ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

19

eainsi23

" စားပါအုံး ေဒၚေလး။ တရုတ္စကားပြင့္သုပ္ေလး "

ေရေႏြးငဲ့ေပးေနတဲ့ ေကာင္းခ်ီက ေနာက္ေဖးကထြက္လာတဲ့ သက္ပံုကိုလဲျမင္ေရာ ခ်စ္စရာေကာင္းေအာင္ျပံဳးျပလာ၏။
အဖူးေလးေတြကို ေသခ်ာေျမပဲဆံေႀကာ္နိုင္းခ်င္းနဲ ့သုပ္ထားတဲ့ စကားပန္းသုပ္ေလးကို ေဒၚေလးေအးႀကည္ေရွ ့ခ်ေပးရင္း အေနအထိုင္မတက္တဲ့ ေကာင္းခ်ီကိုပါ မ်က္လံုး
ျပဴးျပရေသးသည္။ ဒါေတာင္ကိုယ္ေတာ္က သူ ့ကိုကလူျမဴဆြယ္လုပ္ေနတဲ့အတိုင္းပိုပီးစပ္ျဖဲျဖဲျဖစ္လာေသးသည္။

ေဘးနားမွာ ကပ္ထိုင္ပီး ေပါင္ေႀကာကိုဆြဲစိတ္လိုက္မွ အခ်ိဳးေျပာင္းသြားသည္။
အိမ္လည္လာသူေဒၚေလးေအးႀကည္က သတိမထားမိစြာ အသုပ္ကိုျမည္းစမ္းႀကည့္ေနသည္မို ့သာေတာ္ေတာ့သည္။

" သက္ပံုက လက္ရာေကာင္းသားပဲ။
ေဒၚေလးနားေတြအူေနတာနဲ ့အေတာ္ပဲ "

"အူမွာေပါ့ ေဒၚေလးေရခ်ိဳးရင္း ေရႊငုတ္ေသးတယ္မို ့လား "

"မငုတ္လို ့ျဖစ္မလား။ တစ္ရြာလံုး ဟိုလူ
ရ ဒီလူရနဲ ့ ေရဆိပ္မွာ ပ်ားျပိဳေနသလိုပဲ ။ ဒီနွစ္ေရႊေပၚတာ အေတာ္မ်ားတယ္သိလား "

ေရေႏြးႀကမ္းကို တဖူးဖူးမွဳတ္ေသာက္ရင္း
ေျပာလာတဲ့ စကားေတြေႀကာင့္
သက္ပံုတစ္ေယာက္ သေဘာက်စြာျပံဳးမိသည္။
တကယ္လည္း ေရႊေတြရႀကပါသည္။
အမ်ားႀကီးမရေတာင္ ပုတီးေစ့လံုးေလးေတြ တစ္လံုးဆိုရင္ေတာင္ ေလးငါးေသာင္းမို ့ တေပ်ာ္တပါးႀကီးေရဆိပ္မွာ ကေလးလူႀကီးမေရႊးေရႊရွာႀကသည္။

" ဒါေပမဲ့ ေဒၚေလးေတာ့ မရဘူးမို ့လား။ "

"ေအာ္ေအ မင္းနွယ့္ အျပစ္ေျပာဖို ့ပဲ။
ကံစမ္းတာဟဲ့။ ရလည္းအျမတ္ မရလည္း ဆံုးရွဳံးမွဳ ့မွမရွိတာ။ မဟုတ္ရင္ ထီေတာင္ ပိုက္ဆံေပးထိုးေနရတာ။ ဒါက အလကား ကံထူးရင္ ရနိုင္တာပဲမို ့လား ကဲပါ ဒါေတြေျပာေနလည္း မင္းလိုလူက ဘာသိမွာလဲ။ ေျပာပါအုံး မင္းသရက္ျခံ အေျခအေန"

ေကာင္းခ်ီကို ေဒၚေလးကေမးေပမဲ့ မေျဖတက္စြာ သက္ပံုကို လွည့္ႀကည့္လာ၏။
ပိုက္ဆံဘယ္ေလာက္ရွိလဲဆိုတာ ဒီေရာက္မွ လံုးဝစိတ္မဝင္စားတက္ေတာ့တဲ့ေကာင္းခ်ီသည္ ခုလည္း ရသမ်ွပိုက္ဆံ…သက္ပံုဆီထိုးေပးကာ သူကေတာ့ဘယ္ေလာက္ရွိျပီလဲဆိုတာ မသိတက္သူပင္။

" အေျခအေနက ေကာင္းပါတယ္ ေဒၚေလး။ ခန္ ့မွန္းရသေလာက္ ေျခာက္ဆယ္နီးပါးေလာက္ေတာ့ တက္မယ္ထင္တယ္။ ခုေတာင္ က်ြန္ေတာ္ onlineကေနေရာင္းတာ နွစ္ဆယ့္ေျခာက္သိန္းေက်ာ္ေနပီ။ "

"အစက က်ြန္ေတာ္ ျမိဳ ့ေလးဒိုင္ကို ပို ့မလို ပါ့ပဲ။ ဒါေပမဲ့ သက္ပံုက မိတ္ရွိေတာ့ သူႀကိဳးစားၾကည့္မယ္ဆိုၿပီး onlineမွာေရာင္းေပးတာ အေတာ္ေလးေရာင္းအားမ်ားေတာ့  ဒိုင္ပို ႔သင့္မပို ႔သင့္ ခ်င့္ခ်ိန္ေနရတယ္ ။  "

"ေအးပါ မင္းတို ့အဆင္ေျပရင္္ ျပီးတာပါပဲ။ ငါကေတာ့ ႀကည့္ရွဳ ့ေပးရမဲ့တာဝန္ရွိေတာ့ ေျပလည္တာပဲႀကားခ်င္တယ္။ "

ေဒၚေလးေအးႀကည္က မႀကာခနေရာက္လာပီး သက္ပံုတို ့အဆင္ေျပ…မေျပ လာႀကည့္တက္သည္။

ထိုစဥ္မွာပဲ  ..

" ေကာင္းေကာင္းေရ  ငါးေျခာက္ေလးေတြဝယ္အုန္းမလားေဟ့။ အခ်ိဳေျခာက္ေလးေတြ "

အိမ္ေရွ ့ကေန လွမ္းေအာ္တဲ့ ခါတိုင္းဝယ္ေနႀက ငါးသည္ေဒၚဆန္း အသံေႀကာင့္ စကားဝိုင္းက တိတ္သြား၏။

" သက္ပံု ငါးေျခာက္ေႀကာ္စားမလား။
ဟိုေန ့က ပဲဟင္းေလးနဲ ့အငန္ေႀကာ္ေလးစားခ်င္တယ္ဆို "

"အင္း ဝယ္လိုက္ေလ "

သက္ပံုခြင့္ျပဳေတာ့ ေကာင္းခ်ီကမတ္တပ္ရပ္လာသည္။ ေကာင္းခ်ီကအတြင္းဖက္မွာ ထိုင္ေနတာမို ့အျပင္ထြက္ဖို ့သက္ပံုက ဖယ္ေပးရသည္။

" မဆန္း  ဘာငါးေျခာက္ေတြလဲ "

ေဒၚေလးက သူ ့ကိုယ္လံုးဝဝႀကီးနဲ ့အရင္ ထထြက္သြားကာ ေဒၚဆန္းရြက္လာတဲ့ ဗန္းကိုခ်ေပးရင္းေမး၏။
ျခံတံခါးသည္ ျမိဳ ့ကအိမ္ေတြလို အျမဲပိတ္မထားတက္သည္မို ့ အလြယ္တကူပင္ ေဒၚဆန္းက ျခံထဲဝင္လာ၏။ ေကာင္းခ်ီကေတာ့ အခန္းထဲသြားကာပိုက္ဆံဝင္ယူေနသည္။

"ဟုတ္ မမေအးႀကည္ ။ ငါးဇင္ရုိင္းအခ်ိဳေျခာက္ေလးေတြပါ။ မေန ့က ေရာင္းမကုန္လို ့ေနလွမ္းလိုက္ရတယ္မမရယ္။
မတက္သာလို ့သာ  ေရာင္းေနရတာ ငါးေျခာက္ျဖစ္သြားရင္ ထပ္ဝက္မကဘူး အခ်ိန္ေလ်ာ့သြားတာ "

"ဘယ္တက္နိုင္မလဲေအ။ အလကားမျဖစ္ပဲ ငါးေျခာက္ေရာင္းရေတာ့လဲ ပိုက္ဆံရတာပဲမို ့လား။ ကဲပါ သက္ပံုလဲဝယ္မွာ ငါလည္း ဝယ္ပါ့မယ္ ။ ဘယ္လိုေရာင္းတာလဲ "

ေဒၚေလးေဘးမွာ သက္ပံုဝင္ထိုင္ရင္း
ႀကည့္ေနမိသည္။ ငါးေျခာက္သည္
တေနေျခာက္မို ့ အနည္းငယ္ အစိုဓာတ္က်န္ေနေသးသည္။ သို ့ေပမဲ့ ေႀကာ္စားရင္ ဒီအေနထားက ပိုေကာင္းသည္လို ့သက္ပံုထင္၏။

" အစိတ္သားမွ ၁၅၀၀ပဲေပးပါမမရယ္။
သိပ္လဲမေျခာက္ေသးလို ့အားနာလို ့ပါ "

"ညည္းက သာသာထိုးထိုးေပးတက္တာငါသိပါတယ္ေအ။  ငန္ေတာ့မငန္ဘူးမို ့လား။ ငါ့မွာေသြးတိုးရွိလို ့ ငန္ရင္ေတာ့ အဆင္မေျပဘူး"

"စိတ္ခ်ပါမမရယ္ ။ က်ြန္မက ညာေရာင္းပါ့မလား။ မငန္ဘူးစိတ္ခ်။ ဆားနဲ ့နာရီဝက္ေလာက္နွယ္ထားပီး ေသခ်ာေရေဆးလွမ္းထားတာ အခ်ိဳေျခာက္ေလးေတြ"

ဇလံုးႀကီးတစ္လံုးနီးပါးမို ့ အေတာ္ေရာင္းယူရမည္။ အကုသိုလ္အလုပ္ျဖစ္ေပမဲ့
ဝမ္းေရးအတြက္ မျဖစ္မေနလုပ္စားေနရသည္။ မေတာက္မေျပာင္ဝတ္စားထားတဲ့ ခပ္ႏြမ္းႏြမ္းအဝတ္ေတြေႀကာင့္ စိတ္ကမသက္မသာ  ျဖစ္မိသလို။

"သက္ပံုကေရာ  ဘယ္ေလာက္သားယူမလဲ..ေဒၚဆန္း ငါးေျခာက္ကေတာ့ စိတ္ခ်လက္ခ် သာဝယ္လိုက္ လံုးဝမငန္ဘူး အာမခံတယ္ "

"အစိတ္သားေလာက္ထည့္လိုက္ပါေဒၚဆန္း ။ သက္ပံုက ငါးဇင္ရုိင္းေျခာက္ဆို
ႀကိဳက္တယ္။ "

ပိုက္ဆံကိုင္ထားရက္နဲ ့အိမ္ထဲကထြက္လာတဲ့ ေကာင္းခ်ီက ဆိုလိုက္သည္။
သက္ပံု တခ်က္စဥ္းစားမိသည္။
အစိတ္သားဆိုရင္ေတာင္ ငါးဆယ္သားအိတ္နဲ ့ အျပည့္ရသည္ေႀကာင့္
တပိႆ   ာဆိုရင္ေတာင္ အေတာ္ေလးရသည္။

"ေဒၚဆန္း ဒီငါးေျခာက္က အျမဲရလား"

"အျမဲေတာ့မရဘူးသက္ပံုရဲ့။ ဒီလေတြေလာက္ပဲ  ငါးဇင္ရုိင္းတို ့ငါးေသး
ငနုတ္တို ့ေပါတဲ့ ရာသီေလ။ ဒီငါးတုံးရင္ ငါးနုသန္း ေပၚလာအုန္းမွာ။ "

"ေစ်းခ်ိဳလားငါးနုသန္းက "

"ငါးေျခာက္ျဖစ္သြားရင္ေတာ့ ဒီေစ်းေလာက္ပါပဲ။ ငါးဒိုင္ေတာ့ရွိတယ္ အထက္ပိုင္းမွာ။
ဒါေပမဲ့ ငါးႀကီးလြန္းရင္သာ စက္ေလွနဲ ့သြားပို ့တာ။ နို ့မို ့ဆိုမပို ့ျဖစ္ဘူး။ အေလးခိုးသလို ေစ်းလည္းနွိမ္တယ္ေလ။ အဲ့ဒါေႀကာင့္ ဒီမွာပဲ ေစ်းမရတာျခင္းအတူတူျဖစ္သလိုျဖစ္သလို ေရာင္းႀကတာ ပဲ"

"ေအာ္ .. အင္းပါ။ အဲ့ဒါဆို တစ္ပိသာေလာက္ ခ်ိန္ေပး။ က်ြန္ေတာ္ သရက္သီးေဖာက္သည္ေတြကို ေႀကာ္ပီးလက္ေဆာင္ထည့္ေပးမလို ့။ ေကာင္းခ်ီ ငါဝယ္လိုက္မယ္ေနာ္ "

အရင္ခ်ိန္ခိုင္းျပီးမွာ ခြင့္ျပဳခ်က္ေတာင္းသူကို အျပစ္မဆိုမိ။ အျပံဳးတခုနဲ ့ ငါးေထာင္တန္နွစ္ရြက္ ခ်က္ျခင္းကမ္းေပးမိသည္။

" ေက်းဇူးတင္ပါတယ္ သက္ပံုရယ္။
ေဒၚဆန္း မတက္သာလို ့သာ လွည့္ေရာင္းရမွာ အိမ္က အငယ္ေကာင္ကေနေကာင္းတာမဟုတ္ဘူး "

ခပ္မွိန္မွိန္မ်က္လံုးေတြက ဝမ္းသာမူ ့ေႀကာင့္အေရာင္လဲ့ေနသည္။
ဆင္းရဲမူ ့အတိုင္းအတာသည္
ေငြေျခာက္ေထာင္ေလာက္နဲ ့ေတာင္
ေပ်ာ္ရႊင္ႀကသည္တဲ့လား။
အဆင္ေျပေျပ ေနရတဲ့ မိသားစုတို ့သည္ သိန္းခ်ီတဲ့ အဝတ္စားကိုဝတ္ပီး
အစားေသာက္ေကာင္းတို ့စားေသာက္ေပ်ာ္ပါးခ်ိန္တြင္ မရွိဆင္းရဲသားတို ့က
ထမင္းတစ္၀နပ္အတြက္ သူမ်ားအသက္ကို သတ္ကာ ဝမ္းေရးရွာရသည္။
စိတ္မေကာင္းမူ ့တို ့ေႀကာင့္
သက္ပံု မ်က္နွာ အနည္းငယ္ညိုးႏြမ္းသြားမိသည္။
ငါးသည္ေဒၚဆန္းျပန္သြားျပီးခ်ိန္ မေရွးမေနွာင္းတြင္ ေဒၚေလးေအးႀကည္က
အသံက်ယ္တဲ့ ဆိုင္ကယ္စုတ္ေလးစီးကာ
ဝင္လာတဲ့ ဖိုးသားကို ေခ်ာဆြဲကာ  ျပန္သြား၏။

အိမ္ထဲမွာ သက္ပံုတို ့နွစ္ေယာက္သာ
က်န္ခဲ့ေပမဲ့ ေကာင္းခ်ီကို ခါတိုင္းလို စကားေတြအမ်ားႀကီးမေျပာျဖစ္ေတာ့ေပ။
အေတြးထဲမွာ ေဒၚဆန္းအျပင္
တံငါလုပ္တဲ့ မိသားစုေလးေတြဆီေရာက္ရွိသြားသည္။

ပ်င္းရင္ ဖိုးသားနဲ ့တခါတေလ အျပင္ထြက္လည္တက္တဲ့ သက္ပံုက
ေျမာက္တံငါကုန္းရဲ့ အထင္ကရ
တံငါစုဖက္ကိုပါ ဟိုတေလာက အေရာက္သြားခဲ့ေသးသည္။
တံငါစုဆိုတာ တံငါလုပ္သူေတြအမ်ားအျပား ေနထိုင္ရာ က်ဴးေက်ာ္ရပ္ကြက္လို ေနရပ္ျဖစ္သည္။

ေက်ာက္ေဆာင္ထိပ္တြင္ မိုးကာတဲေလးေတြထိုးကာ ကေလးေတြအမ်ားႀကီး
နဲ ့ျဖစ္သလိုေနခဲ့ႀကတဲ့ အိမ္စုေလးေတြက ဟိုတစုဒီတစု။
တံငါလုပ္တဲ့ လူေတြသာေနႀကသည္မို ့သီးသန္ ့ျဖစ္ေနေပမဲ့ ေခြးေဟာင္သံ ကေလးငိုသံတို ့နဲ ့အသက္ဝင္ေန၏။

ပိုက္ဆံတစ္ေထာင္ရဖို ့ငါးနွစ္အရြယ္ကေလးကစလို ့
ေလွေပၚမွာ ငါးဖမ္းလိုက္ႀကရသည္ကိုလဲ
သက္ပံုေတြ ့ခဲ့ရသည္။

"ဝမ္းနည္းေနတာလား သက္ပံု။ "

အိပ္ယာေလးေပၚမွာ လျခမ္းေလးလို ေကြးအိပ္ေနတဲ့ သက္ပံုကို ေထြးဖက္လိုက္သည္။ ညိုးႏြမ္းေနတဲ့ မ်က္နွာေလးက
ေရမရတဲ့ ႏြမ္းလ်ေနတဲ့အပင္ေလးလိုပင္ ။
မ်က္နွာကို အခ်ိန္တိုင္း ႀကည့္ေနခဲ့တဲ့ ေကာင္းခ်ီအတြက္ သက္ပံုဘာျဖစ္ေနသလဲဆိုတာ မေျပာပဲသိသည္။

"အင္း …ငါ ဟိုေန ့က သူတို ့ေနတဲ့ေနရာကို အလည္ေရာက္ခဲ့ေသးတယ္။
ကေလးေတြက ေနပူထဲမွာ ဖိနပ္မပါပဲေျပးလႊားေဆာ့ေနႀကတာ။ အသက္နည္းနည္းႀကီးတဲ့ကေလးေတြက စာမသင္ပဲ
မိဘေတြလို တံငါလုပ္ႀကတယ္ ။"

"ေအာ္…ခင္ဗ်ားရယ္။ ဘဝဆိုတာ အနိမ့္အျမင့္ မတူညီႀကဘူးေလ။ ခင္ဗ်ား ဝမ္းနည္းေနတယ္ ဆိုရင္ ဒီတခါေက်ာင္းဖြင့္ရင္ အိမ္မွာ ပိုက္ဆံမယူပဲ က်ဴရွင္ဖြင့္ေပါ့ ။ မဟုတ္ေတာင္ ခင္မ်ားတက္ထားတဲ့ ပညာေတြက နည္းနည္းေနာေနာမွမဟုတ္တာ "

"ငါ …ငါ အဲ့လိုလုပ္လို ့ရလားဟင္ "

သက္ပံုရဲ့ တုန္ရီေနတဲ့ အသံေလးေႀကာင့္ တင္းႀကပ္စြာေထြးဖတ္ရင္း နွဖူးေလးကို နမ္းလိုက္မိသည္။
သက္ပံုက အေရာင္ေတြမရွိတဲ့ အျဖဴေရာင္ေလး။ ျမင္ေနရရုံနဲ ့ရင္ထဲေအးခ်မ္းသြားေစတဲ့ သက္ပံုရဲ့ မ်က္နွာေလးကို ခ်စ္မိသလို သနားတက္တဲ့ စိတ္ေလးကို အလြန္ပဲခ်စ္ရသည္ ။

သူ  သက္ပံု ေႀကာင့္ တကယ္ပဲရူးရေတာ့မည္။

"လုပ္လို ့ရပါတယ္ခင္ဗ်ားရယ္။
စိတ္ထဲရွိတဲ့အတိုင္းႀကိဳက္တာလုပ္ပါ။
ေဘးနားကေန က်ြန္ေတာ္အျမဲ ရွိေနေပးမယ္။ "

"အင္း … ဒါဆိုညေနက် ငါ့ကိုငါးေျခာက္ေႀကာ္ကူးေနာ္။ ငါ လက္ေဆာင္ထည့္ေပးမလို ့ဘူးနဲ ့။ "

"ဟုတ္ပါပီဗ်ာ။ ခ်စ္တဲ့ သက္ပံုက
ခိုင္းရင္ က်ြန္ေတာ္က တံငါစုက ငါးေျခာက္ေတြအကုန္ဝယ္ပီး တစ္နိုင္ငံလံုးလက္ေဆာင္ထည့္ေပးလို ့ရေအာင္
ေႀကာ္ေပးဆိုလည္း  ေႀကာ္ေပးမွာပါဗ် "

"မင္းေနာ္ ငါ့ကိုရြဲ ့မေနနဲ ့"

"ေဟာ္ဗ်ာ ။ အမွန္ေျပာေနတာကို ။
မခ်စ္ဘူးလားဒါဆို "

"ဘာမွမဆိုင္ဘူး"

"ဆိုင္ဆိုင္မဆိုင္ဆိုင္ဗ်ာ ။ ေျပာ …
ခ်စ္လား"

"ခ်စ္တယ္ "

"ခ်စ္ရုံပဲလား "

"ေကာင္းစင္သန္ ့ခ်ီ ! "

ခပ္စူးစူးအသံထြက္လာမွ……

"ဟီး သက္ပံုေလးကို ခ်စ္လို ့စတာ ။"

ခ်စ္တဲ့အိမ္စည္။

>>>>>>>>><<<<<>>>

" စားပါအုံး ဒေါ်လေး။ တရုတ်စကားပွင့်သုပ်လေး "

ရေနွေးငဲ့ပေးနေတဲ့ ကောင်းချီက နောက်ဖေးကထွက်လာတဲ့ သက်ပုံကိုလဲမြင်ရော ချစ်စရာကောင်းအောင်ပြုံးပြလာ၏။
အဖူးလေးတွေကို သေချာမြေပဲဆံကြော်နိုင်းချင်းနဲ့ သုပ်ထားတဲ့ စကားပန်းသုပ်လေးကို ဒေါ်လေးအေးကြည်ရှေ့ ချပေးရင်း အနေအထိုင်မတက်တဲ့ ကောင်းချီကိုပါ မျက်လုံး
ပြူးပြရသေးသည်။ ဒါတောင်ကိုယ်တော်က သူ့ ကိုကလူမြူဆွယ်လုပ်နေတဲ့အတိုင်းပိုပီးစပ်ဖြဲဖြဲဖြစ်လာသေးသည်။

ဘေးနားမှာ ကပ်ထိုင်ပီး ပေါင်ကြောကိုဆွဲစိတ်လိုက်မှ အချိုးပြောင်းသွားသည်။
အိမ်လည်လာသူဒေါ်လေးအေးကြည်က သတိမထားမိစွာ အသုပ်ကိုမြည်းစမ်းကြည့်နေသည်မို့ သာတော်တော့သည်။

" သက်ပုံက လက်ရာကောင်းသားပဲ။
ဒေါ်လေးနားတွေအူနေတာနဲ့ အတော်ပဲ "

"အူမှာပေါ့ ဒေါ်လေးရေချိုးရင်း ရွှေငုတ်သေးတယ်မို့ လား "

"မငုတ်လို့ ဖြစ်မလား။ တစ်ရွာလုံး ဟိုလူ
ရ ဒီလူရနဲ့  ရေဆိပ်မှာ ပျားပြိုနေသလိုပဲ ။ ဒီနှစ်ရွှေပေါ်တာ အတော်များတယ်သိလား "

ရေနွေးကြမ်းကို တဖူးဖူးမှုတ်သောက်ရင်း
ပြောလာတဲ့ စကားတွေကြောင့်
သက်ပုံတစ်ယောက် သဘောကျစွာပြုံးမိသည်။
တကယ်လည်း ရွှေတွေရကြပါသည်။
အများကြီးမရတောင် ပုတီးစေ့လုံးလေးတွေ တစ်လုံးဆိုရင်တောင် လေးငါးသောင်းမို့  တပျော်တပါးကြီးရေဆိပ်မှာ ကလေးလူကြီးမရွှေးရွှေရှာကြသည်။

" ဒါပေမဲ့ ဒေါ်လေးတော့ မရဘူးမို့ လား။ "

"အော်အေ မင်းနှယ့် အပြစ်ပြောဖို့ ပဲ။
ကံစမ်းတာဟဲ့။ ရလည်းအမြတ် မရလည်း ဆုံးရှုံးမှု့ မှမရှိတာ။ မဟုတ်ရင် ထီတောင် ပိုက်ဆံပေးထိုးနေရတာ။ ဒါက အလကား ကံထူးရင် ရနိုင်တာပဲမို့ လား ကဲပါ ဒါတွေပြောနေလည်း မင်းလိုလူက ဘာသိမှာလဲ။ ပြောပါအုံး မင်းသရက်ခြံ အခြေအနေ"

ကောင်းချီကို ဒေါ်လေးကမေးပေမဲ့ မဖြေတက်စွာ သက်ပုံကို လှည့်ကြည့်လာ၏။
ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ဒီရောက်မှ လုံးဝစိတ်မဝင်စားတက်တော့တဲ့ကောင်းချီသည် ခုလည်း ရသမျှပိုက်ဆံ…သက်ပုံဆီထိုးပေးကာ သူကတော့ဘယ်လောက်ရှိပြီလဲဆိုတာ မသိတက်သူပင်။

" အခြေအနေက ကောင်းပါတယ် ဒေါ်လေး။ ခန့် မှန်းရသလောက် ခြောက်ဆယ်နီးပါးလောက်တော့ တက်မယ်ထင်တယ်။ ခုတောင် ကျွန်တော် onlineကနေရောင်းတာ နှစ်ဆယ့်ခြောက်သိန်းကျော်နေပီ။ "

"အစက ကျွန်တော် မြို့ လေးဒိုင်ကို ပို့ မလို ပါ့ပဲ။ ဒါပေမဲ့ သက်ပုံက မိတ်ရှိတော့ သူကြိုးစားကြည့်မယ်ဆိုပြီး onlineမှာရောင်းပေးတာ အတော်လေးရောင်းအားများတော့  ဒိုင်ပို့ သင့်မပို့ သင့် ချင့်ချိန်နေရတယ် ။  "

"အေးပါ မင်းတို့ အဆင်ပြေရင် ပြီးတာပါပဲ။ ငါကတော့ ကြည့်ရှု့ ပေးရမဲ့တာဝန်ရှိတော့ ပြေလည်တာပဲကြားချင်တယ်။ "

ဒေါ်လေးအေးကြည်က မကြာခနရောက်လာပီး သက်ပုံတို့ အဆင်ပြေ…မပြေ လာကြည့်တက်သည်။

ထိုစဉ်မှာပဲ  ..

" ကောင်းကောင်းရေ  ငါးခြောက်လေးတွေဝယ်အုန်းမလားဟေ့။ အချိုခြောက်လေးတွေ "

အိမ်ရှေ့ ကနေ လှမ်းအော်တဲ့ ခါတိုင်းဝယ်နေကြ ငါးသည်ဒေါ်ဆန်း အသံကြောင့် စကားဝိုင်းက တိတ်သွား၏။

" သက်ပုံ ငါးခြောက်ကြော်စားမလား။
ဟိုနေ့ က ပဲဟင်းလေးနဲ့ အငန်ကြော်လေးစားချင်တယ်ဆို "

"အင်း ဝယ်လိုက်လေ "

သက်ပုံခွင့်ပြုတော့ ကောင်းချီကမတ်တပ်ရပ်လာသည်။ ကောင်းချီကအတွင်းဖက်မှာ ထိုင်နေတာမို့ အပြင်ထွက်ဖို့ သက်ပုံက ဖယ်ပေးရသည်။

" မဆန်း  ဘာငါးခြောက်တွေလဲ "

ဒေါ်လေးက သူ့ ကိုယ်လုံးဝဝကြီးနဲ့ အရင် ထထွက်သွားကာ ဒေါ်ဆန်းရွက်လာတဲ့ ဗန်းကိုချပေးရင်းမေး၏။
ခြံတံခါးသည် မြို့ ကအိမ်တွေလို အမြဲပိတ်မထားတက်သည်မို့  အလွယ်တကူပင် ဒေါ်ဆန်းက ခြံထဲဝင်လာ၏။ ကောင်းချီကတော့ အခန်းထဲသွားကာပိုက်ဆံဝင်ယူနေသည်။

"ဟုတ် မမအေးကြည် ။ ငါးဇင်ရိုင်းအချိုခြောက်လေးတွေပါ။ မနေ့ က ရောင်းမကုန်လို့ နေလှမ်းလိုက်ရတယ်မမရယ်။
မတက်သာလို့ သာ  ရောင်းနေရတာ ငါးခြောက်ဖြစ်သွားရင် ထပ်ဝက်မကဘူး အချိန်လျော့သွားတာ "

"ဘယ်တက်နိုင်မလဲအေ။ အလကားမဖြစ်ပဲ ငါးခြောက်ရောင်းရတော့လဲ ပိုက်ဆံရတာပဲမို့ လား။ ကဲပါ သက်ပုံလဲဝယ်မှာ ငါလည်း ဝယ်ပါ့မယ် ။ ဘယ်လိုရောင်းတာလဲ "

ဒေါ်လေးဘေးမှာ သက်ပုံဝင်ထိုင်ရင်း
ကြည့်နေမိသည်။ ငါးခြောက်သည်
တနေခြောက်မို့  အနည်းငယ် အစိုဓာတ်ကျန်နေသေးသည်။ သို့ ပေမဲ့ ကြော်စားရင် ဒီအနေထားက ပိုကောင်းသည်လို့ သက်ပုံထင်၏။

" အစိတ်သားမှ ၁၅၀၀ပဲပေးပါမမရယ်။
သိပ်လဲမခြောက်သေးလို့ အားနာလို့ ပါ "

"ညည်းက သာသာထိုးထိုးပေးတက်တာငါသိပါတယ်အေ။  ငန်တော့မငန်ဘူးမို့ လား။ ငါ့မှာသွေးတိုးရှိလို့  ငန်ရင်တော့ အဆင်မပြေဘူး"

"စိတ်ချပါမမရယ် ။ ကျွန်မက ညာရောင်းပါ့မလား။ မငန်ဘူးစိတ်ချ။ ဆားနဲ့ နာရီဝက်လောက်နှယ်ထားပီး သေချာရေဆေးလှမ်းထားတာ အချိုခြောက်လေးတွေ"

ဇလုံးကြီးတစ်လုံးနီးပါးမို့  အတော်ရောင်းယူရမည်။ အကုသိုလ်အလုပ်ဖြစ်ပေမဲ့
ဝမ်းရေးအတွက် မဖြစ်မနေလုပ်စားနေရသည်။ မတောက်မပြောင်ဝတ်စားထားတဲ့ ခပ်နွမ်းနွမ်းအဝတ်တွေကြောင့် စိတ်ကမသက်မသာ  ဖြစ်မိသလို။

"သက်ပုံကရော  ဘယ်လောက်သားယူမလဲ..ဒေါ်ဆန်း ငါးခြောက်ကတော့ စိတ်ချလက်ချ သာဝယ်လိုက် လုံးဝမငန်ဘူး အာမခံတယ် "

"အစိတ်သားလောက်ထည့်လိုက်ပါဒေါ်ဆန်း ။ သက်ပုံက ငါးဇင်ရိုင်းခြောက်ဆို
ကြိုက်တယ်။ "

ပိုက်ဆံကိုင်ထားရက်နဲ့ အိမ်ထဲကထွက်လာတဲ့ ကောင်းချီက ဆိုလိုက်သည်။
သက်ပုံ တချက်စဉ်းစားမိသည်။
အစိတ်သားဆိုရင်တောင် ငါးဆယ်သားအိတ်နဲ့  အပြည့်ရသည်ကြောင့်
တပိဿာဆိုရင်တောင် အတော်လေးရသည်။

"ဒေါ်ဆန်း ဒီငါးခြောက်က အမြဲရလား"

"အမြဲတော့မရဘူးသက်ပုံရဲ့။ ဒီလတွေလောက်ပဲ  ငါးဇင်ရိုင်းတို့ ငါးသေး
ငနုတ်တို့ ပေါတဲ့ ရာသီလေ။ ဒီငါးတုံးရင် ငါးနုသန်း ပေါ်လာအုန်းမှာ။ "

"ဈေးချိုလားငါးနုသန်းက "

"ငါးခြောက်ဖြစ်သွားရင်တော့ ဒီဈေးလောက်ပါပဲ။ ငါးဒိုင်တော့ရှိတယ် အထက်ပိုင်းမှာ။
ဒါပေမဲ့ ငါးကြီးလွန်းရင်သာ စက်လှေနဲ့ သွားပို့ တာ။ နို့ မို့ ဆိုမပို့ ဖြစ်ဘူး။ အလေးခိုးသလို ဈေးလည်းနှိမ်တယ်လေ။ အဲ့ဒါကြောင့် ဒီမှာပဲ ဈေးမရတာခြင်းအတူတူဖြစ်သလိုဖြစ်သလို ရောင်းကြတာ ပဲ"

"အော် .. အင်းပါ။ အဲ့ဒါဆို တစ်ပိသာလောက် ချိန်ပေး။ ကျွန်တော် သရက်သီးဖောက်သည်တွေကို ကြော်ပီးလက်ဆောင်ထည့်ပေးမလို့ ။ ကောင်းချီ ငါဝယ်လိုက်မယ်နော် "

အရင်ချိန်ခိုင်းပြီးမှာ ခွင့်ပြုချက်တောင်းသူကို အပြစ်မဆိုမိ။ အပြုံးတခုနဲ့  ငါးထောင်တန်နှစ်ရွက် ချက်ခြင်းကမ်းပေးမိသည်။

" ကျေးဇူးတင်ပါတယ် သက်ပုံရယ်။
ဒေါ်ဆန်း မတက်သာလို့ သာ လှည့်ရောင်းရမှာ အိမ်က အငယ်ကောင်ကနေကောင်းတာမဟုတ်ဘူး "

ခပ်မှိန်မှိန်မျက်လုံးတွေက ဝမ်းသာမူ့ ကြောင့်အရောင်လဲ့နေသည်။
ဆင်းရဲမူ့ အတိုင်းအတာသည်
ငွေခြောက်ထောင်လောက်နဲ့ တောင်
ပျော်ရွှင်ကြသည်တဲ့လား။
အဆင်ပြေပြေ နေရတဲ့ မိသားစုတို့ သည် သိန်းချီတဲ့ အဝတ်စားကိုဝတ်ပီး
အစားသောက်ကောင်းတို့ စားသောက်ပျော်ပါးချိန်တွင် မရှိဆင်းရဲသားတို့ က
ထမင်းတစ်ဝနပ်အတွက် သူများအသက်ကို သတ်ကာ ဝမ်းရေးရှာရသည်။
စိတ်မကောင်းမူ့ တို့ ကြောင့်
သက်ပုံ မျက်နှာ အနည်းငယ်ညိုးနွမ်းသွားမိသည်။
ငါးသည်ဒေါ်ဆန်းပြန်သွားပြီးချိန် မရှေးမနှောင်းတွင် ဒေါ်လေးအေးကြည်က
အသံကျယ်တဲ့ ဆိုင်ကယ်စုတ်လေးစီးကာ
ဝင်လာတဲ့ ဖိုးသားကို ချောဆွဲကာ  ပြန်သွား၏။

အိမ်ထဲမှာ သက်ပုံတို့ နှစ်ယောက်သာ
ကျန်ခဲ့ပေမဲ့ ကောင်းချီကို ခါတိုင်းလို စကားတွေအများကြီးမပြောဖြစ်တော့ပေ။
အတွေးထဲမှာ ဒေါ်ဆန်းအပြင်
တံငါလုပ်တဲ့ မိသားစုလေးတွေဆီရောက်ရှိသွားသည်။

ပျင်းရင် ဖိုးသားနဲ့ တခါတလေ အပြင်ထွက်လည်တက်တဲ့ သက်ပုံက
မြောက်တံငါကုန်းရဲ့ အထင်ကရ
တံငါစုဖက်ကိုပါ ဟိုတလောက အရောက်သွားခဲ့သေးသည်။
တံငါစုဆိုတာ တံငါလုပ်သူတွေအများအပြား နေထိုင်ရာ ကျူးကျော်ရပ်ကွက်လို နေရပ်ဖြစ်သည်။

ကျောက်ဆောင်ထိပ်တွင် မိုးကာတဲလေးတွေထိုးကာ ကလေးတွေအများကြီး
နဲ့ ဖြစ်သလိုနေခဲ့ကြတဲ့ အိမ်စုလေးတွေက ဟိုတစုဒီတစု။
တံငါလုပ်တဲ့ လူတွေသာနေကြသည်မို့ သီးသန့် ဖြစ်နေပေမဲ့ ခွေးဟောင်သံ ကလေးငိုသံတို့ နဲ့ အသက်ဝင်နေ၏။

ပိုက်ဆံတစ်ထောင်ရဖို့ ငါးနှစ်အရွယ်ကလေးကစလို့
လှေပေါ်မှာ ငါးဖမ်းလိုက်ကြရသည်ကိုလဲ
သက်ပုံတွေ့ ခဲ့ရသည်။

"ဝမ်းနည်းနေတာလား သက်ပုံ။ "

အိပ်ယာလေးပေါ်မှာ လခြမ်းလေးလို ကွေးအိပ်နေတဲ့ သက်ပုံကို ထွေးဖက်လိုက်သည်။ ညိုးနွမ်းနေတဲ့ မျက်နှာလေးက
ရေမရတဲ့ နွမ်းလျနေတဲ့အပင်လေးလိုပင် ။
မျက်နှာကို အချိန်တိုင်း ကြည့်နေခဲ့တဲ့ ကောင်းချီအတွက် သက်ပုံဘာဖြစ်နေသလဲဆိုတာ မပြောပဲသိသည်။

"အင်း …ငါ ဟိုနေ့ က သူတို့ နေတဲ့နေရာကို အလည်ရောက်ခဲ့သေးတယ်။
ကလေးတွေက နေပူထဲမှာ ဖိနပ်မပါပဲပြေးလွှားဆော့နေကြတာ။ အသက်နည်းနည်းကြီးတဲ့ကလေးတွေက စာမသင်ပဲ
မိဘတွေလို တံငါလုပ်ကြတယ် ။"

"အော်…ခင်ဗျားရယ်။ ဘဝဆိုတာ အနိမ့်အမြင့် မတူညီကြဘူးလေ။ ခင်ဗျား ဝမ်းနည်းနေတယ် ဆိုရင် ဒီတခါကျောင်းဖွင့်ရင် အိမ်မှာ ပိုက်ဆံမယူပဲ ကျူရှင်ဖွင့်ပေါ့ ။ မဟုတ်တောင် ခင်များတက်ထားတဲ့ ပညာတွေက နည်းနည်းနောနောမှမဟုတ်တာ "

"ငါ …ငါ အဲ့လိုလုပ်လို့ ရလားဟင် "

သက်ပုံရဲ့ တုန်ရီနေတဲ့ အသံလေးကြောင့် တင်းကြပ်စွာထွေးဖတ်ရင်း နှဖူးလေးကို နမ်းလိုက်မိသည်။
သက်ပုံက အရောင်တွေမရှိတဲ့ အဖြူရောင်လေး။ မြင်နေရရုံနဲ့ ရင်ထဲအေးချမ်းသွားစေတဲ့ သက်ပုံရဲ့ မျက်နှာလေးကို ချစ်မိသလို သနားတက်တဲ့ စိတ်လေးကို အလွန်ပဲချစ်ရသည် ။

သူ  သက်ပုံ ကြောင့် တကယ်ပဲရူးရတော့မည်။

"လုပ်လို့ ရပါတယ်ခင်ဗျားရယ်။
စိတ်ထဲရှိတဲ့အတိုင်းကြိုက်တာလုပ်ပါ။
ဘေးနားကနေ ကျွန်တော်အမြဲ ရှိနေပေးမယ်။ "

"အင်း … ဒါဆိုညနေကျ ငါ့ကိုငါးခြောက်ကြော်ကူးနော်။ ငါ လက်ဆောင်ထည့်ပေးမလို့ ဘူးနဲ့ ။ "

"ဟုတ်ပါပီဗျာ။ ချစ်တဲ့ သက်ပုံက
ခိုင်းရင် ကျွန်တော်က တံငါစုက ငါးခြောက်တွေအကုန်ဝယ်ပီး တစ်နိုင်ငံလုံးလက်ဆောင်ထည့်ပေးလို့ ရအောင်
ကြော်ပေးဆိုလည်း  ကြော်ပေးမှာပါဗျ "

"မင်းနော် ငါ့ကိုရွဲ့ မနေနဲ့ "

"ဟော်ဗျာ ။ အမှန်ပြောနေတာကို ။
မချစ်ဘူးလားဒါဆို "

"ဘာမှမဆိုင်ဘူး"

"ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ ။ ပြော …
ချစ်လား"

"ချစ်တယ် "

"ချစ်ရုံပဲလား "

"ကောင်းစင်သန့် ချီ ! "

ခပ်စူးစူးအသံထွက်လာမှ……

"ဟီး သက်ပုံလေးကို ချစ်လို့ စတာ ။"

ချစ်တဲ့အိမ်စည်။

>>>>>>>>><<<<<>>>

Bạn đang đọc truyện trên: ZingTruyen.Xyz