အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
17
ျမိဳ ့ေလးကေန အျပန္လမ္းတြင္
ေကာင္းခ်ီသည္ အလာတုန္းကနဲ ့မတူေတာ့ ။ ဘုတ္သိုက္ ဆံပင္ႀကမ္းတို ့အစား
ခပ္ပါးပါးရွိတ္ထိုးထားတဲ့ ေဘးနွစ္ဖက္ျခမ္းနဲ ့အတူ ေဘးခြဲဆံပင္ခပ္အုပ္အုပ္ အျဖစ္ေျပာင္းလဲလာ၏။
" ဒီလိုက်ေတာ့လည္း ငါ့ေကာင္းခ်ီေလးက ေခ်ာလိုက္တာ "
ျပံဳးစစမ်က္နွာထားနဲ ့ေဘးက တည္တည္ျငိမ္ျငိမ္ အမ်ိဳးသားေလးကို ေစ့ေစ့ႀကည့္ကာ ေျပာလိုက္မိေတာ့ ေကာင္းခ်ီတစ္ေယာက္ အနည္းငယ္ အေနရခက္သြားပံုေပၚသည္။
နားရြက္ဖ်ားေတြပြတ္ကာ ေျပာလာတာက
" သက္ပံုသေဘာက်ရင္ ဒီပံုစံအျမဲညွပ္ေပးမယ္ေလ " တဲ့ ။
သိပ္ခ်စ္ဖို ့ေကာင္းတဲ့ ေကာင္းစင္သန္ ့ခ်ီေလး
"မင္းေျပာေတာ့ ဆံပင္ညွပ္ခ ကို ၃၅၀၀ေပးရတာ မတန္ဘူးဆို။ ေနာက္ဆို ျမိဳ ့ေလးကဆိုင္ေတြညွပ္မဲ့ အစား ရြာမွာ တစ္ေခါင္း တစ္ေထာင္ပဲေပးရတဲ့ ဦးသံလံုး ဆိုင္မွာပဲ ဘိုေကထိုးမယ္ဆို "
"အဲ့ဒါကေတာ့ အဲ့ဒါတာေပါ့ဗ်ာ။
ခင္ဗ်ား တမင္ စ ေနတာဆိုရင္ မစေတာ့နဲ ့
က်ြန္ေတာ္ ေနရခက္ေနပီ "
ေျပာပီး ေခါင္းငုံ ့သြား၏။
ေဘးတေစာင္းျမင္ေနရတဲ့ အစိတ္အပိုင္းတို ့သည္ လူေခ်ာ တေယာက္ဟု မဆိုသာေပမဲ့ တည္ျငိမ္ေအးခ်မ္းမူ ့နဲ ့ရုိးသားမူ ့ကိုေတာ့ အျပည့္အဝ ပံုေဖာ္ေပးနိုင္သည္။
" ငါ့ကိုခ်စ္လား "
ငံု ့ထားေသာ ေခါင္းသည္ တဖန္ျပန္ေမာ့လာပီး သက္ပံုဖက္ကို ေစာင္းငဲ့ႀကည့္လာသည္။
မႀကာခင္က ရွက္ရွိပ္သန္းေနေသာ
မ်က္နွာ သြင္ျပင္သည္ ယခုအခါမွာေတာ့
ေလးနက္တည္ႀကည္မူ ့ေတြနဲ ့ခ်က္ျခင္းေျပာင္းလဲသြား၏။
အႀကည့္ေတြကအစ တန္ဖိုးထားမက္ေမာမူ ့မ်ားနဲ ့တဖ်တ္ဖ်တ္လဲ့ကာ မေျဖခင္ကတည္းက အေျဖတန္းသိနိုင္တဲ့ အေနအထားျဖစ္လာသည္။
" သက္ပံုကို ခ်စ္ရတာထပ္ က်ြန္ေတာ္က ပိုျမတ္နိုးတာပါ။ အခ်စ္နဲ ့ျမတ္နိုးမူ ့ အတူတူပဲလားဆိုတာေတာ့ က်ြန္ေတာ္ရွင္းမျပတက္ဘူး ။ ဒါေပမဲ့ အခ်ိန္တိုင္း
ခင္ဗ်ားကိုပဲ တစိမ့္စိမ့္ႀကည့္ေနခ်င္တာ ။
လက္ကေလး ကိုလည္းအျမဲ ထိေနခ်င္တယ္။
နွတ္ခမ္းေလးေတြ … ရယ္လိုက္ရင္ေပၚလာတဲ့ သြားေလးေတြ … ေလတိုက္ရင္ လြင့္လြင့္ သြားတက္တဲ့ ခင္ဗ်ားဆံပင္နုနုေလးေတြ … အကုန္လံုးကို ဘာအလုပ္မွမလုပ္ပဲ ထိုင္ႀကည့္ပဲေနခ်င္ေတာ့တဲ့အ ထိ
ခင္ဗ်ားကို က်ြန္ေတာ္ စြဲလမ္းတာ။ "
ေကာင္းခ်ီရဲ့ စကားအဆံုးမွာ လူရွင္းေနတဲ့ တံငါကုန္းသြားရာ ေက်ာက္ႀကမ္းလမ္းမွာ
သက္ပံု ကားကိုေဘးကပ္ထိုးရပ္လိုက္သည္။ ျဖတ္သြားျဖတ္လာ ေခြးတေကာင္ ေႀကာင္တမွီးမွ မရွိ။
"ေကာင္းခ်ီေလးကို ငါေတာ္ေတာ္ျဖစ္ေနပီေနာ္။ "
"ဟက္! အဲ့ေတာ့"
ရယ္ေမာကာ သက္ပံု ပါးတစ္ဖက္ဆြဲဖ်စ္ပီး ေကာင္းခ်ီေမးလာ၏။
" အဲ့ေတာ့ နမ္းခ်င္တယ္။ ငါမင္းကို ေတာ္ေတာ္ႀကီးကို နမ္းခ်င္ေနတာ "
ေဘးတေစာင္းေျပာင္းထိုင္ကာ
ေကာင္းခ်ီလည္ပင္းေတြကို သိုင္းဖက္လိုက္သည္။ နားထင္စပ္မွာ ျမင္ေနရတဲ့
စိမ္းျမျမ အသားေရသည္ သက္ပံုကို အူယားေစသည္။
လည္ပင္းကို ဖက္ကာ သက္ပံုဖက္ကိုအားနဲ ့ဆြဲခ်လိုက္ေတာ့ ေကာင္းခ်ီ ေခါင္းက
သက္ပံုဆီကိုယိုင္က်လာ၏။
ခ်စ္ျမတ္နိုးစြာ ျမင္ေနရတဲ့ ပါးျပင္တျခမ္းကို ဖိကပ္ပီးနမ္းမိေတာ့ ေကာင္းခ်ီတစ္ေယာက္သေဘာက်ကာ ပါးစပ္ပင္မပိတ္ေတာ့။
သက္ပံု လုပ္သမ်ွ ရယ္ေနရုံကလြဲပီး အသာတႀကည္လႊတ္ထားကာ ျပန္ေတာ့မနမ္း။
ဒါဟာ ဘာသေဘာလဲ ။
မေက်နပ္ေတာ့သည္မို ့ ေကာ့တက္ေနတဲ့ နွုတ္ခမ္းေထာင့္စပ္ေလးကို သြားနဲ ့ဖိကိုက္လိုက္၏။ ေအာ္သံထြက္မလာေပမဲ့
လွဳပ္ရွားမူ ့ေတြသည္ရပ္တန္ ့သြားကာ ေကာင္းခ်ီ ခႏၶာကိုယ္သည္ ေတာင့္တင္းသြား၏။
"သက္ …သက္ပံု "
"ဘာလဲ ! အြန္ ့"
လ်ွပ္တျပတ္လုပ္လိုက္တဲ့ အျပဳအမူေႀကာင့္ သက္ပံု မ်က္လံုးေတြျပဴးက်ယ္သြား၏။
ထိေတြ ့ခံစားခ်က္သည္ အရုိင္းဆန္သည္။ ဘယ္တုန္းကမွ ေကာင္းခ်ီ သည္
သက္ပံုအေပၚ ႀကမ္းတမ္းစြာ မဆက္ဆံဘူးခဲ့။
နွဳတ္ခမ္းအစံုသည္ ထူပူက်ိန္းစက္ေနေအာင္ ကိုက္ဖဲ့ နမ္းရွဳံ ့ေနေသာ္လည္း နာက်င္မူ ့ဟူ၍မခံစားရေအာင္
သက္ပံု ရင္ခံုစိတ္လွဳပ္ရွားရသည္။
"အြန္း "
သက္ပံုဆီမွ မပီမသညီးညဴးသံေလးေႀကာင့္ ခ်ိဳျမအိေထြးေသာ နွဳတ္ခမ္းပါးေလးကို ျဖည္းညွင္းစြာျဖည္လႊတ္ေပးလိုက္သည္။ တဒုန္းဒုန္းတဒိုင္းဒိုင္း ခုန္မည္ေနတဲ့
ရင္အစံုေႀကာင့္ ထူအန္းေနေသာ သက္ပံုနွုတ္ခမ္းေလးကို ဆက္မႀကည့္ရဲေတာ့ပဲ ေကာင္းခ်ီ မ်က္လံုးအစံု မွိတ္ကာ
ေထြးဖက္လိုက္၏။
"ခင္ဗ်ား ကိုေတာင္းပန္ပါတယ္။ က်ြန္ေတာ္ႀကမ္းတမ္းမိသြားတယ္ "
ေကာင္းခ်ီရင္ခြင္ထဲမွာ မွီႏြဲ ့ထားရင္း
သက္ပံု ျပံဳးလိုက္သည္။
ေကာင္းခ်ီေလး ရွက္သြားေလပီမို ့
သက္ပံု ခဏတာ ျငိမ္သက္ေနေပးလိုက္သည္။
အခ်ိန္အေတာ္ႀကာမွ
"အိမ္မွ ဖက္ေတာ့ ။ အျပန္ေမွာင္သြားလိမ့္မယ္ ။ "
"အင္း သက္ပံုကို ခ်စ္တယ္"
"ငါေရာပဲ "
သက္ပံုရဲ့ သံုးလံုးထဲေသာ စကားလံုး
တို ့က ေကာင္းခ်ီကို ေပ်ာ္ရႊင္သြားေစသည္ထင္၏။ ေကာ့တက္ေနေသာ နွုတ္ခမ္းေတြက သက္ပံုအတြက္ ဘယ္ပန္းခ်ီေရးမွီနိုင္အုန္းမလဲ။ေငြပံုေပးပီးလာဝယ္ရင္ေတာင္
ေကာင္းခ်ီအျပံဳးေတြကို ေရာင္းမစားနိုင္။
အျပန္လမ္းသည္ ခ်စ္သူတို ့အဖို ့အခ်ိန္တိုေတာင္းလြန္းသည္။
တံငါကုန္းရြာ ေရာက္ေရာက္ျခင္း မွာလိုက္တဲ့ ကုန္ေတြကို အိမ္အေရာက္ သြားပို ့ေပးဖို ့ ေတာင္ရြာ ဖက္ကို ကားလွည့္လိုက္သည္။
ပံုမွန္ဆို ရြာထဲထိပစၥည္းလိုက္မခ်ေပးပါ။
သို ့ေသာ္ …သက္ပံုတစ္ေယာက္က
ေတာင္ရြာဖက္မွာေရာင္းေသာ မုန္ ့လင္မယား စားခ်င္သည္ဆိုလို ့ ႀကံဳ တုန္း
အမွာကုန္ ေတြကို တခါထဲခ်ထားခဲ့လိုက္မည္ျဖစ္သည္။
"ေကာင္းခ်ီ ဘယ္ဆိုင္လဲ "
ေတာင္ရြာအလယ္လမ္းမ အတိုင္း တည့္တည့္ေမာင္းလာခဲ့ရင္း ျမင္ေနရတဲ့အိမ္ဆိုင္အေသးေလးေတြ ေႀကာင့္ သက္ပံုတစ္ေယာက္ဘယ္ရပ္လို ့ရပ္ရမွန္းမသိ။
"အိမ္ေရွ ့မွာ ခံုအျပာေလးခ်ထားတဲ့ဆိုင္ေရွ ့ကိုရပ္လိုက္သက္ပံု ။ ကြမ္းျခင္း ခ်ရမွာ "
ေကာင္းခ်ီ ညႊန္ျပေပးတဲ့ ဆိုင္ေရွ ့ရပ္လိုက္တာနဲ ့ ေဘးတံခါးဖြင့္ကာ ေကာင္းခ်ီေအာက္ကို ဆင္းသြား၏။ ေနာက္ခန္းက ကြမ္းျခင္းခ်ေပးေနတုန္း သက္ပံုလည္း ေအာက္ဆင္းကာ ခပ္လွမ္းလွမ္း မုန္ ့လင္မယားဆိုင္ကို မုန္ ့ဝယ္ရန္ထြက္ခဲ့လိုက္သည္။
မႏၱေလးမွာ ဆို တေထာင္ဖိုးဝယ္ရင္ေတာင္ သိပ္မရတဲ့ မုန္ ့လင္မယားတို ့သည္ တံငါကုန္းရြာမွာ တစ္ရာဖိုးငါးလံုးတဲ့ ။
ဗိုက္ဝေအာင္ထိ စားတာေတာင္
ငါးရာေတာင္ မကုန္ေပ။ စားေနက်မို ့
မုန္ ့လင္မယားသည္ အေဒၚႀကီးက ျပံဳးျပကာ
"ခါတိုင္းလိုပဲလား သက္ပံု "
"ဟုတ္တယ္ေဒၚေလး မန္က်ည္းခ်ဥ္ေလးနဲ ့ "
ပန္းကန္လံုးေလးထဲကို မုန္ ့လင္မယားအလံုးေလးေတြစီထည့္ကာ မန္က်ည္းခ်ဥ္ဆမ္းေပးသည္။ မန္က်ည္းခ်ဥ္သည္
ငရုတ္သီးစိ္မ္းေထာင္းထည့္ထားသည္မို ့အနည္းငယ္စပ္ေနေသာ္လည္း သက္ပံုႀကိဳက္၏။
ထိုးေခ် ေမႊေနွာက္လိုက္ေတာ့
အလံုးေလးေတြက အိျပဲကာ ေႀကမႊသြားသည္။
ထိုအေနထားေျပာင္းသြားမွ အရသာက ပိုရွိလာသလိုမို ့သက္ပံုစားရင္ မုန္ ့လင္မယားကို ခုလိုထိုးေခ် တက္သည္။
"ေရထဲက လက္စြပ္ေတြ ့လို ့တဲ့ ။ တစ္က်ပ္သားေလာက္ရွိတယ္။ ေရႊကို ဝါအိစက္ေနတာပဲ "
"ဟုတ္လား ။ ဘယ္သူရတာတဲ့လဲ "
"ေဒၚမိုးသမက္ ဖိုးခ်ြန္ရတာတဲ့ ။ အခုဆိုရြာေရခ်ိဳးဆိပ္မွာ ပြဲေစ်းက်ေနတာပဲ လူေတြ အျပည့္ပဲ "
"လာလာ ငါတို ့လည္း ေရႊသြားငုတ္ရေအာင္ "
အေတာ္လွမ္းလွမ္းမွာ ေကာင္မေလးသံုးေလးေယာက္ေလာက္ စကားေျပာရင္းေျပးထြက္သြားႀက၏။
စိတ္ဝင္စားစြာပင္ အေဒၚႀကီးကို စပ္စုလိုက္၏။
"အေဒၚ ဘာျဖစ္ႀကတာလဲ "
"ေအာ္ ေရခ်ိဳးရင္း ေရထဲက လက္စြပ္ေတြ ့တာတဲ့ ။မေန ့ကလည္း တစ္ေယာက္
ေရခ်ိဳးရင္းေတြ ့ေသးတယ္ ။ "
"ေရခ်ိဳးရင္းေတြ ့တာ "
သက္ပံုရဲ့တအံ့တႀသေမးစကားေႀကာင့္
အေဒၚႀကီးကရွင္းျပ၏။
"ေရခ်ိဳးရင္း သက္သက္ေတာ့မေတြ ့ဘူးေပါ့ သက္ပံုရယ္။ ျမစ္ထဲမွာ ေရႊတင္မကဘူး မျမင္ရတဲ့အရာေတြလဲအမ်ားႀကီး။
ပိုဆိုးတာက တံငါကုန္းရြာက လူေတာ္ေတာ္မ်ားမ်ား ျမစ္ထဲမွာပဲျဖစ္ျဖစ္ အိမ္မွာ အိမ္သာက်ြန္းတူးတုန္းပဲျဖစ္ျဖစ္ခုလို ေရႊေတြခဏတိုင္းရေလ့ရွိေတာ့ ေရခ်ိဳးရင္း
ေရငုတ္ပီး ေရေအာက္ကို လက္နဲ ့စမ္းရွာတက္တာအက်င့္ျဖစ္ေနျပီ။ အရင္တုန္းက ျမန္မာမင္းေတြ ထြက္ေျပးတိမ္းေရွာင္ရင္း ခဏေနခဲ့ဖူးတယ္ေလ။ အဲ့ဒါေႀကာင့္ ေရႊတို ့ေငြ တို ့ကဒီရြာမွာေပါတဲ့အျပင္ ထိုက္တဲ့သူကေတာ့ ရေနႀကပဲ "
"ဟုတ္လား ။ စိတ္ဝင္စားစရာေကာင္းတယ္ေနာ္။ ငယ္ငယ္တုန္းက ေမေမ
တို ့ေျပာတာႀကားဘူးတာကေတာ့ အိမ္ေဆာက္ဖို ့ေျမႀကီးတူးတာကေန ေရႊဒင္းဂါးျပားတို ့ေငြဒင္းဂါးျပားတို ့ရတဲ့အိမ္ေတြရွိတယ္တဲ့။ "
"ပဌာန္းဆက္ေပါ့ ငါ့တူရယ္။ လူတိုင္းေတာ့ဘယ္ရမလဲ။ ရထိုက္တဲ့သူက်ေတာ့လဲ ခလုတ္တိုက္ရင္းေတာင္ ရခ်င္ရႀကတာပဲ "
သက္ပံု ေနာက္ဆံုးလက္က်န္ မုန္ ့လင္မယားေလးကိုစားရင္း အေတြးေတြက စိတ္ဝင္စားစရာ တံငါကုန္းရြာေလးအေႀကာင္း ေတြးေနမိသည္။
" ခုေခတ္ႀကီးမွာ တျဖည္းျဖည္းအရင္တုန္းကလိုမဟုတ္ေတာ့ဘူး။ စီးပြားရွာရတာခက္လာပီ ။ ေတာ္ေသးတာေပါ့ ။ ခုလို ့ရြာမွာ အဆင္မေျပတဲ့သူမ်ားလာရင္ ေရႊေပၚေပၚေပးလို ့"
"ေရႊေပၚေပးတယ္ "
"ေရႊေပၚေပးတယ္ဆိုတာက ျမစ္ထဲကျဖစ္ျဖစ္ ကုန္းေပၚကျဖစ္ျဖစ္ ငါးနွစ္တခါေလာက္ကို သူ ့အလိုလို အေတာ္မ်ားမ်ားေပၚလာတက္တယ္ ။ မယံုမရွိနဲ ့ ေစာင့္ႀကည့္ေန ဆယ္ေလးငါးရက္ေလာက္ကေတာ့ တစ္ေနရာပီးတစ္ေနရာ ေပၚခ်င္တဲ့ေနရာက ဆက္တိုက္ေပၚလာေတာ့မွာ "
" အမ်ားႀကီးေတြရဘူးလား။ "
"ရဘူးတာေပါ့။ တခ်ိဳ ့ဆို ငါးက်ပ္သားေလာက္ရွိတဲ့ ဆြဲႀကိဳးတုတ္တုတ္ႀကီးေတြေတာင္ရဘူးတယ္။ မင္းတို ့ေဘးအိမ္က
အရင္တုန္းက အဂၤလိပ္မင္းႀကီးကေတာ္
သူေဌးမႀကီး ေဒၚအံ့ညိဳ ဆိုတာ ေနဘူးတယ္။ ခုေတာ့မင္းျမင္တဲ့အတိုင္း အိမ္ေတာ့မရွိေတာ့ဘူးျခံအလြတ္ပဲရွိေတာ့တာ ။ သူမရွိေတာ့တဲ့ေနာက္
ေဆြမ်ိဳးေတြ ထုခြဲေရာင္းခ်လိုက္ေတာ့အကုန္ပါေရာလား။ ေရွးတုန္းကဆို သူအိမ္က တို ့ရြာမွာအႀကီးဆံုးပဲ။ ဘယ္ေလာက္ႀကီးသလဲဆိုရင္ တက္ခိုးတဲ့ သူခိုးေတာင္ မ်က္စိလည္ပီး အိမ္အာက္ျပန္မဆင္းတက္ဘူးတဲ့။သားသမီးကမရွိေတာ့ မ်ိဳးဆက္လဲပ်က္တာေပါ့။ ေကာလဟာလအရ ေဒၚအံ့မွာ စိန္ေတြေရြေတြဆို ျပည္ေတာင္းနဲ ့ေတာင္ ထည့္ခ်ိန္လို ့ရတယ္တဲ့။ သူဆံုးသြားေတာ့ သူ ့ေဆြမ်ိဳးေတြက အိမ္ေတာင္မခ်န္ဘူး ျဖိဳခ်ပီး တျခံလံုး ရွာႀကတာပဲ။ မေတြ ့ဘူးလားေတြ ့သြားသလားေတာ့ ဘယ္သူမွတိတိက်က်မသိႀကဘူး။ ဒါေပမဲ့ တစ္ေယာက္စနွစ္ေယာက္စေတာ့ ေဒၚအံ့ေနတဲ့ ျခံေရွ ့မွာျဖတ္သြားရင္း ေရႊဒင္းဂါးျပားေတြရဘူးတယ္။ အဲ့ဒါကလည္း ေစာေစာကေျပာသလို ထိုက္မွရႀကတာပါ။ တကယ္ျခံထဲကို ေျမလွန္ရွာေနႀကတာပဲ ေရႊဒင္းဂါးမေျပာနဲ ့ေငြဒင္းဂါးေတာင္မေတြ ့ဘူး"
မုန္ ့လင္မယားသည္အေဒၚႀကီးေျပာတဲ့စကားမ်ားကို သက္ပံုလက္ခံပါသည္။
ခုထိ သာမန္လူေတြနားမလည္နိုင္တဲ့ ျဖစ္ရပ္ဆန္းႀကယ္မူ ့တို ့သည္ တံငါကုန္းရြာတင္ မကဘူး ကမၻာအနွံ ့မွာပါရွိႀကသည္။
"သက္ပံု စားျပီးပီလား "
ေနာက္နားက ေကာင္းခ်ီအသံေႀကာင့္
သက္ပံု လွည့္ႀကည့္လိုက္ေတာ့ နဖူးစမွာ ေခ်ြးေတြသီးတာကိုေတြ႕ရ၏။ ရာသီဥတုပူပူနဲ ့ကုန္ခ်ခဲ့တဲ့ ေကာင္းခ်ီတစ္ေယာက္ ပင္ပန္းေရာ့မယ္။
" အင္း ။ မင္းေရာ "
" သိပ္မွမမ်ားတာ ။ သံုးဆိုု္င္ထဲပဲခ်ရတာဆိုေတာ့ သက္ပံုမုန္ ့စားေနတုန္း
က်ြန္ေတာ္ျပီးေအာင္ ခ်ထားလိုက္တာ ။ ဒါဆိုသြားရေအာင္ေလ ။ "
ပိုက္ဆံထုတ္ရွင္းေပးေနတဲ့ ေကာင္းခ်ီေႀကာင့္ သက္ပံု အလိုက္တသိမတ္တပ္ ထရပ္လိုက္သည္။ေကာင္းခ်ီကိုျမင္ေတာ့
မုန္ ့လင္မယားသည္အေဒၚေျပာျပတဲ့
တံငါကုန္းရြာ ပံုျပင္ကိုလည္းလံုးလံုးေမ့သြား၏။
ခ်စ္တဲ့အိမ္စည္။
မြို့ လေးကနေ အပြန်လမ်းတွင်
ကောင်းချီသည် အလာတုန်းကနဲ့ မတူတော့ ။ ဘုတ်သိုက် ဆံပင်ကြမ်းတို့ အစား
ခပ်ပါးပါးရှိတ်ထိုးထားတဲ့ ဘေးနှစ်ဖက်ခြမ်းနဲ့ အတူ ဘေးခွဲဆံပင်ခပ်အုပ်အုပ် အဖြစ်ပြောင်းလဲလာ၏။
" ဒီလိုကျတော့လည်း ငါ့ကောင်းချီလေးက ချောလိုက်တာ "
ပြုံးစစမျက်နှာထားနဲ့ ဘေးက တည်တည်ငြိမ်ငြိမ် အမျိုးသားလေးကို စေ့စေ့ကြည့်ကာ ပြောလိုက်မိတော့ ကောင်းချီတစ်ယောက် အနည်းငယ် အနေရခက်သွားပုံပေါ်သည်။
နားရွက်ဖျားတွေပွတ်ကာ ပြောလာတာက
" သက်ပုံသဘောကျရင် ဒီပုံစံအမြဲညှပ်ပေးမယ်လေ " တဲ့ ။
သိပ်ချစ်ဖို့ ကောင်းတဲ့ ကောင်းစင်သန့် ချီလေး
"မင်းပြောတော့ ဆံပင်ညှပ်ခ ကို ၃၅၀၀ပေးရတာ မတန်ဘူးဆို။ နောက်ဆို မြို့ လေးကဆိုင်တွေညှပ်မဲ့ အစား ရွာမှာ တစ်ခေါင်း တစ်ထောင်ပဲပေးရတဲ့ ဦးသံလုံး ဆိုင်မှာပဲ ဘိုကေထိုးမယ်ဆို "
"အဲ့ဒါကတော့ အဲ့ဒါတာပေါ့ဗျာ။
ခင်ဗျား တမင် စ နေတာဆိုရင် မစတော့နဲ့
ကျွန်တော် နေရခက်နေပီ "
ပြောပီး ခေါင်းငုံ့သွား၏။
ဘေးတစောင်းမြင်နေရတဲ့ အစိတ်အပိုင်းတို့ သည် လူချော တယောက်ဟု မဆိုသာပေမဲ့ တည်ငြိမ်အေးချမ်းမူ့ နဲ့ ရိုးသားမူ့ ကိုတော့ အပြည့်အဝ ပုံဖော်ပေးနိုင်သည်။
" ငါ့ကိုချစ်လား "
ငုံ့ ထားသော ခေါင်းသည် တဖန်ပြန်မော့လာပီး သက်ပုံဖက်ကို စောင်းငဲ့ကြည့်လာသည်။
မကြာခင်က ရှက်ရှိပ်သန်းနေသော
မျက်နှာ သွင်ပြင်သည် ယခုအခါမှာတော့
လေးနက်တည်ကြည်မူ့ တွေနဲ့ ချက်ခြင်းပြောင်းလဲသွား၏။
အကြည့်တွေကအစ တန်ဖိုးထားမက်မောမူ့ များနဲ့ တဖျတ်ဖျတ်လဲ့ကာ မဖြေခင်ကတည်းက အဖြေတန်းသိနိုင်တဲ့ အနေအထားဖြစ်လာသည်။
" သက်ပုံကို ချစ်ရတာထပ် ကျွန်တော်က ပိုမြတ်နိုးတာပါ။ အချစ်နဲ့ မြတ်နိုးမူ့ အတူတူပဲလားဆိုတာတော့ ကျွန်တော်ရှင်းမပြတက်ဘူး ။ ဒါပေမဲ့ အချိန်တိုင်း
ခင်ဗျားကိုပဲ တစိမ့်စိမ့်ကြည့်နေချင်တာ ။
လက်ကလေး ကိုလည်းအမြဲ ထိနေချင်တယ်။
နှတ်ခမ်းလေးတွေ … ရယ်လိုက်ရင်ပေါ်လာတဲ့ သွားလေးတွေ … လေတိုက်ရင် လွင့်လွင့် သွားတက်တဲ့ ခင်ဗျားဆံပင်နုနုလေးတွေ … အကုန်လုံးကို ဘာအလုပ်မှမလုပ်ပဲ ထိုင်ကြည့်ပဲနေချင်တော့တဲ့အ ထိ
ခင်ဗျားကို ကျွန်တော် စွဲလမ်းတာ။ "
ကောင်းချီရဲ့ စကားအဆုံးမှာ လူရှင်းနေတဲ့ တံငါကုန်းသွားရာ ကျောက်ကြမ်းလမ်းမှာ
သက်ပုံ ကားကိုဘေးကပ်ထိုးရပ်လိုက်သည်။ ဖြတ်သွားဖြတ်လာ ခွေးတကောင် ကြောင်တမှီးမှ မရှိ။
"ကောင်းချီလေးကို ငါတော်တော်ဖြစ်နေပီနော်။ "
"ဟက်! အဲ့တော့"
ရယ်မောကာ သက်ပုံ ပါးတစ်ဖက်ဆွဲဖျစ်ပီး ကောင်းချီမေးလာ၏။
" အဲ့တော့ နမ်းချင်တယ်။ ငါမင်းကို တော်တော်ကြီးကို နမ်းချင်နေတာ "
ဘေးတစောင်းပြောင်းထိုင်ကာ
ကောင်းချီလည်ပင်းတွေကို သိုင်းဖက်လိုက်သည်။ နားထင်စပ်မှာ မြင်နေရတဲ့
စိမ်းမြမြ အသားရေသည် သက်ပုံကို အူယားစေသည်။
လည်ပင်းကို ဖက်ကာ သက်ပုံဖက်ကိုအားနဲ့ ဆွဲချလိုက်တော့ ကောင်းချီ ခေါင်းက
သက်ပုံဆီကိုယိုင်ကျလာ၏။
ချစ်မြတ်နိုးစွာ မြင်နေရတဲ့ ပါးပြင်တခြမ်းကို ဖိကပ်ပီးနမ်းမိတော့ ကောင်းချီတစ်ယောက်သဘောကျကာ ပါးစပ်ပင်မပိတ်တော့။
သက်ပုံ လုပ်သမျှ ရယ်နေရုံကလွဲပီး အသာတကြည်လွှတ်ထားကာ ပြန်တော့မနမ်း။
ဒါဟာ ဘာသဘောလဲ ။
မကျေနပ်တော့သည်မို့ ကော့တက်နေတဲ့ နှုတ်ခမ်းထောင့်စပ်လေးကို သွားနဲ့ ဖိကိုက်လိုက်၏။ အော်သံထွက်မလာပေမဲ့
လှုပ်ရှားမူ့ တွေသည်ရပ်တန့် သွားကာ ကောင်းချီ ခန္ဓာကိုယ်သည် တောင့်တင်းသွား၏။
"သက် …သက်ပုံ "
"ဘာလဲ ! အွန့် "
လျှပ်တပြတ်လုပ်လိုက်တဲ့ အပြုအမူကြောင့် သက်ပုံ မျက်လုံးတွေပြူးကျယ်သွား၏။
ထိတွေ့ ခံစားချက်သည် အရိုင်းဆန်သည်။ ဘယ်တုန်းကမှ ကောင်းချီ သည်
သက်ပုံအပေါ် ကြမ်းတမ်းစွာ မဆက်ဆံဘူးခဲ့။
နှုတ်ခမ်းအစုံသည် ထူပူကျိန်းစက်နေအောင် ကိုက်ဖဲ့ နမ်းရှုံ့ နေသော်လည်း နာကျင်မူ့ ဟူ၍မခံစားရအောင်
သက်ပုံ ရင်ခုံစိတ်လှုပ်ရှားရသည်။
"အွန်း "
သက်ပုံဆီမှ မပီမသညီးညူးသံလေးကြောင့် ချိုမြအိထွေးသော နှုတ်ခမ်းပါးလေးကို ဖြည်းညှင်းစွာဖြည်လွှတ်ပေးလိုက်သည်။ တဒုန်းဒုန်းတဒိုင်းဒိုင်း ခုန်မည်နေတဲ့
ရင်အစုံကြောင့် ထူအန်းနေသော သက်ပုံနှုတ်ခမ်းလေးကို ဆက်မကြည့်ရဲတော့ပဲ ကောင်းချီ မျက်လုံးအစုံ မှိတ်ကာ
ထွေးဖက်လိုက်၏။
"ခင်ဗျား ကိုတောင်းပန်ပါတယ်။ ကျွန်တော်ကြမ်းတမ်းမိသွားတယ် "
ကောင်းချီရင်ခွင်ထဲမှာ မှီနွဲ့ ထားရင်း
သက်ပုံ ပြုံးလိုက်သည်။
ကောင်းချီလေး ရှက်သွားလေပီမို့
သက်ပုံ ခဏတာ ငြိမ်သက်နေပေးလိုက်သည်။
အချိန်အတော်ကြာမှ
"အိမ်မှ ဖက်တော့ ။ အပြန်မှောင်သွားလိမ့်မယ် ။ "
"အင်း သက်ပုံကို ချစ်တယ်"
"ငါရောပဲ "
သက်ပုံရဲ့ သုံးလုံးထဲသော စကားလုံး
တို့ က ကောင်းချီကို ပျော်ရွှင်သွားစေသည်ထင်၏။ ကော့တက်နေသော နှုတ်ခမ်းတွေက သက်ပုံအတွက် ဘယ်ပန်းချီရေးမှီနိုင်အုန်းမလဲ။ငွေပုံပေးပီးလာဝယ်ရင်တောင်
ကောင်းချီအပြုံးတွေကို ရောင်းမစားနိုင်။
အပြန်လမ်းသည် ချစ်သူတို့ အဖို့ အချိန်တိုတောင်းလွန်းသည်။
တံငါကုန်းရွာ ရောက်ရောက်ခြင်း မှာလိုက်တဲ့ ကုန်တွေကို အိမ်အရောက် သွားပို့ ပေးဖို့ တောင်ရွာ ဖက်ကို ကားလှည့်လိုက်သည်။
ပုံမှန်ဆို ရွာထဲထိပစ္စည်းလိုက်မချပေးပါ။
သို့ သော် …သက်ပုံတစ်ယောက်က
တောင်ရွာဖက်မှာရောင်းသော မုန့် လင်မယား စားချင်သည်ဆိုလို့ ကြုံ တုန်း
အမှာကုန် တွေကို တခါထဲချထားခဲ့လိုက်မည်ဖြစ်သည်။
"ကောင်းချီ ဘယ်ဆိုင်လဲ "
တောင်ရွာအလယ်လမ်းမ အတိုင်း တည့်တည့်မောင်းလာခဲ့ရင်း မြင်နေရတဲ့အိမ်ဆိုင်အသေးလေးတွေ ကြောင့် သက်ပုံတစ်ယောက်ဘယ်ရပ်လို့ ရပ်ရမှန်းမသိ။
"အိမ်ရှေ့ မှာ ခုံအပြာလေးချထားတဲ့ဆိုင်ရှေ့ ကိုရပ်လိုက်သက်ပုံ ။ ကွမ်းခြင်း ချရမှာ "
ကောင်းချီ ညွှန်ပြပေးတဲ့ ဆိုင်ရှေ့ ရပ်လိုက်တာနဲ့ ဘေးတံခါးဖွင့်ကာ ကောင်းချီအောက်ကို ဆင်းသွား၏။ နောက်ခန်းက ကွမ်းခြင်းချပေးနေတုန်း သက်ပုံလည်း အောက်ဆင်းကာ ခပ်လှမ်းလှမ်း မုန့် လင်မယားဆိုင်ကို မုန့် ဝယ်ရန်ထွက်ခဲ့လိုက်သည်။
မန္တလေးမှာ ဆို တထောင်ဖိုးဝယ်ရင်တောင် သိပ်မရတဲ့ မုန့် လင်မယားတို့ သည် တံငါကုန်းရွာမှာ တစ်ရာဖိုးငါးလုံးတဲ့ ။
ဗိုက်ဝအောင်ထိ စားတာတောင်
ငါးရာတောင် မကုန်ပေ။ စားနေကျမို့
မုန့် လင်မယားသည် အဒေါ်ကြီးက ပြုံးပြကာ
"ခါတိုင်းလိုပဲလား သက်ပုံ "
"ဟုတ်တယ်ဒေါ်လေး မန်ကျည်းချဉ်လေးနဲ့ "
ပန်းကန်လုံးလေးထဲကို မုန့် လင်မယားအလုံးလေးတွေစီထည့်ကာ မန်ကျည်းချဉ်ဆမ်းပေးသည်။ မန်ကျည်းချဉ်သည်
ငရုတ်သီးစ်ိမ်းထောင်းထည့်ထားသည်မို့ အနည်းငယ်စပ်နေသော်လည်း သက်ပုံကြိုက်၏။
ထိုးချေ မွှေနှောက်လိုက်တော့
အလုံးလေးတွေက အိပြဲကာ ကြေမွှသွားသည်။
ထိုအနေထားပြောင်းသွားမှ အရသာက ပိုရှိလာသလိုမို့ သက်ပုံစားရင် မုန့် လင်မယားကို ခုလိုထိုးချေ တက်သည်။
"ရေထဲက လက်စွပ်တွေ့ လို့ တဲ့ ။ တစ်ကျပ်သားလောက်ရှိတယ်။ ရွှေကို ဝါအိစက်နေတာပဲ "
"ဟုတ်လား ။ ဘယ်သူရတာတဲ့လဲ "
"ဒေါ်မိုးသမက် ဖိုးချွန်ရတာတဲ့ ။ အခုဆိုရွာရေချိုးဆိပ်မှာ ပွဲဈေးကျနေတာပဲ လူတွေ အပြည့်ပဲ "
"လာလာ ငါတို့ လည်း ရွှေသွားငုတ်ရအောင် "
အတော်လှမ်းလှမ်းမှာ ကောင်မလေးသုံးလေးယောက်လောက် စကားပြောရင်းပြေးထွက်သွားကြ၏။
စိတ်ဝင်စားစွာပင် အဒေါ်ကြီးကို စပ်စုလိုက်၏။
"အဒေါ် ဘာဖြစ်ကြတာလဲ "
"အော် ရေချိုးရင်း ရေထဲက လက်စွပ်တွေ့ တာတဲ့ ။မနေ့ ကလည်း တစ်ယောက်
ရေချိုးရင်းတွေ့ သေးတယ် ။ "
"ရေချိုးရင်းတွေ့ တာ "
သက်ပုံရဲ့တအံ့တသြမေးစကားကြောင့်
အဒေါ်ကြီးကရှင်းပြ၏။
"ရေချိုးရင်း သက်သက်တော့မတွေ့ ဘူးပေါ့ သက်ပုံရယ်။ မြစ်ထဲမှာ ရွှေတင်မကဘူး မမြင်ရတဲ့အရာတွေလဲအများကြီး။
ပိုဆိုးတာက တံငါကုန်းရွာက လူတော်တော်များများ မြစ်ထဲမှာပဲဖြစ်ဖြစ် အိမ်မှာ အိမ်သာကျွန်းတူးတုန်းပဲဖြစ်ဖြစ်ခုလို ရွှေတွေခဏတိုင်းရလေ့ရှိတော့ ရေချိုးရင်း
ရေငုတ်ပီး ရေအောက်ကို လက်နဲ့ စမ်းရှာတက်တာအကျင့်ဖြစ်နေပြီ။ အရင်တုန်းက မြန်မာမင်းတွေ ထွက်ပြေးတိမ်းရှောင်ရင်း ခဏနေခဲ့ဖူးတယ်လေ။ အဲ့ဒါကြောင့် ရွှေတို့ ငွေ တို့ ကဒီရွာမှာပေါတဲ့အပြင် ထိုက်တဲ့သူကတော့ ရနေကြပဲ "
"ဟုတ်လား ။ စိတ်ဝင်စားစရာကောင်းတယ်နော်။ ငယ်ငယ်တုန်းက မေမေ
တို့ ပြောတာကြားဘူးတာကတော့ အိမ်ဆောက်ဖို့ မြေကြီးတူးတာကနေ ရွှေဒင်းဂါးပြားတို့ ငွေဒင်းဂါးပြားတို့ ရတဲ့အိမ်တွေရှိတယ်တဲ့။ "
"ပဌာန်းဆက်ပေါ့ ငါ့တူရယ်။ လူတိုင်းတော့ဘယ်ရမလဲ။ ရထိုက်တဲ့သူကျတော့လဲ ခလုတ်တိုက်ရင်းတောင် ရချင်ရကြတာပဲ "
သက်ပုံ နောက်ဆုံးလက်ကျန် မုန့် လင်မယားလေးကိုစားရင်း အတွေးတွေက စိတ်ဝင်စားစရာ တံငါကုန်းရွာလေးအကြောင်း တွေးနေမိသည်။
" ခုခေတ်ကြီးမှာ တဖြည်းဖြည်းအရင်တုန်းကလိုမဟုတ်တော့ဘူး။ စီးပွားရှာရတာခက်လာပီ ။ တော်သေးတာပေါ့ ။ ခုလို့ ရွာမှာ အဆင်မပြေတဲ့သူများလာရင် ရွှေပေါ်ပေါ်ပေးလို့ "
"ရွှေပေါ်ပေးတယ် "
"ရွှေပေါ်ပေးတယ်ဆိုတာက မြစ်ထဲကဖြစ်ဖြစ် ကုန်းပေါ်ကဖြစ်ဖြစ် ငါးနှစ်တခါလောက်ကို သူ့ အလိုလို အတော်များများပေါ်လာတက်တယ် ။ မယုံမရှိနဲ့ စောင့်ကြည့်နေ ဆယ်လေးငါးရက်လောက်ကတော့ တစ်နေရာပီးတစ်နေရာ ပေါ်ချင်တဲ့နေရာက ဆက်တိုက်ပေါ်လာတော့မှာ "
" အများကြီးတွေရဘူးလား။ "
"ရဘူးတာပေါ့။ တချို့ ဆို ငါးကျပ်သားလောက်ရှိတဲ့ ဆွဲကြိုးတုတ်တုတ်ကြီးတွေတောင်ရဘူးတယ်။ မင်းတို့ ဘေးအိမ်က
အရင်တုန်းက အင်္ဂလိပ်မင်းကြီးကတော်
သူဌေးမကြီး ဒေါ်အံ့ညို ဆိုတာ နေဘူးတယ်။ ခုတော့မင်းမြင်တဲ့အတိုင်း အိမ်တော့မရှိတော့ဘူးခြံအလွတ်ပဲရှိတော့တာ ။ သူမရှိတော့တဲ့နောက်
ဆွေမျိုးတွေ ထုခွဲရောင်းချလိုက်တော့အကုန်ပါရောလား။ ရှေးတုန်းကဆို သူအိမ်က တို့ ရွာမှာအကြီးဆုံးပဲ။ ဘယ်လောက်ကြီးသလဲဆိုရင် တက်ခိုးတဲ့ သူခိုးတောင် မျက်စိလည်ပီး အိမ်အာက်ပြန်မဆင်းတက်ဘူးတဲ့။သားသမီးကမရှိတော့ မျိုးဆက်လဲပျက်တာပေါ့။ ကောလဟာလအရ ဒေါ်အံ့မှာ စိန်တွေရွေတွေဆို ပြည်တောင်းနဲ့ တောင် ထည့်ချိန်လို့ ရတယ်တဲ့။ သူဆုံးသွားတော့ သူ့ ဆွေမျိုးတွေက အိမ်တောင်မချန်ဘူး ဖြိုချပီး တခြံလုံး ရှာကြတာပဲ။ မတွေ့ ဘူးလားတွေ့ သွားသလားတော့ ဘယ်သူမှတိတိကျကျမသိကြဘူး။ ဒါပေမဲ့ တစ်ယောက်စနှစ်ယောက်စတော့ ဒေါ်အံ့နေတဲ့ ခြံရှေ့ မှာဖြတ်သွားရင်း ရွှေဒင်းဂါးပြားတွေရဘူးတယ်။ အဲ့ဒါကလည်း စောစောကပြောသလို ထိုက်မှရကြတာပါ။ တကယ်ခြံထဲကို မြေလှန်ရှာနေကြတာပဲ ရွှေဒင်းဂါးမပြောနဲ့ ငွေဒင်းဂါးတောင်မတွေ့ ဘူး"
မုန့် လင်မယားသည်အဒေါ်ကြီးပြောတဲ့စကားများကို သက်ပုံလက်ခံပါသည်။
ခုထိ သာမန်လူတွေနားမလည်နိုင်တဲ့ ဖြစ်ရပ်ဆန်းကြယ်မူ့ တို့ သည် တံငါကုန်းရွာတင် မကဘူး ကမ္ဘာအနှံ့ မှာပါရှိကြသည်။
"သက်ပုံ စားပြီးပီလား "
နောက်နားက ကောင်းချီအသံကြောင့်
သက်ပုံ လှည့်ကြည့်လိုက်တော့ နဖူးစမှာ ချွေးတွေသီးတာကိုတွေ့ရ၏။ ရာသီဥတုပူပူနဲ့ ကုန်ချခဲ့တဲ့ ကောင်းချီတစ်ယောက် ပင်ပန်းရော့မယ်။
" အင်း ။ မင်းရော "
" သိပ်မှမများတာ ။ သုံးဆို်င်ထဲပဲချရတာဆိုတော့ သက်ပုံမုန့် စားနေတုန်း
ကျွန်တော်ပြီးအောင် ချထားလိုက်တာ ။ ဒါဆိုသွားရအောင်လေ ။ "
ပိုက်ဆံထုတ်ရှင်းပေးနေတဲ့ ကောင်းချီကြောင့် သက်ပုံ အလိုက်တသိမတ်တပ် ထရပ်လိုက်သည်။ကောင်းချီကိုမြင်တော့
မုန့် လင်မယားသည်အဒေါ်ပြောပြတဲ့
တံငါကုန်းရွာ ပုံပြင်ကိုလည်းလုံးလုံးမေ့သွား၏။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz