အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
16
" သက္ပံု ေနပူတယ္ ။ "
ေနာက္ပါးကထြက္လာတဲ့ ေကာင္းခ်ီအသံေႀကာင့္ လက္ထဲကကိုင္ထားတဲ့ စာရင္းမွတ္ထားတဲ့ဗလာစာအုပ္ကို ခ်ိဳင္းႀကားညွပ္ကာ ေနာက္လွည့္ႀကည့္လိုက္သည္။
ခပ္ထူထူမ်က္ခံုးေမႊးေတြက ပူပန္ေသာကျဖင့္ အလိုမက်စြာ တြန္ ့ေကြးေန၏။
"ေကာင္းခ်ီ ကလည္း ငါမလုပ္ရင္ စာရင္းမွားကုန္မွာေပါ့ ။ ခဏပဲဟာ ငါျမန္ျမန္လုပ္လိုက္မယ္ေလ "
ေကာင္းခ်ီ သက္ပံုကိုႀကည့္ကာ
သက္ပ်င္းခ်လိုက္သည္။
စကားကို နားမေထာင္တက္သူသည္
ျမိဳ ့ေလးကို အပင္ပန္းခံကာ လိုက္လာသည္။
ကားဂိတ္မွာ ေရးေပးလိုက္ေသာ လိပ္စာအတိအက်နဲ ့ေရးမွတ္ထားတဲ့ သရက္သီးျခင္းေတြကို တင္ေပးတာေလာက္ေတာ့ ေကာင္းခ်ီ လည္း လုပ္တက္ပါသည္။
သို ့ေသာ္ သက္ပံုတစ္ေယာက္ကေတာ့
ဇြတ္အတင္း ပူျပင္းတဲ့ ရာသီဥတုကို အရြဲ ့တိုက္ကာ သူကိုယ္တိုင္ ကားတင္ေပးဖို ့ျမိဳ ့ေလးကို လိုက္လာ၏။
" ဒီ၂ျခင္းက ရန္ကုန္ကားကို တင္ရမွာ ။
ဒီဖက္က ၆ျခင္းက မႏၱေလးကား ေကာင္းခ်ီ "
လက္ညိုးထိုးျပတဲ့ ျခင္းေတြကို ကားေပၚလိုက္တင္ေပးပီး ကားခေပးတာဘာညာေပးတာကို ေကာင္းခ်ီသြက္လက္စြာ လုပ္လိုက္သည္။ မဟုတ္ရင္ သက္ပံုတစ္ေယာက္
ေနပူပူမွာ မတ္တပ္ရပ္ပီး ေစာင့္ေနရလိမ့္မည္။
"ဒါေလးတင္ေပးျပီးရင္း ကုန္ပါျပီ။ ေမာေနပီလားေကာင္းခ်ီေလး။ "
ေကာင္းခ်ီ ေခါင္းရမ္းျပလိုက္သည္။
ေမာသလားဆိုရင္ သရက္ျခင္းသံုးဆယ္ေက်ာ္ေလာက္ သယ္ခ် ပီး တင္ရမဲ့ကားေတြဆီထမ္းတင္ရတာမို ့ ေမာပါသည္။ သို ့ေပမဲ့ ခ်စ္တဲ့ သက္ပံု ဆီက အျပံဳးလွလွတခုနဲ ့တင္ ပင္ပန္းမူ ့ဟူသည္ပိန္းႀကာရြက္ေပၚေရမတင္သကဲ့သို ့ျဖစ္ေစသည္။
အဲ့ေလာက္ထိ ေကာင္းခ်ီအေတာ္ေလး
သက္ပံုကို ခ်စ္ရပါသည္။
ေသခ်ာစြာ တင္ပို ့ေပးျပီး ကားကြင္းကေန
သက္ပံုတို ့ ကားေလးကို ေမာင္းထြက္ခဲ့ပီး
ျမိဳ ့ေလးေစ်းကို ဦးတည္လိုက္သည္။
ကိုထက္ကို ဒီတေခါက္မေခၚခဲ့ေတာ့ပဲ
နွစ္ေယာက္ထဲပင္ ျမိဳ ့ေလးကို လာခဲ့ျခင္းျဖစ္သည္။ ကုန္စိမ္းဝယ္စရာမလိုေပမဲ့
ေစ်းသည္တခ်ိဳ ့မွာလိုက္သည့္ ေစ်းကုန္အနည္းငယ္ကို ဝယ္ေပးရန္ နဲ ့ ေရာက္တုန္း
သက္ပံု လိုအပ္တာေတြဝယ္ေပးရန္ အတြက္
ျမိဳ ့ေလးေစ်းက အဓိက သြားရမဲ့ေနရာပင္။
"ေကာင္းခ်ီ ဘယ္နားရပ္မွာလဲ "
ေစ်းဝယ္သူေတြ ရွဳပ္ယွက္ခတ္ေနသည့္
ေစ်းအျပင္တန္းကို လွမ္းႀကည့္ရင္း သက္ပံု တစ္ေယာက္ ကားရပ္ဖို ့အခက္ေတြ ့ေနသည္။
ကားရပ္ရမဲ့ေနရာ …ဆိုင္ကယ္ရပ္ရမဲ့ေနရာ…ဆိုပီး သီးသန္ ့လုပ္မထားတာေႀကာင့္ ေကာင္းခ်ီကို အကူညီေတာင္းလိုက္၏။
"ဟိုနားမွာ ဆိုင္ပိတ္ထားတဲ့ ေစ်းဆိုင္နားရပ္ခဲ့လိုက္ ။ က်ြန္ေတာ္တို ့ေျခလ်ွင္ လမ္းေလ်ွာက္သြားမယ္ "
ခပ္လွမ္းလွမ္းေနရာတြင္ ေစ်းဆိုင္ခန္းေလးသည္ ပိတ္ထားလ်ွက္အေနထားမွာျဖစ္ေပမဲ့ ဆိုင္ေရွ ့တြင္ မည္သည့္ေစ်းသည္မွ
ေစ်းဗန္းခင္းမထား။
ကားကို အဲ့ေနရာထိ ေမာင္းလိုက္ပီး
စက္သတ္ကာ နွစ္ေယာက္သားကားေပၚက ဆင္းလိုက္သည္။
"သက္ပံု ေရာက္တုန္း ခ်ည္ထည္အက်ၤ ီ ေလးေတြဝယ္ရေအာင္ ။ ရာသီဥတုဒီထက္ပူလာရင္ ခင္ဗ်ား မိတ္ေတြထြက္လာလိမ့္မယ္ "
ေဘးျခင္းယွဥ္ေလ်ွာက္ေနရာမွ ေကာင္းခ်ီက ေခါင္းေလးေစာင္းကာ ေျပာလာ၏
"ငါအတြက္တင္္ မဝယ္ပါနဲ ့မင္းလည္း ပူမွာပဲ။
စြပ္က်ယ္ေလးေတြဝယ္ၾကမလား "
"ဘာလုပ္ဖို ့လဲပိုက္ဆံကုန္ေအာင္။ က်ြန္ေတာ္မွာ စြပ္က်ယ္ေတြအမ်ားႀကီးရွိတယ္။ "
"စကားမရွည္နဲ ့။ ငါႀကိဳက္တာေတြ ့ရင္ဝယ္မွာပဲ ။ ျပီးေတာ့ ေရာက္တုန္း မင္း
ဘုတ္သိုက္ဆံပင္ႀကီး ညွပ္သြားရမယ္ "
နီက်င္က်င္ ဆံပင္တို ့က မျပဳမျပင္ရုံတင္မကဘူး။ ေနပူမိတာပါေပါင္းပီး
ေျခာက္ေသြ ့ေနသည္။
တကယ္ဆို အသက္နွစ္ဆယ္ေက်ာ္ခါစ ေယာက်ာ္းေလးတစ္ေယာက္သည္ ဒီေလာက္ ကုတ္စီးနည္းဖို ့လိုရဲ့လား။
ျမိဳ ့ေလး၏ အဓိကအက်ဆံုးေစ်းအတြင္းထဲထိ မဝင္ရေသးခင္လမ္းတေလ်ွာက္တြင္ ကုန္စိမ္းသည္… ပန္းသည္နဲ ့
သစ္သီးသည္ …တခ်ိဳ ့က ေအာ္ဟစ္ပီးေရာင္းခ်ေနႀကသည္။
ျမိဳ ့ေလးေစ်းသည္ နယ္ျမိဳ ့၏ အခ်က္ခ်ာက်ေသာ ျမိဳ ့တျမိဳ ့ျဖစ္သည္ေႀကာင့္ အေတာ္ပင္စည္ကားလွ၏။
ျမိဳ ့ေလးပင္မ ေစ်းရု ံ ဆိုတဲ့ ဆိုင္းပုဒ္ရွိရာ အေပါက္ေနလွမ္းဝင္လိုက္တာနဲ ့ဆိုင္ခန္းေတြနဲ က်က်နနေရာင္းေနသည့္ အထည္ဆိုင္မ်ားကိုပထမဆံုးေတြ ့ရသည္။
"သက္ပံု ဟိုအက်ၤ ီေလးမလွဘူးလား"
မိုးျပာေရာင္ခပ္လြင္လြင္ အက်ၤ ီက သေဘာၤသားပံုစံကိုသာ ရုိးရွင္စြာခ်ဳပ္ထားပီး
ေယာက်ာ္းေလးအရုပ္ကို အနက္ေရာင္ေဘာင္းဘီနဲ ့တြဲဝတ္ျပထားသည္။
"အမ ဒါေလးဘယ္ေလာက္လဲ "
" ၁၀၅၀၀ပါ ေမာင္ေလး ။ ေႏြရာသီဆိုေတာ့ အေအးသားေလးေတြ ခုတေလာအဝင္မ်ားတယ္။ "
၁၀၅၀၀ဆိုတဲ့ ေစ်းေႀကာင့္ သက္ပံုတစ္ေယာက္ ေကာင္းခ်ီ ကိုလက္ဆြဲေခၚထုတ္လာခဲ့လိုက္သည္။
မဟုတ္ရင္ ေကာင္းခ်ီတစ္ေယာက္က အနွေျမာမရွိဝယ္ေတာ့မည္။
"ဘာလို ့လဲ သက္ပံုရဲ့… ႀကည့္ရတာ ေအးေအးလူလူေလး။ အေရာင္ေလးကလည္း ဘယ္ေလာက္ဘိုဆန္လဲ။ သက္ပံုနဲ ့ဆို လိုက္မွာပဲ "
"မင္းဘာသိလို ့လဲ ။ အဲ့လိုပံုံစံႀကိဳက္ရင္ မင္းကို အဲ့ဒါမ်ိဳးေတြႀကီးပဲ ငါခ်ဳပ္ေပးစမ္းပါ့မယ္ ။ လာ မရွည္နဲ ့။ ငါဝယ္ျပမယ္ "
ေကာင္းခ်ီလက္ေမာင္းကို တြဲကာ ေစ်းအ
နွံ ့ေျခဆန္ ့ပစ္လိုက္သည္။
တစ္ေနရာအေရာက္မွာ သက္ပံု ျပံဳးရယ္ ကာ ခ်ိတ္ထားတဲ့ ေကာင္းခ်ီလက္ကိုလႊတ္လိုက္၏။
သက္ပံု ရပ္တန္ ့လိုက္ေသာ ဆိုင္သည္
စပန္ ့ေတြနဲ ့ လီနင္သား …ခ်ည္သားမ်ိဳးစံုကို အထည္စ သီးသန္ ့ေရာင္းေသာဆိုင္ျဖစ္၏။
"အစ ဝယ္မလို ့လား "
"အင္းေလ …လာ…ေရြးရေအာင္ "
နွစ္ေယာက္သားဆိုင္ေရွ ့ရပ္လိုက္ေတာ့ ဝန္ထမ္းေကာင္မေလးတစ္ေယာက္ ေျပးထြက္လာကာ …
"အကိုတို ့ဘာရခ်င္လဲရွင့္။ ဒီဇိုင္းအသစ္ေတြေရာက္ေနတယ္… ျပေပးမယ္ေလ
ဘယ္လိုပံုစံရခ်င္သလဲရွင့္ "
ဟုေမးလာ၏။
" ေယာက်ာ္းေလးဝတ္မွာမို ့ အဆင္ေျပတာျပႀကည့္လို ့ရမလား "
"ဟုတ္ ဒီအဆင္ေလးေတြ ခုတေလာ
ေကာင္ေလးေတြေတာ္ေတာ္မ်ားမ်ားခ်ဳပ္ဝတ္က်တယ္။ အပြင့္အခက္ေတြမပါေတာ့
မိန္းကေလးလဲ မဆန္ေတာ့ အဆင္ေျပမွာပါ "
အျဖဴေရာင္ ေျဗာင္စ ေပၚမွာ ေလးေထာင့္တံုးေလးေတြခပ္က်ဲက်ဲပါတဲ့ အစပံု က ေယာက်ာ္းေလးဝတ္ဆိုေပမဲ့ သက္ပံုမႀကိဳက္ ေပ။ မ်က္စိထဲတိုးဝင္လာတာက အညိဳေရာင္ေပၚမွာ အျဖဴေရာင္ အစင္းအေသးေလးေတြပါေသာ စပန္ ့စ ေလး ။
"ညီမ ဒါေလး တကိုက္ဘယ္ေလာက္လဲ "
"ဟုတ္ တကိုက္မွ ၁၈၀၀ပါ ရွင့္ "
ေကာင္းခ်ီနဲ ့ဆိုရင္ တကိုက္ခြဲမွအဆင္ေျပမည္။ ေရတက္တာဘာညာနဲ ့ပြပြေလးခ်ဳပ္ေပးမွ ။
"အဲ့ဒါဆို ဒါေလး တကိုက္ခြဲျဖတ္ေပး။
ဒီ ဒီဇိုင္းထဲကေရာ ထည့္ေပး။ ပုဆိုးေရာေရာင္းလား "
"ဟုတ္ကဲ့ အကိုေရာင္းပါတယ္ရွင့္ ဘယ္ထားကရခ်င္လဲ ဦးဂ်မ္း ထဲကလား"
"အင္း အဆင္ႀကည့္အုန္းမယ္ "
ထပ္ျပလာတဲ့ ပုဆိုးေတြထဲက ငါးထည္ေလာက္ကို ေဖာက္သည္ေစ်းဆစ္ကာ
ဝယ္လိုက္သည္။ ေယာက်ာ္းေလးနွစ္ေယာက္မို ့ဆိုဒ္မတူတဲ့ အက်ၤ ီကလြဲရင္ က်န္တာ သူ ့ဟာငါဟာခြဲမေနေတာ့။
သက္ပံုအတြက္ပါ ေကာင္းခ်ီေရြးေပးတဲ့ အေရာင္နုနုေတြထဲက သံုးစေလာက္ျဖတ္လိုက္သည္။
တျခားအေအးစေတြထဲက ေတာ္ေတာ္မ်ားမ်ားလဲဝယ္လိုက္ေသး၏။
ဟိုတေလာက စတိုခန္းရွင္းရင္းေတြခဲ့ေသာ ေကာင္းခ်ီအေမ ရွိတုန္းက သံုးခဲ့ဖူးတဲ့စက္ခ်ဳပ္စက္အေဟာင္းေလးကို ေကာင္းခ်ီကိုျပန္ျပင္ခိုင္းထားသည္မို ့ဒီဇိုင္နာသင္တန္းတက္ဖူးတဲ့ သက္ပံုတစ္ေယာက္
အစေတြဝယ္ကာ လက္တည့္စမ္းဖို ့အားက်ိဳးမာန္တက္ျဖစ္ေနသည္။
ေကာင္းခ်ီကေတာ့ အလွအပမမက္ေမာတက္သူမို ့ ဘာဆင္ဆင္ဝတ္လိမ့္မည္။
အစ ဝယ္ျပီးသြားေတာ့ ႐ြာကေစ်းသည္ေတြ ေကာင္းခ်ီကို မွာလိုက္တဲ့ ကြမ္းရြက္သြားႀကည့္၍ အေတာ္အသင့္ေစ်းခ်ိဳမယ္ထင္တဲ့ ဆိုင္က အခ်ိန္နွစ္ဆယ္ တစ္ျခင္းဝယ္လိုက္သည္။
ထို ့အတြက္ ေကာင္းခ်ီက အျမတ္နဲ ့ရြာမွာေဖာက္သည္ျပန္ေပးရုံတင္။ ကြမ္းတပိသာကို တစ္ေထာင္ျမတ္အုန္းေတာ့ အခ်ိန္ ၂၀ဆိုေတာ့ ၂၀၀၀၀ျမတ္မည္။
ကြမ္းအျပင္ တျခား ေစ်းမွာလိုက္သည္မ်ားကိုပါ ရွာေဖြဝယ္ေပးျပီး အျပန္က် ေကာင္းခ်ီတြင္သာမက သက္ပံုမွာပါ အထုတ္အပိုးအျပည့္ျဖစ္ေနသည္။
"သက္ပံု ဘာစားခ်င္ေသးလဲ ။ "
အထုတ္ေတြကားေပၚတင္ရင္း ေကာင္းခ်ီက ေမးလာ၏။
"ဗိုက္ကေတာ့ မဆာဘူး။ အေအးသြားေသာက္မယ္။ ျပီးရင္ ငွက္ေပ်ာသီးေျခာက္စားခ်င္တယ္ "
သက္ပံုေျပာတဲ့ ငွက္ေပ်ာသီးေျခာက္သည္
အလံုးလိုက္ အေျခာက္လွမ္းထားတဲ့
မုန္ ့မ်ိဳးျဖစ္သည္။ ဆိုင္မွာတင္္ေရာင္းတက္တာမ်ိဳးက ရွားပါးသည္မို ့…
"ငွက္ေပ်ာသီးေျခာက္က ဒီမွာ မရွိေလာက္ဘူး။ အိမ္ျပန္ေရာက္မွ က်ြန္ေတာ္လုပ္ေပးမယ္"
"အင္း … အင္း ။ ခုေတာ့ အေအးသြားေသာက္ရေအာင္ငါ ေရငတ္ေနပီ "
"အဲ့ဒါဆိုလဲ တက္ေတာ့ေလ သြားရေအာင္ "
ၿမိဳ ႕ေလးသည္ စည္ကားေပမဲ့ၿမိဳ ႕အေသးေလးသာျဖစ္သည့္မို ႔တေနရာနွင့္တေနရာသည္ အေဝးႀကီးသြားစရာမလိုေပ။
ထို ႔ေၾကာင့္ ကုန္ကားကေလးသည္ ေစ်းကေန ထြက္လာၿပီး သိပ္မေဝးလွတဲ့
အေတာ္အသင့္ သပ္ရပ္ေသာ အေအးဆိုင္ေရွ႕မွာရပ္တန္႔သြား၏။ နွစ္ေယာက္သားဆိုင္ထဲ ဝင္ထိုင္ၿပီးေနာက္ သက္ပံု ႀကိဳက္တဲ့ ေထာပတ္သီးေဖ်ာရည္နဲ ့ ေရသန္ ့ဘူးတစ္ဘူးကို ေကာင္းခ်ီက အလိုက္သိစြာမွာေပးလိုက္သည္။
"မင္းက မေသာက္ဘူးလား ။ တခုခုမွာေလ "
"ေတာ္ပီေလ။ က်ြန္ေတာ္ေရပဲေသာက္ေတာ့မယ္ "
"ဘာမွမဟုတ္ဘူး မင္းပိုက္ဆံကုန္မွာ
စိုးလို ့မို ့လား "
နွေျမာအိုးေကာင္းခ်ီကို သက္ပံုစိတ္မရွည္
ေတာ့ပီမို ့ မႀကည္မလင္ေလးေျပာလိုက္မိသည္။ ထိုအခါမွ
"မ်က္နွာေလးေတာ့ မစူပုတ္လိုက္ပါနဲ ့ခင္မ်ားရယ္။ က်ြန္ေတာ္ ေရႊရင္ေအးတခြက္မွာလိုက္မယ္ေနာ္ "
ဟု ေခ်ာ့ေခ်ာ့ေမာ့ေမာ့ေျပာလာသည္။
ဒါေတာင္ ေစ်းအနည္းဆံုး ေရြးမွာတာပင္။
ေရႊရင္ေအးတခြက္မွအမ်ားဆံုးရွိလွ
၅၀၀မို ့ေကာင္းခ်ီကိုေတာ့ သက္ပံု တကယ္လက္လန္ပါသည္။
ဘာပဲေျပာေျပာ ေရႊရင္ေအး ေသာက္တာနဲ ့တင္ ေက်းဇူးတင္လွပီမို ့ မ်က္နွာေႀကာကို ေလ်ာ့ရေတာ့သည္။
မဟုတ္ရင္ နွေျမာအိုးေကာင္းခ်ီသည္
ျမိဳ ့ေလးကို ခဏတိုင္း ေရာက္တာေတာင္
ေရသန္ ့ဘူးတစ္ဘူးဝယ္ေသာက္တာမဟုတ္ေပ။ အိမ္ကေနက်က်နန ေရဘူးထည့္သြားကာ တလမ္းလံုး ထိုဘူးကိုသာေသာက္တက္သည္။
ေကာင္းခ်ီဆိုေသာ အမ်ိဳးသားသည္ ထို ႔သို ႔ ေခြၽတာတက္သူျဖစ္၏။
သက္ပံုကေတာ့ တခါတေလ ေကာင္းခ်ီကို ဘာေျပာရမွန္းမသိေအာင္ျဖစ္ရသည္။
နွေျမာတာကလည္း သူ ့ဗိုက္သူပဲကြက္
နွေျမာတာျဖစ္ၿပီး သက္ပံုအတြက္က် မဝယ္ပါနဲ ့ဆိုတာကိုေတာင္ အျပန္က် အထုတ္ႀကီးအထုတ္ငယ္နဲ ့ အေကာင္းစားမုန္ ့မ်ိဳးစံုပါတက္သည္။
ထို ႔ေၾကာင့္ ေကာင္းခ်ီ၏ ညီ ကိုထက္က
ကြယ္ရာဆိုလ်င္ ကမၻာ့အျဖည့္ဆည္းနိုင္ဆံုးေယာက်ာ္းဟု စေနာက္တက္ေလသည္။
ခ်စ္တဲ့အိမ္စည္။
" သက်ပုံ နေပူတယ် ။ "
နောက်ပါးကထွက်လာတဲ့ ကောင်းချီအသံကြောင့် လက်ထဲကကိုင်ထားတဲ့ စာရင်းမှတ်ထားတဲ့ဗလာစာအုပ်ကို ချိုင်းကြားညှပ်ကာ နောက်လှည့်ကြည့်လိုက်သည်။
ခပ်ထူထူမျက်ခုံးမွှေးတွေက ပူပန်သောကဖြင့် အလိုမကျစွာ တွန့် ကွေးနေ၏။
"ကောင်းချီ ကလည်း ငါမလုပ်ရင် စာရင်းမှားကုန်မှာပေါ့ ။ ခဏပဲဟာ ငါမြန်မြန်လုပ်လိုက်မယ်လေ "
ကောင်းချီ သက်ပုံကိုကြည့်ကာ
သက်ပျင်းချလိုက်သည်။
စကားကို နားမထောင်တက်သူသည်
မြို့ လေးကို အပင်ပန်းခံကာ လိုက်လာသည်။
ကားဂိတ်မှာ ရေးပေးလိုက်သော လိပ်စာအတိအကျနဲ့ ရေးမှတ်ထားတဲ့ သရက်သီးခြင်းတွေကို တင်ပေးတာလောက်တော့ ကောင်းချီ လည်း လုပ်တက်ပါသည်။
သို့ သော် သက်ပုံတစ်ယောက်ကတော့
ဇွတ်အတင်း ပူပြင်းတဲ့ ရာသီဥတုကို အရွဲ့ တိုက်ကာ သူကိုယ်တိုင် ကားတင်ပေးဖို့ မြို့ လေးကို လိုက်လာ၏။
" ဒီ၂ခြင်းက ရန်ကုန်ကားကို တင်ရမှာ ။
ဒီဖက်က ၆ခြင်းက မန္တလေးကား ကောင်းချီ "
လက်ညိုးထိုးပြတဲ့ ခြင်းတွေကို ကားပေါ်လိုက်တင်ပေးပီး ကားခပေးတာဘာညာပေးတာကို ကောင်းချီသွက်လက်စွာ လုပ်လိုက်သည်။ မဟုတ်ရင် သက်ပုံတစ်ယောက်
နေပူပူမှာ မတ်တပ်ရပ်ပီး စောင့်နေရလိမ့်မည်။
"ဒါလေးတင်ပေးပြီးရင်း ကုန်ပါပြီ။ မောနေပီလားကောင်းချီလေး။ "
ကောင်းချီ ခေါင်းရမ်းပြလိုက်သည်။
မောသလားဆိုရင် သရက်ခြင်းသုံးဆယ်ကျော်လောက် သယ်ချ ပီး တင်ရမဲ့ကားတွေဆီထမ်းတင်ရတာမို့ မောပါသည်။ သို့ ပေမဲ့ ချစ်တဲ့ သက်ပုံ ဆီက အပြုံးလှလှတခုနဲ့ တင် ပင်ပန်းမူ့ ဟူသည်ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ ဖြစ်စေသည်။
အဲ့လောက်ထိ ကောင်းချီအတော်လေး
သက်ပုံကို ချစ်ရပါသည်။
သေချာစွာ တင်ပို့ ပေးပြီး ကားကွင်းကနေ
သက်ပုံတို့ ကားလေးကို မောင်းထွက်ခဲ့ပီး
မြို့ လေးဈေးကို ဦးတည်လိုက်သည်။
ကိုထက်ကို ဒီတခေါက်မခေါ်ခဲ့တော့ပဲ
နှစ်ယောက်ထဲပင် မြို့ လေးကို လာခဲ့ခြင်းဖြစ်သည်။ ကုန်စိမ်းဝယ်စရာမလိုပေမဲ့
ဈေးသည်တချို့ မှာလိုက်သည့် ဈေးကုန်အနည်းငယ်ကို ဝယ်ပေးရန် နဲ့ ရောက်တုန်း
သက်ပုံ လိုအပ်တာတွေဝယ်ပေးရန် အတွက်
မြို့ လေးဈေးက အဓိက သွားရမဲ့နေရာပင်။
"ကောင်းချီ ဘယ်နားရပ်မှာလဲ "
ဈေးဝယ်သူတွေ ရှုပ်ယှက်ခတ်နေသည့်
ဈေးအပြင်တန်းကို လှမ်းကြည့်ရင်း သက်ပုံ တစ်ယောက် ကားရပ်ဖို့ အခက်တွေ့ နေသည်။
ကားရပ်ရမဲ့နေရာ …ဆိုင်ကယ်ရပ်ရမဲ့နေရာ…ဆိုပီး သီးသန့် လုပ်မထားတာကြောင့် ကောင်းချီကို အကူညီတောင်းလိုက်၏။
"ဟိုနားမှာ ဆိုင်ပိတ်ထားတဲ့ ဈေးဆိုင်နားရပ်ခဲ့လိုက် ။ ကျွန်တော်တို့ ခြေလျှင် လမ်းလျှောက်သွားမယ် "
ခပ်လှမ်းလှမ်းနေရာတွင် ဈေးဆိုင်ခန်းလေးသည် ပိတ်ထားလျှက်အနေထားမှာဖြစ်ပေမဲ့ ဆိုင်ရှေ့ တွင် မည်သည့်ဈေးသည်မှ
ဈေးဗန်းခင်းမထား။
ကားကို အဲ့နေရာထိ မောင်းလိုက်ပီး
စက်သတ်ကာ နှစ်ယောက်သားကားပေါ်က ဆင်းလိုက်သည်။
"သက်ပုံ ရောက်တုန်း ချည်ထည်အင်္ကျီ လေးတွေဝယ်ရအောင် ။ ရာသီဥတုဒီထက်ပူလာရင် ခင်ဗျား မိတ်တွေထွက်လာလိမ့်မယ် "
ဘေးခြင်းယှဉ်လျှောက်နေရာမှ ကောင်းချီက ခေါင်းလေးစောင်းကာ ပြောလာ၏
"ငါအတွက်တင် မဝယ်ပါနဲ့ မင်းလည်း ပူမှာပဲ။
စွပ်ကျယ်လေးတွေဝယ်ကြမလား "
"ဘာလုပ်ဖို့ လဲပိုက်ဆံကုန်အောင်။ ကျွန်တော်မှာ စွပ်ကျယ်တွေအများကြီးရှိတယ်။ "
"စကားမရှည်နဲ့ ။ ငါကြိုက်တာတွေ့ ရင်ဝယ်မှာပဲ ။ ပြီးတော့ ရောက်တုန်း မင်း
ဘုတ်သိုက်ဆံပင်ကြီး ညှပ်သွားရမယ် "
နီကျင်ကျင် ဆံပင်တို့ က မပြုမပြင်ရုံတင်မကဘူး။ နေပူမိတာပါပေါင်းပီး
ခြောက်သွေ့ နေသည်။
တကယ်ဆို အသက်နှစ်ဆယ်ကျော်ခါစ ယောကျာ်းလေးတစ်ယောက်သည် ဒီလောက် ကုတ်စီးနည်းဖို့ လိုရဲ့လား။
မြို့လေး၏ အဓိကအကျဆုံးဈေးအတွင်းထဲထိ မဝင်ရသေးခင်လမ်းတလျှောက်တွင် ကုန်စိမ်းသည်… ပန်းသည်နဲ့
သစ်သီးသည် …တချို့ က အော်ဟစ်ပီးရောင်းချနေကြသည်။
မြို့ လေးဈေးသည် နယ်မြို့ ၏ အချက်ချာကျသော မြို့ တမြို့ ဖြစ်သည်ကြောင့် အတော်ပင်စည်ကားလှ၏။
မြို့ လေးပင်မ ဈေးရုံ ဆိုတဲ့ ဆိုင်းပုဒ်ရှိရာ အပေါက်နေလှမ်းဝင်လိုက်တာနဲ့ ဆိုင်ခန်းတွေနဲ ကျကျနနရောင်းနေသည့် အထည်ဆိုင်များကိုပထမဆုံးတွေ့ ရသည်။
"သက်ပုံ ဟိုအင်္ကျီလေးမလှဘူးလား"
မိုးပြာရောင်ခပ်လွင်လွင် အင်္ကျီက သဘောင်္သားပုံစံကိုသာ ရိုးရှင်စွာချုပ်ထားပီး
ယောကျာ်းလေးအရုပ်ကို အနက်ရောင်ဘောင်းဘီနဲ့ တွဲဝတ်ပြထားသည်။
"အမ ဒါလေးဘယ်လောက်လဲ "
" ၁၀၅၀၀ပါ မောင်လေး ။ နွေရာသီဆိုတော့ အအေးသားလေးတွေ ခုတလောအဝင်များတယ်။ "
၁၀၅၀၀ဆိုတဲ့ ဈေးကြောင့် သက်ပုံတစ်ယောက် ကောင်းချီ ကိုလက်ဆွဲခေါ်ထုတ်လာခဲ့လိုက်သည်။
မဟုတ်ရင် ကောင်းချီတစ်ယောက်က အနှမြောမရှိဝယ်တော့မည်။
"ဘာလို့ လဲ သက်ပုံရဲ့… ကြည့်ရတာ အေးအေးလူလူလေး။ အရောင်လေးကလည်း ဘယ်လောက်ဘိုဆန်လဲ။ သက်ပုံနဲ့ ဆို လိုက်မှာပဲ "
"မင်းဘာသိလို့ လဲ ။ အဲ့လိုပုံစံကြိုက်ရင် မင်းကို အဲ့ဒါမျိုးတွေကြီးပဲ ငါချုပ်ပေးစမ်းပါ့မယ် ။ လာ မရှည်နဲ့ ။ ငါဝယ်ပြမယ် "
ကောင်းချီလက်မောင်းကို တွဲကာ ဈေးအ
နှံ့ခြေဆန့် ပစ်လိုက်သည်။
တစ်နေရာအရောက်မှာ သက်ပုံ ပြုံးရယ် ကာ ချိတ်ထားတဲ့ ကောင်းချီလက်ကိုလွှတ်လိုက်၏။
သက်ပုံ ရပ်တန့် လိုက်သော ဆိုင်သည်
စပန့် တွေနဲ့ လီနင်သား …ချည်သားမျိုးစုံကို အထည်စ သီးသန့် ရောင်းသောဆိုင်ဖြစ်၏။
"အစ ဝယ်မလို့ လား "
"အင်းလေ …လာ…ရွေးရအောင် "
နှစ်ယောက်သားဆိုင်ရှေ့ ရပ်လိုက်တော့ ဝန်ထမ်းကောင်မလေးတစ်ယောက် ပြေးထွက်လာကာ …
"အကိုတို့ ဘာရချင်လဲရှင့်။ ဒီဇိုင်းအသစ်တွေရောက်နေတယ်… ပြပေးမယ်လေ
ဘယ်လိုပုံစံရချင်သလဲရှင့် "
ဟုမေးလာ၏။
" ယောကျာ်းလေးဝတ်မှာမို့ အဆင်ပြေတာပြကြည့်လို့ ရမလား "
"ဟုတ် ဒီအဆင်လေးတွေ ခုတလော
ကောင်လေးတွေတော်တော်များများချုပ်ဝတ်ကျတယ်။ အပွင့်အခက်တွေမပါတော့
မိန်းကလေးလဲ မဆန်တော့ အဆင်ပြေမှာပါ "
အဖြူရောင် ဗြောင်စ ပေါ်မှာ လေးထောင့်တုံးလေးတွေခပ်ကျဲကျဲပါတဲ့ အစပုံ က ယောကျာ်းလေးဝတ်ဆိုပေမဲ့ သက်ပုံမကြိုက် ပေ။ မျက်စိထဲတိုးဝင်လာတာက အညိုရောင်ပေါ်မှာ အဖြူရောင် အစင်းအသေးလေးတွေပါသော စပန့် စ လေး ။
"ညီမ ဒါလေး တကိုက်ဘယ်လောက်လဲ "
"ဟုတ် တကိုက်မှ ၁၈၀၀ပါ ရှင့် "
ကောင်းချီနဲ့ ဆိုရင် တကိုက်ခွဲမှအဆင်ပြေမည်။ ရေတက်တာဘာညာနဲ့ ပွပွလေးချုပ်ပေးမှ ။
"အဲ့ဒါဆို ဒါလေး တကိုက်ခွဲဖြတ်ပေး။
ဒီ ဒီဇိုင်းထဲကရော ထည့်ပေး။ ပုဆိုးရောရောင်းလား "
"ဟုတ်ကဲ့ အကိုရောင်းပါတယ်ရှင့် ဘယ်ထားကရချင်လဲ ဦးဂျမ်း ထဲကလား"
"အင်း အဆင်ကြည့်အုန်းမယ် "
ထပ်ပြလာတဲ့ ပုဆိုးတွေထဲက ငါးထည်လောက်ကို ဖောက်သည်ဈေးဆစ်ကာ
ဝယ်လိုက်သည်။ ယောကျာ်းလေးနှစ်ယောက်မို့ ဆိုဒ်မတူတဲ့ အင်္ကျီကလွဲရင် ကျန်တာ သူ့ ဟာငါဟာခွဲမနေတော့။
သက်ပုံအတွက်ပါ ကောင်းချီရွေးပေးတဲ့ အရောင်နုနုတွေထဲက သုံးစလောက်ဖြတ်လိုက်သည်။
တခြားအအေးစတွေထဲက တော်တော်များများလဲဝယ်လိုက်သေး၏။
ဟိုတလောက စတိုခန်းရှင်းရင်းတွေခဲ့သော ကောင်းချီအမေ ရှိတုန်းက သုံးခဲ့ဖူးတဲ့စက်ချုပ်စက်အဟောင်းလေးကို ကောင်းချီကိုပြန်ပြင်ခိုင်းထားသည်မို့ ဒီဇိုင်နာသင်တန်းတက်ဖူးတဲ့ သက်ပုံတစ်ယောက်
အစတွေဝယ်ကာ လက်တည့်စမ်းဖို့ အားကျိုးမာန်တက်ဖြစ်နေသည်။
ကောင်းချီကတော့ အလှအပမမက်မောတက်သူမို့ ဘာဆင်ဆင်ဝတ်လိမ့်မည်။
အစ ဝယ်ပြီးသွားတော့ ရွာကဈေးသည်တွေ ကောင်းချီကို မှာလိုက်တဲ့ ကွမ်းရွက်သွားကြည့်၍ အတော်အသင့်ဈေးချိုမယ်ထင်တဲ့ ဆိုင်က အချိန်နှစ်ဆယ် တစ်ခြင်းဝယ်လိုက်သည်။
ထို့ အတွက် ကောင်းချီက အမြတ်နဲ့ ရွာမှာဖောက်သည်ပြန်ပေးရုံတင်။ ကွမ်းတပိသာကို တစ်ထောင်မြတ်အုန်းတော့ အချိန် ၂၀ဆိုတော့ ၂၀၀၀၀မြတ်မည်။
ကွမ်းအပြင် တခြား ဈေးမှာလိုက်သည်များကိုပါ ရှာဖွေဝယ်ပေးပြီး အပြန်ကျ ကောင်းချီတွင်သာမက သက်ပုံမှာပါ အထုတ်အပိုးအပြည့်ဖြစ်နေသည်။
"သက်ပုံ ဘာစားချင်သေးလဲ ။ "
အထုတ်တွေကားပေါ်တင်ရင်း ကောင်းချီက မေးလာ၏။
"ဗိုက်ကတော့ မဆာဘူး။ အအေးသွားသောက်မယ်။ ပြီးရင် ငှက်ပျောသီးခြောက်စားချင်တယ် "
သက်ပုံပြောတဲ့ ငှက်ပျောသီးခြောက်သည်
အလုံးလိုက် အခြောက်လှမ်းထားတဲ့
မုန့် မျိုးဖြစ်သည်။ ဆိုင်မှာတင်ရောင်းတက်တာမျိုးက ရှားပါးသည်မို့ …
"ငှက်ပျောသီးခြောက်က ဒီမှာ မရှိလောက်ဘူး။ အိမ်ပြန်ရောက်မှ ကျွန်တော်လုပ်ပေးမယ်"
"အင်း … အင်း ။ ခုတော့ အအေးသွားသောက်ရအောင်ငါ ရေငတ်နေပီ "
"အဲ့ဒါဆိုလဲ တက်တော့လေ သွားရအောင် "
မြို့ လေးသည် စည်ကားပေမဲ့မြို့ အသေးလေးသာဖြစ်သည့်မို့ တနေရာနှင့်တနေရာသည် အဝေးကြီးသွားစရာမလိုပေ။
ထို့ ကြောင့် ကုန်ကားကလေးသည် ဈေးကနေ ထွက်လာပြီး သိပ်မဝေးလှတဲ့
အတော်အသင့် သပ်ရပ်သော အအေးဆိုင်ရှေ့မှာရပ်တန့်သွား၏။ နှစ်ယောက်သားဆိုင်ထဲ ဝင်ထိုင်ပြီးနောက် သက်ပုံ ကြိုက်တဲ့ ထောပတ်သီးဖျောရည်နဲ့ ရေသန့် ဘူးတစ်ဘူးကို ကောင်းချီက အလိုက်သိစွာမှာပေးလိုက်သည်။
"မင်းက မသောက်ဘူးလား ။ တခုခုမှာလေ "
"တော်ပီလေ။ ကျွန်တော်ရေပဲသောက်တော့မယ် "
"ဘာမှမဟုတ်ဘူး မင်းပိုက်ဆံကုန်မှာ
စိုးလို့ မို့ လား "
နှမြောအိုးကောင်းချီကို သက်ပုံစိတ်မရှည်
တော့ပီမို့ မကြည်မလင်လေးပြောလိုက်မိသည်။ ထိုအခါမှ
"မျက်နှာလေးတော့ မစူပုတ်လိုက်ပါနဲ့ ခင်များရယ်။ ကျွန်တော် ရွှေရင်အေးတခွက်မှာလိုက်မယ်နော် "
ဟု ချော့ချော့မော့မော့ပြောလာသည်။
ဒါတောင် ဈေးအနည်းဆုံး ရွေးမှာတာပင်။
ရွှေရင်အေးတခွက်မှအများဆုံးရှိလှ
၅၀၀မို့ ကောင်းချီကိုတော့ သက်ပုံ တကယ်လက်လန်ပါသည်။
ဘာပဲပြောပြော ရွှေရင်အေး သောက်တာနဲ့ တင် ကျေးဇူးတင်လှပီမို့ မျက်နှာကြောကို လျော့ရတော့သည်။
မဟုတ်ရင် နှမြောအိုးကောင်းချီသည်
မြို့ လေးကို ခဏတိုင်း ရောက်တာတောင်
ရေသန့် ဘူးတစ်ဘူးဝယ်သောက်တာမဟုတ်ပေ။ အိမ်ကနေကျကျနန ရေဘူးထည့်သွားကာ တလမ်းလုံး ထိုဘူးကိုသာသောက်တက်သည်။
ကောင်းချီဆိုသော အမျိုးသားသည် ထို့ သို့ ချွေတာတက်သူဖြစ်၏။
သက်ပုံကတော့ တခါတလေ ကောင်းချီကို ဘာပြောရမှန်းမသိအောင်ဖြစ်ရသည်။
နှမြောတာကလည်း သူ့ ဗိုက်သူပဲကွက်
နှမြောတာဖြစ်ပြီး သက်ပုံအတွက်ကျ မဝယ်ပါနဲ့ ဆိုတာကိုတောင် အပြန်ကျ အထုတ်ကြီးအထုတ်ငယ်နဲ့ အကောင်းစားမုန့် မျိုးစုံပါတက်သည်။
ထို့ ကြောင့် ကောင်းချီ၏ ညီ ကိုထက်က
ကွယ်ရာဆိုလျင် ကမ္ဘာ့အဖြည့်ဆည်းနိုင်ဆုံးယောကျာ်းဟု စနောက်တက်လေသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz