အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
1
"ငေကာင္း ငေကာင္း ေနပါအုန္းကြာ ။
သြားတာလဲ ျမန္လိုက္တာ ေျခေထာက္ကိုစက္တပ္ ထားတဲ့အတိုင္းပဲ "
တေၾကာ္ေၾကာ္ ေအာ္ပီး အူယားဖားယားေျပးလာတဲ့ ကိုေက်ာ္စြာ ေၾကာင့္
ေနရိပ္မွ ေကာင္းခ်ီ ရပ္ေစာင့္ရင္း ခါးၾကားကကြမ္းယာကို ထုတ္ဝါးလိုက္သည္။
" က်ဳပ္ မအားဘူး ကိုေက်ာ္စြာ ။ ေျပာစရာရိွတာ ျမန္ျမန္ေျပာ "
အနားေရာက္လာတဲ့ ကိုယ္ေက်ာ္စြာက ဝတ္ထားတဲ့ ပုဆိုးနဲ႔ လည္ပင္းကေခြၽးေတြကို သုတ္ပီး အေမာေျဖေန၏။
"ေမာလို႔ ပါကြာ အေဝးကတည္းက ငါေအာ္လိုက္လာတာမင္းက ၾကားမွမၾကားတာ "
ဗ်စ္ကနဲ ေနေအာင္ ကြမ္းေသြးကို ေထြးကာ
"တကယ္မၾကားလိုက္လို႔ မရပ္တာပါဗ်ာ ကဲ ေျပာစရာရိွတာေျပာဗ်ာ က်ဳပ္အလုပ္ကေနာက္က်လို႔ မရဘူး"
သူေျပာေတာ့ ကိုေက်ာ္စြာက စိတ္မရွည္ရလားဆိုပီး မ်က္ေထာင့္နီနဲ႔ ၾကၫ့္၏။
စိတ္ဆိုးလို႔ လုပ္ျပတာမဟုတ္မွန္းသိေတာ့
သူအေရးလုပ္ပီး ထပ္ေျပာမေနေတာ့။
"ဒီမွာ ကိုသက္က စာေပးခိုင္းလိုက္လို႔ "
လက္ထဲထိုးထၫ့္လာတဲ့ပန္းႏုေရာင္ စာအိတ္ေလးေၾကာင့္ အၿပံဳးတစ္ခု ႏႈတ္ခမ္းမွာ လာတြဲခို၏။
"ေက်းဇူးပဲ ကိုေက်ာ္စြာ ေနာက္ရက္မွ
လမ္းထိပ္က ဘာဘူးႀကီးဆီမွာ ရွယ္တီးတခြက္ လိုက္တိုက္မယ္ "
"ေအးပါ ဒါပဲငေကာင္း ငါလဲမအားဘူးကြ။
သြားပီ "
ေျပာပီး ထြက္ခြာသြားတဲ့ ကိုေက်ာ္စြာကို စိတ္မဝင္စားေတာ့ပဲ လက္ထဲ ပန္းႏုေရာင္ စာအိတ္ကေလးကိုသာ တယုတယ ဖြင့္လိုက္၏။
ခ်စ္တဲ့ သက္ပံုဆီကမို႔ အလုပ္ေနာက္က်မွာလဲ မပူေတာ့။
တဦးတည္းေသာ ခ်စ္သူရဲ့ ခပ္လွလွလက္ေရးေလးေတျြမင္ေယာင္ကာ
စာအိတ္ထဲက စာရြက္ေလးကို ဆြဲထုတ္၏။
အထဲက စာရြက္ေခါက္ေလးသည္လည္း
ပန္းေရာင္ေလးမို႔ ပန္းေရာင္ႀကိဳက္တဲ့ သူခ်စ္ရတဲ့ သက္ပံု အတြက္ ေနာင္တခ်ိန္မွာ
ပန္းေရာင္ေတြကိုသာ ဝယ္ေပးဖို႔ ဆံုးျဖတ္လိုက္၏။
သိပ္မမ်ားတဲ့ စာလံုးေလးေတြကို အထပ္ထပ္အခါခါ ဖတ္ၾကၫ့္ရင္း ေကာင္းခ်ီ
အေလးနက္စဉ္းစားမိသည္။
ငါးမိနစ္ခန႔္ အေတြးယာဉ္ေက်ာ မွာေျမာပီးေနာက္ သူအလုပ္လုပ္တဲ့ ေဒၚခ်စ္ ကုန္စံုဆိုင္သို႔ အေသာ့ႏွင္ရသည္။
ဆိုင္ေရာက္ေတာ့ လည္ပင္းမွာ ေရႊဆြဲႀကိဳး အတုတ္ႀကီးဆြဲထားတဲ့ ေဒၚခ်စ္က ဆီးႀကိဳကာ
"ငေကာင္းရယ္ မအားရတဲ့အထဲ ေနာက္က်လိုက္တာ သြားသြား ဟိုမွာ နယ္ဖက္က ပစၥည္းမွာတဲ့ စာရင္းေတြ ရေနပီ
စစ္ပီး ကားေပၚတင္ေပးလိုက္"
သူေခါင္းညိတ္ျပကာ ဆိုင္ေဘးဂိုေထာင္
ဆီကိုေျပးသည္။
ေဒၚခ်စ္ ဆိုင္က လက္ကားေပးတဲ့ဆိုင္ဆိုေတာ့ အမွာစာရင္းနဲ႔ တိုက္ကာ သူက ပစၥည္းတင္ေပးရသည္။ တျခားအလုပ္သမားရိွေပမဲ့ မ်ားမ်ားမွာရင္ စာရင္းမွားမွာေၾကာင့္ သူသာ လုပ္ရသည္။ လခကလည္း ေဒၚခ်စ္ဆိုင္မွာ သူအမ်ားဆံုး။ ညညဆို ကုန္တင္ကုန္ခ် လုပ္ရတဲ့ အလုပ္ေၾကာင့္ ကိုက္ခဲတက္ေပမဲ့ ဒီအလုပ္က ပိုက္ဆံပိုရတာေၾကာင့္ သံုးႏွစ္နီးပါး သူလုပ္လာခဲ့သည္။
သက္ပံုကေတာ့ သူပင္ပန္းမွန္းသိေတာ့ နားေစခ်င္သည္။
ဒါေပမဲ့ သက္ပံုကိုလက္ထက္ဖို႔ က
သူမ်ားထပ္ပိုပီးေငြရွာႏိုင္မျွဖစ္မည္။
" ကိုတာ အမွာစာရင္းက်ဳပ္ကိုေပး "
စားရင္းကိုင္ဆီက သူတင္ေပးရမဲ့ ကားနံပါတ္နဲ႔ အမွာစာရင္းေတာင္းလိုက္သည္။
ထိုစာရြက္ ရမွ ဂိုေထာင္မွာရိွတဲ့ စာေရးမ က ထပ္စစ္ကာ ပစၥည္းထုတ္ပံုေပးသည္။
သူက ပံုေပးတဲ့ ပစၥည္းေတြကို စာရြက္နဲ႔ ေနာက္တေခါက္စစ္ကာ ကုန္ကားေပၚ တခုျခင္းတင္ေပးရတာျဖစ္သည္။
"ေရာ့ေရာ့ ေနာက္က်ေနပီ ။ ေစာေစာက
ေဒၚေအမီက မင္းကိုရွာေနတာကြ။ မုန႔္ ဖိုးေပးမလို႔ ထင္တယ္"
လက္ထဲေရာက္လာတဲ့ ကုန္အမွာစာရင္းကိုငံု႔ ဖတ္ကာ ကိုတာ ကိုေခါင္းညိတ္ျပလိုက္သည္။
မုန႔္ ဖိုးက သူ႔ အတြက္ မထူးဆန္း။
ဒီဆိုင္မွာ ရတဲ့လစာအျပင္ ေဘးေပါက္
လည္းရေသးသည္။
မုန႔္ ဖိုးက သူအပိုသံုးရေအာင္ထိ ေလာက္ငွရံုတင္မကဘူး စုဘူးထဲထိေရာက္သည္။
မရပါဘူးဆိုရင္ေတာင္ တစ္ရက္ကို ေျခာက္ေထာင္ေလာက္ထိရသည္။ ဟိုလူ ႏွစ္ေထာင္ ၊ဒီလူ တစ္ေထာင္နဲ႔ အမ်ားနဲ႔ စုေတာ့ တေန့ တေန့
သူေတာ္ေတာ္တြက္ေျခကိုက္သည္။
ပိုက္ဆံရေအာင္ရွာတဲ့ေနရာမွာ ေကာင္းခ်ီကို ဒီဆိုင္က အလုပ္သမားမွန္သမ်ွ လက္ေျမာက္ထားရေအာင္ သူကေငြရွာပက္စက္သည္။
မုန႔္ ဖိုးဆိုတာေျပာေတာ့သာ လြယ္တာ
တကယ္က် မလြယ္ကူေပ ။ နယ္ကကုန္ကားေတြ ဆိုင္ကိုလာရင္ သံုးရက္တခါသာ လာေရာက္တက္သည္မို႔ ပစၥည္းျပတ္တဲ့ ေဈးဆိုင္ေတြက ၾကားေပါက္မွာယူဖို႔ ေကာင္းခ်ီဆီကို ေဒၚခ်စ္မွတဆင့္ သက္သက္မွာတက္သည္။
ေဒၚခ်စ္ဆိုင္က ကုန္စံုဆိုင္မို႔ သူ႔ ဆိုင္မွာ မရိွသၫ့္ပစၥည္းေတြကို အျပင္မွာ လိုက္ဝယ္ေပးရတဲ့ အခ်ိန္မ်ိဳးတြင္ ေကာင္းခ်ီ အတြက္ မုန႔္ ဖိုးရတက္သည္။ ကုန္ထမ္းရံုတင္မကဘူး အဝယ္ေတာ္ ပါလုပ္ေသးသည္မို႔ ပိုက္ဆံရွာဖို႔ က ေကာင္းခ်ီအတြက္မခဲရင္း။
လစာက အလုပ္ၾကမ္းျဖစ္သၫ့္အတြက္ တလ သံုးသိန္းရေပမဲ့ ေရရွည္ဆိုရင္ က်န္းမာေရးအတြက္ အဆင္မေျပႏိုင္။
တေန့ လံုး ကားႏွစ္စီးခန႔္ ကုန္အျပၫ့္တင္ေပးပီးေနာက္မွာ လူလဲ အေတာ္ၿပိဳင္းသြား၏။
ပန္းေပမဲ့ အေၾကာင္းရိွေသးသည္မို႔ မနားရဲေသး။
မ်က္ႏွာခ်င္းဆိုင္ ငါးဒိုင္ပိုင္ရွင္ ကိုေက်ာ္ႀကီးက လက္ဟန္ေျခဟန္ျဖင့္ ထမင္းစားအုန္းမလား လွမ္းေမးသျဖင့္ေခါင္းရမ္းျပလိုက္သည္။
ေဒၚခ်စ္ကုန္စံုဆိုင္က ေဈးထိပ္မွာဖြင့္ထားသည္မို႔ အနီးနားေဈးဆိုင္ခန္းေတြက ေကာင္းခ်ီကို မသိသူမရိွ။ အေျပာဆိုမညက္ေညာေပမဲ့ ရိုးသားသူမို႔ အေပါင္းသင္းလုပ္ခ်င္သူကခပ္မ်ားမ်ား။
ေဈးထဲမွာပါတ္ပီး လုပ္စားလာတဲ့ေကာင္းခ်ီအတြက္ စီးပြားေရးကို ဘာလုပ္စားရင္ ဘာျမတ္မလဲဆိုတာ ေကာင္းေကာင္းသိေနျပီ။
ေလ်ာ့ရဲရဲျဖစ္ေနတဲ့ ပုဆိုးကို ခပ္တိုတိုျပန္ျပင္ဝတ္လိုက္ပီး ေျခလွမ္းတို႔ က ေဒၚခ်စ္ဆီ။
"ေဒၚခ်စ္ ကြၽန္ေတာ္ ေျပာစရာရိွလို႔ "
ေကာင္တာမွာ ထိုင္ပီးပိုက္ဆံေရေနတဲ့ ေဒၚခ်စ္က ေဘးခံုကို လက္ညိဳးထိုးျပကာ ထိုင္ခိုင္းသည္။
ေကာင္းခ်ီ ဝင္ထိုင္ကာ လာရင္းကိစၥကို ျမန္ျမန္သာေျပာလိုက္သည္။ ဒီကျပန္ရင္သူ႔မွာလုပ္စရာေတြရွိေနေသး၏။
"ေဒၚခ်စ္ ကြၽန္ေတာ္ စုထားတဲ့ ပိုက္ဆံေတြ ထုတ္ခ်င္လို႔ "
"ဟဲ့ ဘာအေရးတႀကီးကိစၥရိွလို႔ လဲ။
မင္းေျပာေတာ့ လိုအပ္မွထုတ္မယ္ဆို။
ငါကမေပးခ်င္လို႔ ေျပာတာမဟုတ္ဘူး။
မင္း သံုးႏွစ္လံုးစုထားတဲ့ ပိုက္ဆံေတြ
အလဟ သျဖစ္မွာစိုးလို႔ ေစတနာနဲ႔ ေျပာတာ"
ေကာင္းခ်ီေခါင္းညိတ္ျပကာ ကြမ္းေသြးကို အရင္ထေထြးလိုက္သည္။ ျပီးမွ ခံုေပၚျပန္ထိုင္ကာ
"ခုလည္း အေရးတႀကီးလိုအပ္လို႔ ထုတ္တာပါ။ ေဒၚခ်စ္ေကာင္းေစခ်င္လို႔ ေျပာတာ ကြၽန္ေတာ္နားလည္ပါတယ္။ ျဖစ္ႏိုင္ရင္ အခုထုတ္ေပးပါ့လား ကြၽန္ေတာ္ အလ်င္လိုေနလို႔ "
ေဒၚခ်စ္က သက္ျပင္းခ်သည္။
နွစ္ေတြအၾကာႀကီးလုပ္ခဲ့တဲ့အလုပ္သမားမို ႔သံေယာဇဥ္ေတြက ရွိေနၿပီေလ။
ဒီေကာင္ေလး ရုိးသားတည္ၾကည္တာကို သိေတာ့ ထပ္ၿပီးအပိုစကားမဆိုျဖစ္လိုက္ေတာ့ဘူး။
"ေအးေအး ဒါဆို ထုတ္ေပးလိုက္မယ္"
အံဆြဲထဲ က သူနာမည္ေရးထားတဲ့ ဗလာစာအုပ္ကို စာအုပ္ပံုထဲကေန ရွာထုတ္လိုက္သည္။
သူစဝင္တဲ့ေန့ ကေန ခုထိလတို္င္းမွတ္ထားတဲ့ ေန့ စြဲေတြနဲ႔ အတူ မတူညီတဲ့ လစာေတြကိုေဘးမွာ စီေရးထားသည္။
အလုပ္စဝင္တုန္းက ၂သိန္းေလာက္ကိုငါးလနီးပါးေလာက္ရခဲ့တာရယ္ သက္ပံုအတြက္ လက္ေဆာင္ဝယ္ေပးဖို႔ ထုတ္ထားတဲ့လစာတခ်ိဳ႕ ရယ္ကလြဲရင္ က်န္တဲ့ လေတြက သံုးသိန္းအတိေတြႀကီးပဲ။ တက်ပ္မွထုတ္မထား။
"အားလံုးေပါင္း ၇၈သိန္း …ဟဲ့ ဒါေတြအကုန္ထုတ္မွာလား"
သံုးႏွစ္စာလုပ္အားခ က သူတြက္ခ်က္ထားတာနဲ႔ ကြက္တိ ။
"ဟုတ္တယ္ အကုန္ထုတ္သြားမွာ ျပီးရင္ ကြၽန္ေတာ္ အလုပ္ထြက္ေတာ့မယ္ေဒၚခ်စ္ ။ ဒီလ ၂၂ရက္ လုပ္အားခပါ ထပ္တြက္ေပးပါ "
"ဘာေတြအဆင္မေျပရိွလို႔ လဲ ငေကာင္းရယ္။အလုပ္ထြက္ရေအာင္ထိ …"
စိတ္မေကာင္းျဖစ္သြားတဲ့ ေဒၚခ်စ္ကို
ေကာင္းခ်ီ ျဖတ္ေျပာလိုက္သည္။
တကယ္ေတာ့ သူ ဒီမွာ မေနေတာ့တာေၾကာင့္အလုပ္ထြက္ရျခင္းမို႔
"ကိစၥရိွလို႔ ပါ။ ေဒၚခ်စ္ဆိုင္က အဆင္ေျပပါတယ္။ ၂သိန္း၂ေသာင္း ထပ္ေပါင္းရင္း
၈၀ဆယ္ ၂ေသာင္းပါ ။ ခုယူသြားမွာေနာ္"
"ေအးပါ ေနာက္ျပန္လာခ်င္ရင္ ငါဆိုင္က အခ်ိန္မေရြးေနာ္ငေကာင္း"
သူအလ်င္လိုေနမွန္းသိေတာ့ ေဒၚခ်စ္က
ျမန္ျမန္ပဲ လုပ္ေပးလိုက္သည္။
အျပန္လမ္းမွာ လက္ဆြဲအိတ္အနက္ေရာင္ ေၾကာင့္ေျခလွမ္းေတြကို သြက္လိုက္သည္။ ဘုန္းႀကီးေက်ာင္းမွာ ကပ္ေနရတဲ့ သူ႔ အဖို႔ ဘာအပိုေငြေၾကး တခုေတာင္ ထုတ္မသံုးျဖစ္။ ယုတ္စြဆံုး ဖုန္းတလံုးေတာင္ သူ႔ မွာမရိွ။ သက္ပံုက ဝယ္ေပးဖို႔ ေျပာေပးမဲ့ သူမယူခဲ့။ နဂိုကတည္းက ပတ္ဝန္းက်င္မွာ သက္ပံုကို သူကခ်ူစားေနတဲ့အတိုင္း သပုတ္ေလလႊင့္ေျပာခ်င္ရတဲ့အထဲ။
သက္ပံုကိုသူကသာေပးခ်င္သည္။ ဆင္ခ်င္သည္။ အဲ့ဒါခ်စ္တဲ့ သက္ပံုအတြက္ သူအတၲပဲ။
သူေနေနက် ဘုန္းေက်ာင္းေဘးက တဲသာသာ အေဆာင္ေလး က ဘုန္းဘုန္း
စြန႔္ က်ဲထားတဲ့ သူ႔ အတြက္ ဘံုဗိမၼာန္ေလးပင္။
ခုေလာက္ထိ ပိုက္ဆံစုမိတာလဲ ျဖစ္သလို
ေန… ျဖစ္သလို ဝတ္စားပီး… အသံုးျဖဳန္းနည္းတာေၾကာင့္ျဖစ္သည္။ ေကာင္းခ်ီ အေၾကာင္းလာမေမးနဲ႔ အိပ္ေနတုန္းေယာင္ရင္ေတာင္ သက္ပံုအေၾကာင္းကိုသာေျပာမည္။ အစားအေသာက္ဆိုရင္လည္း
သက္ပံုကိုသာ ဘယ္ေလာက္ေဈးႀကီးႀကီး ဝယ္ေကြၽးခ်င္ေကြၽးလိမ့္မည္။ သူကိုယ္သူေတာ့ နည္းနည္းေတာင္မသထွာတက္သူျဖစ္သည္။
ညစာဆိုရင္ ဘုန္းႀကီးေက်ာင္းက ဟင္းေပါင္းနဲ႔ စားတက္ပီး ေန့ ခင္းဆို ေဈးထဲက ပံုစား ၈၀၀ဆိုတဲ့ဆိုင္မွာ ဟင္းတစ္တံုး၊ ခ်ဉ္ေပါင္းဟင္း၊ ငန္ျပာရည္ေဖ်ာ္နဲ႔ ဗိုက္ဝေအာင္စားလိုက္ရံုသာ။
ခ်စ္တဲ့သက္ပံုျမင္ရင္ေတာ့ စိတ္ဆိုးမွာသိေပမဲ့ သူကေတာ့ ရွာသမ်ွပိုက္ဆံ သက္ပံုအတြက္လို႔ ပဲသတ္မွတ္ထားသူျဖစ္သည္။
တဲထဲေရာက္ေတာ့ မ်ားမ်ားစားစားမရိွတဲ့ သူ႔ အသံုးေဆာင္တခ်ိဳ႕ ကထုတ္ပိုး သိမ္းဆည္းထားလ်က္။
ဒါေတြကလည္း ခ်စ္သူသက္တမ္းသံုးႏွစ္ျပၫ့္ကတည္းက လိုရမယ္ရ သူႀကိဳသိမ္းထားတာ ဆယ္ရက္နီးပါးရိွပီျဖစ္သည္။
လိုအပ္တာေတြနဲ႔ ပိုက္ဆံအိတ္ကို ႏွစ္သိန္းေဘးထုတ္ကာ
က်န္ပိုက္ဆံကို ခရီးေဆာင္အိတ္ထဲ ထိုးထၫ့္ကာ သိမ္းလိုက္သည္။ တခ်က္ေဝ့ၾကၫ့္ေတာ့
ခပ္လွမ္းလွမ္းမွာ ေထာင္ထားတဲ့ စုဘူးအခြံေလးကလြဲရင္ ဘာမွမရိွေတာ့။
အဲ့ဒါကလည္း မေန့ ညက ဘူးျပၫ့္ေနပီမို႔ ေဖာက္လိုက္ပီးသားမို႔ အေရးမႀကီး။
ေနာက္ဆံုးအႀကိမ္သူအိမ္ေလးကို
ၾကၫ့္ကာ ဘုန္းႀကီးေက်ာင္းေပၚတက္ကာ
သက္သက္ထုတ္ထားတဲ့ ႏွစ္သိန္းကို ဘုန္းဘုန္းကို ကပ္လႉ လိုက္ပီး ျပန္ေတာ့မဲ့အေၾကာင္းခြင့္ပန္လိုက္သည္။ ဆရာေတာ္ရဲ့ ဆံုးမစကားေတြကိုအေတာ္ၾကာနားေထာင္ပီး သူ႔ ဦးတည္းရာ က သက္ပံုတို႔ အိမ္ျဖစ္သည္။
ည သည္ လမိုက္ညမို ႔ေကာင္းကင္တခုလံုးမဲေမွာင္ေနလ်က္။ ရာသီဥတုကေတာ့ သူ ႔ဖက္မွာ ပါလို ႔ေနသည္။ အေၾကာင္းမွာ ဒီေန့ ညသည္ ေကာင္းခ်ီ ရဲ့ ေယာက်ာ္းခိုးမၫ့္ည မို ႔ျဖစ္သည္။
A/N ခင္မ်ားကို ခင္ဗ်ားလို႔ ျပင္ဖတ္ေပးပါ
ခ်စ္တဲ့အိမ္စည္။
(ေငြရွာေတာ္တဲ့ေယာက်ာ္းေတြဆို မအိမ္စည္က သိပ္သေဘာက် 😁😁)
>>>>>>>><<<<<<<>
"ငကောင်း ငကောင်း နေပါအုန်းကွာ ။
သွားတာလဲ မြန်လိုက်တာ ခြေထောက်ကိုစက်တပ် ထားတဲ့အတိုင်းပဲ "
တကြော်ကြော် အော်ပီး အူယားဖားယားပြေးလာတဲ့ ကိုကျော်စွာ ကြောင့်
နေရိပ်မှ ကောင်းချီ ရပ်စောင့်ရင်း ခါးကြားကကွမ်းယာကို ထုတ်ဝါးလိုက်သည်။
" ကျုပ် မအားဘူး ကိုကျော်စွာ ။ ပြောစရာရှိတာ မြန်မြန်ပြော "
အနားရောက်လာတဲ့ ကိုယ်ကျော်စွာက ဝတ်ထားတဲ့ ပုဆိုးနဲ့ လည်ပင်းကချွေးတွေကို သုတ်ပီး အမောဖြေနေ၏။
"မောလို့ ပါကွာ အဝေးကတည်းက ငါအော်လိုက်လာတာမင်းက ကြားမှမကြားတာ "
ဗျစ်ကနဲ နေအောင် ကွမ်းသွေးကို ထွေးကာ
"တကယ်မကြားလိုက်လို့ မရပ်တာပါဗျာ ကဲ ပြောစရာရှိတာပြောဗျာ ကျုပ်အလုပ်ကနောက်ကျလို့ မရဘူး"
သူပြောတော့ ကိုကျော်စွာက စိတ်မရှည်ရလားဆိုပီး မျက်ထောင့်နီနဲ့ ကြည့်၏။
စိတ်ဆိုးလို့ လုပ်ပြတာမဟုတ်မှန်းသိတော့
သူအရေးလုပ်ပီး ထပ်ပြောမနေတော့။
"ဒီမှာ ကိုသက်က စာပေးခိုင်းလိုက်လို့ "
လက်ထဲထိုးထည့်လာတဲ့ပန်းနုရောင် စာအိတ်လေးကြောင့် အပြုံးတစ်ခု နှုတ်ခမ်းမှာ လာတွဲခို၏။
"ကျေးဇူးပဲ ကိုကျော်စွာ နောက်ရက်မှ
လမ်းထိပ်က ဘာဘူးကြီးဆီမှာ ရှယ်တီးတခွက် လိုက်တိုက်မယ် "
"အေးပါ ဒါပဲငကောင်း ငါလဲမအားဘူးကွ။
သွားပီ "
ပြောပီး ထွက်ခွာသွားတဲ့ ကိုကျော်စွာကို စိတ်မဝင်စားတော့ပဲ ။ လက်ထဲ ပန်းနုရောင် စာအိတ်ကလေးကိုသာ တယုတယ ဖွင့်လိုက်၏။
ချစ်တဲ့ သက်ပုံဆီကမို့ အလုပ်နောက်ကျမှာလဲ မပူတော့။
တဦးတည်းသော ချစ်သူရဲ့ ခပ်လှလှလက်ရေးလေးတွေမြင်ယောင်ကာ
စာအိတ်ထဲက စာရွက်လေးကို ဆွဲထုတ်၏။
စာရွက်ခေါက်လေးသည်လဲ ပန်းရောင်လေးမို့ ပန်းရောင်ကြိုက်တဲ့ သူချစ်ရတဲ့ သက်ပုံ ကိုနောင်တချိန် ပန်းရောင်တွေသာ ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်၏။
သိပ်မများတဲ့ စာလုံးလေးတွေကို အထပ်ထပ်အခါခါ ဖတ်ကြည့်ရင်း ကောင်းချီ
အလေးနက်စဉ်းစားမိသည်။
ငါးမိနစ်ခန့် အတွေးယာဉ်ကျော မှာမြောပီးနောက် သူအလုပ်လုပ်တဲ့ ဒေါ်ချစ် ကုန်စုံဆိုင်သို့ အသော့နှင်လိုက်သည်။
ဆိုင်ရောက်တော့
"ငကောင်းရယ် မအားရတဲ့အထဲ နောက်ကျလိုက်တာ သွားသွား ဟိုမှာ နယ်ဖက်က ပစ္စည်းမှာတဲ့ စာရင်းတွေ ရနေပီ
စစ်ပီး ကားပေါ်တင်ပေးလိုက်"
သူခေါင်းညိတ်ပြကာ ဆိုင်ဘေးဂိုထောင်
ဆီကိုပြေးရသည်။
ဒေါ်ချစ်ဆိုင်က လက်ကားပေးတဲ့ဆိုင်ဆိုတော့ အမှာစာရင်းနဲ့ တိုက်ကာ သူက ပစ္စည်းတင်ပေးရသည်။ တခြားအလုပ်သမားရှိပေမဲ့ များများမှာရင် စာရင်းမှားမှာကြောင့် သူသာ လုပ်ရသည်။ လခကလဲ ဒေါ်ချစ်ဆိုင်မှာ သူအများဆုံး။ ညညဆို ကုန်တင်ကုန်ချ လုပ်ရတဲ့ အလုပ်ကြောင့် ကိုက်ခဲတက်ပေမဲ့ ဒီအလုပ်က ပိုက်ဆံပိုရတာကြောင့် သုံးနှစ်နီးပါး သူလုပ်လာခဲ့သည်။
သက်ပုံကတော့ သူပင်ပန်းမှန်းသိတော့ နားစေချင်သည်။
ဒါပေမဲ့ သက်ပုံကိုလက်ထက်ဖို့ က
သူများထပ်ပိုပီးငွေရှာနိုင်မှဖြစ်မည်။
" ကိုတာ အမှာစာရင်းကျုပ်ကိုပေး "
စားရင်းကိုင်ဆီက သူတင်ပေးရမဲ့ ကားနံပါတ်နဲ့ အမှာစာရင်းတောင်းလိုက်သည်။
ထိုစာရွက် ရမှ ဂိုထောင်မှာရှိတဲ့ စာရေးမ က ထပ်စစ်ကာ ပစ္စည်းထုတ်ပုံပေးသည်။
သူက ပုံပေးတဲ့ ပစ္စည်းတွေကို စာရွက်နဲ့ နောက်တခေါက်စစ်ကာ ကုန်ကားပေါ် တခုခြင်းတင်ပေးရတာဖြစ်သည်။
"ရော့ရော့ နောက်ကျနေပီ ။ စောစောက
ဒေါ်အေမီက မင်းကိုရှာနေတာကွ။ မုန့် ဖိုးပေးမလို့ ထင်တယ်"
လက်ထဲရောက်လာတဲ့ ကုန်အမှာစာရင်းကိုငုံ့ ဖတ်ကာ ကိုတာ ကိုခေါင်းညိတ်ပြလိုက်သည်။
မုန့် ဖိုးက သူ့ အတွက် မထူးဆန်း။
ဒီဆိုင်မှာ ရတဲ့လစာအပြင် ဘေးပေါက်လဲရသည်။ မုန့် ဖိုးက သူအပိုသုံးရအောင်ထိ လောက်ငှရုံတင်မကဘူး စုဘူးထဲထိရောက်သည်။ မရပါဘူးဆိုရင်တောင် တရက်ကို ခြောက်ထောင်လောက်ထိရသည်။ ဟိုလူ နှစ်ထောင် ဒီလူ တစ်ထောင်နဲ့ အများနဲ့ စုတော့ တနေ့ တနေ့
သူတော်တော်တွက်ခြေကိုက်သည်။
ပိုက်ဆံရအောင်ရှာတဲ့နေရာမှာ ကောင်းချီကို ဒီဆိုင်က အလုပ်သမားမှန်သမျှ လက်မြောက်ထားရအောင် သူကငွေရှာပက်စက်သည်။
မုန့် ဖိုးဆိုတာပြောတော့တာလွယ်တာ
တကယ်ကျ မလွယ်ကူပေ ။ နယ်ကကုန်ကားတွေ ဆိုင်ကိုလာရင် သုံးရက်တခါသာ လာရောက်တက်သည်မို့ ပစ္စည်းပျက်တဲ့ ဈေးဆိုင်တွေက ကြားပေါက်မှာယူဖို့ ကောင်းချီဆီကို ဒေါ်ချစ်မှတဆင့် သက်သက်မှာတက်သည်။ ဒေါ်ချစ်ဆိုင်က ကုန်စေုံဆိုင်မို့ သူ့ ဆိုင်မှာ မရှိသည့်ပစ္စည်းတွေကို အပြင်မှာ လိုက်ဝယ်ပေးရတဲ့ အချိန်မျိုးတွင် ကောင်းချီ အတွက် မုန့် ဖိုးရတက်သည်။ ကုန်ထမ်းရုံတင်မကဘူး အဝယ်တော် ပါလုပ်သေးသည်မို့ ပိုက်ဆံရှာဖို့ က ကောင်းချီအတွက်မခဲရင်း။
လစာက အလုပ်ကြမ်းဖြစ်သည့်အတွက် တလ သုံးသိန်းရပေမဲ့ ရေရှည်ဆိုရင် ကျန်းမာရေးအတွက် အဆင်မပြေနိုင်။
တနေ့ လုံး ကားနှစ်စီးခန့် ကုန်အပြည့်တင်ပေးပီးနောက်မှာ လူလဲ အတော်ပြိုင်းသွား၏။
ပန်းပေမဲ့ အကြောင်းရှိသေးသည်မို့ မနားရဲသေး။
မျက်နှာချင်းဆိုင် ငါးဒိုင်ပိုင်ရှင် ကိုကျော်ကြီးက လက်ဟန်ခြေဟန်ဖြင့် ထမင်းစားအုန်းမလား လှမ်းမေးသဖြင့်ခေါင်းရမ်းပြလိုက်သည်။
ဒေါ်ချစ်ကုန်စုံဆိုင်က ဈေးထိပ်မှာဖွင့်ထားသည်မို့ အနီးနားဈေးဆိုင်ခန်းတွေက ကောင်းချီကို မသိသူမရှိ။ အပြောဆိုမညက်ညောပေမဲ့ ရိုးသားသူမို့ အပေါင်းသင်းလုပ်ချင်သူကခပ်များများ။
ဈေးထဲမှာပါတ်ပီး လုပ်စားလာတဲ့ကောင်းချီအတွက် စီးပွားရေးကို ဘာလုပ်စားရင် ဘာမြတ်မလဲဆိုတာ ကောင်းကောင်းသိနေပီ။
လျော့ရဲရဲဖြစ်နေတဲ့ ပုဆိုးကို ခပ်တိုတိုပြန်ပြင်ဝတ်လိုက်ပီး ခြေလှမ်းတို့ က ဒေါ်ချစ်ဆီ။
"ဒေါ်ချစ် ကျွန်တော် ပြောစရာရှိလို့ "
ကောင်တာမှာ ထိုင်ပီးပိုက်ဆံရေနေတဲ့ ဒေါ်ချစ်က ဘေးခုံကို လက်ချိုးထိုပြကာ ထိုင်ခိုင်းသည်။
ကောင်းချီ ဝင်ထိုင်ကာ လာရင်းကိစ္စကို မြန်မြန်သာပြောလိုက်သည်။
"ဒေါ်ချစ် ကျွန်တော် စုထားတဲ့ ပိုက်ဆံတွေ ထုတ်ချင်လို့ "
"ဟဲ့ ဘာအရေးတကြီးကိစ္စရှိလို့ လဲ။
မင်းပြောတော့ လိုအပ်မှထုတ်မယ်ဆို။
ငါကမပေးချင်လို့ ပြောတာမဟုတ်ဘူး။
မင်း သုံးနှစ်လုံးစုထားတဲ့ ပိုက်ဆံတွေ
အလဟ သဖြစ်မှာစိုးလို့ စေတနာနဲ့ ပြောတာ"
ကောင်းချီခေါင်းညိတ်ပြကာ ကွမ်းသွေးကို အရင်ထထွေးလိုက်သည်။ ပီးမှ ခုံပေါ်ပြန်ထိုင်ကာ
"ခုလဲ အရေးတကြီးလိုအပ်လို့ ထုတ်တာပါ။ ဒေါ်ချစ်ကောင်းစေချင်လို့ ပြောတာ ကျွန်တော်နားလည်ပါတယ်။ ဖြစ်နိုင်ရင် အခုထုတ်ပေးပါ့လား ကျွန်တော် အလျှင်လိုနေလို့ "
ဒေါ်ချစ်က သက်ပြင်းချကာ
"အေးအေး ဒါဆို ထုတ်ပေးလိုက်မယ်"
အံဆွဲထဲ က သူနာမည်ရေးထားတဲ့ ဗလာစာအုပ်ကို စာအုပ်ပုံထဲကနေ ရှာထုတ်လိုက်သည်။
သူစဝင်တဲ့နေ့ ကနေ ခုထိလတို်င်းမှတ်ထားတဲ့ နေ့ စွဲတွေနဲ့ အတူ မတူညီတဲ့ လစာတွေကိုဘေးမှာ စီရေးထသည်။
အလုပ်စဝင်တုန်းက ၂သိန်းလောက်ကိုငါးလနီးပါးလောက်ရခဲ့တာရယ် သက်ပုံအတွက် လက်ဆောင်ဝယ်ပေးဖို့ ထုတ်ထားတဲ့လစာတချို့ ရယ်ကလွဲရင် ကျန်တဲ့ လတွေက သုံးသိန်းအတိတွေကြီးပဲ။ တကျပ်မှထုတ်မထား။
"အားလုံးပေါင်း ၇၈သိန်း …ဟဲ့ ဒါတွေအကုန်ထုတ်မှာလား"
သုံးနှစ်စာလုပ်အားခ က သူတွက်ချက်ထားတာနဲ့ ကွက်တိ ။
"ဟုတ်တယ် အကုန်ထုတ်သွားမှာ ပီးရင် ကျွန်တော် အလုပ်ထွက်တော့မယ်ဒေါ်ချစ် ။ ဒီလ ၂၂ရက် လုပ်အားခပါ ထပ်တွက်ပေးပါ "
"ဘာတွေအဆင်မပြေရှိလို့ လဲ ငကောင်းရယ်။အလုပ်ထွက်ရအောင်ထိ …"
စိတ်မကောင်းဖြစ်သွားတဲ့ ဒေါ်ချစ်ကို
ကောင်းချီ ဖြတ်ပြောလိုက်သည်။
တကယ်တော့ သူ ဒီမှာ မနေတော့တာကြောင့်အလုပ်ထွက်ရခြင်းမို့
"ကိစ္စရှိလို့ ပါ ဒေါ်ချစ်ဆိုင်က အဆင်ပြေပါတယ်။ ၂သိန်း၂သောင်း ထပ်ပေါင်းရင်း
၈၀ဆယ် ၂သောင်းပါ ။ ခုယူသွားမှာနော်"
"အေးပါ နောက်ပြန်လာချင်ရင် ငါဆိုင်က အချိန်မရွေးနော်ငကောင်း"
သူအလျင်လိုနေမှန်းသိတော့ ဒေါ်ချစ်က
မြန်မြန်ပဲ လုပ်ပေးလိုက်သည်။
အပြန်လမ်းမှာ လက်ဆွဲအိတ်အနက်ရောင် ကြောင့်ခြေလှမ်းတွေကို သွက်လိုက်သည်။ ဘုန်းကြီးကျောင်းမှာ ကပ်နေရတဲ့ သူ့ အဖို့ ဘာအပိုငွေကြေး တခုတောင် ထုတ်မသုံးဖြစ်။ ယုတ်စွဆုံး ဖုန်းတလုံးတောင် သူ့ မှာမရှိ။ သက်ပုံက ဝယ်ပေးဖို့ ပြောပေးမဲ့ သူမယူခဲ့။ နဂိုကတည်းက ပတ်ဝန်းကျင်မှာ သက်ပုံကို သူကချူစားနေတဲ့အတိုင်း သပုတ်လေလွှင့်ပြောချင်ရတဲ့အထဲ။
သက်ပုံကိုသူကသာပေးချင်သည်။ ဆင်ချင်သည်။ အဲ့ဒါချစ်တဲ့ သက်ပုံအတွက် သူအတ္တပဲ။
သူနေနေကျ ဘုန်းကျောင်းဘေးက တဲသာသာ အဆောင်လေး က ဘုန်းဘုန်း
စွန့် ကျဲထားတဲ့ သူ့ အတွက် ဘုံဗိမ္မာန်လေး။
ခုလောက်ထိ ပိုက်ဆံစုမိတာလဲ ဖြစ်သလို
နေ… ဖြစ်သလို ဝတ်စားပီး… အသုံးဖြုန်းနည်းတာကြောင့်ဖြစ်သည်။ ကောင်းချီ အကြောင်းလာမမေးနဲ့ အိပ်နေတုန်းယောင်ရင်တောင် သက်ပုံအကြောင်းကိုသာပြောမည်။ အစားအသောက်ဆိုရင်လဲ သက်ပုံကိုသာ ဘယ်လောက်ဈေးကြီးကြီး ဝယ်ကျွေးချင်ကျွေးလိမ့်မည်။ သူကိုယ်သူတော့ နည်းနည်းတောင်မသထှာ။
ညစာဆိုရင် ဘုန်းကြီးကျောင်းက ဟင်းပေါင်းနဲ့ စားတက်ပီး နေ့ ခင်းဆို ဈေးထဲက ပုံစား ၈၀၀ဆိုတဲ့ဆိုင်မှာ ဟင်းတစ်တုံး ချဉ်ပေါင်းဟင်း ငန်ပြာရည်ဖျော်နဲ့ ဗိုက်ဝအောင်စားလိုက်ရုံသာ။
ချစ်တဲ့သက်ပုံမြင်ရင်တော့ စိတ်ဆိုးမှာသိပေမဲ့ သူကတော့ ရှာသမျှပိုက်ဆံ သက်ပုံအတွက်လို့ ပဲသတ်မှတ်ထားသူဖြစ်သည်။
တဲထဲရောက်တော့ များများစားစားမရှိတဲ့ သူ့ အသုံးဆောင်တချို့ ကထုတ်ပိုး သိမ်းဆည်းထားလျက်။
ဒါတွေကလဲ ချစ်သူသက်တမ်းသုံးနှစ်ပြည့်ကတည်းက လိုရမယ်ရ သူကြိုသိမ်းထားတာ ဆယ်ရက်နီးပါးရှိပီဖြစ်သည်။
လိုအပ်တာတွေနဲ့ ပိုက်ဆံအိတ်ကို နှစ်သိန်းဘေးထုတ်ကာ
ကျန်ပိုက်ဆံကို ခရီးဆောင်အိတ်ထဲ ထိုးထည့်ကာ သိမ်းလိုက်သည်။ တချက်ဝေ့ကြည့်တော့
ခပ်လှမ်းလှမ်းမှာ ထောင်ထားတဲ့ စုဘူးအခွံလေးကလွဲရင် ဘာမှမရှိတော့။
အဲ့ဒါကလဲ မနေ့ ညက ဘူးပြည့်နေပီမို့ ဖောက်လိုက်ပီးသားမို့ အရေးမကြီး။
နောက်ဆုံးအကြိမ်သူအိမ်လေးကို
ကြည့်ကာ ဘုန်းကြီးကျောင်းပေါ်တက်ကာ
သက်သက်ထုတ်ထားတဲ့ နှစ်သိန်းကို ဘုန်းဘုန်းကို ကပ်လှူ လိုက်ပီး ပြန်တော့မဲ့အကြောင်းခွင့်ပန်လိုက်သည်။ ဆရာတော်ရဲ့ ဆုံးမစကားတွေကိုအတော်ကြာနားထောင်ပီး သူ့ ဦးတည်းရာ က သက်ပုံတို့ အိမ်ဖြစ်သည်။
ထိုနေ့ ညက ကောင်းချီ ရဲ့ ယောကျာ်းခိုးမည့်ညပင်ဖြစ်သည်။
ချစ်တဲ့အိမ်စည်။
(ငွေရှာတော်တဲ့ယောကျာ်းတွေဆို မအိမ်စည်က သိပ်သဘောကျ 😁😁)
A/N ခင်များကို ခင်ဗျားလို့ ပြင်ဖတ်ပေးပါ
Bạn đang đọc truyện trên: ZingTruyen.Xyz