အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
26
"ေကာင္းခ်ီ ေနာက္ေဖးက ဒန္ ့ဒလြန္ ့ရြက္သြားခူးေပး...ငါ ဟင္းခ်က္ေတာ့မလို ့"
သက္ပံု ပုဇြန္ထုပ္ ေတြကို အခြံခြာရင္း
ေကာင္းခ်ီကိုအရြက္ခူးခိုင္းလိုက္သည္။
ဒီေန ့ပုဇြန္ဟင္းကို ႀကက္သြန္ျဖဴမ်ားမ်ားေလးနဲ ့ဆီေမႊးသတ္ ျပီးခ်က္မည္။
နွစ္ေယာက္စာမို ့ပင္ပန္းေအာင္ထိ ခ်က္ျပဳတ္စရာမလိုေပ။
ဟင္းေကာင္းတစ္ခြက္ခ်က္ျပီးရင္ ဟင္းခ်ိဳဟင္းတစ္ခြက္ခ်က္မယ္။ ျပီးရင္ သရက္သီးမွည့္ေလးလွီးလိုက္မည္။… အငန္စားခ်င္ရင္အလြယ္တကူးစားလို ့ရေအာင္
ေႀကာ္ပီး ဘူးနဲ ့ထည့္သိမ္းထားတဲ့ ငါးေျခာက္ေႀကာ္ေလးကိုထုတ္ေပးလိုက္မည္။
ကိုယ့္အေတြးနဲ႔ကိုယ္မီးဖိုေခ်ာင္မွာ ဟင္းအမယ္ စီစဥ္ေနတုန္းအိမ္ေရွ႕ဆီမွ ဧည့္သည္လာသံကိုၾကားလိုက္ရ၏။
"သက္ပံုေလးေရ ေဒၚဆန္းဝင္ခဲ့မယ္ေနာ္"
"ဟုတ္ ေဒၚဆန္းက်ြန္ေတာ္ ဒီဖက္မွာ
ဟင္းခ်က္ေနလို ့ဝင္ခဲ့လို ့ရတယ္"
ငါးသည္ေဒၚဆန္းက ဟိုတခါ ငါးေျခာက္ေတြယူျပီး လိုင္းေပၚတင္ေရာင္းေပးျပီးကတည္းက သက္ပံုနဲ ့အေတာ္ပင္ ရင္းနွီးလာတာမို ့ ခုလိုပဲ ခဏတိုင္းအိမ္လည္လာတက္သည္။
ေသခ်ာဆီျပန္ေအာင္ခ်က္ထားတဲ့
ပုဇြန္နွစ္ေကာင္ကို ပန္းကန္ထဲဆယ္ထည့္ကာ အုပ္ေဆာင္းေလးအုပ္ထားလိုက္သည္။
ခ်က္ထားပီးသားဒယ္အိုးေလးကို
ေရအင္တံုေဘးခ်ကာ အဆင္သင့္ေဖ်ာ္ထားတဲ့ဆပ္ျပာေရနဲ ့တခါထဲၿပီးစီးေအာင္ ေဆးေက်ာပီးတိုင္ငုတ္မွာခ်ိတ္ထားလိုက္သည္။ အိမ္မွာက ေယာက်ာ္းေလးေတြပဲေနတယ္ဆိုေပမဲ့ သန္႔ရွင္းေရးတခါလုပ္ၿပီးသြားရင္ ေနာက္တခါထပ္လုပ္စရာမလိုေအာင္ ေကာင္းခ်ီေရာ ၊သက္ပံုေရာ
စနစ္တက် ေနတက္၏။
မီးအားေနျပီမို ့ ေရထဲငပိနည္းနည္း …
ႀကက္သြန္နီတလံုး…ခရမ္းခ်ဥ္သီးေသးေသးတလံုးလွီးထည့္ကာ ဟင္းခ်ိဳဟင္းဒန္အိုးေလးကို ျပင္ပီး မီးဖိုေပၚတင္ထားလိုက္၏။
ေကာင္းခ်ီလာရင္ ခူးလာတဲ့ အရြက္ေတြေရေဆးပီး ေရေႏြးပြက္ရင္ ခပ္လိုက္ရုံပင္။
"ဘာဟင္းခ်က္ေနတာလဲသက္ပံု။
ေဒၚဆန္းအိမ္မွာ ငါးငပိခ်က္ေလးခ်က္
လို ့လာပို ့ေပးတာ "
ခ်ိဳင့္လံုးေလးတစ္လံုးရယ္၊ နီညိုညို အေရာင္ရွိတဲ့ ေရသန္ ့ဘူးတဘူးရယ္ကို ကိုင္
လို ့ေဒၚဆန္းက မီးဖိုေခ်ာင္ကိုဝင္လာေလသည္။
"ပုဇြန္ခ်က္တာ ေဒၚဆန္း။ လက္ထဲကဘူးက ဘာေတြလဲ "
သက္ပံု စိတ္ဝင္စားသည္မို ့အရင္ေမးလိုက္ေတာ့ ေဒၚဆန္းက သူကိုင္လာတဲ့ ခ်ိဳင့္ကို စားပြဲေပၚတင္ကာ လက္ထဲကဘူးကိုထိုးေပးလာသည္။
"ငါးငန္ျပာရည္ေလ။ ဒါေဒၚဆန္းကိုယ္တိုင္ ခ်က္ထားတာ ။ "
ဘူးကိုလွမ္းယူကာ အဖံုးဖြင့္နမ္းႀကည့္လိုက္ေတာ့ အနံ ့ကေမႊးသည္။
အတိအက်ေျပာရရင္ ငါးကိုဆားနယ္ရင္ထြက္လာတဲ့ အငန္ရည္လို ့အနံ ့မ်ိဳး။
ဒါေပမဲ့ က်ိဳခ်က္ထားသည္မို ့မညွီပဲ ေမႊးပ်ံ ့ပ်ံ ့အနံ ့ထြက္လာ၏။
"ေမႊးသားပဲ။ေက်းဇူး ေဒၚဆန္း။
မဟုတ္ရင္ က်ြန္ေတာ္က အရြက္ေတြ
သုပ္စားရတာႀကိဳက္တဲ့သူဆိုေတာ့
ငန္ျပာေရထည့္သံုးေနက်။"
"အမေလးသက္ပံုရယ္။ ရြာထဲက
အသုပ္သည္ေတြေတာင္ ေဒၚဆန္းဆီမွာ ဝယ္သံုးေနက် ။ စားႀကည့္လ်ွာလည္သြားမယ္။ "
ေဒၚဆန္းရဲ့အညႊန္းေႀကာင့္ သက္ပံုေခါင္းတညိတ္ညိတ္နဲ ့သေဘာက်ေနသည္။
တံငါကုန္းမွာေနရတာ အေတာ္ေလး
အဆင္ေျပသည္ဆိုရမယ္။
ရာသီေပၚအစားအစာေတြအျပင္
လတ္ဆတ္တဲ့အစားအေသာက္ေတြေပါမ်ားသည္။
ေန ့ခင္းဆို ေတာမို ့ဘာမွမရွိဘူးမထင္ေလနဲ ့။
ခြက္ျပင္…ေကာင္ညွင္းေပါင္း… မုန္ ့ႀကာရုိး…နွမ္းပ်စ္ … ငွက္ေပ်ာေပါင္း… ဆႏြင္းမကင္း…ေရႊထမင္း… မုန္ ့ညွင္းေပါင္း…ငွက္ေပ်ာဖူးေပါင္း အိုး…အစံုပါပဲ ေျပာရင္ကုန္မွာေတာင္မဟုတ္ဘူး။
တခါတေလပ်င္းရင္ ေတာင္ရြာဖက္သြားပီး ဦးသားခ်ိဳရဲ့ ဖန္ကဲပ်စ္ပ်စ္ေလးနဲ ့
ပဲေကာက္ညွင္းေပါင္းပူပူေလးမ်ားစားလိုက္ရရင္ျဖင့္ သက္ပံုတို ့ျပံဳးတုန္ ့
တုန္ ့ေလးနဲ ့ေက်နပ္ေနတက္သည္။
လင္မယားနွစ္ေယာက္ ငါးရာဖိုးဆို စားပါလိမ့္။
"ေဒၚဆန္းအလည္ေရာက္ေနတာလား"
မီးဖိုေခ်ာင္ထဲ ဒန္ ့ဒလြန္ ရြက္ေတြစုထည့္လာေသာ ခါးပံုစကိုေပြ ့ပီးဝင္လာတဲ့
ေကာင္းခ်ီက ေဒၚဆန္းကိုျမင္ေတာ့ နွဳတ္ဆက္လာသည္။
"အလည္ဆိုတာထပ္ ငါးငပိခ်က္စပ္စပ္
ေလး သက္ပံု ဟိုတခါလာပို ့တုန္းကႀကိဳက္တယ္ဆိုလို ့ထပ္လာပို ့ေပးတာ "
ေဒၚဆန္းက ခုလိုပဲ လက္ရာေကာင္းသည္မို ့ မႀကာခဏ
သက္ပံုႀကိဳက္တဲ့ တံငါခ်က္ကေလးေတြခ်က္ကာ လာပို ့ေပးတက္သည္။
ငါးဆို ေစ်းႀကီးမွ စားေကာင္းသည္ထင္တက္တဲ့ သက္ပံုကလည္း
ေဒၚဆန္းရဲ့ ေစ်းသိပ္မရွိတဲ့ ငါးေပါက္စေတြႀကားမွာ ေပ်ာ္ေမြ ့ေနတက္ခဲ့ျပီ။
ငါးငပိခ်က္ဆိုသည္မွာ
ခရမ္းခ်ဥ္သီး ဆီေမႊးသတ္သည့္အခ်ိန္မွာ
ငပိအနည္းငယ္ထည့္ကာ ႀကက္သြန္ျဖဴမ်ားမ်ားနဲ ့ ငရုတ္သီးေျခာက္ေထာင္းထားတာကို ထည့္ပီး အရင္လံုးရသည္။
ဆီျပန္ပီးေမႊးလာသည္အခ်ိန္မွာ ငါးထည့္ပီး တဖ်စ္ဖ်စ္ျမည္လာကာ ေရမက်န္ေတာ့သည္ထိ အရသာဝင္ေအာင္ခ်က္ထားရသည္။ အကုန္ျပီးေတာ့ ေရအနည္းငယ္ထည့္ကာ အဖံုးအုပ္ပီး မီးေအးေအးနဲ႔ ငါးကိုနွပ္ေအာင္ခဏရ၏။
မီးဖိုေပၚကခ်ကာနီးအခ်ိန္တြင္ တံငါပင္စိမ္းရြက္နည္းနည္းအုပ္ကာ အိုးကိုခ်လိုက္ရုံသာ။
ငရုတ္သီးကလည္း ေတာ္ေတာ္မ်ားမ်ားထည့္သံုးရသည္မို ့စပ္ျပဲေမႊးႀကိဳင္ကာ အေရာင္က နီရဲေနတက္သည္။
အဲ့လိုဟင္းမ်ိဳးဆို သက္ပံုက
ေရခြက္ေဘးခ်ကာ ေခ်ြးတလံုးလံုးနဲ ့အပီ
အျပင္စားေတာ့သည္။ထို႔ေနမ်ိဳးဆို ထမင္းနွစ္ပန္းကန္ကို အသာေလးစားနိုင္သည္မို႔
စိတ္ပူေပမဲ့ ေကာင္းခ်ီခမ်ာ ရင္တမမနဲ ့ၾကည့္ေနရတက္၏။
"ေဒၚဆန္းကေတာ့ေစတနာရွိလို ့ေက်ြးတာဟုတ္ပါပီ။ သက္ပံုကျပီးရင္အမ်ားႀကီး
စားတာ ။ ဟင္းထဲ ငရုတ္သီးေတြမ်ားေတာ့ ညဆိုဝမ္းေတြပူပီး တလူးလူးတလိမ့္လိမ့္နဲ႔ တညလံုး မအိပ္ေတာ့ဘူးသူက"
"ေကာင္းခ်ီကလည္း ေဒၚဆန္းကိုအားနာစရာ။ စားေစခ်င္လို ့လာေပးတာကို "
မစားရမွာစိုးေတာ့ သက္ပံုေဒၚဆန္းကိုလႊဲခ်လိုက္၏။
ဟိုတခါအမ်ားႀကီးစားမိျပီး သက္ပံုတစ္ညလံုးမအိပ္ရေပ။
ဝမ္းေတြပူကာ ေနရထိုင္ရခက္ေလာက္ေအာင္ျဖစ္ခဲ့သည္မို ့ေကာင္းခ်ီခမ်ာမစားေစခ်င္ဟန္ပင္။
" ဒီတခါ ငရုတ္သီးေလ်ာ့ထည့္ခဲ့ပါတယ္ေကာင္းေကာင္းရယ္။ ေရာ့ ခ်ိဳင့္လွယ္ေပးသက္ပံုေလး။ အိမ္မွာ အငယ္ေကာင္တစ္ေယာက္ထဲထားခဲ့ရတာစိတ္မခ်လို ့"
ေကာင္းခ်ီမတားနိုင္ခင္ သက္ပံု
ေဒၚဆန္းလက္ထဲက ခ်ိဳင့္ကို ယူပီး
အျမန္လွယ္ေပးလိုက္သည္။
ျမင္တာနဲ ့တင္စားခ်င္ေနျပီ။
ေဒၚဆန္းျပန္သြားခ်ိန္တြင္ ေကာင္းခ်ီတစ္ေယာက္ ခံုမွာငူငူႀကီးထိုင္ပီး သက္ပံုကိုႀကည့္ေန၏။
"သက္ပံု နည္းနည္းပဲ စားေနာ္ "
ေကာင္းခ်ီရဲ့ အသနားခံေနတဲ့အသံေလး
ေႀကာင့္ သက္ပံုမ်က္ခံုးေတြပင့္ကာ
ရယ္က်ဲက်ဲေလးႀကည့္လိုက္၏။
ေကာင္းစင္သန္ ့ခ်ီ နွစ္ရက္ေလာက္စိတ္ေကာက္ေပးလိုက္တာနဲ ့ေလသံေတြေတာင္ေျပာင္းေနပီ။
" စိတ္ပူတာလား ။ဒါမွမဟုတ္ ညကို မင္းအိပ္ေရးပ်က္မွာစိုးတာလား "
"ေအာ္ … ျဖစ္ရတယ္ခင္ဗ်ားရယ္။
က်ြန္ေတာ္ကို သက္ပံုက မအိပ္နဲ ့ဆို
တသက္လံုးမအိပ္ရလဲ ျဖစ္ပါတယ္"
"မင္း ဒါေတာ့ပိုသြားပီ"
ပါးမို ့မို ့ထပ္မွာ သနပ္ခါးတခ်ိဳ ့ကရယ္လိုက္ေတာ့ အနည္းငယ္တင္းသြား၏။
သေဘာတက်ရယ္ေမာလိုက္တိုင္းေပ်ာက္ျပယ္သြားတက္တဲ့ မ်က္လံုးအိမ္ေလးေတြနဲ ့သက္ပံုက ဘယ္ေလာက္ စြဲမက္ဖို ့ေကာင္းလဲ။
ပန္းနုေရာင္နွဳတ္ခမ္း စုလံုးလံုးေလးဟာ
အိစက္ေနကာ နမ္းလိုက္လ်ွင္လည္း
ေသြးေရာင္ေတာက္ကာဘယ္ေတာ့မွျပန္မလႊတ္ေပးခ်င္ေတာ့ထိျဖစ္ရ၏။
ေကာင္းခ်ီခ်စ္တဲ့… သက္မင္းပံုဆိုတဲ့
အမ်ိဳးသားငယ္ဟာ ဘယ္ေနရာမွၿပစ္ခ်က္ရွိသူမဟုတ္။
မိန္းမေတြလို လွပေနတာမ်ိဳးမဟုတ္တဲ့
ခ်စ္တဲ့ သက္ပံုဟာ ေကာင္းခ်ီအတြက္ကေတာ့ အျမဲတန္ဖိုးထားျမတ္နိုးခ်င္စရာ။
"သက္ပံု က်ြန္ေတာ္တို ့ခဏေလာက္ဖက္ႀကမလား"
အနည္းငယ္ ရမက္တခ်ိဳ ့စြန္းထင္းခ်င္ေနတဲ့ ေကာင္းခ်ီအႀကည့္တို ့ေႀကာင့္ သက္ပံုၿပံဳးမိသြားသည္။ စားပြဲကို ပတ္ကာ
ထိုုင္ရင္းတလဲ့လဲ့ေတာက္ေနတဲ့မ်က္လံုးေလးေတြနဲ ့ႀကည့္ေနရွာတဲ့ ေကာင္းခ်ီေလးကို ေထြးေပြးထားလိုက္၏။
သက္ပံု သိပ္ခ်စ္ရတဲ့ ေကာင္းစင္သန္ ့ခ်ီ။
သိပ္ေကာင္းတဲ့ဘဝတခုကိုေပးမယ္ဆိုရင္ေတာင္ ေကာင္းခ်ီကိုလက္မလြတ္ဘူး။
မရုိးရွင္းခဲ့တဲ့ အခ်စ္တခုျဖစ္ေနခဲ့ေပမဲ့
ေကာင္းခ်ီက လိုအပ္တာထပ္ပိုပီး
အခ်စ္ခံသင့္တဲ့ကေလး။
…………
"သက္ပံု က်ြန္ေတာ္ ေတာင္ရြာဖက္ကို
ခဏသြားအုန္းမယ္ ။ဘာမွာအုန္းမလဲ "
ေတာင္ရြာဆိုတဲ့ အသံႀကားလိုက္တာနဲ ့
သက္ပံုတစ္ေယာက္ ကမၻာပ်က္ခ်င္သလိုျဖစ္ေန၏။
"အဲ့ဖက္ဘာသြားလုပ္မွာလဲ"
ဖိုးသားေျပာတဲ့ ငယ္က်ြမ္းေဆြကိစၥက ခုထိမရွင္းလင္းရေသး။
ေကာင္းခ်ီက သက္ပံုကို ခ်စ္တယ္ဆိုေပမဲ့ ငယ္ကခ်စ္အနွစ္တရာေတာင္မေမ့ဘူးဆိုတဲ့ စကားပံုက အလကားထားခဲ့တာမွမဟုတ္ပဲ။
ခုခ်ိန္မွာ ေကာင္းခ်ီေလာက္ အပိုးက်ိဳးတဲ့
ဗိုင္းေကာင္းေက်ာက္ဖိက တံငါကုန္းရြာမွာမေျပာနဲ ့တစ္နိုင္ငံလံုးပတ္ရွာရင္ေတာင္ေတြ ့မွာမဟုတ္ေတာ့။
"ခုတေလာ မင္း
ေျခေတာ္ေတာ္ရွည္ေနတယ္ေနာ္ ေကာင္းခ်ီ"
"လုပ္ျပန္ပီခင္ဗ်ားရယ္။
မေန ့ကပဲ ဟိုဖက္ျခံ ဝယ္ေပးဖို ့
ေျပာေနျပီးေတာ့ ။ ေတာင္ရြာကိုမသြားရင္ က်ြန္ေတာ္ ခင္ဗ်ားကိုဘယ္လို ၿခံဝယ္ေပးရမွာလဲ"
အခ်က္ခ်ာက်တဲ့ စကားတို ့ေႀကာင့္
ကိုယ့္အတက္ကိုယ္စူးကာ သက္ပံု
အင္တင္တင္ျဖစ္သြားရသည္။
မသြားခိုင္းလို ့လဲမျဖစ္။
ေဒၚအံ့မင္းက အိမ္မက္ထဲထိ ခဏတိုင္း
နားပူနားဆာလုပ္လြန္းသည္။
တာဝန္ယူခဲ့သည့္ကိစၥမို ့ျပီးျပတ္ေအာင္ေတာ့ လုပ္ေပးရမည္။
"သြားသြား… ျပီးရင္ ဘာသံညာသံမွာ
မႀကားခ်င္ဘူး။ ျမန္ျမန္သြားပီးျမန္ျမန္ျပန္လာခဲ့ ။"
ဘာသံညာသံဆိုတဲ့စကားအဓိပၸါယ္ကို
မ်က္လံုးေလးကလယ္ကလယ္နဲ ့
ေကာင္းခ်ီတစ္ေယာက္ စဥ္းစားေနျပန္သည္။
ဘာကိုရည္ရြယ္ပီးေျပာသလဲသူမသိ။
စဥ္းစားလို ့မရေတာ့ ေခါင္းကုတ္ကာ
"သက္ပံု စိတ္မေကာက္ေတာ့ဘူးလို ့
မေန ့ညကေျပာထားတယ္ေလ။
ေနာ္ မေကာက္ပါနဲ ့ေနာ္"
ႀကိဳတင္ပီး ခြင့္ျပဳခ်က္ေတာင္းလာ၏။
သူမသိပဲလုပ္ခဲ့သည္ရွိေသာ္ သက္ပံုဖက္ ကစိတ္ဆိုးသြားမွာကို ေႀကာက္၍
ႀကိဳေခ်ာ့ထားတဲ့သေဘာ။
ဒီငပိန္းေယာက်ာ္းကေတာ့ တကယ္ပဲ
လက္လန္သည္။
သူသိတာဘာလဲလို ့သြားမေမးနဲ ့
သက္ပံု အထၳဳပၸတိက်မ္းကို မျပီးနိုင္မစီးနိုင္ ရြတ္ဆိုျပလိမ့္မည္။
က်န္တဲ့အရာကို သိသင့္တာထပ္ပိုပီး
ေကာင္းခ်ီ မသိ။
စိတ္ခ်ရမွာလား…သဝန္တိုရမွာလား
သက္ပံုေစာက္ရမ္းလမ္းေပ်ာက္။
ခ်စ္တဲ့အိမ္စည္။
"ကောင်းချီ နောက်ဖေးက ဒန့် ဒလွန့် ရွက်သွားခူးပေး...ငါ ဟင်းချက်တော့မလို့ "
သက်ပုံ ပုဇွန်ထုပ် တွေကို အခွံခွာရင်း
ကောင်းချီကိုအရွက်ခူးခိုင်းလိုက်သည်။
ဒီနေ့ ပုဇွန်ဟင်းကို ကြက်သွန်ဖြူများများလေးနဲ့ ဆီမွှေးသတ် ပြီးချက်မည်။
နှစ်ယောက်စာမို့ ပင်ပန်းအောင်ထိ ချက်ပြုတ်စရာမလိုပေ။
ဟင်းကောင်းတစ်ခွက်ချက်ပြီးရင် ဟင်းချိုဟင်းတစ်ခွက်ချက်မယ်။ ပြီးရင် သရက်သီးမှည့်လေးလှီးလိုက်မည်။… အငန်စားချင်ရင်အလွယ်တကူးစားလို့ ရအောင်
ကြော်ပီး ဘူးနဲ့ ထည့်သိမ်းထားတဲ့ ငါးခြောက်ကြော်လေးကိုထုတ်ပေးလိုက်မည်။
ကိုယ့်အတွေးနဲ့ကိုယ်မီးဖိုချောင်မှာ ဟင်းအမယ် စီစဉ်နေတုန်းအိမ်ရှေ့ဆီမှ ဧည့်သည်လာသံကိုကြားလိုက်ရ၏။
"သက်ပုံလေးရေ ဒေါ်ဆန်းဝင်ခဲ့မယ်နော်"
"ဟုတ် ဒေါ်ဆန်းကျွန်တော် ဒီဖက်မှာ
ဟင်းချက်နေလို့ ဝင်ခဲ့လို့ ရတယ်"
ငါးသည်ဒေါ်ဆန်းက ဟိုတခါ ငါးခြောက်တွေယူပြီး လိုင်းပေါ်တင်ရောင်းပေးပြီးကတည်းက သက်ပုံနဲ့ အတော်ပင် ရင်းနှီးလာတာမို့ ခုလိုပဲ ခဏတိုင်းအိမ်လည်လာတက်သည်။
သေချာဆီပြန်အောင်ချက်ထားတဲ့
ပုဇွန်နှစ်ကောင်ကို ပန်းကန်ထဲဆယ်ထည့်ကာ အုပ်ဆောင်းလေးအုပ်ထားလိုက်သည်။
ချက်ထားပီးသားဒယ်အိုးလေးကို
ရေအင်တုံဘေးချကာ အဆင်သင့်ဖျော်ထားတဲ့ဆပ်ပြာရေနဲ့ တခါထဲပြီးစီးအောင် ဆေးကျောပီးတိုင်ငုတ်မှာချိတ်ထားလိုက်သည်။ အိမ်မှာက ယောကျာ်းလေးတွေပဲနေတယ်ဆိုပေမဲ့ သန့်ရှင်းရေးတခါလုပ်ပြီးသွားရင် နောက်တခါထပ်လုပ်စရာမလိုအောင် ကောင်းချီရော ၊သက်ပုံရော
စနစ်တကျ နေတက်၏။
မီးအားနေပြီမို့ ရေထဲငပိနည်းနည်း …
ကြက်သွန်နီတလုံး…ခရမ်းချဉ်သီးသေးသေးတလုံးလှီးထည့်ကာ ဟင်းချိုဟင်းဒန်အိုးလေးကို ပြင်ပီး မီးဖိုပေါ်တင်ထားလိုက်၏။
ကောင်းချီလာရင် ခူးလာတဲ့ အရွက်တွေရေဆေးပီး ရေနွေးပွက်ရင် ခပ်လိုက်ရုံပင်။
"ဘာဟင်းချက်နေတာလဲသက်ပုံ။
ဒေါ်ဆန်းအိမ်မှာ ငါးငပိချက်လေးချက်
လို့ လာပို့ ပေးတာ "
ချိုင့်လုံးလေးတစ်လုံးရယ်၊ နီညိုညို အရောင်ရှိတဲ့ ရေသန့် ဘူးတဘူးရယ်ကို ကိုင်
လို့ ဒေါ်ဆန်းက မီးဖိုချောင်ကိုဝင်လာလေသည်။
"ပုဇွန်ချက်တာ ဒေါ်ဆန်း။ လက်ထဲကဘူးက ဘာတွေလဲ "
သက်ပုံ စိတ်ဝင်စားသည်မို့ အရင်မေးလိုက်တော့ ဒေါ်ဆန်းက သူကိုင်လာတဲ့ ချိုင့်ကို စားပွဲပေါ်တင်ကာ လက်ထဲကဘူးကိုထိုးပေးလာသည်။
"ငါးငန်ပြာရည်လေ။ ဒါဒေါ်ဆန်းကိုယ်တိုင် ချက်ထားတာ ။ "
ဘူးကိုလှမ်းယူကာ အဖုံးဖွင့်နမ်းကြည့်လိုက်တော့ အနံ့ ကမွှေးသည်။
အတိအကျပြောရရင် ငါးကိုဆားနယ်ရင်ထွက်လာတဲ့ အငန်ရည်လို့ အနံ့ မျိုး။
ဒါပေမဲ့ ကျိုချက်ထားသည်မို့ မညှီပဲ မွှေးပျံ့ ပျံ့ အနံ့ ထွက်လာ၏။
"မွှေးသားပဲ။ကျေးဇူး ဒေါ်ဆန်း။
မဟုတ်ရင် ကျွန်တော်က အရွက်တွေ
သုပ်စားရတာကြိုက်တဲ့သူဆိုတော့
ငန်ပြာရေထည့်သုံးနေကျ။"
"အမလေးသက်ပုံရယ်။ ရွာထဲက
အသုပ်သည်တွေတောင် ဒေါ်ဆန်းဆီမှာ ဝယ်သုံးနေကျ ။ စားကြည့်လျှာလည်သွားမယ်။ "
ဒေါ်ဆန်းရဲ့အညွှန်းကြောင့် သက်ပုံခေါင်းတညိတ်ညိတ်နဲ့ သဘောကျနေသည်။
တံငါကုန်းမှာနေရတာ အတော်လေး
အဆင်ပြေသည်ဆိုရမယ်။
ရာသီပေါ်အစားအစာတွေအပြင်
လတ်ဆတ်တဲ့အစားအသောက်တွေပေါများသည်။
နေ့ ခင်းဆို တောမို့ ဘာမှမရှိဘူးမထင်လေနဲ့ ။
ခွက်ပြင်…ကောင်ညှင်းပေါင်း… မုန့် ကြာရိုး…နှမ်းပျစ် … ငှက်ပျောပေါင်း… ဆနွင်းမကင်း…ရွှေထမင်း… မုန့် ညှင်းပေါင်း…ငှက်ပျောဖူးပေါင်း အိုး…အစုံပါပဲ ပြောရင်ကုန်မှာတောင်မဟုတ်ဘူး။
တခါတလေပျင်းရင် တောင်ရွာဖက်သွားပီး ဦးသားချိုရဲ့ ဖန်ကဲပျစ်ပျစ်လေးနဲ့
ပဲကောက်ညှင်းပေါင်းပူပူလေးများစားလိုက်ရရင်ဖြင့် သက်ပုံတို့ ပြုံးတုန့်
တုန့် လေးနဲ့ ကျေနပ်နေတက်သည်။
လင်မယားနှစ်ယောက် ငါးရာဖိုးဆို စားပါလိမ့်။
"ဒေါ်ဆန်းအလည်ရောက်နေတာလား"
မီးဖိုချောင်ထဲ ဒန့် ဒလွန် ရွက်တွေစုထည့်လာသော ခါးပုံစကိုပွေ့ ပီးဝင်လာတဲ့
ကောင်းချီက ဒေါ်ဆန်းကိုမြင်တော့ နှုတ်ဆက်လာသည်။
"အလည်ဆိုတာထပ် ငါးငပိချက်စပ်စပ်
လေး သက်ပုံ ဟိုတခါလာပို့ တုန်းကကြိုက်တယ်ဆိုလို့ ထပ်လာပို့ ပေးတာ "
ဒေါ်ဆန်းက ခုလိုပဲ လက်ရာကောင်းသည်မို့ မကြာခဏ
သက်ပုံကြိုက်တဲ့ တံငါချက်ကလေးတွေချက်ကာ လာပို့ ပေးတက်သည်။
ငါးဆို ဈေးကြီးမှ စားကောင်းသည်ထင်တက်တဲ့ သက်ပုံကလည်း
ဒေါ်ဆန်းရဲ့ ဈေးသိပ်မရှိတဲ့ ငါးပေါက်စတွေကြားမှာ ပျော်မွေ့ နေတက်ခဲ့ပြီ။
ငါးငပိချက်ဆိုသည်မှာ
ခရမ်းချဉ်သီး ဆီမွှေးသတ်သည့်အချိန်မှာ
ငပိအနည်းငယ်ထည့်ကာ ကြက်သွန်ဖြူများများနဲ့ ငရုတ်သီးခြောက်ထောင်းထားတာကို ထည့်ပီး အရင်လုံးရသည်။
ဆီပြန်ပီးမွှေးလာသည်အချိန်မှာ ငါးထည့်ပီး တဖျစ်ဖျစ်မြည်လာကာ ရေမကျန်တော့သည်ထိ အရသာဝင်အောင်ချက်ထားရသည်။ အကုန်ပြီးတော့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပီး မီးအေးအေးနဲ့ ငါးကိုနှပ်အောင်ခဏရ၏။
မီးဖိုပေါ်ကချကာနီးအချိန်တွင် တံငါပင်စိမ်းရွက်နည်းနည်းအုပ်ကာ အိုးကိုချလိုက်ရုံသာ။
ငရုတ်သီးကလည်း တော်တော်များများထည့်သုံးရသည်မို့ စပ်ပြဲမွှေးကြိုင်ကာ အရောင်က နီရဲနေတက်သည်။
အဲ့လိုဟင်းမျိုးဆို သက်ပုံက
ရေခွက်ဘေးချကာ ချွေးတလုံးလုံးနဲ့ အပီ
အပြင်စားတော့သည်။ထို့နေမျိုးဆို ထမင်းနှစ်ပန်းကန်ကို အသာလေးစားနိုင်သည်မို့
စိတ်ပူပေမဲ့ ကောင်းချီခမျာ ရင်တမမနဲ့ ကြည့်နေရတက်၏။
"ဒေါ်ဆန်းကတော့စေတနာရှိလို့ ကျွေးတာဟုတ်ပါပီ။ သက်ပုံကပြီးရင်အများကြီး
စားတာ ။ ဟင်းထဲ ငရုတ်သီးတွေများတော့ ညဆိုဝမ်းတွေပူပီး တလူးလူးတလိမ့်လိမ့်နဲ့ တညလုံး မအိပ်တော့ဘူးသူက"
"ကောင်းချီကလည်း ဒေါ်ဆန်းကိုအားနာစရာ။ စားစေချင်လို့ လာပေးတာကို "
မစားရမှာစိုးတော့ သက်ပုံဒေါ်ဆန်းကိုလွှဲချလိုက်၏။
ဟိုတခါအများကြီးစားမိပြီး သက်ပုံတစ်ညလုံးမအိပ်ရပေ။
ဝမ်းတွေပူကာ နေရထိုင်ရခက်လောက်အောင်ဖြစ်ခဲ့သည်မို့ ကောင်းချီခမျာမစားစေချင်ဟန်ပင်။
" ဒီတခါ ငရုတ်သီးလျော့ထည့်ခဲ့ပါတယ်ကောင်းကောင်းရယ်။ ရော့ ချိုင့်လှယ်ပေးသက်ပုံလေး။ အိမ်မှာ အငယ်ကောင်တစ်ယောက်ထဲထားခဲ့ရတာစိတ်မချလို့ "
ကောင်းချီမတားနိုင်ခင် သက်ပုံ
ဒေါ်ဆန်းလက်ထဲက ချိုင့်ကို ယူပီး
အမြန်လှယ်ပေးလိုက်သည်။
မြင်တာနဲ့ တင်စားချင်နေပြီ။
ဒေါ်ဆန်းပြန်သွားချိန်တွင် ကောင်းချီတစ်ယောက် ခုံမှာငူငူကြီးထိုင်ပီး သက်ပုံကိုကြည့်နေ၏။
"သက်ပုံ နည်းနည်းပဲ စားနော် "
ကောင်းချီရဲ့ အသနားခံနေတဲ့အသံလေး
ကြောင့် သက်ပုံမျက်ခုံးတွေပင့်ကာ
ရယ်ကျဲကျဲလေးကြည့်လိုက်၏။
ကောင်းစင်သန့် ချီ နှစ်ရက်လောက်စိတ်ကောက်ပေးလိုက်တာနဲ့ လေသံတွေတောင်ပြောင်းနေပီ။
" စိတ်ပူတာလား ။ဒါမှမဟုတ် ညကို မင်းအိပ်ရေးပျက်မှာစိုးတာလား "
"အော် … ဖြစ်ရတယ်ခင်ဗျားရယ်။
ကျွန်တော်ကို သက်ပုံက မအိပ်နဲ့ ဆို
တသက်လုံးမအိပ်ရလဲ ဖြစ်ပါတယ်"
"မင်း ဒါတော့ပိုသွားပီ"
ပါးမို့ မို့ ထပ်မှာ သနပ်ခါးတချို့ ကရယ်လိုက်တော့ အနည်းငယ်တင်းသွား၏။
သဘောတကျရယ်မောလိုက်တိုင်းပျောက်ပြယ်သွားတက်တဲ့ မျက်လုံးအိမ်လေးတွေနဲ့ သက်ပုံက ဘယ်လောက် စွဲမက်ဖို့ ကောင်းလဲ။
ပန်းနုရောင်နှုတ်ခမ်း စုလုံးလုံးလေးဟာ
အိစက်နေကာ နမ်းလိုက်လျှင်လည်း
သွေးရောင်တောက်ကာဘယ်တော့မှပြန်မလွှတ်ပေးချင်တော့ထိဖြစ်ရ၏။
ကောင်းချီချစ်တဲ့… သက်မင်းပုံဆိုတဲ့
အမျိုးသားငယ်ဟာ ဘယ်နေရာမှပြစ်ချက်ရှိသူမဟုတ်။
မိန်းမတွေလို လှပနေတာမျိုးမဟုတ်တဲ့
ချစ်တဲ့ သက်ပုံဟာ ကောင်းချီအတွက်ကတော့ အမြဲတန်ဖိုးထားမြတ်နိုးချင်စရာ။
"သက်ပုံ ကျွန်တော်တို့ ခဏလောက်ဖက်ကြမလား"
အနည်းငယ် ရမက်တချို့ စွန်းထင်းချင်နေတဲ့ ကောင်းချီအကြည့်တို့ ကြောင့် သက်ပုံပြုံးမိသွားသည်။ စားပွဲကို ပတ်ကာ
