အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
27
ေျမာက္ဖက္ျခံကိုေငးေနတုန္းအေတြး
တစ္ခုေတြးမိလာတာက ပူေလာင္တဲ့ ရာသီဥတုကို တံငါစုကလူေတြဘယ္လိုအံတုႀကသလဲဆိုတာပင္။
ကိုယ့္အိမ္က အရိပ္ေကာင္းေကာင္းရွိ
လို ့ထင္သေလာက္မပူေပမဲ့ ပူတာကေတာ့ ပူေသးတာပင္။
တံငါစုသည္ ေက်ာက္ေဆာင္ေပၚတြင္ မိုးကာတဲေတြထိုးၿပီးေနႀကတဲ့
ေရလုပ္ငန္းသမားမ်ား၊မ်ားစြာရွိႀကသည္။
သစ္ပင္ရိပ္ဟူ၍ ဇီပင္ႀကီးႀကီးေတြေလာက္သာရွိသည္မို ့ကေလးေတြေခြးေတြနဲ ့
ဘယ္ေလာက္ ျပည့္ႀကပ္ကာပူေလာင္ေနႀကမလဲဟု ေတြးပူမိ၏။။
ပိုက္ဆံသည္ ဒုတိယဘုရားသခင္ဟု
ေခၚဆိုတာ မမွားေပ။
ေငြမရွိသူမ်ားအတြက္ကေတာ့ ေလာကငရဲကို အမွန္တကယ္ျဖတ္သန္းေနရသည္။
သက္ပံု အမ်ားႀကီး ခ်မ္းသာခ်င္ပါသည္။
အရင္ကဘဝကိုေအးခ်မ္းစြာေနလိုခဲ့ေပမဲ့
ယခုေတာ့မတူေတာ့ၿပီ။
မရွိတဲ့သူေတြကို ေပးကမ္းေထာက္ပံ ့ခ်င္သည္။
မႏၱေလးမွာရွိတဲ့ ေဖေဖနဲ ့ေမေမကို
သက္ပံု ယခုလို အခ်ိန္မွာတကယ္လြမ္းမိသည္။
ငယ္စဥ္ကတည္းက ေဖေဖအလိုက်ေအာင္မေနနိုင္တဲ့ သားတစ္ေယာက္ျဖစ္ခဲ့ေပမဲ့
ေဖေဖကေတာ့ မိဘ ဝတၱရားတစ္ခုေတာင္္မပ်က္ခဲ့ပါ။
အဝတ္စားဟူသည္မညိဳးႏြမ္းေစရ။
ေပၚသမ်ွေခတ္္မွီအသံုးေဆာင္ေတြ မသံုးလိုက္ရဆိုတာမ်ိဳးတခါေတာင္မရွိခဲ့။
ထို ့ေႀကာင့္ ညစဥ္ဘုရားကန္ေတာ့တိုင္း
ေကာင္းမြန္စြာေနထိုင္နိုင္ေအာင္ ျပဳစုေပးခဲ့တဲ့ေဖေဖနဲ ့ေမေမကို ရည္မွန္းကာ ရွစ္ခိုးဦးခ် ျဖစ္၏။။
ေလာကဓံဆိုတာ မိဘနဲ ့ေနတုန္းကလည္းမခံရသလို ေယာက်ာ္းရေတာ့လည္းပင္ပန္းဆင္းရဲျခင္းမခံရတာ ကံေကာင္းျခင္းတစ္ခုျဖစ္ခဲ့ေပမဲ့ ကိုယ္ထက္နိမ့္ပါးတဲ့ဘဝေတြကို ျမင္ေနရတာေတာ့ အမွန္တကယ္ စိတ္နွလံုးမခ်မ္းေျမ ့ရပါ။
အေတြးတို ့က ေႏြနဲ ့အျပိဳင္ ပူေလာင္လြန္းလွသည္။တလွဳပ္လွဳပ္ေႀကြေနတဲ့ ခေရျဖဴေတြကိုေငးေမာေနတုန္း မ်က္စိထဲဝင္လာတာက သူ႔အပိုင္ ေရခဲတုံးေလးတစ္ခု။
ပူေလာင္ေနတဲ့ရင္သည္ ထိုေရခဲတံုးေလးကိုျမင္လိုက္ရတာနဲ ့တင္ ခ်က္ျခင္းေအးျမသြား၏။
ေရခဲတုံးေလးက ေဆးအဝါေရာင္သုတ္ထားတဲ့ နွီးခေမာက္ေလးတစ္လံုး
ကိုေဆာင္းထားသည္။
ခပ္လတ္လတ္အသားေရေပၚတြင္
စူးရွ ေအးစက္ေသာအႀကည့္တို ့နဲ ့
တံုဏိဘာေဝ မထံုတေတး ျပဳမူေဆာင္ရြက္တက္ေသာ ဟန္ပန္အမူရာလည္းရွိသည္။
သင္းပ်ံ ့ေအးျမေသာ သနပ္ခါးတို ့ကို
ႀကိဳက္တက္သလို အေႀကြပန္းတို ့ကိုလည္း
ေလးစားတန္ဖိုးထားတက္သည္။
အနီးနားေရာက္လာေလေလ သိသာစြာေျပာင္းလဲသြားတဲ့ ေရခဲတံုးေလးရဲ့
မထံုတေတးအျပဳအမူတို ့သည္ ေစာေစာကနဲ ့လားလားမွမဆိုင္ေတာ့။
ေျခလွမ္းေတြက မေျပးရုံတမယ္သြက္လာသလို မ်က္နွာသြင္ျပင္ကလည္း
ခ်ိဳျမတဲ့ အျပံဳးေတြနဲ ့အသက္ဝင္လာသည္။
"သက္ပံု ပ်င္းေနပီလား "
ခေရပင္ေအာက္က ကြစ္ပ်စ္ေလးေပၚမွာ
ထိုင္ေနတဲ့ သက္ပံုနားရပ္ကာ အႀကည့္တို ့မလႊဲပဲ ေမးလာ၏။
လက္နွစ္ဖက္သည္ ဆန္ ့ဆန္ ့ေလးခ်ထားကာ နွဳတ္ခမ္းေတြက ျပံဳးေနလ်က္။
ေခါင္းေပၚက ေစာင္းထားတဲ့ ခေမာက္ေလးကိုလဲခ်ြတ္ဖို ့ေမ့ေနသေယာင္။
"ေစာေစာက ပ်င္းတယ္။ မင္းမွမရွိတာ "
မတ္တပ္ရပ္ေနသူကို ေမာ့ကာ
ေျပာမိေတာ့ မခ်ိတင္ကဲ အံႀကိတ္လ်က္ ေျပာလာ၏။
"ဟာဗ်ာ။ ခ်စ္တဲ့ သက္ပံုတကယ္မေကာင္းတာပဲ။ က်ြန္ေတာ္ကို အသည္းေတြ
မတရားယားပီး ေနရခက္ေအာင္
လုပ္ေနသလိုပဲ "
သက္ပံု ထိုင္ေနရက္ကေန ျပံဳးပီး
ေကာင္းခ်ီေခါင္းေပၚက ခေမာက္ေလးကို
ခ်ြတ္ေပးလိုက္သည္။
အနည္းငယ္ ေခါင္းကို ညႊတ္ေပးေပမဲ့ အႀကည့္ကေတာ့ လႊဲမသြား။
" က်ြန္ေတာ္ကို ခ်စ္လား "
"မင္းကေရာ ငါ့ကိုခ်စ္လား"
သက္ပံု တမင္ညစ္ပီးျပန္ေမးေတာ့ ။
"အာ… က်ြန္ေတာ္အရင္ေမးတာေလဗ်ာ"
ဟု မေက်မနပ္ေလသံေလးနဲ ့ျပန္ေအာ္လာတယ္။
ေကာင္းခ်ီ သူ ့ကိုယ္သူကေလးမွတ္ေနတာလား။
အရင္တုန္းကေကာင္းခ်ီဆိုတာဒါမ်ိဳးမဟုတ္။
ခ်ိန္းေတြ ့ရင္ေတာင္ တေန ့လံုးစကားမေျပာပဲထိုင္ပဲႀကည့္ေနတက္တဲ့ လူစားမ်ိဳး။။
"အင္းအမ်ားႀကီးခ်စ္တယ္"
ေက်နပ္စြာအေလ်ာ့ေပးလိုက္ေတာ့
ျပံဳးက်သြားတာမ်ား အလိုျပည့္သြားတဲ့
ကေလးတစ္ေယာက္လို ။
အခ်စ္ကနုပ်ိဳေစတယ္ဆိုတာ တကယ္မ်ားလား။
"က်ြန္ေတာ္က အဲ့အမ်ားႀကီးထက္ အဆေပါင္းသိန္းသန္းခ်ီ ပိုပီးခ်စ္တယ္"
"အေျပာက ေရႊမန္း "
"လုပ္ျပန္ျပီ။ ဘာေရႊမန္းလဲ အတည္တကယ္ေျပာေနတာပါဆို "
" ဟုတ္ပါပီ…ေၾသာ္…ဒါနဲ ့မင္းေတာင္ရြာသြားတာအေျခအေနဘာထူးလဲ"
"ဝယ္ခဲ့လိုက္ပီ "
"ဟမ္! "
"ေဒၚေလးဆီက ခဏယူပီးတခါထဲ ေငြေခ်ခဲ့တာ ၅၅သိန္းနဲ ့ျပတ္ခဲ့တယ္။ စာခ်ဳပ္ကေတာ့ ေဒၚေလးဆီ အပ္ထားခဲ့လိုက္တယ္။ "
"အဲ့ေလာက္လြယ္တယ္လား။ မင္း
အက်ိဳးအေႀကာင္းသြားေမးတယ္ပဲထင္တာ
တခါထဲဝယ္ခဲ့မယ္လို ့ဘယ္ထင္မလဲ"
"ေအာ္ခင္ဗ်ားရယ္။ ရခ်င္တယ္လို ့ေျပာတာဘယ္သူလဲ။ လိုခ်င္မွေတာ့ ဝယ္ေပးရေတာ့မွာေပါ့။ ပိုက္ဆံ၅၅သိန္းက ရွာရ
မခက္ပါဘူး။ ခင္ဗ်ားအျပံဳးေတြနဲ ့လဲလိုက္ရတာတန္ပါတယ္"
ထိရွသြားတဲ့ရင္ဖက္က စကားေလးတစ္ခြန္းေႀကာင့္ ေျဗာင္းဆန္ကုန္၏။အတိုင္းထက္အလြန္
ျပံဳးခ်င္ေနတဲ့နွဳတ္ခမ္းကို သြားနဲ ့ဖိကိုက္ထိန္းထားရင္း စကားေတြတက္ေနတဲ့ေကာင္းခ်ီလက္ေမာင္းကို အသာအယာ လက္သီးဆုပ္နဲ ့ထိုးလိုက္သည္။
ဒင္းကေလးက ေႀကြေအာင္ေျခြရမဲ့နည္းေတြေတာင္သိေနေလျပီ။
---------
"သက္ပံု ဒါ ဘယ္နားစိုက္မွာလဲ"
စြပ္ႀကယ္အျဖဴေရာင္ အေဟာင္းေလးက
ေလ်ွာ္ပါမ်ားလို ့ အနည္းငယ္ေတာင္ရြဲခ်င္ေနသည္။
ပုဆိုးတိုတိုဝတ္ထားတဲ့ ေကာင္းခ်ီသည္
လက္ထဲတြင္ တူရြင္းျပားတစ္လက္ရယ္
သလဲသီးပင္ေပါက္ေလးရယ္ကိုင္လို ့
သက္ပံုဆီက အမိန္ ့ကိုေစာင့္ေမ်ွာ္ႀကည့္ေန၏။
ခုဆိုရင္ျခံနွစ္ျခံသည္ တသားထဲျဖစ္သြားပီျဖစ္သည္ ။
မနက္ဖန္ဆို ေျမသန္ ့တရားနာရေတာ့မည္။
ေဒၚအံ့မင္းသည္လည္း စိတ္ခ်မ္းသာေနသည္ထင္၏။
အိမ္မက္ေတြမေပးတာေတာင္ႀကာလွျပီ။
အရင္က ျခံဳတခ်ိဳ ့ဖုံးလႊမ္းေနတဲ့ ေျမေနရာသည္ ခုေတာ့ ျပန္ျဖဴးေနေသာေျမကြက္လပ္အျဖစ္ေျပာင္းလဲသြား၏။
လက္သမားဆရာေခၚကာ ယိုယြင္းေပါက္ျပဲေနတဲ့ ျခံစည္းရုိးေတြကိုပါ အသစ္ျပင္ဆင္လိုက္သည္။
ပန္းနုေရာင္ႀကိဳက္တဲ့သက္ပံုအတြက္
အျမဲသတိတရရွိသူက သစ္သားျခံစည္းရုိးေလးကို ပန္းေရာင္ေဆးကိုျခယ္သေပးခဲ့သည္။
ျမိဳ ့ေလးကေနမွာလိုက္ေသာ
ဇီဇဝါပင္တခ်ိဳ ့နဲ ့ စံပယ္နွင္းဆီတခ်ိဳ ့က
လည္းျခံေထာင့္ေတြမွာ ေနရာယူထားႀကသည္။
ပန္းပင္ကေတာ့ သက္ပံုႀကိဳက္သည္ထပ္
ေကာင္းခ်ီက ပိုႀကိဳက္တက္သည္ေႀကာင့္
သူ ့အတြက္ကို သက္ပံုစိုက္ပ်ိဳးခဲ့ျခင္းပင္။
ေနာင္တခ်ိန္ သစ္ပင္မ်ားႀကီးထြားလာခ်ိန္
မွာ တျခံလံုးပန္းနံ ့ေတြေဝလာလိမ့္မည္။
သက္ပံုတို ့နွစ္ေယာက္ရဲ့ရင္ေသြးငယ္သည္လည္း ထိုျခံထဲမွာ ေပ်ာ္ရႊင္စြာေျပးလႊားေဆာ့ကစားရင္း အရြယ္ေရာက္လာလိမ့္မည္။
"ဒီေနရာေလးစိုက္လိုက္ေကာင္းခ်ီ "
လက္ညိုးညႊန္ျပလိုက္တဲ့ေနရာသည္
အရင္က ျခံနွစ္ႀကားကမန္က်ည္းပင္ေနရာပင္။
ခုေတာ့ ခုတ္ပစ္လိုက္ပီမို ့မရွိေတာ့ေပ။ အိမ္ေရွ ့
ျခံစည္းရုိးနဲ ့ကပ္ရပ္မို ့ေနရာလဲ မယူေတာ့။
ေကာင္းခ်ီက သက္ပံုညႊန္ျပတဲ့ေနရာကို
သြားကာ ေပြ ့ထားတဲ့ အပင္ေပါက္ကို
ေျမႀကီးေပၚခ်ပီး တဒုတ္ဒုတ္နဲ ့တူးေတာ့သည္။
ပထမတေနရာတူးေတာ့ ေအာက္က
မန္က်ည္းျမစ္ေတြနဲ ့မို ့တူးမရ။
"သက္ပံု ေအာက္ကအျမစ္ေတြနဲ ့တူးမရဘူး"
"အဲ့ဒါဆို ေျမာက္ဖက္နည္းနည္းတိုးလိုက္ေလ။ ေတာင္ဖက္တိုးရင္ ခေရပင္ရိပ္နဲ ့ေလာင္းရိပ္က်ပီး အပင္မျဖစ္ပဲေနမယ္"
ေျပာတဲ့အတိုင္း ေျမာက္ဖက္ကို နွစ္ေတာင္ေလာက္တိုးပီး ေရြ ့မွေျမကလြတ္လြတ္လပ္လပ္တူးရသည္ ။
ဒါေတာင္တခ်က္ခ်က္ အျမစ္တခ်ိဳ ့နဲ ့ညိေနေသးသည္။
" ဒုတ္… ဒုတ္ …ဒုတ္ …ခြမ္း"
တဒုတ္ဒုတ္ေျမသားေပါက္သံႀကားမွာ
အမွတ္တမဲ့ေျပာင္းလဲသြားတဲ့ အသံေႀကာင့္နွစ္ေယာက္သားမ်က္နွာျခင္းဆိုင္ေမာ့ႀကည့္မိသည္။
"ေကာင္းခ်ီ ဘာသံႀကီးလဲ "
"မသိဘူး အိုးျခမ္းပဲ့သံထင္တာပဲ။
ေျမႀကီးေတြအရင္ဖယ္ႀကည့္လိုက္အုန္းမယ္"
ေကာင္းခ်ီက ေျပာပီး တူရြင္းျပားေလးေဘးခ်ကာ တြင္းထဲလက္နိွဳိက္ကာ ေျမႀကီးေတြဖယ္ထုတ္လိုက္သည္။
တျဖည္းျဖည္းေပၚလာတာက ပဲ့ထြက္ေနေသာ အိုးျခမ္းပဲ့ေလး။
"ဒါေလးထိမိသြားလို ့ထင္တယ္။ "
ေကာက္ယူပီးေထာင္ျပလာတဲ့ အိုးျခမ္းပဲ့ေလးက လက္နွစ္လံုးစာ အိုးဖံုးဟုထင္ရေသာ ေျမအိုးအပဲ့အရြဲ ့ေလးသာ။
"ေဘးခ်ထားလိုက္ လက္နဲ ့ရမ္းပီးဇြတ္မနွဳိက္နဲ ့ေကာင္းခ်ီ ။ ရွမိကုန္မယ္။ "
အမွတ္တမဲ့ နွဳိက္မိလိုက္ရင္ ပဲ့ေနေသာေနရာက ထိခိုက္မိနိုင္သည္မို ့သတိေပးလိုက္သည္။
တြင္းတူေနေသာ ေကာင္းခ်ီေဘးမွာေဆာင့္ေႀကာင့္ထိုင္ရင္း ေကာင္းခ်ီလုပ္သမ်ွထိုင္ႀကည့္ေနမိ၏။ ေျမႀကီးေတြကို တူရြင္းနဲ ့ဆြလိုက္လက္နဲ ့ဖယ္လိုက္လုပ္ေနရင္း
ေနာက္တႀကိမ္ တူရြင္းနဲ ့ထိမိလိုက္တဲ့ အသံကထပ္ေပၚလာ၏။
"ခြမ္း "
"ထိမိျပန္ပီထင္တယ္။ ေသခ်ာလက္နဲ ့ဖယ္ေကာင္းခ်ီ။ "
"ေနပူတယ္သက္ပံုရယ္။ အိမ္ထဲဝင္ပါ့လား။ ဒီေနရာေတြက ဒီလိုပဲ အိုးပဲ့ေတြက ထြက္ေနႀက။ က်ြန္ေတာ္ေသခ်ာ
ဂရုစိုက္ပီးလုပ္ပါ့မယ္။ သြားသြားအိမ္ထဲဝင္ေတာ့"
မနက္ခင္း ကိုးနာရီေလာက္မို ့
ေနက ပူေတာ့ေနပီ။ သို ့ေပမဲ့ အိမ္ထဲမွာေကာင္းခ်ီရွိတာမွမဟုတ္ပဲ။
ေျမႀကီးေတြကိုေျပာတဲ့အတိုင္းဂရုတစိုက္
ဖယ္ေနတဲ့ ေကာင္းခ်ီကို မေက်မနပ္ႀကည့္ကာ
"မသြားခ်င္ဘူး။ ငါ့ကိုအတင္းနွင္လႊတ္မေနနဲ ့…။ "
"နွင္လႊတ္တာမွမဟုတ္တာ သက္ပံုရယ္။
ေနပူလို ့ေျပာေန…ဟာ… သက္ပံုဒီမွာႀကည့္"
ဖယ္ထုတ္ေနတဲ့ ေျမႀကီးပံုေတြႀကားမွာ
ေနေရာင္နဲ ့တလဲ့လဲ့ေပၚေနေသာအရာေလး။
"ေကာင္းခ်ီ ဒါ…ဒါ ပတၱျမားထင္တယ္။
ေသခ်ာႀကည့္စမ္း"
ေျမႀကီးေတြေပေနတာေတာင္ရဲစိုေနတဲ့ အေရာင္က ေနေရာင္နဲ ့ထိေလပိုရဲေလ
ျဖစ္ကာနည္းနည္းေလးေတာင္ ညိုးမွိန္မေနေခ်။
ေသခ်ာလက္နဲ ့ပြတ္ကာ ညစ္ပတ္ေနတဲ့ အရာေတြသန္ ့ရွင္းလိုက္ေတာ့ …
သေဘာၤသီးေစ့ထပ္အနည္းငယ္ႀကီးေလာက္မဲ့ အနီေရာင္ ေက်ာက္ကေလးတစ္လံုးကတလဲ့လဲ့။
"ေသခ်ာႀကည့္ေကာင္းခ်ီ အထဲမွာရွိအုန္းမယ္ထင္တယ္"
ေကာင္းခ်ီက ေခါင္းညိတ္ျပကာ
သူ ့လက္ထဲက ေက်ာက္ကို သက္ပံုဆီေပးကာ ေျမႀကီးေတြကို ေသခ်ာလက္နဲ ့ႀကံဳးကာ တြင္းထဲကဖယ္ထုတ္ေနသည္။
တေတာင္ပတ္လည္ေလာက္တူးထားတဲ့တြင္းေပါက္ေဘးတြင္ဖယ္ထုတ္ရသမ်ွ
ေျမစာေတြကိုပံုထား၏။
"သက္ပံု !"
ေကာင္းခ်ီေခၚလိုက္တဲ့အသံသည္ အနည္းငယ္တုန္ရီသလို အထိတ္တလန္ ့လဲ
နိုင္လွသည္။
ဒါေပမဲ့ သက္ပံုကိုယ္တိုင္ ဂရုမစိုက္မိ။
နွစ္ေယာက္သားရဲ့အႀကည့္တို ့ဆံုရာေနရာသည္ အနက္ေပ တစ္ေတာင္ေက်ာ္ေက်ာ္ေလာက္သာ နက္တဲ့ တြင္းေအာက္ေျခရွိ တစြန္းတစေပၚထြက္လာတဲ့
ေျမအိုးအေသးေလးဆီကိုသာ။
ခ်စ္တဲ့အိမ္စည္။
>>>>>>>><<<<<<<<
မြောက်ဖက်ခြံကိုငေးနေတုန်းအတွေး
တစ်ခုတွေးမိလာတာက ပူလောင်တဲ့ ရာသီဥတုကို တံငါစုကလူတွေဘယ်လိုအံတုကြသလဲဆိုတာပင်။
ကိုယ့်အိမ်က အရိပ်ကောင်းကောင်းရှိ
လို့ ထင်သလောက်မပူပေမဲ့ ပူတာကတော့ ပူသေးတာပင်။
တံငါစုသည် ကျောက်ဆောင်ပေါ်တွင် မိုးကာတဲတွေထိုးပြီးနေကြတဲ့
ရေလုပ်ငန်းသမားများ၊များစွာရှိကြသည်။
သစ်ပင်ရိပ်ဟူ၍ ဇီပင်ကြီးကြီးတွေလောက်သာရှိသည်မို့ ကလေးတွေခွေးတွေနဲ့
ဘယ်လောက် ပြည့်ကြပ်ကာပူလောင်နေကြမလဲဟု တွေးပူမိ၏။။
ပိုက်ဆံသည် ဒုတိယဘုရားသခင်ဟု
ခေါ်ဆိုတာ မမှားပေ။
ငွေမရှိသူများအတွက်ကတော့ လောကငရဲကို အမှန်တကယ်ဖြတ်သန်းနေရသည်။
သက်ပုံ အများကြီး ချမ်းသာချင်ပါသည်။
အရင်ကဘဝကိုအေးချမ်းစွာနေလိုခဲ့ပေမဲ့
ယခုတော့မတူတော့ပြီ။
မရှိတဲ့သူတွေကို ပေးကမ်းထောက်ပံ့ ချင်သည်။
မန္တလေးမှာရှိတဲ့ ဖေဖေနဲ့ မေမေကို
သက်ပုံ ယခုလို အချိန်မှာတကယ်လွမ်းမိသည်။
ငယ်စဉ်ကတည်းက ဖေဖေအလိုကျအောင်မနေနိုင်တဲ့ သားတစ်ယောက်ဖြစ်ခဲ့ပေမဲ့
ဖေဖေကတော့ မိဘ ဝတ္တရားတစ်ခုတောင်မပျက်ခဲ့ပါ။
အဝတ်စားဟူသည်မညိုးနွမ်းစေရ။
ပေါ်သမျှခေတ်မှီအသုံးဆောင်တွေ မသုံးလိုက်ရဆိုတာမျိုးတခါတောင်မရှိခဲ့။
ထို့ ကြောင့် ညစဉ်ဘုရားကန်တော့တိုင်း
ကောင်းမွန်စွာနေထိုင်နိုင်အောင် ပြုစုပေးခဲ့တဲ့ဖေဖေနဲ့ မေမေကို ရည်မှန်းကာ ရှစ်ခိုးဦးချ ဖြစ်၏။။
လောကဓံဆိုတာ မိဘနဲ့ နေတုန်းကလည်းမခံရသလို ယောကျာ်းရတော့လည်းပင်ပန်းဆင်းရဲခြင်းမခံရတာ ကံကောင်းခြင်းတစ်ခုဖြစ်ခဲ့ပေမဲ့ ကိုယ်ထက်နိမ့်ပါးတဲ့ဘဝတွေကို မြင်နေရတာတော့ အမှန်တကယ် စိတ်နှလုံးမချမ်းမြေ့ ရပါ။
အတွေးတို့ က နွေနဲ့ အပြိုင် ပူလောင်လွန်းလှသည်။တလှုပ်လှုပ်ကြွေနေတဲ့ ခရေဖြူတွေကိုငေးမောနေတုန်း မျက်စိထဲဝင်လာတာက သူ့အပိုင် ရေခဲတုံးလေးတစ်ခု။
ပူလောင်နေတဲ့ရင်သည် ထိုရေခဲတုံးလေးကိုမြင်လိုက်ရတာနဲ့ တင် ချက်ခြင်းအေးမြသွား၏။
ရေခဲတုံးလေးက ဆေးအဝါရောင်သုတ်ထားတဲ့ နှီးခမောက်လေးတစ်လုံး
ကိုဆောင်းထားသည်။
ခပ်လတ်လတ်အသားရေပေါ်တွင်
စူးရှ အေးစက်သောအကြည့်တို့ နဲ့
တုံဏိဘာဝေ မထုံတတေး ပြုမူဆောင်ရွက်တက်သော ဟန်ပန်အမူရာလည်းရှိသည်။
သင်းပျံ့ အေးမြသော သနပ်ခါးတို့ ကို
ကြိုက်တက်သလို အကြွေပန်းတို့ ကိုလည်း
လေးစားတန်ဖိုးထားတက်သည်။
အနီးနားရောက်လာလေလေ သိသာစွာပြောင်းလဲသွားတဲ့ ရေခဲတုံးလေးရဲ့
မထုံတတေးအပြုအမူတို့ သည် စောစောကနဲ့ လားလားမှမဆိုင်တော့။
ခြေလှမ်းတွေက မပြေးရုံတမယ်သွက်လာသလို မျက်နှာသွင်ပြင်ကလည်း
ချိုမြတဲ့ အပြုံးတွေနဲ့ အသက်ဝင်လာသည်။
"သက်ပုံ ပျင်းနေပီလား "
ခရေပင်အောက်က ကွစ်ပျစ်လေးပေါ်မှာ
ထိုင်နေတဲ့ သက်ပုံနားရပ်ကာ အကြည့်တို့ မလွှဲပဲ မေးလာ၏။
လက်နှစ်ဖက်သည် ဆန့် ဆန့် လေးချထားကာ နှုတ်ခမ်းတွေက ပြုံးနေလျက်။
ခေါင်းပေါ်က စောင်းထားတဲ့ ခမောက်လေးကိုလဲချွတ်ဖို့ မေ့နေသယောင်။
"စောစောက ပျင်းတယ်။ မင်းမှမရှိတာ "
မတ်တပ်ရပ်နေသူကို မော့ကာ
ပြောမိတော့ မချိတင်ကဲ အံကြိတ်လျက် ပြောလာ၏။
"ဟာဗျာ။ ချစ်တဲ့ သက်ပုံတကယ်မကောင်းတာပဲ။ ကျွန်တော်ကို အသည်းတွေ
မတရားယားပီး နေရခက်အောင်
လုပ်နေသလိုပဲ "
သက်ပုံ ထိုင်နေရက်ကနေ ပြုံးပီး
ကောင်းချီခေါင်းပေါ်က ခမောက်လေးကို
ချွတ်ပေးလိုက်သည်။
အနည်းငယ် ခေါင်းကို ညွှတ်ပေးပေမဲ့ အကြည့်ကတော့ လွှဲမသွား။
" ကျွန်တော်ကို ချစ်လား "
"မင်းကရော ငါ့ကိုချစ်လား"
သက်ပုံ တမင်ညစ်ပီးပြန်မေးတော့ ။
"အာ… ကျွန်တော်အရင်မေးတာလေဗျာ"
ဟု မကျေမနပ်လေသံလေးနဲ့ ပြန်အော်လာတယ်။
ကောင်းချီ သူ့ ကိုယ်သူကလေးမှတ်နေတာလား။
အရင်တုန်းကကောင်းချီဆိုတာဒါမျိုးမဟုတ်။
ချိန်းတွေ့ ရင်တောင် တနေ့ လုံးစကားမပြောပဲထိုင်ပဲကြည့်နေတက်တဲ့ လူစားမျိုး။။
"အင်းအများကြီးချစ်တယ်"
ကျေနပ်စွာအလျော့ပေးလိုက်တော့
ပြုံးကျသွားတာများ အလိုပြည့်သွားတဲ့
ကလေးတစ်ယောက်လို ။
အချစ်ကနုပျိုစေတယ်ဆိုတာ တကယ်များလား။
"ကျွန်တော်က အဲ့အများကြီးထက် အဆပေါင်းသိန်းသန်းချီ ပိုပီးချစ်တယ်"
"အပြောက ရွှေမန်း "
"လုပ်ပြန်ပြီ။ ဘာရွှေမန်းလဲ အတည်တကယ်ပြောနေတာပါဆို "
" ဟုတ်ပါပီ…သြော်…ဒါနဲ့ မင်းတောင်ရွာသွားတာအခြေအနေဘာထူးလဲ"
"ဝယ်ခဲ့လိုက်ပီ "
"ဟမ်! "
"ဒေါ်လေးဆီက ခဏယူပီးတခါထဲ ငွေချေခဲ့တာ ၅၅သိန်းနဲ့ ပြတ်ခဲ့တယ်။ စာချုပ်ကတော့ ဒေါ်လေးဆီ အပ်ထားခဲ့လိုက်တယ်။ "
"အဲ့လောက်လွယ်တယ်လား။ မင်း
အကျိုးအကြောင်းသွားမေးတယ်ပဲထင်တာ
တခါထဲဝယ်ခဲ့မယ်လို့ ဘယ်ထင်မလဲ"
"အော်ခင်ဗျားရယ်။ ရချင်တယ်လို့ ပြောတာဘယ်သူလဲ။ လိုချင်မှတော့ ဝယ်ပေးရတော့မှာပေါ့။ ပိုက်ဆံ၅၅သိန်းက ရှာရ
မခက်ပါဘူး။ ခင်ဗျားအပြုံးတွေနဲ့ လဲလိုက်ရတာတန်ပါတယ်"
ထိရှသွားတဲ့ရင်ဖက်က စကားလေးတစ်ခွန်းကြောင့် ဗြောင်းဆန်ကုန်၏။အတိုင်းထက်အလွန်
ပြုံးချင်နေတဲ့နှုတ်ခမ်းကို သွားနဲ့ ဖိကိုက်ထိန်းထားရင်း စကားတွေတက်နေတဲ့ကောင်းချီလက်မောင်းကို အသာအယာ လက်သီးဆုပ်နဲ့ ထိုးလိုက်သည်။
ဒင်းကလေးက ကြွေအောင်ခြွေရမဲ့နည်းတွေတောင်သိနေလေပြီ။
---------
"သက်ပုံ ဒါ ဘယ်နားစိုက်မှာလဲ"
စွပ်ကြယ်အဖြူရောင် အဟောင်းလေးက
လျှော်ပါများလို့ အနည်းငယ်တောင်ရွဲချင်နေသည်။
ပုဆိုးတိုတိုဝတ်ထားတဲ့ ကောင်းချီသည်
လက်ထဲတွင် တူရွင်းပြားတစ်လက်ရယ်
သလဲသီးပင်ပေါက်လေးရယ်ကိုင်လို့
သက်ပုံဆီက အမိန့် ကိုစောင့်မျှော်ကြည့်နေ၏။
ခုဆိုရင်ခြံနှစ်ခြံသည် တသားထဲဖြစ်သွားပီဖြစ်သည် ။
မနက်ဖန်ဆို မြေသန့် တရားနာရတော့မည်။
ဒေါ်အံ့မင်းသည်လည်း စိတ်ချမ်းသာနေသည်ထင်၏။
အိမ်မက်တွေမပေးတာတောင်ကြာလှပြီ။
အရင်က ခြုံတချို့ ဖုံးလွှမ်းနေတဲ့ မြေနေရာသည် ခုတော့ ပြန်ဖြူးနေသောမြေကွက်လပ်အဖြစ်ပြောင်းလဲသွား၏။
လက်သမားဆရာခေါ်ကာ ယိုယွင်းပေါက်ပြဲနေတဲ့ ခြံစည်းရိုးတွေကိုပါ အသစ်ပြင်ဆင်လိုက်သည်။
ပန်းနုရောင်ကြိုက်တဲ့သက်ပုံအတွက်
အမြဲသတိတရရှိသူက သစ်သားခြံစည်းရိုးလေးကို ပန်းရောင်ဆေးကိုခြယ်သပေးခဲ့သည်။
မြို့ လေးကနေမှာလိုက်သော
ဇီဇဝါပင်တချို့ နဲ့ စံပယ်နှင်းဆီတချို့ က
လည်းခြံထောင့်တွေမှာ နေရာယူထားကြသည်။
ပန်းပင်ကတော့ သက်ပုံကြိုက်သည်ထပ်
ကောင်းချီက ပိုကြိုက်တက်သည်ကြောင့်
သူ့ အတွက်ကို သက်ပုံစိုက်ပျိုးခဲ့ခြင်းပင်။
နောင်တချိန် သစ်ပင်များကြီးထွားလာချိန်
မှာ တခြံလုံးပန်းနံ့ တွေဝေလာလိမ့်မည်။
သက်ပုံတို့ နှစ်ယောက်ရဲ့ရင်သွေးငယ်သည်လည်း ထိုခြံထဲမှာ ပျော်ရွှင်စွာပြေးလွှားဆော့ကစားရင်း အရွယ်ရောက်လာလိမ့်မည်။
"ဒီနေရာလေးစိုက်လိုက်ကောင်းချီ "
လက်ညိုးညွှန်ပြလိုက်တဲ့နေရာသည်
အရင်က ခြံနှစ်ကြားကမန်ကျည်းပင်နေရာပင်။
ခုတော့ ခုတ်ပစ်လိုက်ပီမို့ မရှိတော့ပေ။ အိမ်ရှေ့
ခြံစည်းရိုးနဲ့ ကပ်ရပ်မို့ နေရာလဲ မယူတော့။
ကောင်းချီက သက်ပုံညွှန်ပြတဲ့နေရာကို
သွားကာ ပွေ့ ထားတဲ့ အပင်ပေါက်ကို
မြေကြီးပေါ်ချပီး တဒုတ်ဒုတ်နဲ့ တူးတော့သည်။
ပထမတနေရာတူးတော့ အောက်က
မန်ကျည်းမြစ်တွေနဲ့ မို့ တူးမရ။
"သက်ပုံ အောက်ကအမြစ်တွေနဲ့ တူးမရဘူး"
"အဲ့ဒါဆို မြောက်ဖက်နည်းနည်းတိုးလိုက်လေ။ တောင်ဖက်တိုးရင် ခရေပင်ရိပ်နဲ့ လောင်းရိပ်ကျပီး အပင်မဖြစ်ပဲနေမယ်"
ပြောတဲ့အတိုင်း မြောက်ဖက်ကို နှစ်တောင်လောက်တိုးပီး ရွေ့ မှမြေကလွတ်လွတ်လပ်လပ်တူးရသည် ။
ဒါတောင်တချက်ချက် အမြစ်တချို့ နဲ့ ညိနေသေးသည်။
" ဒုတ်… ဒုတ် …ဒုတ် …ခွမ်း"
တဒုတ်ဒုတ်မြေသားပေါက်သံကြားမှာ
အမှတ်တမဲ့ပြောင်းလဲသွားတဲ့ အသံကြောင့်နှစ်ယောက်သားမျက်နှာခြင်းဆိုင်မော့ကြည့်မိသည်။
"ကောင်းချီ ဘာသံကြီးလဲ "
"မသိဘူး အိုးခြမ်းပဲ့သံထင်တာပဲ။
မြေကြီးတွေအရင်ဖယ်ကြည့်လိုက်အုန်းမယ်"
ကောင်းချီက ပြောပီး တူရွင်းပြားလေးဘေးချကာ တွင်းထဲလက်နှိုက်ကာ မြေကြီးတွေဖယ်ထုတ်လိုက်သည်။
တဖြည်းဖြည်းပေါ်လာတာက ပဲ့ထွက်နေသော အိုးခြမ်းပဲ့လေး။
"ဒါလေးထိမိသွားလို့ ထင်တယ်။ "
ကောက်ယူပီးထောင်ပြလာတဲ့ အိုးခြမ်းပဲ့လေးက လက်နှစ်လုံးစာ အိုးဖုံးဟုထင်ရသော မြေအိုးအပဲ့အရွဲ့ လေးသာ။
"ဘေးချထားလိုက် လက်နဲ့ ရမ်းပီးဇွတ်မနှိုက်နဲ့ ကောင်းချီ ။ ရှမိကုန်မယ်။ "
အမှတ်တမဲ့ နှိုက်မိလိုက်ရင် ပဲ့နေသောနေရာက ထိခိုက်မိနိုင်သည်မို့ သတိပေးလိုက်သည်။
တွင်းတူနေသော ကောင်းချီဘေးမှာဆောင့်ကြောင့်ထိုင်ရင်း ကောင်းချီလုပ်သမျှထိုင်ကြည့်နေမိ၏။ မြေကြီးတွေကို တူရွင်းနဲ့ ဆွလိုက်လက်နဲ့ ဖယ်လိုက်လုပ်နေရင်း
နောက်တကြိမ် တူရွင်းနဲ့ ထိမိလိုက်တဲ့ အသံကထပ်ပေါ်လာ၏။
"ခွမ်း "
"ထိမိပြန်ပီထင်တယ်။ သေချာလက်နဲ့ ဖယ်ကောင်းချီ။ "
"နေပူတယ်သက်ပုံရယ်။ အိမ်ထဲဝင်ပါ့လား။ ဒီနေရာတွေက ဒီလိုပဲ အိုးပဲ့တွေက ထွက်နေကြ။ ကျွန်တော်သေချာ
ဂရုစိုက်ပီးလုပ်ပါ့မယ်။ သွားသွားအိမ်ထဲဝင်တော့"
မနက်ခင်း ကိုးနာရီလောက်မို့
နေက ပူတော့နေပီ။ သို့ ပေမဲ့ အိမ်ထဲမှာကောင်းချီရှိတာမှမဟုတ်ပဲ။
မြေကြီးတွေကိုပြောတဲ့အတိုင်းဂရုတစိုက်
ဖယ်နေတဲ့ ကောင်းချီကို မကျေမနပ်ကြည့်ကာ
"မသွားချင်ဘူး။ ငါ့ကိုအတင်းနှင်လွှတ်မနေနဲ့ …။ "
"နှင်လွှတ်တာမှမဟုတ်တာ သက်ပုံရယ်။
နေပူလို့ ပြောနေ…ဟာ… သက်ပုံဒီမှာကြည့်"
ဖယ်ထုတ်နေတဲ့ မြေကြီးပုံတွေကြားမှာ
နေရောင်နဲ့ တလဲ့လဲ့ပေါ်နေသောအရာလေး။
"ကောင်းချီ ဒါ…ဒါ ပတ္တမြားထင်တယ်။
သေချာကြည့်စမ်း"
မြေကြီးတွေပေနေတာတောင်ရဲစိုနေတဲ့ အရောင်က နေရောင်နဲ့ ထိလေပိုရဲလေ
ဖြစ်ကာနည်းနည်းလေးတောင် ညိုးမှိန်မနေချေ။
သေချာလက်နဲ့ ပွတ်ကာ ညစ်ပတ်နေတဲ့ အရာတွေသန့် ရှင်းလိုက်တော့ …
သဘောင်္သီးစေ့ထပ်အနည်းငယ်ကြီးလောက်မဲ့ အနီရောင် ကျောက်ကလေးတစ်လုံးကတလဲ့လဲ့။
"သေချာကြည့်ကောင်းချီ အထဲမှာရှိအုန်းမယ်ထင်တယ်"
ကောင်းချီက ခေါင်းညိတ်ပြကာ
သူ့ လက်ထဲက ကျောက်ကို သက်ပုံဆီပေးကာ မြေကြီးတွေကို သေချာလက်နဲ့ ကြုံးကာ တွင်းထဲကဖယ်ထုတ်နေသည်။
တတောင်ပတ်လည်လောက်တူးထားတဲ့တွင်းပေါက်ဘေးတွင်ဖယ်ထုတ်ရသမျှ
မြေစာတွေကိုပုံထား၏။
"သက်ပုံ !"
ကောင်းချီခေါ်လိုက်တဲ့အသံသည် အနည်းငယ်တုန်ရီသလို အထိတ်တလန့် လဲ
နိုင်လှသည်။
ဒါပေမဲ့ သက်ပုံကိုယ်တိုင် ဂရုမစိုက်မိ။
နှစ်ယောက်သားရဲ့အကြည့်တို့ ဆုံရာနေရာသည် အနက်ပေ တစ်တောင်ကျော်ကျော်လောက်သာ နက်တဲ့ တွင်းအောက်ခြေရှိ တစွန်းတစပေါ်ထွက်လာတဲ့
မြေအိုးအသေးလေးဆီကိုသာ။
ချစ်တဲ့အိမ်စည်။
>>>>>>>><<<<<<<<
Bạn đang đọc truyện trên: ZingTruyen.Xyz