အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
24
တစ္နာရီးနီးပါးခန္ ့အႀကာတြင္
တံငါကုန္းရြာဆိုတဲ့ ဆိုင္းဘုတ္နဲ ့အတူ
ရြာအဝင္ဝက စာသင္ေက်ာင္းႀကီးကို
ျမင္ရေလသည္။
ျမန္ခ်င္တဲ့စိတ္နဲ ့ဖင္တႀကြႀကြ ဂဏာမျငိမ္မူ ့သည္ ရြာကိုျမင္မွ ေကာင္းခ်ီ အဆင္ေျပသြား၏။
ေနာက္တခါ ျမိဳ ့ေလးကို သူ
မလိုက္ဖို ့တခါထဲဆံုးျဖတ္ခ်က္ခ်လိုက္သည္။ အျပီးသတ္ သရက္ျခင္းေတြ တင္ေပးလိုက္ပီမို ့ေကာင္းခ်ီမွာ လုပ္စရာ အေထြအထူးမရွိေတာ့။
အိမ္မွာပဲ လုပ္လို ့ရတဲ့ အလုပ္ေတြမွအမ်ားႀကီးပဲ။
အဲ့ဒီထဲက ဝင္ေငြေကာင္းတဲ့ အလုပ္တခုကို ရွာကာ တည္တည္တန္ ့တန္ ့
သက္ပံုနားမွာပဲ ေနျပီး အလုပ္လုပ္မည္။
ျခံထဲကို ကားခ်ိဳးဝင္လိုက္တာနဲ ့ေကာင္းခ်ီခုန္ဆင္းဖို ့ျပင္ထားပီးသား။
လင္းထင္းေနတဲ့ မီးေရာင္ေအာက္မွာ
သက္ပံုက ေကာင္းခ်ီကို လွမ္းႀကည့္ေနတာကို ျမင္ေနရသည္မို ့လူက
ျပန္ပီ ဂဏာမျငိမ္ျဖစ္လာျပန္သည္။
ေလနီႀကမ္းသည္ သူမဟုတ္သလို
ျငိမ္သက္သြားကာ အိမ္ေရွ ့ေနရာလြတ္သည္ သစ္ကိုင္းေျခာက္မ်ားနဲ ့ျပည့္ေနသည္။
"ကိုထက္ … ေရာ့ ပိုက္ဆံ ။
ကားကို ဒီတိုင္းထိုးထားခဲ့ေတာ့ ထမင္းစားျပီးမွ မင္းမိန္းမနဲ ့ေဒၚေလးကိုလႊတ္လိုက္ ။ "
ပိုက္ဆံ တစ္ေသာင္းတန္ထိုးေပးကာ
သလဲပင္ကို ေပြ ့ကာ အိမ္ထဲဝင္လာခဲ့လိုက္သည္။
ခါတိုင္း အိမ္ေပါက္ဝကေနေစာင့္ေနတက္တဲ့ ေဖာက္သည္မိန္းမႀကီးေတြသည္
လည္းေလျပင္းေႀကာင့္ ေက်းဇူးတင္စြာ
တစ္ေယာက္မွမလာႀကေသး။
လာလည္း မိုးခ်ဳပ္မွသာ ထပ္လာေတာ ့ဟုေျပာကာ ျပန္လႊတ္လိုက္မည္။
မဟုတ္ေတာင္ ကိုယ့္ဆီကသာ
ေစ်းအခ်ိဳဆံုးမို ့သူတို ့မွာ ေရြးခ်ယ္ပိုင္ခြင့္မရွိ။
"သက္ပံု "
ခပ္က်ယ္က်ယ္အသံျပဳလိုက္ပီး အိမ္ထဲဝင္လာေသာ္လည္း သက္ပံုဆီမွထူးသံျပန္မႀကားရ။
အိမ္ထဲကေသာက္ေရးအိုးစင္ေဘးမွာ
သလဲပင္ေလးခ်ကာ သက္ပံုရွာပံုေတာ္ဖြင့္ရသည္။
သူတကယ္ေပြ ့ဖက္ခ်င္ေနပီမို ့
ရင္ဘတ္ႀကီးကယားသလိုလို …လက္ေတြကယားသလိုလို တကယ္ျဖစ္ေနသည္။
ေတြ ့ပါျပီ သူရဲ႕ ေမတၲာႀကိဳးစ ကေလး..
ကာကီေရာင္ခ်ည္ႀကိတ္သား ေဘာင္းဘီရွည္ေလးနဲ ့ေကာင္းခ်ီရဲ့ အကြက္လက္ရွည္ တထည္ကိုဝတ္ဆင္ထားတဲ့ သက္ပံုကမီးဖိုခန္းမွာ ထမင္းခူးခပ္ေန၏။
"သက္ပံု "
ေကာင္းခ်ီ ေဘးနားမွာရပ္ျပီးဝမ္းသာအားရေခၚလိုက္၏။သို႔ေသာ္
သက္ပံုက ထမင္းခူးခပ္ေနရာမွ ျပန္လွည့္ၾကည့္မလာရုံသာမက ျပန္လည္းမထူးေပ။
ခပ္တည္တည္မ်က္နွာထားေလးေႀကာင့္
ေကာင္းခ်ီမ်က္နွာေလးငယ္ေနေလျပီ။
သက္ပံု စိတ္ဆိုးေနတယ္။
သက္ပံုစိတ္ဆိုးရင္ သူဖက္လို ့မရေတာ့။
ယားယံေနတဲ့ရင္ဘတ္ကို လက္ဖဝါးနဲ ့ပြတ္ကာ သက္ပံုသြားေလရာ တေကာက္ေကာက္လိုက္ေနမိသည္။
မထူးတဲ့ သူကိုလည္း ထပ္မေခၚရဲပါ။
ဘာကိုစိတ္ဆိုးေနလည္း ေကာင္းခ်ီ မသိ။
မနက္က စိတ္ေကာက္ေျပပီလို ့ေကာင္းခ်ီထင္ထားတာ မွားမ်ားေနသလား။
မနက္ကတည္းက စိတ္ေကာက္မေျပေသးတာလား။ ဒါမွမဟုတ္ ေနာက္တခါထပ္ ဆိုးတာလား။
ေဝ့ခ်ာလည္ေနတဲ့ အေတြးတို ့ေႀကာင့္
ေခါင္းေတြေတာင္မူးခ်င္ေနသလို ။
ဘာမွမေျပာပဲ ေကာင္းခ်ီအတြက္ပါ ထမင္းပန္းကန္ခူးေပးထားတာေႀကာင့္လက္ေျပးေဆးကာ မ်က္နွာျခင္းဆိုင္မွာ
သက္ပံုမ်က္နွာေလးကိုႀကည့္ကာ ဝင္ထိုင္လိုက္ရသည္။
"သက္ပံု က်ြန္ေတာ္ သလဲပင္ေလးဝယ္လာတယ္။ အဖူးေလးေတြေရာပါလို ့အသီးသီးဖို ့သက္ပံုအႀကာႀကီးေစာင့္ေနစရာမလိုေတာ့ဘူးသိလား"
"……"
"ပုရစ္ေႀကာ္ေတြပါ့လား။ ေရာ့ သက္ပံု
စားႀကည့္အရမ္းေကာင္း……"
ပန္းကန္ထဲကို လွမ္းထည့္ေပးမဲ့ လက္
တို ့သည္ စားပြဲေစာင္းေပၚမွာေပါက္ကနဲ
က်သြားေသာ ေရေပါက္ကေလးေႀကာင့္
ရပ္တန္ ့သြား၏။
"သက္ပံု ခင္ဗ်ားငိုေနတာလား "
စားပြဲၿခားေနတဲ့ ေကာင္းခ်ီက သက္ပံုေဘးဘယ္လိုေရာက္သြားလဲ မသိတက္ေတာ့။
သမံသလင္းေပၚဒူးေထာက္ထိုင္ရင္း
လက္ပံုလက္ဖမိုးတို ့ကို ဆုပ္ကိုင္လိုက္သည္။
သူမရွိတုန္း သက္ပံုမ်ားတခုခုျဖစ္သလား။
စိုးရိမ္စိတ္က တကိုယ္လံုး တုန္ရင္လာေစသလို။
ေခါင္းငံု ့ထားသည္ေႀကာင့္သက္ပံုမ်က္နွာကိုမျမင္ရေသး။
"သက္ပံု …သက္ပံု က်ြန္ေတာ့္ကိုႀကည့္ပါ။ ဒီကိုႀကည့္"
အူယားလြန္းလို ့အျမဲေငးႀကည့္ခဲ့ရတဲ့
သက္ပံုရဲ့ ေမးစိလံုးလံုးေလးကိုလည္း
ေကာင္းခ်ီထိေတြ႕ၿပီး မေစခိုင္းရဲပါ။
လက္ဖမိုးေတြကိုသာဆုပ္ကိုင္ထားရင္း
ေကာင္းခ်ီတစ္ေယာက္လမ္းေပ်ာက္ေနမိသည္။
"ဘာလို ့လဲ သက္ပံုရယ္ ။
က်ြန္ေတာ္ကို ႀကည့္ပါဆို။ ဘာလို ့ငိုတာလဲ ေျပာပါ ။ က်ြန္ေတာ္ကိုေျပာပါဆို"
ေျပာမရေတာ့ ေကာင္းခ်ီ ငိုသံေတြပါ ပါလာရသည္။
လွဳပ္ခတ္ပီး ေမးလိုက္ခ်င္ေပမဲ့ သက္ပံုကိုေတာ့ ႀကမ္းႀကမ္းတမ္းတမ္းမလုပ္ရက္ေပ။
"ဘာေျပာရမွာလဲ ။ သြား…မင္းငယ္က်ြမ္းေဆြကုိသြားေမး။ ဖယ္ … "
ဆုပ္ကိုင္ထားတဲ့ ေကာင္းခ်ီလက္ကိုရုိက္ထုတ္ပီး ေဒါသတႀကီးေအာ္ကာ
ထမင္းစားစားပြဲကေန သက္ပံု ထထြက္သြား၏။
"ဘယ္ငယ္က်ြမ္းေဆြလဲ။ သက္ပံုဘာေတြေျပာေနတာလဲ။ က်ြန္ေတာ္ေမးေနတာ
သက္ပံု ဘာလို ့ငိုတာလဲပဲသိခ်င္တယ္ ။
က်န္တာလာမေျပာနဲ ့"
သက္ပံုသြားေလရာ တေကာက္ေကာက္လိုက္ကာ ပါးေပၚစီးက်လာတဲ့ မ်က္ရည္ေတြကို အႀကမ္းပတမ္းသုတ္ရင္း
ေကာင္းခ်ီေျပာလိုက္သည္။
မရေတာ့ဘူး။ ဘာေႀကာင့္ငိုရသလဲေကာင္းခ်ီမသိပါ။
သူသိပ္ဝမ္းနည္းေနတာပဲသိသည္။
ငိုခ်င္ရက္လက္တို ့ဆိုသလို သက္ပံုရဲ့အျပဳအမူအေျပာဆိုတို ့သည္ေကာင္းခ်ီကိုအေတာ္ေလးဝမ္းနည္းေစသည္။
သူဘယ္ေလာက္ ခံစားရခံစားရ သက္ပံုကိုေလသံမာမာနဲ ့ေတာင္ ခုထိမေျပာဖူးေသး။
အိပ္ခန္းတြင္းဝင္သြားတဲ့ သက္ပံုေနာက္လိုက္ရင္းတေနကုန္ဘာမွမစားရေသးတဲ့ဝမ္းက တက်ဳတ္က်ဳတ္ျမည္ေနေပမဲ့
သူဂရုမစိုက္မိ။
"သက္ပံု အဲ့လိုမလုပ္ပါနဲ ့။
ေျပာျပပါခင္ဗ်ားရယ္"
အိပ္ယာေပၚမွာ သက္ပံုကေက်ာေပးထိုင္ေနေလရဲ့။
ခ်စ္ရသူအဖို ့ေက်ာေပးထားတာေတာင္
ေကာင္းခ်ီအတြက္ ရူးခ်င္စရာေကာင္းေနပီ။
ကုတင္ကိုတပတ္ပတ္ကာ
သက္ပံုမ်က္နွာျမင္ရတဲ့ေနရာမွာရပ္တန္ ့လိုက္သည္။
သက္ပံုက ေကာင္းခ်ီကို ဘာမွဆက္မေျပာေတာ့ပဲ… အံႀကိတ္ကာ ငိုေန၏။
သက္ပံုက ေကာင္းခ်ီအတြက္အေျဖရွာမရတဲ့ပုစၦာတပုဒ္လိုပဲ။ အခ်ိန္တိုင္း …
ဘယ္ေလာက္ႀကိဳးစားႀကိဳးစား အေျဖ
သိဖို ့ခက္လွသည္။
သက္ပံုမ်က္ရည္ေတြက ေကာင္းခ်ီအတြက္ အသြားထက္တဲ့ ဓားတစင္းလိုပဲ
အရမ္းနာက်င္ရသည္။
ဘယ္လိုမွ ႀကည့္ေနဖို ့အဆင္မေျပေတာ့တာေႀကာင့္ ေကာင္းခ်ီအခန္းထဲကေနေျပးထြက္သြားလိုက္၏။
တကမၻာလံုးသက္ပံုတစ္ေယာက္ကိုသာ လူလို ့ထင္တဲ့ ေကာင္းခ်ီအတြက္ကေတာ့ အေပါင္းမသင္းမရွိ၊ဘာမရွိနဲ ့ေျပးစရာေျမရွားပါးလွသည္။
ဘယ္မွလည္း မသြားတက္သလို သက္ပံုတစ္ေယာက္ထဲကိုလည္း ထားခဲ့ဖို ့စိတ္မခ်သည္ေႀကာင့္ ေကာင္းခ်ီ ျခံေထာင့္က ေရခ်ိဳးခန္းေလးဆီကာ လာခဲ့မိ၏။
အနည္းငယ္ေမွာင္ရိပ္က်ေနေသာ ေဘးမွာ
မိုးကာကာထားတဲ့ ေရခ်ိဳးခန္းထဲက
ေက်ာက္ျပားေပၚမွာ ဒူးေပၚမ်က္နွာအပ္ရင္း ေကာင္းခ်ီဝမ္းနည္းစြာငိုေႀကြးလိုက္မိသည္။
တေန ့လံုးဘာမွမစားခဲ့ရသည္ေႀကာင့္
ဝမ္းသည္ ဟာတာတာျဖစ္ရုံမက
ဒူးေတြတုန္ေအာင္ထိ ေကာင္းခ်ီ ျဖစ္ေန၏။
အိမ္ျပန္ေရာက္ေရာက္ျခင္းသက္ပံုကိုေပြ ့ဖက္ရင္းအလြမ္းေျပမွထမင္းစားမယ္ဟုေတြးထားမိေပမဲ့ ခုေတာ့ သူ ဘာမွမစားနိုင္ေတာ့ေခ်။
ခုတေလာ သူတို ့အိမ္ေထာင္ေရးသည္ ဘယ္ေလာက္ေျပလည္ေအာင္ေနခ်င္ပါေသာ္ျငားလည္း အဆင္မေျပမူ ့ေတြနဲ ့သာ
ႀကံဳေတြ ့ေနရသည္။
သက္ပံုကို ငိုဖို ့ေနေနသာသာ
မ်က္နွာညိုးေနရင္ေတာင္ ေကာင္းခ်ီမႀကိဳက္ပါ။
သက္ပံုကိုအခ်ိန္တိုင္းေပ်ာ္ေအာင္ထားနိုင္မယ္လို ့ေကာင္းခ်ီေမ်ွာ္လင့္ထားေပမဲ့
ခုေတာ့ သက္ပံု သူ ့ေႀကာင့္ငိုေနရေလျပီ ။
သူတကယ္မေကာင္းတဲ့ေကာင္ပင္။
ဝမ္းနည္းစြာ ဒူးကိုေပြ ့ကာ ေခါင္းတင္ရင္းေကာင္းခ်ီ ငိုေနမိသည္။
----
"ကိုေကာင္းေရ ငါတို ့ဝင္လာျပီေနာ္။
ဒီမွာ ေဖာက္သည္ယူမဲ့သူေတြလာေနပီ"
အိမ္ေရွ ့ကေဒၚေလးျမရင္အသံေႀကာင့္
သက္ပံု မ်က္ရည္သုတ္ကာ အခန္းထဲကေနထြက္လာရသည္။
ေကာင္းခ်ီ ဘယ္ထြက္သြားမွန္းမသိ။
အိမ္မွာကိုယ္တစ္ေယာက္ထဲရွိေနတာေႀကာင့္ မ်က္နွာလြဲခဲပစ္လုပ္ဖို ့ေတာ့
သက္ပံုမလုပ္ခ်င္။
"ရွိတယ္ေဒၚေလး။ က်ြန္ေတာ္လာျပီ"
သက္ပံုထြက္သြားေတာ့ ကိုထက္က
ကားကိုခ်ည္ထားတဲ့ မိုးကားႀကိဳးေတြကိုျဖဳတ္ေပးေနသည္။
ေဒၚေလးျမရင္ က သူလုပ္ေနႀကအတိုင္း
ကားေပၚက…ကိုထက္ခ်ေပးထားတဲ့ ကုန္စိမ္းေတြကို ေသျခာေရတြက္ျပီးေပးေနသည္။
စိတ္မပါေပမဲ့ သက္ပံုေသခ်ာ စားရင္းမွတ္ေပးေနမိသည္။ မိုးခ်ဳပ္ေနျပီမို ့ေကာင္းခ်ီဘယ္သြားသလဲ သက္ပံု မသိ။
ေဒၚေလးကလည္း ဒီအခ်ိန္ ေကာင္းခ်ီ
နားေနမယ္ထင္လို ့ဘယ္မွာလဲလို ့မေမး။
အသီးသီး လာယူစရာေတြလာယူျပီးခ်ိန္ထိ ေကာင္းခ်ီ ျပန္ေရာက္မလာခဲ့ေပ။
ေကာင္းခ်ီနဲ ့မွအတူစားမယ္လို ့ေတြးထားတဲ့ထမင္းဝိုင္းကိုလဲ တစ္ေယာက္ထဲ
မစားလိုေပ။
တခါမွခုလို ထြက္မသြားဘူးသည္ေႀကာင့္
သက္ပံုစိတ္လည္းဆိုးသလိုစိတ္လည္းပူမိသည္။
ေဒၚေလးတို ့ျပန္သြားခ်ိန္တြင္ သက္ပံု
ေဝ့သီလာတဲ့ မ်က္ရည္စေတြကိုသုတ္ရင္း
မ်က္နွာသစ္ဖို ့ဆပ္ျပာျခင္းေလးေကာက္ကိုင္လိုက္သည္။
ဒီထပ္မိုးခ်ဳပ္ရင္ေတာ့ ကိုထက္ကိုဖုန္းဆက္ျပီး လိုက္ရွာခိုင္းရမည္။
သက္ျပင္းခ်ကာ ေလးဖင့္တဲ့ေျခလွမ္းေတြနဲ ့ေရခ်ိဳးခန္းဆီကိုတေရြ ့ေရြ ့သြားေနမိသည္။
"ဟင္ "
ေရခ်ိဳးခန္းသည္မီးႀကိဳးသြယ္မထားတာေႀကာင့္ အနည္းငယ္ေမွာင္ေနသည္။
ျခံထဲထြန္းထားတဲ့ မီးေရာင္ေႀကာင့္ ေမွာင္ေနေပမဲ့လဲ ရွင္းလင္းစြာေတာ့ ျမင္နိုင္ေသးသည္။
ထိုအခန္းငယ္တြင္းမွာ ေက်ာက္ေရကန္ကိုမွီကာ ဒူးပိုက္ပီး အိပ္ေနတဲ့ ေကာင္းခ်ီ။
ေစာေစာက ေဒါသေတြနဲ ့မေက်လည္မူ ့ေတြက သနားစရာေကာင္းခ်ီေလးေႀကာင့္ ႀကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ကုန္သည္။
သူတပါးရြယ္တူေတြေကာင္ေလးေတြလို
အေပါင္းသင္းမရွိတဲ့ေကာင္းခ်ီေလးသည္
သြားစရာ ေနရာမရွိေလဟန္။
စိတ္ဆိုးဝမ္းနည္းတာေတာင္ သက္ပံုကိုထားမသြားခဲ့တဲ့ေကာင္းခ်ီ။
သက္ပံု အသည္းစြဲေအာင္ရုိးသားလြန္းတဲ့ေကာင္ငယ္ေလး။
ျမတ္နိုးစိတ္တို ့နဲ ့ဒီတခါစီးက်လာတဲ့
မ်က္ရည္ေတြကိုသက္ပံုမသုတ္မိေတာ့။
ဆပ္ျပာခြက္ကိုေဘးကသံခ်ိတ္ကိုခ်ိတ္လိုက္ပီး ေကာင္းခ်ီနား တေရြ ့ေရြ ့တိုးကပ္သြားမိ၏။
အနားမွာဒူးေထာက္ထိုင္ကာေမွာက္အိပ္ေနတဲ့ ေကာင္းခ်ီ ေက်ာေပၚမ်က္နွာအပ္ကာသက္ပံု သိမ္းႀကံဳးဖက္လိုက္သည္။
"ငါ့ကိုအျမဲလူဆိုးျဖစ္ေအာင္မင္းသိပ္လုပ္တာပဲ ေကာင္းခ်ီေလး "
ခပ္တိုးတိုး သက္ပံုဆိုလိုက္ေတာ့
အင့္ကနဲ ့ငိုရွဳိက္သံေလးထြက္လာပီး
ေကာင္းခ်ီေခါင္းေမာ့လာခဲ့သည္။
နီရဲေနေသာ မ်က္ခမ္းစပ္တို ့နဲ ့
ေဝ့သီေနတဲ့ မ်က္ရည္စတို ့ေႀကာင့္
သက္ပံု ပါ ငိုခ်င္လာသည္။
ငအေလးေကာင္းခ်ီသည္ ခုလို ငိုတက္သည္လား။
ခံစားခ်က္ကိုထုတ္ေဖာ္ျပသဖို ့
ေကာင္းခ်ီကို ဘယ္လို သင္ျပေပးရမွာလဲ။
ဖြဖြေလးမ်က္ရည္စေတြကိုသုတ္ေပးမိေတာ့ …ေကာင္းခ်ီပိုဝမ္းနည္းလာသည္ထင္
မ်က္ရည္က်တာမရပ္ေတာ့။
"သက္ပံု …သက္ပံု "
ရွဳိက္သံေတြေႀကာင့္ သက္ပံုဆိုတဲ့နာမည္ကိုေတာင္ ေကာင္းေကာင္း မေျပာနိုင္ေတာ့ၿပီ။
"မေျပာနဲ ့ေကာင္းခ်ီ။ ငါမင္းကိုစိတ္ဆိုးေနတုန္း။ "
"မဆိုးပါနဲ ့ေတာ့ သက္ပံုရယ္။
မဆိုးပါနဲ ့ေတာ့ ။ က်ြန္ေတာ္ေတာင္းပန္ပါတယ္ေနာ္"
အတင္းေပြ ့ဖက္လာတဲ့ ေကာင္းခ်ီကေသြးရူးတန္းရူးတတြတ္တြတ္ေျပာေနေလသည္။
ႀကာေတာ့ စိတ္ဆိုးရတဲ့ သူက သနားလာရသည္မို ့……
"မငိုေတာ့နဲ ့။ ငါ့ကိုခ်စ္ရင္မငိုေတာ့နဲ ့။
ငါစိတ္ဆိုးရင္ မရမကေမးရမွာမင္းအလုပ္မဟုတ္ဘူးလား။ အျမဲေရွာင္ကြင္းသြားတာ ငါမႀကိဳက္ဘူး။တိတ္… မင္းေယာက်ာ္းမဟုတ္ဘူးလား။ နွပ္ေတြေတာင္ထြက္ေနျပီ"
သက္ပံု စိတ္ေျပာင္းသြားေအာင္ ေခ်ာ့လိုက္ေပမဲ့ ေကာင္းခ်ီက ငိုေနတုန္းရွိေသးတယ္။
"က်ြန္ေတာ္ အရမ္းဝမ္းနည္းတာပဲ။
ထမင္းလည္းမစားရေသးဘူး။ ဗိုက္လည္းအရမ္းဆာေနျပီ။ အင့္…သက္ပံုကိုဖက္ထားတာလဲမလႊတ္ခ်င္ေသးဘူး။ က်ြန္ေတာ္ျပန္ေရာက္ေရာက္ျခင္းသက္ပံုကိုဖက္ထားခ်င္တာ ဟင့္။ "
"အင္း ျပီးမွဖက္ေတာ့မင္းကိုတညလံုးေပးဖက္မယ္။ ခုေတာ့ ထေတာ့ မင္းေရလည္းမခ်ိဳးရေသးဘူး။ ထမင္းလည္းမစားရေသးဘူးေနာက္က်ေနျပီ"
"ဟင့္အင္ ေရမခ်ိဳးခ်င္ေတာ့ဘူး။
ေခ်ြးေစာ္နံေနလည္း ခင္ဗ်ားသည္းခံေပး။
ထမင္းလည္းမစားေတာ့ဘူး။က်ြန္ေတာ္ဒီတိုင္းဖက္ထားလို ့ရတယ္မို ့လား"
တင္းႀကပ္စြာေပြ ့ဖက္ပစ္လိုက္တာေႀကာင့္ ခါးနာသြားေသာ္လည္း မရုန္းဖယ္ရက္။
နာရီဝက္နီးပါးေလာက္ေခ်ာ့ေမာ့ေျဖာင့္ဖ်
လိုက္မွ ထမင္းစာ၊ းေရခ်ိဳးျခင္းအလုပ္ကိုလုပ္သည္။
အိပ္ခန္းထဲဝင္လိုက္တာနဲ ့
ျခင္ေတာင္အတင္းခ်ကာ သက္ပံုကိုဆြဲေပြ ့ကာ နည္းနည္းလံုးမလႊတ္ေတာ့။
စိတ္ဆိုးတာက သက္ပံုပါ။
ေဘာက္မဲ့ေႀကာင့္ သက္ပံုကျပန္ေခ်ာ့ေနရပါသလဲ။
အသက္ငယ္တဲ့ ေကာင္ေလးေတြကိုခ်စ္မိရင္ခုလို ကိုယ့္ဖက္ကပဲေခ်ာ့ရသလား။
စဥ္းစားစရာပဲ။
ခ်စ္တဲ့အိမ္စည္။
တစ်နာရီးနီးပါးခန့် အကြာတွင်
တံငါကုန်းရွာဆိုတဲ့ ဆိုင်းဘုတ်နဲ့ အတူ
ရွာအဝင်ဝက စာသင်ကျောင်းကြီးကို
မြင်ရလေသည်။
မြန်ချင်တဲ့စိတ်နဲ့ ဖင်တကြွကြွ ဂဏာမငြိမ်မူ့ သည် ရွာကိုမြင်မှ ကောင်းချီ အဆင်ပြေသွား၏။
နောက်တခါ မြို့ လေးကို သူ
မလိုက်ဖို့ တခါထဲဆုံးဖြတ်ချက်ချလိုက်သည်။ အပြီးသတ် သရက်ခြင်းတွေ တင်ပေးလိုက်ပီမို့ ကောင်းချီမှာ လုပ်စရာ အထွေအထူးမရှိတော့။
အိမ်မှာပဲ လုပ်လို့ ရတဲ့ အလုပ်တွေမှအများကြီးပဲ။
အဲ့ဒီထဲက ဝင်ငွေကောင်းတဲ့ အလုပ်တခုကို ရှာကာ တည်တည်တန့် တန့်
သက်ပုံနားမှာပဲ နေပြီး အလုပ်လုပ်မည်။
ခြံထဲကို ကားချိုးဝင်လိုက်တာနဲ့ ကောင်းချီခုန်ဆင်းဖို့ ပြင်ထားပီးသား။
လင်းထင်းနေတဲ့ မီးရောင်အောက်မှာ
သက်ပုံက ကောင်းချီကို လှမ်းကြည့်နေတာကို မြင်နေရသည်မို့ လူက
ပြန်ပီ ဂဏာမငြိမ်ဖြစ်လာပြန်သည်။
လေနီကြမ်းသည် သူမဟုတ်သလို
ငြိမ်သက်သွားကာ အိမ်ရှေ့ နေရာလွတ်သည် သစ်ကိုင်းခြောက်များနဲ့ ပြည့်နေသည်။
"ကိုထက် … ရော့ ပိုက်ဆံ ။
ကားကို ဒီတိုင်းထိုးထားခဲ့တော့ ထမင်းစားပြီးမှ မင်းမိန်းမနဲ့ ဒေါ်လေးကိုလွှတ်လိုက် ။ "
ပိုက်ဆံ တစ်သောင်းတန်ထိုးပေးကာ
သလဲပင်ကို ပွေ့ ကာ အိမ်ထဲဝင်လာခဲ့လိုက်သည်။
ခါတိုင်း အိမ်ပေါက်ဝကနေစောင့်နေတက်တဲ့ ဖောက်သည်မိန်းမကြီးတွေသည်
လည်းလေပြင်းကြောင့် ကျေးဇူးတင်စွာ
တစ်ယောက်မှမလာကြသေး။
လာလည်း မိုးချုပ်မှသာ ထပ်လာတော့ ဟုပြောကာ ပြန်လွှတ်လိုက်မည်။
မဟုတ်တောင် ကိုယ့်ဆီကသာ
ဈေးအချိုဆုံးမို့ သူတို့ မှာ ရွေးချယ်ပိုင်ခွင့်မရှိ။
"သက်ပုံ "
ခပ်ကျယ်ကျယ်အသံပြုလိုက်ပီး အိမ်ထဲဝင်လာသော်လည်း သက်ပုံဆီမှထူးသံပြန်မကြားရ။
အိမ်ထဲကသောက်ရေးအိုးစင်ဘေးမှာ
သလဲပင်လေးချကာ သက်ပုံရှာပုံတော်ဖွင့်ရသည်။
သူတကယ်ပွေ့ ဖက်ချင်နေပီမို့
ရင်ဘတ်ကြီးကယားသလိုလို …လက်တွေကယားသလိုလို တကယ်ဖြစ်နေသည်။
တွေ့ ပါပြီ သူရဲ့ မေတ္တာကြိုးစ ကလေး..
ကာကီရောင်ချည်ကြိတ်သား ဘောင်းဘီရှည်လေးနဲ့ ကောင်းချီရဲ့ အကွက်လက်ရှည် တထည်ကိုဝတ်ဆင်ထားတဲ့ သက်ပုံကမီးဖိုခန်းမှာ ထမင်းခူးခပ်နေ၏။
"သက်ပုံ "
ကောင်းချီ ဘေးနားမှာရပ်ပြီးဝမ်းသာအားရခေါ်လိုက်၏။သို့သော်
သက်ပုံက ထမင်းခူးခပ်နေရာမှ ပြန်လှည့်ကြည့်မလာရုံသာမက ပြန်လည်းမထူးပေ။
ခပ်တည်တည်မျက်နှာထားလေးကြောင့်
ကောင်းချီမျက်နှာလေးငယ်နေလေပြီ။
သက်ပုံ စိတ်ဆိုးနေတယ်။
သက်ပုံစိတ်ဆိုးရင် သူဖက်လို့ မရတော့။
ယားယံနေတဲ့ရင်ဘတ်ကို လက်ဖဝါးနဲ့ ပွတ်ကာ သက်ပုံသွားလေရာ တကောက်ကောက်လိုက်နေမိသည်။
မထူးတဲ့ သူကိုလည်း ထပ်မခေါ်ရဲပါ။
ဘာကိုစိတ်ဆိုးနေလည်း ကောင်းချီ မသိ။
မနက်က စိတ်ကောက်ပြေပီလို့ ကောင်းချီထင်ထားတာ မှားများနေသလား။
မနက်ကတည်းက စိတ်ကောက်မပြေသေးတာလား။ ဒါမှမဟုတ် နောက်တခါထပ် ဆိုးတာလား။
ဝေ့ချာလည်နေတဲ့ အတွေးတို့ ကြောင့်
ခေါင်းတွေတောင်မူးချင်နေသလို ။
ဘာမှမပြောပဲ ကောင်းချီအတွက်ပါ ထမင်းပန်းကန်ခူးပေးထားတာကြောင့်လက်ပြေးဆေးကာ မျက်နှာခြင်းဆိုင်မှာ
သက်ပုံမျက်နှာလေးကိုကြည့်ကာ ဝင်ထိုင်လိုက်ရသည်။
"သက်ပုံ ကျွန်တော် သလဲပင်လေးဝယ်လာတယ်။ အဖူးလေးတွေရောပါလို့ အသီးသီးဖို့ သက်ပုံအကြာကြီးစောင့်နေစရာမလိုတော့ဘူးသိလား"
"……"
"ပုရစ်ကြော်တွေပါ့လား။ ရော့ သက်ပုံ
စားကြည့်အရမ်းကောင်း……"
ပန်းကန်ထဲကို လှမ်းထည့်ပေးမဲ့ လက်
တို့ သည် စားပွဲစောင်းပေါ်မှာပေါက်ကနဲ
ကျသွားသော ရေပေါက်ကလေးကြောင့်
ရပ်တန့် သွား၏။
"သက်ပုံ ခင်ဗျားငိုနေတာလား "
စားပွဲခြားနေတဲ့ ကောင်းချီက သက်ပုံဘေးဘယ်လိုရောက်သွားလဲ မသိတက်တော့။
သမံသလင်းပေါ်ဒူးထောက်ထိုင်ရင်း
လက်ပုံလက်ဖမိုးတို့ ကို ဆုပ်ကိုင်လိုက်သည်။
သူမရှိတုန်း သက်ပုံများတခုခုဖြစ်သလား။
စိုးရိမ်စိတ်က တကိုယ်လုံး တုန်ရင်လာစေသလို။
ခေါင်းငုံ့ ထားသည်ကြောင့်သက်ပုံမျက်နှာကိုမမြင်ရသေး။
"သက်ပုံ …သက်ပုံ ကျွန်တော့်ကိုကြည့်ပါ။ ဒီကိုကြည့်"
အူယားလွန်းလို့ အမြဲငေးကြည့်ခဲ့ရတဲ့
သက်ပုံရဲ့ မေးစိလုံးလုံးလေးကိုလည်း
ကောင်းချီထိတွေ့ပြီး မစေခိုင်းရဲပါ။
လက်ဖမိုးတွေကိုသာဆုပ်ကိုင်ထားရင်း
ကောင်းချီတစ်ယောက်လမ်းပျောက်နေမိသည်။
"ဘာလို့ လဲ သက်ပုံရယ် ။
ကျွန်တော်ကို ကြည့်ပါဆို။ ဘာလို့ ငိုတာလဲ ပြောပါ ။ ကျွန်တော်ကိုပြောပါဆို"
ပြောမရတော့ ကောင်းချီ ငိုသံတွေပါ ပါလာရသည်။
လှုပ်ခတ်ပီး မေးလိုက်ချင်ပေမဲ့ သက်ပုံကိုတော့ ကြမ်းကြမ်းတမ်းတမ်းမလုပ်ရက်ပေ။
"ဘာပြောရမှာလဲ ။ သွား…မင်းငယ်ကျွမ်းဆွေကိုသွားမေး။ ဖယ် … "
ဆုပ်ကိုင်ထားတဲ့ ကောင်းချီလက်ကိုရိုက်ထုတ်ပီး ဒေါသတကြီးအော်ကာ
ထမင်းစားစားပွဲကနေ သက်ပုံ ထထွက်သွား၏။
"ဘယ်ငယ်ကျွမ်းဆွေလဲ။ သက်ပုံဘာတွေပြောနေတာလဲ။ ကျွန်တော်မေးနေတာ
သက်ပုံ ဘာလို့ ငိုတာလဲပဲသိချင်တယ် ။
ကျန်တာလာမပြောနဲ့ "
သက်ပုံသွားလေရာ တကောက်ကောက်လိုက်ကာ ပါးပေါ်စီးကျလာတဲ့ မျက်ရည်တွေကို အကြမ်းပတမ်းသုတ်ရင်း
ကောင်းချီပြောလိုက်သည်။
မရတော့ဘူး။ ဘာကြောင့်ငိုရသလဲကောင်းချီမသိပါ။
သူသိပ်ဝမ်းနည်းနေတာပဲသိသည်။
ငိုချင်ရက်လက်တို့ ဆိုသလို သက်ပုံရဲ့အပြုအမူအပြောဆိုတို့ သည်ကောင်းချီကိုအတော်လေးဝမ်းနည်းစေသည်။
သူဘယ်လောက် ခံစားရခံစားရ သက်ပုံကိုလေသံမာမာနဲ့ တောင် ခုထိမပြောဖူးသေး။
အိပ်ခန်းတွင်းဝင်သွားတဲ့ သက်ပုံနောက်လိုက်ရင်းတနေကုန်ဘာမှမစားရသေးတဲ့ဝမ်းက တကျုတ်ကျုတ်မြည်နေပေမဲ့
သူဂရုမစိုက်မိ။
"သက်ပုံ အဲ့လိုမလုပ်ပါနဲ့ ။
ပြောပြပါခင်ဗျားရယ်"
အိပ်ယာပေါ်မှာ သက်ပုံကကျောပေးထိုင်နေလေရဲ့။
ချစ်ရသူအဖို့ ကျောပေးထားတာတောင်
ကောင်းချီအတွက် ရူးချင်စရာကောင်းနေပီ။
ကုတင်ကိုတပတ်ပတ်ကာ
သက်ပုံမျက်နှာမြင်ရတဲ့နေရာမှာရပ်တန့် လိုက်သည်။
သက်ပုံက ကောင်းချီကို ဘာမှဆက်မပြောတော့ပဲ… အံကြိတ်ကာ ငိုနေ၏။
သက်ပုံက ကောင်းချီအတွက်အဖြေရှာမရတဲ့ပုစ္ဆာတပုဒ်လိုပဲ။ အချိန်တိုင်း …
ဘယ်လောက်ကြိုးစားကြိုးစား အဖြေ
သိဖို့ ခက်လှသည်။
သက်ပုံမျက်ရည်တွေက ကောင်းချီအတွက် အသွားထက်တဲ့ ဓားတစင်းလိုပဲ
အရမ်းနာကျင်ရသည်။
ဘယ်လိုမှ ကြည့်နေဖို့ အဆင်မပြေတော့တာကြောင့် ကောင်းချီအခန်းထဲကနေပြေးထွက်သွားလိုက်၏။
တကမ္ဘာလုံးသက်ပုံတစ်ယောက်ကိုသာ လူလို့ ထင်တဲ့ ကောင်းချီအတွက်ကတော့ အပေါင်းမသင်းမရှိ၊ဘာမရှိနဲ့ ပြေးစရာမြေရှားပါးလှသည်။
ဘယ်မှလည်း မသွားတက်သလို သက်ပုံတစ်ယောက်ထဲကိုလည်း ထားခဲ့ဖို့ စိတ်မချသည်ကြောင့် ကောင်းချီ ခြံထောင့်က ရေချိုးခန်းလေးဆီကာ လာခဲ့မိ၏။
အနည်းငယ်မှောင်ရိပ်ကျနေသော ဘေးမှာ
မိုးကာကာထားတဲ့ ရေချိုးခန်းထဲက
ကျောက်ပြားပေါ်မှာ ဒူးပေါ်မျက်နှာအပ်ရင်း ကောင်းချီဝမ်းနည်းစွာငိုကြွေးလိုက်မိသည်။
တနေ့ လုံးဘာမှမစားခဲ့ရသည်ကြောင့်
ဝမ်းသည် ဟာတာတာဖြစ်ရုံမက
ဒူးတွေတုန်အောင်ထိ ကောင်းချီ ဖြစ်နေ၏။
အိမ်ပြန်ရောက်ရောက်ခြင်းသက်ပုံကိုပွေ့ ဖက်ရင်းအလွမ်းပြေမှထမင်းစားမယ်ဟုတွေးထားမိပေမဲ့ ခုတော့ သူ ဘာမှမစားနိုင်တော့ချေ။
ခုတလော သူတို့ အိမ်ထောင်ရေးသည် ဘယ်လောက်ပြေလည်အောင်နေချင်ပါသော်ငြားလည်း အဆင်မပြေမူ့ တွေနဲ့ သာ
ကြုံတွေ့ နေရသည်။
သက်ပုံကို ငိုဖို့ နေနေသာသာ
မျက်နှာညိုးနေရင်တောင် ကောင်းချီမကြိုက်ပါ။
သက်ပုံကိုအချိန်တိုင်းပျော်အောင်ထားနိုင်မယ်လို့ ကောင်းချီမျှော်လင့်ထားပေမဲ့
ခုတော့ သက်ပုံ သူ့ ကြောင့်ငိုနေရလေပြီ ။
သူတကယ်မကောင်းတဲ့ကောင်ပင်။
ဝမ်းနည်းစွာ ဒူးကိုပွေ့ ကာ ခေါင်းတင်ရင်းကောင်းချီ ငိုနေမိသည်။
----
"ကိုကောင်းရေ ငါတို့ ဝင်လာပြီနော်။
ဒီမှာ ဖောက်သည်ယူမဲ့သူတွေလာနေပီ"
အိမ်ရှေ့ ကဒေါ်လေးမြရင်အသံကြောင့်
သက်ပုံ မျက်ရည်သုတ်ကာ အခန်းထဲကနေထွက်လာရသည်။
ကောင်းချီ ဘယ်ထွက်သွားမှန်းမသိ။
အိမ်မှာကိုယ်တစ်ယောက်ထဲရှိနေတာကြောင့် မျက်နှာလွဲခဲပစ်လုပ်ဖို့ တော့
သက်ပုံမလုပ်ချင်။
"ရှိတယ်ဒေါ်လေး။ ကျွန်တော်လာပြီ"
သက်ပုံထွက်သွားတော့ ကိုထက်က
ကားကိုချည်ထားတဲ့ မိုးကားကြိုးတွေကိုဖြုတ်ပေးနေသည်။
ဒေါ်လေးမြရင် က သူလုပ်နေကြအတိုင်း
ကားပေါ်က…ကိုထက်ချပေးထားတဲ့ ကုန်စိမ်းတွေကို သေခြာရေတွက်ပြီးပေးနေသည်။
စိတ်မပါပေမဲ့ သက်ပုံသေချာ စားရင်းမှတ်ပေးနေမိသည်။ မိုးချုပ်နေပြီမို့ ကောင်းချီဘယ်သွားသလဲ သက်ပုံ မသိ။
ဒေါ်လေးကလည်း ဒီအချိန် ကောင်းချီ
နားနေမယ်ထင်လို့ ဘယ်မှာလဲလို့ မမေး။
အသီးသီး လာယူစရာတွေလာယူပြီးချိန်ထိ ကောင်းချီ ပြန်ရောက်မလာခဲ့ပေ။
ကောင်းချီနဲ့ မှအတူစားမယ်လို့ တွေးထားတဲ့ထမင်းဝိုင်းကိုလဲ တစ်ယောက်ထဲ
မစားလိုပေ။
တခါမှခုလို ထွက်မသွားဘူးသည်ကြောင့်
သက်ပုံစိတ်လည်းဆိုးသလိုစိတ်လည်းပူမိသည်။
ဒေါ်လေးတို့ ပြန်သွားချိန်တွင် သက်ပုံ
ဝေ့သီလာတဲ့ မျက်ရည်စတွေကိုသုတ်ရင်း
မျက်နှာသစ်ဖို့ ဆပ်ပြာခြင်းလေးကောက်ကိုင်လိုက်သည်။
ဒီထပ်မိုးချုပ်ရင်တော့ ကိုထက်ကိုဖုန်းဆက်ပြီး လိုက်ရှာခိုင်းရမည်။
သက်ပြင်းချကာ လေးဖင့်တဲ့ခြေလှမ်းတွေနဲ့ ရေချိုးခန်းဆီကိုတရွေ့ ရွေ့ သွားနေမိသည်။
"ဟင် "
ရေချိုးခန်းသည်မီးကြိုးသွယ်မထားတာကြောင့် အနည်းငယ်မှောင်နေသည်။
ခြံထဲထွန်းထားတဲ့ မီးရောင်ကြောင့် မှောင်နေပေမဲ့လဲ ရှင်းလင်းစွာတော့ မြင်နိုင်သေးသည်။
ထိုအခန်းငယ်တွင်းမှာ ကျောက်ရေကန်ကိုမှီကာ ဒူးပိုက်ပီး အိပ်နေတဲ့ ကောင်းချီ။
စောစောက ဒေါသတွေနဲ့ မကျေလည်မူ့ တွေက သနားစရာကောင်းချီလေးကြောင့် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။
သူတပါးရွယ်တူတွေကောင်လေးတွေလို
အပေါင်းသင်းမရှိတဲ့ကောင်းချီလေးသည်
သွားစရာ နေရာမရှိလေဟန်။
စိတ်ဆိုးဝမ်းနည်းတာတောင် သက်ပုံကိုထားမသွားခဲ့တဲ့ကောင်းချီ။
သက်ပုံ အသည်းစွဲအောင်ရိုးသားလွန်းတဲ့ကောင်ငယ်လေး။
မြတ်နိုးစိတ်တို့ နဲ့ ဒီတခါစီးကျလာတဲ့
မျက်ရည်တွေကိုသက်ပုံမသုတ်မိတော့။
ဆပ်ပြာခွက်ကိုဘေးကသံချိတ်ကိုချိတ်လိုက်ပီး ကောင်းချီနား တရွေ့ ရွေ့ တိုးကပ်သွားမိ၏။
အနားမှာဒူးထောက်ထိုင်ကာမှောက်အိပ်နေတဲ့ ကောင်းချီ ကျောပေါ်မျက်နှာအပ်ကာသက်ပုံ သိမ်းကြုံးဖက်လိုက်သည်။
"ငါ့ကိုအမြဲလူဆိုးဖြစ်အောင်မင်းသိပ်လုပ်တာပဲ ကောင်းချီလေး "
ခပ်တိုးတိုး သက်ပုံဆိုလိုက်တော့
အင့်ကနဲ့ ငိုရှိုက်သံလေးထွက်လာပီး
ကောင်းချီခေါင်းမော့လာခဲ့သည်။
နီရဲနေသော မျက်ခမ်းစပ်တို့ နဲ့
ဝေ့သီနေတဲ့ မျက်ရည်စတို့ ကြောင့်
သက်ပုံ ပါ ငိုချင်လာသည်။
ငအလေးကောင်းချီသည် ခုလို ငိုတက်သည်လား။
ခံစားချက်ကိုထုတ်ဖော်ပြသဖို့
ကောင်းချီကို ဘယ်လို သင်ပြပေးရမှာလဲ။
ဖွဖွလေးမျက်ရည်စတွေကိုသုတ်ပေးမိတော့ …ကောင်းချီပိုဝမ်းနည်းလာသည်ထင်
မျက်ရည်ကျတာမရပ်တော့။
"သက်ပုံ …သက်ပုံ "
ရှိုက်သံတွေကြောင့် သက်ပုံဆိုတဲ့နာမည်ကိုတောင် ကောင်းကောင်း မပြောနိုင်တော့ပြီ။
"မပြောနဲ့ ကောင်းချီ။ ငါမင်းကိုစိတ်ဆိုးနေတုန်း။ "
"မဆိုးပါနဲ့ တော့ သက်ပုံရယ်။
မဆိုးပါနဲ့ တော့ ။ ကျွန်တော်တောင်းပန်ပါတယ်နော်"
အတင်းပွေ့ ဖက်လာတဲ့ ကောင်းချီကသွေးရူးတန်းရူးတတွတ်တွတ်ပြောနေလေသည်။
ကြာတော့ စိတ်ဆိုးရတဲ့ သူက သနားလာရသည်မို့ ……
"မငိုတော့နဲ့ ။ ငါ့ကိုချစ်ရင်မငိုတော့နဲ့ ။
ငါစိတ်ဆိုးရင် မရမကမေးရမှာမင်းအလုပ်မဟုတ်ဘူးလား။ အမြဲရှောင်ကွင်းသွားတာ ငါမကြိုက်ဘူး။တိတ်… မင်းယောကျာ်းမဟုတ်ဘူးလား။ နှပ်တွေတောင်ထွက်နေပြီ"
သက်ပုံ စိတ်ပြောင်းသွားအောင် ချော့လိုက်ပေမဲ့ ကောင်းချီက ငိုနေတုန်းရှိသေးတယ်။
"ကျွန်တော် အရမ်းဝမ်းနည်းတာပဲ။
ထမင်းလည်းမစားရသေးဘူး။ ဗိုက်လည်းအရမ်းဆာနေပြီ။ အင့်…သက်ပုံကိုဖက်ထားတာလဲမလွှတ်ချင်သေးဘူး။ ကျွန်တော်ပြန်ရောက်ရောက်ခြင်းသက်ပုံကိုဖက်ထားချင်တာ ဟင့်။ "
"အင်း ပြီးမှဖက်တော့မင်းကိုတညလုံးပေးဖက်မယ်။ ခုတော့ ထတော့ မင်းရေလည်းမချိုးရသေးဘူး။ ထမင်းလည်းမစားရသေးဘူးနောက်ကျနေပြီ"
"ဟင့်အင် ရေမချိုးချင်တော့ဘူး။
ချွေးစော်နံနေလည်း ခင်ဗျားသည်းခံပေး။
ထမင်းလည်းမစားတော့ဘူး။ကျွန်တော်ဒီတိုင်းဖက်ထားလို့ ရတယ်မို့ လား"
တင်းကြပ်စွာပွေ့ ဖက်ပစ်လိုက်တာကြောင့် ခါးနာသွားသော်လည်း မရုန်းဖယ်ရက်။
နာရီဝက်နီးပါးလောက်ချော့မော့ဖြောင့်ဖျ
လိုက်မှ ထမင်းစာ၊းရေချိုးခြင်းအလုပ်ကိုလုပ်သည်။
အိပ်ခန်းထဲဝင်လိုက်တာနဲ့
ခြင်တောင်အတင်းချကာ သက်ပုံကိုဆွဲပွေ့ ကာ နည်းနည်းလုံးမလွှတ်တော့။
စိတ်ဆိုးတာက သက်ပုံပါ။
ဘောက်မဲ့ကြောင့် သက်ပုံကပြန်ချော့နေရပါသလဲ။
အသက်ငယ်တဲ့ ကောင်လေးတွေကိုချစ်မိရင်ခုလို ကိုယ့်ဖက်ကပဲချော့ရသလား။
စဉ်းစားစရာပဲ။
Bạn đang đọc truyện trên: ZingTruyen.Xyz