ထိုင်ရင်းတလဲ့လဲ့တောက်နေတဲ့မျက်လုံးလေးတွေနဲ့ ကြည့်နေရှာတဲ့ ကောင်းချီလေးကို ထွေးပွေးထားလိုက်၏။
သက်ပုံ သိပ်ချစ်ရတဲ့ ကောင်းစင်သန့် ချီ။
သိပ်ကောင်းတဲ့ဘဝတခုကိုပေးမယ်ဆိုရင်တောင် ကောင်းချီကိုလက်မလွတ်ဘူး။
မရိုးရှင်းခဲ့တဲ့ အချစ်တခုဖြစ်နေခဲ့ပေမဲ့
ကောင်းချီက လိုအပ်တာထပ်ပိုပီး
အချစ်ခံသင့်တဲ့ကလေး။
…………
"သက်ပုံ ကျွန်တော် တောင်ရွာဖက်ကို
ခဏသွားအုန်းမယ် ။ဘာမှာအုန်းမလဲ "
တောင်ရွာဆိုတဲ့ အသံကြားလိုက်တာနဲ့
သက်ပုံတစ်ယောက် ကမ္ဘာပျက်ချင်သလိုဖြစ်နေ၏။
"အဲ့ဖက်ဘာသွားလုပ်မှာလဲ"
ဖိုးသားပြောတဲ့ ငယ်ကျွမ်းဆွေကိစ္စက ခုထိမရှင်းလင်းရသေး။
ကောင်းချီက သက်ပုံကို ချစ်တယ်ဆိုပေမဲ့ ငယ်ကချစ်အနှစ်တရာတောင်မမေ့ဘူးဆိုတဲ့ စကားပုံက အလကားထားခဲ့တာမှမဟုတ်ပဲ။
ခုချိန်မှာ ကောင်းချီလောက် အပိုးကျိုးတဲ့
ဗိုင်းကောင်းကျောက်ဖိက တံငါကုန်းရွာမှာမပြောနဲ့ တစ်နိုင်ငံလုံးပတ်ရှာရင်တောင်တွေ့ မှာမဟုတ်တော့။
"ခုတလော မင်း
ခြေတော်တော်ရှည်နေတယ်နော် ကောင်းချီ"
"လုပ်ပြန်ပီခင်ဗျားရယ်။
မနေ့ ကပဲ ဟိုဖက်ခြံ ဝယ်ပေးဖို့
ပြောနေပြီးတော့ ။ တောင်ရွာကိုမသွားရင် ကျွန်တော် ခင်ဗျားကိုဘယ်လို ခြံဝယ်ပေးရမှာလဲ"
အချက်ချာကျတဲ့ စကားတို့ ကြောင့်
ကိုယ့်အတက်ကိုယ်စူးကာ သက်ပုံ
အင်တင်တင်ဖြစ်သွားရသည်။
မသွားခိုင်းလို့ လဲမဖြစ်။
ဒေါ်အံ့မင်းက အိမ်မက်ထဲထိ ခဏတိုင်း
နားပူနားဆာလုပ်လွန်းသည်။
တာဝန်ယူခဲ့သည့်ကိစ္စမို့ ပြီးပြတ်အောင်တော့ လုပ်ပေးရမည်။
"သွားသွား… ပြီးရင် ဘာသံညာသံမှာ
မကြားချင်ဘူး။ မြန်မြန်သွားပီးမြန်မြန်ပြန်လာခဲ့ ။"
ဘာသံညာသံဆိုတဲ့စကားအဓိပ္ပါယ်ကို
မျက်လုံးလေးကလယ်ကလယ်နဲ့
ကောင်းချီတစ်ယောက် စဉ်းစားနေပြန်သည်။
ဘာကိုရည်ရွယ်ပီးပြောသလဲသူမသိ။
စဉ်းစားလို့ မရတော့ ခေါင်းကုတ်ကာ
"သက်ပုံ စိတ်မကောက်တော့ဘူးလို့
မနေ့ ညကပြောထားတယ်လေ။
နော် မကောက်ပါနဲ့ နော်"
ကြိုတင်ပီး ခွင့်ပြုချက်တောင်းလာ၏။
သူမသိပဲလုပ်ခဲ့သည်ရှိသော် သက်ပုံဖက် ကစိတ်ဆိုးသွားမှာကို ကြောက်၍
ကြိုချော့ထားတဲ့သဘော။
ဒီငပိန်းယောကျာ်းကတော့ တကယ်ပဲ
လက်လန်သည်။
သူသိတာဘာလဲလို့ သွားမမေးနဲ့
သက်ပုံ အထ္ထုပ္ပတိကျမ်းကို မပြီးနိုင်မစီးနိုင် ရွတ်ဆိုပြလိမ့်မည်။
ကျန်တဲ့အရာကို သိသင့်တာထပ်ပိုပီး
ကောင်းချီ မသိ။
စိတ်ချရမှာလား…သဝန်တိုရမှာလား
သက်ပုံစောက်ရမ်းလမ်းပျောက်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz