အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
20
"ျမသက္ … ေမႊလိုက္အုန္း ။ ဖြဖြေမႊေနာ္ ညီမေလး ေႀကကုန္မွာစိုးလို ့"
ျခံေထာင့္က ခေရပင္အရိပ္ေအာက္မွာ ေက်ာက္တံုးႀကီးႀကီးသံုးတံုးကို ဖိုခေနာက္ဆိုင္ကာ မိုးျပဲဒယ္ႀကီးနဲ ့ ငါးေျခာက္ေႀကာ္ေနႀကသည္။
ထင္းမီးဖိုမို ့ေကာင္းခ်ီက အိမ္ေနာက္ကအသားတိုအသားစေတြေပြ ့သယ္လာကာ မီးအေနေတာ္ထည့္ေပးေနသည္။
သက္ပံုကေတာ့ ဖ်ာေပၚမွာ ႀကက္သြန္ျဖဴေထာင္းေန၏။ ျမသက္ စက္ေက်ာင္းျပီးသြားလို ့သာေတာ္ေတာ့သည္။ နို ့မို ့ဆို မနိုင္မနင္းျဖစ္အုန္းမည္။
"သက္ပံု ငရုတ္သီးေတြ မေထာင္းနဲ ့ေနာ္။
မီးေလးထည့္ပီးရင္ က်ြန္ေတာ္ေထာင္းေပးမယ္ "
"ေအးပါ ။ မီးေတြအရမ္းမထည့္နဲ ့
မီးေအးေအးနဲ ့ေႀကာ္မွာ ။
မဟုတ္ရင္ ငါးေၿခာက္ေတြ မဲကုန္လိမ့္မယ္"
သက္ပံုကထိုင္ေနရက္နဲ ့ လက္ကလည္းမနား ပါးစပ္ကလည္းမနားပဲ ခိုင္းေန၏။
"ကိုသက္တို ့နွစ္ေယာက္ကေတာ့ တကယ့္စံေတြပဲ။ ပိုက္ဆံဘယ္လိုရွာရမလဲဆိုတာ အျမဲသိေနေတာ့တာပဲ "
ျမသက္စကားေႀကာင့္ သက္ပံုျပံဳးမိသည္။
ေစတနာအက်ိဳးေပးသည္လား။ ဒါမွမဟုတ္ ေကာင္းခ်ီနဲ ့သက္ပံုကပဲ ကံဆက္သည္လားမေျပာတက္။ တခုခုဆို
သိပ္ခက္ခက္ခဲခဲမရွိပဲ အလိုလို ေငြကေရာက္လာတက္သည္။
ဟုိေန ့က လက္ေဆာင္ထည့္ေပးလိုက္တဲ့ ငါးေျခာက္ေႀကာ္သည္အေတာ္ေလးေပါက္သြားကာ မွာယူသူေတြအေတာ္မ်ားေန၏။
ထို ့ေႀကာင့္ ေကာင္းခ်ီကိုပလက္စတစ္ဘူးႀကည္ေလးေတြနဲ ့
*တံငါကုန္းအသင့္စားငါးေျခာက္ေႀကာ္*
ဆိုသည့္နာမည္နဲ ့ ဖုန္းနံပါတ္ပါတဲ့ တံဆိပ္ေလးကိုပါ ျမိဳ ့ေလးကမွာယူေစကာ လုပ္ငန္းကိုခ်ဲ ့ထြင္ခဲ့သည္။
ပထမဆံုး ဘူးနဲ ့မထည့္ခင္
ငါးေျခာက္ ကို videoရုိက္ကာ လက္ဆတ္သည္ဆိုတာကို အရင္ သက္ေသျပခဲ့သည္။
ငါးဇင္ရုိင္းက ေရခဲရုိက္မဟုတ္ပဲ
သဘာဝအတိုင္း လတ္ဆက္တုန္းအေျခာက္ခံထားရုံတင္မက အေကာင္ကလဲႀကီးသည္မို ့ အေတာ္ေလးအျမင္လွသည္။
သက္ပံုရည္ရြယ္ခ်က္သည္ ျမိဳ ့ေပၚတြင္မရတဲ့ အရသာနဲ ့အရည္အေသြးကိုပါ
အဓိကထားပီး အလုပ္မအားတဲ့သူမ်ားနဲ ့
ေသြးတိုးရွိသည့္ လူႀကီးေတြပါ စားလို ့
ရေအာင္ လုပ္ေပးခ်င္တာျဖစ္သည္။
ထို ့ေနာက္မွာ အနည္းငယ္ေႀကာ္ထားတဲ့ ငါးေျခာက္ေႀကာ္ကိုဘူးထဲထည့္ကာ ေသခ်ာ videoရုိက္ျပီး လိုင္းေပၚတင္ေရာင္းခဲ့သည္။
ငါးေျခာက္တစ္ပိသာကို ေျခာက္ေထာင္ႀကေပမဲ့ ပဲဆီသန္ ့နဲ ့ေႀကာ္သည့္အျပင္ ထုတ္ပိုးမူ ့ကုန္ႀကစရိတ္နဲ ့တြက္ကာ
အလတ္စားဘူးအႀကည္နဲ ့ တဘူး ၂၀၀၀ ေရာင္းလိုက္သည္။
စားဘူးသူကေတာ့ ေစ်းမျမင္ပဲ ခ်က္ျခင္း ငါးဘူးယူ ေျခာက္ဘူးယူနဲ ့အလုအယက္မွာႀကသည္။
သက္ပံုအေနနဲ ့မလုပ္လည္း ဘာမွမျဖစ္ေပမဲ့ အဆင္မေျပတဲ့ တံငါသည္ေတြ ေျပလည္ေအာင္ ကူညီေပးတဲ့ သေဘာပင္။
သို ့ေပမဲ့ အမ်ားနဲ ့ေပါင္းကာ
တဘူးကို၅၀၀ ျမတ္အုန္းေတာ့
ဘူးတစ္ရာဆိုရင္ ၅၀၀၀၀ မို ့ေနရင္းထိုင္ရင္းပိုက္ဆံဝင္ေနတာပင္။
မဟုတ္ေတာင္ ျမိဳ ့ေလးကို ကုန္ကားက
တစ္ရက္ျခားတစ္ခါထြက္သည္မို ့ပစၥည္းပုိ ့ရတာ မခက္ခဲေပ။
သရက္သီးကလည္း တဝက္စာေလာက္ေကာက္ျပီးပီမို ့ အရင္ကေလာက္ အလုပ္ေတာ့မရွဳတ္ေတာ့။
"ဒီလိုပါပဲ ျမသက္ရယ္။ အလုပ္ဆိုတာကလည္း ရတုန္းလုပ္ရတာေပါ့။ သိပ္ႀကီးပင္ပန္းတာမွမဟုတ္တာ ။ ဖုန္းတစ္လံုးရွိရုံနဲ ့ပိုက္ဆံလည္းဝင္ ၊ ေဒၚဆန္းတို ႔တေတြလည္းအလုပ္ျဖစ္ ကဲ မေကာင္းဘူးလား။ "
ျမိဳေတြလို ငန္ေပါက္ေနတဲ့ ငါးေျခာက္မ်ိဳးမဟုတ္ပဲ ေသခ်ာသန္ ့စင္ထားတဲ့ အခ်ိဳေျခာက္ေလးေတြမို ့အငန္ေႀကာ္ဆိုေပမဲ့
ငန္သည္ဆိုရုံေလာက္သာ။
ငါးေျခာက္ကို ႀကြပ္ရြသည္ထိေႀကာ္ကာ
ေနာက္ဆံုးမွာေထာင္းထားတဲ့ ႀကက္သြန္ျဖဴနဲ ့ငရုတ္သီးေျခာက္ ကိုသပ္သပ္ခြဲ
မေႀကာ္ပဲ ဒီတိုင္းအစိမ္းေထာင္းၿပီး ထည့္ေမႊလိုက္တာျဖစ္၏။
"သက္ပံု အပူေလာင္မယ္ေနာ္။ "
"ေအးပါ ငါသိပါတယ္။ "
လက္နွီးစုတ္နဲ ့ဒယ္အိုးကို လက္နဲ ့ကိုင္ကာ ဇြန္းႀကီးနဲ ့ဆယ္ထည့္ေနတဲ့ သက္ပံုတစ္ေယာက္ ေကာင္းခ်ီရဲ့ အေျပာေႀကာင့္ပါးစပ္ကသာ ျဖစ္သလို ေျပာလိုက္ေပမဲ့ လက္ကေတာ့ ေသခ်ာအပူမေလာင္ေအာင္ ဂရုစိုက္လိုက္သည္။
မဟုတ္ရင္ ေကာင္းခ်ီက ဘာမွလုပ္ခိုင္းေတာ့မည္မဟုတ္ေတာ့။
အကုန္ျပီးေတာ့ စတီးလင္ဗန္းထဲထည့္ကာ အေအးခံလိုက္သည္။
ေဆးေႀကာသန္ ့ရွင္းေရလုပ္ေပးသြားတဲ့ျမသက္ကို မုန္ ့ဖိုးနွစ္ေထာင္ထုတ္ေပးလိုက္ေတာ့ ေပ်ာ္ရႊင္စြာပိုက္ဆံယူကာ အိမ္ျပန္သြား၏။
သက္ပံုကေတာ့ အေတာ္ေလးေအးမွ ငါးေျခာက္ေတြကို ဘူးထဲထည့္မည္မို ့
ေလာေလာဆယ္ဆယ္ အလုပ္က အားေန၏။
"ေကာင္းခ်ီ "
"ဗ်ာ ! "
အိမ္ထဲကို ငါးေျခာက္ဗန္းသြားပို ့ေပးေနတဲ့ ေကာင္းခ်ီက သက္ပံုေအာ္ေခၚေတာ့ခ်က္ျခင္းျပန္ထူးရွာသည္။
"ျပီးရင္ ဒီကိုလာခဲ့ "
သိပ္မႀကာခင္ ေကာင္းခ်ီထြက္လာ၏။
လက္ထဲမွာ ပန္းသီးစိတ္ထားတဲ့ ပန္းကန္ေလးတစ္ခ်ပ္ပါကိုင္လာေသးသည္။
အလုိက္သိတဲ့ေယာက်ာ္းက တကယ္ကို
အျပစ္ဆိုစရာတကြက္မရွိေပ။
ခေရပင္အရိပ္ေအာက္က ဖ်ာႀကမ္းေပၚမွာ သက္ပံု တစ္ေယာက္ကေတာ့
အလုပ္နည္းနည္းလုပ္ကာ ေျခပစ္လက္ပစ္က်ခ်င္ေနသည္။
ငါးေျခာက္ငါးပိသာနီးပါးေလာက္ကို
နွစ္ဒယ္ခြဲေႀကာ္ခဲ့ရသည္မို ့ ပင္ပန္းေပမဲ့
အဆင္မေျပတဲ့ ေဒၚဆန္းတို ့မိသားစုေတာ့ေျပလည္သြားသည္။
နို ့မို ့ဆိုရင္ ရြာစဥ္တစ္ေလ်ွာက္ ေျခတိုေအာင္လွည့္ေရာင္းရမွာ မလႊဲမေရွာင္ေသခ်ာေပါက္ပင္။
" သက္ပံု ေနာက္ရက္ မလုပ္နဲ ့ေတာ့။
ေဒၚေလးျမရင္ ကို ေခၚလုပ္ခိုင္းလိုက္မယ္။ မဟုတ္လည္း အိမ္မွာေဒၚေလးကဘာအလုပ္မွမရွိပဲ အားေနတာပဲဟာ။ျပီးရင္
ႀကည့္ပီးမုန္ ့ဖိုးေပးလိုက္ေပါ့ "
ေကာင္းခ်ီေျပာတာ မွန္ပါသည္။
ငါးေသာင္းျမတ္လို ့တစ္ေသာင္း…ခြဲေပးရလဲ အေရးမႀကီး။
ငါးေျခာက္ဆိုတာလဲ ရာသီေပၚမို ့
ဝါဆိုဝါေခါင္ေရာက္ရင္ ေရႀကီးတာနဲ ့
ငါးေသးငါးနုတ္ မရေတာ့။
တလနီးပါးေလာက္ပဲ ငါးေျခာက္ေရာင္းခ်ိန္ရွိေတာ့မည္မို ့မလုပ္ပဲေတာ့ေနလို ့မရ။
သိပ္မႀကာခင္ မိုးတြင္းေရာက္ေတာ့မည္။
ေကာင္းခ်ီလည္း ကားနားရမွာေသခ်ာသေလာက္။
မဟုတ္ေတာင္ တံငါကုန္းရြာက
ေက်ာက္ႀကမ္းလမ္းေတြက မိုးေရေႀကာင့္
လမ္းမေကာင္းနိုင္။
စိတ္မခ်စိတ္တို ့နဲ ့အိမ္္မွာ ပူေလာင္ျပီး မေနနိုင္သည္မို ့မိုးတြင္းမေရာက္ခင္
ပိုက္ဆံႀကိဳရွာထားရမည္။
"အင္းပါ ။ ဒါဆိုေနာက္ရက္ ေဒၚေလးကို ႀကိဳေျပာထားလိုက္ေလ။ "
"ဟုတ္ … လာဒီကိုလာလွဲ"
ပုတ္ျပတဲ့ ေပါင္ေပၚေခါင္းေလးတင္အိပ္ကာအေမာေျဖလိုက္သည္။
တခ်က္တခ်က္ေလ တိုက္လာတဲ့ေလရယ္
ဘယ္စီကမွန္းမသိလႊင့္ပ်ံ ့လာတဲ့ ဒန္းပန္းနံ ့ေလးရယ္ က စိတ္ကိုခ်က္ျခင္းလန္းဆန္းသြားေစသည္။
တံငါကုန္းမွာ မီးမရေတာ့ အဲကြန္းသံုးမရေပ။
ဒါေပမဲ့ မႏၱေလးမွာမီးပ်က္ရင္ ေနလို ့မရေအာင္ ပူေပမဲ့ တံငါကုန္းရြာ ကေတာ့
သဘာဝတရားကေပးတဲ့ ေလေအးေအးနဲ ့တင္ အဲကြန္းမလိုေအာင္ အဆင္ေျပလွသည္။
"ေကာင္းခ်ီ မင္း ကေလးခ်စ္တက္လား"
ေခါင္းေပၚမွာ ပြတ္သပ္ေနတဲ့ လက္ေလးက ရပ္တန့္သြားသည္မို ့ သက္ပံု ေမာ့ႀကည့္လိုက္သည္။
နဖူးေႀကာေတြတြန္ ့ေအာင္စဥ္းစားခန္းဝင္ေနသူသည္ သူ ကေလးခ်စ္တက္သလားမခ်စ္တက္သလားေတာင္ သတိထားမိခဲ့ဟန္မတူေပ။
"က်ြန္ေတာ္ မခ်စ္ဘူးထင္တယ္။ ဟုတ္တယ္ က်ြန္ေတာ္မခ်စ္ဘူး "
ေကာင္းခ်ီက သူ ့အိမ္မက္ နဲ ့သူ ့စိတ္ဆႏၵေတြကိုေရာ သိရက္လားဆိုတာ သက္ပံုမသိ။
အခ်စ္ခံရတာေကာင္းတယ္ဆိုတာမွန္ပါတယ္။ ဒါေပမဲ့ ေကာင္းခ်ီကို ႀကာလာေတာ့
သက္ပံု သနားလာမိသည္။
ေကာင္းခ်ီျဖစ္ေနပံုက တအားတဖက္စြန္းေရာက္ေနသလို ျဖစ္ေနသည္။
ဘယ္အရာေနေန အစြန္းေရာက္ေနလြန္းရင္ မေကာင္းေတာ့ေပ။
တေလာကလံုး သက္ပံု တစ္ေယာက္ထဲရွိေနသလို မ်ိဳး စိတ္ပါဝင္စားမူ ့သည္
သက္ပံုတစ္ေယာက္ဆီမွာသာ။
အဲ့ဒီအျပဳအမူေတြကို သက္ပံုတကယ္မႀကိဳက္ပါ။
တကယ္ဆို
စိတ္ဆိုးတာ ေဒါသထြက္တာ ေအာ္ဟစ္ေပါက္ကြဲတာမ်ိဳး စိတ္ထြက္ေပါက္အျဖစ္လုပ္ေစခ်င္သည္။
"မင္းမခ်စ္ေပမဲ့ ငါခ်စ္တယ္ေလ။
ငါ တို ့ပိုက္ဆံေတြအမ်ားႀကီး ရွာပီးရင္
ထိုင္းမွာ အငွားကိုယ္ဝန္ယူရေအာင္။ "
"ဘာလုပ္ဖို ့လည္းခင္ဗ်ားရယ္။
ပိုက္ဆံေတြ ခင္ဗ်ားသံုးလို ့ကုန္သြားလည္း
က်ြန္ေတာ္မနွေျမာပါဘူး။ ဒါေပမဲ့
သူစိမ္းတေယာက္နဲ ့မ်ိဳးစပ္ပီးရလာတဲ့ ကေလးကိုေတာ့ က်ြန္ေတာ္တကယ္မလိုခ်င္ဘူး။ "
သက္ပံု မ်က္လံုးေတြကိုမွိတ္ပစ္လိုက္သည္။ အဲ့လိုမွမလုပ္ရင္ သူတကယ္ေကာင္းခ်ီကို စိတ္ဆိုးမိေတာ့မယ္။
"စိတ္ဆိုးသြားတာလားသက္ပံုရယ္ က်ြန္ေတာ္ေတာင္းပန္ပါတယ္။ ခင္ဗ်ားရခ်င္ရင္ယူပါ ။ က်ြန္ေတာ္က မရခ်င္ဘူးဆိုေပမဲ့ ခင္္ဗ်ားျပံဳးေနတာျမင္ရရင္ အဆင္ေျပပါတယ္ "
ဆံပင္ေတြကို ထိုးဖြကာ ေကာင္းခ်ီက
ႀကာႀကာ အသံမမာနိုင္ပဲ ေခ်ာ့လာျပန္၏။
ဒါေပမဲ့ သက္ပံု မ်က္လံုးေတြကိုေတာ့ မွိတ္ထားဆဲပင္။ အမွန္ဆို စကားေတြ အေခ်အတင္ ေျပာရမယ္ထင္ထားသည္။
ခုလို လြယ္လြယ္အေလ်ာ့ေပးျပန္ေတာ့လည္း သက္ပံု မေက်နပ္ပါ။ မ်က္လံုးမွိတ္ကာ အသံတိတ္သြားရုံနဲ ့ခ်က္ျခင္းအေလ်ာ့ေပးတာေတာ့ တကယ္ကို မျဖစ္သင့္။
က်စ္! ဒီေလာက္ခႏီၲပါရမီနဲ ့ျပည့္ေနမွေတာ့ …… ဒီေယာက်ာ္းအိမ္ေထာင္မျပဳပဲ
ဘုန္းႀကီးသာဝတ္သင့္သည္။
ထြက္လာတဲ့ ေဒါသေတြကိုျမိဳသိပ္ကာ
ေကာင္းခ်ီေပါင္ေပၚမွာ အိပ္ေပ်ာ္ေအာင္သာအိပ္ပစ္လိုက္သည္။
နားမလည္တဲ့ေယာက်ာ္းကို ေျပာပစ္ခ်င္သည္။
ငါတို ့အသက္ႀကီးရင္ ဘယ္သူကျပဳစုမွာလဲဆိုတာကို။
သံေယာဇဥ္ႀကိဳးေတြတည္ျမဲေအာင္
ေသြးသားဆိုတာ ရွိေနမွ။
ဒါကိုဒီေယာက်ာ္း နားမလည္ဘူး။
အသာအယာ ပြတ္သပ္ေပးလာတဲ့
ႀကမ္းတမ္းတဲ့ လက္ဖဝါးေအာက္မွာ
သက္ပံု တစ္ေယာက္ စိတ္ဆိုးရက္နဲ ့
အိပ္ေပ်ာ္သြား၏။
သနပ္ခါးစေလးေတြပ်က္ျပယ္ခ်င္ေနတဲ့ သက္ပံုပါးေလးေတြကိုႀကည့္ကာ ေကာင္းခ်ီငံု ့နမ္းလိုက္သည္။
သူ သက္ပံုကို တကယ္ခ်စ္ျမတ္နိုးရပါသည္။
မ်က္နွာေလးညိဳးေနရင္ေတာင္
ေကာင္းခ်ီ မေနတက္ေပ။
သူ ့နွလံုးသားတစ္စံုရဲ့ အခန္းေလးခန္းသည္ သက္ပံုတစ္ေယာက္နဲ ့တင္ျပည့္သိပ္ေနျပီမို ့ေနာက္တစ္ေယာက္ထပ္ခ်စ္
ဖို ့ေတာ့ မျဖစ္နိုင္ေတာ့ပီ။
သို ့ေပမဲ့ သက္ပံုက ကေလးရခ်င္သည္ဆိုရင္လည္း ယူေပးဖို ့ကေကာင္းခ်ီတာဝန္သာျဖစ္သည္။
တေလာကလံုး သက္ပံု လက္ညိဳးထိုးျပသမ်ွ ပိုင္ဆိုင္ခြင့္ေပးရမွာ ေကာင္းခ်ီတာဝန္သည္မို ့………
ခ်စ္တဲ့အိမ္စည္။
"မြသက် … မွှေလိုက်အုန်း ။ ဖွဖွမွှေနော် ညီမလေး ကြေကုန်မှာစိုးလို့ "
ခြံထောင့်က ခရေပင်အရိပ်အောက်မှာ ကျောက်တုံးကြီးကြီးသုံးတုံးကို ဖိုခနောက်ဆိုင်ကာ မိုးပြဲဒယ်ကြီးနဲ့ ငါးခြောက်ကြော်နေကြသည်။
ထင်းမီးဖိုမို့ ကောင်းချီက အိမ်နောက်ကအသားတိုအသားစတွေပွေ့ သယ်လာကာ မီးအနေတော်ထည့်ပေးနေသည်။
သက်ပုံကတော့ ဖျာပေါ်မှာ ကြက်သွန်ဖြူထောင်းနေ၏။ မြသက် စက်ကျောင်းပြီးသွားလို့ သာတော်တော့သည်။ နို့ မို့ ဆို မနိုင်မနင်းဖြစ်အုန်းမည်။
"သက်ပုံ ငရုတ်သီးတွေ မထောင်းနဲ့ နော်။
မီးလေးထည့်ပီးရင် ကျွန်တော်ထောင်းပေးမယ် "
"အေးပါ ။ မီးတွေအရမ်းမထည့်နဲ့
မီးအေးအေးနဲ့ ကြော်မှာ ။
မဟုတ်ရင် ငါးခြောက်တွေ မဲကုန်လိမ့်မယ်"
သက်ပုံကထိုင်နေရက်နဲ့ လက်ကလည်းမနား ပါးစပ်ကလည်းမနားပဲ ခိုင်းနေ၏။
"ကိုသက်တို့ နှစ်ယောက်ကတော့ တကယ့်စံတွေပဲ။ ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာ အမြဲသိနေတော့တာပဲ "
မြသက်စကားကြောင့် သက်ပုံပြုံးမိသည်။
စေတနာအကျိုးပေးသည်လား။ ဒါမှမဟုတ် ကောင်းချီနဲ့ သက်ပုံကပဲ ကံဆက်သည်လားမပြောတက်။ တခုခုဆို
သိပ်ခက်ခက်ခဲခဲမရှိပဲ အလိုလို ငွေကရောက်လာတက်သည်။
ဟိုနေ့ က လက်ဆောင်ထည့်ပေးလိုက်တဲ့ ငါးခြောက်ကြော်သည်အတော်လေးပေါက်သွားကာ မှာယူသူတွေအတော်များနေ၏။
ထို့ ကြောင့် ကောင်းချီကိုပလက်စတစ်ဘူးကြည်လေးတွေနဲ့
*တံငါကုန်းအသင့်စားငါးခြောက်ကြော်*
ဆိုသည့်နာမည်နဲ့ ဖုန်းနံပါတ်ပါတဲ့ တံဆိပ်လေးကိုပါ မြို့ လေးကမှာယူစေကာ လုပ်ငန်းကိုချဲ့ ထွင်ခဲ့သည်။
ပထမဆုံး ဘူးနဲ့ မထည့်ခင်
ငါးခြောက် ကို videoရိုက်ကာ လက်ဆတ်သည်ဆိုတာကို အရင် သက်သေပြခဲ့သည်။
ငါးဇင်ရိုင်းက ရေခဲရိုက်မဟုတ်ပဲ
သဘာဝအတိုင်း လတ်ဆက်တုန်းအခြောက်ခံထားရုံတင်မက အကောင်ကလဲကြီးသည်မို့ အတော်လေးအမြင်လှသည်။
သက်ပုံရည်ရွယ်ချက်သည် မြို့ ပေါ်တွင်မရတဲ့ အရသာနဲ့ အရည်အသွေးကိုပါ
အဓိကထားပီး အလုပ်မအားတဲ့သူများနဲ့
သွေးတိုးရှိသည့် လူကြီးတွေပါ စားလို့
ရအောင် လုပ်ပေးချင်တာဖြစ်သည်။
ထို့ နောက်မှာ အနည်းငယ်ကြော်ထားတဲ့ ငါးခြောက်ကြော်ကိုဘူးထဲထည့်ကာ သေချာ videoရိုက်ပြီး လိုင်းပေါ်တင်ရောင်းခဲ့သည်။
ငါးခြောက်တစ်ပိသာကို ခြောက်ထောင်ကြပေမဲ့ ပဲဆီသန့် နဲ့ ကြော်သည့်အပြင် ထုတ်ပိုးမူ့ ကုန်ကြစရိတ်နဲ့ တွက်ကာ
အလတ်စားဘူးအကြည်နဲ့ တဘူး ၂၀၀၀ ရောင်းလိုက်သည်။
စားဘူးသူကတော့ ဈေးမမြင်ပဲ ချက်ခြင်း ငါးဘူးယူ ခြောက်ဘူးယူနဲ့ အလုအယက်မှာကြသည်။
သက်ပုံအနေနဲ့ မလုပ်လည်း ဘာမှမဖြစ်ပေမဲ့ အဆင်မပြေတဲ့ တံငါသည်တွေ ပြေလည်အောင် ကူညီပေးတဲ့ သဘောပင်။
သို့ ပေမဲ့ အများနဲ့ ပေါင်းကာ
တဘူးကို၅၀၀ မြတ်အုန်းတော့
ဘူးတစ်ရာဆိုရင် ၅၀၀၀၀ မို့ နေရင်းထိုင်ရင်းပိုက်ဆံဝင်နေတာပင်။
မဟုတ်တောင် မြို့ လေးကို ကုန်ကားက
တစ်ရက်ခြားတစ်ခါထွက်သည်မို့ ပစ္စည်းပို့ ရတာ မခက်ခဲပေ။
သရက်သီးကလည်း တဝက်စာလောက်ကောက်ပြီးပီမို့ အရင်ကလောက် အလုပ်တော့မရှုတ်တော့။
"ဒီလိုပါပဲ မြသက်ရယ်။ အလုပ်ဆိုတာကလည်း ရတုန်းလုပ်ရတာပေါ့။ သိပ်ကြီးပင်ပန်းတာမှမဟုတ်တာ ။ ဖုန်းတစ်လုံးရှိရုံနဲ့ ပိုက်ဆံလည်းဝင် ၊ ဒေါ်ဆန်းတို့ တတွေလည်းအလုပ်ဖြစ် ကဲ မကောင်းဘူးလား။ "
မြိုတွေလို ငန်ပေါက်နေတဲ့ ငါးခြောက်မျိုးမဟုတ်ပဲ သေချာသန့် စင်ထားတဲ့ အချိုခြောက်လေးတွေမို့ အငန်ကြော်ဆိုပေမဲ့
ငန်သည်ဆိုရုံလောက်သာ။
ငါးခြောက်ကို ကြွပ်ရွသည်ထိကြော်ကာ
နောက်ဆုံးမှာထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးခြောက် ကိုသပ်သပ်ခွဲ
မကြော်ပဲ ဒီတိုင်းအစိမ်းထောင်းပြီး ထည့်မွှေလိုက်တာဖြစ်၏။
"သက်ပုံ အပူလောင်မယ်နော်။ "
"အေးပါ ငါသိပါတယ်။ "
လက်နှီးစုတ်နဲ့ ဒယ်အိုးကို လက်နဲ့ ကိုင်ကာ ဇွန်းကြီးနဲ့ ဆယ်ထည့်နေတဲ့ သက်ပုံတစ်ယောက် ကောင်းချီရဲ့ အပြောကြောင့်ပါးစပ်ကသာ ဖြစ်သလို ပြောလိုက်ပေမဲ့ လက်ကတော့ သေချာအပူမလောင်အောင် ဂရုစိုက်လိုက်သည်။
မဟုတ်ရင် ကောင်းချီက ဘာမှလုပ်ခိုင်းတော့မည်မဟုတ်တော့။
အကုန်ပြီးတော့ စတီးလင်ဗန်းထဲထည့်ကာ အအေးခံလိုက်သည်။
ဆေးကြောသန့် ရှင်းရေလုပ်ပေးသွားတဲ့မြသက်ကို မုန့် ဖိုးနှစ်ထောင်ထုတ်ပေးလိုက်တော့ ပျော်ရွှင်စွာပိုက်ဆံယူကာ အိမ်ပြန်သွား၏။
သက်ပုံကတော့ အတော်လေးအေးမှ ငါးခြောက်တွေကို ဘူးထဲထည့်မည်မို့
လောလောဆယ်ဆယ် အလုပ်က အားနေ၏။
"ကောင်းချီ "
"ဗျာ ! "
အိမ်ထဲကို ငါးခြောက်ဗန်းသွားပို့ ပေးနေတဲ့ ကောင်းချီက သက်ပုံအော်ခေါ်တော့ချက်ခြင်းပြန်ထူးရှာသည်။
"ပြီးရင် ဒီကိုလာခဲ့ "
သိပ်မကြာခင် ကောင်းချီထွက်လာ၏။
လက်ထဲမှာ ပန်းသီးစိတ်ထားတဲ့ ပန်းကန်လေးတစ်ချပ်ပါကိုင်လာသေးသည်။
အလိုက်သိတဲ့ယောကျာ်းက တကယ်ကို
အပြစ်ဆိုစရာတကွက်မရှိပေ။
ခရေပင်အရိပ်အောက်က ဖျာကြမ်းပေါ်မှာ သက်ပုံ တစ်ယောက်ကတော့
အလုပ်နည်းနည်းလုပ်ကာ ခြေပစ်လက်ပစ်ကျချင်နေသည်။
ငါးခြောက်ငါးပိသာနီးပါးလောက်ကို
နှစ်ဒယ်ခွဲကြော်ခဲ့ရသည်မို့ ပင်ပန်းပေမဲ့
အဆင်မပြေတဲ့ ဒေါ်ဆန်းတို့ မိသားစုတော့ပြေလည်သွားသည်။
နို့ မို့ ဆိုရင် ရွာစဉ်တစ်လျှောက် ခြေတိုအောင်လှည့်ရောင်းရမှာ မလွှဲမရှောင်သေချာပေါက်ပင်။
" သက်ပုံ နောက်ရက် မလုပ်နဲ့ တော့။
ဒေါ်လေးမြရင် ကို ခေါ်လုပ်ခိုင်းလိုက်မယ်။ မဟုတ်လည်း အိမ်မှာဒေါ်လေးကဘာအလုပ်မှမရှိပဲ အားနေတာပဲဟာ။ပြီးရင်
ကြည့်ပီးမုန့် ဖိုးပေးလိုက်ပေါ့ "
ကောင်းချီပြောတာ မှန်ပါသည်။
ငါးသောင်းမြတ်လို့ တစ်သောင်း…ခွဲပေးရလဲ အရေးမကြီး။
ငါးခြောက်ဆိုတာလဲ ရာသီပေါ်မို့
ဝါဆိုဝါခေါင်ရောက်ရင် ရေကြီးတာနဲ့
ငါးသေးငါးနုတ် မရတော့။
တလနီးပါးလောက်ပဲ ငါးခြောက်ရောင်းချိန်ရှိတော့မည်မို့ မလုပ်ပဲတော့နေလို့ မရ။
သိပ်မကြာခင် မိုးတွင်းရောက်တော့မည်။
ကောင်းချီလည်း ကားနားရမှာသေချာသလောက်။
မဟုတ်တောင် တံငါကုန်းရွာက
ကျောက်ကြမ်းလမ်းတွေက မိုးရေကြောင့်
လမ်းမကောင်းနိုင်။
စိတ်မချစိတ်တို့ နဲ့ အိမ်မှာ ပူလောင်ပြီး မနေနိုင်သည်မို့ မိုးတွင်းမရောက်ခင်
ပိုက်ဆံကြိုရှာထားရမည်။
"အင်းပါ ။ ဒါဆိုနောက်ရက် ဒေါ်လေးကို ကြိုပြောထားလိုက်လေ။ "
"ဟုတ် … လာဒီကိုလာလှဲ"
ပုတ်ပြတဲ့ ပေါင်ပေါ်ခေါင်းလေးတင်အိပ်ကာအမောဖြေလိုက်သည်။
တချက်တချက်လေ တိုက်လာတဲ့လေရယ်
ဘယ်စီကမှန်းမသိလွှင့်ပျံ့ လာတဲ့ ဒန်းပန်းနံ့ လေးရယ် က စိတ်ကိုချက်ခြင်းလန်းဆန်းသွားစေသည်။
တံငါကုန်းမှာ မီးမရတော့ အဲကွန်းသုံးမရပေ။
ဒါပေမဲ့ မန္တလေးမှာမီးပျက်ရင် နေလို့ မရအောင် ပူပေမဲ့ တံငါကုန်းရွာ ကတော့
သဘာဝတရားကပေးတဲ့ လေအေးအေးနဲ့ တင် အဲကွန်းမလိုအောင် အဆင်ပြေလှသည်။
"ကောင်းချီ မင်း ကလေးချစ်တက်လား"
ခေါင်းပေါ်မှာ ပွတ်သပ်နေတဲ့ လက်လေးက ရပ်တန့်သွားသည်မို့ သက်ပုံ မော့ကြည့်လိုက်သည်။
နဖူးကြောတွေတွန့် အောင်စဉ်းစားခန်းဝင်နေသူသည် သူ ကလေးချစ်တက်သလားမချစ်တက်သလားတောင် သတိထားမိခဲ့ဟန်မတူပေ။
"ကျွန်တော် မချစ်ဘူးထင်တယ်။ ဟုတ်တယ် ကျွန်တော်မချစ်ဘူး "
ကောင်းချီက သူ့ အိမ်မက် နဲ့ သူ့ စိတ်ဆန္ဒတွေကိုရော သိရက်လားဆိုတာ သက်ပုံမသိ။
အချစ်ခံရတာကောင်းတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ကောင်းချီကို ကြာလာတော့
သက်ပုံ သနားလာမိသည်။
ကောင်းချီဖြစ်နေပုံက တအားတဖက်စွန်းရောက်နေသလို ဖြစ်နေသည်။
ဘယ်အရာနေနေ အစွန်းရောက်နေလွန်းရင် မကောင်းတော့ပေ။
တလောကလုံး သက်ပုံ တစ်ယောက်ထဲရှိနေသလို မျိုး စိတ်ပါဝင်စားမူ့ သည်
သက်ပုံတစ်ယောက်ဆီမှာသာ။
အဲ့ဒီအပြုအမူတွေကို သက်ပုံတကယ်မကြိုက်ပါ။
တကယ်ဆို
စိတ်ဆိုးတာ ဒေါသထွက်တာ အော်ဟစ်ပေါက်ကွဲတာမျိုး စိတ်ထွက်ပေါက်အဖြစ်လုပ်စေချင်သည်။
"မင်းမချစ်ပေမဲ့ ငါချစ်တယ်လေ။
ငါ တို့ ပိုက်ဆံတွေအများကြီး ရှာပီးရင်
ထိုင်းမှာ အငှားကိုယ်ဝန်ယူရအောင်။ "
"ဘာလုပ်ဖို့ လည်းခင်ဗျားရယ်။
ပိုက်ဆံတွေ ခင်ဗျားသုံးလို့ ကုန်သွားလည်း
ကျွန်တော်မနှမြောပါဘူး။ ဒါပေမဲ့
သူစိမ်းတယောက်နဲ့ မျိုးစပ်ပီးရလာတဲ့ ကလေးကိုတော့ ကျွန်တော်တကယ်မလိုချင်ဘူး။ "
သက်ပုံ မျက်လုံးတွေကိုမှိတ်ပစ်လိုက်သည်။ အဲ့လိုမှမလုပ်ရင် သူတကယ်ကောင်းချီကို စိတ်ဆိုးမိတော့မယ်။
"စိတ်ဆိုးသွားတာလားသက်ပုံရယ် ကျွန်တော်တောင်းပန်ပါတယ်။ ခင်ဗျားရချင်ရင်ယူပါ ။ ကျွန်တော်က မရချင်ဘူးဆိုပေမဲ့ ခင်ဗျားပြုံးနေတာမြင်ရရင် အဆင်ပြေပါတယ် "
ဆံပင်တွေကို ထိုးဖွကာ ကောင်းချီက
ကြာကြာ အသံမမာနိုင်ပဲ ချော့လာပြန်၏။
ဒါပေမဲ့ သက်ပုံ မျက်လုံးတွေကိုတော့ မှိတ်ထားဆဲပင်။ အမှန်ဆို စကားတွေ အချေအတင် ပြောရမယ်ထင်ထားသည်။
ခုလို လွယ်လွယ်အလျော့ပေးပြန်တော့လည်း သက်ပုံ မကျေနပ်ပါ။ မျက်လုံးမှိတ်ကာ အသံတိတ်သွားရုံနဲ့ ချက်ခြင်းအလျော့ပေးတာတော့ တကယ်ကို မဖြစ်သင့်။
ကျစ်! ဒီလောက်ခန္တီပါရမီနဲ့ ပြည့်နေမှတော့ …… ဒီယောကျာ်းအိမ်ထောင်မပြုပဲ
ဘုန်းကြီးသာဝတ်သင့်သည်။
ထွက်လာတဲ့ ဒေါသတွေကိုမြိုသိပ်ကာ
ကောင်းချီပေါင်ပေါ်မှာ အိပ်ပျော်အောင်သာအိပ်ပစ်လိုက်သည်။
နားမလည်တဲ့ယောကျာ်းကို ပြောပစ်ချင်သည်။
ငါတို့ အသက်ကြီးရင် ဘယ်သူကပြုစုမှာလဲဆိုတာကို။
သံယောဇဉ်ကြိုးတွေတည်မြဲအောင်
သွေးသားဆိုတာ ရှိနေမှ။
ဒါကိုဒီယောကျာ်း နားမလည်ဘူး။
အသာအယာ ပွတ်သပ်ပေးလာတဲ့
ကြမ်းတမ်းတဲ့ လက်ဖဝါးအောက်မှာ
သက်ပုံ တစ်ယောက် စိတ်ဆိုးရက်နဲ့
အိပ်ပျော်သွား၏။
သနပ်ခါးစလေးတွေပျက်ပြယ်ချင်နေတဲ့ သက်ပုံပါးလေးတွေကိုကြည့်ကာ ကောင်းချီငုံ့ နမ်းလိုက်သည်။
သူ သက်ပုံကို တကယ်ချစ်မြတ်နိုးရပါသည်။
မျက်နှာလေးညိုးနေရင်တောင်
ကောင်းချီ မနေတက်ပေ။
သူ့ နှလုံးသားတစ်စုံရဲ့ အခန်းလေးခန်းသည် သက်ပုံတစ်ယောက်နဲ့ တင်ပြည့်သိပ်နေပြီမို့ နောက်တစ်ယောက်ထပ်ချစ်
ဖို့ တော့ မဖြစ်နိုင်တော့ပီ။
သို့ ပေမဲ့ သက်ပုံက ကလေးရချင်သည်ဆိုရင်လည်း ယူပေးဖို့ ကကောင်းချီတာဝန်သာဖြစ်သည်။
တလောကလုံး သက်ပုံ လက်ညိုးထိုးပြသမျှ ပိုင်ဆိုင်ခွင့်ပေးရမှာ ကောင်းချီတာဝန်သည်မို့ ………
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz