အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
28
"ေအးေအး ငါလာခဲ့မယ္"
ေရခ်ိဳးရင္းတန္းလန္း ေကာင္းေကာင္းဆီကဖုန္းလာတာမို ့ ဆက္မခ်ိဳးေတာ့ပဲ
အလ်ွင္အျမန္ အဝတ္လဲလိုက္ရသည္။
ေဒၚေအးႀကည္မွာ ေယာက်ာ္းမရွိေတာ့။
တကၠသိုလ္တက္ေနတဲ့ သမီးတစ္ေယာက္သာရွိသည္။
ေလာေလာဆယ္ အိမ္မွာခိုင္းဖို ့ေခၚထားတဲ့ အသက္၃၀ေလာက္ရွိတဲ့ ေကာင္မေလးတစ္ေယာက္ေတာ့ ကူေဖာ္ေလာင္ဖက္အျဖစ္ ရွိသည္။
ဆန္ ကုန္သည္ မို ့စဥ္းပြားေရးအဆင္ေျပတဲ့ထဲပါကာ ဘဝကို အဆင္ေျပေျပေနရနိုင္ေသာ္လည္း တူေတြ၊တူမေတြကိုႀကည့္ရင္း ေပ်ာ္ရႊင္စြာ ျဖတ္သန္းခဲ့သည္။
"ဟဲ့ မိဝိုင္း ငါေျမာက္ရြာခဏသြားမလို ့
ဆန္ဝယ္လာရင္ႀကည့္ေရာင္းထားလိုက္ "
"ဟုတ္ကဲ့ ေဒၚေလး"
္မွာစရာရွိတာမွာေနတုန္း ခပ္က်ယ္က်ယ္ဆိုင္ကယ္သံေႀကာင့္အိမ္ေရွ ့ကထြက္ေစာင့္ေနလိုက္သည္။
ေတာင္ရြာေျမာက္ရြာနဲ ့သာခြဲျခမ္းေနရတာ
ဆိုင္ကယ္နဲ ့သြားေတာ့ ငါးမိနစ္ေတာင္မႀကာလိုက္။
အေဝးကလွမ္းျမင္ေနရတဲ့ ခေရပင္အိုေအာက္ ပန္းနုေရာင္ျခံစည္းရုိးေလးေႀကာင့္ စိတ္လွဳပ္ရွားလြန္းလို ့ေဒၚေအးႀကည္
ဒူးေတြေတာင္ တုန္ခ်င္ေနျပီ။
ေကာင္းေကာင္းကပဲထူးဆန္းတာလား။
သက္ပံုကပဲ ထူးျခားတာလားမသိ။
လုပ္သမ်ွအလုပ္တို ့သည္ ဘာတခုမွ
အဆင္မေျပျဖစ္ခဲ့ရသည္ဆိုတာ မရွိခဲ့။
သူတို႔လက္နဲ႔ထိသမ်ွ အကုန္လံုးသည္
အံၾသေလာက္ေအာင္ လြယ္ကူေနတာကေတာ့ ထူးဆန္းဖြယ္ရာပင္။
အိမ္ေရွ ့တံခါးမႀကီးက ပိတ္ထားသည္
မို ့ဖိုးသားကို ျခံစည္းရုိးတံခါးကိုပါပိတ္
ဖို ့မ်က္နွာရိပ္မ်က္နွာကဲလွမ္းျပလိုက္သည္။
ပတ္ဝန္းက်င္သည္ ခုခ်ိန္ အလုပ္သြားႀကသည့္အခ်ိန္မို ့ လူသြားလူလာ ကင္းရွင္းေနသည္။
ဘဝတသက္စာလံုး ခိုးေခ်ာင္ခိုးဝွက္
ခုလို ပုန္းလ်ိဳးကြယ္လ်ိဳးသြားရမည္လို ့
တခါေတာင္ေတြးမထား။
ေကာင္းေကာင္းတို ့လင္မယားနဲ ့ေတြ ့ မွ ေဒၚေအးႀကည္လည္း မလုပ္ဘူးတာေတြလုပ္ေနရျပီျဖစ္၏။
အိမ္ေနာက္ေဖးကေနေကြ ့ဝင္ကာ
ဖြင့္ထားတဲ့ ေနာက္ေဖးတံခါးကေန
အိမ္တြင္းလွမ္းဝင္လိုက္ေတာ့ အိမ္ေရွ ့ဧည့္ခန္းမွာစုရုံးေနေသာ လူတစ္စုကိုေတြ႕ရသည္။
အထဲမွာ ညီမျဖစ္သူ ျမရင္ရယ္
ကိုထက္တို ့လင္မယားနဲ ့ျမသက္ပါ ရွိေန၏။
"လာေဒၚေလး"
ျမသက္က အငယ္ပီပီ ေဒၚေလးေအးႀကည္လာေတာ့ေနရာဖယ္ေပးသည္။
ျမသက္ဖယ္ေပးတဲ့ အိမ္ဦးခန္းက တန္းလ်ားခံုေပၚဝင္ထိုင္လိုက္ရင္း…
"ဘယ္သူမွ မသိဘူးမို ့လား"
အဆက္စပ္မရွိေသာစကားဆိုေပမဲ့ ေကာင္းေကာင္းကနားလည္သည္။
ေခါင္းညိမ့္ျပကာ
"ဟုတ္ေဒၚေလး ။ အတက္နိုင္ဆံုးေတာ့တိုးတိုးတိတ္တိတ္ လုပ္ထားတာပဲ…သက္ပံု ျပလိုက္ေတာ့"
သက္ပံု လက္ထဲက စုလံုးကိုင္ထားတဲ့ ပုဆိုးထုပ္ေလးကို ဖြင့္ကာ စားပြဲေပၚ
ကိုျဖန္ ့ခင္းလိုက္စဥ္
"ခ်ြင္…ခ်ြင္"
ဆယ္ျပားထပ္မနည္းေသာေရႊဒင္းဂါးျပားေတြက တစ္ခုနဲ ့တစ္ခုထိေတြ ့ကာ အသံစံုျမည္၏။
အံႀသလြန္းလို ့ေဒၚေအးႀကည္အပါအဝင္ အကုန္လံုး မ်က္လံုးေတြျပဴးကုန္သည္။
တံငါကုန္းမွာ ေရႊဒင္းဂါးျပားနွစ္ခုသံုးခုရဘူးသူရွိေပမဲ့ ခုလို တျပံဳ လံုးရဘူးသူေတာ့မရွိ။
" မ်ားလွခ်ည္လား ေကာင္းေကာင္းရယ္..
ငါတို႔တသက္နဲ ့တကိုယ္ ဒါမ်ိဳးရတယ္ဆိုတာ မၾကားဖူးေသးဘူး "
"ေရႊဒင္းဂါး၁၇ျပားေဒၚေလး။ ျပီးေတာ့ က်န္ေသးတယ္ "
"က်န္ေသးတယ္ ! "
ေနာက္ထပ္ စားပြဲေပၚကို ထပ္တင္လာတဲ့ အျဖဴေရာင္အဖံုးပိတ္နဲ ့ဘူးေလးကိုၾကည့္ေနရင္း ေဒၚေအးၾကည္ ခုထိ အံၾသစိတ္မေပ်ာက္ေသး။
အဖံုးပိတ္ထားေသာ ထို အျဖဴေရာင္ဘူးကို သက္ပံု ဂရုတစိုက္ဖြင့္ျပလိုက္လ်ွင္
"ဟင္ ! ေဒါင္းဘယက္ဆြဲသီး"
ေဒၚေလးျမရင္ရဲ့တအံတႀသအသံေႀကာင့္
အကုန္လံုးရဲ့စိတ္ဝင္တစားအႀကည့္ေတြက သက္ပံုဖြင့္ေပးလိုက္တဲ့ဘူးထဲက
ေရႊေဒါင္းဘယက္ဆီမွာသာ။
"အေမ ဒါ ေရႊအစစ္လား "
ျမသက္ရဲ့ ခပ္တိုးတိုးအသံကို ဘယ္သူမွဂရုမစိုက္မိ။
ေဒၚေလးေအးႀကည္အပါအဝင္ အိမ္ထဲမွာရွိသူေတာ္ေတာ္မ်ားမ်ား ပါးစပ္အေဟာင္းသားျဖစ္ေနႀကသည္။
ေရႊဆြဲႀကိဳးသည္ လက္ညိုးတစ္ေခ်ာင္းစာေလာက္တုတ္ကာ တြဲလ်ွက္ပါလာတဲ့ ေဒါင္းမွီးခြက္ပံု ေဒါင္းဘယက္သည္ လက္ဖဝါးတစ္ဖက္အရြယ္အစား ရွိသည္။ လက္ရာသည္
ေရွးေခတ္ပံုမို ့အနည္းငယ္ႀကမ္းေသာ္
လည္း
ေဒါင္းတစ္ေကာင္ က, ေနဟန္ထြန္းထု
ထားကာ မ်က္လံုးနွစ္လံုးကအစ
ပတၱျမားအစစ္ ကိုအသံုးျပဳထား၏။
ခႏၶာကိုယ္နဲ ့အျမွီးပိုင္းထိ ေက်ာက္မ်ိဳးစံုနဲ ့အလွဆင္ထားသည္ကိုေတြ ့ရပီး အေလးခ်ိန္သည္အေတာ္ႀကီးစီး၏။
ခုေခတ္ ေက်ာက္သံပတၱျမားေစ်းအရ
အရည္အေသြးေကာင္းတဲ့ ေက်ာက္မ်ိဳး
ျဖစ္ေနပါက ဘဝေျပာင္းနိုင္ေလာက္ေအာင္ပင္ရလိမ့္မည္။
ေရႊဒင္းဂါးျပား ၁၇ျပားသည္ တျပားလ်ွင္ တစ္က်ပ္သားရွိ၍ ၁၇က်ပ္သားဆိုလ်ွင္ပင္
ေရႊေစ်းအရသိန္းနွစ္ရာေက်ာ္လိမ့္မည္။
ေဒါင္းဘယက္ကလည္း ေက်ာက္မေအာင္
လို ့ပါတဲ့ေရႊေရာင္းစားအုန္း အနည္းဆံုး
၁၀သားရွိမည္။
ေရႊခ်ိန္ အစိတ္သားခန္ ့ေျမႀကီးထဲကတူးေဖာ္ရရွိတဲ့ ကံေကာင္းမူ ့သည္
ေကာင္းေကာင္းတို ့လင္မယားရဲ့
ဘဝ တဆစ္ခ်ိဳးေျပာင္းလဲမူ ့ကိုျဖစ္ရင္ျဖစ္သြားနိုင္လိမ့္မည္။
"ဒါ…ဒါေတြ တကယ္အပင္စိုက္ဖို ့တူးရင္းရတာလား "
"ဟုတ္တယ္ ေဒၚေလး။ က်ြန္ေတာ္
ေဒၚေလးကို ေျပာစရာရွိေသးတယ္။ "
"ေအးေျပာ"
ေဒၚေလးေအးႀကည္စကားေႀကာင့္
ေကာင္းခ်ီ နွဳတ္ခမ္းကို တခ်က္သပ္ကာ
"ေနာက္ထပ္ က်န္ေသးတယ္ေဒၚေလး။ "
"ဘာ! က်န္ေသးတယ္ ဟုတ္လား"
"အုိ! အမရယ္ တိုးတိုးလုပ္ပါ"
အေတာ္ေလးအသံက်ယ္သြားတာေႀကာင့္
ေဒၚျမရင္ အမျဖစ္သူကို ေဘးကေန
ဟန္ ့တားေနရသည္။
"ဘာ … ဘာက်န္ေသးတာလဲ "
ေကာင္းခ်ီ အိတ္ေထာင္ထဲကေန
စာရြက္ေလးနဲ ့ထုတ္ထားတဲ့ ပစၥည္းေလးကို ေဒၚေလးတို ့ေရွ ့ျဖန္ ့ျပလိုက္သည္။
ေဒၚျမရင္သည္ စာရြက္ျပန္ ့ေလးေပၚက အနီေရာင္ေက်ာက္ေလးနွစ္လံုးကို
စူးစိုက္ႀကည့္မိသည္။
ေက်ာက္အေႀကာင္းအမ်ားႀကီးနားမလည္ဘူးဆိုရင္ေတာင္ ျမင္ေနရတဲ့ အရည္အေသြးအရ တန္ဖိုးက နည္းမည္မဟုတ္။
အကယ္၍ ဒီေက်ာက္နွစ္လံုးသာ ပတၱျမားျဖစ္ခဲ့ပါမူ။
ေဒၚျမရင္ တံေတြးျမိဳခ်လိုက္မိသည္။
ပတၱျမားဆန္က်ိဳး အဖိုးျပည္တန္တဲ့။
ဆန္ေစ့အရြယ္ေလာက္ေတာင္
အရည္အေသြးေကာင္းတဲ့ေက်ာက္ျဖစ္ပါကျပည္ေတာင္ တန္သည္ဆိုမွေတာ့။
" ခန္ ့မွန္းေျခ ဒီေက်ာက္နွစ္လံုးက သိန္းနွစ္ေထာင္နီးပါးေလာက္တန္တယ္"
"ခန္႔မွန္းေျခေတာင္ နွစ္ေထာင္ေတာင္တန္တယ္ဆိုရင္ "
ကိုထက္မိန္းမက အမွတ္တမဲ့လန္ ့ေအာ္လိုက္ပီးမွ အသံက်ယ္သြားမွန္းသတိရကာ လက္နဲ ့ပါးစပ္ကို ပိတ္ကာ
ျပန္ျငိမ္သြား၏။ ထူးဆန္းဖြယ္အျဖစ္အပ်က္တို႔သည္ ဆန္းၾကယ္လြန္းလွေပမဲ့ လက္မခံလို႔ေတာ့မရေပ။ အကုန္လံုး၏အၾကည့္တို႔က မ်က္စိေရွ႕က ေကာင္ကေလးနွစ္ေယာက္ထံသို႔ ေရာက္ရွိေနၾက၏။
ဒီနွစ္ေယာက္ရဲ႕ေရစက္ကို အသိအမွတ္မျပဳလို႔ေတာ့ မျဖစ္ေတာ့။
"အဲ့ဒါ သက္ပံု သူငယ္ခ်င္းကိုဖုန္းဆက္ပီး လွမ္းေမးလိုက္တာ။ သူ ့အိမ္က ေက်ာက္ပြဲစားလုပ္တာဆိုေတာ့ ခန္ ့မွန္းေျခပဲ တြက္ထားတာပါ။ ဖုန္းထဲဆိုေတာ့ ရွင္းရွင္းလင္းလင္းလည္းမရွိေတာ့လူကိုယ္တိုင္လာခဲ့ဖို ့ေခၚေနတာ ။အျပင္မွာ ပိုတန္ဖို႔ မ်ားတယ္ ေဒၚေလး "
"ေအး သြားႀကတာေပါ့။ ဘယ္ေန ့သြားမလဲ "
"ဟုတ္သဖက္ခါ သြားမွာ ေဒၚေလး မနက္ဖန္ ေတာ့ ေျမနွဳတ္တရားနာရွိေသးတယ္။ သြားလို ့မျဖစ္ေသးဘူး။
အဲ့ဒါျပီးမွပဲ သြားႀကတာေပါ့။အဆင္ေျပရင္ ေရာင္းခဲ့မွာ ေဒၚေလး သက္ပံုက
အလွဴလုပ္ခ်င္လို ့တဲ့။ ဒါေပမဲ့ ဒီေက်ာက္ေလးနွစ္လံုးေတာ့မေရာင္းေတာ့ဘူး။
သက္ပံုအတြက္ လက္စြပ္ေလးလုပ္ေပးခ်င္လို ့"
ေကာင္းခ်ီစကားေႀကာင့္ သက္ပံု ပါးျပင္နွစ္ဖက္ေတာင္ ပန္းေရာင္သန္းသြားသည္။ အမ်ိဳးေတြေရွ ့ကို တည့္တိုးႀကီးေျပာခ်ပလိုက္တာ အားႀကီးနဲ ့ပင္။ ကိုယ္ပဲ
တမ်ိဳးျဖစ္သြားတာမဟုတ္။ ေဒၚေလးျမရင္ကလည္း မသိခ်င္ေယာင္ေဆာင္ေနေပမဲ့
ရယ္ခ်င္ေနဟန္။ က်န္တဲ့သူမ်ားက အသက္အရြယ္အရ မတိမ္းမယိမ္းေတြမို ့ သိသိသာသာရယ္ေနႀကျပီ။
"အဟမ္း ေအးပါ မင္းႀကိဳက္တာလုပ္ေပါ့။"
ေဒၚေလးေအးႀကည္ပါ အဟမ္းေတြဘာေတြျဖစ္ကုန္ပီမို ့ေကာင္းခ်ီလက္ကို စားပြဲေအာက္ကေနလိမ္ဆြဲပစ္လိုက္သည္။
တိုးတိုးတိတ္တိတ္ ကိုယ့္အခ်င္းခ်င္းက်မွ
ေျပာပါ့လား။ လူစံုတုန္းရွင္းျပစရာလား။
ဆြဲလိမ္ေနေသာ သက္ပံုလက္ကို သူမဟုတ္သလို လက္ျခင္းယွက္ကာ ဆြဲကိုင္
လိုက္ပီး……
"သြားရင္ ေဒၚေလးတို ့ေရာ လိုက္ခဲ့လိုက္ေလ။ အျပန္ ဘုရားဝင္ဖူးလို ့ရတာပဲ ။သြားရတုန္း အကုန္လံုးအတူသြားႀကတာေပါ။ "
ေကာင္းခ်ီ စကားေႀကာင့္ ျမသက္တို ့ေမာင္နွမက ေဟး ဆိုပီး ထေအာ္ႀကသည္။ တကယ္ဆို သူတို႔ဒီအသက္ရြယ္သာေရာက္ေနႀကတာ။ တံငါကုန္းကလြဲပီး ဘယ္မွေရာက္ဘူးႀကတာမဟုတ္။ ကေလးေတြမို႔ ေပ်ာ္က်တယ္ဆိုေပမဲ့ လူႀကီးေတြအကုန္လံုးကေတာ့ထိန္းသိမ္းရမဲ့ပစၥည္းေတြေၾကာင့္ ရင္မေအးနိုင္ျဖစ္ေနၾကသည္။
"ဒါေပမဲ့ ငါတို ့ျမန္ျမန္သြားမွျဖစ္မယ္ မဟုတ္ရင္ ဒီမွာ စိတ္မခ်ရဘူး ။ "
ေဒၚေလးျမရင္ အႀကံကို သက္ပံုလည္းလက္ခံသည္။
ရြာဘယ္ေလာက္ လူသန္ ့သည္ပဲ ဆိုဆို
ဘူးေပါက္ တစ္ရာသာ ပိတ္ရမည္။
ပါးစပ္တစ္ေပါက္ေတာ့ပိတ္ဖို႔မလြယ္လွေပ။
တစ္ေယာက္စကားတစ္ေယာက္နားကေနႀကားပီး လုယက္ခိုးဝွက္သူမ်ားလည္းရွိလာနိုင္သည္။
" အကုန္လံုးတခါထဲမွာလိုက္မယ္။
ဒီအိမ္က ထြက္တာနဲ ့တခါထဲ ပါးစပ္ကို ပိတ္ထား။ အမွတ္တမဲ့ေျပာမိတာ ဘာညာ မလိုခ်င္ဘူး။ စကားေနာက္တရားပါေနာ္။ ဘယ္သူမွ ဘာစကားတခြန္းမွအပိုလုပ္ပီး မေျပာႀကနဲ ့။ ျမရင္ ညည္းကလည္း ညည္းသားနဲ ့သမီးကို နိုင္ေအာင္ထိန္း။ ကိုထက္မင္းကလည္း မင္းမိန္းမကို ေသခ်ာေျပာျပထား။ "
စကားဝိုင္းကို ေဒၚေလးေအးႀကည္ရာဇသံနဲ ့အဆံုးသတ္သည္။
ဘယ္ေလာက္ပဲရရ ။ သက္ပံုကေတာ့ သံုးပံုပံု တပံု လွဴမည္။ က်န္တာကို
သားသမီးယူဖို ့လုပ္မည္။ ပိုေသးတယ္ဆိုရင္ ေကာင္းခ်ီ ဘာလုပ္ခ်င္လဲေမးပီးစီးပြားေရးတိုးခ်ဲ ့ဖို ့စိတ္ကူးထား၏။
တံငါကုန္းရြာ သည္ သက္ပံုကို ေျပာင္းလဲမူ ့မ်ားစြာေပးတဲ့ရြာျဖစ္သည္။
ေကာင္းခ်ီနဲ ့လိုက္ခဲ့တုန္းက အနည္းငယ္
စားေသာက္ဖို ့ရုန္းကန္ရမည္ထင္ထားေသာ္လည္း အိမ္မွာေနရတာနဲ ့ထူးပီးေျပာင္းလဲသြားတာမ်ိဳးမရွိ။
လုပ္သမ်ွအလုပ္သည္ အဆင္ေျပတာထပ္ပိုကာ ဘာလုပ္လုပ္ အခက္ခဲဟူပီးမေတြ ့ရ။
သက္ပံုနဲ ့တံငါကုန္းရြာေရစက္ သည္
တကယ္ထူးဆန္းလြန္းလွသည္။
ခ်စ္တဲ့အိမ္စည္။
"အေးအေး ငါလာခဲ့မယ်"
ရေချိုးရင်းတန်းလန်း ကောင်းကောင်းဆီကဖုန်းလာတာမို့ ဆက်မချိုးတော့ပဲ
အလျှင်အမြန် အဝတ်လဲလိုက်ရသည်။
ဒေါ်အေးကြည်မှာ ယောကျာ်းမရှိတော့။
တက္ကသိုလ်တက်နေတဲ့ သမီးတစ်ယောက်သာရှိသည်။
လောလောဆယ် အိမ်မှာခိုင်းဖို့ ခေါ်ထားတဲ့ အသက်၃၀လောက်ရှိတဲ့ ကောင်မလေးတစ်ယောက်တော့ ကူဖော်လောင်ဖက်အဖြစ် ရှိသည်။
ဆန် ကုန်သည် မို့ စဉ်းပွားရေးအဆင်ပြေတဲ့ထဲပါကာ ဘဝကို အဆင်ပြေပြေနေရနိုင်သော်လည်း တူတွေ၊တူမတွေကိုကြည့်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။
"ဟဲ့ မိဝိုင်း ငါမြောက်ရွာခဏသွားမလို့
ဆန်ဝယ်လာရင်ကြည့်ရောင်းထားလိုက် "
"ဟုတ်ကဲ့ ဒေါ်လေး"
်မှာစရာရှိတာမှာနေတုန်း ခပ်ကျယ်ကျယ်ဆိုင်ကယ်သံကြောင့်အိမ်ရှေ့ ကထွက်စောင့်နေလိုက်သည်။
တောင်ရွာမြောက်ရွာနဲ့ သာခွဲခြမ်းနေရတာ
ဆိုင်ကယ်နဲ့ သွားတော့ ငါးမိနစ်တောင်မကြာလိုက်။
အဝေးကလှမ်းမြင်နေရတဲ့ ခရေပင်အိုအောက် ပန်းနုရောင်ခြံစည်းရိုးလေးကြောင့် စိတ်လှုပ်ရှားလွန်းလို့ ဒေါ်အေးကြည်
ဒူးတွေတောင် တုန်ချင်နေပြီ။
ကောင်းကောင်းကပဲထူးဆန်းတာလား။
သက်ပုံကပဲ ထူးခြားတာလားမသိ။
လုပ်သမျှအလုပ်တို့ သည် ဘာတခုမှ
အဆင်မပြေဖြစ်ခဲ့ရသည်ဆိုတာ မရှိခဲ့။
သူတို့လက်နဲ့ထိသမျှ အကုန်လုံးသည်
အံသြလောက်အောင် လွယ်ကူနေတာကတော့ ထူးဆန်းဖွယ်ရာပင်။
အိမ်ရှေ့ တံခါးမကြီးက ပိတ်ထားသည်
မို့ ဖိုးသားကို ခြံစည်းရိုးတံခါးကိုပါပိတ်
ဖို့ မျက်နှာရိပ်မျက်နှာကဲလှမ်းပြလိုက်သည်။
ပတ်ဝန်းကျင်သည် ခုချိန် အလုပ်သွားကြသည့်အချိန်မို့ လူသွားလူလာ ကင်းရှင်းနေသည်။
ဘဝတသက်စာလုံး ခိုးချောင်ခိုးဝှက်
ခုလို ပုန်းလျိုးကွယ်လျိုးသွားရမည်လို့
တခါတောင်တွေးမထား။
ကောင်းကောင်းတို့ လင်မယားနဲ့ တွေ့ မှ ဒေါ်အေးကြည်လည်း မလုပ်ဘူးတာတွေလုပ်နေရပြီဖြစ်၏။
အိမ်နောက်ဖေးကနေကွေ့ ဝင်ကာ
ဖွင့်ထားတဲ့ နောက်ဖေးတံခါးကနေ
အိမ်တွင်းလှမ်းဝင်လိုက်တော့ အိမ်ရှေ့ ဧည့်ခန်းမှာစုရုံးနေသော လူတစ်စုကိုတွေ့ရသည်။
အထဲမှာ ညီမဖြစ်သူ မြရင်ရယ်
ကိုထက်တို့ လင်မယားနဲ့ မြသက်ပါ ရှိနေ၏။
"လာဒေါ်လေး"
မြသက်က အငယ်ပီပီ ဒေါ်လေးအေးကြည်လာတော့နေရာဖယ်ပေးသည်။
မြသက်ဖယ်ပေးတဲ့ အိမ်ဦးခန်းက တန်းလျားခုံပေါ်ဝင်ထိုင်လိုက်ရင်း…
"ဘယ်သူမှ မသိဘူးမို့ လား"
အဆက်စပ်မရှိသောစကားဆိုပေမဲ့ ကောင်းကောင်းကနားလည်သည်။
ခေါင်းညိမ့်ပြကာ
"ဟုတ်ဒေါ်လေး ။ အတက်နိုင်ဆုံးတော့တိုးတိုးတိတ်တိတ် လုပ်ထားတာပဲ…သက်ပုံ ပြလိုက်တော့"
သက်ပုံ လက်ထဲက စုလုံးကိုင်ထားတဲ့ ပုဆိုးထုပ်လေးကို ဖွင့်ကာ စားပွဲပေါ်
ကိုဖြန့် ခင်းလိုက်စဉ်
"ချွင်…ချွင်"
ဆယ်ပြားထပ်မနည်းသောရွှေဒင်းဂါးပြားတွေက တစ်ခုနဲ့ တစ်ခုထိတွေ့ ကာ အသံစုံမြည်၏။
အံသြလွန်းလို့ ဒေါ်အေးကြည်အပါအဝင် အကုန်လုံး မျက်လုံးတွေပြူးကုန်သည်။
တံငါကုန်းမှာ ရွှေဒင်းဂါးပြားနှစ်ခုသုံးခုရဘူးသူရှိပေမဲ့ ခုလို တပြုံ လုံးရဘူးသူတော့မရှိ။
" များလှချည်လား ကောင်းကောင်းရယ်..
ငါတို့တသက်နဲ့ တကိုယ် ဒါမျိုးရတယ်ဆိုတာ မကြားဖူးသေးဘူး "
"ရွှေဒင်းဂါး၁၇ပြားဒေါ်လေး။ ပြီးတော့ ကျန်သေးတယ် "
"ကျန်သေးတယ် ! "
နောက်ထပ် စားပွဲပေါ်ကို ထပ်တင်လာတဲ့ အဖြူရောင်အဖုံးပိတ်နဲ့ ဘူးလေးကိုကြည့်နေရင်း ဒေါ်အေးကြည် ခုထိ အံသြစိတ်မပျောက်သေး။
အဖုံးပိတ်ထားသော ထို အဖြူရောင်ဘူးကို သက်ပုံ ဂရုတစိုက်ဖွင့်ပြလိုက်လျှင်
"ဟင် ! ဒေါင်းဘယက်ဆွဲသီး"
ဒေါ်လေးမြရင်ရဲ့တအံတသြအသံကြောင့်
အကုန်လုံးရဲ့စိတ်ဝင်တစားအကြည့်တွေက သက်ပုံဖွင့်ပေးလိုက်တဲ့ဘူးထဲက
ရွှေဒေါင်းဘယက်ဆီမှာသာ။
"အမေ ဒါ ရွှေအစစ်လား "
မြသက်ရဲ့ ခပ်တိုးတိုးအသံကို ဘယ်သူမှဂရုမစိုက်မိ။
ဒေါ်လေးအေးကြည်အပါအဝင် အိမ်ထဲမှာရှိသူတော်တော်များများ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
ရွှေဆွဲကြိုးသည် လက်ညိုးတစ်ချောင်းစာလောက်တုတ်ကာ တွဲလျှက်ပါလာတဲ့ ဒေါင်းမှီးခွက်ပုံ ဒေါင်းဘယက်သည် လက်ဖဝါးတစ်ဖက်အရွယ်အစား ရှိသည်။ လက်ရာသည်
ရှေးခေတ်ပုံမို့ အနည်းငယ်ကြမ်းသော်
လည်း
ဒေါင်းတစ်ကောင် က, နေဟန်ထွန်းထု
ထားကာ မျက်လုံးနှစ်လုံးကအစ
ပတ္တမြားအစစ် ကိုအသုံးပြုထား၏။
ခန္ဓာကိုယ်နဲ့ အမြှီးပိုင်းထိ ကျောက်မျိုးစုံနဲ့ အလှဆင်ထားသည်ကိုတွေ့ ရပီး အလေးချိန်သည်အတော်ကြီးစီး၏။
ခုခေတ် ကျောက်သံပတ္တမြားဈေးအရ
အရည်အသွေးကောင်းတဲ့ ကျောက်မျိုး
ဖြစ်နေပါက ဘဝပြောင်းနိုင်လောက်အောင်ပင်ရလိမ့်မည်။
ရွှေဒင်းဂါးပြား ၁၇ပြားသည် တပြားလျှင် တစ်ကျပ်သားရှိ၍ ၁၇ကျပ်သားဆိုလျှင်ပင်
ရွှေဈေးအရသိန်းနှစ်ရာကျော်လိမ့်မည်။
ဒေါင်းဘယက်ကလည်း ကျောက်မအောင်
လို့ ပါတဲ့ရွှေရောင်းစားအုန်း အနည်းဆုံး
၁၀သားရှိမည်။
ရွှေချိန် အစိတ်သားခန့် မြေကြီးထဲကတူးဖော်ရရှိတဲ့ ကံကောင်းမူ့ သည်
ကောင်းကောင်းတို့ လင်မယားရဲ့
ဘဝ တဆစ်ချိုးပြောင်းလဲမူ့ ကိုဖြစ်ရင်ဖြစ်သွားနိုင်လိမ့်မည်။
"ဒါ…ဒါတွေ တကယ်အပင်စိုက်ဖို့ တူးရင်းရတာလား "
"ဟုတ်တယ် ဒေါ်လေး။ ကျွန်တော်
ဒေါ်လေးကို ပြောစရာရှိသေးတယ်။ "
"အေးပြော"
ဒေါ်လေးအေးကြည်စကားကြောင့်
ကောင်းချီ နှုတ်ခမ်းကို တချက်သပ်ကာ
"နောက်ထပ် ကျန်သေးတယ်ဒေါ်လေး။ "
"ဘာ! ကျန်သေးတယ် ဟုတ်လား"
"အို! အမရယ် တိုးတိုးလုပ်ပါ"
အတော်လေးအသံကျယ်သွားတာကြောင့်
ဒေါ်မြရင် အမဖြစ်သူကို ဘေးကနေ
ဟန့် တားနေရသည်။
"ဘာ … ဘာကျန်သေးတာလဲ "
ကောင်းချီ အိတ်ထောင်ထဲကနေ
စာရွက်လေးနဲ့ ထုတ်ထားတဲ့ ပစ္စည်းလေးကို ဒေါ်လေးတို့ ရှေ့ ဖြန့် ပြလိုက်သည်။
ဒေါ်မြရင်သည် စာရွက်ပြန့် လေးပေါ်က အနီရောင်ကျောက်လေးနှစ်လုံးကို
စူးစိုက်ကြည့်မိသည်။
ကျောက်အကြောင်းအများကြီးနားမလည်ဘူးဆိုရင်တောင် မြင်နေရတဲ့ အရည်အသွေးအရ တန်ဖိုးက နည်းမည်မဟုတ်။
အကယ်၍ ဒီကျောက်နှစ်လုံးသာ ပတ္တမြားဖြစ်ခဲ့ပါမူ။
ဒေါ်မြရင် တံတွေးမြိုချလိုက်မိသည်။
ပတ္တမြားဆန်ကျိုး အဖိုးပြည်တန်တဲ့။
ဆန်စေ့အရွယ်လောက်တောင်
အရည်အသွေးကောင်းတဲ့ကျောက်ဖြစ်ပါကပြည်တောင် တန်သည်ဆိုမှတော့။
" ခန့် မှန်းခြေ ဒီကျောက်နှစ်လုံးက သိန်းနှစ်ထောင်နီးပါးလောက်တန်တယ်"
"ခန့်မှန်းခြေတောင် နှစ်ထောင်တောင်တန်တယ်ဆိုရင် "
ကိုထက်မိန်းမက အမှတ်တမဲ့လန့် အော်လိုက်ပီးမှ အသံကျယ်သွားမှန်းသတိရကာ လက်နဲ့ ပါးစပ်ကို ပိတ်ကာ
ပြန်ငြိမ်သွား၏။ ထူးဆန်းဖွယ်အဖြစ်အပျက်တို့သည် ဆန်းကြယ်လွန်းလှပေမဲ့ လက်မခံလို့တော့မရပေ။ အကုန်လုံး၏အကြည့်တို့က မျက်စိရှေ့က ကောင်ကလေးနှစ်ယောက်ထံသို့ ရောက်ရှိနေကြ၏။
ဒီနှစ်ယောက်ရဲ့ရေစက်ကို အသိအမှတ်မပြုလို့တော့ မဖြစ်တော့။
"အဲ့ဒါ သက်ပုံ သူငယ်ချင်းကိုဖုန်းဆက်ပီး လှမ်းမေးလိုက်တာ။ သူ့ အိမ်က ကျောက်ပွဲစားလုပ်တာဆိုတော့ ခန့် မှန်းခြေပဲ တွက်ထားတာပါ။ ဖုန်းထဲဆိုတော့ ရှင်းရှင်းလင်းလင်းလည်းမရှိတော့လူကိုယ်တိုင်လာခဲ့ဖို့ ခေါ်နေတာ ။အပြင်မှာ ပိုတန်ဖို့ များတယ် ဒေါ်လေး "
"အေး သွားကြတာပေါ့။ ဘယ်နေ့ သွားမလဲ "
"ဟုတ်သဖက်ခါ သွားမှာ ဒေါ်လေး မနက်ဖန် တော့ မြေနှုတ်တရားနာရှိသေးတယ်။ သွားလို့ မဖြစ်သေးဘူး။
အဲ့ဒါပြီးမှပဲ သွားကြတာပေါ့။အဆင်ပြေရင် ရောင်းခဲ့မှာ ဒေါ်လေး သက်ပုံက
အလှူလုပ်ချင်လို့ တဲ့။ ဒါပေမဲ့ ဒီကျောက်လေးနှစ်လုံးတော့မရောင်းတော့ဘူး။
သက်ပုံအတွက် လက်စွပ်လေးလုပ်ပေးချင်လို့ "
ကောင်းချီစကားကြောင့် သက်ပုံ ပါးပြင်နှစ်ဖက်တောင် ပန်းရောင်သန်းသွားသည်။ အမျိုးတွေရှေ့ ကို တည့်တိုးကြီးပြောချပလိုက်တာ အားကြီးနဲ့ ပင်။ ကိုယ်ပဲ
တမျိုးဖြစ်သွားတာမဟုတ်။ ဒေါ်လေးမြရင်ကလည်း မသိချင်ယောင်ဆောင်နေပေမဲ့
ရယ်ချင်နေဟန်။ ကျန်တဲ့သူများက အသက်အရွယ်အရ မတိမ်းမယိမ်းတွေမို့ သိသိသာသာရယ်နေကြပြီ။
"အဟမ်း အေးပါ မင်းကြိုက်တာလုပ်ပေါ့။"
ဒေါ်လေးအေးကြည်ပါ အဟမ်းတွေဘာတွေဖြစ်ကုန်ပီမို့ ကောင်းချီလက်ကို စားပွဲအောက်ကနေလိမ်ဆွဲပစ်လိုက်သည်။
တိုးတိုးတိတ်တိတ် ကိုယ့်အချင်းချင်းကျမှ
ပြောပါ့လား။ လူစုံတုန်းရှင်းပြစရာလား။
ဆွဲလိမ်နေသော သက်ပုံလက်ကို သူမဟုတ်သလို လက်ခြင်းယှက်ကာ ဆွဲကိုင်
လိုက်ပီး……
"သွားရင် ဒေါ်လေးတို့ ရော လိုက်ခဲ့လိုက်လေ။ အပြန် ဘုရားဝင်ဖူးလို့ ရတာပဲ ။သွားရတုန်း အကုန်လုံးအတူသွားကြတာပေါ။ "
ကောင်းချီ စကားကြောင့် မြသက်တို့ မောင်နှမက ဟေး ဆိုပီး ထအော်ကြသည်။ တကယ်ဆို သူတို့ဒီအသက်ရွယ်သာရောက်နေကြတာ။ တံငါကုန်းကလွဲပီး ဘယ်မှရောက်ဘူးကြတာမဟုတ်။ ကလေးတွေမို့ ပျော်ကျတယ်ဆိုပေမဲ့ လူကြီးတွေအကုန်လုံးကတော့ထိန်းသိမ်းရမဲ့ပစ္စည်းတွေကြောင့် ရင်မအေးနိုင်ဖြစ်နေကြသည်။
"ဒါပေမဲ့ ငါတို့ မြန်မြန်သွားမှဖြစ်မယ် မဟုတ်ရင် ဒီမှာ စိတ်မချရဘူး ။ "
ဒေါ်လေးမြရင် အကြံကို သက်ပုံလည်းလက်ခံသည်။
ရွာဘယ်လောက် လူသန့် သည်ပဲ ဆိုဆို
ဘူးပေါက် တစ်ရာသာ ပိတ်ရမည်။
ပါးစပ်တစ်ပေါက်တော့ပိတ်ဖို့မလွယ်လှပေ။
တစ်ယောက်စကားတစ်ယောက်နားကနေကြားပီး လုယက်ခိုးဝှက်သူများလည်းရှိလာနိုင်သည်။
" အကုန်လုံးတခါထဲမှာလိုက်မယ်။
ဒီအိမ်က ထွက်တာနဲ့ တခါထဲ ပါးစပ်ကို ပိတ်ထား။ အမှတ်တမဲ့ပြောမိတာ ဘာညာ မလိုချင်ဘူး။ စကားနောက်တရားပါနော်။ ဘယ်သူမှ ဘာစကားတခွန်းမှအပိုလုပ်ပီး မပြောကြနဲ့ ။ မြရင် ညည်းကလည်း ညည်းသားနဲ့ သမီးကို နိုင်အောင်ထိန်း။ ကိုထက်မင်းကလည်း မင်းမိန်းမကို သေချာပြောပြထား။ "
စကားဝိုင်းကို ဒေါ်လေးအေးကြည်ရာဇသံနဲ့ အဆုံးသတ်သည်။
ဘယ်လောက်ပဲရရ ။ သက်ပုံကတော့ သုံးပုံပုံ တပုံ လှူမည်။ ကျန်တာကို
သားသမီးယူဖို့ လုပ်မည်။ ပိုသေးတယ်ဆိုရင် ကောင်းချီ ဘာလုပ်ချင်လဲမေးပီးစီးပွားရေးတိုးချဲ့ ဖို့ စိတ်ကူးထား၏။
တံငါကုန်းရွာ သည် သက်ပုံကို ပြောင်းလဲမူ့ များစွာပေးတဲ့ရွာဖြစ်သည်။
ကောင်းချီနဲ့ လိုက်ခဲ့တုန်းက အနည်းငယ်
စားသောက်ဖို့ ရုန်းကန်ရမည်ထင်ထားသော်လည်း အိမ်မှာနေရတာနဲ့ ထူးပီးပြောင်းလဲသွားတာမျိုးမရှိ။
လုပ်သမျှအလုပ်သည် အဆင်ပြေတာထပ်ပိုကာ ဘာလုပ်လုပ် အခက်ခဲဟူပီးမတွေ့ ရ။
သက်ပုံနဲ့ တံငါကုန်းရွာရေစက် သည်
တကယ်ထူးဆန်းလွန်းလှသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz