ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

15

eainsi23

ေကာင္းခ်ီ၏သရက္ျခံသည္ ဒီနွစ္ အသီးတင္တာမ်ားသည္ဟုဆိုႀကသည္။
သိပ္မထြားလွေသးတဲ့ သရက္ပင္မ်ားသည္ အပင္နွင့္ မဆိုင္စြာ ျပြတ္ေနေအာင္ပင္သီး၏။

ေရာက္ေရာက္ျခင္း အိတ္စြပ္ထားတဲ့ သရက္သီးမ်ားကို အလုပ္သမားမ်ား ေသခ်ာေရြးခ်ယ္ပီးေကာက္ေနႀကတာကို ျမင္ရ၏။

မမွည့္ေသးေသာ္လည္း ဝါနုေရာင္ သရက္သီးလံုးႀကီးမ်ားက ဖုန္းနဲ ့ရုိက္တဲ့ ဓာတ္ပံုမ်ား
videoမ်ားမွာေတာင္ စားခ်င္စဖြယ္ အလံုးလွေနသည္။
ခ်က္ျခင္း pageမွာ တင္ေပးလိုက္ရုံမက
အသီးေကာက္ေနသည္မ်ားကို Liveလႊင့္ေပးလိုက္သည္။

"မဂၤလာပါဗ်။ သက္ပံု 
Pageကေန ႀကိဳဆိုပါတယ္။ ဒီေန ့က်ြန္ေတာ္ သရက္ျခံေရာက္ေနတယ္ဗ်။ ခုျမင္တဲ့အတိုင္းပဲ စိန္တလံုးေတြအရမ္းလွလို ့
pageမွာတင္ေရာင္းေပးမလို ့liveလႊင့္လိုက္တာပါ "

သက္ပံု ခ်ိဳႀကည္တဲ့ အသံေလးနဲ ့ဖုန္းကို
အသီးေကာက္ေနသူမ်ားထံ ေသခ်ာလိုက္ရုိက္ပီး လႊင့္လိုက္သည္။
အရင္ကတည္းက သက္ပံု နာမည္နဲ ့ဖြင့္ထားခဲ့တဲ့pageေလးသည္ follower မ်ားရုံသာမက သက္ပံုရဲ့ တိမ္ျမဳပ္ေနခဲ့တဲ့ စိတ္ဆႏၵမ်ားကို ဖြင့္ဟျပရာေနရာေလးလည္းျဖစ္ေပသည္။ pageမွာ သက္ပံုကိုယ္တိုင္လုပ္
handmade ပစၥည္းအမ်ိဳးမ်ိဳးကို တင္ေရာင္းခဲ့သလို  gayဆိုတာကိုပါ comeoutလုပ္ထားခဲ့သည္။

သို ့ေပမဲ့ မိသားစုအသိုင္းအဝိုင္းေႀကာင့္
သက္ပံုမ်က္နွာကိုေတာ့ကြယ္ဝွက္ထားခဲ့ရသည္။  သူ႔ကိုမျမင္ဘူးတာေတာင္   နားလည္လက္ခံေပးသူမ်ားနွင့္ စာနာ
အားေပး  သူမ်ားစြာ သက္ပံု၏ pageေလးမွာ အၿမဲ လူစည္ကားလ်က္ရွိေလ၏။

( sweety )  "Hello ! သက္ပံုေလး ။ မေတြ ့တာႀကာပီေနာ္ "

ပထမဆံုးမန္ ့ေလးေႀကာင့္ …

"ဟုတ္ပါ့… မေတြ ့တာႀကာဆို sweety ေရ …
က်ြန္ေတာ့္ အမ်ိဳးသားရြာေရာက္ေနလို ့။
ခု သရက္ျခံက က်ြန္ေတာ့္ေကာင္ေလး ျခံေလ "

ျပန္လည္ေျပာဆိုလိုက္ေတာ့ ေကာင္မေလးက သေဘာက်သြားဟန္ျဖင့္

" ဂုဏ္ယူပါတယ္ သက္ပံုေရ ။ ေနာက္ဆံုးေတာ့ ယူ စြံ ့သြားပီေပါ့ "

လို ့ ျပန္ေျဖလာတယ္။

ဒီလိုပဲ  LGBT ကိုလက္ခံတဲ့ေကာင္မေလးေတာ္ေတာ္မ်ားမ်ား က သက္ပံု နဲ ့
ခင္မင္ေနရုံသာမက တခါတေလ သက္ပံုရဲ့ ရင္ဖြင့္ေဖာ္ေလးေတြပါ ျဖစ္ေပးတက္ၾကသည္။

(Sweety ) "သရက္သီးဘယ္လိုေရာင္းလဲ
သက္ပံုေလး။ အိမ္က ေမေမက လတ္ဆတ္လို ့တဲ့ ။ အဲ့ဒါေႀကာင့္ဝယ္ေပးရင္း
သက္ပံုေလးကိုအားေပးမလို ့။ "

( ပူတူး) "Hi သက္ပံုေရ ။ မေတြ ့တာႀကာပီေနာ္။ ဒီတခါ သရက္သီးေရာင္းတာဆိုေတာ့လည္း ေပၚဦးေပၚဖ်ား အားေပးရအုန္းမွာေပါ့ "

(ကိုေနလင္းမိန္းမ ) "ဝိုး…ဝိုး တို ့သက္ပံုေလး ေနာက္ဆံုးေတာ့ စြံပီေပါ့။ အားက်တာ အခါတသိန္းပါေနာ္။ သရက္သီးေတြလွလိုက္တာ ဘယ္လိုေရာင္းလဲ "

အမ်ားအျပားတက္လာတဲ့ မန္ ့ေတြေႀကာင့္ သက္ပံု ရွင္းျပလိုက္သည္။

" သရက္သီးက သံုးမ်ိဳးခြဲထားတယ္။
ရွယ္သီးက တစ္လံုး600ပါ ဗ်။
သူက350g အထက္… အလံုးကေတာ့ ေသခ်ာေပါက္ အာမခံပီးေရာင္းတာမို ့ေပးရတဲ့ေစ်းနဲ ့တကယ္တန္ပါတယ္ေနာ္။
က်ြန္ေတာ္ဆီကအရင္ အားေပးေနႀကသူေတြသိမွာပါ။
ေနာက္တမ်ိဳးက  အႀကီးဆိုဒ္ သူကက်
300g နဲ ့  350gႀကားဆိုဒ္ ။ ေစ်းကႀက
၄၅၀ပါဗ်။

အေသးဆိုဒ္ဆိုတာရွိေသးတယ္။
သူက 250g   နဲ ့  300gႀကားထဲကဆိုဒ္
ေစ်းကေတာ့ ၃၀၀ပဲရွိတယ္။

ျခင္းနဲ ့ေသခ်ာထည့္ေပးမွာမို ့အနည္းဆံုး၁၀လံုးအထက္ေတာ့ ယူရမွာပါေနာ္။
ခုသက္ပံုက နယ္ဖက္ေရာက္ေနေတာ့
မနက္ဖန္မွပစၥည္းက တင္ေပးနိုင္မွာပါ ။
မွာတဲ့သူေတြအတြက္ ပစၥည္းမပို ့ခင္ ေငြလႊဲအရင္ေပးမွရမွာပါ။ ဒါကေတာ့ လုပ္ငန္းသေဘာမို ့နားလည္ေပးပါ။ "

(YiYi Ko ) " သက္ပံုကိုစိတ္ခ်ပီးသားပါ။
တို ့က ရွယ္ဆိုဒ္ထဲက အလံုး၂၀ယူမယ္ေနာ္။ ေငြလႊဲကို  Cbမွာလာေျပာေပးမယ္ "

ပထမဆံုးဝင္လာတဲ့ အမွာစာေလးေႀကာင့္သက္ပံု ဝမ္းသာသြားရသည္။
သြက္လက္စြာပင္…

"ဟုတ္ကဲ့ပါ Yikoေရ အားေပးတာေက်းဇူးတင္ပါတယ္ေနာ္။ အသီးလွတာေလးေသခ်ာေရြးပီး ပို ့ေပးမွာပါ "

(Sweety  )  " သက္ပံုေရ ေမေမက
အမ်ိဳးေတြလက္ေဆာင္ေပးမလို ့တဲ့
အႀကီးဆိုဒ္ထဲက အလံုး၁၀၀ယူမယ္တဲ့
ေလ်ာ့ေပးပါအုံးတဲ့ "

"ဟုတ္ကဲ့ sweety ေရ ။ ၁၀၀လံုးယူရင္
ေစ်းေတာ့ မေလ်ာ့ေတာ့ဘူး ငါးလံုးပိုထည့္ေပးပါ့မယ္ေနာ္။ အျပင္မွာဝယ္ရင္ ေစ်းျခင္းတူရင္ေတာင္ ခုလို သဘာဝအတိုင္း မရပါဘူးေနာ္။ အရသာကို အာမခံပါတယ္ ။
ယူမယ္ဆို cbကို လာခဲ့ေပးပါဗ်"

တေတာင္ေတာင္!ဝင္လာတဲ့ အမွာစာေတြႀကားသက္ပံုတစ္ေယာက္ လက္မလည္ေတာ့ေပ။ ပထမဆံုး တာဝန္ယူလိုက္ရတဲ့ အလုပ္ကေလးမို ႔  ေကာင္းမြန္တဲ့ရလဒ္ကို သက္ပံုအေတာ္ေလးေက်နပ္ေနမိ၏။

ေကာင္းခ်ီကေတာ့ အသီးခူးတဲ့ အလုပ္သမားေတြႀကားကိုယ္တိုင္ပါဝင္ခူးဆြတ္ ေနသည္မို ့သက္ပံုနားမလာအားေပ။ နွစ္ေယာက္စလံုး ကိုယ့္တာဝန္နဲ ့ကိုယ္မို ႔
စေရာက္ကတည္းက  မ်က္လံုးျခင္းဆံုတာကလြဲၿပီး စကားမေျပာျဖစ္ေသး။

"ဟုတ္ပီး Cbကို တစ္ခ်က္ေလာက္မွာခ်င္တဲ့ သူလာခဲ့ေပးပါေနာ္ က်ြန္ေတာ္က နယ္မွာေရာက္ေနေတာ့ အေဝးကသူေတြကေတာ့ သဖက္ခါမွေရာက္မွာပါေနာ္။"

သက္ပံု ေကာင္းခ်ီးေဘး စကားေျပာရင္းေလ်ွာက္သြားလိုက္သည္။
ေက်ာေပးကာ အသီးေကာက္ေနေသာေကာင္းခ်ီက  အေပၚက ဖ်င္ႀကမ္းလက္ရွည္နဲ ့ပုဆိုးခပ္တိုတိုဝတ္ထား၏။

" ဟုတ္ကဲ့ပါ ဒီေန ့ အမွာစာကို ညေန
ငါးနာရီေနာက္ဆံုးထားပီး ပိတ္မွာဗ်။
ေနာက္က်တဲ့ သူေတြကေတာ့ ေနာက္သံုးရက္ေလာက္ေနမွ ထပ္ရမွာပါေနာ္ ။
အလံုး ၅၀  အထက္ယူသူေတြ ကားခကို က်ြန္ေတာ္တို ့ဖက္ကရွင္းေပးမွာပါဗ်။ "

သက္ပံု ေျပာပီး liveကိုအဆံုးသတ္လိုက္သည္။ ေကာင္းခ်ီကေတာ့ လုပ္လက္စရပ္ကာ  သက္ပံုလုပ္ေနတာေတြကို ေငးႀကည့္ေန၏။

"ဘာတဲ့လဲ အဆင္ေျပလား။ "

"အင္းေျပတယ္။ ဒီမွာႀကည့္အမွာစာေတြကို ျပည့္ေနတာပဲ။ "

ဖုန္း messengerကိုထိုးျပရင္းဆိုေတာ့
ေကာင္းခ်ီက သက္ပံုရဲ့ ပါးေလးကို လွမ္းညွစ္ကာ …

"ခင္ဗ်ားႀကိဳက္တာလုပ္ပါဗ်ာ ။က်ြန္ေတာ္က နားမွမလည္တာ။  ခင္ဗ်ားျပံဳးေနတာျမင္ရတာနဲ ့တင္ လြန္ခဲ့တဲ့ ေျခာက္နွစ္ေလာက္က သရက္ျခံစိုက္ခဲ့သမ်ွ တန္ေနပါျပီ "

သက္ပံု ေကာင္းခ်ီေလးကို အျပံဳးလွလွေလးတစ္ခုေပးလိုက္သည္။
စကားေတြသိပ္တက္ေနတဲ့ ေကာင္းခ်ီအတြက္ဒါဟာ အထိုက္တန္ဆံုး လက္ေဆာင္ေလးပင္။

" သြား … ဟိုနားသြားထိုင္ပီး လက္ဖက္သြားစား ။ ဒီနားက ခါခ်ဥ္ေပါတယ္။ "

မိုးကာေပၚ  ေကာက္ပီးလာပံုႀကတဲ့ သရက္သီးပံုေဘးတြင္  ျမသက္ရယ္  ေဒၚေလးျမရင္ရယ္  အသီးေရြးေန၏။
ကိုထက္တို ့လင္မယားကေတာ့ …
ျမိဳ ့ေလးကို ကုန္စိမ္းသြားဝယ္ႀကသည္မို ႔လတ္တေလာ ၿခံထဲမွာမရွိ။

"အင္း … အသီးေရြးကူလိုက္အံုးမယ္။
ခဏေနလာခဲ့ေနာ္။ မင္းမလာရင္ လက္ဖက္ေတြငါအမ်ားႀကီးစားပစ္မွာ "

"ေအာ္ …ခင္ဗ်ားရယ္။ ကဲ ကဲ သြားထိုင္ေန ။ ဒီတစ္ပင္ ခူးၿပီး လိုက္လာခဲ့မယ္ "

မေက်မနပ္စူထြက္လာတဲ့ နွုတ္ခမ္းေလးေႀကာင့္ ေကာင္းခ်ီခမ်ာ မလူးသာမလြန္ ့သာ။ ခ်စ္တဲ့ သက္ပံု တစ္ေယာက္ဟာေလ
ႀကာေလႀကာေလ ဆိုးလာေလပဲ။
ေနာက္ဆံုးေက်နပ္စြာ အေလ်ာ့ေပးရတာ
ေကာင္းခ်ီပဲမို ့ အိစင္းေနတဲ့ ဆံသားေတြကို ထိုးဖြပီး ပုခံုးေလးကို လွည့္ေပးကာ သြားခိုင္းလိုက္ရသည္။သက္ပံုမသြားရင္
သူအလုပ္ဆက္လုပ္နိုင္မည္မဟုတ္ေတာ့။

"  ေဒၚေလး  က်ြန္ေတာ္ ကို အႀကီးဆံုးအလံုးေတြသက္သက္ပံုေပးပါ့လား။ ျမသက္ ညီမေလးက ဟိုနားက ျခင္းေတြသယ္ခဲ့ေပး"

မိုးကာအခင္းေပၚ သက္ပံု ဝင္ထိုင္ကာဆိုလိုက္သည္။ ပထမဆံုး ရွယ္သီးကို ေရြးကာ စကၠဴအျဖဴေလးေတြပတ္လိုက္သည္။
ျမသက္ယူလာတဲ့ ျခင္းထဲ  စကၠဴပတ္ထားတဲ့ အလံုးေတြကို စီထည့္သည္။
ဒီလိုထုတ္ပိုးနည္းဟာ လိုင္းေပၚကေန သက္ပံုရွာထားပီး
ျခင္းကအစ  ကိုထက္ကို ျမိဳ ့ေလးကေနႀကိဳဝယ္ခိုင္းထားရျခင္းျဖစ္သည္။

"ကိုသက္ လိုင္းေပၚမွာေရာင္းတာအဆင္ေျပလား "

"အင္း ေျပတယ္ ညီမေလး ။ ပထမဆံုး
ဒီလို အလံုးႀကီးတာကို  ေသခ်ာ ေရြးပီးအကိုပတ္သလို စာရြက္ေလးေတြနဲ ့ဒီလို ပတ္ေပး။ တညီထဲ ေရြးေနာ္ မေသးေစနဲ ့။
အကို ဒီဆိုဒ္က ၆၀၀ေတာင္ရတာမို ့
ေသးသြားရင္ ေနာက္မဝယ္ပဲေနလိမ့္မယ္ "

"ဟုတ္တယ္ လူဆိုတာ ရုိးသားရမယ္
တစ္နပ္စားဘယ္ေတာ့မွမႀကံမိေစနဲ ့။
မင္းတို ့ဘာလုပ္လုပ္အဆင္ေျပတယ္ဆိုတာ ကံေလးရွိလို ့ျဖစ္ေနတာ။ ဒီကံေလး ေကာင္းေနတုန္း ရုိးရုိးသားသားဥာဏ္ရွိသလို လုပ္ကိုင္။ မဟုတ္ရင္ ႀကာရွည္မခံတက္ဘူး "

ေဒၚေလးျမရင္က လက္က သရက္သီးေရြးေနေပမဲ့ ပါးစပ္ကေတာ့ ဆံုးမစကားေျပာတာမျပတ္။
ေကာင္းခ်ီရဲ့အမ်ိဳးေတြက သက္ပံုကို ခ်စ္ႀကပါသည္။ ဆူစရာရွိတာ ဆံုးမစရာရွိတာ
ေတာ့ အားနာလို ့မေျပာလိုက္တာမရွိပဲ
ေျပာစရာရွိတာေတာ့ ဘယ္သူ ့မ်က္နွာမွမႀကည့္ပဲေျပာတက္သည္။

"တစ္ျခင္း ဘယ္ေလာက္ထည့္မလဲ ကိုသက္ "

"၅၃လံုးဆီ ထည့္ေပးလိုက္ "

မလွဴနိုင္ေစ်းေရာင္းတဲ့ ။ ထို ့ေႀကာင့္ ပိုပိုသာသာ ထည့္ေပးလိုက္ျခင္းျဖစ္သည္။
တကယ္ဆိုကိုယ္က ျခံရွင္မို ့ ေပးလိုက္ရတဲ့ သံုးလံုးသည္ဘာမွမဟုတ္ေခ်။

အမွာစာမ်ားကို စာရင္းေသခ်ာ လုပ္ကာ
ေတာင္းမ်ားကို ေဆာ့ပင္နဲ ့ေနရက္လိပ္စာ ေသခ်ာေရးကာ ပိတ္လိုက္သည္။

ရွယ္သီးဆိုဒ္သည္ အလံုး၅၅၀ သာ ဒီေန ့အမွာစာအတြက္ရရွိပီး။ အႀကီးဆိုဒ္သည္
အလုံး ၉၂၀ ။ အေသးဆိုဒ္သည္အလံုး ၁၀၀၀ေက်ာ္  ရ၏။

အားလံုးေပါင္း သရက္သီးအမွာစာရင္းသည္ ပထမဦးဆံုးေန ့မွာတင္ ၁၀သိန္းေက်ာ္ဖိုးထိ သက္ပံုရရွိခဲ့သည္။
ျခင္းမ်ားနဲ ့ေသခ်ာထုတ္ပိုးထားတဲ့
သရက္သီးမ်ားကို မနက္ဖန္ ျမိဳ ့ေလးကားဂတ္ကေန အသီးသီးတင္ေပးမွာျဖစ္သည္။

ဖုန္းနဲ ့မ်က္နွာနဲ ့မခြာပဲ စာရုိက္လိုက္၊
စာအုပ္ထဲမွာ ထည့္မွတ္လိုက္နဲ ့သက္ပံုတစ္ေယာက္မအားေတာ့ေခ်။ ေနရပ္လိပ္စာနဲ ့ဖုန္းနံပါတ္ အသီးသီးကို မမွားေအာင္ ထပ္ခါထပ္ခါ ျပန္စစ္ရုံသာမက ေငြလႊဲဝင္မဝင္လည္း စစ္ရေသးသည္။

ေခါင္းရွဳပ္ရေပမဲ့ ပင္ပန္းရက်ိဳးနပ္ေအာင္
ဝင္ေငြရသည္မို ့သက္ပံုတစ္ေယာက္ေပ်ာ္ေနေလသည္။
ေကာင္းခ်ီကေတာ့ သက္ပံု လုပ္သမ်ွ
ျပံဳးႀကည့္ေနရုံသာရွိပီး  ေဘးကေနဘာမွ ဝင္ေျပာတာစြက္ဖက္တာမရွိပဲ လႊတ္ထားေပးသည္။ 

တခါတေလ  အခ်စ္ဆိုတာ  မည္သည့္စကားမွမဆိုပဲ   ေငးၾကည့္ေနရရုံ နဲ ့တင္ နွလံုးသားေတြပူးေႏြးလာတက္သည္။
ေကာင္းစင္သန္ ႔ခ်ီ ဆိုတဲ့ ေကာင္ေလးအတြက္  ေပ်ာ္ရႊင္မူ ႔က  တစံုတစ္ေယာက္ရဲ႕
အၿပံဳးေတြျဖစ္ေနခဲ့တာကေတာ့  အလြန္ အင္မတန္မနာလိုစရာေကာင္းေအာင္ပင္....

ခ်စ္တဲ့အိမ္စည္။

>>>>>><<<<<<<<

ကောင်းချီ၏သရက်ခြံသည် ဒီနှစ် အသီးတင်တာများသည်ဟုဆိုကြသည်။
သိပ်မထွားလှသေးတဲ့ သရက်ပင်များသည် အပင်နှင့် မဆိုင်စွာ ပြွတ်နေအောင်ပင်သီး၏။

ရောက်ရောက်ခြင်း အိတ်စွပ်ထားတဲ့ သရက်သီးများကို အလုပ်သမားများ သေချာရွေးချယ်ပီးကောက်နေကြတာကို မြင်ရ၏။

မမှည့်သေးသော်လည်း ဝါနုရောင် သရက်သီးလုံးကြီးများက ဖုန်းနဲ့ ရိုက်တဲ့ ဓာတ်ပုံများ
videoများမှာတောင် စားချင်စဖွယ် အလုံးလှနေသည်။
ချက်ခြင်း pageမှာ တင်ပေးလိုက်ရုံမက
အသီးကောက်နေသည်များကို Liveလွှင့်ပေးလိုက်သည်။

"မင်္ဂလာပါဗျ။ သက်ပုံ 
Pageကနေ ကြိုဆိုပါတယ်။ ဒီနေ့ ကျွန်တော် သရက်ခြံရောက်နေတယ်ဗျ။ ခုမြင်တဲ့အတိုင်းပဲ စိန်တလုံးတွေအရမ်းလှလို့ 
pageမှာတင်ရောင်းပေးမလို့ liveလွှင့်လိုက်တာပါ "

သက်ပုံ ချိုကြည်တဲ့ အသံလေးနဲ့ ဖုန်းကို
အသီးကောက်နေသူများထံ သေချာလိုက်ရိုက်ပီး လွှင့်လိုက်သည်။
အရင်ကတည်းက သက်ပုံ နာမည်နဲ့ ဖွင့်ထားခဲ့တဲ့pageလေးသည် follower များရုံသာမက သက်ပုံရဲ့ တိမ်မြုပ်နေခဲ့တဲ့ စိတ်ဆန္ဒများကို ဖွင့်ဟပြရာနေရာလေးလည်းဖြစ်ပေသည်။ pageမှာ သက်ပုံကိုယ်တိုင်လုပ်
handmade ပစ္စည်းအမျိုးမျိုးကို တင်ရောင်းခဲ့သလို  gayဆိုတာကိုပါ comeoutလုပ်ထားခဲ့သည်။

သို့ ပေမဲ့ မိသားစုအသိုင်းအဝိုင်းကြောင့်
သက်ပုံမျက်နှာကိုတော့ကွယ်ဝှက်ထားခဲ့ရသည်။  သူ့ကိုမမြင်ဘူးတာတောင်   နားလည်လက်ခံပေးသူများနှင့် စာနာ
အားပေး  သူများစွာ သက်ပုံ၏ pageလေးမှာ အမြဲ လူစည်ကားလျက်ရှိလေ၏။

( sweety )  "Hello ! သက်ပုံလေး ။ မတွေ့ တာကြာပီနော် "

ပထမဆုံးမန့် လေးကြောင့် …

"ဟုတ်ပါ့… မတွေ့ တာကြာဆို sweety ရေ …
ကျွန်တော့် အမျိုးသားရွာရောက်နေလို့ ။
ခု သရက်ခြံက ကျွန်တော့်ကောင်လေး ခြံလေ "

ပြန်လည်ပြောဆိုလိုက်တော့ ကောင်မလေးက သဘောကျသွားဟန်ဖြင့်

" ဂုဏ်ယူပါတယ် သက်ပုံရေ ။ နောက်ဆုံးတော့ ယူ စွံ့ သွားပီပေါ့ "

လို့  ပြန်ဖြေလာတယ်။

ဒီလိုပဲ  LGBT ကိုလက်ခံတဲ့ကောင်မလေးတော်တော်များများ က သက်ပုံ နဲ့ 
ခင်မင်နေရုံသာမက တခါတလေ သက်ပုံရဲ့ ရင်ဖွင့်ဖော်လေးတွေပါ ဖြစ်ပေးတက်ကြသည်။

(Sweety ) "သရက်သီးဘယ်လိုရောင်းလဲ
သက်ပုံလေး။ အိမ်က မေမေက လတ်ဆတ်လို့ တဲ့ ။ အဲ့ဒါကြောင့်ဝယ်ပေးရင်း
သက်ပုံလေးကိုအားပေးမလို့ ။ "

( ပူတူး) "Hi သက်ပုံရေ ။ မတွေ့ တာကြာပီနော်။ ဒီတခါ သရက်သီးရောင်းတာဆိုတော့လည်း ပေါ်ဦးပေါ်ဖျား အားပေးရအုန်းမှာပေါ့ "

(ကိုနေလင်းမိန်းမ ) "ဝိုး…ဝိုး တို့ သက်ပုံလေး နောက်ဆုံးတော့ စွံပီပေါ့။ အားကျတာ အခါတသိန်းပါနော်။ သရက်သီးတွေလှလိုက်တာ ဘယ်လိုရောင်းလဲ "

အများအပြားတက်လာတဲ့ မန့် တွေကြောင့် သက်ပုံ ရှင်းပြလိုက်သည်။

" သရက်သီးက သုံးမျိုးခွဲထားတယ်။
ရှယ်သီးက တစ်လုံ6း00ပါ ဗျ။
သူက350g အထက်… အလုံးကတော့ သေချာပေါက် အာမခံပီးရောင်းတာမို့ ပေးရတဲ့ဈေးနဲ့ တကယ်တန်ပါတယ်နော်။
ကျွန်တော်ဆီကအရင် အားပေးနေကြသူတွေသိမှာပါ။
နောက်တမျိုးက  အကြီးဆိုဒ် သူကကျ
300g နဲ့   350gကြားဆိုဒ် ။ ဈေးကကြ
၄၅၀ပါဗျ။

အသေးဆိုဒ်ဆိုတာရှိသေးတယ်။
သူက 250g   နဲ့   300gကြားထဲကဆိုဒ်
ဈေးကတော့ ၃၀၀ပဲရှိတယ်။

ခြင်းနဲ့ သေချာထည့်ပေးမှာမို့ အနည်းဆုံး၁၀လုံးအထက်တော့ ယူရမှာပါနော်။
ခုသက်ပုံက နယ်ဖက်ရောက်နေတော့
မနက်ဖန်မှပစ္စည်းက တင်ပေးနိုင်မှာပါ ။
မှာတဲ့သူတွေအတွက် ပစ္စည်းမပို့ ခင် ငွေလွှဲအရင်ပေးမှရမှာပါ။ ဒါကတော့ လုပ်ငန်းသဘောမို့ နားလည်ပေးပါ။ "

(YiYi Ko ) " သက်ပုံကိုစိတ်ချပီးသားပါ။
တို့ က ရှယ်ဆိုဒ်ထဲက အလုံး၂၀ယူမယ်နော်။ ငွေလွှဲကို  Cbမှာလာပြောပေးမယ် "

ပထမဆုံးဝင်လာတဲ့ အမှာစာလေးကြောင့်သက်ပုံ ဝမ်းသာသွားရသည်။
သွက်လက်စွာပင်…

"ဟုတ်ကဲ့ပါ Yikoရေ အားပေးတာကျေးဇူးတင်ပါတယ်နော်။ အသီးလှတာလေးသေချာရွေးပီး ပို့ ပေးမှာပါ "

(Sweety  )  " သက်ပုံရေ မေမေက
အမျိုးတွေလက်ဆောင်ပေးမလို့ တဲ့
အကြီးဆိုဒ်ထဲက အလုံး၁၀၀ယူမယ်တဲ့
လျော့ပေးပါအုံးတဲ့ "

"ဟုတ်ကဲ့ sweety ရေ ။ ၁၀၀လုံးယူရင်
ဈေးတော့ မလျော့တော့ဘူး ငါးလုံးပိုထည့်ပေးပါ့မယ်နော်။ အပြင်မှာဝယ်ရင် ဈေးခြင်းတူရင်တောင် ခုလို သဘာဝအတိုင်း မရပါဘူးနော်။ အရသာကို အာမခံပါတယ် ။
ယူမယ်ဆို cbကို လာခဲ့ပေးပါဗျ"

တတောင်တောင်!ဝင်လာတဲ့ အမှာစာတွေကြားသက်ပုံတစ်ယောက် လက်မလည်တော့ပေ။ ပထမဆုံး တာဝန်ယူလိုက်ရတဲ့ အလုပ်ကလေးမို့   ကောင်းမွန်တဲ့ရလဒ်ကို သက်ပုံအတော်လေးကျေနပ်နေမိ၏။

ကောင်းချီကတော့ အသီးခူးတဲ့ အလုပ်သမားတွေကြားကိုယ်တိုင်ပါဝင်ခူးဆွတ် နေသည်မို့ သက်ပုံနားမလာအားပေ။ နှစ်ယောက်စလုံး ကိုယ့်တာဝန်နဲ့ ကိုယ်မို့ 
စရောက်ကတည်းက  မျက်လုံးခြင်းဆုံတာကလွဲပြီး စကားမပြောဖြစ်သေး။

"ဟုတ်ပီး Cbကို တစ်ချက်လောက်မှာချင်တဲ့ သူလာခဲ့ပေးပါနော် ကျွန်တော်က နယ်မှာရောက်နေတော့ အဝေးကသူတွေကတော့ သဖက်ခါမှရောက်မှာပါနော်။"

သက်ပုံ ကောင်းချီးဘေး စကားပြောရင်းလျှောက်သွားလိုက်သည်။
ကျောပေးကာ အသီးကောက်နေသောကောင်းချီက  အပေါ်က ဖျင်ကြမ်းလက်ရှည်နဲ့ ပုဆိုးခပ်တိုတိုဝတ်ထား၏။

" ဟုတ်ကဲ့ပါ ဒီနေ့  အမှာစာကို ညနေ
ငါးနာရီနောက်ဆုံးထားပီး ပိတ်မှာဗျ။
နောက်ကျတဲ့ သူတွေကတော့ နောက်သုံးရက်လောက်နေမှ ထပ်ရမှာပါနော် ။
အလုံး ၅၀  အထက်ယူသူတွေ ကားခကို ကျွန်တော်တို့ ဖက်ကရှင်းပေးမှာပါဗျ။ "

သက်ပုံ ပြောပီး liveကိုအဆုံးသတ်လိုက်သည်။ ကောင်းချီကတော့ လုပ်လက်စရပ်ကာ  သက်ပုံလုပ်နေတာတွေကို ငေးကြည့်နေ၏။

"ဘာတဲ့လဲ အဆင်ပြေလား။ "

"အင်းပြေတယ်။ ဒီမှာကြည့်အမှာစာတွေကို ပြည့်နေတာပဲ။ "

ဖုန်း messengerကိုထိုးပြရင်းဆိုတော့
ကောင်းချီက သက်ပုံရဲ့ ပါးလေးကို လှမ်းညှစ်ကာ …

"ခင်ဗျားကြိုက်တာလုပ်ပါဗျာ ။ကျွန်တော်က နားမှမလည်တာ။  ခင်ဗျားပြုံးနေတာမြင်ရတာနဲ့ တင် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က သရက်ခြံစိုက်ခဲ့သမျှ တန်နေပါပြီ "

သက်ပုံ ကောင်းချီလေးကို အပြုံးလှလှလေးတစ်ခုပေးလိုက်သည်။
စကားတွေသိပ်တက်နေတဲ့ ကောင်းချီအတွက်ဒါဟာ အထိုက်တန်ဆုံး လက်ဆောင်လေးပင်။

" သွား … ဟိုနားသွားထိုင်ပီး လက်ဖက်သွားစား ။ ဒီနားက ခါချဉ်ပေါတယ်။ "

မိုးကာပေါ်  ကောက်ပီးလာပုံကြတဲ့ သရက်သီးပုံဘေးတွင်  မြသက်ရယ်  ဒေါ်လေးမြရင်ရယ်  အသီးရွေးနေ၏။
ကိုထက်တို့ လင်မယားကတော့ …
မြို့ လေးကို ကုန်စိမ်းသွားဝယ်ကြသည်မို့ လတ်တလော ခြံထဲမှာမရှိ။

"အင်း … အသီးရွေးကူလိုက်အုံးမယ်။
ခဏနေလာခဲ့နော်။ မင်းမလာရင် လက်ဖက်တွေငါအများကြီးစားပစ်မှာ "

"အော် …ခင်ဗျားရယ်။ ကဲ ကဲ သွားထိုင်နေ ။ ဒီတစ်ပင် ခူးပြီး လိုက်လာခဲ့မယ် "

မကျေမနပ်စူထွက်လာတဲ့ နှုတ်ခမ်းလေးကြောင့် ကောင်းချီခမျာ မလူးသာမလွန့် သာ။ ချစ်တဲ့ သက်ပုံ တစ်ယောက်ဟာလေ
ကြာလေကြာလေ ဆိုးလာလေပဲ။
နောက်ဆုံးကျေနပ်စွာ အလျော့ပေးရတာ
ကောင်းချီပဲမို့  အိစင်းနေတဲ့ ဆံသားတွေကို ထိုးဖွပီး ပုခုံးလေးကို လှည့်ပေးကာ သွားခိုင်းလိုက်ရသည်။သက်ပုံမသွားရင်
သူအလုပ်ဆက်လုပ်နိုင်မည်မဟုတ်တော့။

"  ဒေါ်လေး  ကျွန်တော် ကို အကြီးဆုံးအလုံးတွေသက်သက်ပုံပေးပါ့လား။ မြသက် ညီမလေးက ဟိုနားက ခြင်းတွေသယ်ခဲ့ပေး"

မိုးကာအခင်းပေါ် သက်ပုံ ဝင်ထိုင်ကာဆိုလိုက်သည်။ ပထမဆုံး ရှယ်သီးကို ရွေးကာ စက္ကူအဖြူလေးတွေပတ်လိုက်သည်။
မြသက်ယူလာတဲ့ ခြင်းထဲ  စက္ကူပတ်ထားတဲ့ အလုံးတွေကို စီထည့်သည်။
ဒီလိုထုတ်ပိုးနည်းဟာ လိုင်းပေါ်ကနေ သက်ပုံရှာထားပီး
ခြင်းကအစ  ကိုထက်ကို မြို့ လေးကနေကြိုဝယ်ခိုင်းထားရခြင်းဖြစ်သည်။

"ကိုသက် လိုင်းပေါ်မှာရောင်းတာအဆင်ပြေလား "

"အင်း ပြေတယ် ညီမလေး ။ ပထမဆုံး
ဒီလို အလုံးကြီးတာကို  သေချာ ရွေးပီးအကိုပတ်သလို စာရွက်လေးတွေနဲ့ ဒီလို ပတ်ပေး။ တညီထဲ ရွေးနော် မသေးစေနဲ့ ။
အကို ဒီဆိုဒ်က ၆၀၀တောင်ရတာမို့ 
သေးသွားရင် နောက်မဝယ်ပဲနေလိမ့်မယ် "

"ဟုတ်တယ် လူဆိုတာ ရိုးသားရမယ်
တစ်နပ်စားဘယ်တော့မှမကြံမိစေနဲ့ ။
မင်းတို့ ဘာလုပ်လုပ်အဆင်ပြေတယ်ဆိုတာ ကံလေးရှိလို့ ဖြစ်နေတာ။ ဒီကံလေး ကောင်းနေတုန်း ရိုးရိုးသားသားဥာဏ်ရှိသလို လုပ်ကိုင်။ မဟုတ်ရင် ကြာရှည်မခံတက်ဘူး "

ဒေါ်လေးမြရင်က လက်က သရက်သီးရွေးနေပေမဲ့ ပါးစပ်ကတော့ ဆုံးမစကားပြောတာမပြတ်။
ကောင်းချီရဲ့အမျိုးတွေက သက်ပုံကို ချစ်ကြပါသည်။ ဆူစရာရှိတာ ဆုံးမစရာရှိတာ
တော့ အားနာလို့ မပြောလိုက်တာမရှိပဲ
ပြောစရာရှိတာတော့ ဘယ်သူ့ မျက်နှာမှမကြည့်ပဲပြောတက်သည်။

"တစ်ခြင်း ဘယ်လောက်ထည့်မလဲ ကိုသက် "

"၅၃လုံးဆီ ထည့်ပေးလိုက် "

မလှူနိုင်ဈေးရောင်းတဲ့ ။ ထို့ ကြောင့် ပိုပိုသာသာ ထည့်ပေးလိုက်ခြင်းဖြစ်သည်။
တကယ်ဆိုကိုယ်က ခြံရှင်မို့  ပေးလိုက်ရတဲ့ သုံးလုံးသည်ဘာမှမဟုတ်ချေ။

အမှာစာများကို စာရင်းသေချာ လုပ်ကာ
တောင်းများကို ဆော့ပင်နဲ့ နေရက်လိပ်စာ သေချာရေးကာ ပိတ်လိုက်သည်။

ရှယ်သီးဆိုဒ်သည် အလုံး၅၅၀ သာ ဒီနေ့ အမှာစာအတွက်ရရှိပီး။ အကြီးဆိုဒ်သည်
အလုံး ၉၂၀ ။ အသေးဆိုဒ်သည်အလုံး ၁၀၀၀ကျော်  ရ၏။

အားလုံးပေါင်း သရက်သီးအမှာစာရင်းသည် ပထမဦးဆုံးနေ့ မှာတင် ၁၀သိန်းကျော်ဖိုးထိ သက်ပုံရရှိခဲ့သည်။
ခြင်းများနဲ့ သေချာထုတ်ပိုးထားတဲ့
သရက်သီးများကို မနက်ဖန် မြို့ လေးကားဂတ်ကနေ အသီးသီးတင်ပေးမှာဖြစ်သည်။

ဖုန်းနဲ့ မျက်နှာနဲ့ မခွာပဲ စာရိုက်လိုက်၊
စာအုပ်ထဲမှာ ထည့်မှတ်လိုက်နဲ့ သက်ပုံတစ်ယောက်မအားတော့ချေ။ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ် အသီးသီးကို မမှားအောင် ထပ်ခါထပ်ခါ ပြန်စစ်ရုံသာမက ငွေလွှဲဝင်မဝင်လည်း စစ်ရသေးသည်။

ခေါင်းရှုပ်ရပေမဲ့ ပင်ပန်းရကျိုးနပ်အောင်
ဝင်ငွေရသည်မို့ သက်ပုံတစ်ယောက်ပျော်နေလေသည်။
ကောင်းချီကတော့ သက်ပုံ လုပ်သမျှ
ပြုံးကြည့်နေရုံသာရှိပီး  ဘေးကနေဘာမှ ဝင်ပြောတာစွက်ဖက်တာမရှိပဲ လွှတ်ထားပေးသည်။ 

တခါတလေ  အချစ်ဆိုတာ  မည်သည့်စကားမှမဆိုပဲ   ငေးကြည့်နေရရုံ နဲ့ တင် နှလုံးသားတွေပူးနွေးလာတက်သည်။
ကောင်းစင်သန့် ချီ ဆိုတဲ့ ကောင်လေးအတွက်  ပျော်ရွှင်မူ့ က  တစုံတစ်ယောက်ရဲ့
အပြုံးတွေဖြစ်နေခဲ့တာကတော့  အလွန် အင်မတန်မနာလိုစရာကောင်းအောင်ပင်....

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz