္းေလပါပဲ "
"ဟုတ္ျပီေလ ။ အဲ့ဒါဆို ညေန အေႀကာင္းျပန္ေပးမယ္။ "
"ဟုတ္ေက်းဇူးတင္ပါတယ္ဦးေလး။
ပြဲျဖစ္ရင္ေတာ့ ပြဲခကို ထိုက္သင့္သေလာက္ယူပါဗ်။ က်ြန္ေတာ္တို ့ပစၥည္းေလးလည္း
အဆင္ေျပရင္ ေစ်းကို ပိုရေအာင္ လုပ္ေပးပါအုံး "
"အဲ့ဒါေတာ့ စိတ္ခ်ပါ။ မင္းတို ့ပစၥည္းကို ငါ့သူငယ္ခ်င္းကို လဲျပထားလိုက္မယ္။
အဲ့ေကာင္က ဒီေလာကမွာ တကယ့္ဆရာႀကီး။ ေဒၚေဟမာသန္းလာတဲ့ အခါက်
သူ ့ကိုလွမ္းေခၚထားလိုက္မယ္။ သူ ေစ်းျဖတ္တဲ့ေစ်းကေပါက္ေစ်းပဲ။
လက္ဝယ္ေတာ့ ယူမထားလိုက္ေတာ့ဘူး။ "
"ဟုတ္ကဲ့ ။ "
"ကဲကဲ ဒါဆို အိမ္မွာ ထမင္းစားပီးမွျပန္ႀက။ ဦးေလးကေတာ့ အျပင္အလုပ္ကိစၥခ်ိန္းထားတာရွိေသးလို ့သြားရဦးမယ္။ သား …သူငယ္ခ်င္းေတြကိုေသခ်ာဧည့္ခံလိုက္အုံး"
စိုးဝင္းျမတ္က သူ ့အေဖ ထြက္သြားပီးမႀကာဘူး။ သက္ပံုကို ေကာင္းခ်ီနဲ ့
လက္ထက္ခဲ့ပံုကိုေမးေတာ့သည္။
သူကိုယ္တိုင္လဲgayတစ္ေယာက္မို ့
သက္ပံု ရဲ့ လုပ္ရပ္ေတြက ထူးဆန္းေထြလာျဖစ္ေနပံုပင္။
"သက္မင္းပံု ။ မင္းတကယ္အံ့ႀသစရာပဲ။မင္းအေဖနဲ ့ငါဟိုေန ့က
လမ္းမွာေတြ ့ တယ္။ငါ့ကိုမျမင္ခ်င္ဟန္ေဆာင္သြားတယ္သိလား။ မင္းတကယ္လုပ္ထည့္လိုက္တာ တကယ္မိုက္တယ္။ ငါဆို
ခုထိ အိမ္ကို comeoutမလုပ္ရဲေသးဘူး။ ငါ့အိမ္က လဲ မင္းအိမ္လိုပဲ ေသခန္းျဖတ္မဲ့သေဘာရွိတယ္"
စိုးဝင္းျမတ္စကားေတြကို နားေထာင္ရင္း
သက္ပံု ျပံဳးမိ၏။
ေကာင္းခ်ီကေတာ့ စိတ္မေကာင္းျဖစ္သည္ထင္… လက္ဖမိုးကို လာထပ္ဆုပ္ကိုင္သည္။
မနုညံ့ေသာ ခပ္မာမာ
လက္ဖမိုးမွတဆင့္ေႏြးေထြးလြန္းတဲ့ ေမတၱာတရားတို ့သည္
ခႏၶာကိုယ္ထဲက ေသြးေႀကာတို ့ထိ ျဖတ္သန္းစီးဆင္းသြားသလိုပင္။
ေကာင္းခ်ီကို ေမာ့ႀကည့္ကာ
ဘာမွမျဖစ္ဘူးဆိုတဲ့ စကားကို မ်က္ဝန္းေတြက တဆင့္ေျပာျပလိုက္သည္။
အရာရာ သိေနနိုင္ေသာ ေကာင္းခ်ီသည္
သက္ပံု နွဳတ္ကမေျပာလဲ သိေပလိမ့္မည္။
"အခ်စ္ကသင္သြားတာေပါ့။
ေကာင္းခ်ီက ငါ့အတြက္ သူရဲေကာင္းပဲ။
ငါဘယ္ေလာက္ မိုက္ရူးရဲဆန္တယ္ေျပာေျပာ မယံုႀကည္ရတဲ့ ေယာက်ာ္းတစ္ေယာက္ကို ငါလက္ခံပါ့မလား။
ငါဘာလုပ္လုပ္ အျမဲ ငါနဲ ့တသားထဲ
ေဘးနားမွာရွိေပးနိုင္တဲ့ သူက
ေကာင္းခ်ီပဲ။
ခ်စ္တယ္ဆိုတာထပ္ ေကာင္းခ်ီက
ငါ့အနာဂတ္ေတြကို လက္ေတြ ့ပံုေဖာ္ေပးနိုင္တယ္။
အိမ္မွာငါဘာဆိုတာမေျပာလဲ
ငါ့ရဲ့ေနပံုထိုင္ပံုကိုႀကည့္ပီးအရင္ကတည္းကေဖေဖတို ့ကႀကည္တာမွမဟုတ္တာ။
ခုလည္း ငါလုပ္ရပ္က မွန္တယ္လို ့ခံစားရတုန္းပါပဲ။ "
သက္ပံုရဲ့ ေလးနက္တဲ့ စကားအဆံုးမွာ တင္းႀကပ္သြားတဲ့ လက္ဖမိုးနဲ ့အတူ
ေကာင္းခ်ီရဲ့ *ခင္ဗ်ားရယ္ *ဆိုတဲ့
ခပ္တိုးတိုး ဆိုညီးသံက ေဘးနားမွာစိတ္လွဳပ္ရွားစြာထြက္ေပၚလာသည္။
ေကာင္းခ်ီ ေပ်ာ္ေနမလား။
ေပ်ာ္ေနမွာပါ။
သက္ပံု တခါေတာင္
ေကာင္းခ်ီကိုခုလို ရင္မဖြင့္ခဲ့ဘူးေပ။
မေျပာျပတက္ခဲ့တာမဟုတ္ဘူး။
ေျပာမျပတက္ေအာင္ ယံုႀကည္ရေသာ…
အားကိုးရေသာ… သူမို ့လို ့ထုတ္ေဖာ္မျပခဲ့တာ။
"ဟားဟား မင္းတို ့ကိုျမင္ရတာစိတ္ခ်မ္းသာပါတယ္ကြာ။ မင္းလည္းအရင္ကထပ္
ျပည့္လာတယ္ေနာ္။ ႀကည့္ရတာ
နယ္မွာေပ်ာ္ေနတယ္ထင္တယ္"
စိုးဝင္းျမတ္ရဲ့ အရႊန္းေဖာက္ကာဆိုေနေပမဲ့ တကယ္လည္း အားက်ေနဟန္တူသည္။
ေကာင္းခ်ီပံုစံက စကားေတြေျပာပီးရွင္းျပ
ေနစရာမလိုေပ။
အႀကည့္ေတြနဲ ့တင္ စိုးဝင္းျမတ္ ေကာင္းစြာနားလည္သေဘာေပါက္ေပလိမ့္မည္။
အလြန္အမင္း ဂရုစိုက္ျပေနတာမ်ိဳးကို ရုိးသားသူ ေမာင္ေကာင္းခ်ီသည္ မလုပ္တက္။
ေဘးကေနျငိမ္သက္စြာေနျပရုံ…
သက္ပံုမ်က္နွာကိုတခ်က္တခ်က္ေငးႀကည့္ေနတက္ရုံေလးနဲ ့တင္… အလြယ္တကူ
တဖက္လူကို နားလည္သြားေစသည္ထင္၏။
"အင္းေပ်ာ္တာေပ့ါ။ ေကာင္းခ်ီအိမ္က ငါနဲ ့တည့္တယ္ထင္တယ္။ စားလို ့ေကာင္းသလို ေနလို ့လည္းေကာင္းတယ္။ဒါလဲ
ေကာင္းခ်ီ ေဘးနားရွိလို ့ျဖစ္မွာပါ"
"ဟုတ္ပါပီကြာဒါဆို စားပီးမွျပန္ေနာ္"
"မစားေတာ့ဘူး။ ဘုန္းႀကီးေက်ာင္းမွာ
ေဒၚေလးတို ့က်န္ခဲ့တယ္။ ေနာက္တခါမွေပါ့ကြာ"
သက္ပံု ေသခ်ာရွင္းျပပီး ျငင္းပယ္လိုက္သည္။
ဘုန္းႀကီးေက်ာင္းမွာေဒၚေလးတို ့တို ့
ထမင္းစားဖို ့ေစာင့္ေနမွာေသခ်ာသည္။
သက္ပံုကိုယ္တိုင္လည္း အျပင္မွာ စားေသာက္ရတာထပ္ ေဒၚေလးတို ့နဲ ့တေပ်ာ္တပါးစားေသာက္ရတာပို မက္ေမာသည္။
အျပန္လမ္းမွာ ေကာင္းခ်ီက သက္ပံုကို ေဘးကေနေငးကာ လိုက္ပါလာခဲ့သည္။
ဆုပ္ကိုင္ထားေသာ လက္တဖက္ကိုလဲ
လႊတ္မေပးခဲ့ပါ။
ငွားလာေသာ အငွားကားေမာင္းသမားသည္ သိသိသာသာ စပ္စုေနပါေသာ္ျငားလည္း ေကာင္းခ်ီက သတိမထားမိဟန္။
အနည္းငယ္ရွက္ရြံသလိုခံစားေနရေပမဲ့
ေကာင္းခ်ီ၏ ေငးေမာေနမူ ့ကို
သက္ပံု မတားစီးခဲ့ေပ။
အဒိတ္ဒိတ္တုန္ဟီးေနေသာ ရင္ခုန္သံသည္ ဟိုးအတိတ္က သက္ပံုေနာက္ကို
ေကာင္းခ်ီ တေကာက္ေကာက္လိုက္ခဲ့တုန္းကအခ်ိန္ေတြကို ျပန္ေရာက္သြားသလိုပင္။
ဘုန္းႀကီးေက်ာင္းေရာက္ေတာ့ေဒၚေလးတို ့ကတကယ္ပင္ေမ်ွာ္ေနရွာသည္။
ဘုန္းႀကီးေက်ာင္းေရွ ့တြင္ စိုက္ထားေသာ စြယ္ေတာ္ပင္ေအာက္က ခံုတန္းလ်ားေပၚတြင္ ေဒၚေလးတို ့ညီမနွစ္ေယာက္က ယပ္ေတာင္တေခ်ာင္းစီနဲ ့ထိုင္ေနႀကသည္။
သနပ္ခါးအေဖြးသားနဲ ့မို ့ေရခ်ိဳးထားျပီးပံု။
ဘုန္းႀကီးေက်ာင္းဆိုေပမဲ့ ဧည့္သည္တည္းတဲ့ အေဆာက္အဦးကို သက္သက္ထားေပးထားသည္မို ့ဘုန္းႀကီးေတြနဲ ့
သီးသန္ ့ျဖစ္ေနသည္။
ေနရတာလြတ္လပ္သလို ေအးလည္းေအးခ်မ္း၏။
ေနာက္ေဖးမွာ လွဴဒါန္းထားေသာ အိမ္သာနဲ ့ေရခ်ိဳးခန္း ကလည္း အသစ္စက္စက္မို ့အေတာ္ႀကီးအဆင္ေျပတယ္ေျပာရမည္။
သက္ပံုတို ့ေရာက္ေတာ့ မိုးကုတ္က
ဧည့္သည္ေတြ ျပန္သြားတာနဲ ့ကြက္တိ။
တျခားသူစိမ္းမရွိပဲ ကိုယ့္မိသားစုသီးသန္ ့မို ့ကိုယ့္အိမ္ကုိယ့္ယာလို လြတ္လြတ္လပ္လပ္ေနလို ့ရသည္။
အေပၚေအာက္နွစ္ထပ္တိုက္ေလးဆိုေပမဲ့
အေပၚထပ္မွာ သက္ေတာ္ႀကီးတဲ့
ဦးဇင္းတပါး ေနသည္ေႀကာင့္ ဧည့္သည္လာရင္ေအာက္ထပ္မွာသာ တည္းက်ရသည္။
အေပၚထပ္ကို သြားတဲ့ေလွကားသည္
အတက္အဆင္းလုပ္ရန္
အျပင္ကေန ေဖာက္ေပးထား၍ေအာက္ထပ္ဧည့္ေဆာင္သည္လူေနသီးသန္ ့လိုျဖစ္ေန၏။
ေအာက္ထပ္တထပ္လံုးသည္ ေဟာခန္းပံုစံျဖစ္ကာ လွဴဒါန္းထားေသာ ေစာင္…
ေခါင္းအုန္းနဲ ့ျခင္ေထာင္မ်ားကို အေတာ္ႀကီးတဲ့ဘီဒိုႀကီးနဲ ့စုထည့္ထားသည္။
အသန္ ့ရွင္းႀကိဳက္ေသာ ေကာင္းခ်ီက
အပင္ပန္းခံကာ ေခါင္းအုန္းဖုံးစြပ္အပါအဝင္ ျခင္ေထာင္နဲ ့ေစာင္ပါးတစ္ထည္ကို ပါထည့္သယ္လာခဲ့ေသးသည္။
"ေဟာ … ျပန္လာႀကပီလား။
မႏၱေလးကေတာ့ အေတာ္ပူတာပဲ။
ငါတို ့ေရခ်ိဳးခန္းထဲမွာတနာရီေလာက္
ပဲႀကီးေရပြျဖစ္ေအာင္
ေစာင္ေတြျခင္ေထာင္ေတြေလ်ွာ္ေနတာေတာင္ ပူေနတုန္းပဲ"
"ေဒၚေလးေအးႀကည္ကလည္းအပင္ပန္းခံျပန္ပီ။ က်ြန္ေတာ္လာမွလုပ္ေပးမွာေပါ့"
"အမေလးေကာင္းေကာင္းရယ္။ မင္းနွယ့္… ငါ့ကို ဘာမွမလုပ္နိုင္တဲ့ အဖြားႀကီးက်ေနတာပဲ…ဒီေလာက္ကေတာ့ငါလုပ္
နိုင္ပါေသးတယ္။"
ယပ္ေတာင္တဖ်ပ္ဖ်ပ္ခပ္ရင္းဆိုလာတဲ့
ေဒၚေလးေအးႀကည့္ကိုႀကည့္ရင္းသက္ပံု
ျပံဳးမိ၏။ စိတ္ပ်ိဳကိုယ္နုတဲ့။
ေလာဘနဲ ့မေကာင္းတဲ့စိတ္မရွိလို ့လားမသိ။ အသက္ငါးဆယ္ေက်ာ္ဆိုေပမဲ့
အေတာ္ႀကီးသန္မာဖ်တ္လတ္ေသးသည္။
"ဖိုးသားတို ့ကေရာ"
"ေနာက္ေဖးမွာ ငါတို ့ေလ်ွာ္ေပးခဲ့တဲ့
ေစာင္ေတြကိုလွမ္းခိုင္းထားတယ္"
"ဒါဆိုက်ြန္ေတာ္သြားႀကည့္ဦးမယ္။
သက္ပံု ထိုင္ေနခဲ့အုံးေနာ္။ ဗိုက္ဆာပီလား"
"မဆာေသးဘူး။ ရတယ္ ။ မင္းဘာသာေအးေဆးလုပ္ပါ။ ငါေဒၚေလးတို ့နဲ ့
စကားေျပာအုံးမယ္"
ေကာင္းခ်ီေခါင္းျငိမ့္ျပပီးေနာက္ေဖးလမ္းႀကားေလးထဲဝင္သြား၏။
"မႏၱေလးလာရင္ သန္ ့ေရွးကုသိုလ္ယူေနႀက။ လုပ္အားကုသိုလ္ေပါ့။ "
ေဒၚေလးျမရင္စကားေတြေႀကာင့္သက္ပံုရင္ထဲေအးျမသြား၏။
အရင္က ဘုန္းႀကီးေက်ာင္းမွာကပ္ေနတဲ့
ေကာင္းခ်ီကေရာ …တပါတ္တခါအားလပ္ရက္တိုင္းခုလို ကုသိုလ္ ယူတက္သလား။
ဇီဇာေႀကာင္တဲ့ ေကာင္းခ်ီက မလုပ္မွာေတာ့မပူရ။
အမွဳိက္တစက်ေနရင္ေတာင္ သြားေကာက္လိုက္ရမွေက်နပ္ေသာ ေကာင္းစင္သန္ ့ခ်ီသည္ သက္ပံု မသိခဲ့ေသာ ေနရက္တို ့တြင္လည္း ရုိးသားေအးခ်မ္းေသာ ေကာင္ေလးတစ္ေယာက္ ျဖစ္ေနခဲ့မွာေသခ်ာသည္။
"အဆင္ေျပခဲ့လားအလုပ္က"
"ေျပတယ္ေျပာရမယ္ေဒၚေလး။
ညေနတေခါက္ေတာ့ ျပန္သြားရမွာ။
ဝယ္လက္နဲ ့တခါထဲဆံုခိုင္းမယ္တဲ့"
"ေကာင္းတာေပါ့… အဆင္ေျပသြားမွာပါ
မင္းတို ့နွစ္ေယာက္ကံက တအားေကာင္းလြန္းတယ္။ "
တိုးတိတ္စြာဆိုလိုက္တဲ့ ေဒၚေလးေအး
ႀကည္ေႀကာင့္ သက္ပံုရင္ထဲကပူပင္ေသာကတခ်ိဳ ့က လႊင့္ျပယ္သြား၏။
ေန ့ခင္းထမင္းစားခ်ိန္ေရာက္ေတာ့
ကားငွားပီး ျမိဳ ့ထဲကို ထမင္းလိုက္ေက်ြးျဖစ္သည္။
ေတာသားျမိဳ ့ေရာက္ဖာလူဒါေသာက္ဆိုသလို ျမိဳ ့ေရာက္တုန္းဖာလူဒါေသာက္ခ်င္ပါတယ္ဆိုတဲ့ ေမာင္ဖိုးသားေႀကာင့္
နိုင္လြန္ မွာလိုက္ပီးေက်ြးခဲ့ရေသးသည္။
ဆိုင္ေရာက္ေတာ့ ခ်ေပးထားတဲ့ ေစ်းနွုန္းကဒ္ကိုႀကည့္ကာ မ်က္လံုးေတြက ျပဴးကုန္ႀကသည္။
ဆိုေသးသည္ ။
ျမိဳ ့ေလးမွာဆို ဖာလူဒါတစ္ခြက္ ငါးရာနဲ ့
ရသည္တဲ့။
အကုန္လံုးသည္ရယ္စရာေကာင္းေနေပမဲ့
ခ်စ္စရာလည္းေကာင္းႀကေသးသည္။
အေစာက ေစ်းႀကီးတယ္ဟုေျပာေသာ
ဖာလူဒါလဲေရာက္ေရာ ……
စားႀကည့္ပီး အရသာက ၂၀၀၀တန္ပါတယ္ျဖစ္သြားျပန္သည္။
ေက်ာပိုးအိတ္ထဲမွာ ထည့္ထားေသာ
ပစၥည္းဘူးေလးေႀကာင့္အနည္းငယ္စိတ္ေသာကေရာက္ရေသာ္လည္း ေစ်းခ်ိဳကို အျပန္လိုက္ပို ့ျဖစ္ခဲ့သည္။
တအံတႀသလိုက္ႀကည့္ေနရွာတဲ့
ျမသက္အတြက္ ဝမ္းဆက္သံုးထည္ဝယ္ေပးျဖစ္သလို။
ဂ်င္းေဘာင္းဘီလိုခ်င္ရွာတဲ့ ဖိုးသားကိုလည္း ေဘာင္းဘီ နွစ္ထည္နဲ ့တီရွပ္နွစ္ထည္ဝယ္ေပးျဖစ္သည္။
ကိုထက္တို ့လင္မယားကိုႀကိဳက္တာဝယ္ဖို ့မုန္ ့ဖိုးတသိန္းနဲ ့ေဒၚေလးတို ့ကိုေတာ့ ပါတိတ္လံုခ်ည္နွစ္ထည္ဆီဝယ္ေပးလိုက္သည္။
ေရာက္တုန္းေရာက္ခိုက္ေျခတိုေအာင္လွည့္ပတ္ႀကည့္ပီး အျပန္ဘုန္းႀကီးေက်ာင္းအတြက္ သစ္သီးေလးမ်ိဳးဝယ္ပီး ျပန္ခဲ့ႀကသည္။
ခ်စ္တဲ့အိမ္စည္။
>>>>>>>>>><<<<<<<<<
"၅၅၀၀လောက်တော့တန်မယ် ကိုသက်။
အထဲမှာပါတဲ့ ကျောက်တွေက ပိုတန်တာ။ ဒီမှာကြည့် ။ ကျောမှာစီထားတဲ့ အဖြူရောင် ကျောက်တန်းလေးက စိန်တွေ ။ တခြား မြ တို့ နီလာတို့ ပတ္တမြားတို့ ကလည်းအရေအသွေးက အတော်ကောင်းတယ် …"
ဒေါင်းပုံစံ ဆွဲသီးမှာရှိတဲ့ ကျောက်တွေကို လက်ညိုးနဲ့ ထိုးပီး ရှင်းပြနေတဲ့ ဦးစိုးပြည့်က သက်ပုံ ဆေးကျောင်းတက်တုန်းကခင်ခဲ့တဲ့ စိုးဝင်းမြတ်ဆိုတဲ့ သူငယ်ချင်းရဲ့အဖေ။ ကျောက်လောကမှာ ဆရာကြီးဖြစ်သလို အမှန်အကန်သမားမို့ နာမည်ရှိတဲ့သူ။
"ရောင်းမဲ့ဝယ်လက်ရှိလားဖေဖေ ။ သက်မင်းပုံက နယ်ကနေ လာရတာမို့ လို့ အဆင်ပြေအောင်လုပ်ပေးမှရမှာ"
စိုးဝင်းမြတ်စကားကြောင့် သက်ပုံ ကျေးဇူးတင်စွာပြုံးပြလိုက်သည်။
"ရှိတာတော့ရှိတယ်။ ဒေါ်ဟေမာသန်းတဲ့
။ ပစ္စည်းကောင်းရှိရင်တော့ အမြဲဝယ်တက်တယ်။ တခုပဲ မင်းတို့ ကံကောင်းရင်တော့ … သူဒီမှာရှိမှာရှိမှာပဲ။ မဟုတ်ရင် သူက ပြည်ပမှာနေတာများတယ်"
"ဟုတ်ကဲ့ ဦးလေး။ အဲ့ဒါဆို ကျွန်တော်တို့ ကို တချက်လောက်ဆက်သွယ်ပေးပါ့လားဗျ။ ဒီမှာ အကြာကြီးနေလို့ အဆင်မပြေတော့ ရက်သိပ်မကြာလေ ကောင်းလေပါပဲ "
"ဟုတ်ပြီလေ ။ အဲ့ဒါဆို ညနေ အကြောင်းပြန်ပေးမယ်။ "
"ဟုတ်ကျေးဇူးတင်ပါတယ်ဦးလေး။
ပွဲဖြစ်ရင်တော့ ပွဲခကို ထိုက်သင့်သလောက်ယူပါဗျ။ ကျွန်တော်တို့ ပစ္စည်းလေးလည်း
အဆင်ပြေရင် ဈေးကို ပိုရအောင် လုပ်ပေးပါအုံး "
"အဲ့ဒါတော့ စိတ်ချပါ။ မင်းတို့ ပစ္စည်းကို ငါ့သူငယ်ချင်းကို လဲပြထားလိုက်မယ်။
အဲ့ကောင်က ဒီလောကမှာ တကယ့်ဆရာကြီး။ ဒေါ်ဟေမာသန်းလာတဲ့ အခါကျ
သူ့ ကိုလှမ်းခေါ်ထားလိုက်မယ်။ သူ ဈေးဖြတ်တဲ့ဈေးကပေါက်ဈေးပဲ။
လက်ဝယ်တော့ ယူမထားလိုက်တော့ဘူး။ "
"ဟုတ်ကဲ့ ။ "
"ကဲကဲ ဒါဆို အိမ်မှာ ထမင်းစားပီးမှပြန်ကြ။ ဦးလေးကတော့ အပြင်အလုပ်ကိစ္စချိန်းထားတာရှိသေးလို့ သွားရဦးမယ်။ သား …သူငယ်ချင်းတွေကိုသေချာဧည့်ခံလိုက်အုံး"
စိုးဝင်းမြတ်က သူ့ အဖေ ထွက်သွားပီးမကြာဘူး။ သက်ပုံကို ကောင်းချီနဲ့
လက်ထက်ခဲ့ပုံကိုမေးတော့သည်။
သူကိုယ်တိုင်လဲgayတစ်ယောက်မို့
သက်ပုံ ရဲ့ လုပ်ရပ်တွေက ထူးဆန်းထွေလာဖြစ်နေပုံပင်။
"သက်မင်းပုံ ။ မင်းတကယ်အံ့သြစရာပဲ။မင်းအဖေနဲ့ ငါဟိုနေ့ က
လမ်းမှာတွေ့ တယ်။ငါ့ကိုမမြင်ချင်ဟန်ဆောင်သွားတယ်သိလား။ မင်းတကယ်လုပ်ထည့်လိုက်တာ တကယ်မိုက်တယ်။ ငါဆို
ခုထိ အိမ်ကို comeoutမလုပ်ရဲသေးဘူး။ ငါ့အိမ်က လဲ မင်းအိမ်လိုပဲ သေခန်းဖြတ်မဲ့သဘောရှိတယ်"
စိုးဝင်းမြတ်စကားတွေကို နားထောင်ရင်း
သက်ပုံ ပြုံးမိ၏။
ကောင်းချီကတော့ စိတ်မကောင်းဖြစ်သည်ထင်… လက်ဖမိုးကို လာထပ်ဆုပ်ကိုင်သည်။
မနုညံ့သော ခပ်မာမာ
လက်ဖမိုးမှတဆင့်နွေးထွေးလွန်းတဲ့ မေတ္တာတရားတို့ သည်
ခန္ဓာကိုယ်ထဲက သွေးကြောတို့ ထိ ဖြတ်သန်းစီးဆင်းသွားသလိုပင်။
ကောင်းချီကို မော့ကြည့်ကာ
ဘာမှမဖြစ်ဘူးဆိုတဲ့ စကားကို မျက်ဝန်းတွေက တဆင့်ပြောပြလိုက်သည်။
အရာရာ သိနေနိုင်သော ကောင်းချီသည်
သက်ပုံ နှုတ်ကမပြောလဲ သိပေလိမ့်မည်။
"အချစ်ကသင်သွားတာပေါ့။
ကောင်းချီက ငါ့အတွက် သူရဲကောင်းပဲ။
ငါဘယ်လောက် မိုက်ရူးရဲဆန်တယ်ပြောပြော မယုံကြည်ရတဲ့ ယောကျာ်းတစ်ယောက်ကို ငါလက်ခံပါ့မလား။
ငါဘာလုပ်လုပ် အမြဲ ငါနဲ့ တသားထဲ
ဘေးနားမှာရှိပေးနိုင်တဲ့ သူက
ကောင်းချီပဲ။
ချစ်တယ်ဆိုတာထပ် ကောင်းချီက
ငါ့အနာဂတ်တွေကို လက်တွေ့ ပုံဖော်ပေးနိုင်တယ်။
အိမ်မှာငါဘာဆိုတာမပြောလဲ
ငါ့ရဲ့နေပုံထိုင်ပုံကိုကြည့်ပီးအရင်ကတည်းကဖေဖေတို့ ကကြည်တာမှမဟုတ်တာ။
ခုလည်း ငါလုပ်ရပ်က မှန်တယ်လို့ ခံစားရတုန်းပါပဲ။ "
သက်ပုံရဲ့ လေးနက်တဲ့ စကားအဆုံးမှာ တင်းကြပ်သွားတဲ့ လက်ဖမိုးနဲ့ အတူ
ကောင်းချီရဲ့ *ခင်ဗျားရယ် *ဆိုတဲ့
ခပ်တိုးတိုး ဆိုညီးသံက ဘေးနားမှာစိတ်လှုပ်ရှားစွာထွက်ပေါ်လာသည်။
ကောင်းချီ ပျော်နေမလား။
ပျော်နေမှာပါ။
သက်ပုံ တခါတောင်
ကောင်းချီကိုခုလို ရင်မဖွင့်ခဲ့ဘူးပေ။
မပြောပြတက်ခဲ့တာမဟုတ်ဘူး။
ပြောမပြတက်အောင် ယုံကြည်ရသော…
အားကိုးရသော… သူမို့ လို့ ထုတ်ဖော်မပြခဲ့တာ။
"ဟားဟား မင်းတို့ ကိုမြင်ရတာစိတ်ချမ်းသာပါတယ်ကွာ။ မင်းလည်းအရင်ကထပ်
ပြည့်လာတယ်နော်။ ကြည့်ရတာ
နယ်မှာပျော်နေတယ်ထင်တယ်"
စိုးဝင်းမြတ်ရဲ့ အရွှန်းဖောက်ကာဆိုနေပေမဲ့ တကယ်လည်း အားကျနေဟန်တူသည်။
ကောင်းချီပုံစံက စကားတွေပြောပီးရှင်းပြ
နေစရာမလိုပေ။
အကြည့်တွေနဲ့ တင် စိုးဝင်းမြတ် ကောင်းစွာနားလည်သဘောပေါက်ပေလိမ့်မည်။
အလွန်အမင်း ဂရုစိုက်ပြနေတာမျိုးကို ရိုးသားသူ မောင်ကောင်းချီသည် မလုပ်တက်။
ဘေးကနေငြိမ်သက်စွာနေပြရုံ…
သက်ပုံမျက်နှာကိုတချက်တချက်ငေးကြည့်နေတက်ရုံလေးနဲ့ တင်… အလွယ်တကူ
တဖက်လူကို နားလည်သွားစေသည်ထင်၏။
"အင်းပျော်တာပေ့ါ။ ကောင်းချီအိမ်က ငါနဲ့ တည့်တယ်ထင်တယ်။ စားလို့ ကောင်းသလို နေလို့ လည်းကောင်းတယ်။ဒါလဲ
ကောင်းချီ ဘေးနားရှိလို့ ဖြစ်မှာပါ"
"ဟုတ်ပါပီကွာဒါဆို စားပီးမှပြန်နော်"
"မစားတော့ဘူး။ ဘုန်းကြီးကျောင်းမှာ
ဒေါ်လေးတို့ ကျန်ခဲ့တယ်။ နောက်တခါမှပေါ့ကွာ"
သက်ပုံ သေချာရှင်းပြပီး ငြင်းပယ်လိုက်သည်။
ဘုန်းကြီးကျောင်းမှာဒေါ်လေးတို့ တို့
ထမင်းစားဖို့ စောင့်နေမှာသေချာသည်။
သက်ပုံကိုယ်တိုင်လည်း အပြင်မှာ စားသောက်ရတာထပ် ဒေါ်လေးတို့ နဲ့ တပျော်တပါးစားသောက်ရတာပို မက်မောသည်။
အပြန်လမ်းမှာ ကောင်းချီက သက်ပုံကို ဘေးကနေငေးကာ လိုက်ပါလာခဲ့သည်။
ဆုပ်ကိုင်ထားသော လက်တဖက်ကိုလဲ
လွှတ်မပေးခဲ့ပါ။
ငှားလာသော အငှားကားမောင်းသမားသည် သိသိသာသာ စပ်စုနေပါသော်ငြားလည်း ကောင်းချီက သတိမထားမိဟန်။
အနည်းငယ်ရှက်ရွံသလိုခံစားနေရပေမဲ့
ကောင်းချီ၏ ငေးမောနေမူ့ ကို
သက်ပုံ မတားစီးခဲ့ပေ။
အဒိတ်ဒိတ်တုန်ဟီးနေသော ရင်ခုန်သံသည် ဟိုးအတိတ်က သက်ပုံနောက်ကို
ကောင်းချီ တကောက်ကောက်လိုက်ခဲ့တုန်းကအချိန်တွေကို ပြန်ရောက်သွားသလိုပင်။
ဘုန်းကြီးကျောင်းရောက်တော့ဒေါ်လေးတို့ ကတကယ်ပင်မျှော်နေရှာသည်။
ဘုန်းကြီးကျောင်းရှေ့ တွင် စိုက်ထားသော စွယ်တော်ပင်အောက်က ခုံတန်းလျားပေါ်တွင် ဒေါ်လေးတို့ ညီမနှစ်ယောက်က ယပ်တောင်တချောင်းစီနဲ့ ထိုင်နေကြသည်။
သနပ်ခါးအဖွေးသားနဲ့ မို့ ရေချိုးထားပြီးပုံ။
ဘုန်းကြီးကျောင်းဆိုပေမဲ့ ဧည့်သည်တည်းတဲ့ အဆောက်အဦးကို သက်သက်ထားပေးထားသည်မို့ ဘုန်းကြီးတွေနဲ့
သီးသန့် ဖြစ်နေသည်။
နေရတာလွတ်လပ်သလို အေးလည်းအေးချမ်း၏။
နောက်ဖေးမှာ လှူဒါန်းထားသော အိမ်သာနဲ့ ရေချိုးခန်း ကလည်း အသစ်စက်စက်မို့ အတော်ကြီးအဆင်ပြေတယ်ပြောရမည်။
သက်ပုံတို့ ရောက်တော့ မိုးကုတ်က
ဧည့်သည်တွေ ပြန်သွားတာနဲ့ ကွက်တိ။
တခြားသူစိမ်းမရှိပဲ ကိုယ့်မိသားစုသီးသန့် မို့ ကိုယ့်အိမ်ကိုယ့်ယာလို လွတ်လွတ်လပ်လပ်နေလို့ ရသည်။
အပေါ်အောက်နှစ်ထပ်တိုက်လေးဆိုပေမဲ့
အပေါ်ထပ်မှာ သက်တော်ကြီးတဲ့
ဦးဇင်းတပါး နေသည်ကြောင့် ဧည့်သည်လာရင်အောက်ထပ်မှာသာ တည်းကျရသည်။
အပေါ်ထပ်ကို သွားတဲ့လှေကားသည်
အတက်အဆင်းလုပ်ရန်
အပြင်ကနေ ဖောက်ပေးထား၍အောက်ထပ်ဧည့်ဆောင်သည်လူနေသီးသန့် လိုဖြစ်နေ၏။
အောက်ထပ်တထပ်လုံးသည် ဟောခန်းပုံစံဖြစ်ကာ လှူဒါန်းထားသော စောင်…
ခေါင်းအုန်းနဲ့ ခြင်ထောင်များကို အတော်ကြီးတဲ့ဘီဒိုကြီးနဲ့ စုထည့်ထားသည်။
အသန့် ရှင်းကြိုက်သော ကောင်းချီက
အပင်ပန်းခံကာ ခေါင်းအုန်းဖုံးစွပ်အပါအဝင် ခြင်ထောင်နဲ့ စောင်ပါးတစ်ထည်ကို ပါထည့်သယ်လာခဲ့သေးသည်။
"ဟော … ပြန်လာကြပီလား။
မန္တလေးကတော့ အတော်ပူတာပဲ။
ငါတို့ ရေချိုးခန်းထဲမှာတနာရီလောက်
ပဲကြီးရေပွဖြစ်အောင်
စောင်တွေခြင်ထောင်တွေလျှော်နေတာတောင် ပူနေတုန်းပဲ"
"ဒေါ်လေးအေးကြည်ကလည်းအပင်ပန်းခံပြန်ပီ။ ကျွန်တော်လာမှလုပ်ပေးမှာပေါ့"
"အမလေးကောင်းကောင်းရယ်။ မင်းနှယ့်… ငါ့ကို ဘာမှမလုပ်နိုင်တဲ့ အဖွားကြီးကျနေတာပဲ…ဒီလောက်ကတော့ငါလုပ်
နိုင်ပါသေးတယ်။"
ယပ်တောင်တဖျပ်ဖျပ်ခပ်ရင်းဆိုလာတဲ့
ဒေါ်လေးအေးကြည့်ကိုကြည့်ရင်းသက်ပုံ
ပြုံးမိ၏။ စိတ်ပျိုကိုယ်နုတဲ့။
လောဘနဲ့ မကောင်းတဲ့စိတ်မရှိလို့ လားမသိ။ အသက်ငါးဆယ်ကျော်ဆိုပေမဲ့
အတော်ကြီးသန်မာဖျတ်လတ်သေးသည်။
"ဖိုးသားတို့ ကရော"
"နောက်ဖေးမှာ ငါတို့ လျှော်ပေးခဲ့တဲ့
စောင်တွေကိုလှမ်းခိုင်းထားတယ်"
"ဒါဆိုကျွန်တော်သွားကြည့်ဦးမယ်။
သက်ပုံ ထိုင်နေခဲ့အုံးနော်။ ဗိုက်ဆာပီလား"
"မဆာသေးဘူး။ ရတယ် ။ မင်းဘာသာအေးဆေးလုပ်ပါ။ ငါဒေါ်လေးတို့ နဲ့
စကားပြောအုံးမယ်"
ကောင်းချီခေါင်းငြိမ့်ပြပီးနောက်ဖေးလမ်းကြားလေးထဲဝင်သွား၏။
"မန္တလေးလာရင် သန့် ရှေးကုသိုလ်ယူနေကြ။ လုပ်အားကုသိုလ်ပေါ့။ "
ဒေါ်လေးမြရင်စကားတွေကြောင့်သက်ပုံရင်ထဲအေးမြသွား၏။
အရင်က ဘုန်းကြီးကျောင်းမှာကပ်နေတဲ့
ကောင်းချီကရော …တပါတ်တခါအားလပ်ရက်တိုင်းခုလို ကုသိုလ် ယူတက်သလား။
ဇီဇာကြောင်တဲ့ ကောင်းချီက မလုပ်မှာတော့မပူရ။
အမှိုက်တစကျနေရင်တောင် သွားကောက်လိုက်ရမှကျေနပ်သော ကောင်းစင်သန့် ချီသည် သက်ပုံ မသိခဲ့သော နေရက်တို့ တွင်လည်း ရိုးသားအေးချမ်းသော ကောင်လေးတစ်ယောက် ဖြစ်နေခဲ့မှာသေချာသည်။
"အဆင်ပြေခဲ့လားအလုပ်က"
"ပြေတယ်ပြောရမယ်ဒေါ်လေး။
ညနေတခေါက်တော့ ပြန်သွားရမှာ။
ဝယ်လက်နဲ့ တခါထဲဆုံခိုင်းမယ်တဲ့"
"ကောင်းတာပေါ့… အဆင်ပြေသွားမှာပါ
မင်းတို့ နှစ်ယောက်ကံက တအားကောင်းလွန်းတယ်။ "
တိုးတိတ်စွာဆိုလိုက်တဲ့ ဒေါ်လေးအေး
ကြည်ကြောင့် သက်ပုံရင်ထဲကပူပင်သောကတချို့ က လွှင့်ပြယ်သွား၏။
နေ့ ခင်းထမင်းစားချိန်ရောက်တော့
ကားငှားပီး မြို့ ထဲကို ထမင်းလိုက်ကျွေးဖြစ်သည်။
တောသားမြို့ ရောက်ဖာလူဒါသောက်ဆိုသလို မြို့ ရောက်တုန်းဖာလူဒါသောက်ချင်ပါတယ်ဆိုတဲ့ မောင်ဖိုးသားကြောင့်
နိုင်လွန် မှာလိုက်ပီးကျွေးခဲ့ရသေးသည်။
ဆိုင်ရောက်တော့ ချပေးထားတဲ့ ဈေးနှုန်းကဒ်ကိုကြည့်ကာ မျက်လုံးတွေက ပြူးကုန်ကြသည်။
ဆိုသေးသည် ။
မြို့ လေးမှာဆို ဖာလူဒါတစ်ခွက် ငါးရာနဲ့
ရသည်တဲ့။
အကုန်လုံးသည်ရယ်စရာကောင်းနေပေမဲ့
ချစ်စရာလည်းကောင်းကြသေးသည်။
အစောက ဈေးကြီးတယ်ဟုပြောသော
ဖာလူဒါလဲရောက်ရော ……
စားကြည့်ပီး အရသာက ၂၀၀၀တန်ပါတယ်ဖြစ်သွားပြန်သည်။
ကျောပိုးအိတ်ထဲမှာ ထည့်ထားသော
ပစ္စည်းဘူးလေးကြောင့်အနည်းငယ်စိတ်သောကရောက်ရသော်လည်း ဈေးချိုကို အပြန်လိုက်ပို့ ဖြစ်ခဲ့သည်။
တအံတသြလိုက်ကြည့်နေရှာတဲ့
မြသက်အတွက် ဝမ်းဆက်သုံးထည်ဝယ်ပေးဖြစ်သလို။
ဂျင်းဘောင်းဘီလိုချင်ရှာတဲ့ ဖိုးသားကိုလည်း ဘောင်းဘီ နှစ်ထည်နဲ့ တီရှပ်နှစ်ထည်ဝယ်ပေးဖြစ်သည်။
ကိုထက်တို့ လင်မယားကိုကြိုက်တာဝယ်ဖို့ မုန့် ဖိုးတသိန်းနဲ့ ဒေါ်လေးတို့ ကိုတော့ ပါတိတ်လုံချည်နှစ်ထည်ဆီဝယ်ပေးလိုက်သည်။
ရောက်တုန်းရောက်ခိုက်ခြေတိုအောင်လှည့်ပတ်ကြည့်ပီး အပြန်ဘုန်းကြီးကျောင်းအတွက် သစ်သီးလေးမျိုးဝယ်ပီး ပြန်ခဲ့ကြသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz