အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
18
"ေကာင္းခ်ီ ဟိုဖက္ျခံက ဘာလို ့လူမေနတာလဲ "
ခေရပင္အိုေအာက္မွာ ထိုင္ေနရင္း
ေန ့ခင္းက အေဒၚႀကီးေျပာတဲ့ စကားေတြကိုအမွတ္ရသြား၏။ ေကာင္းခ်ီအိမ္သည္ ေတာင္ဖက္တြင္ ေစ်းေနရာကြင္းျပင္က်ယ္ရွိသလို ေျမာက္ဖက္တြင္လဲ လူမေနပဲ ျခံခတ္ထားတဲ့ ေျမေနရာအလြတ္ရွိသည္။
"မေနဆို ျခံပိုင္ရွင္က ျမိဳ ့ေလးသူနဲ ့ အိမ္ေထာင္က်သြားတာကို ။ အဲ့မွာပဲ
အေျခခ်တာဆိုေတာ့ တံငါကုန္းရြာကိုဘယ္ျပန္လာပါ့မလဲ "
"လူမေနတာမ်ား ။ ဘာလို ့ေရာင္းမစားတာလဲ။ တခ်ိဳ ့ေနရာေတြဆို ျခံဳေတြေတာင္ျဖစ္ေနပီ "
"အဲ့ဒါေတာ့ က်ြန္ေတာ္လဲ မသိတက္ဘူးေလ …ေနပါအုန္း သက္ပံုက ခုမွ အဲ့ဖက္ျခံကိုဘာလို ့စိတ္ဝင္စားေနတာလဲ "
"ဟီးဟီး ေန ့ခင္းက မုန္ ့လင္မယားသည္အေဒၚႀကီးေျပာတာသတိရလို ့။ အဲ့ျခံက အရင္တုန္းကအဂၤလိပ္မင္းႀကီးကေတာ္ေနဘူးတယ္တဲ့ ။ အဲ့ဒါေႀကာင့္ပါ "
"ေအာ္ … အဲ့ဒါေတြက ေကာလဟာလျဖစ္က်န္ခဲ့ပါပီသက္ပံုရာ။ ေခတ္ေတြလည္း ႀကာလွပီကို။ "
ေကာင္းခ်ီ ေျပာတာမွန္ေပမဲ့ မဲေမွာင္ေနတဲ့တဖက္ျခံကို သက္ပံုစိတ္ဝင္စားမိေနတုန္း ။ ဘာပဲေျပာေျပာ သက္ပံုတို ့နဲ ့မတူတဲ့ေခတ္တေခတ္က အမ်ိဳးသမီးတစ္ေယာက္ရဲ့ ေနထိုင္ခဲ့တဲ့ လူေနမူ ့ပံုစံအခ်ိဳ ့ကို သက္ပံုစိတ္ဝင္စားမိေတာ့အမွန္ပင္ျဖစ္သည္။
ေနာက္ေန ့မိုးေသာက္ယံတြင္ သက္ပံုတစ္ေယာက္ အေစာႀကီးနိုးေနခဲ့၏။ ေကာင္းခ်ီကေတာ့ တာဝန္ေက်စြာ ထမင္း
တစ္အိုးတည္ထားခဲ့ပီး ေစ်းကို ဟင္းခ်က္စရာသြားဝယ္ေနသည္။
အိမ္ေရွ ့စားပြဲေပၚတြင္ ေစာင္ႀကမ္းတထည္ခင္းကာ သက္ပံု အလုပ္ရွဳပ္ေန၏။
ဝယ္လာခဲ့တဲ့ အစေတြကို ခ်ရင္း
စက္ခ်ဳပ္ဖို ့ေနရာျပင္ေနမိသည္။
ေယာက္ခမရဲ့ တစ္ခုတည္းေသာ အေမြျဖစ္တဲ့ အပ္ခ်ဳပ္စက္အိုေလးသည္
ေဟာင္းေနေပမဲ့ ေကာင္းမြန္စြာအသံုးျပဳလို ့ရေနေသးသည္မို ့ ေငြပိုမကုန္ေအာင္ အသစ္မဝယ္ပဲ အနည္းငယ္ျပင္ဆင္မြမ္းမံထား၏။
"သက္ပံု ဖယ္… ဖယ္ က်ြန္ေတာ္လုပ္မယ္။ ခနေလးေစာင့္ရတာကို မေစာင့္နိုင္ရေအာင္ က်ြန္ေတာ္အေဝးႀကီးသြားေနတဲ့သူမွမဟုတ္တာ "
ေနရမက်လို ့ မ,ေရြ ့ဖို ့ျပင္ေနတဲ့ သက္ပံုသည္ ေကာင္းခ်ီအသံေႀကာင့္
မ်က္နွာေလးငယ္သြား၏။
"ေတာ္ပါကြာ အဲ့ရုပ္ကေလးလုပ္ျပေနေတာ့ က်ြန္ေတာ္က ဘာဆက္ေျပာနိုင္ေတာ့မွာလဲ "
"မင္းငါ့ကုိ ေအာ္တယ္ "
"ေအာ္စရာလား ။ မေတာ္လို ့ ေျခေထာက္ေပၚျပဳတ္က်ရင္ ခင္ဗ်ားဒဏ္ရာရမွာစိုးလို ့ အေလာ္တႀကီးေအာ္လိုက္ရတာပါဗ်ာ … ဖယ္ပါ က်ြန္ေတာ္ေရြ ့ေပးမယ္ ဘယ္နားလဲ ။ "
ဝယ္လာတဲ့ အထုတ္ေတြမီးဖိုေခ်ာင္ေျပး
ပို ့ကာ အပ္ခ်ဳပ္စက္ကို မ ,ဖို ့ျပင္လိုက္သည္။
သက္ပံုလက္ညိဳးထိုးျပတဲ့ေနရာသည္ အိပ္ခန္းေပါက္ဝနားေလးက ေနရာလြတ္ ျဖစ္သည္မို ့ ခ်က္ျခင္းေကာက္ေရြ ့ေပးလိုက္သည္။
"အဆင္ေျပလား "
"အင္း …ရျပီ။ ဘာေတြဝယ္လာလဲ "
ခ်ဳပ္စက္ကို ေနရာက်မက် လွဳပ္ခတ္ႀကည့္ရင္း သက္ပံုေမးလိုက္သည္။
"ငါးငိုက္ငါးဆားနယ္ နဲ ့သခြားသီးအတို ့အျမဳပ္ေလးခ်က္မယ္။ ႀကက္ဥနဲ ့ဆလက္ရြက္ ဟင္းခ်ိဳေလးနဲ ့ "
"အင္း…အဆင္ေျပသားပဲ ။ဒီေန ့ေတာ့
ေကာင္းခ်ီေလးပဲ ခ်က္လိုက္ေတာ့ ငါ
အက်ၤ ီခ်ဳပ္မလို ့"
ေကာင္းခ်ီရဲ့ အနားအနည္းငယ္ျငိျပီးျပဲေနတဲ့ ပုဆိုးေဟာင္းတစ္ထည္ကို စမ္းပီးတေဂ်ာင္းေဂ်ာင္းနင္းခ်ဳပ္ႀကည့္ေနတဲ့
သက္ပံုေႀကာင့္ ေကာင္းခ်ီျပံဳးကာ မီးဖိုေခ်ာင္ဖက္ လွည့္ဝင္လိုက္သည္။
ရည္းစားျဖစ္ျပီးနွစ္နွစ္ႀကာတဲ့ အမွတ္တရအေနနဲ ့ သက္ပံုအတြက္ေပးျဖစ္တဲ့ အမွတ္တရလက္ေဆာင္က သက္ပံုဝါသနာပါတဲ့ ဒီဇိုင္းနာသင္တန္းအပ္ထားတဲ့လက္မွတ္ျဖတ္ပိုင္းတခုသာ။
ေက်ာင္းပိတ္တဲ့ရက္ကိုသာ ေရြးတက္
လို ့ရတဲ့ သင္တန္းရဲ့ အခေငြေႀကးသည္
သိန္းနွစ္ဆယ္နီးပါး မို ့ သက္ပံုတစ္ေယာက္ အံႀသခဲ့ေပမဲ့ ဝမ္းမသာနိုင္ခဲ့ေပ။
ေကာင္းခ်ီအတြက္ ၆လစာ လစာသည္
သက္ပံုအတြက္ မမ်ားေသာပမာနျဖစ္ေပမဲ့ နဖူးကေခ်ြးေျခမက်ေအာင္ ရွာခဲ့ရေသာ ေငြေႀကးျဖစ္ခဲ့သည္မို ့ အမွတ္တရမ်ားစြာျဖစ္ခဲ့ရသည္။
သက္ပံုအတြက္ဆိုေကာင္းခ်ီလံုးဝ မနွေျမာမိပါ။ ခ်စ္တဲ့သက္ပံုတစ္ေယာက္ ဝါသနာ ပါရာ သင္တန္းကိုစိတ္ဝင္စားစြာတက္ေနခ်ိန္တြင္ ေကာင္းခ်ီသည္လည္းကုန္ထမ္းရင္း သက္ပံုအတြက္ ဂုဏ္ယူရင္းျပံဳးေနမိခဲ့သည္။
မိဘပတ္ဝန္းက်င္အတြက္ သက္ပံုရဲ့
ဝါသနာပါရာ စိတ္ဆႏၵတို ့သည္ အနည္းငယ္ မေက်နပ္စရာျဖစ္ခဲ့ေသာ္လည္း
ေကာင္းခ်ီအတြက္ကေတာ့ သက္ပံုရဲ့ ဝါသနာမ်ားသည္ အစစအရာရာ ျဖည့္ဆည္းခ်င္စရာျဖစ္ေနခဲ့သည္။
"ေကာင္းခ်ီ ဒီဖက္လွည့္ "
လက္ထဲလွီးေတာ့မဲ့ ခရမ္းခ်ဥ္သီးလံုးေလးကို သက္ပံုစကားေႀကာင့္ျပန္ခ်ထားလိုက္သည္။
ေပႀကိဳးကိုပုခံုးေပၚတင္ကာ စားအုပ္နဲ ့ေဘာပင္ကိုင္ကာရပ္ေနတဲ့ သက္ပံုေႀကာင့္
ေကာင္းခ်ီျပံဳးကာ ခါးကိုမတ္မတ္ရပ္ေပးမိသည္။
နီးကပ္လာတဲ့ သက္ပံုက ေကာင္းခ်ီ
ကိုယ္ထည္ကို စိတ္ရွည္လက္ရွည္တိုင္းကာ
ခ်င္ျခင္းျပန္ထြက္သြားျပန္သည္။
ခ်က္ရမဲ့ဟင္းကို မခ်က္နိုင္ေသးပဲ မီးဖိုေခ်ာင္ကေန သက္ပံုအလုပ္လုပ္ေနတဲ့ပံုေလးကို ရပ္ႀကည့္ေနမိသည္။
တလွဳပ္လွဳပ္နဲ ့အထည္စေတြကိုက္ညွပ္ေနတဲ့ သက္ပံုသည္ တေလာကလံုးေမ့ေနဟန္ျဖင့္ ဝါသနာပါရာကို စူးစိုက္လုပ္ကိုင္ေန၏။
ေယာက်ာ္းတစ္ေယာက္ အက်ၤ ီခ်ဳပ္တာ
ဘယ္သူကမ်ားမသင့္ေတာ္ဘူးေျပာခဲ့သလဲ။
သက္ပံုကေတာ့ ျငိမ္းခ်မ္းစြာ
သူကမၻာမွာတစ္ေယာက္ထဲေပ်ာ္ေမြ ့လ်က္။
အႀကည့္တို ့ကိုရပ္တန္ ့ပီး မီးဖိုေခ်ာင္တာဝန္ကိုေက်ပြန္စြာ ေကာင္းခ်ီထမ္းေဆာင္ေနပီးသိပ္မႀကာခင္မွာပဲ တေဂ်ာင္းေဂ်ာင္းစက္ခ်ဳပ္သံက အိမ္ေလးထဲမွာ ပ်ံ ့နွံ ့လာသည္။
နွစ္နာရီေက်ာ္ေက်ာ္ႀကာျပီးေနာက္မွာ
သက္ပံု တစ္ေယာက္ကေအာင္ျမင္စြာ
ေကာင္းခ်ီအတြက္ေႏြရာသီဝတ္အက်ၤ ီတထည္ကိုခ်ဳပ္လုပ္ျပီးစီးခဲ့၏။
"ဝတ္ႀကည့္ပါအုန္း "
ထိုးေပးလာတဲ့ အကၤ် ီကိုတယုတယကိုင္ကာ
"ေနပါအုန္းခင္ဗ်ားရယ္။ က်ြန္ေတာ္ေရေလးခ်ိဳးျပီးမွဝတ္ပါ့မယ္။ မဟုတ္ရင္ ဟင္းနံ ့ေတြစြဲကုန္လိမ့္မယ္ "
"အင္းပါ။ ဒါဆိုလည္း ငါ ထမင္းခူးထားလိုက္မယ္။ မင္းေရခ်ိဳးျပီးရင္ ငါတို ့ထမင္းစားရမယ္"
ေျပာပီး သူညွပ္ခ်လိုက္လို ့အနည္းငယ္ရွဳပ္ပြေနတဲ့စားပြဲကို သက္ပံု ျပန္ရွင္းေနသည္မို ့ ေကာင္းခ်ီလဲ ေရခ်ိဳးဖို ့အျမန္ျပင္ရသည္။
ေရခ်ိဳး မူ ့သည္ ခါတိုင္ခ်ိဳးေနက်အခ်ိန္ထက္ ပိုပီးျမန္ေန၏
ဆပ္ျပာတိုက္သည္ကိုပင္ အခ်ိန္မဆြဲအား
ေရတခြက္ပီးတခြက္ေလာင္းခ်ိဳးကာ လက္စသတ္လိုက္သည္။
စိတ္ရွည္လက္ရွည္ တဘတ္မသုတ္တဲ့ ကိုယ္ခႏၶာသည္ ေရလဲပုဆိုးေျခာက္ကိုပင္ စိုထိုင္းထိုင္းျဖစ္သြားေစသည္။
ေကာင္းခ်ီအျပဳအမူတို ့သည္ အရင္အခ်ိန္တုန္းကနဲ ့လားလားမွမဆိုင္ေတာ့သလို
ျဖစ္ေနေပမဲ့ သူ ့ကိုယ္သူဂရုမျပဳမိ။
အခန္းထဲကို တလႊားလႊားေျပးဝင္သြားခ်ိန္တြင္ သက္ပံုက မီးဖိုခန္းမွာ ထမင္းခူးေနတုန္းပင္ရွိေသးသည္။
ေရဘယ္နွစ္ခြက္ ေလာင္းခ်ိဳးခဲ့သလဲ ေကာင္းခ်ီမသိပါ ။ ဆပ္ျပာျမဳပ္ေတြ ေျပာင္တယ္လို ့ေတာ့ထင္တာပဲ။
ကုတင္ေပၚမွာ စီးႀကိဳေစာင့္ဆိုင္းေနတဲ့
အညိဳေရာင္ အစင္းေလးေတြနဲ ့
အက်ၤ ီေလးသည္ သက္ပံုကိုယ္တိုင္ခ်ဳပ္ေပးခဲ့တဲ့ တတိယေျမာက္ အက်ၤ ီေလးပင္ျဖစ္သည္။
စိုထိုင္းထိုင္းေရလဲပုဆိုးကို အရင္လဲလိုက္သည္။ ျပီးမွ
အက်ၤ ီေလးကို တန္ဖိုးထားစြာ တယုတယ ေကာက္ယူဝတ္လိုက္၏
ပြေယာင္းေယာင္း အက်ၤ ီသည္ ေကာင္းခ်ီကိုယ္ေပၚတြင္ အိစက္စြာေနရာယူေနသည္ကို မွန္ထဲမွာ ျမင္ေနရသည္။
"မင္းနဲ ့လိုက္သားပဲ။ လာ …ထမင္းစားရေအာင္ "
သေဘာက်စြာ မွန္ေရွ ့ကမခြာခ်င္ျဖစ္ေန
နတဲ့ ေကာင္းခ်ီသည္ ေနာက္ပါးက
သက္ပံုအသံႀကားမွ မွန္ေရွ ့မွာႀကာေနပီမွန္းသတိရသည္။
"သက္ပံု "
ေကာင္းခ်ီေလးနက္ဆို ေခၚလိုက္သည္။
"ဟင္! "
"က်ြန္ေတာ့္ကိုဘယ္ေတာ့မွ ထားမသြားဘူးမို ့လား "
ေကာင္းခ်ီရင္ထဲမွာဘာေတြျဖစ္ေနသလဲဆိုတာ သက္ပံု မခန္ ့မွန္းနိုင္ပါ။
ေကာင္းခ်ီသည္ ခံစားခ်က္ကို ထုတ္ေဖာ္ျပေလ့ရွိသူမဟုတ္။
သက္ပံုနဲ ့အတူရွိခဲ့ဘူးေသာ သံုးနွစ္ေက်ာ္ကာလတြင္လဲ ေကာင္းခ်ီ ဘာႀကိဳက္တက္သလဲဆိုတာမ်ိဳးကိုေတာင္ သက္ပံုမသိေပ။
ေကာင္းခ်ီက နားလည္ရသိပ္ခက္သည္။
အခ်ိန္တိုင္း ခံစားခ်က္ဆိုတာမ်ိဳးသီးသန္ ့မရွိပဲ သက္ပံု အတြက္ဆိုတာကိုပဲသူ ့ေခါင္းထဲမွာရွိသည္။
သက္ပံုႀကိဳက္တာ သူလိုက္ႀကိဳက္သည္။
သက္ပံုစားတာကိုသာ သူလိုက္စားသည္ေႀကာင့္ ေကာင္းခ်ီခံစားခ်က္တို ့ကိုသက္ပံု ေမ့ေနခဲ့မိသည္။
စိတ္မေကာင္းစြာ ေကာင္းခ်ီရဲ့ အသားမာတက္ေနတဲ့ လက္ေတြကိုေထြးဆုပ္လိုက္ပီး…
"ေကာင္းခ်ီေလး … ငါမင္းကို သိပ္ခ်စ္ပါတယ္။ မင္းအခ်ိန္တိုင္း ငါ့ကိုအေလ်ာ့ေပးေနစရာမလိုပါဘူး။ မင္းအတြက္ကိုလဲ
ႀကည့္ရမယ္ေလ။ ေျပာပါအုန္း မင္းဘာေတြခံစားေနရလဲ "
သက္ပံု ႀကင္နာေႏြးေထြးစြာေမးလိုက္ေတာ့ ေကာင္းခ်ီ အနည္းငယ္ ေျပာင္းလဲသြား၏။ ဝမ္းနည္းမူ ့တခ်ိဳ ့ျဖတ္ေျပးသြားတဲ့ ေကာင္းခ်ီမ်က္နွာေလးကိုႀကည့္ရင္း
သက္ပံု စိတ္မေကာင္းေတာ့။
"က်ြန္ေတာ္ …က်ြန္ေတာ္ "
"အင္း …မင္းဘာခံစားေနရလဲဆိုတာ ငါသိခ်င္တယ္ ။ ေျပာ …ငါ့ကိုေျပာျပ "
"က်ြန္ေတာ္ဝမ္းနည္းေနတယ္ သက္ပံု ။
က်ြန္ေတာ္မွာ မိဘလည္းမရွိေတာ့ဘူး။
သံေယာဇဥ္တြယ္တာစရာဆိုလို ့ သက္ပံုတစ္ေယာက္ပဲရွိေတာ့တာ။ တီတီတာတာမေျပာတက္တဲ့ က်ြန္ေတာ္ကို သက္ပံု စိတ္ပ်က္စိတ္ကုန္သြားမွာ က်ြန္ေတာ္ ေႀကာက္တယ္ "
"ဟင္း… ဘာမ်ားျဖစ္တာလဲ လို ့လန္ ့သြားပဲ ။ မင္းကို ထားသြားစရာလား။
အရူးေလး။ တကယ္ဆို မင္းကငါ့ကို စိတ္ကုန္သြားကိုေတာင္ ငါကေႀကာက္ေနရတာ ။ခုဆို ရြာထဲမွာ မင္းကေငြရွာေတာ္တာ နာမည္ႀကီး။ ငယ္ငယ္ရြယ္ရြယ္ေလးေတြကအစ မင္းမွမင္းျဖစ္ေနႀကတဲ့ဟာကို "
"ဟင့္အင္။ က်ြန္ေတာ္ပိုက္ဆံရွာတာ သက္ပံုအတြက္ ။ သက္ပံုသာ ထားသြားရင္ ရွိတာေတြအကုန္လွဴ ပီး က်ြန္ေတာ္ ဘုန္းႀကီး ဝတ္သြားမွာပဲ "
"အာ နွေျမာစရာႀကီး ။ မဝတ္ရပါဘူး။
ငါမင္းနားမွာ တသက္လံုးေနပီး မင္းကိုခိုင္းစားမွာ "
သက္ပံုအေျပာေႀကာင့္ ေကာင္းခ်ီသေဘာက်စြာေအာ္ရယ္ေလသည္။
ထိုေနာက္ သက္ပံုကို ေထြးဖက္ကာ
"ဟား ဟား သက္ပံုေလးရယ္။
ခင္္ဗ်ားေလးကေတာ့ တကယ္ပါပဲ။
မဟုတ္ေတာင္ ခင္ဗ်ားကို က်ြန္ေတာ္က
ရွင္ဘုရင္တပါးလို ေမာ္ဖူးမဲ့သူပါဗ်ာ ။
ခိုင္းေနရင္ေတာင္ ခင္ဗ်ားပါးစပ္ေညာင္းလိမ့္မယ္။ က်ြန္ေတာ္က ခ်စ္တဲ့သက္ပံုနဲ ့ပါတ္သတ္လာရင္ အမူအယာေလးေတာင္ ျပစရာမလိုဘူး။ ေကာင္းခ်ီေရ လို ့ေခၚလိုက္တာနဲ ့ေရခပ္ပီးသားပဲ "
ေကာင္းခ်ီ စကားေႀကာင့္ သက္ပံုေက်နပ္စြာ ရင္ဖက္ကို တရႊတ္ရႊတ္ဖက္နမ္းပစ္လိုက္သည္။
စကားေတြသိပ္တက္ေနတဲ့ ေကာင္းခ်ီေလးေႀကာင့္ သက္ပံုတစ္ေယာက္
ခူးခပ္ထားတဲ့ ထမင္းဝိုင္းကို ေမ့ေလ်ာ့သြားရုံသာမက ဆာေနတဲ့ ဝမ္းကိုပါ
သတိမရေတာ့။
တျဖည္းျဖည္းနဲ ့တံငါကုန္းရြာသား
ေကာင္းခ်ီေလးေပးတဲ့ စြဲလမ္းမူ ့ ေရာဂါသည္ သက္ပံုကို အျမစ္တြယ္ကာ ကုသ၍ပင္ ရနိုင္ေတာ့မည္မထင္ေတာ့။
ခ်စ္တဲ့အိမ္စည္။
>>>>>><<<<<<<<
"ကောင်းချီ ဟိုဖက်ခြံက ဘာလို့ လူမနေတာလဲ "
ခရေပင်အိုအောက်မှာ ထိုင်နေရင်း
နေ့ ခင်းက အဒေါ်ကြီးပြောတဲ့ စကားတွေကိုအမှတ်ရသွား၏။ ကောင်းချီအိမ်သည် တောင်ဖက်တွင် ဈေးနေရာကွင်းပြင်ကျယ်ရှိသလို မြောက်ဖက်တွင်လဲ လူမနေပဲ ခြံခတ်ထားတဲ့ မြေနေရာအလွတ်ရှိသည်။
"မနေဆို ခြံပိုင်ရှင်က မြို့ လေးသူနဲ့ အိမ်ထောင်ကျသွားတာကို ။ အဲ့မှာပဲ
အခြေချတာဆိုတော့ တံငါကုန်းရွာကိုဘယ်ပြန်လာပါ့မလဲ "
"လူမနေတာများ ။ ဘာလို့ ရောင်းမစားတာလဲ။ တချို့ နေရာတွေဆို ခြုံတွေတောင်ဖြစ်နေပီ "
"အဲ့ဒါတော့ ကျွန်တော်လဲ မသိတက်ဘူးလေ …နေပါအုန်း သက်ပုံက ခုမှ အဲ့ဖက်ခြံကိုဘာလို့ စိတ်ဝင်စားနေတာလဲ "
"ဟီးဟီး နေ့ ခင်းက မုန့် လင်မယားသည်အဒေါ်ကြီးပြောတာသတိရလို့ ။ အဲ့ခြံက အရင်တုန်းကအင်္ဂလိပ်မင်းကြီးကတော်နေဘူးတယ်တဲ့ ။ အဲ့ဒါကြောင့်ပါ "
"အော် … အဲ့ဒါတွေက ကောလဟာလဖြစ်ကျန်ခဲ့ပါပီသက်ပုံရာ။ ခေတ်တွေလဲ ကြာလှပီကို။ "
ကောင်းချီ ပြောတာမှန်ပေမဲ့ မဲမှောင်နေတဲ့တဖက်ခြံကို သက်ပုံစိတ်ဝင်စားမိနေတုန်း ။ ဘာပဲပြောပြော သက်ပုံတို့ နဲ့ မတူတဲ့ခေတ်တခေတ်က အမျိုးသမီးတစ်ယောက်ရဲ့ နေထိုင်ခဲ့တဲ့ လူနေမူ့ ပုံစံအချို့ ကို သက်ပုံစိတ်ဝင်စားမိတော့အမှန်ပင်ဖြစ်သည်။
နောက်နေ့ မိုးသောက်ယံတွင် သက်ပုံတစ်ယောက် အစောကြီးနိုးနေခဲ့၏။ ကောင်းချီကတော့ တာဝန်ကျေစွာ ထမင်း
တစ်အိုးတည်ထားခဲ့ပီး ဈေးကို ဟင်းချက်စရာသွားဝယ်နေသည်။
အိမ်ရှေ့ စားပွဲပေါ်တွင် စောင်ကြမ်းတထည်ခင်းကာ သက်ပုံ အလုပ်ရှုပ်နေ၏။
ဝယ်လာခဲ့တဲ့ အစတွေကို ချရင်း
စက်ချုပ်ဖို့ နေရာပြင်နေမိသည်။
ယောက်ခမရဲ့ တစ်ခုတည်းသော အမွေဖြစ်တဲ့ အပ်ချုပ်စက်အိုလေးသည်
ဟောင်းနေပေမဲ့ ကောင်းမွန်စွာအသုံးပြုလို့ ရနေသေးသည်မို့ ငွေပိုမကုန်အောင် အသစ်မဝယ်ပဲ အနည်းငယ်ပြင်ဆင်မွမ်းမံထား၏။
"သက်ပုံ ဖယ်… ဖယ် ကျွန်တော်လုပ်မယ်။ ခနလေးစောင့်ရတာကို မစောင့်နိုင်ရအောင် ကျွန်တော်အဝေးကြီးသွားနေတဲ့သူမှမဟုတ်တာ "
နေရမကျလို့ မ,ရွေ့ ဖို့ ပြင်နေတဲ့ သက်ပုံသည် ကောင်းချီအသံကြောင့်
မျက်နှာလေးငယ်သွား၏။
"တော်ပါကွာ အဲ့ရုပ်ကလေးလုပ်ပြနေတော့ ကျွန်တော်က ဘာဆက်ပြောနိုင်တော့မှာလဲ "
"မင်းငါ့ကို အော်တယ် "
"အော်စရာလား ။ မတော်လို့ ခြေထောက်ပေါ်ပြုတ်ကျရင် ခင်များဒဏ်ရာရမှာစိုးလို့ အလော်တကြီးအော်လိုက်ရတာပါဗျာ … ဖယ်ပါ ကျွန်တော်ရွေ့ ပေးမယ် ဘယ်နားလဲ ။ "
ဝယ်လာတဲ့ အထုတ်တွေမီးဖိုချောင်ပြေး
ပို့ ကာ အပ်ချုပ်စက်ကို မ ,ဖို့ ပြင်လိုက်သည်။
သက်ပုံလက်ညိုးထိုးပြတဲ့နေရာသည် အိပ်ခန်းပေါက်ဝနားလေးက နေရာလွတ် ဖြစ်သည်မို့ ချက်ခြင်းကောက်ရွေ့ ပေးလိုက်သည်။
"အဆင်ပြေလား "
"အင်း …ရပြီ။ ဘာတွေဝယ်လာလဲ "
ချုပ်စက်ကို နေရာကျမကျ လှုပ်ခတ်ကြည့်ရင်း သက်ပုံမေးလိုက်သည်။
"ငါးငိုက်ငါးဆားနယ် နဲ့ သခွားသီးအတို့ အမြုပ်လေးချက်မယ်။ ကြက်ဥနဲ့ ဆလက်ရွက် ဟင်းချိုလေးနဲ့ "
"အင်း…အဆင်ပြေသားပဲ ။ဒီနေ့ တော့
ကောင်းချီလေးပဲ ချက်လိုက်တော့ ငါ
အင်္ကျီချုပ်မလို့ "
ကောင်းချီရဲ့ အနားအနည်းငယ်ငြိပြီးပြဲနေတဲ့ ပုဆိုးဟောင်းတစ်ထည်ကို စမ်းပီးတဂျောင်းဂျောင်းနင်းချုပ်ကြည့်နေတဲ့
သက်ပုံကြောင့် ကောင်းချီပြုံးကာ မီးဖိုချောင်ဖက် လှည့်ဝင်လိုက်သည်။
ရည်းစားဖြစ်ပြီးနှစ်နှစ်ကြာတဲ့ အမှတ်တရအနေနဲ့ သက်ပုံအတွက်ပေးဖြစ်တဲ့ အမှတ်တရလက်ဆောင်က သက်ပုံဝါသနာပါတဲ့ ဒီဇိုင်းနာသင်တန်းအပ်ထားတဲ့လက်မှတ်ဖြတ်ပိုင်းတခုသာ။
ကျောင်းပိတ်တဲ့ရက်ကိုသာ ရွေးတက်
လို့ ရတဲ့ သင်တန်းရဲ့ အခငွေကြေးသည်
သိန်းနှစ်ဆယ်နီးပါး မို့ သက်ပုံတစ်ယောက် အံသြခဲ့ပေမဲ့ ဝမ်းမသာနိုင်ခဲ့ပေ။
ကောင်းချီအတွက် ၆လစာ လစာသည်
သက်ပုံအတွက် မများသောပမာနဖြစ်ပေမဲ့ နဖူးကချွေးခြေမကျအောင် ရှာခဲ့ရသော ငွေကြေးဖြစ်ခဲ့သည်မို့ အမှတ်တရများစွာဖြစ်ခဲ့ရသည်။
သက်ပုံအတွက်ဆိုကောင်းချီလုံးဝ မနှမြောမိပါ။ ချစ်တဲ့သက်ပုံတစ်ယောက် ဝါသနာ ပါရာ သင်တန်းကိုစိတ်ဝင်စားစွာတက်နေချိန်တွင် ကောင်းချီသည်လဲ ကုန်ထမ်းရင်း သက်ပုံအတွက် ဂုဏ်ယူရင်းပြုံးနေမိခဲ့သည်။
မိဘပတ်ဝန်းကျင်အတွက် သက်ပုံရဲ့
ဝါသနာပါရာ စိတ်ဆန္ဒတို့ သည် အနည်းငယ် မကျေနပ်စရာဖြစ်ခဲ့သော်လဲ
ကောင်းချီအတွက်ကတော့ သက်ပုံရဲ့ ဝါသနာများသည် အစစအရာရာ ဖြည့်ဆည်းချင်စရာဖြစ်နေခဲ့သည်။
"ကောင်းချီ ဒီဖက်လှည့် "
လက်ထဲလှီးတော့မဲ့ ခရမ်းချဉ်သီးလုံးလေးကို သက်ပုံစကားကြောင့်ပြန်ချထားလိုက်သည်။
ပေကြိုးကိုပုခုံးပေါ်တင်ကာ စားအုပ်နဲ့ ဘောပင်ကိုင်ကာရပ်နေတဲ့ သက်ပုံကြောင့်
ကောင်းချီပြုံးကာ ခါးကိုမတ်မတ်ရပ်ပေးမိသည်။
နီးကပ်လာတဲ့ သက်ပုံက ကောင်းချီ
ကိုယ်ထည်ကို စိတ်ရှည်လက်ရှည်တိုင်းကာ
ချင်ခြင်းပြန်ထွက်သွားပြန်သည်။
ချက်ရမဲ့ဟင်းကို မချက်နိုင်သေးပဲ မီးဖိုချောင်ကနေ သက်ပုံအလုပ်လုပ်နေတဲ့ပုံလေးကို ရပ်ကြည့်နေမိသည်။
တလှုပ်လှုပ်နဲ့ အထည်စတွေကိုက်ညှပ်နေတဲ့ သက်ပုံသည် တလောကလုံးမေ့နေဟန်ဖြင့် ဝါသနာပါရာကို စူးစိုက်လုပ်ကိုင်နေ၏။
ယောကျာ်းတစ်ယောက် အင်္ကျီချုပ်တာ
ဘယ်သူကများမသင့်တော်ဘူးပြောခဲ့သလဲ။
သက်ပုံကတော့ ငြိမ်းချမ်းစွာ
သူကမ္ဘာမှာတစ်ယောက်ထဲပျော်မွေ့ လျက်။
အကြည့်တို့ ကိုရပ်တန့် ပီး မီးဖိုချောင်တာဝန်ကိုကျေပွန်စွာ ကောင်းချီထမ်းဆောင်နေပီးသိပ်မကြာခင်မှာပဲ တဂျောင်းဂျောင်းစက်ချုပ်သံက အိမ်လေးထဲမှာ ပျံ့ နှံ့ လာသည်။
နှစ်နာရီကျော်ကျော်ကြာပြီးနောက်မှာ
သက်ပုံ တစ်ယောက်ကအောင်မြင်စွာ
ကောင်းချီအတွက်နွေရာသီဝတ်အင်္ကျီတထည်ကိုချုပ်လုပ်ပြီးစီးခဲ့၏။
"ဝတ်ကြည့်ပါအုန်း "
ထိုးပေးလာတဲ့ အင်္ကျီကိုတယုတယကိုင်ကာ
"နေပါအုန်းခင်များရယ်။ ကျွန်တော်ရေလေးချိုးပြီးမှဝတ်ပါ့မယ်။ မဟုတ်ရင် ဟင်းနံ့ တွေစွဲကုန်လိမ့်မယ် "
"အင်းပါ။ ဒါဆိုလဲ ငါ ထမင်းခူးထားလိုက်မယ်။ မင်းရေချိုးပြီးရင် ငါတို့ ထမင်းစားရမယ်"
ပြောပီး သူညှပ်ချလိုက်လို့ အနည်းငယ်ရှုပ်ပွနေတဲ့စားပွဲကို သက်ပုံ ပြန်ရှင်းနေသည်မို့ ကောင်းချီလဲ ရေချိုးဖို့ အမြန်ပြင်ရသည်။
ရေချိုး မူ့ သည် ခါတိုင်ချိုးနေကျအချိန်ထက် ပိုပီးမြန်နေ၏
ဆပ်ပြာတိုက်သည်ကိုပင် အချိန်မဆွဲအား
ရေတခွက်ပီးတခွက်လောင်းချိုးကာ လက်စသပ်လိုက်သည်။
စိတ်ရှည်လက်ရှည် တဘတ်မသုတ်တဲ့ ကိုယ်ခန္ဓာသည် ရေလဲပုဆိုးခြောက်ကိုပင် စိုထိုင်းထိုင်းဖြစ်သွားစေသည်။
ကောင်းချီအပြုအမူတို့ သည် အရင်အချိန်တုန်းကနဲ့ လားလားမှမဆိုင်တော့သလို
ဖြစ်နေပေမဲ့ သူ့ ကိုယ်သူဂရုမပြုမိ။
အခန်းထဲကို တလွှားလွှားပြေးဝင်သွားချိန်တွင် သက်ပုံက မီးဖိုခန်းမှာ ထမင်းခူးနေတုန်းပင်ရှိသေးသည်။
ရေဘယ်နှစ်ခွက် လောင်းချိုးခဲ့သလဲ ကောင်းချီမသိပါ ။ ဆပ်ပြာမြုပ်တွေ ပြောင်တယ်လို့ တော့ထင်တာပဲ။
ကုတင်ပေါ်မှာ စီးကြိုစောင့်ဆိုင်းနေတဲ့
အညိုရောင် အစင်းလေးတွေနဲ့
အင်္ကျီလေးသည် သက်ပုံကိုယ်တိုင်ချုပ်ပေးခဲ့တဲ့ တတိယမြောက် အင်္ကျီလေးပင်ဖြစ်သည်။
စိုထိုင်းထိုင်းရေလဲပုဆိုးကို အရင်လဲလိုက်သည်။ ပြီးမှ
အင်္ကျီလေးကို တန်ဖိုးထားစွာ တယုတယ ကောက်ယူဝတ်လိုက်၏
ပွယောင်းယောင်း အင်္ကျီသည် ကောင်းချီကိုယ်ပေါ်တွင် အိစက်စွာနေရာယူနေသည်ကို မှန်ထဲမှာ မြင်နေရသည်။
"မင်းနဲ့ လိုက်သားပဲ။ လာ …ထမင်းစားရအောင် "
သဘောကျစွာ မှန်ရှေ့ ကမခွာချင်ဖြစ်နေ
နတဲ့ ကောင်းချီသည် နောက်ပါးက
သက်ပုံအသံကြားမှ မှန်ရှေ့ မှာကြာနေပီမှန်းသတိရသည်။
"သက်ပုံ "
ကောင်းချီလေးနက်ဆို ခေါ်လိုက်သည်။
"ဟင်! "
"ကျွန်တော့်ကိုဘယ်တော့မှ ထားမသွားဘူးမို့ လား "
ကောင်းချီရင်ထဲမှာဘာတွေဖြစ်နေသလဲဆိုတာ သက်ပုံ မခန့် မှန်းနိုင်ပါ။
ကောင်းချီသည် ခံစားချက်ကို ထုတ်ဖော်ပြလေ့ရှိသူမဟုတ်။
သက်ပုံနဲ့ အတူရှိခဲ့ဘူးသော သုံးနှစ်ကျော်ကာလတွင်လဲ ကောင်းချီ ဘာကြိုက်တက်သလဲဆိုတာမျိုးကိုတောင် သက်ပုံမသိပေ။
ကောင်းချီက နားလည်ရသိပ်ခက်သည်။
အချိန်တိုင်း ခံစားချက်ဆိုတာမျိုးသီးသန့် မရှိပဲ သက်ပုံ အတွက်ဆိုတာကိုပဲသူ့ ခေါင်းထဲမှာရှိသည်။
သက်ပုံကြိုက်တာ သူလိုက်ကြိုက်သည်။
သက်ပုံစားတာကိုသာ သူလိုက်စားသည်ကြောင့် ကောင်းချီခံစားချက်တို့ ကိုသက်ပုံ မေ့နေခဲ့မိသည်။
စိတ်မကောင်းစွာ ကောင်းချီရဲ့ အသားမာတက်နေတဲ့ လက်တွေကိုထွေးဆုပ်လိုက်ပီး…
"ကောင်းချီလေး … ငါမင်းကို သိပ်ချစ်ပါတယ်။ မင်းအချိန်တိုင်း ငါ့ကိုအလျော့ပေးနေစရာမလိုပါဘူး။ မင်းအတွက်ကိုလဲ
ကြည့်ရမယ်လေ။ ပြောပါအုန်း မင်းဘာတွေခံစားနေရလဲ "
သက်ပုံ ကြင်နာနွေးထွေးစွာမေးလိုက်တော့ ကောင်းချီ အနည်းငယ် ပြောင်းလဲသွား၏။ ဝမ်းနည်းမူ့ တချို့ ဖြတ်ပြေးသွားတဲ့ ကောင်းချီမျက်နှာလေးကိုကြည့်ရင်း
သက်ပုံ စိတ်မကောင်းတော့။
"ကျွန်တော် …ကျွန်တော် "
"အင်း …မင်းဘာခံစားနေရလဲဆိုတာ ငါသိချင်တယ် ။ ပြော …ငါ့ကိုပြောပြ "
"ကျွန်တော်ဝမ်းနည်းနေတယ် သက်ပုံ ။
ကျွန်တော်မှာ မိဘလဲမရှိတော့ဘူး။
သံယောဇဉ်တွယ်တာစရာဆိုလို့ သက်ပုံတစ်ယောက်ပဲရှိတော့တာ။ တီတီတာတာမပြောတက်တဲ့ ကျွန်တော်ကို သက်ပုံ စိတ်ပျက်စိတ်ကုန်သွားမှာ ကျွန်တော် ကြောက်တယ် "
"ဟင်း… ဘာများဖြစ်တာလဲ လို့ လန့် သွားပဲ ။ မင်းကို ထားသွားစရာလား။
အရူးလေး။ တကယ်ဆို မင်းကငါ့ကို စိတ်ကုန်သွားကိုတောင် ငါကကြောက်နေရတာ ။ခုဆို ရွာထဲမှာ မင်းကငွေရှာတော်တာ နာမည်ကြီး။ ငယ်ငယ်ရွယ်ရွယ်လေးတွေကအစ မင်းမှမင်းဖြစ်နေကြတဲ့ဟာကို "
"ဟင့်အင်။ ကျွန်တော်ပိုက်ဆံရှာတာ သက်ပုံအတွက် ။ သက်ပုံသာ ထားသွားရင် ရှိတာတွေအကုန်လှူ ပီး ကျွန်တော် ဘုန်းကြီး ဝတ်သွားမှာပဲ "
"အာ နှမြောစရာကြီး ။ မဝတ်ရပါဘူး။
ငါမင်းနားမှာ တသက်လုံးနေပီး မင်းကိုခိုင်းစားမှာ "
သက်ပုံအပြောကြောင့် ကောင်းချီသဘောကျစွာအော်ရယ်လေသည်။
ထိုနောက် သက်ပုံကို ထွေးဖက်ကာ
"ဟား ဟား သက်ပုံလေးရယ်။
ခင်များလေးကတော့ တကယ်ပါပဲ။
မဟုတ်တောင် ခင်များကို ကျွန်တော်က
ရှင်ဘုရင်တပါးလို မော်ဖူးမဲ့သူပါဗျာ ။
ခိုင်းနေရင်တောင် ခင်များပါးစပ်ညောင်းလိမ့်မယ်။ ကျွန်တော်က ချစ်တဲ့သက်ပုံနဲ့ ပါတ်သတ်လာရင် အမူအယာလေးတောင် ပြစရာမလိုဘူး။ ကောင်းချီရေ လို့ ခေါ်လိုက်တာနဲ့ ရေခပ်ပီးသားပဲ "
ကောင်းချီ စကားကြောင့် သက်ပုံကျေနပ်စွာ ရင်ဖက်ကို တရွှတ်ရွှတ်ဖက်နမ်းပစ်လိုက်သည်။
စကားတွေသိပ်တက်နေတဲ့ ကောင်းချီလေးကြောင့် သက်ပုံတစ်ယောက်
ခူးခပ်ထားတဲ့ ထမင်းဝိုင်းကို မေ့လျော့သွားရုံသာမက ဆာနေတဲ့ ဝမ်းကိုပါ
သတိမရတော့။
တဖြည်းဖြည်းနဲ့ တံငါကုန်းရွာသား
ကောင်းချီလေးပေးတဲ့ စွဲလမ်းမူ့ ရောဂါသည် သက်ပုံကို အမြစ်တွယ်ကာ ကုသ၍ပင် ရနိုင်တော့မည်မထင်တော့။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz