ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

25

eainsi23

မနက္ခင္း အေတာ္ႀကီးေနသာေနတဲ့အခ်ိန္ေရာက္မွ သက္ပံုတစ္ေယာက္ နိုးလာခဲ့၏။
အခ်ိန္အားျဖင့္ မနက္၇နာရီထိုးပီးေလာက္။
ညက ေကာင္းစင္သန္ ့ခ်ီကို အေတာ္ႀကီးေခ်ာ့ေမာ့ေျဖာင့္ဖ်ရသည္ေႀကာင့္ ေမာပန္းသြားတာလည္းပါလိမ့္မည္။
ပန္းနုေရာင္ ေမြ ့ရာပါးေပၚမွာ လက္နွစ္ဖက္မိုးေပၚေျမွာက္ကာ ခါးတြန္ ့ပီးေက်ာဆန္ ့လိုက္၏။

"အား လန္းဆန္းေနတာပဲ …ဗုေဒၶါႀကီး! "

ေစာင္ကိုဖယ္ခြာရင္း ေဘးကိုလွည့္လိုက္ေတာ့ ေမးေထာက္ျပီးႀကည့္ေနတဲ့
အမ်ိဳးေကာင္းသားက ျပံဳးျပံဳးႀကီး။

"နိုးပီလား သက္ပံုေလး "

ေယာင္နနေခါင္းညိမ့္ျပလိုက္ရင္း

"အင္း… မင္းကဘာလုပ္ေနတာလဲ"

"ဟီး သက္ပံုကိုႀကည့္ေနတာ။ "

ေအာင္မာ သြားေလးျဖဲပီးေတာင္ရယ္ျပေနေသးတယ္။
ေသခ်ာတယ္ဒါေကာင္းခ်ီမျဖစ္နိုင္ဘူး။

"အဲ့ဒါဘာျဖစ္ေနတာလဲ"

"ႀကည့္ေနတာေပါ့ "

"ဘာလို ့ႀကည့္ေနတာလဲ။ ငါ့ကို နွဳိးလည္းမနွဳိးဘူး  ေနေတာင္ျမင့္ေနပီ"

သက္ပံုစူပုတ္ပုတ္နဲ ့အိပ္ယာထဲကဆင္းလိုက္သည္။ ဘယ္ေလာက္ပဲ လွေနပါေစ။ နွစ္ျခိဳက္စြာအိပ္ေပ်ာ္ေနသူက
ႀကည့္ေကာင္းမယ္ထင္သလား။
အနည္းဆံုးေတာ့ အနည္းငယ္အဆီျပန္ခ်င္တဲ့မ်က္နွာနဲ ့ပြေယာင္းေနတဲ့ဆံပင္တို ့
ကေကာင္းခ်ီကို အျပည့္အဝ ခ်စ္ခင္စံုမက္စိတ္ကိုေပးနိုင္မည္မထင္။

"ေနျမင့္ေတာ့ဘာျဖစ္လဲ။ ခ်စ္တဲ့သက္ပံု
အိပ္ေရးဝမွ မ်က္နွာေလးျပည့္ေနမွာေပါ့"

အျမဲ အိပ္ယာသိမ္းေပးတက္သူသည္
သက္ပံုမရွိေတာ့တာနဲ ့တခါထဲ အခ်ိဳးက်ေအာင္ သိမ္းဆည္းေနျပန္သည္။
ကိုယ္ကသာ မလွမပျဖစ္ေနမည္။
ေကာင္းစင္သန္ ့ခ်ီကေတာ့ မနက္ဆြမ္းမေလာင္းခင္ကတည္းက ေရတစ္ေခါက္ခ်ိဳးေနႀကမို ့အခုလည္း ရြာထဲက ေငြတိုးေပးထားတဲ့ေရႊဆိုင္က လက္ေဆာင္ျပန္ေပးတဲ့ ခိုင္ေးရႊဆိုင္ဆိုတဲ့တီရွပ္အျဖဴေလးနဲ သပ္ရပ္သန္ ့ရွင္းေနေလသည္။

အဝတ္လွမ္းတဲ့ စင္ေပၚက နွစ္ေယာက္အတူသံုးတဲ့ ပန္းနုေရာင္ တဘတ္
အႀကီးႀကီးကို ပုခံုးေပၚတင္ရင္း အခန္းျပင္မထြက္ခင္ မွန္ႀကည့္လိုက္သည္။
ပြေယာင္းေယာင္း ဆံပင္ေတြကိုလက္နဲ ့
သပ္ခ်ကာ အရင္ႀကည့္ေကာင္းေအာင္လုပ္လိုက္သည္။
ရာသီဥတုကမေန ့ကနဲ ့မဆိုင္ေတာ့။
ႀကည္စင္ေနတဲ့ အျပာေရာင္ေကာင္းကင္နဲ ့တိမ္ျဖဴျဖဴတို ့က ေငြမင္ေရာင္တလဲ့လဲ့ျဖစ္ေနတဲ့ ျမစ္ေႀကာေပၚမွာ အခန္ ့သား။
ျမစ္ထဲမွာ ေရစီးအတိုင္းေမ်ာေနတဲ့ ေလွအေသးတို ့က ပိုက္ျပန္သိမ္းကာ
ေရထဲက ငါးတို ့ကို ရသေလာက္ဖမ္းယူေန၏။

"သက္ပံု ။ မနက္စာ ဘာစားခ်င္လဲ "

" မသိဘူး။ မင္းေစ်းမသြားရေသးဘူး
မို ့လား ငါေရာလိုက္မယ္"

"အင္း…အဲ့ဒါဆို သက္ပံု မ်က္နွာသစ္လိုက္အုန္းက်ြန္ေတာ္ ေရေႏြးအိုးေဖာက္ထားလိုက္အုန္းမယ္"

သက္ပံု ေခါင္းညိမ့္ျပပီ ေရခ်ိဳးခန္းရွိရာ
သြားလိုက္သည္။
အျမန္အဆန္ပဲ သြားတိုက္မ်က္နွာသစ္လုပ္ျပီးခ်ိန္တြင္ ေကာင္းခ်ီက အရန္သင့္အိမ္ေရွ ့မွာ ထိုင္ေစာင့္ေနသည္။
အခန္းထဲသြားကာ ပုခံုးေပၚကအနည္းငယ္စိုထိုင္းတဲ့ တဘတ္ကို စင္မွာ
ျပန္ျဖန္ ့လွမ္းလိုက္သည္။
ဗီရုိထဲက တီရွပ္တထည္ေကာက္စြပ္ကာညဝတ္နဲ ့လဲလွယ္လိုက္၏။
သက္ပံုအက်င့္က ညကဝတ္ထားတဲ့ အဝတ္ေတြကို မနက္ျပန္မဝတ္တက္ျခင္းေပ။

"ok ျပီးပီ သြားရေအာင္"

ျခံေတာင္ဖက္ ေျမေနရာအလြတ္မွာ ခင္းက်င္းထားတဲ့ ေစ်းေနရာကိုနွစ္ေယာက္သား ေစ်းဝယ္သြားေတာ့ မနက္ခင္းေစ်းကေနျမင့္ေနပီမို ့ျပန္တဲ့ေစ်းသည္က ျပန္ကုန္က်ပီ။
"မေန ့က ကုန္စိမ္းလက္က်န္ရွိေသးတယ္ေလ ။ ျမသက္ ေစ်းလာမခင္းဘူးလား"

ေရာင္းေနက်ေနရာမွာ တျခား ေစ်းသည္အခ်ိဳ ့က ခင္းက်င္းေရာင္းခ်ေနသည္မို ့ေကာင္းခ်ီကိုလွည့္ေမးမိသည္။
မေန ့ညက ေကာင္းခ်ီစိတ္ေကာက္ေန၍
သက္ပံု ဝင္လုပ္ေပးထားသည္မို ့
ကုန္စိမ္းအနည္းငယ္က်န္ေသးတာကိုသိ၏။

"မနက္က အေစာႀကီး သေျပကုန္းရြာက
ဆြမ္းကပ္ရွိလို ့တဲ့ လာဝယ္သြားတယ္"

သေျပကုန္းဆိုတာ ေကာင္းခ်ီတို ့တံငါကုန္းနဲ ့ကပ္ရပ္ရြာပင္။
လိုအပ္သမ်ွကို တံငါကုန္းမွာပဲလာဝယ္ရသည္မို ့အနီးအနားရြာနီးခ်ဳပ္စပ္ေတြႀကားထဲတြင္ တံငါကုန္းရြာက ေစ်းႀကီးေပမဲ့အေတာ္ႀကီးစံုလင္စြာေရာင္းခ်နိုင္သည္ဟုဆိုရမယ္။
ပြဲလမ္းသဘင္နဲ ့အလွဴအတန္းတခ်ိဳ ့ျပဳလုပ္ဖို ့ဆိုရင္ တံငါကုန္းရြာက ေဘးရြာေတြအတြက္ကေတာ့ အားကိုးရာျဖစ္သည္။

"သက္ပံုဘာဟင္းခ်က္မွာလဲ ဒီေန ့"

"ပုဇြန္ထုပ္ဆီျပန္ေလးခ်က္စားမလား"

"သက္ပံုသေဘာ "

ေမးမိတာပဲ သက္ပံုမွားသည္။
တကယ္ဆို ေကာင္းစင္သန္ ့ခ်ီက သူဘာႀကိဳက္တက္သလဲဆိုတာေတာင္သိသူမဟုတ္။ ေက်ြးရင္စားလိုက္မည္။
ဘာမွခ်က္မထားရင္ ထမင္းႀကမ္းနဲ ့ငွက္ေပ်ာသီးမွည့္နဲ ့ေတာင္ ျဖစ္ေအာင္စားနိုင္တဲ့သူ။

ငါးသည္တခ်ိဳ ့က သက္ပံုတို ့လာေတာ့အလုအယက္ ေအာ္ဟစ္စပ္ႀကသည္။
ေတာ္ေတာ္မ်ားမ်ား ငါးေတြေရာင္းမကုန္ႀကေသး။
ရြာေစ်းမို ့မကုန္ရင္ ေနာက္ရက္ေရာင္းရေအာင္ ေရခဲရုိက္ဖို ့ဆိုရင္ေတာင္ေရခဲေရာင္းသူမရွိ။
ဆားနွယ္ပီး အငန္သိပ္ရင္သိပ္။ မဟုတ္ရင္ … အေျခာက္လွမ္းမွရမည္။

"အမ ဒါဘယ္ေစ်းလဲ "

စတီးလင္ဗန္းနဲ ့ထည့္ထားတဲ့ ပုဇြန္ထုပ္ေတြက
အေကာင္ ႀကီးတယ္…မႀကီးတယ္…
လက္္မႀကီးေတြကမဲတုတ္ေန၏။
တစ္ေကာင္ကို တစ္ဆယ္သားေက်ာ္တဲ့အေနထားမို ့လင္မယားနွစ္ေယာက္ တစ္ေယာက္တစ္ေကာင္နွဳန္းဆိုရင္ေတာင္
အေတာ္ဝ လင္ေအာင္ စားနိုင္တဲ့အေနအထားမွာ။
မႏၱေလးမွာေနတုန္းကဆို သိပ္္မႀကီးတဲ့အရြယ္ေတာင္ ဆိုင္မွာဝယ္စားရင္ ၃ေကာင္  ၅၀၀၀  ေပးမွစားရသည္။
ဒါေတာင္ ေခါင္းဖယ္… အခြံဖယ္နဲ ့ဝ, သည္ဟုပင္မထင္။

"တစ္ဆယ္သား ၁၈၀၀ေမာင္ေလး။
နွစ္ဆယ္သားယူေလ ပိုထည့္ေပးမယ္ "

ေရာင္းခ်င္ရွာတဲ့ အမႀကီးက သက္ပံုကိုေမာ့ႀကည့္ရင္းေမ်ွာ္လင့္တႀကီးႀကည့္ေနသည္။

"ဟုတ္ အမ နွစ္ေကာင္ေလာက္ခ်ိန္ႀကည့္ေပး "

ထိုအခါမွ ဝမ္းသာတႀကီးခ်ိန္ေပးရွာသည္။
နွစ္ေကာင္ကို အစိတ္သားခန္ ့ရွိတာေႀကာင့္ ေကာင္းခ်ီမ်က္နွာကိုလွည့္ႀကည့္လိုက္သည္ ။ ဘယ္လိုပဲတြက္တြက္ ဟင္းတခြက္ထဲနဲ ့၄၀၀၀ေက်ာ္ေတာ့မည္မို ့
ကပ္စီးနည္း ေကာင္းခ်ီနွေျမာေနမလား
လို ့မ်က္နွာရိပ္မ်က္နွာကဲက ႀကည့္ရေသးသည္။

ဘာအမူအရာမွမရွိပဲ ပိုက္ဆံအိတ္နွဳိက္ေနသည္မို ့ေရွ ့ျပန္လွည့္ကာ

"အမ ဘယ္ေလာက္ဖိုးလဲ ။ "

"နွစ္ဆယ္သားဖိုးပဲေပးပါေမာင္ေလး။
အမလည္းေရာင္းမကုန္လို ့ဒုကၡေရာက္ေနလို ့ပါ။
၃၅၀၀ေပးခဲ့ေနာ္"

ေစ်းကကိုယ္ကမဆစ္ရပဲ ေရာင္းသူကေလ်ာ့ေပးေနသည္မို ့ေကာင္းခ်ီေပးတဲ့၅၀၀၀တန္ကိုယူေပးလိုက္သည္။

ပုဇြန္ ဟင္းတစ္ခြက္ကေတာ့ရျပီ။
ေစ်းတပါတ္ပတ္ႀကည့္ပီးသည္ထိ ဘာထပ္ခ်က္ရမလဲေတြးမရေတာ့။

"ေကာင္းခ်ီ ။ ဒန္ ့ဒလြန္ ဟင္းခ်ိဳေလးခ်က္မလား။ ပုဇြန္စားရင္ မင္းေသြးတိုးလိမ့္မယ္။ "

"သက္ပံုသေဘာ ။ ဒါပဲဝယ္မွာမို ့လား။
ဒါဆိုျပန္မယ္ေလ။ "

လက္ထဲက ဆြဲထားတဲ့ ပုဇြန္ထည့္ထားတဲ့အိတ္ကိုလွမ္းယူကာ ေကာင္းခ်ီ ေျပာလာ၏။
ေကာင္းခ်ီက ေသြးတိုးတက္သည္မို ့
အိမ္ေနာက္ေဖး ကမ္းနဖူးက ဒန္ ့ဒလြန္ပင္သည္ သက္ပံုလက္ခ်က္ျဖင့္ အရြက္ေတာင္ မရင့္နိုင္ေတာ့။
အရည္ေသာက္ မပါရင္ စားမျမိန္တက္၍
ဟင္းခ်ိဳဟင္းတစ္ခြက္ကို ခဏတိုင္းထည့္ခ်က္
မိရာတြင္ အိမ္တြင္ရွိတဲ့ ဒန္ ့ဒလြန္ညြန္ ့သည္အေတာ္အသံုးဝင္သည္။
အိမ္ျပန္လမ္းတြင္ ေနာက္ထပ္ပိုလာသည္က ႀကာဇံေႀကာ္ နွစ္ရာဖိုးနွစ္ထုပ္ျဖစ္သည္။
ဖန္ကဲေလးေတာ့ဒီေန ့မေသာက္ေတာ့ျပီ။
တစ္ထုတ္တစ္ရာတန္ ေကာ္ဖီထုပ္ေလးသည္လည္း ေကာင္းခ်ီမ်က္နွာေလးေႀကာင့္
အရသာပိုရွိနိုင္လိမ့္မည္။

အိမ္ျပန္ေရာက္ေတာ့ ျခံတစ္ျခံလံုးမေန ့က
ေလျပင္းေႀကာင့္က်ိဳးက်ခဲ့တဲ့ ကိုင္းေျခာက္ေတြမရွိေတာ့။
ေျပာင္းရွင္းေနတဲ့ ေျမႀကီးဝါဝါက မနက္အေစာႀကီးေကာင္းခ်ီလက္ခ်က္ျဖင့္
သန္ ့ရွင္းေတာက္ေျပာင္ေန၏။

မီးဖိုခန္းလည္းေျပးႀကည့္စရာမလို
စည္းကမ္းက်လွတဲ့ ေကာင္းခ်ီက ေသခ်ာ
ခုတ္ထစ္ထားတဲ့ သစ္ကိုင္းေျခာက္ေတြကို မီးထိုးရေအာင္ တစ္ေနရာမွာစီပံုထားလိမ့္မည္။

နွစ္ေယာက္သားစကားတေျပာျပာနဲ ့
မနက္စာစားေနစဥ္ အိမ္မက္ထဲမွာေျပာခဲ့ဘူးေသာ ေဒၚအံ့မင္းစကားတို ့ကို
ႀကားေယာင္လာခဲ့သည္။

"ေကာင္းခ်ီ ဟိုဖက္ျခံဆိုရင္ ဒီေခတ္ေပါက္ေစ်းနဲ ့ဘယ္ေလာက္ရွိမလဲ"

ေကာင္းခ်ီက စဥ္းစားဟန္ျပဳကာ……

"ဒီေနရာေတြက ေနရာသိပ္မွမေကာင္းတာဘာရွိမွာလဲ။ အလြန္ဆံုးရွိလွ ၆၀ေလာက္ေပါ့ "

"ဒါဆို ငါ့ကိုဝယ္ေပးပါ့လား။ ငါရခ်င္
လို ့"

"ဘာလို ့လဲ သက္ပံု။ကြၽန္ေတာ္တို႔ ျခံကက်ဥ္းလို ့လား။"

"မဟုတ္ဘူး။ ငါရခ်င္လို ့။ မဟုတ္ေတာင္ မင္းမွာ ဒီနွစ္သရက္ျခံကရတဲ့အျမတ္ရွိတာပဲ ။ အိတ္ထဲကထပ္ထုတ္ရတာမွမဟုတ္တာ။ ေနာင္လည္း ကိုယ့္လက္ထဲထားရင္ေတာင္ ေျမေစ်းက တက္မွာပဲရွိတာ က်သြားတယ္လို ့မွမရွိတာ "

"က်ြန္ေတာ္က မဝယ္ေစခ်င္လို ့ေျပာတာမဟုတ္ပါဘူးခင္ဗ်ားရယ္။ သက္ပံုလိုခ်င္ရင္ ျမိဳ ့ေလးမွာျဖစ္ျဖစ္ မႏၱေလးမွာျဖစ္ျဖစ္ဝယ္ပါ့လား"

တကယ္လည္း သက္ပံုကို ေကာင္းခ်ီျမိဳ ့မွာပဲထားခ်င္သည္။ မေနေတာင္ ၿခံဝယ္ရတာျခင္းအတူတူ ျမိဳ ့မွာပဲဝယ္ေစခ်င္သည္

"ျမိဳ ့ဆို မင္းမွာသိမ္းထားတဲ့ပိုက္ဆံေတြအကုန္ကုန္သြားမွာေပါ့။ ေနရာက်ဥ္းက်ဥ္းတခုေတာင္ရာခ်ီေနတာကိုး။ "

အနည္းငယ္ ေလသံမာလာတဲ့သက္ပံုေလးေႀကာင့္ ေကာင္းခ်ီခမ်ာ ေရွ ့ဆက္ထပ္မေျပာရဲေတာ့။

"အင္းပါ သက္ပံုသေဘာပါ။ ညေနက် ေတာင္ရြာက ျခံပိုင္ရွင္ရဲ့အေဒၚဆီသြားေမးႀကည့္လိုက္မယ္ေလ … ေနာ္ ။ ျပံဳးျပပါအုန္းခင္ဗ်ားရယ္။ က်ြန္ေတာ္လိမ္မာတယ္မို ့လား"

ေကာ္ဖီခြက္ေလး ေမာ့ေသာက္ရင္း
ေကာင္းခ်ီစကားေႀကာင့္လူက ျပံဳးခ်င္ခ်င္ျဖစ္လာ၏။
တကယ္ေတာ့ သက္ပံု အဲ့ဖက္ျခံကို မလိုခ်င္ပါ။ ေဒၚအံ့မင္းမက်ြတ္ေသးဘူး ငါ့ကို
ခဏတိုင္းအိမ္မက္ေပးတယ္ဆိုတဲ့ စကားကို ေကာင္းခ်််ီကို မေျပာျပခ်င္တာမို ့
ဝယ္ယူဖို ့ဆံုးျဖတ္လိုက္ျခင္းသာ။
ျခံဝယ္မယ္။ ျပီးရင္ ဘုန္းႀကီးေတြဖိတ္ပီး
ေျမနွဳတ္တရားနာပီး တခါထဲ ေဒၚအံ့မင္းအတြက္ အမ်ွေဝေပးလိုက္မည္။

မလိုအပ္ဘူးဆိုေပမဲ့
ေနာက္က်ရင္ အသံုးလိုခ်င္လိုလာနိုင္တာပဲ။ တတိတိနဲ ့ျဖတ္ေရာင္းစားထားတဲ့ေျမေနရာမို ့အက်ယ္အဝန္းက သိပ္ႀကီး
မက်ယ္ေတာ့။
ဝယ္ပီးရင္ေတာ့ အဲ့ဖက္ျခံမွာ အပင္ေတြဘာေတြစိုက္မည္။
ဒန္းေလးတစ္ခုလည္းထားသင့္သည္။
ေနာင္တစ္ခ်ိန္ကေလးရလာခဲ့ရင္ လြတ္လပ္စြာ ေျပးလႊားေဆာ့ကစားဖို ့ေနရာပိုက်ယ္ ေတာ့မေကာင္းဘူးလား။
ငပိန္းေကာင္းခ်ီ က ဘယ္ေတာ့မွ
ဘာမွသိမည္မဟုတ္။

ခ်စ္တဲ့အိမ္စည္။

>>>>>>>>>><<<<<<<<<<

မနက်ခင်း အတော်ကြီးနေသာနေတဲ့အချိန်ရောက်မှ သက်ပုံတစ်ယောက် နိုးလာခဲ့၏။
အချိန်အားဖြင့် မနက်၇နာရီထိုးပီးလောက်။
ညက ကောင်းစင်သန့် ချီကို အတော်ကြီးချော့မော့ဖြောင့်ဖျရသည်ကြောင့် မောပန်းသွားတာလဲပါလိမ့်မည်။
ပန်းနုရောင် မွေ့ ရာပါးပေါ်မှာ လက်နှစ်ဖက်မိုးပေါ်မြှောက်ကာ ခါးတွန့် ပီးကျောဆန့် လိုက်၏။

"အား လန်းဆန်းနေတာပဲ …ဗုဒ္ဓေါကြီး! "

စောင်ကိုဖယ်ခွာရင်း ဘေးကိုလှည့်လိုက်တော့ မေးထောက်ပြီးကြည့်နေတဲ့
အမျိုးကောင်းသားက ပြုံးပြုံးကြီး။

"နိုးပီလား သက်ပုံလေး "

ယောင်နနခေါင်းညိမ့်ပြလိုက်ရင်း

"အင်း… မင်းကဘာလုပ်နေတာလဲ"

"ဟီး သက်ပုံကိုကြည့်နေတာ။ "

အောင်မာ သွားလေးဖြဲပီးတောင်ရယ်ပြနေသေးတယ်။
သေချာတယ်ဒါကောင်းချီမဖြစ်နိုင်ဘူး။

"အဲ့ဒါဘာဖြစ်နေတာလဲ"

"ကြည့်နေတာပေါ့ "

"ဘာလို့ ကြည့်နေတာလဲ။ ငါ့ကို နှိုးလဲမနှိုးဘူး  နေတောင်မြင့်နေပီ"

သက်ပုံစူပုတ်ပုတ်နဲ့ အိပ်ယာထဲကဆင်းလိုက်သည်။ ဘယ်လောက်ပဲ လှနေပါစေ။ နှစ်ခြိုက်စွာအိပ်ပျော်နေသူက
ကြည့်ကောင်းမယ်ထင်သလား။
အနည်းဆုံးတော့ အနည်းငယ်အဆီပြန်ချင်တဲ့မျက်နှာနဲ့ ပွယောင်းနေတဲ့ဆံပင်တို့
ကကောင်းချီကို အပြည့်အဝ ချစ်ခင်စုံမက်စိတ်ကိုပေးနိုင်မည်မထင်။

"နေမြင့်တော့ဘာဖြစ်လဲ။ ချစ်တဲ့သက်ပုံ
အိပ်ရေးဝမှ မျက်နှာလေးပြည့်နေမှာပေါ့"

အမြဲ အိပ်ယာသိမ်းပေးတက်သူသည်
သက်ပုံမရှိတော့တာနဲ့ တခါထဲ အချိုးကျအောင် သိမ်းဆည်းနေပြန်သည်။
ကိုယ်ကသာ မလှမပဖြစ်နေမည်။
ကောင်းစင်သန့် ချီကတော့ မနက်ဆွမ်းမလောင်းခင်ကတည်းက ရေတစ်ခေါက်ချိုးနေကြမို့ ။ အခုလဲ ရွာထဲက ငွေတိုးပေးထားတဲ့ရွှေဆိုင်က လက်ဆောင်ပေးတဲ့ ခိုင် ရွှေဆိုင်ဆိုတဲ့တီရှပ်အဖြူလေးနဲ သပ်ရပ်သန့် ရှင်းနေလေသည်။

အဝတ်လှမ်းတဲ့ စင်ပေါ်က နှစ်ယောက်အတူသုံးတဲ့ ပန်းနုရောင် တဘတ်
အကြီးကြီးကို ပုခုံးပေါ်တင်ရင်း အခန်းပြင်မထွက်ခင် မှန်ကြည့်လိုက်သည်။
ပွယောင်းယောင်း ဆံပင်တွေကိုလက်နဲ့
သပ်ချကာ အရင်ကြည့်ကောင်းအောင်လုပ်လိုက်သည်။
ရာသီဥတုကမနေ့ ကနဲ့ မဆိုင်တော့။
ကြည်စင်နေတဲ့ အပြာရောင်ကောင်းကင်နဲ့ တိမ်ဖြူဖြူတို့ က ငွေမင်ရောင်တလဲ့လဲ့ဖြစ်နေတဲ့ မြစ်ကြောပေါ်မှာ အခန့် သား။
မြစ်ထဲမှာ ရေစီးအတိုင်းမျောနေတဲ့ လှေအသေးတို့ က ပိုက်ပြန်သိမ်းကာ
ရေထဲက ငါးတို့ ကို ရသလောက်ဖမ်းယူနေ၏။

"သက်ပုံ ။ မနက်စာ ဘာစားချင်လဲ "

" မသိဘူး။ မင်းဈေးမသွားရသေးဘူး
မို့ လား ငါရောလိုက်မယ်"

"အင်း…အဲ့ဒါဆို သက်ပုံ မျက်နှာသစ်လိုက်အုန်းကျွန်တော် ရေနွေးအိုးဖောက်ထားလိုက်အုန်းမယ်"

သက်ပုံ ခေါင်းညိမ့်ပြပီ ရေချိုးခန်းရှိရာ
သွားလိုက်သည်။
အမြန်အဆန်ပဲ သွားတိုက်မျက်နှာသစ်လုပ်ပြီးချိန်တွင် ကောင်းချီက အရန်သင့်အိမ်ရှေ့ မှာ ထိုင်စောင့်နေသည်။
အခန်းထဲသွားကာ ပုခုံးပေါ်ကအနည်းငယ်စိုထိုင်းတဲ့ တဘတ်ကို စင်မှာ
ပြန်ဖြန့် လှမ်းလိုက်သည်။
ဗီရိုထဲက တီရှပ်တထည်ကောက်စွပ်ကာညဝတ်နဲ့ လဲလှယ်လိုက်၏။
သက်ပုံအကျင့်က ညကဝတ်ထားတဲ့ အဝတ်တွေကို မနက်ပြန်မဝတ်တက်ခြင်းပေ။

"ok ပြီးပီ သွားရအောင်"

ခြံတောင်ဖက် မြေနေရာအလွတ်မှာ ခင်းကျင်းထားတဲ့ ဈေးနေရာကိုနှစ်ယောက်သား ဈေးဝယ်သွားတော့ မနက်ခင်းဈေးကနေမြင့်နေပီမို့ ပြန်တဲ့ဈေးသည်က ပြန်ကုန်ကျပီ။
"မနေ့ က ကုန်စိမ်းလက်ကျန်ရှိသေးတယ်လေ ။ မြသက် ဈေးလာမခင်းဘူးလား"

ရောင်းနေကျနေရာမှာ တခြား ဈေးသည်အချို့ က ခင်းကျင်းရောင်းချနေသည်မို့ ကောင်းချီကိုလှည့်မေးမိသည်။
မနေ့ ညက ကောင်းချီစိတ်ကောက်နေ၍
သက်ပုံ ဝင်လုပ်ပေးထားသည်မို့
ကုန်စိမ်းအနည်းငယ်ကျန်သေးတာကိုသိ၏။

"မနက်က အစောကြီး သပြေကုန်းရွာက
ဆွမ်းကပ်ရှိလို့ တဲ့ လာဝယ်သွားတယ်"

သပြေကုန်းဆိုတာ ကောင်းချီတို့ တံငါကုန်းနဲ့ ကပ်ရပ်ရွာပင်။
လိုအပ်သမျှကို တံငါကုန်းမှာပဲလာဝယ်ရသည်မို့ အနီးအနားရွာနီးချုပ်စပ်တွေကြားထဲတွင် တံငါကုန်းရွာ ဈေးကြီးပေမဲ့အတော်ကြီးစုံလင်စွာရောင်းချနိုင်သည်ဆိုရမယ်။
ပွဲလမ်းသဘင်နဲ့ အလှူအတန်းတချို့ ပြုလုပ်ဖို့ ဆိုရင် တံငါကုန်းရွာက ဘေးရွာတွေအတွက်ကတော့ အားကိုးရာဖြစ်သည်။

"သက်ပုံဘာဟင်းချက်မှာလဲ ဒီနေ့ "

"ပုဇွန်ထုပ်ဆီပြန်လေးချက်စားမလား"

"သက်ပုံသဘော "

မေးမိတာပဲ သက်ပုံမှားသည်။
တကယ်ဆို ကောင်းစင်သန့် ချီက သူဘာကြိုက်တက်သလဲဆိုတာတောင်သိသူမဟုတ်။ ကျွေးရင်စားလိုက်မည်။
ဘာမှချက်မထားရင် ထမင်းကြမ်းနဲ့ ငှက်ပျောသီးမှည့်နဲ့ တောင် ဖြစ်အောင်စားနိုင်တဲ့သူ။

ငါးသည်တချို့ က သက်ပုံတို့ လာတော့အလုအယက် အော်ဟစ်စပ်ကြသည်။
တော်တော်များများ ငါးတွေရောင်းမကုန်ကြသေး။
ရွာဈေးမို့ မကုန်ရင် နောက်ရက်ရောင်းရအောင် ရေခဲရိုက်ဖို့ ဆိုရင်တောင်ရေခဲရောင်းသူမရှိ။
ဆားနှယ်ပီး အငန်သိပ်ရင်သိပ်။ မဟုတ်ရင် … အခြောက်လှမ်းမှရမည်။

"အမ ဒါဘယ်ဈေးလဲ "

စတီးလင်ဗန်းနဲ့ ထည့်ထားတဲ့ ပုဇွန်ထုပ်တွေက
အကောင် ကြီးတယ်…မကြီးတယ်…
လက်မကြီးတွေကမဲတုတ်နေ၏။
တစ်ကောင်ကို တစ်ဆယ်သားကျော်တဲ့အနေထားမို့ လင်မယားနှစ်ယောက် တစ်ယောက်တစ်ကောင်နှုန်းဆိုရင်တောင်
အတော်ဝ လင်အောင် စားနိုင်တဲ့အနေအထားမှာ။
မန္တလေးမှာနေတုန်းကဆို သိပ်မကြီးတဲ့အရွယ်တောင် ဆိုင်မှာဝယ်စားရင် ၃ကောင်  ၅၀၀၀  ပေးမှစားရသည်။
ဒါတောင် ခေါင်းဖယ်… အခွံဖယ်နဲ့ ဝ, သည်ဟုပင်မထင်။

"တစ်ဆယ်သား ၁၈၀၀မောင်လေး။
နှစ်ဆယ်သားယူလေ ပိုထည့်ပေးမယ် "

ရောင်းချင်ရှာတဲ့ အမကြီးက သက်ပုံကိုမော့ကြည့်ရင်းမျှော်လင့်တကြီးကြည့်နေသည်။

"ဟုတ် အမ နှစ်ကောင်လောက်ချိန်ကြည့်ပေး "

ထိုအခါမှ ဝမ်းသာတကြီးချိန်ပေးရှာသည်။
နှစ်ကောင်ကို အစိတ်သားခန့် ရှိတာကြောင့် ကောင်းချီမျက်နှာကိုလှည့်ကြည့်လိုက်သည် ။ ဘယ်လိုပဲတွက်တွက် ဟင်းတခွက်ထဲနဲ့ ၄၀၀၀ကျော်တော့မည်မို့
ကပ်စီးနည်း ကောင်းချီနှမြောနေမလား
လို့ မျက်နှာရိပ်မျက်နှာကဲက ကြည့်ရသေးသည်။

ဘာအမူအရာမှမရှိပဲ ပိုက်ဆံအိတ်နှိုက်နေသည်မို့ ရှေ့ ပြန်လှည့်ကာ

"အမ ဘယ်လောက်ဖိုးလဲ ။ "

"နှစ်ဆယ်သားဖိုးပဲပေးပါမောင်လေး။
အမလဲမကုန်လို့ ဒုက္ခရောက်နေလို့ ပါ။
၃၅၀၀ပေးခဲ့နော်"

ဈေးကကိုယ်ကမဆစ်ရပဲ ရောင်းသူကလျော့ပေးနေသည်မို့ ကောင်းချီပေးတဲ့၅၀၀၀တန်ကိုယူပေးလိုက်သည်။

ပုဇွန် ဟင်းတခွက်ကတော့ရပီ။
ဈေးတပါတ်ပတ်ကြည့်ပီးသည်ထိ ဘာထပ်ချက်ရမလဲတွေးမရတော့။

"ကောင်းချီ ။ ဒန့် ဒလွန် ဟင်းချိုလေးချက်မလား။ ပုဇွန်စားရင် မင်းသွေးတိုးလိမ့်မယ်။ "

"သက်ပုံသဘော ။ ဒါပဲဝယ်မှာမို့ လား။
ဒါဆိုပြန်မယ်လေ။ "

လက်ထဲက ဆွဲထားတဲ့ ပုဇွန်ထည့်ထားတဲ့အိတ်ကိုလှမ်းယူကာ ကောင်းချီ ပြောလာ၏။
ကောင်းချီက သွေးတိုးတက်သည်မို့
အိမ်နောက်ဖေး ကမ်းနဖူးက ဒန့် ဒလွန်ပင်သည် သက်ပုံလက်ချက်ဖြင့် အရွက်တောင် မရင့်နိုင်တော့။
အရည်သောက် မပါရင် စားမမြိန်တက်၍
ဟင်းချိုဟင်းတခွက်ကို ခနတိုင်းထည့်ချက်
မိရာတွင် အိမ်တွင်ရှိတဲ့ ဒန့် ဒလွန်ညွန့် သည်အတော်အသုံးဝင်သည်။
အိမ်ပြန်လမ်းတွင် နောက်ထပ်ပိုလာသည်က ကြာဇံကြော် နှစ်ရာဖိုးနှစ်ထုပ်ဖြစ်သည်။
ဖန်ကဲလေးတော့ဒီနေ့ မသောက်တော့ပီ။
တစ်ထုတ်တစ်ရာတန် ကော်ဖီထုပ်လေးသည်လဲ ကောင်းချီမျက်နှာလေးကြောင့်
အရသာပိုရှိနိုင်လိမ့်မည်။

အိမ်ပြန်ရောက်တော့ ခြံတခြံလုံးမနေ့ က
လေပြင်းကြောင့်ကျိုးကျခဲ့တဲ့ ကိုင်းခြောက်တွေမရှိတော့။
ပြောင်းရှင်းနေတဲ့ မြေကြီးဝါဝါက မနက်အစောကြီးကောင်းချီလက်ချက်ဖြင့်
သန့် ရှင်းတောက်ပြောင်နေ၏။

မီးဖိုခန်းလဲပြေးကြည့်စရာမလို
စည်းကမ်းကျလှတဲ့ ကောင်းချီက သေချာ
ခုတ်ထစ်ထားတဲ့ သစ်ကိုင်းခြောက်တွေကို မီးထိုးရအောင် တစ်နေရာမှာစီပုံထားလိမ့်မည်။

နှစ်ယောက်သားစကားတပြောပြာနဲ့
မနက်စာစားနေစဉ် အိမ်မက်ထဲမှာပြောခဲ့ဘူးသော ဒေါ်အံ့မင်းစကားတို့ ကို
ကြားယောင်လာခဲ့သည်။

"ကောင်းချီ ဟိုဖက်ခြံဆိုရင် ဒီခေတ်ပေါက်ဈေးနဲ့ ဘယ်လောက်ရှိမလဲ"

ကောင်းချီက စဉ်းစားဟန်ပြုကာ……

"ဒီနေရာတွေက နေရာသိပ်မှမကောင်းတာဘာရှိမှာလဲ။ အလွန်ဆုံးရှိလှ ၆၀လောက်ပေါ့ "

"ဒါဆို ငါ့ကိုဝယ်ပေးပါ့လား။ ငါရချင်
လို့ "

"ဘာလို့ လဲ သက်ပုံ။ ခြံကျဉ်းလို့ လား။"

"မဟုတ်ဘူး။ ငါရချင်လို့ ။ မဟုတ်တောင် မင်းမှာ ဒီနှစ်သရက်ခြံကရတဲ့အမြတ်ရှိတာပဲ ။ အိတ်ထဲကထပ်ထုတ်ရတာမှမဟုတ်တာ။ နောင်လဲ ကိုယ့်လက်ထဲထားရင်တောင် မြေဈေးက တက်မှာပဲရှိတာ ကျသွားတယ်လို့ မှမရှိတာ "

"ကျွန်တော်က မဝယ်စေချင်လို့ ပြောတာမဟုတ်ပါဘူးခင်များရယ်။ သက်ပုံလိုချင်ရင် မြို့ လေးမှာဖြစ်ဖြစ် မန္တလေးမှာဖြစ်ဖြစ်ဝယ်ပါ့လား"

တကယ်လဲ သက်ပုံကို ကောင်းချီမြို့ မှာပဲထားချင်သည်။ မနေတောင် ခြံဝယ်တာခြင်းအတူတူ မြို့ မှာပဲဝယ်စေချင်သည်

"မြို့ ဆို မင်းမှာသိမ်းထားတဲ့ပိုက်ဆံတွေအကုန်ကုန်သွားမှာပေါ့။ နေရာကျဉ်းကျဉ်းတခုတောင်ရာချီနေတာကိုး။ "

အနည်းငယ် လေသံမာလာတဲ့သက်ပုံလေးကြောင့် ကောင်းချီခမျာ ရှေ့ ဆက်ထပ်မပြောရဲတော့။

"အင်းပါ သက်ပုံသဘောပါ။ ညနေကျ တောင်ရွာက ခြံပိုင်ရှင်ရဲ့အဒေါ်ဆီသွားမေးကြည့်လိုက်မယ်လေ … နော် ။ ပြုံးပြပါအုန်းခင်များရယ်။ ကျွန်တော်လိမ်မာတယ်မို့ လား"

ကော်ဖီခွက်လေး မော့သောက်ရင်း
ကောင်းချီစကားကြောင့်လူက ပြုံးချင်ချင်ဖြစ်လာ၏။
တကယ်တော့ သက်ပုံ အဲ့ဖက်ခြံကို မလိုချင်ပါ။ ဒေါ်အံ့မင်းမကျွတ်သေးဘူး
ခဏတိုင်းအိမ်မက်ပေးတယ်ဆိုတဲ့ စကားကို ကောင်းချီကို မပြောပြချင်တာမို့
ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ခြင်းသာ။
ခြံဝယ်မယ်။ ပြီးရင် ဘုန်းကြီးတွေဖိတ်ပီး
မြေနှုတ်တရားနာပီး တခါထဲ ဒေါ်အံ့မင်းအတွက် အမျှဝေပေးလိုက်မည်။

မလိုအပ်ဘူးဆိုပေမဲ့
နောက်ကျရင် အသုံးလိုချင်လိုလာနိုင်တာပဲ။ တတိတိနဲ့ ဖြတ်ရောင်းစားထားတဲ့မြနေရာမို့ အကျယ်အဝန်းက သိပ်ကြီး
မကျယ်တော့။
ဝယ်ပီးရင်တော့ အဲ့ဖက်ခြံမှာ အပင်တွေဘာတွေစိုက်မည်။
ဒန်းလေးတစ်ခုလဲထားသင့်သည်။
နောင်တချိန်ကလေးရလာခဲ့ရင် လွတ်လပ်စွာ ပြေးလွှားဆော့ကစားဖို့ နေရာပိုကျယ် တော့မကောင်းဘူးလား။
ငပိန်းကောင်းချီ က ဘယ်တော့မှ
ဘာမှသိမည်မဟုတ်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz