အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
14
မနက္ဆယ္နာရီဆိုတဲ့ အခ်ိန္သည္ ေႏြရာသီရဲ့ ပူျပင္းတဲ့ ရာသီဥတုကို အံတုနိုင္စြမ္းေလ်ာ့နည္းလာတဲ့ အခ်ိန္ျဖစ္ေပမဲ့ သက္ပံု တစ္ေယာက္ကေတာ့
ေကာင္းခ်ီလက္ခ်က္ျဖင့္ သနပ္ခါးေျခဆံုးေခါင္းဆံုးျဖင့္ ေအးျမေနလ်က္ရွိသည္။
ျခံေရွ ့က ခေရပင္အိုသည္ ႀကီးမားသလို
ျဖာထြက္ေနတဲ့ ကိုင္းဖ်ားတို ့သည္ ေကာင္းခ်ီတို ့ျခံထဲထိပင္ ေရာက္ေနကာ
အပူဒဏ္ကို ေန ့အခ်ိန္တြင္ ထိေရာက္စြာ
ကာကြယ္မူ ့ေပးသည္။
ေနေပ်ာက္မထိုးနိုင္တဲ့ အရိပ္ေအာက္တြင္
ဖ်ာႀကမ္းခင္းေပးထားတဲ့ ေကာင္းခ်ီေႀကာင့္
ေခါင္းအံုးခ်ကာ သက္ပံုတစ္ေယာက္ဇိမ္က်ေနေပသည္။
ေဘးမွာ ေကာင္းခ်ီကေတာ့ နွီးယပ္ေတာင္ေလးတဖ်တ္ဖ်တ္ နဲ ့ သက္ပံုကို ယပ္ခပ္ေပးေန၏။
"သက္ပံု တေရး အိပ္အုံး ။ ဒီခ်ိန္အိပ္ထားမွေန ့ခင္းဆို ပူကပူနဲ ့"
"အင္း … ဒါဆိုအိပ္ယာနိုးမွထမင္းစားမယ္ေနာ္…မင္းဗိုက္ဆာရင္ ငါ့ကိုနႈိးလိုက္၊ စဆာေနတာကို ငါအိပ္ေနတယ္ဆိုပီး အဆာခံမေနပီး ေစာင့္မေနနဲ ့။
ေအာ္…ျပီးေတာ့ ငါမသိပဲ သရက္ျခံမသြားနဲ ့ငါေရာလိုက္မွာ "
သက္ပံု သူ ႔ကိုအုပ္မိုးၾကည့္ေနတဲ့ ေကာင္းခ်ီ ကို စိတ္မခ်စြာ တသီတတန္းႀကီးမွာေနမိ၏။
"ဟုတ္ကဲ့ပါ။ စိတ္ခ်လက္ခ် အိပ္စမ္းပါ သက္ပံုရာ။… ခင္ဗ်ားနိုးမွထမင္းစားမယ္။သရက္ျခံလည္း ခင္ဗ်ားနိုးမွ သြားမယ္ ဟုတ္ပီလား "
"အင္း "
သက္ပံု မ်က္ေတာင္ေတြစင္းေနရက္နဲ ့ဂ်ီက်ေနျခင္းျဖစ္သည္။ေကာင္းခ်ီ ဂတိေပးမွ
စိတ္ခ်လက္ခ် အိပ္စက္လိုက္သည္။
ယပ္ေတာင္တဖ်တ္ဖ်တ္ခပ္သံ ကိုနားေထာင္ရင္း အသိစိတ္ေပ်ာက္လုေပ်ာက္ခင္အခ်ိန္မွာ ပါးျပင္သည္ နုညံစြာ
ထိေတြ ့မူ ့နဲ ့အတူ ပူေႏြးသြား၏။
ျပီးေနာက္ နဖူးထပ္ မွာတဆင့္ နွာဖ်ားထပ္မွာ
အႀကိမ္ႀကိမ္ထိေတြ ့လာမူ ့တို ့နဲ ့အတူ
သက္ပံုတစ္ေယာက္သည္ အိပ္စက္ခ်င္းဆီသို ့တျဖည္းျဖည္း က်ေရာက္သြား၏။
ဝလံုးေလးဝိုင္းထားတဲ့ သက္ပံုပါးျပင္က
သနပ္ခါးရနံ ့သည္ နားဖ်ားထိ အစိမ့္စိမ့္တိုးဝင္ေနသလို ေအးျမကာ ေမြးပ်ံ ့ေနသည္။
နမ္းလိုက္တာနဲ ့မရပ္တန္ ့ခ်င္ေလာက္ေအာင္ ျဖစ္ေနေပမဲ့ ေကာင္းခ်ီရပ္လိုက္သည္။
ခ်စ္တဲ့သက္ပံုေလးတစ္ေယာက္ ေကာင္းမြန္ေအးခ်မ္းစြာ အိပ္ရေအာင္ ယပ္ေတာင္ခပ္ေပးရန္ျဖစ္သည္။ မန္းေလးသား သူ ႔သက္မင္းပံုသည္ အေအးအလြန္ႀကိဳက္သူ
ျဖစ္ေလသည္။ထို ႔ေၾကာင့္ သက္ပံုအိပ္ေပ်ာ္ေနစဥ္ ေအးျမေအာင္ လုပ္ေပးရမွာသည္ သူ ႔အလုပ္သာျဖစ္ေလ၏။
ယပ္ေတာင္ခပ္သံ နဲ ့အသက္ရူသံ ေလးသည္ ခေရပင္ေအာင္ မွာ ၿငိမ္းခ်မ္းစြာ တိုးထြက္လာေလသည္။
သက္ပံုနဲ ့ရွိတဲ့ အခ်ိန္ေတြသည္ ကုန္လြယ္လြန္း၏။ ဘာလိုလိုနဲ ့ နွစ္လျပည့္ခါနီးျပီျဖစ္တဲ့ အိမ္ေထာင္သက္အတြက္ သက္ပံုအတြက္ အမွတ္တရမ်ားစြာနဲ ့ျဖတ္သန္းေစခ်င္သည္။
လြန္ခဲ့ေသာ လပိုင္းက သစၥာပန္းထုံးကို ပတ္၍စည္းေပးလိုက္ေသာ သတင္းစာရြက္ပိုင္းတြင္ သက္ပံုအိမ္မွာ အေမြျပတ္
စြန္ ့လြတ္ေႀကာင္းပါလာခဲ့သည္။
ထိုသတင္းစာရြက္ကို သက္ပံုမျမင္ေအာင္
ဖ်က္စီးလိုက္ေပမဲ့လည္း သက္ပံုက သူ ့အိမ္ကစြန္ ့လႊတ္မည္ဆိုတာကို ႀကိဳတင္မွန္းစ ထားပံုေပၚ၏။
ေကာင္းခ်ီ အတြက္ သက္ပံုသည္ ျမတ္နိုးတန္ဖိုးထားမဝနိုင္စရာ ျဖစ္ေပမဲ့
သက္ပံု အသိုင္းဝိုင္းကေတာ့ သက္ပံုရဲ ့အခ်စ္ေရးသည္ ရွက္ရြံ ့သိမ္ငယ္စရာျဖစ္ေန၏ ။
သက္ပံုကို စိတ္မေကာင္းျဖစ္မိေပမဲ့ မစိုးရိမ္ပါ။
ခ်စ္တဲ့သက္ပံုသည္ ေကာင္းခ်ီအတြက္
တန္ဖိုးျဖတ္မရတဲ့ ရတနာတပါးမို ့
သားသမီးျခင္းတန္းတူ ခ်စ္ခင္မေပးနိုင္တဲ့
မိသားစုအလယ္မွာ မထားခဲ့မိခ်င္းအတြက္
ကိုယ့္ကိုကိုယ္ ေကာင္းခ်ီ ဂုဏ္ယူသည္။
တေန ့ေန ့တခ်ိန္ခ်ိန္တြင္ သက္ပံု၏လြဲမွားစြာတည္ေထာင္ခဲ့တဲ့ အိမ္ေထာင္ေရးသည္
ရွက္ရြံစရာမဟုတ္ဘူးဆိုတာ
ေကာင္းခ်ီ သက္ေသျပနိုင္ေအာင္
ႀကိဳးစားေနတာ သက္ပံု မသိလည္းျဖစ္တဲ့
အမွန္တရားသာျဖစ္ေလသည္။
ေကာင္းခ်ီသည္ ေယာက်ာ္းျမတ္တစ္ေယာက္ ဟုတ္ခ်င္မွဟုတ္နိုင္လိမ့္မည္။
သို ့ေသာ္ သက္ပံုအတြက္ ထာဝရ ေယာက်ာ္းေကာင္းတစ္ေယာက္ ျဖစ္ခ်င္သည္။
ေကာင္းခ်ီ၏အိမ္မက္သည္ သက္ပံုကို အျမင့္ဆံုးဆိုတဲ့ ေနရာမွာပဲ ထားခ်င္တာ ျဖစ္၏။
"ဟင္း… ေကာင္းခ်ီ ပူတယ္ "
သက္ပံုရဲ့ လူးလူးလြန္ ့လြန္ ့လုပ္ရင္းေျပာလာတဲ့ စကားေႀကာင့္ ေကာင္းခ်ီ
ေမ ့ေလ်ာ့ေနတဲ့ ယပ္ေတာင္ကို တဖ်တ္
ဖ်တ္ျပန္ခပ္ေပးလိုက္သည္။
"အရမ္းပူေနလား ။ က်ြန္ေတာ္ ယပ္ခပ္တာနားလိုက္မိတယ္။ အိပ္…အိပ္ သက္ပံုအိပ္တာ နာရီဝက္ေလာက္ရွိေသးတယ္ "
ေကာင္းခ်ီ ေခ်ာ့ေမာ့ျပန္အိပ္ခိုင္းပါေသာ္
လည္းသက္ပံုက မ်က္လံုးေတြကိုပြတ္ပီး
ငုတ္တုတ္ထ ထိုင္လာသည္။
သနပ္ခါးဝါဝါညက္ညက္ေလးနဲ ့သက္ပံုသည္ အျဖဴေရာင္ ခ်ည္သား
ပုဂံျပန္အမွတ္တရဆိုတဲ့ အက်ၤ ီေလးဝတ္ထားကာ ေဂ်ေဂ်ေဘာင္းဘီတိုကို အပူသက္သာေအာင္ဝတ္ထား၏။
ေျခေထာက္ေတြလက္ေတြကိုပါမခ်န္ ေကာင္းခ်ီ ေသခ်ာေသြးေပးထားတဲ့ သနပ္ခါးနဲ ့ဝါဝင္းေနေအာင္ လိမ္းေပးထားတာမို ႔ ႀကည့္ရတာ ေအးခ်မ္းလြန္းလွသည္။
"မအိပ္ေတာ့ဘူး ငါ ဗိုက္ဆာေနျပီထမင္းစားရေအာင္ေလ "
"အင္း စားမယ္ေလ။ ထ ။ စားပီးရင္ က်ြန္ေတာ္တို ့ … သရက္ျခံသြားႀကမယ္ "
"ok "
သက္ပံု ေလးေလးပင္ပင္ ျဖစ္ေနေသးေပမဲ့ ျပံဳးျပကာ ေကာင္းခ်ီကမ္းေပးတဲ့ လက္ကို ဆြဲပီး ထ ရပ္လိုက္သည္။
" အျပင္သြားရင္ေတာ့ ေဘာင္းဘီရွည္ေလးလဲခဲ့ေနာ္။ ေနပူေတာ့ သက္ပံု အသားေတြမဲကုန္လိမ့္မယ္ "
" အသားမဲမွာဆိုးလို ့လား ဒါမွမဟုတ္ မင္း
သဝန္တို လို ့လား "
"သဝန္တိုတာ မဟုတ္ပါဘူးဗ်ာ။
ခ်စ္တဲ့သက္ပံုက က်ြန္ေတာ္တစ္ေယာက္ထဲပဲ ခ်စ္္မွာေသခ်ာေနပီးသားပဲဟာ ကို ။"
"ဒါဆိုဘာလို ့လဲ "
သဝန္မတိုဘူးေျပာေတာ့ စိတ္ကအလိုမက်ေတာ့။
"ခင္ဗ်ား အသားေတြ ေပၚေနလို ့ေလပူတိုက္ရင္ မေနတက္မထိုင္တက္ စိတ္အလို မက်ျဖစ္လာမယ္မို ့လား။ ခင္ဗ်ား မ်က္နွာညိဳေနရင္ က်ြန္ေတာ္ ေဒါသထြက္လာလိမ့္မယ္။ ေလ ကသက္မဲ့ဆိုေတာ့ ဆြဲထိုးလို ့ ့မရ ရန္ေတြ ့လို ့မရနဲ ့ ဒုကၡေရာက္လိုက္မဲ့ျဖစ္ျခင္း "
ကဲ ျပီးက်ေရာ။
ေကာင္းခ်ီကို ခပ္တံုးတံုးေတာသားလို ့
ဘယ္အရူးကေျပာသလဲ။
ေက်နပ္စိတ္တို ့နဲ ့ထမင္းခူးေနတဲ့ ေကာင္းခ်ီခါးေလးကိုေနာက္ကေနသိုင္းဖက္လိုက္သည္။
"ေကာင္းခ်ီေလးကို ခ်စ္လိုက္တာ ။
မင္း ဒီအေျပာေလးေတြနဲ ့ငါ့ကို အခ်ိန္တိုင္းသတ္ေနတာပဲ "
"သတ္တာလို ့မေျပာပါနဲ ့ဗ်ာ။ သတ္တာမဟုတ္ပါဘူး။ ခင္ဗ်ား ကိုဆြဲထားတာပါ။
အခ်ိန္တိုင္းဘယ္မွသြားလို ့မရေအာင္
ရင္ထဲကေရာ အသည္းထဲကေရာ
ထြက္လာတဲ့ စကားေတြနဲ ့ခင္ဗ်ားကို ဖမ္းခ်ဳပ္ထားတာ"
"ငါကဘယ္သြားရမွာလဲ ။ မင္းအနားကို ခုလိုေလးပူးကပ္ေနမွာ ။ ငါအိုမင္းသြားတဲ့ထိ ၊မင္းအိုမင္းသြားတဲ့အထိ ဘယ္ေတာ့မွ မခြဲဘူး "
"အတူတူပါပဲဗ်ာ ။ ခုေတာ့လႊတ္ပါအုန္း။
ခ်ဥ္ေပါင္ဟင္းခပ္လာတယ္ အပူေလာင္မယ္ "
သက္ပံု ေက်ာျပင္ကို အသာေလးနမ္းရွဳိက္ပီးမွ လႊတ္ေပးလိုက္သည္။
ထမင္းစားပြဲမွာထိုင္လိုက္တဲ့အခ်ိန္တြင္စားပြဲေပၚမွာေကာင္းခ်ီခူးခပ္ထားတဲ့
ဟင္းထမင္းအစံုက ေရာက္ေန၏။
ေကာင္းခ်ီက အိမ္ေထာင္ဦးစီးပီသ
သလို
အိမ္ေထာင္ဖက္ကိုနားလည္မူ ့ေပးတက္သည္။
ပိုက္ဆံရွာေနလို ့မီးဖိုေခ်ာင္အလုပ္ သက္ပံုပဲလုပ္ဆိုတာမ်ိဳးမရွိ။
မနက္ဆို သူလုပ္နိုင္သေလာက္ သန္ ့ရွင္းေရးလုပ္တာ…ေရတင္တာ အကုန္လုပ္သလို သက္ပံုမအားတာျဖစ္ေစ …မလုပ္ေသးတာျဖစ္ေစ …တြက္ကပ္မေနပဲ အကုန္ သိမ္းႀကံဳးလုပ္သြားတက္သည္။
" ခ်စ္တဲ့ သက္ပံုေလးက ဟင္းခ်က္ေကာင္းလိုက္တာ။ ဝက္သားဆို က်ြန္ေတာ္က ခုလို နူးအိေနမွႀကိဳက္တာ "
ခပ္ႀကီးႀကီး အသားတံုးကို သက္ပံုထဲ ခပ္ထည့္ေပးရင္း ေကာင္းခ်ီေျပာလာ၏။
အသက္ႀကီးတယ္ဆိုတဲ့ သေဘာနဲ ့
ဦးခ်တာမ်ိဳးမဟုတ္ပဲ ပန္းကန္ထဲက
ေကာင္းေပ့ဆိုတဲ့ အသားကို သက္ပံုကိုစားေစတာျဖစ္သည္။
သူကိုယ္တိုင္ကေတာ့ အဆီအနည္းငယ္ပါသည့္ဝက္သားတံုးကိုေရြးဆယ္စားကာ
အသားသီးသန္ ့ကိုေတာ့ သက္ပံု အတြက္ ခ်န္ထားေလသည္။
"ေကာင္းခ်ီေနာက္တခါ ဝက္သားဝယ္ရင္ ေပါင္သားသီးသန္ ့ဝယ္ေနာ္"
"ေအာ္ ခင္ဗ်ားရယ္။ ဝက္သားပါဆို အဆီနည္းနည္းေတာ့ပါမွာေပါ့။ သက္ပံုေလးမႀကိဳက္ရင္ေနာက္တခါ ေသခ်ာ ႀကည့္ဝယ္ခဲ့ပါ ။ခုေတာ့ စားလိုက္ပါအုံး "
"အင္း ေကာင္းခ်ီက လိမ္မာလိုက္တာ ။
ေအာ္ ဒါနဲ ့ မင္းသရက္ျခံက အသီးခူးေနျပီဆိုေတာ့… ငါတို ့တဝက္ ကို ဒိုင္ပို ့သင့္တယ္ထင္တယ္။"
"အင္း က်ြန္ေတာ္လည္း စဥ္းစားေနတာ ေတာ္ႀကာမနိုင္မနင္းျဖစ္မွာလဲစိုးရိမ္ရေသးတယ္။ ရြာမွာေရာင္းသင့္သေလာက္ ေစ်းပိုရေအာင္ ေရာင္းမယ္ ။ ျမိဳ ့ေလးဒိုင္ကိုလည္း ပို ့သင့္သေလာက္ပို ့မယ္။ သက္ပံုလည္း အပ်င္းေျပ Online မွာေရာင္းခ်င္ေရာင္းေပါ့။ "
သက္ပံု ျပံဳးကာ ေခါင္းညိတ္ျပလိုက္သည္။
လိမ္မာတဲ့ေကာင္းခ်ီေလးကိုခ်စ္လို ့ဘယ္လို လုပ္ရမလဲ။ ေကာင္းခ်ီ၏ ခ်စ္ေမတၱာေတြသည္ ေအးျမညင္သာလြန္းလို ႔
သူ႔အရိပ္မွာ ခိုနားရေသာ သက္ပံုအတြက္
အပူအပင္းကင္းလ်က္ သက္ေတာင့္သက္သာျဖစ္လြန္းလွပါ၏။
ခ်စ္တဲ့အိမ္စည္။
မနက်ဆယ်နာရီဆိုတဲ့ အချိန်သည် နွေရာသီရဲ့ ပူပြင်းတဲ့ ရာသီဥတုကို အံတုနိုင်စွမ်းလျော့နည်းလာတဲ့ အချိန်ဖြစ်ပေမဲ့ သက်ပုံ တစ်ယောက်ကတော့
ကောင်းချီလက်ချက်ဖြင့် သနပ်ခါးခြေဆုံးခေါင်းဆုံးဖြင့် အေးမြနေလျက်ရှိသည်။
ခြံရှေ့ က ခရေပင်အိုသည် ကြီးမားသလို
ဖြာထွက်နေတဲ့ ကိုင်းဖျားတို့ သည် ကောင်းချီတို့ ခြံထဲထိပင် ရောက်နေကာ
အပူဒဏ်ကို နေ့ အချိန်တွင် ထိရောက်စွာ
ကာကွယ်မူ့ ပေးသည်။
နေပျောက်မထိုးနိုင်တဲ့ အရိပ်အောက်တွင်
ဖျာကြမ်းခင်းပေးထားတဲ့ ကောင်းချီကြောင့်
ခေါင်းအုံးချကာ သက်ပုံတစ်ယောက်ဇိမ်ကျနေပေသည်။
ဘေးမှာ ကောင်းချီကတော့ နှီးယပ်တောင်လေးတဖျတ်ဖျတ် နဲ့ သက်ပုံကို ယပ်ခပ်ပေးနေ၏။
"သက်ပုံ တရေး အိပ်အုံး ။ ဒီချိန်အိပ်ထားမှနေ့ ခင်းဆို ပူကပူနဲ့ "
"အင်း … ဒါဆိုအိပ်ယာနိုးမှထမင်းစားမယ်နော်…မင်းဗိုက်ဆာရင် ငါ့ကိုနှိုးလိုက်၊ စဆာနေတာကို ငါအိပ်နေတယ်ဆိုပီး အဆာခံမနေပီး စောင့်မနေနဲ့ ။
အော်…ပြီးတော့ ငါမသိပဲ သရက်ခြံမသွားနဲ့ ငါရောလိုက်မှာ "
သက်ပုံ သူ့ ကိုအုပ်မိုးကြည့်နေတဲ့ ကောင်းချီ ကို စိတ်မချစွာ တသီတတန်းကြီးမှာနေမိ၏။
"ဟုတ်ကဲ့ပါ။ စိတ်ချလက်ချ အိပ်စမ်းပါ သက်ပုံရာ။… ခင်ဗျားနိုးမှထမင်းစားမယ်။သရက်ခြံလည်း ခင်ဗျားနိုးမှ သွားမယ် ဟုတ်ပီလား "
"အင်း "
သက်ပုံ မျက်တောင်တွေစင်းနေရက်နဲ့ ဂျီကျနေခြင်းဖြစ်သည်။ကောင်းချီ ဂတိပေးမှ
စိတ်ချလက်ချ အိပ်စက်လိုက်သည်။
ယပ်တောင်တဖျတ်ဖျတ်ခပ်သံ ကိုနားထောင်ရင်း အသိစိတ်ပျောက်လုပျောက်ခင်အချိန်မှာ ပါးပြင်သည် နုညံစွာ
ထိတွေ့ မူ့ နဲ့ အတူ ပူနွေးသွား၏။
ပြီးနောက် နဖူးထပ် မှာတဆင့် နှာဖျားထပ်မှာ
အကြိမ်ကြိမ်ထိတွေ့ လာမူ့ တို့ နဲ့ အတူ
သက်ပုံတစ်ယောက်သည် အိပ်စက်ချင်းဆီသို့ တဖြည်းဖြည်း ကျရောက်သွား၏။
ဝလုံးလေးဝိုင်းထားတဲ့ သက်ပုံပါးပြင်က
သနပ်ခါးရနံ့ သည် နားဖျားထိ အစိမ့်စိမ့်တိုးဝင်နေသလို အေးမြကာ မွေးပျံ့ နေသည်။
နမ်းလိုက်တာနဲ့ မရပ်တန့် ချင်လောက်အောင် ဖြစ်နေပေမဲ့ ကောင်းချီရပ်လိုက်သည်။
ချစ်တဲ့သက်ပုံလေးတစ်ယောက် ကောင်းမွန်အေးချမ်းစွာ အိပ်ရအောင် ယပ်တောင်ခပ်ပေးရန်ဖြစ်သည်။ မန်းလေးသား သူ့ သက်မင်းပုံသည် အအေးအလွန်ကြိုက်သူ
ဖြစ်လေသည်။ထို့ ကြောင့် သက်ပုံအိပ်ပျော်နေစဉ် အေးမြအောင် လုပ်ပေးရမှာသည် သူ့ အလုပ်သာဖြစ်လေ၏။
ယပ်တောင်ခပ်သံ နဲ့ အသက်ရူသံ လေးသည် ခရေပင်အောင် မှာ ငြိမ်းချမ်းစွာ တိုးထွက်လာလေသည်။
သက်ပုံနဲ့ ရှိတဲ့ အချိန်တွေသည် ကုန်လွယ်လွန်း၏။ ဘာလိုလိုနဲ့ နှစ်လပြည့်ခါနီးပြီဖြစ်တဲ့ အိမ်ထောင်သက်အတွက် သက်ပုံအတွက် အမှတ်တရများစွာနဲ့ ဖြတ်သန်းစေချင်သည်။
လွန်ခဲ့သော လပိုင်းက သစ္စာပန်းထုံးကို ပတ်၍စည်းပေးလိုက်သော သတင်းစာရွက်ပိုင်းတွင် သက်ပုံအိမ်မှာ အမွေပြတ်
စွန့် လွတ်ကြောင်းပါလာခဲ့သည်။
ထိုသတင်းစာရွက်ကို သက်ပုံမမြင်အောင်
ဖျက်စီးလိုက်ပေမဲ့လည်း သက်ပုံက သူ့ အိမ်ကစွန့် လွှတ်မည်ဆိုတာကို ကြိုတင်မှန်းစ ထားပုံပေါ်၏။
ကောင်းချီ အတွက် သက်ပုံသည် မြတ်နိုးတန်ဖိုးထားမဝနိုင်စရာ ဖြစ်ပေမဲ့
သက်ပုံ အသိုင်းဝိုင်းကတော့ သက်ပုံရဲ့ အချစ်ရေးသည် ရှက်ရွံ့ သိမ်ငယ်စရာဖြစ်နေ၏ ။
သက်ပုံကို စိတ်မကောင်းဖြစ်မိပေမဲ့ မစိုးရိမ်ပါ။
ချစ်တဲ့သက်ပုံသည် ကောင်းချီအတွက်
တန်ဖိုးဖြတ်မရတဲ့ ရတနာတပါးမို့
သားသမီးခြင်းတန်းတူ ချစ်ခင်မပေးနိုင်တဲ့
မိသားစုအလယ်မှာ မထားခဲ့မိချင်းအတွက်
ကိုယ့်ကိုကိုယ် ကောင်းချီ ဂုဏ်ယူသည်။
တနေ့ နေ့ တချိန်ချိန်တွင် သက်ပုံ၏လွဲမှားစွာတည်ထောင်ခဲ့တဲ့ အိမ်ထောင်ရေးသည်
ရှက်ရွံစရာမဟုတ်ဘူးဆိုတာ
ကောင်းချီ သက်သေပြနိုင်အောင်
ကြိုးစားနေတာ သက်ပုံ မသိလည်းဖြစ်တဲ့
အမှန်တရားသာဖြစ်လေသည်။
ကောင်းချီသည် ယောကျာ်းမြတ်တစ်ယောက် ဟုတ်ချင်မှဟုတ်နိုင်လိမ့်မည်။
သို့ သော် သက်ပုံအတွက် ထာဝရ ယောကျာ်းကောင်းတစ်ယောက် ဖြစ်ချင်သည်။
ကောင်းချီ၏အိမ်မက်သည် သက်ပုံကို အမြင့်ဆုံးဆိုတဲ့ နေရာမှာပဲ ထားချင်တာ ဖြစ်၏။
"ဟင်း… ကောင်းချီ ပူတယ် "
သက်ပုံရဲ့ လူးလူးလွန့် လွန့် လုပ်ရင်းပြောလာတဲ့ စကားကြောင့် ကောင်းချီ
မေ့ လျော့နေတဲ့ ယပ်တောင်ကို တဖျတ်
ဖျတ်ပြန်ခပ်ပေးလိုက်သည်။
"အရမ်းပူနေလား ။ ကျွန်တော် ယပ်ခပ်တာနားလိုက်မိတယ်။ အိပ်…အိပ် သက်ပုံအိပ်တာ နာရီဝက်လောက်ရှိသေးတယ် "
ကောင်းချီ ချော့မော့ပြန်အိပ်ခိုင်းပါသော်
လည်းသက်ပုံက မျက်လုံးတွေကိုပွတ်ပီး
ငုတ်တုတ်ထ ထိုင်လာသည်။
သနပ်ခါးဝါဝါညက်ညက်လေးနဲ့ သက်ပုံသည် အဖြူရောင် ချည်သား
ပုဂံပြန်အမှတ်တရဆိုတဲ့ အင်္ကျီလေးဝတ်ထားကာ ဂျေဂျေဘောင်းဘီတိုကို အပူသက်သာအောင်ဝတ်ထား၏။
ခြေထောက်တွေလက်တွေကိုပါမချန် ကောင်းချီ သေချာသွေးပေးထားတဲ့ သနပ်ခါးနဲ့ ဝါဝင်းနေအောင် လိမ်းပေးထားတာမို့ ကြည့်ရတာ အေးချမ်းလွန်းလှသည်။
"မအိပ်တော့ဘူး ငါ ဗိုက်ဆာနေပြီထမင်းစားရအောင်လေ "
"အင်း စားမယ်လေ။ ထ ။ စားပီးရင် ကျွန်တော်တို့ … သရက်ခြံသွားကြမယ် "
"ok "
သက်ပုံ လေးလေးပင်ပင် ဖြစ်နေသေးပေမဲ့ ပြုံးပြကာ ကောင်းချီကမ်းပေးတဲ့ လက်ကို ဆွဲပီး ထ ရပ်လိုက်သည်။
" အပြင်သွားရင်တော့ ဘောင်းဘီရှည်လေးလဲခဲ့နော်။ နေပူတော့ သက်ပုံ အသားတွေမဲကုန်လိမ့်မယ် "
" အသားမဲမှာဆိုးလို့ လား ဒါမှမဟုတ် မင်း
သဝန်တို လို့ လား "
"သဝန်တိုတာ မဟုတ်ပါဘူးဗျာ။
ချစ်တဲ့သက်ပုံက ကျွန်တော်တစ်ယောက်ထဲပဲ ချစ်မှာသေချာနေပီးသားပဲဟာ ကို ။"
"ဒါဆိုဘာလို့ လဲ "
သဝန်မတိုဘူးပြောတော့ စိတ်ကအလိုမကျတော့။
"ခင်ဗျား အသားတွေ ပေါ်နေလို့ လေပူတိုက်ရင် မနေတက်မထိုင်တက် စိတ်အလို မကျဖြစ်လာမယ်မို့ လား။ ခင်ဗျား မျက်နှာညိုနေရင် ကျွန်တော် ဒေါသထွက်လာလိမ့်မယ်။ လေ ကသက်မဲ့ဆိုတော့ ဆွဲထိုးလို့့မရ ရန်တွေ့ လို့ မရနဲ့ ဒုက္ခရောက်လိုက်မဲ့ဖြစ်ခြင်း "
ကဲ ပြီးကျရော။
ကောင်းချီကို ခပ်တုံးတုံးတောသားလို့
ဘယ်အရူးကပြောသလဲ။
ကျေနပ်စိတ်တို့ နဲ့ ထမင်းခူးနေတဲ့ ကောင်းချီခါးလေးကိုနောက်ကနေသိုင်းဖက်လိုက်သည်။
"ကောင်းချီလေးကို ချစ်လိုက်တာ ။
မင်း ဒီအပြောလေးတွေနဲ့ ငါ့ကို အချိန်တိုင်းသတ်နေတာပဲ "
"သတ်တာလို့ မပြောပါနဲ့ ဗျာ။ သတ်တာမဟုတ်ပါဘူး။ ခင်ဗျား ကိုဆွဲထားတာပါ။
အချိန်တိုင်းဘယ်မှသွားလို့ မရအောင်
ရင်ထဲကရော အသည်းထဲကရော
ထွက်လာတဲ့ စကားတွေနဲ့ ခင်ဗျားကို ဖမ်းချုပ်ထားတာ"
"ငါကဘယ်သွားရမှာလဲ ။ မင်းအနားကို ခုလိုလေးပူးကပ်နေမှာ ။ ငါအိုမင်းသွားတဲ့ထိ ၊မင်းအိုမင်းသွားတဲ့အထိ ဘယ်တော့မှ မခွဲဘူး "
"အတူတူပါပဲဗျာ ။ ခုတော့လွှတ်ပါအုန်း။
ချဉ်ပေါင်ဟင်းခပ်လာတယ် အပူလောင်မယ် "
သက်ပုံ ကျောပြင်ကို အသာလေးနမ်းရှိုက်ပီးမှ လွှတ်ပေးလိုက်သည်။
ထမင်းစားပွဲမှာထိုင်လိုက်တဲ့အချိန်တွင်စားပွဲပေါ်မှာကောင်းချီခူးခပ်ထားတဲ့
ဟင်းထမင်းအစုံက ရောက်နေ၏။
ကောင်းချီက အိမ်ထောင်ဦးစီးပီသ
သလို
အိမ်ထောင်ဖက်ကိုနားလည်မူ့ ပေးတက်သည်။
ပိုက်ဆံရှာနေလို့ မီးဖိုချောင်အလုပ် သက်ပုံပဲလုပ်ဆိုတာမျိုးမရှိ။
မနက်ဆို သူလုပ်နိုင်သလောက် သန့် ရှင်းရေးလုပ်တာ…ရေတင်တာ အကုန်လုပ်သလို သက်ပုံမအားတာဖြစ်စေ …မလုပ်သေးတာဖြစ်စေ …တွက်ကပ်မနေပဲ အကုန် သိမ်းကြုံးလုပ်သွားတက်သည်။
" ချစ်တဲ့ သက်ပုံလေးက ဟင်းချက်ကောင်းလိုက်တာ။ ဝက်သားဆို ကျွန်တော်က ခုလို နူးအိနေမှကြိုက်တာ "
ခပ်ကြီးကြီး အသားတုံးကို သက်ပုံထဲ ခပ်ထည့်ပေးရင်း ကောင်းချီပြောလာ၏။
အသက်ကြီးတယ်ဆိုတဲ့ သဘောနဲ့
ဦးချတာမျိုးမဟုတ်ပဲ ပန်းကန်ထဲက
ကောင်းပေ့ဆိုတဲ့ အသားကို သက်ပုံကိုစားစေတာဖြစ်သည်။
သူကိုယ်တိုင်ကတော့ အဆီအနည်းငယ်ပါသည့်ဝက်သားတုံးကိုရွေးဆယ်စားကာ
အသားသီးသန့် ကိုတော့ သက်ပုံ အတွက် ချန်ထားလေသည်။
"ကောင်းချီနောက်တခါ ဝက်သားဝယ်ရင် ပေါင်သားသီးသန့် ဝယ်နော်"
"အော် ခင်ဗျားရယ်။ ဝက်သားပါဆို အဆီနည်းနည်းတော့ပါမှာပေါ့။ သက်ပုံလေးမကြိုက်ရင်နောက်တခါ သေချာ ကြည့်ဝယ်ခဲ့ပါ ။ခုတော့ စားလိုက်ပါအုံး "
"အင်း ကောင်းချီက လိမ်မာလိုက်တာ ။
အော် ဒါနဲ့ မင်းသရက်ခြံက အသီးခူးနေပြီဆိုတော့… ငါတို့ တဝက် ကို ဒိုင်ပို့ သင့်တယ်ထင်တယ်။"
"အင်း ကျွန်တော်လည်း စဉ်းစားနေတာ တော်ကြာမနိုင်မနင်းဖြစ်မှာလဲစိုးရိမ်ရသေးတယ်။ ရွာမှာရောင်းသင့်သလောက် ဈေးပိုရအောင် ရောင်းမယ် ။ မြို့ လေးဒိုင်ကိုလည်း ပို့ သင့်သလောက်ပို့ မယ်။ သက်ပုံလည်း အပျင်းပြေ Online မှာရောင်းချင်ရောင်းပေါ့။ "
သက်ပုံ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
လိမ်မာတဲ့ကောင်းချီလေးကိုချစ်လို့ ဘယ်လို လုပ်ရမလဲ။ ကောင်းချီ၏ ချစ်မေတ္တာတွေသည် အေးမြညင်သာလွန်းလို့
သူ့အရိပ်မှာ ခိုနားရသော သက်ပုံအတွက်
အပူအပင်းကင်းလျက် သက်တောင့်သက်သာဖြစ်လွန်းလှပါ၏။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz