အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
2
ေန ့ခင္းက ကိုေက်ာ္စြာ ကို ေပးလိုက္တဲ့စာေလးက ေကာင္းခ်ီဆီကို ေရာက္ေရာ
ေရာက္ရဲ့လားဆိုတာ သက္ပံုမသိေပမဲ့
ျပင္ဆင္စရာေတာ့ ႀကိဳျပင္ဆင္ထားမိသည္။
ဖုန္းေလးတစ္လံုးေလာက္ဝယ္ပါဆိုတာကို
ကပ္တီးကပ္တက္ လုပ္ကာ ေကာင္းခ်ီက လံုးဝ မဝယ္ခဲ့။ ထို ့ေႀကာင့္ အဆက္အသြယ္လုပ္ဖို ့ဆိုရင္ ဟိုေရွးေခတ္ကလံုမပ်ိဳေတြလို သူ ့မွာစာတတန္ေပတတန္ လုပ္ေနရသည္။
အခ်ိန္က ည၇နာရီေလာက္ သာရွိေနေသးသည္မို ့ သက္ျပင္းခ်ကာ အလုပ္သမား ေကာင္မေလးေတြနဲ ့အတူ ညေနစာအတြက္ ကူညီျပင္ဆင္ေပးမိသည္။
သူဝါသနာကလဲ ခက္သား။
မိန္းမစိတ္ဝင္ေနတာမဟုတ္ေပမဲ့
ထမင္းဟင္းခ်က္တာ ၊မုန္ ့လုပ္တာေတြနဲ ့
စက္ခ်ဳပ္တာမ်ိဳးေတြကိုသာစိတ္ဝင္စားသည္။
ေဖေဖက ထိုအလုပ္ေတြ သက္ပံုလုပ္
သည္ကို လံုးဝမႀကိဳက္ေပ။ ထို႔ေႀကာင့္ မႀကာခဏ အဆူအေျပာခံရတက္သည္။
မင္း က်ားက်ားယားယား ေယာက်ာ္းေတြလုပ္တဲ့ အလုပ္ လုပ္ပါလား ဆိုတာမ်ား ေဖေဖနွုတ္ကထြက္လာတက္ေပမဲ့ ႀကာေတာ့ သက္ပံု မနာနိုင္ေတာ့။
ေသြးသံရဲရဲအလုပ္ေတြ မနွစ္သက္တဲ့
သက္ပံုကို အတင္းအႀကပ္ ေဆးေက်ာင္းတက္ေစသည္မွာလည္း ေဖေဖကိုယ္တိုင္သာ။
ေနာက္ဆံုးနစ္ထိ မနည္းသည္းခံတက္ခဲ့ရတာ ေကာင္းခ်ီေလးရဲ့ မ်က္နွာတည္ေလး
နဲ ့ေျပာခဲ့တဲ့ အားေပးစကားေတြေႀကာင့္ပင္။
ထိုေကာင္းစင္သန္ ့ခ်ီ ဆိုတဲ့ ေကာင္ေလးက
သက္ပံုထပ္ သံုးနွစ္ နဲ ့သံုးလ ငယ္တဲ့ ရည္းစားကေလးျဖစ္သည္။
အရြယ္ေရာက္ကတည္းက
လိင္တူအမ်ိဳးသားမ်ားကိုသာ ႀကိဳက္နွစ္သက္ခဲ့ေပမဲ့ တင္းႀကပ္တဲ့ ေဖေဖေႀကာင့္
ကိုယ့္ ျဖစ္တည္မူ ့ကို ခ်ဳပ္တည္းခဲ့ရသည္။
ေကာင္းခ်ီက သက္ပံုတို ့ရပ္ကြက္ကမဟုတ္ပဲ ဟိုဖက္ရပ္ကြက္က ဘုန္းႀကီးေက်ာင္းမွာေနတဲ့ ကုန္ထမ္းတဲ့ အလုပ္သမားေလးျဖစ္သည္။ သက္ပံု နဲ ့ေကာင္းခ်ီဆိုရင္
ေဖေဖေျပာေနက် အဆင့္အတန္းက မိုးနဲ ့ေျမေလာက္ကြာတယ္ ဆိုတဲ့ စကားအတိုင္းပင္။
ေဖေဖက သစ္သီးပြဲရုံ မ်ားကိုပိုင္တဲ့ သူေဌးတစ္ဦးျဖစ္ကာ ေမေမက ေတာ့ အထက္တန္းျပ ေက်ာင္းဆရာမ ျဖစ္၏။ သက္ပံုမွာ ေနာက္ထပ္ ေမာင္နွမ သံုးေယာက္ရွိေသးေပမဲ့ သက္ပံုက တတိယ သားလတ္သာျဖစ္သည္။ ကိုကိုႀကီး က
ေဖေဖပြဲရုံမွာ လိုက္ဦးစီးေနသလို ၊ကိုကိုေလးက နာမည္ႀကီးေမာ္ဒယ္တစ္ေယာက္
မို ့ အိမ္မွာ ဆရာဝန္မျဖစ္ေသးတဲ့ သက္ပံုက သိပ္လူရာမဝင္ေခ်။ အငယ္ဆံုးညီမေလးကေတာ့ နိုင္ငံျခားမွာ ပညာေတာ္သင္သြားေနတာမို ့ တအိမ္လံုးက ပညာတက္မိသားစုဆိုရင္ မမွား။
" အဲ့အလုပ္ေတြ လုပ္ေနျပန္ပီလား သက္မင္းပံု ။ အရီ မင္းကို ငါမေျပာဘူးလား
မင္းသား လုပ္ပံုေတြကိုႀကည့္စမ္း ။ တခုမွအခ်ိဳးမေျပဘူး။ လူပံုက ကႏြဲ ့ကရ ဘာမွသံုးစားမရဘူး …အားေန မီးဖိုေခ်ာင္ဝင္ေနရေအာင္ မင္းက မိန္းမမို ့လား။ "
ေဖေဖ စကားေတြက သက္ပံုရင္ထဲကို ျမွားတစင္းစိုက္ဝင္သြားသလိုပင္နာက်င္ေစပါသည္။
ေမေမက ေတာ့ သူ ့ကိုႀကည့္ကာသနားေနတဲ့ပံုရေပမဲ့ ေဖေဖကိုေႀကာက္ရသူပီပီဘာမွဝင္မေျပာ ။
"ေန ့ခင္းကလည္း ဟိုဖက္ရပ္ကြက္က ေက်ာ္စြာဆိုတဲ့ ေကာင္နဲ ့ စာေပး၊စာယူလုပ္ေနတာကို ေျပာတဲ့သူက လာေျပာျပတယ္။
မင္းေတာ္ေတာ္ ေစာက္ရွက္မရွိေတာ့လား သက္မင္းပံု ဟမ္! မင္းနဲ ့ဟို ကုန္ထမ္းတဲ့ေကာင္ေလးနဲ ့ဘာဇာတ္လမ္းေတြရွဳတ္ေနတာလဲ ။ ေအး လိုက္ခ်င္တခါထဲ လိုက္သြား ငါ့ကို ပတ္ဝန္းက်င္မွာ
သိကၡာမခ်နဲ ့… ရွင္းေအာင္ ေျပာလိုက္မယ္ ငါ့ကိုေျခစံုကန္သြားရင္ ငါဖက္ကအေမြျပတ္ေနာ္"
သြားမွာပါ မပူပါနဲ ့ဆိုတဲ့စကားကို
ရင္ထဲကသာ ေျပာလိုက္ေတာ့သည္။ နာက်င္လြန္းအားႀကီးလို ထံုေတာင္ေနျပီ။
ေကာင္းခ်ီကို သူယံုႀကည္ပီးသားမို ့
အေမြျပတ္စြန္ ့လႊတ္လဲ သူမေႀကာက္ပါ။
"အကိုကလည္ေတာ္ပါေတာ့။ အလုပ္သမားေတြေရွ ့မွာ အေတာ္ေလာက္ပဲေျပာပါ ။သြားသြား သား အခန္းထဲသြားေတာ့"
ေမေမ့ အသံေႀကာင့္ သူ ထမင္းစားခန္းကေနေက်ာခိုင္းထြက္ခဲ့သည္။
ျဖစ္တည္မူ ့မွားတဲ့ သူကို လက္မခံနိုင္မွေတာ့ ဒီအိမ္မွာဆက္ေနဖို ့ သူအဆင္မေျပေတာ့။ မေနလည္းမေနခ်င္ေတာ့ပါ။
"မင္းႀကပ္ႀကပ္အလို လိုက္အရီ။ မင္း
သား
ပတ္ဝန္းက်င္မွာ ဟိုေကာင္ေလးနဲ ့ႀကိဳက္ေနတယ္ဆိုတာ ငါမႀကားခ်င္မွအဆံုး။
ေအးငါေမြးထာတဲ့အထဲ မွာ အေျခာက္ဆိုတာ မပါဘူး။ သားႀကီးနဲ ့သားငယ္ လိမၼာသေလာက္ မင္းသားကေတာ့ ငါ့ ကိုအရွက္ခြဲဖို ့ေမြးလာသလားပဲ "
ေနာက္ပါးကေန ကပ္ညိလာတဲ့ ေဖေဖအသံေႀကာင့္ သက္ပံုျပံဳးလိုက္သည္။
သူေမြးလာတာကိုက မွားယြင္းခဲ့သလားပဲ။
ဘယ္သူကကိုယ္နဲ ့မ်ိဳးတူ ေယာက်ာ္းတစ္ေယာက္ကို စြဲစြဲလမ္းလမ္း ခ်စ္မိခ်င္မွာလဲ။
ေကာင္းခ်ီသာ အဆင္ေျပရင္ သက္ပံုေက်နပ္သည္မို ့အေမြျဖတ္လဲ ျဖတ္ပါေစေတာ့။
အခန္းထဲေရာက္ေတာ့အဝတ္ထည့္ထားတဲ့ အိတ္ကို ျပန္သြန္ခ်သည္။
အေရာင္ေသြးစံုတဲ့ ပစၥည္းေတြထဲမွ
ေကာင္းခ်ီဝယ္ေပးထားတာေတြကို သာ ေရြးပီး ေက်ာပိုးအိတ္ထဲေျပာင္းထည့္လိုက္သည္။
ငတုံးေလး ေကာင္းခ်ီက သူသာ ေဘာ
လံုးအက်ၤ ီအေဟာင္းနဲ ့ေနမည္ သက္ပံုကိုေတာ့ သံုးေလးေသာင္းထပ္မနည္းတဲ့ တန္ဖိုးႀကီးအဝတ္စားမ်ိဳးစံုကို မႀကာခဏဝယ္ေပးတက္၏။
ေဆးေက်ာင္းတက္ခ်ိန္ကတည္းက
ေကာင္းခ်ီဆင္တဲ့ အဝတ္စားေတြကိုသာ
သက္ပံုကလည္း မက္ေမာစြာ ဝတ္ျဖစ္သည္။
ေကာင္းခ်ီဝယ္ေပးသမ်ွ အတိုအထြာ တခုေတာင္ မခ်န္ပဲ ေက်ာပိုးအိတ္ထဲကိုထည့္လိုက္သည္။ သူ ့အဖိုးတန္ေလးေတြမို ့ဒီအိမ္မွာ မထားခဲ့နိုင္ေပ။
မွတ္ပံုတင္နဲ ့တျခားလိုအပ္တာေတြအျပင္
သူ ့ကိုယ္ပိုင္ လုပ္အားခနဲ ့ရွားထားတဲ့ ပိုက္ဆံ ကိုးသိန္းကလြဲရင္ သံုးရေအာင္ေပးထားတဲ့ ကဒ္နဲ ့လက္ဝတ္လက္စားေတြကို မထိပဲ ထားလိုက္သည္။
အကုန္ျပင္ဆင္ပီးေတာ့ ည၈နာရီခြဲေနျပီမို ့ေပါ့ေပါ့ပါးပါး လက္ရွည္အပါးတထည္နဲ ့
ဂ်င္းေဘာင္းဘီရွည္တစ္ထည္ကိုုအျပင္ထုတ္ကာ ေရခ်ိဳးလိုက္သည္။
မြန္းႀကပ္ေနတဲ့ စိတ္တို ့ေကာင္းခ်ီဆိုတဲ့ေကာင္ေလးကို ေတြးမိရုံနဲ ့ ထြက္ေပါက္ရသြားသည္။
အဝတ္အစားေတြကို ေသခ်ာဝတ္ကာ ေက်ာပိုးအိတ္ကိုေကာက္လြယ္လိုက္သည္။
ဒီခ်ိန္ဆို ကိုကိုႀကီး ျပန္ေရာက္ေနေပမဲ့ သူအခန္းမွာ ေရခ်ိဳးအနားယူေနေလာက္ပီ။
ေမေမက ဘုရားရွစ္ခိုးခန္းမွာေသခ်ာေပါက္ရွိေနလိမ့္မယ္။ ေဖေဖက သူ ့အခန္းမွာ ညရွစ္နာရီ သတင္းကိုစိတ္ဝင္တစား ႀကည့္ေနမွာမို ့ သက္ပံုအျပင္ထြက္ဖို ့မခဲရင္း။
လြယ္ထားတဲ့ အိတ္ကို ျပတင္းေပါက္ကေန ပစ္ခ်လိုက္ေတာ့ အသံခပ္အုပ္အုပ္ ထြက္လာသည္။ ပတ္ဝန္က်င္ကိုႀကည့္ေတာ့
ျငိမ္သက္ေနသည္မို ့ ျပတင္းေပါက္ေတြကိုျပန္ပိတ္လိုက္သည္။
အခန္းထဲကေနထြက္ေတာ့ တအိမ္လံုးခန္ ့မွန္းထားတဲ့အတိုင္းတိတ္ဆိတ္ေနသည္မို ့
ေျခလွမ္းမွန္မွန္ျဖင့္သာ အိမ္ထဲကထြက္ခဲ့လိုက္သည္။ အျပင္ေရာက္ေတာ့
ေစာေစာက ခ်လိုက္တဲ့ အိတ္ကို ျပန္ေကာက္ယူကာ လြယ္လိုက္ပီး ျခံစည္းရုိးကိုေက်ာ္ထြက္၏။
"သက္ပံု "
အေမွာင္ထဲက လွမ္းေခၚသံတိုးတိုးေႀကာင့္
ခိုးေႀကာင္ခိုးဝွက္လုပ္သူ သက္ပံုတစ္ေယာက္ လန္ ့သြား၏။
"ေကာင္းခ်ီလား "
မျမင္နိုင္တဲ့ေမွာင္ရိပ္ကို ႀကည့္ကာ အသံျပဳလိုက္ေတာ့ ရွည္ေျမာေျမာ သ႑ာန္တခု က တိုးထြက္လာသည္။
ကိုးနာရီ ခ်ိန္းထားတာမို ့ ေကာင္းခ်ီ မလာေလာက္ေသးဘူးထင္ထားတာကို
ဒီကေလး ဘယ္အခ်ိန္ကတည္းကမ်ား
ေရာက္ေနသလဲ။
"ေစာသားပဲထြက္လာတာ ။ ေပးသက္ပံု
အိတ္ က်ဳပ္လြယ္ခဲ့မယ္"
သူမွာလည္းလြယ္ထားတဲ့ အိတ္ပါေနတာကို လွမ္းေတာင္းေနတာမို ့သက္ပံု ျငင္းလိုက္သည္။
"ရတယ္ ငါဘာသာလြယ္မယ္။ ဘယ္ခ်ိန္ကတည္းကေရာက္ေနတာလဲ "
"၈နာရီမထိုးခင္ကတည္းကပဲ။ လာ..သြားရေအာင္ "
ေျပာရင္း အိတ္ကိုလက္ထဲကဆြဲယူသြားတာမို ့ ျပန္မေတာင္းေတာ့ပဲ ေကာင္းခ်ီေဘးကေန သာ အသာလိုက္ခဲ့ေတာ့သည္။
"ဘယ္သြားႀကမွာလဲ ေကာင္းခ်ီေလး"
ေစာင္းငဲ့ႀကည့္လာတဲ့ မ်က္နွာေလးက ေကာင္းခ်ီေလးလို ့ေခၚတာကို သေဘာက်ေနဟန္။ ရည္္းစားသက္တမ္းသံုးနွစ္တာမွာ
အနုအယြ ေမာင္ေမာင္ ကိုကိုေခၚရေလာက္ေအာင္ထိ သူတို ့မရင္းနွီးခဲ့ႀကတာ
ေကာင္းခ်ီရဲ့ ေအးတိေအးစက္ ေႀကာင့္လား သက္ပံုရဲ့ အပိုအလိုမေျပာတက္တဲ့ စိတ္ေႀကာင့္လားဆိုတာ မသဲကြဲ။
"ကုန္စိမ္းကားနဲ ့ရြာသြားမွာ သက္ပံု
စီးနိုင္ပါ့မလား "
ျပံဳးကာ ေခါင္းညိတ္ျပမိသည္။
ေကာင္းခ်ီနဲ ့ဆို ဘာပဲစီးရစီးရ ဝkသည္။
နွစ္ေယာက္သမား ခပ္သုတ္သုတ္ နွင္ပီး မႀကာခင္မွာ ေစ်းထိပ္မွာ ရပ္ထားတဲ့
မုန္လာထုပ္အျပည့္တင္ထားတဲ့ ကားကိုေတြ ့ရေတာ့ ေကာင္းခ်ီက စီးနိုင္တာေသခ်ာလားလို ့ထပ္ေမးသည္။
သူဘာမွဆက္္ေျပာေတာ့ပဲ ေကာင္းခ်ီလက္ကိုဆြဲကာ ကားနားကိုေခၚခဲ့လိုက္သည္။
"ကိုျဖိဳး ထြက္လို ့ရပီေနာ္ က်ြန္ေတာ္ေရာက္ပီ "
ခပ္ဝဝ ကားသမားတစ္ေယာက္ က လက္ဖက္ရည္ဆိုင္ထဲကေန ေကာင္းခ်ီကိုျမင္ေတာ့ လက္ျပကာ ထြက္လာသည္။
" ျမန္သားပဲ ငါက ဒီထပ္ေစာင့္ရအုန္းမယ္ထင္ထားတာ…ေရာက္ရင္လည္း တက္ေတာ့ ။ ထြက္ရုံပဲ ငါတို ့က အဆင္သင့္ပဲ "
ေကာင္းခ်ီေကာင္းညိတ္ျပကာ
ေက်ာပိုးအိတ္နွစ္လံုးနဲ ့သူအရင္တက္သြားသည္။
တက္လာဖို ့အေပၚကေနအခ်က္ျပတာေႀကာင့္ သက္ပံု ခက္ရာခက္စစ္ တက္လိုက္သည္။ အေတာ္ႀကီး မို ့ေမာက္ေအာင္တင္ထားတာမို ့ ေကာင္းခ်ီလိုေတာ့
ခဏေလးနဲ ့ေရာက္ေအာင္မတက္နိုင္။
"လက္ေပး သက္ပံု "
ကမ္းလာတဲ့ လက္ကို ဆြဲလိုက္သည္နွင့္အားသံုးဆြဲတင္ျခင္းခံရသည္။
ေကာင္းခ်ီက သန္မာလိုက္တာ။
သူကေတာ့ ေဖေဖေျပာသလို ခပ္ေပ်ာ့ေပ်ာ့
သမားမို ့ အေပၚေရာက္ေတာ့ အေတာ္ႀကီးေမာေန၏။
"သက္ပံု ဒီေပၚလာထိုင္ ေအာက္က မုန္လာထုပ္ေတြနဲ ့ထိုင္ရတာ အဆင္မေျပဘူး "
လက္ယက္ေခၚတဲ့ ေနရာက ေရွ ့က ကားေခါင္းခန္းနဲ ့ေလကြယ္ေနပီး ေအာက္မွာ မိုးကာ ကို ခပ္ထူထူ ေခါက္ကာ ဖင္ထိုင္ရုံသာ ခင္းထားသည္။
သြားထိုင္ေတာ့ ေစာေစာကေလာက္ ဖင္မနာေတာ့။
"ကားထြက္ရင္ ေလတိုးလိမ့္မယ္ လက္ရွည္ ထူတာေလးေတာ့ မဝတ္ခဲ့ဘူး။
ေရာ ့ဝတ္ထား ခဏေနေအးလာေတာ့မွာ "
ေပါင္ေပၚတင္ေပးလာတဲ့ အဝါေရာင္လအေႏြးထည္ေလးက တံဆိပ္ေတာင္မျဖဳတ္ရေသး။ ဒါ ခုမွ ဝယ္ထားတာဆို တာမေျပာလဲသိနိုင္သည္။
ေသခ်ာဝတ္ပီးတဲ့အထိ ေကာင္းခ်ီက ႀကည့္ေနတာမို ့ ျပံဳးျပကာ ထူပြေနတဲ့ ဆံပင္ႀကမ္းေတြကိုလွမ္းပီးဆြဲဖြလိုက္သည္။
" သက္ပံု က်ြန္ေတာ္နဲ ့ဒါခိုးရာလိုက္ေနတာေနာ္ "
မယံုၾကည္နိုင္ေသးသလို ထပ္ေမးေနသည္မို ႔
"အင္းေလ ငါ လာခိုးဖို ့ေသခ်ာေျပာထားတာကို "
" အိမ္ျပန္လို ့မရေတာ့ဘူးဆိုတာ သိလား။
သက္ပံုအေဖက နဂိုကမွ က်ဳပ္ကို ႀကည့္မရပါဘူးဆို က်ဳပ္ေႀကာင့္ သက္ပံုအိမ္ကျပန္ေခၚမယ္မထင္ဘူး "
ေလးနက္စြာ သက္ပံုအတြက္ ပူပန္ေပးေနတဲ့ ေကာင္းခ်ီကို လက္ေတြဆုပ္ကိုင္ပီး
နွစ္သိမ့္လိုက္သည္။
"မင္းနဲ ့တသက္လံုး တူတူေနခ်င္လို ့
လိုက္လာတာပါဆို ။ ျပန္မေခၚလဲဘာျဖစ္လဲ မင္းငါ့ကို စိတ္ခ်မ္းသာေအာင္ထားမယ္မို ့လား"
ထိုအခါေကာင္းခ်ီက မ်က္နွာတည္ေလးနဲ ့ေခါင္းညိတ္ျပကာ
" စိတ္ခ်ပါ က်ဳပ္က ခင္ဗ်ားကို ပိုျမတ္နိုးရတဲ့သူပဲ ။ က်ဳပ္နဲ ့ေနလို ့ခင္ဗ်ား စိတ္ဆင္းရဲေစတယ္ဆိုရင္ က်ဳပ္ကို ႀကိဳက္တာလုပ္ပစ္လိုက္ "
ဂတိေပးေနတဲ့ပံုေလးကခ်စ္စရာေကာင္းေပမဲ့က်ဳပ္ဆိုတာႀကီးကေတာ့ သက္ပံုႀကားရတာ အဆင္မေျပ။
" ငေကာင္းေရ ကားထြက္ပီေနာ္"
"ဟုတ္ ကိုျဖိဳး "
ေအာက္ကေအာ္လိုက္သံႀကားပီး ခဏအတြင္းမွာ ကားကစထြက္သည္။
သက္ပံု ကားေပၚကေန မီးေရာင္လင္းေနတဲ့ အိမ္ေတြကို လွမ္းႀကည့္ပီး ေနာက္ဆံုးအႀကိမ္ သူ ့ျမိဳ ့ေလးကို နုတ္ဆက္လိုက္သည္။
ေကာင္းခ်ီနဲ ့သက္ပံု ခိုးရာလိုက္ေျပးတဲ့ ခရီးကေတာ့ ရင္ခုန္စရာမုန္လာထုပ္ကားနဲ ့ပင္။
ခ်စ္တဲ့အိမ္စည္။
>>>>>><<<<<
နေ့ ခင်းက ကိုကျော်စွာ ကို ပေးလိုက်တဲ့စာလေးက ကောင်းချီဆီကို ရောက်ရော
ရောက်ရဲ့လားဆိုတာ သက်ပုံမသိပေမဲ့
ပြင်ဆင်စရာတော့ ကြိုပြင်ဆင်ထားမိသည်။
ဖုန်းလေးတစ်လုံးလောက်ဝယ်ပါဆိုတာကို
ကပ်တီးကပ်တက် လုပ်ကာ ကောင်းချီက လုံးဝ မဝယ်ခဲ့။ ထို့ ကြောင့် အဆက်အသွယ်လုပ်ဖို့ ဆိုရင် ဟိုရှေးခေတ်ကလုံမပျိုတွေလို သူ့ မှာစာတတန်ပေတတန် လုပ်နေရသည်။
အချိန်က ည၇နာရီလောက် သာရှိနေသေးသည်မို့ သက်ပြင်းချကာ အလုပ်သမား ကောင်မလေးတွေနဲ့ အတူ ညနေစာအတွက် ကူညီပြင်ဆင်ပေးမိသည်။
သူဝါသနာကလဲ ခက်သား။
မိန်းမစိတ်ဝင်နေတာမဟုတ်ပေမဲ့
ထမင်းဟင်းချက်တာ ၊မုန့် လုပ်တာတွေနဲ့
စက်ချုပ်တာမျိုးတွေကိုသာစိတ်ဝင်စားသည်။
ဖေဖေက ထိုအလုပ်တွေ သက်ပုံလုပ်
သည်ကို လုံးဝမကြိုက်ပေ။ ထို့ကြောင့် မကြာခဏ အဆူအပြောခံရတက်သည်။
မင်း ကျားကျားယားယား ယောကျာ်းတွေလုပ်တဲ့ အလုပ် လုပ်ပါလား ဆိုတာများ ဖေဖေနှုတ်ကထွက်လာတက်ပေမဲ့ ကြာတော့ သက်ပုံ မနာနိုင်တော့။
သွေးသံရဲရဲအလုပ်တွေ မနှစ်သက်တဲ့
သက်ပုံကို အတင်းအကြပ် ဆေးကျောင်းတက်စေသည်မှာလည်း ဖေဖေကိုယ်တိုင်သာ။
နောက်ဆုံးနစ်ထိ မနည်းသည်းခံတက်ခဲ့ရတာ ကောင်းချီလေးရဲ့ မျက်နှာတည်လေး
နဲ့ ပြောခဲ့တဲ့ အားပေးစကားတွေကြောင့်ပင်။
ထိုကောင်းစင်သန့် ချီ ဆိုတဲ့ ကောင်လေးက
သက်ပုံထပ် သုံးနှစ် နဲ့ သုံးလ ငယ်တဲ့ ရည်းစားကလေးဖြစ်သည်။
အရွယ်ရောက်ကတည်းက
လိင်တူအမျိုးသားများကိုသာ ကြိုက်နှစ်သက်ခဲ့ပေမဲ့ တင်းကြပ်တဲ့ ဖေဖေကြောင့်
ကိုယ့် ဖြစ်တည်မူ့ ကို ချုပ်တည်းခဲ့ရသည်။
ကောင်းချီက သက်ပုံတို့ ရပ်ကွက်ကမဟုတ်ပဲ ဟိုဖက်ရပ်ကွက်က ဘုန်းကြီးကျောင်းမှာနေတဲ့ ကုန်ထမ်းတဲ့ အလုပ်သမားလေးဖြစ်သည်။ သက်ပုံ နဲ့ ကောင်းချီဆိုရင်
ဖေဖေပြောနေကျ အဆင့်အတန်းက မိုးနဲ့ မြေလောက်ကွာတယ် ဆိုတဲ့ စကားအတိုင်းပင်။
ဖေဖေက သစ်သီးပွဲရုံ များကိုပိုင်တဲ့ သူဌေးတစ်ဦးဖြစ်ကာ မေမေက တော့ အထက်တန်းပြ ကျောင်းဆရာမ ဖြစ်၏။ သက်ပုံမှာ နောက်ထပ် မောင်နှမ သုံးယောက်ရှိသေးပေမဲ့ သက်ပုံက တတိယ သားလတ်သာဖြစ်သည်။ ကိုကိုကြီး က
ဖေဖေပွဲရုံမှာ လိုက်ဦးစီးနေသလို ၊ကိုကိုလေးက နာမည်ကြီးမော်ဒယ်တစ်ယောက်
မို့ အိမ်မှာ ဆရာဝန်မဖြစ်သေးတဲ့ သက်ပုံက သိပ်လူရာမဝင်ချေ။ အငယ်ဆုံးညီမလေးကတော့ နိုင်ငံခြားမှာ ပညာတော်သင်သွားနေတာမို့ တအိမ်လုံးက ပညာတက်မိသားစုဆိုရင် မမှား။
" အဲ့အလုပ်တွေ လုပ်နေပြန်ပီလား သက်မင်းပုံ ။ အရီ မင်းကို ငါမပြောဘူးလား
မင်းသား လုပ်ပုံတွေကိုကြည့်စမ်း ။ တခုမှအချိုးမပြေဘူး။ လူပုံက ကနွဲ့ ကရ ဘာမှသုံးစားမရဘူး …အားနေ မီးဖိုချောင်ဝင်နေရအောင် မင်းက မိန်းမမို့ လား။ "
ဖေဖေ စကားတွေက သက်ပုံရင်ထဲကို မြှားတစင်းစိုက်ဝင်သွားသလိုပင်နာကျင်စေပါသည်။
မေမေက တော့ သူ့ ကိုကြည့်ကာသနားနေတဲ့ပုံရပေမဲ့ ဖေဖေကိုကြောက်ရသူပီပီဘာမှဝင်မပြော ။
"နေ့ ခင်းကလည်း ဟိုဖက်ရပ်ကွက်က ကျော်စွာဆိုတဲ့ ကောင်နဲ့ စာပေး၊စာယူလုပ်နေတာကို ပြောတဲ့သူက လာပြောပြတယ်။
မင်းတော်တော် စောက်ရှက်မရှိတော့လား သက်မင်းပုံ ဟမ်! မင်းနဲ့ ဟို ကုန်ထမ်းတဲ့ကောင်လေးနဲ့ ဘာဇာတ်လမ်းတွေရှုတ်နေတာလဲ ။ အေး လိုက်ချင်တခါထဲ လိုက်သွား ငါ့ကို ပတ်ဝန်းကျင်မှာ
သိက္ခာမချနဲ့ … ရှင်းအောင် ပြောလိုက်မယ် ငါ့ကိုခြေစုံကန်သွားရင် ငါဖက်ကအမွေပြတ်နော်"
သွားမှာပါ မပူပါနဲ့ ဆိုတဲ့စကားကို
ရင်ထဲကသာ ပြောလိုက်တော့သည်။ နာကျင်လွန်းအားကြီးလို ထုံတောင်နေပြီ။
ကောင်းချီကို သူယုံကြည်ပီးသားမို့
အမွေပြတ်စွန့် လွှတ်လဲ သူမကြောက်ပါ။
"အကိုကလည်တော်ပါတော့။ အလုပ်သမားတွေရှေ့ မှာ အတော်လောက်ပဲပြောပါ ။သွားသွား သား အခန်းထဲသွားတော့"
မေမေ့ အသံကြောင့် သူ ထမင်းစားခန်းကနေကျောခိုင်းထွက်ခဲ့သည်။
ဖြစ်တည်မူ့ မှားတဲ့ သူကို လက်မခံနိုင်မှတော့ ဒီအိမ်မှာဆက်နေဖို့ သူအဆင်မပြေတော့။ မနေလည်းမနေချင်တော့ပါ။
"မင်းကြပ်ကြပ်အလို လိုက်အရီ။ မင်း
သား
ပတ်ဝန်းကျင်မှာ ဟိုကောင်လေးနဲ့ ကြိုက်နေတယ်ဆိုတာ ငါမကြားချင်မှအဆုံး။
အေးငါမွေးထာတဲ့အထဲ မှာ အခြောက်ဆိုတာ မပါဘူး။ သားကြီးနဲ့ သားငယ် လိမ္မာသလောက် မင်းသားကတော့ ငါ့ ကိုအရှက်ခွဲဖို့ မွေးလာသလားပဲ "
နောက်ပါးကနေ ကပ်ညိလာတဲ့ ဖေဖေအသံကြောင့် သက်ပုံပြုံးလိုက်သည်။
သူမွေးလာတာကိုက မှားယွင်းခဲ့သလားပဲ။
ဘယ်သူကကိုယ်နဲ့ မျိုးတူ ယောကျာ်းတစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်မိချင်မှာလဲ။
ကောင်းချီသာ အဆင်ပြေရင် သက်ပုံကျေနပ်သည်မို့ အမွေဖြတ်လဲ ဖြတ်ပါစေတော့။
အခန်းထဲရောက်တော့အဝတ်ထည့်ထားတဲ့ အိတ်ကို ပြန်သွန်ချသည်။
အရောင်သွေးစုံတဲ့ ပစ္စည်းတွေထဲမှ
ကောင်းချီဝယ်ပေးထားတာတွေကို သာ ရွေးပီး ကျောပိုးအိတ်ထဲပြောင်းထည့်လိုက်သည်။
ငတုံးလေး ကောင်းချီက သူသာ ဘော
လုံးအင်္ကျီအဟောင်းနဲ့ နေမည် သက်ပုံကိုတော့ သုံးလေးသောင်းထပ်မနည်းတဲ့ တန်ဖိုးကြီးအဝတ်စားမျိုးစုံကို မကြာခဏဝယ်ပေးတက်၏။
ဆေးကျောင်းတက်ချိန်ကတည်းက
ကောင်းချီဆင်တဲ့ အဝတ်စားတွေကိုသာ
သက်ပုံကလည်း မက်မောစွာ ဝတ်ဖြစ်သည်။
ကောင်းချီဝယ်ပေးသမျှ အတိုအထွာ တခုတောင် မချန်ပဲ ကျောပိုးအိတ်ထဲကိုထည့်လိုက်သည်။ သူ့ အဖိုးတန်လေးတွေမို့ ဒီအိမ်မှာ မထားခဲ့နိုင်ပေ။
မှတ်ပုံတင်နဲ့ တခြားလိုအပ်တာတွေအပြင်
သူ့ ကိုယ်ပိုင် လုပ်အားခနဲ့ ရှားထားတဲ့ ပိုက်ဆံ ကိုးသိန်းကလွဲရင် သုံးရအောင်ပေးထားတဲ့ ကဒ်နဲ့ လက်ဝတ်လက်စားတွေကို မထိပဲ ထားလိုက်သည်။
အကုန်ပြင်ဆင်ပီးတော့ ည၈နာရီခွဲနေပြီမို့ ပေါ့ပေါ့ပါးပါး လက်ရှည်အပါးတထည်နဲ့
ဂျင်းဘောင်းဘီရှည်တစ်ထည်ကိုအပြင်ထုတ်ကာ ရေချိုးလိုက်သည်။
မွန်းကြပ်နေတဲ့ စိတ်တို့ ကောင်းချီဆိုတဲ့ကောင်လေးကို တွေးမိရုံနဲ့ ထွက်ပေါက်ရသွားသည်။
အဝတ်အစားတွေကို သေချာဝတ်ကာ ကျောပိုးအိတ်ကိုကောက်လွယ်လိုက်သည်။
ဒီချိန်ဆို ကိုကိုကြီး ပြန်ရောက်နေပေမဲ့ သူအခန်းမှာ ရေချိုးအနားယူနေလောက်ပီ။
မေမေက ဘုရားရှစ်ခိုးခန်းမှာသေချာပေါက်ရှိနေလိမ့်မယ်။ ဖေဖေက သူ့ အခန်းမှာ ညရှစ်နာရီ သတင်းကိုစိတ်ဝင်တစား ကြည့်နေမှာမို့ သက်ပုံအပြင်ထွက်ဖို့ မခဲရင်း။
လွယ်ထားတဲ့ အိတ်ကို ပြတင်းပေါက်ကနေ ပစ်ချလိုက်တော့ အသံခပ်အုပ်အုပ် ထွက်လာသည်။ ပတ်ဝန်ကျင်ကိုကြည့်တော့
ငြိမ်သက်နေသည်မို့ ပြတင်းပေါက်တွေကိုပြန်ပိတ်လိုက်သည်။
အခန်းထဲကနေထွက်တော့ တအိမ်လုံးခန့် မှန်းထားတဲ့အတိုင်းတိတ်ဆိတ်နေသည်မို့
ခြေလှမ်းမှန်မှန်ဖြင့်သာ အိမ်ထဲကထွက်ခဲ့လိုက်သည်။ အပြင်ရောက်တော့
စောစောက ချလိုက်တဲ့ အိတ်ကို ပြန်ကောက်ယူကာ လွယ်လိုက်ပီး ခြံစည်းရိုးကိုကျော်ထွက်၏။
"သက်ပုံ "
အမှောင်ထဲက လှမ်းခေါ်သံတိုးတိုးကြောင့်
ခိုးကြောင်ခိုးဝှက်လုပ်သူ သက်ပုံတစ်ယောက် လန့် သွား၏။
"ကောင်းချီလား "
မမြင်နိုင်တဲ့မှောင်ရိပ်ကို ကြည့်ကာ အသံပြုလိုက်တော့ ရှည်မြောမြော သဏ္ဍာန်တခု က တိုးထွက်လာသည်။
ကိုးနာရီ ချိန်းထားတာမို့ ကောင်းချီ မလာလောက်သေးဘူးထင်ထားတာကို
ဒီကလေး ဘယ်အချိန်ကတည်းကများ
ရောက်နေသလဲ။
"စောသားပဲထွက်လာတာ ။ ပေးသက်ပုံ
အိတ် ကျုပ်လွယ်ခဲ့မယ်"
သူမှာလည်းလွယ်ထားတဲ့ အိတ်ပါနေတာကို လှမ်းတောင်းနေတာမို့ သက်ပုံ ငြင်းလိုက်သည်။
"ရတယ် ငါဘာသာလွယ်မယ်။ ဘယ်ချိန်ကတည်းကရောက်နေတာလဲ "
"၈နာရီမထိုးခင်ကတည်းကပဲ။ လာ..သွားရအောင် "
ပြောရင်း အိတ်ကိုလက်ထဲကဆွဲယူသွားတာမို့ ပြန်မတောင်းတော့ပဲ ကောင်းချီဘေးကနေ သာ အသာလိုက်ခဲ့တော့သည်။
"ဘယ်သွားကြမှာလဲ ကောင်းချီလေး"
စောင်းငဲ့ကြည့်လာတဲ့ မျက်နှာလေးက ကောင်းချီလေးလို့ ခေါ်တာကို သဘောကျနေဟန်။ ရည်းစားသက်တမ်းသုံးနှစ်တာမှာ
အနုအယွ မောင်မောင် ကိုကိုခေါ်ရလောက်အောင်ထိ သူတို့ မရင်းနှီးခဲ့ကြတာ
ကောင်းချီရဲ့ အေးတိအေးစက် ကြောင့်လား သက်ပုံရဲ့ အပိုအလိုမပြောတက်တဲ့ စိတ်ကြောင့်လားဆိုတာ မသဲကွဲ။
"ကုန်စိမ်းကားနဲ့ ရွာသွားမှာ သက်ပုံ
စီးနိုင်ပါ့မလား "
ပြုံးကာ ခေါင်းညိတ်ပြမိသည်။
ကောင်းချီနဲ့ ဆို ဘာပဲစီးရစီးရ ဝkသည်။
နှစ်ယောက်သမား ခပ်သုတ်သုတ် နှင်ပီး မကြာခင်မှာ ဈေးထိပ်မှာ ရပ်ထားတဲ့
မုန်လာထုပ်အပြည့်တင်ထားတဲ့ ကားကိုတွေ့ ရတော့ ကောင်းချီက စီးနိုင်တာသေချာလားလို့ ထပ်မေးသည်။
သူဘာမှဆက်ပြောတော့ပဲ ကောင်းချီလက်ကိုဆွဲကာ ကားနားကိုခေါ်ခဲ့လိုက်သည်။
"ကိုဖြိုး ထွက်လို့ ရပီနော် ကျွန်တော်ရောက်ပီ "
ခပ်ဝဝ ကားသမားတစ်ယောက် က လက်ဖက်ရည်ဆိုင်ထဲကနေ ကောင်းချီကိုမြင်တော့ လက်ပြကာ ထွက်လာသည်။
" မြန်သားပဲ ငါက ဒီထပ်စောင့်ရအုန်းမယ်ထင်ထားတာ…ရောက်ရင်လည်း တက်တော့ ။ ထွက်ရုံပဲ ငါတို့ က အဆင်သင့်ပဲ "
ကောင်းချီကောင်းညိတ်ပြကာ
ကျောပိုးအိတ်နှစ်လုံးနဲ့ သူအရင်တက်သွားသည်။
တက်လာဖို့ အပေါ်ကနေအချက်ပြတာကြောင့် သက်ပုံ ခက်ရာခက်စစ် တက်လိုက်သည်။ အတော်ကြီး မို့ မောက်အောင်တင်ထားတာမို့ ကောင်းချီလိုတော့
ခဏလေးနဲ့ ရောက်အောင်မတက်နိုင်။
"လက်ပေး သက်ပုံ "
ကမ်းလာတဲ့ လက်ကို ဆွဲလိုက်သည်နှင့်အားသုံးဆွဲတင်ခြင်းခံရသည်။
ကောင်းချီက သန်မာလိုက်တာ။
သူကတော့ ဖေဖေပြောသလို ခပ်ပျော့ပျော့
သမားမို့ အပေါ်ရောက်တော့ အတော်ကြီးမောနေ၏။
"သက်ပုံ ဒီပေါ်လာထိုင် အောက်က မုန်လာထုပ်တွေနဲ့ ထိုင်ရတာ အဆင်မပြေဘူး "
လက်ယက်ခေါ်တဲ့ နေရာက ရှေ့ က ကားခေါင်းခန်းနဲ့ လေကွယ်နေပီး အောက်မှာ မိုးကာ ကို ခပ်ထူထူ ခေါက်ကာ ဖင်ထိုင်ရုံသာ ခင်းထားသည်။
သွားထိုင်တော့ စောစောကလောက် ဖင်မနာတော့။
"ကားထွက်ရင် လေတိုးလိမ့်မယ် လက်ရှည် ထူတာလေးတော့ မဝတ်ခဲ့ဘူး။
ရော့ ဝတ်ထား ခဏနေအေးလာတော့မှာ "
ပေါင်ပေါ်တင်ပေးလာတဲ့ အဝါရောင်လအနွေးထည်လေးက တံဆိပ်တောင်မဖြုတ်ရသေး။ ဒါ ခုမှ ဝယ်ထားတာဆို တာမပြောလဲသိနိုင်သည်။
သေချာဝတ်ပီးတဲ့အထိ ကောင်းချီက ကြည့်နေတာမို့ ပြုံးပြကာ ထူပွနေတဲ့ ဆံပင်ကြမ်းတွေကိုလှမ်းပီးဆွဲဖွလိုက်သည်။
" သက်ပုံ ကျွန်တော်နဲ့ ဒါခိုးရာလိုက်နေတာနော် "
မယုံကြည်နိုင်သေးသလို ထပ်မေးနေသည်မို့
"အင်းလေ ငါ လာခိုးဖို့ သေချာပြောထားတာကို "
" အိမ်ပြန်လို့ မရတော့ဘူးဆိုတာ သိလား။
သက်ပုံအဖေက နဂိုကမှ ကျုပ်ကို ကြည့်မရပါဘူးဆို ကျုပ်ကြောင့် သက်ပုံအိမ်ကပြန်ခေါ်မယ်မထင်ဘူး "
လေးနက်စွာ သက်ပုံအတွက် ပူပန်ပေးနေတဲ့ ကောင်းချီကို လက်တွေဆုပ်ကိုင်ပီး
နှစ်သိမ့်လိုက်သည်။
"မင်းနဲ့ တသက်လုံး တူတူနေချင်လို့
လိုက်လာတာပါဆို ။ ပြန်မခေါ်လဲဘာဖြစ်လဲ မင်းငါ့ကို စိတ်ချမ်းသာအောင်ထားမယ်မို့ လား"
ထိုအခါကောင်းချီက မျက်နှာတည်လေးနဲ့ ခေါင်းညိတ်ပြကာ
" စိတ်ချပါ ကျုပ်က ခင်ဗျားကို ပိုမြတ်နိုးရတဲ့သူပဲ ။ ကျုပ်နဲ့ နေလို့ ခင်ဗျား စိတ်ဆင်းရဲစေတယ်ဆိုရင် ကျုပ်ကို ကြိုက်တာလုပ်ပစ်လိုက် "
ဂတိပေးနေတဲ့ပုံလေးကချစ်စရာကောင်းပေမဲ့ကျုပ်ဆိုတာကြီးကတော့ သက်ပုံကြားရတာ အဆင်မပြေ။
" ငကောင်းရေ ကားထွက်ပီနော်"
"ဟုတ် ကိုဖြိုး "
အောက်ကအော်လိုက်သံကြားပီး ခဏအတွင်းမှာ ကားကစထွက်သည်။
သက်ပုံ ကားပေါ်ကနေ မီးရောင်လင်းနေတဲ့ အိမ်တွေကို လှမ်းကြည့်ပီး နောက်ဆုံးအကြိမ် သူ့ မြို့ လေးကို နုတ်ဆက်လိုက်သည်။
ကောင်းချီနဲ့ သက်ပုံ ခိုးရာလိုက်ပြေးတဲ့ ခရီးကတော့ ရင်ခုန်စရာမုန်လာထုပ်ကားနဲ့ ပင်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz