ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

23

eainsi23

ပန္းနုေရာင္ ေမြ ့ယာ ပါးပါးေပၚမွာ
သက္ပံုတစ္ေယာက္အိပ္ေမာက်လ်က္။
ေန ့ခင္းတေရးတေမာ အိပ္ေနက် အက်င့္သည္ ေကာင္းခ်ီ သင္ေပးလို ့တက္ခဲ့ရျခင္းျဖစ္၏။
ကိုယ့္စိတ္ကိုယ္ပိုင္ေနခ်င္သလိုေနလို႔ရတဲ့အျပင္  နွစ္ေယာက္အတူ ေနရတဲ့အိမ္မွာအျပစ္ေျပာမဲ့သူမရွိျခင္းေႀကာင့္
စိတ္ခ်မ္းသာရတာထပ္အမ်ားႀကီး ပိုသည္။
မိဘေတြနဲ ့ေန တုန္းက မ်က္စိေဒါက္ေထာက္ႀကည့္ပီး အျပစ္ေျပာေနက် ေဖေဖကိုေတာ့ ေသြးသားဆိုတဲ့စိတ္နဲ ့တခါတေလ သတိရမိေပမဲ့ အိမ္မွာျပန္ေနဆိုရင္ သက္ပံု မျပန္နိုင္ေတာ့ပါ။

ေကာင္းခ်ီရဲ့ ျမစ္ကမ္းနဖူးေပၚကအိမ္ေလးသည္ ခေရရိပ္ေႀကာင့္လား…
အျမဲေဝ့ဝဲတိုက္ခက္တက္တဲ့ ေရမွဳန္တခ်ိဳ ့ပါတဲ့ ျမစ္ေလေအးေႀကာင့္လားေတာ့မသိ
အျမဲ ေအးစိမ့္စိမ့္ေလးျဖစ္ေနတက္တာကိုေတာ့  သက္ပံု လြန္စြာသေဘာက်ပါ၏။

"ေကာင္ေလး …ဟိတ္ေကာင္ေလး
ငါေျပာစရာရွိလို႔  ထစမ္း"

မာဆတ္ဆတ္နွဳိးေနသံေႀကာင့္ သက္ပံု
တစ္ေယာက္ေလးလံေနတဲ့မ်က္ခြံေတြမရမကဖြင့္ႀကည့္မိ၏။ သို႔ေသာ္ မ်က္စိေရွ႕မွာ အနီးကပ္ ေပၚလာေသာ အျဖဴ ေရာင္ မ်က္နွာႀကီးေၾကာင့္      

"အမေလး ! "

ေအာ္ဟစ္သံက်ယ္က်ယ္ျပဳကာ
ေကြးေကြးေလးအိပ္ေနရာမွ ခုန္ထလိုက္၏။

"အ  အေဒၚႀကီးဘာလို ့က်ြန္ေတာ္အခန္းထဲလာတာလဲ "

သက္ပံု အသံေတြကေၾကာက္လန္႔တၾကား တုန္ရီထစ္ေငါ့လ်က္။
အနီးကပ္ အိပ္ယာေဘးလာရပ္ေနတဲ့
ျဖဴေဖ်ာ့ေဖ်ာ့ အသားေရရွိတဲ့ အဆိုပါ မိန္းမႀကီးသည္ ဟိုေန ့ညက သက္ပံု
ေတြ ့ခဲ့ဘူးေသာ တစ္ဖက္ျခံကအခ်ိန္မေတာ္လက္ယပ္ေခၚခဲ့ဘူးတဲ့ အမ်ိဳးသမီးႀကီးပင္။
အနည္းငယ္ျပဴးေနတဲ့ မ်က္လံုးမ်ားေႀကာင့္
ေႀကာက္လန္ ့စရာေကာင္းေနေပမဲ့
အညိဳေရာင္ သန္းေနတဲ့ နွဳတ္ခမ္းမ်ားကေတာ့ သက္ပံုကို သေဘာက်စြာ
ေကြးညႊတ္လ်ွက္ႀကည့္ေနေလသည္။
သရဲတေစၦသည္ ျခံဝိုင္းထဲကို ခြင့္မျပဳပဲ
လာခြင့္ရွိသလားျဖတ္သန္းခြင့္ရွိသလား။

"နွဳိးလိုက္ရတာကြယ္။ "

အသံတို ့က ကြဲအက္ေျခာက္ေသြ ့ေနသေယာင္။
ပံုမွန္မဟုတ္တဲ့ အသံေနအသံထားက
နားေထာင္ရခက္လွေပမဲ့ သက္ပံု နည္းနည္းေတာ့ ေႀကာက္ရြံစိတ္ေျပေစသလို။

"ဘာ…ဘာလုပ္ဖို ့လဲ အေဒၚႀကီး"

သက္ပံုက ကုတင္ေပၚမွာ ဒူးေထာက္ထိုင္ထားတဲ့ အတိုင္းေနရာမေရြ ့ရဲေသး။
ဖက္လံုးကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားပီး သိလိုတာကို ေမးလိုက္မိသည္။

"ငါ့ကို ကယ္ပါ။ "

"ဟင္ "

အဆက္စပ္မရွိေျပာလိုက္တဲ့ စကားတို ့ကို သက္ပံုနားမလည္နိုင္။

"ငါ့ကိုကယ္ပါ။ ငါ …မေနခ်င္ေတာ့ဘူး။
ငါ့ကိုကယ္ပါ"

ထိုကယ္ပါဆိုတဲ့စကားကို အႀကိမ္ႀကိမ္ေျပာေနတဲ့ အေဒၚႀကီးကို သက္ပံုေႀကာင္
ႀကည့္ေနမိသည္။ လတ္တေလာတြင္ ဘာျပန္ေျပာရမွန္းလဲ သက္ပံု မသိေတာ့ပါ။

"ကယ္ပါ "

အသနားခံေနတဲ့ မ်က္လံုးေတြကို ေႀကာက္ရြံစြာစိုက္ႀကည့္မိေတာ့ …
ခ်ိဳင့္ဝင္ေနတဲ့ မ်က္အိတ္မဲမဲတို ့က
မ်က္ရည္မက်နိုင္ေပမဲ့ ဝမ္းနည္းေနသေယာင္။

"ဘယ္လိုကူညီေပးရမွာလဲ "

သူေၾကာက္ေပမဲ့  အားတင္းကာ ေမးလိုက္မိသည္။

" အမ်ွ လိုခ်င္တယ္။ ကုသိုလ္ေကာင္း
မူ ့လုပ္ေပးပါ။ အခ်ိန္ေတြအႀကာႀကီးစြဲလမ္းစိတ္ေႀကာင့္ ငါမက်ြတ္ဘူးျဖစ္ေနတယ္။ ငါ့ကိုကူညီေပးပါ"

"အေဒၚႀကီးနာမည္က ဘယ္သူလဲ"

"ေဒၚအံ့မင္း …ငါေနတာ ဟိုဖက္ျခံဖက္မွာ"

"အေဒၚ့အမ်ိဳးေတြက ကုသိုလ္လုပ္မေပးဘူးလား "

ညိုးငယ္သြားတဲ့ မ်က္နွာက ႀကည့္ရဆိုးလွေပမဲ့ သနားစရာျဖစ္သြား၏။
ခုဆိုသက္ပံုမွာေႀကာက္လန္ ့စိတ္မရွိေတာ့။

"ေပးတယ္ ။ ဒါေပမဲ့ အဲ့တုန္းက ငါ့ပစၥည္းေတြ စြဲလမ္းစိတ္ေႀကာင့္ ငါသာဓုမေခၚခဲ့ဘူး… "

"ဒါဆို က်ြန္ေတာ္က ကုသိုလ္လုပ္ေပးျပီးအေဒၚႀကီးနာမည္ေခၚေပး အမ်ွေဝေပးရင္ရျပီလား "

"အင္း …ရျပီ ။ ငါမင္းကိုေက်းဇူးတင္ပါတယ္ေကာင္ေလး။ ငါ ဟိုဖက္ျခံမွာေနတာနွစ္ေပါင္းအေတာ္ႀကာေနျပီ။ ငါမွာစြဲလမ္းစိတ္ေတြမရွိေတာ့ေပမဲ့ ငါ့ကိုအမ်ွေပးမဲ့သူမရွိေတာ့ငါမက်ြတ္ဘူးျဖစ္ေနတယ္။  ငါ ကိုယ္ထင္ျပဖို ့ႀကိဳးစားႀကည့္တယ္…ဘယ္သူမွငါရွိမွန္းမသိဘူး။ မင္းတစ္ေယာက္ထဲပဲ
ငါ့ကိုျမင္ရလို ့မင္းကူညီမွရမယ္။ ကူညီေပးပါ ေကာင္ေလး မင္းနဲ႔ငါ ပဌာန္းဆက္ရွိတဲ့အတြက္မင္းကို ထိုက္ထိုက္တန္တန္ ေက်းဇူးဆပ္ပါ့မယ္"

ေမ်ွာ္လင့္ခ်က္ေတြနဲ ့ကုတင္းေဘးတိုးလာတာေႀကာင့္ သက္ပံု ေနာက္ကိုေရြ ့မိသြားသည္။
မေႀကာက္ဘူးဆိုေပမဲ့ အနီးကပ္ႀကီးေတာ့မေနရဲ။
ေအးစက္စက္ေလထုက ေဘးနားရွိရုံနဲ ့သိသိသာသာ။
စိတ္ခ်မ္းသာသြားေအာင္ ေခါင္းညိတ္ျပလိုက္သည္။

"ဟုတ္ကဲ့ပါ။ က်ြန္ေတာ္ အေဒၚႀကီးအတြက္ ကုသိုလ္လုပ္အမ်ွေဝေပးမယ္ "

"ေက်းဇူးတင္ပါတယ္ ေကာင္ေလး။"

ေျပာျပီး မီးခိုးေငြ ့ေတြလို တျဖည္းျဖည္းေပ်ာက္ကြယ္သြားသည္။
အခန္းတြင္းအပူခ်ိန္သည္ ပုံမွန္ျပန္ျဖစ္သြားသလို။

"ဝုန္း "

အေတာ္ႀကီးက်ယ္ေလာင္တဲ့ ျမည္သံႀကီးေႀကာင့္ သက္ပံု အိပ္ေပ်ာ္ေနရာမွလန္ ့နိုးသြား၏။
ျပတင္ေပါက္တံခါးသည္ ေလျပင္းတခုေႀကာင့္ ပိတ္လိုက္ဖြင့္လိုက္ျဖစ္ေနသည္။
အခန္းတြင္းကိုေဝ့ဝဲႀကည့္လိုက္ေတာ့ဘယ္သူမွမရွိေတာ့။
ဘာလဲ ဒါ သူအိမ္မက္ မက္ေနတာလား။

ျပတင္းတံခါးသည္ေဘာက္ခ်ိတ္တပ္မထားတာေႀကာင့္ ေလအေဝွ ့မွာ တဘုန္းဘုန္းတဒိုင္းဒိုင္ျမည္သံက တံခါးေတာင္ပ်က္သြားနိုင္သည္ထိ ျပင္းထန္ေနသည္။
ဒါေတာင္ တခ်က္တခ်က္ေဝ့တိုက္ေနတုန္းမို ့ထိုမ်ွေလာက္သာ ရွိေသးသည္။
အေတာ္ႀကီးျပင္းလာနိုင္ဖြယ္ရွိသည္ေႀကာင့္အိပ္ယာထပ္ကေနထျပီး ျပတင္းတံခါးကိုႀကိဳးစားပိတ္လိုက္သည္။

ပတ္ဝန္းက်င္သည္ လိေမၼာ္ေရာင္သန္းေနျပီး မုန္တိုင္းက်ခ်င္ေနေသာ အရိပ္ေယာင္ကိုျပေန၏။

ေကာင္းခ်ီသည္ ခုထိျပန္မေရာက္ေသး။
လမ္းမွာ ေလမိုးမိနိုင္သည္မို ့အေတာ္ႀကီးစိတ္ပူသြားမိ၏။
တံငါကုန္းလမ္းသည္ အေတာ္ႀကီးဆိုးဝါးလြန္းလွသည္မို ့အႏၱရာယ္လည္းရွိနိုင္သည္။

ျမင္ေနရတဲ့ျမစ္ဆိပ္ရွိေက်ာက္ေဆာင္တို ့သည္ ေလျပင္းေႀကာင့္ လွဳိင္းတပိုးထကာ
တဝုန္းဝုန္းတိုက္ပီး ေရမွဳန္ေရမႊားတို ့ကလႊင့္စင္ေန၏။
ခါတိုင္းျငိမ္သက္လ်ွက္ရွိတဲ့ ေရျပင္က်ယ္သည္ လွဳိင္းႀကက္ခြပ္ေတြနဲ ့ျပည့္ေနကာ ေရလယ္ေခါင္မွာ ေပၚထြန္းေနတဲ့ သဲခံုတို ့သည္ ေလေႀကာင့္ သဲမွဳန္တို ့သည္ လႊင့္ကာ တဖက္ကမ္းကိုပင္မျမင္ရေအာင္ ေဝ့ဝါးေနသည္။
ရာသီဥတုသည္ အေတာ္ႀကီးျပင္းထန္လြန္းနိုင္ဖြယ္ရွိသည္။
သက္ပံု အခန္းထဲကထြက္ကာ ျပတင္းတံခါးေတြကို လိုက္ပိတ္လိုက္သည္။
အျပင္မွာ လွမ္းထားတဲ့ အဝတ္ေတြကို သြားရုတ္ခ်င္ေပမဲ့ သက္တမ္းရင့္ခေရပင္ကိုစိတ္မခ်ရေပ။ ခုေတာင္ ေလျပင္းေၾကာင့္
ကိုင္းေျခာက္၊ ကိုင္းက်ိဳးတို ့က အိမ္ေရွ ့ေျမကြက္လပ္မွာ ျပည့္ေနျပီ။

ေကာင္းခ်ီတစ္ေယာက္ေရာ လမ္းခရီးမွာ အဆင္ေျပပါ့မလား။
နွစ္ေယာက္ထဲသာ တစ္ေယာက္နဲ ့တစ္ေယာက္ေဖးမရင္း အတူရွိခဲ့ႀကသည္မို ့
ခုလို အေျခေနမ်ိဳးမွာ သက္ပံု စိတ္မပူပဲ မေနနိုင္ေပ။

ေန ့ခင္းက ျမသက္နဲ ့ဖိုးသားအတူလာေနေပးေပမဲ့ ကိုယ္အိမ္ကိုယ့္ယာမွမဟုတ္တာ။ ဘယ္သူက အခ်ိန္ႀကာေအာင္ေနေပးခ်င္မွာလဲ။ သက္ပံုကိုယ္တိုင္သည္
လည္းအခ်ိန္ႀကာရွည္စြာ ဧည့္ခံျပီး စကားမေျပာေနခ်င္ပါ။

အခ်ိန္က ညေနေျခာက္နာရီေလာက္သာရွိအုံးမည္။
ပံုမွန္ဆို ဒီလိုအခ်ိန္ဆို ေကာင္းခ်ီအိမ္ျပန္ေရာက္ေနျပီ။
အလင္းေပ်ာက္စျဖစ္ေနျပီမို ့ဘထၱရီ အိုးကို အင္ဗာတာ ညွပ္ေလးညွပ္ကာ မီးခ်ိတ္လိုက္သည္။
လင္းထင္းသြားေသာမီးေရာင္ေအာက္မွာ
သက္ပံုတစ္ေယာက္ အိမ္ေရွ ့ကို ေမ်ွာ္ႀကည့္ေနမိသည္။

-----

"ကိုေကာင္း ေလက်ေနျပီ ကားခဏရပ္ႀကမလား "

အကိုျဖစ္သူ က မ်က္ခံုးေႀကာေတြ
တြန္ ့လ်ွက္ အေတာ္ႀကီးအလိုမက်တဲ့
မ်က္နွာထားနဲ ့ေဘးခံုမွာထိုင္ေနသည္။
ကားကုန္သည္ ယေန ့အေတာ္ႀကီးပံုမွန္
ထပ္ပို
မ်ားသည္မို ့ကားကိုသတိထားေမာင္းေနရသည္။
ေလမိုးခ်ိန္မို ့ေတာင္ေလမိုးစက္က်တာ မဆန္းေပမဲ့ ကိုေကာင္းကေတာ့
မႀကိဳက္ပံုေပၚေနသည္။
မ်က္နွာထားအရေတာ့ ရာသီဥတုကိုေတာင္ စိန္ေခၚထိုးသတ္ခ်င္ေနတဲ့ရုပ္မ်ိဳး။
ေႀကာက္ေပမဲ့လည္းအရဲစြန္ ့ျပီးကိုထက္ေမးလိုက္သည္။
ဒီေလအတိုင္းဆို တေနရာမွာခဏကားရပ္နားမွျဖစ္္မည္။
ေနာက္ကကုန္တို ့က အျပန္ကားထြက္ကတည္းက မိုးကာနဲ ့ခ်ည္တုတ္ထားျပီးသားမို ့သိပ္ေတာ့စိုးရိမ္စရာမရွိ။

"မနားနဲ ့ျဖည္းျဖည္းေမာင္းမယ္။ အိမ္မွာ
သက္ပံုတစ္ေယာက္ထဲ ငါျပန္ေရာက္မွျဖစ္မယ္"

ကိုထက္အထြန္ ့မတက္ရဲပဲ ပါးစပ္ပိတ္သြား၏။
ကိုေကာင္းက ဒါဆိုဒါမွ။ စကားေတာင္
တစ္ေန ့သံုးခြန္းျပည့္ေအာင္ မေျပာတက္သူမို ့ ကိုထက္တို ့ေမာင္နွမေတြ
ကိုေကာင္းစိတ္တိုရင္ေတာ့အေသေႀကာက္ရသည္။
ေလမိုးဆိုတာ အခ်ိန္တိုင္းတိုက္ေနတာမွမဟုတ္တာ နာရီဝက္ေလာက္သာ
တိုက္ခတ္တက္သည္မို ့ကိုထက္ကေတာ့
တေနရာမွာ အႏၱရာယ္ကင္းေအာင္နားေစခ်င္တာျဖစ္သည္။
သူတစ္ေယာက္ထဲ အိမ္ေထာင္သည္လား။
သူမွာေယာက်ာ္းရွိသလို ကိုယ့္မွာလဲ
ပူပူေလာေလာယူထားတဲ့ မိန္းမရွိေသးသည္။
ကိုယ္ေတြကိုသာ မ်က္နွာထိမ်က္နွာထားနဲ ့စကားေျပာတာ သူ ့ေယာက်ာ္းက်
ခ်စ္တဲ့သက္ပံုကလဲ။ ခင္ဗ်ားရယ္ ။ ဒါေလာက္ထိပဲေျပာရဲသည္။
မေက်နပ္တာေတြကိုစိတ္ထဲျမည္တြန္ရင္း
ကားကို ဂရုတစိုက္ လိပ္ေမာင္းေမာင္းေနရသည္။
ေသလို ့ေတာ့မျဖစ္ ။ သူ ့မွာ
ခ်စ္လွစြာေသာ မိန္းမေလးရွိေသးသည္။

မွန္ခ်ထားတဲ့ ကားကို လာရုိက္ေနတဲ့ လမ္းေဘးက ဇီးပင္ကိုင္းေတြကိုႀကည့္ရင္းေကာင္းခ်ီရင္ေမာေနမိသည္။
သက္ပံုေႀကာက္ေနမလားဆိုတဲ့အေတြး
နဲ ့
သူလမ္းေဘးမွာ နာရီဝက္ေလာက္ကိုေတာင္မနားရဲေပ။
ကားေခါင္းခန္းထဲထိ ေသခ်ာထည့္လာတဲ့
သလဲသီးပင္ေပါက္က အဖူးေလးေတြကို
ထိေတြ ့ျပီး လူကသာ ကားေပၚထိုင္ေနတာစိတ္က သက္ပံုဆီေရာက္ေနေလျပီ။
အိမ္မွာ သက္ပံုတစ္ေယာက္ ေႀကာက္မ်ားေနမလား………

ခ်စ္တဲ့အိမ္စည္။

>>>>>><<<<<<<

ပန်းနုရောင် မွေ့ ယာ ပါးပါးပေါ်မှာ
သက်ပုံတစ်ယောက်အိပ်မောကျလျက်။
နေ့ ခင်းတရေးတမော အိပ်နေကျ အကျင့်သည် ကောင်းချီ သင်ပေးလို့ တက်ခဲ့ရခြင်းဖြစ်၏။
ကိုယ့်စိတ်ကိုယ်ပိုင်နေချင်သလိုနေလို့ရတဲ့အပြင်  နှစ်ယောက်အတူ နေရတဲ့အိမ်မှာအပြစ်ပြောမဲ့သူမရှိခြင်းကြောင့်
စိတ်ချမ်းသာရတာထပ်အများကြီး ပိုသည်။
မိဘတွေနဲ့ နေ တုန်းက မျက်စိဒေါက်ထောက်ကြည့်ပီး အပြစ်ပြောနေကျ ဖေဖေကိုတော့ သွေးသားဆိုတဲ့စိတ်နဲ့ တခါတလေ သတိရမိပေမဲ့ အိမ်မှာပြန်နေဆိုရင် သက်ပုံ မပြန်နိုင်တော့ပါ။

ကောင်းချီရဲ့ မြစ်ကမ်းနဖူးပေါ်ကအိမ်လေးသည် ခရေရိပ်ကြောင့်လား…
အမြဲဝေ့ဝဲတိုက်ခက်တက်တဲ့ ရေမှုန်တချို့ ပါတဲ့ မြစ်လေအေးကြောင့်လားတော့မသိ
အမြဲ အေးစိမ့်စိမ့်လေးဖြစ်နေတက်တာကိုတော့  သက်ပုံ လွန်စွာသဘောကျပါ၏။

"ကောင်လေး …ဟိတ်ကောင်လေး
ငါပြောစရာရှိလို့  ထစမ်း"

မာဆတ်ဆတ်နှိုးနေသံကြောင့် သက်ပုံ
တစ်ယောက်လေးလံနေတဲ့မျက်ခွံတွေမရမကဖွင့်ကြည့်မိ၏။ သို့သော် မျက်စိရှေ့မှာ အနီးကပ် ပေါ်လာသော အဖြူ ရောင် မျက်နှာကြီးကြောင့်      

"အမလေး ! "

အော်ဟစ်သံကျယ်ကျယ်ပြုကာ
ကွေးကွေးလေးအိပ်နေရာမှ ခုန်ထလိုက်၏။

"အ  အဒေါ်ကြီးဘာလို့ ကျွန်တော်အခန်းထဲလာတာလဲ "

သက်ပုံ အသံတွေကကြောက်လန့်တကြား တုန်ရီထစ်ငေါ့လျက်။
အနီးကပ် အိပ်ယာဘေးလာရပ်နေတဲ့
ဖြူဖျော့ဖျော့ အသားရေရှိတဲ့ အဆိုပါ မိန်းမကြီးသည် ဟိုနေ့ ညက သက်ပုံ
တွေ့ ခဲ့ဘူးသော တစ်ဖက်ခြံကအချိန်မတော်လက်ယပ်ခေါ်ခဲ့ဘူးတဲ့ အမျိုးသမီးကြီးပင်။
အနည်းငယ်ပြူးနေတဲ့ မျက်လုံးများကြောင့်
ကြောက်လန့် စရာကောင်းနေပေမဲ့
အညိုရောင် သန်းနေတဲ့ နှုတ်ခမ်းများကတော့ သက်ပုံကို သဘောကျစွာ
ကွေးညွှတ်လျှက်ကြည့်နေလေသည်။
သရဲတစ္ဆေသည် ခြံဝိုင်းထဲကို ခွင့်မပြုပဲ
လာခွင့်ရှိသလားဖြတ်သန်းခွင့်ရှိသလား။

"နှိုးလိုက်ရတာကွယ်။ "

အသံတို့ က ကွဲအက်ခြောက်သွေ့ နေသယောင်။
ပုံမှန်မဟုတ်တဲ့ အသံနေအသံထားက
နားထောင်ရခက်လှပေမဲ့ သက်ပုံ နည်းနည်းတော့ ကြောက်ရွံစိတ်ပြေစေသလို။

"ဘာ…ဘာလုပ်ဖို့ လဲ အဒေါ်ကြီး"

သက်ပုံက ကုတင်ပေါ်မှာ ဒူးထောက်ထိုင်ထားတဲ့ အတိုင်းနေရာမရွေ့ ရဲသေး။
ဖက်လုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပီး သိလိုတာကို မေးလိုက်မိသည်။

"ငါ့ကို ကယ်ပါ။ "

"ဟင် "

အဆက်စပ်မရှိပြောလိုက်တဲ့ စကားတို့ ကို သက်ပုံနားမလည်နိုင်။

"ငါ့ကိုကယ်ပါ။ ငါ …မနေချင်တော့ဘူး။
ငါ့ကိုကယ်ပါ"

ထိုကယ်ပါဆိုတဲ့စကားကို အကြိမ်ကြိမ်ပြောနေတဲ့ အဒေါ်ကြီးကို သက်ပုံကြောင်
ကြည့်နေမိသည်။ လတ်တလောတွင် ဘာပြန်ပြောရမှန်းလဲ သက်ပုံ မသိတော့ပါ။

"ကယ်ပါ "

အသနားခံနေတဲ့ မျက်လုံးတွေကို ကြောက်ရွံစွာစိုက်ကြည့်မိတော့ …
ချိုင့်ဝင်နေတဲ့ မျက်အိတ်မဲမဲတို့ က
မျက်ရည်မကျနိုင်ပေမဲ့ ဝမ်းနည်းနေသယောင်။

"ဘယ်လိုကူညီပေးရမှာလဲ "

သူကြောက်ပေမဲ့  အားတင်းကာ မေးလိုက်မိသည်။

" အမျှ လိုချင်တယ်။ ကုသိုလ်ကောင်း
မူ့ လုပ်ပေးပါ။ အချိန်တွေအကြာကြီးစွဲလမ်းစိတ်ကြောင့် ငါမကျွတ်ဘူးဖြစ်နေတယ်။ ငါ့ကိုကူညီပေးပါ"

"အဒေါ်ကြီးနာမည်က ဘယ်သူလဲ"

"ဒေါ်အံ့မင်း …ငါနေတာ ဟိုဖက်ခြံဖက်မှာ"

"အဒေါ့်အမျိုးတွေက ကုသိုလ်လုပ်မပေးဘူးလား "

ညိုးငယ်သွားတဲ့ မျက်နှာက ကြည့်ရဆိုးလှပေမဲ့ သနားစရာဖြစ်သွား၏။
ခုဆိုသက်ပုံမှာကြောက်လန့် စိတ်မရှိတော့။

"ပေးတယ် ။ ဒါပေမဲ့ အဲ့တုန်းက ငါ့ပစ္စည်းတွေ စွဲလမ်းစိတ်ကြောင့် ငါသာဓုမခေါ်ခဲ့ဘူး… "

"ဒါဆို ကျွန်တော်က ကုသိုလ်လုပ်ပေးပြီးအဒေါ်ကြီးနာမည်ခေါ်ပေး အမျှဝေပေးရင်ရပြီလား "

"အင်း …ရပြီ ။ ငါမင်းကိုကျေးဇူးတင်ပါတယ်ကောင်လေး။ ငါ ဟိုဖက်ခြံမှာနေတာနှစ်ပေါင်းအတော်ကြာနေပြီ။ ငါမှာစွဲလမ်းစိတ်တွေမရှိတော့ပေမဲ့ ငါ့ကိုအမျှပေးမဲ့သူမရှိတော့ငါမကျွတ်ဘူးဖြစ်နေတယ်။  ငါ ကိုယ်ထင်ပြဖို့ ကြိုးစားကြည့်တယ်…ဘယ်သူမှငါရှိမှန်းမသိဘူး။ မင်းတစ်ယောက်ထဲပဲ
ငါ့ကိုမြင်ရလို့ မင်းကူညီမှရမယ်။ ကူညီပေးပါ ကောင်လေး မင်းနဲ့ငါ ပဌာန်းဆက်ရှိတဲ့အတွက်မင်းကို ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါ့မယ်"

မျှော်လင့်ချက်တွေနဲ့ ကုတင်းဘေးတိုးလာတာကြောင့် သက်ပုံ နောက်ကိုရွေ့ မိသွားသည်။
မကြောက်ဘူးဆိုပေမဲ့ အနီးကပ်ကြီးတော့မနေရဲ။
အေးစက်စက်လေထုက ဘေးနားရှိရုံနဲ့ သိသိသာသာ။
စိတ်ချမ်းသာသွားအောင် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ပါ။ ကျွန်တော် အဒေါ်ကြီးအတွက် ကုသိုလ်လုပ်အမျှဝေပေးမယ် "

"ကျေးဇူးတင်ပါတယ် ကောင်လေး။"

ပြောပြီး မီးခိုးငွေ့ တွေလို တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
အခန်းတွင်းအပူချိန်သည် ပုံမှန်ပြန်ဖြစ်သွားသလို။

"ဝုန်း "

အတော်ကြီးကျယ်လောင်တဲ့ မြည်သံကြီးကြောင့် သက်ပုံ အိပ်ပျော်နေရာမှလန့် နိုးသွား၏။
ပြတင်ပေါက်တံခါးသည် လေပြင်းတခုကြောင့် ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည်။
အခန်းတွင်းကိုဝေ့ဝဲကြည့်လိုက်တော့ဘယ်သူမှမရှိတော့။
ဘာလဲ ဒါ သူအိမ်မက် မက်နေတာလား။

ပြတင်းတံခါးသည်ဘောက်ချိတ်တပ်မထားတာကြောင့် လေအဝှေ့ မှာ တဘုန်းဘုန်းတဒိုင်းဒိုင်မြည်သံက တံခါးတောင်ပျက်သွားနိုင်သည်ထိ ပြင်းထန်နေသည်။
ဒါတောင် တချက်တချက်ဝေ့တိုက်နေတုန်းမို့ ထိုမျှလောက်သာ ရှိသေးသည်။
အတော်ကြီးပြင်းလာနိုင်ဖွယ်ရှိသည်ကြောင့်အိပ်ယာထပ်ကနေထပြီး ပြတင်းတံခါးကိုကြိုးစားပိတ်လိုက်သည်။

ပတ်ဝန်းကျင်သည် လိမ္မော်ရောင်သန်းနေပြီး မုန်တိုင်းကျချင်နေသော အရိပ်ယောင်ကိုပြနေ၏။

ကောင်းချီသည် ခုထိပြန်မရောက်သေး။
လမ်းမှာ လေမိုးမိနိုင်သည်မို့ အတော်ကြီးစိတ်ပူသွားမိ၏။
တံငါကုန်းလမ်းသည် အတော်ကြီးဆိုးဝါးလွန်းလှသည်မို့ အန္တရာယ်လည်းရှိနိုင်သည်။

မြင်နေရတဲ့မြစ်ဆိပ်ရှိကျောက်ဆောင်တို့ သည် လေပြင်းကြောင့် လှိုင်းတပိုးထကာ
တဝုန်းဝုန်းတိုက်ပီး ရေမှုန်ရေမွှားတို့ ကလွှင့်စင်နေ၏။
ခါတိုင်းငြိမ်သက်လျှက်ရှိတဲ့ ရေပြင်ကျယ်သည် လှိုင်းကြက်ခွပ်တွေနဲ့ ပြည့်နေကာ ရေလယ်ခေါင်မှာ ပေါ်ထွန်းနေတဲ့ သဲခုံတို့ သည် လေကြောင့် သဲမှုန်တို့ သည် လွှင့်ကာ တဖက်ကမ်းကိုပင်မမြင်ရအောင် ဝေ့ဝါးနေသည်။
ရာသီဥတုသည် အတော်ကြီးပြင်းထန်လွန်းနိုင်ဖွယ်ရှိသည်။
သက်ပုံ အခန်းထဲကထွက်ကာ ပြတင်းတံခါးတွေကို လိုက်ပိတ်လိုက်သည်။
အပြင်မှာ လှမ်းထားတဲ့ အဝတ်တွေကို သွားရုတ်ချင်ပေမဲ့ သက်တမ်းရင့်ခရေပင်ကိုစိတ်မချရပေ။ ခုတောင် လေပြင်းကြောင့်
ကိုင်းခြောက်၊ ကိုင်းကျိုးတို့ က အိမ်ရှေ့ မြေကွက်လပ်မှာ ပြည့်နေပြီ။

ကောင်းချီတစ်ယောက်ရော လမ်းခရီးမှာ အဆင်ပြေပါ့မလား။
နှစ်ယောက်ထဲသာ တစ်ယောက်နဲ့ တစ်ယောက်ဖေးမရင်း အတူရှိခဲ့ကြသည်မို့
ခုလို အခြေနေမျိုးမှာ သက်ပုံ စိတ်မပူပဲ မနေနိုင်ပေ။

နေ့ ခင်းက မြသက်နဲ့ ဖိုးသားအတူလာနေပေးပေမဲ့ ကိုယ်အိမ်ကိုယ့်ယာမှမဟုတ်တာ။ ဘယ်သူက အချိန်ကြာအောင်နေပေးချင်မှာလဲ။ သက်ပုံကိုယ်တိုင်သည်
လည်းအချိန်ကြာရှည်စွာ ဧည့်ခံပြီး စကားမပြောနေချင်ပါ။

အချိန်က ညနေခြောက်နာရီလောက်သာရှိအုံးမည်။
ပုံမှန်ဆို ဒီလိုအချိန်ဆို ကောင်းချီအိမ်ပြန်ရောက်နေပြီ။
အလင်းပျောက်စဖြစ်နေပြီမို့ ဘထ္တရီ အိုးကို အင်ဗာတာ ညှပ်လေးညှပ်ကာ မီးချိတ်လိုက်သည်။
လင်းထင်းသွားသောမီးရောင်အောက်မှာ
သက်ပုံတစ်ယောက် အိမ်ရှေ့ ကို မျှော်ကြည့်နေမိသည်။

-----

"ကိုကောင်း လေကျနေပြီ ကားခဏရပ်ကြမလား "

အကိုဖြစ်သူ က မျက်ခုံးကြောတွေ
တွန့် လျှက် အတော်ကြီးအလိုမကျတဲ့
မျက်နှာထားနဲ့ ဘေးခုံမှာထိုင်နေသည်။
ကားကုန်သည် ယနေ့ အတော်ကြီးပုံမှန်
ထပ်ပို
များသည်မို့ ကားကိုသတိထားမောင်းနေရသည်။
လေမိုးချိန်မို့ တောင်လေမိုးစက်ကျတာ မဆန်းပေမဲ့ ကိုကောင်းကတော့
မကြိုက်ပုံပေါ်နေသည်။
မျက်နှာထားအရတော့ ရာသီဥတုကိုတောင် စိန်ခေါ်ထိုးသတ်ချင်နေတဲ့ရုပ်မျိုး။
ကြောက်ပေမဲ့လည်းအရဲစွန့် ပြီးကိုထက်မေးလိုက်သည်။
ဒီလေအတိုင်းဆို တနေရာမှာခဏကားရပ်နားမှဖြစ်မည်။
နောက်ကကုန်တို့ က အပြန်ကားထွက်ကတည်းက မိုးကာနဲ့ ချည်တုတ်ထားပြီးသားမို့ သိပ်တော့စိုးရိမ်စရာမရှိ။

"မနားနဲ့ ဖြည်းဖြည်းမောင်းမယ်။ အိမ်မှာ
သက်ပုံတစ်ယောက်ထဲ ငါပြန်ရောက်မှဖြစ်မယ်"

ကိုထက်အထွန့် မတက်ရဲပဲ ပါးစပ်ပိတ်သွား၏။
ကိုကောင်းက ဒါဆိုဒါမှ။ စကားတောင်
တစ်နေ့ သုံးခွန်းပြည့်အောင် မပြောတက်သူမို့  ကိုထက်တို့ မောင်နှမတွေ
ကိုကောင်းစိတ်တိုရင်တော့အသေကြောက်ရသည်။
လေမိုးဆိုတာ အချိန်တိုင်းတိုက်နေတာမှမဟုတ်တာ နာရီဝက်လောက်သာ
တိုက်ခတ်တက်သည်မို့ ကိုထက်ကတော့
တနေရာမှာ အန္တရာယ်ကင်းအောင်နားစေချင်တာဖြစ်သည်။
သူတစ်ယောက်ထဲ အိမ်ထောင်သည်လား။
သူမှာယောကျာ်းရှိသလို ကိုယ့်မှာလဲ
ပူပူလောလောယူထားတဲ့ မိန်းမရှိသေးသည်။
ကိုယ်တွေကိုသာ မျက်နှာထိမျက်နှာထားနဲ့ စကားပြောတာ သူ့ ယောကျာ်းကျ
ချစ်တဲ့သက်ပုံကလဲ။ ခင်ဗျားရယ် ။ ဒါလောက်ထိပဲပြောရဲသည်။
မကျေနပ်တာတွေကိုစိတ်ထဲမြည်တွန်ရင်း
ကားကို ဂရုတစိုက် လိပ်မောင်းမောင်းနေရသည်။
သေလို့ တော့မဖြစ် ။ သူ့ မှာ
ချစ်လှစွာသော မိန်းမလေးရှိသေးသည်။

မှန်ချထားတဲ့ ကားကို လာရိုက်နေတဲ့ လမ်းဘေးက ဇီးပင်ကိုင်းတွေကိုကြည့်ရင်းကောင်းချီရင်မောနေမိသည်။
သက်ပုံကြောက်နေမလားဆိုတဲ့အတွေး
နဲ့
သူလမ်းဘေးမှာ နာရီဝက်လောက်ကိုတောင်မနားရဲပေ။
ကားခေါင်းခန်းထဲထိ သေချာထည့်လာတဲ့
သလဲသီးပင်ပေါက်က အဖူးလေးတွေကို
ထိတွေ့ ပြီး လူကသာ ကားပေါ်ထိုင်နေတာစိတ်က သက်ပုံဆီရောက်နေလေပြီ။
အိမ်မှာ သက်ပုံတစ်ယောက် ကြောက်များနေမလား………

ချစ်တဲ့အိမ်စည်။

>>>>>><<<<<<<

Bạn đang đọc truyện trên: ZingTruyen.Xyz