အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
13
"ေျခာက္ေသာင္း ငါးေထာင္ တိတိ ။
ေကာင္းခ်ီ အရြက္ေသးေတြက ဘယ္ေလာက္လဲ "
စားပြဲေပၚမွာပံုထားတဲ့ ပိုက္ဆံ တစ္ရာတန္၊ နွစ္ရာတန္ေတြကို ေကာင္းခ်ီ မေရတြက္အားေသးေပ။
စိတ္ဝင္စားစြာ ပိုက္ဆံေရတြက္ေနတဲ့
သက္ပံုေလးကိုသာ ျမတ္နိုးစြာႀကည့္ေနမိသည္။
စီးတဲ့ေရဆည္တဲ့ကန္စင္း လုပ္ေနတဲ့
ခ်စ္တဲ့ သက္ပံုက သရက္သီးေရာင္းရသမ်ွပိုက္ဆံကို အိပ္ယာ နိုးကတည္း က ထိုင္ေရတြက္ေနတာ ဦးသာခ်ိဳဆိုင္က ဖန္ကဲေလးနဲ ့ပဲျပဳတ္နံျပားကိုပါ တခ်က္မတို ့မထိေသး။
"ေကာင္းခ်ီ ဘယ္ေလာက္လဲလို ့"
ေမးတာကို ျပန္မေျဖလာေတာ့ ေခါင္းငံု ့ေရတြက္ေနရာမွေမာ့ႀကည့္လိုက္မိသည္။
စားပြဲေပၚမွာ အရာမယြင္းေသးေသာ ပိုက္ဆံပံုနဲ ့အတူ ေကာင္းခ်ီက ျပံဳးပီး
သက္ပံု ကိုေငးေန၏။
"အဲ့ဒါ ဘာျဖစ္ေနတာလဲ "
"ခင္ဗ်ားအရမ္း ခ်စ္စရာေကာင္းေနလို ့ေလ။
က်ြန္ေတာ္ပိုက္ဆံအမ်ားႀကီးရွာရေတာ့မယ္ထင္တယ္ ။ ခ်စ္တဲ့သက္ပံုေလးက
ေမာင္ေငြခင္ေလးျဖစ္ေနျပီ"
"ေအာင္္မာ ေငြခင္တာ ငါမဟုတ္ဘူး
မင္းပါ။ အားရင္ ေငြရတဲ့ဟာ ဘာလုပ္ရမလဲ ျပင္ေနတာ ။ ငါက မင္းရွာသမ်ွ အလဟသမျဖစ္ေအာင္ ေဘးကကူေပးေနတာကလြဲရင္ မင္းေလာက္ေတာ့မဆိုးေသးဘူး"
"ရုိးရုိးေျပာလည္းရပါတယ္ဗ်ာ။
နွာေခါင္းေလးရွဳံ ့ေျပာေတာ့ က်ြန္ေတာ္
အသည္းယားတယ္ဗ်။ "
ေကာင္းခ်ီအေျပာေႀကာင့္ သက္ပံု သေဘာက်စြာရယ္မိလိုက္သည္။
ေျပာင္းလဲလာတာ သက္ပံုလားေကာင္းခ်ီလားမသဲကြဲေတာ့ေပ။
အိမ္ေထာင္သက္နွစ္လနီးပါးႀကာျမင့္လာခ်ိန္မွေတာ့ ေကာင္းခ်ီေလးက နွုတ္သြက္အာသြက္ကေလးျဖစ္လာသလို သက္ပံုက
လည္းလံုးဝ ရွက္ရြံ ့သြားတယ္ဆိုတာမရွိေတာ့။
ေကာင္းခ်ီမေရတြက္တဲ့ ပိုက္ဆံအရြက္ေသးေတြကို ေရတြက္ကာ သေရပင္နဲ ့စီးထားလိုက္သည္။
၁၀၀၀တန္ နဲ ့ ၅၀၀၀ ၊၁၀၀၀၀တန္ အားလံုးေပါင္း 65000က်ပ္ကိုလည္း သေရပင္နဲ ့သပ္သပ္ခြဲစီးကာ စာရင္းစာအုပ္မွာ
ရက္စြဲတိတိက်က်ေရးပီး ေရာင္းရေငြစာရင္းမွာ ျဖည့္ထားလိုက္သည္။
သရက္သီး သည္ ပထမဆံုးေန ့မွာတင္ ကုန္သြားခဲ့သလို ေနာက္ရက္အတြက္
လာမွာထားသူေတြေတာင္ရွိသည္။
ဒီေန ့ ေကာင္းခ်ီတို ့သရက္ျခံ တြင္ အလုပ္သမားငွားကာ သရက္သီး စခူးႀကေတာ့မည္ျဖစ္သည္။
သက္ပံုလည္း ျခံထဲလိုက္ကာ videoရုိက္ပီး Editေသခ်ာလုပ္ကာ လိုင္းေပၚတင္ဖို ့ေတြးထားသည္။
" သက္ပံု မနက္စာစားေတာ့ေလ က်ြန္ေတာ္
အလုပ္လုပ္အုန္းမယ္"
"ဘာလုပ္မလို ့လဲ…မင္းမနက္စာမစားရေသးဘူးမို ႔လား အတူစားမယ္ေလ "
"ကြၽန္ေတာ္ သနပ္ခါးပင္ျဖတ္မလို ့ စားနွင့္"
ေျပာပီးခံုကေန ထ ထြက္သြား၏။
သက္ပံု မေက်မနပ္ မ်က္ေမွာင္ကုတ္လိုက္သည္။
ေခါင္းရင္းမွာ အတန္းလိုက္စိုက္ထားတဲ့
သနပ္ခါးပင္ေတြကိုပါ ေကာင္းခ်ီေရာင္းစားမလို ့ႀကံေနျပန္တာလားဆိုတာ
မေတြးတက္ေတာ့သည္အထိပဲ။
လူႀကီးေပါင္လံုးႀကီးေတြေလာက္ရွိတဲ့ သနပ္ခါးပင္ေတြသည္ ေကာင္းခ်ီအေဖမဆံုးပါးခင္က ေကာင္းခ်ီအေမအတြက္ တယုတယ စိုက္ပ်ိဳးခဲ့သည္တဲ့။
ဒီလို အမွတ္တရမ်ားစြာရွိတဲ့ အပင္ေတြကို
ေရာင္းစားဖို ့ေတာ့ မျဖစ္သင့္ေပ။
ျပီးေတာ့ သနပ္ခါးဆိုတာ ခဏေလးနဲ ့အပင္ျဖစ္တဲ့ အမ်ိဳးမဟုတ္။ ၉နွစ္၁၀နွစ္ႀကာေအာင္ စိုက္လာခဲ့ပီးမွ ခုေတာ့ ေရာင္းစားမယ္ဆိုေတာ့ နွေျမာစရာေကာင္းလြန္းလွသည္။
ျခံစည္းရုိးသဖြယ္ စိုက္ထားသည္မို ့
၁၅ပင္ထက္မနည္းတဲ့ သနပ္ခါးပင္ေတြသည္ တကယ္ေရာင္းစားရင္ တပင္ တသိန္းေလာက္ တန္နိုင္သည္မို ့ ေကာင္းခ်ီေလာဘႀကီးနိုင္သည္။
ခပ္ေႏြးေႏြး ဖန္ကဲေလးကို ေမာ့ေသာက္ရင္း မနက္စာကို ဝတၱရားမျပတ္ စားလိုက္သည္။
ေဆးေႀကာစရာေတြေဆးေႀကာပီး
စားပြဲေပၚက ပိုက္ဆံေတြယူကာ အခန္းတြင္းဝင္လိုက္သည္။
ေရႊညိုေရာင္ ေပါလစ္သုတ္ထားတဲ့
က်ြန္းဗီဒို ႀကီးသည္ ျမိဳ ့ေတြလို လက္ရာမေျမာက္ေပမဲ့ ကနုတ္ပန္းခပ္က်ဲက်ဲနဲ ့
က်ြန္းသားစစ္စစ္ကို ေသခ်ာရုိက္ထားသည္မို ့ေစ်းကေတာ့ အေတာ္ေပးထားရသည္။
တံငါကုန္းရြာတြင္ သစ္ဝါးေပါသည္မို ့
အိမ္ေတာ္မ်ားမ်ားသည္ ပ်ဥ္ေထာင္ပ်ဥ္ခင္းအိမ္ေတြမ်ားသည္။
ဗီဒိုတံခါး ကို ဖြင့္လိုက္ေတာ့ သပ္ရပ္စြာေခါက္ထားတဲ့ အဝတ္အထည္ေတြကို
ေတြ ့ရေသာ္လည္း သက္ပံုကေတာ့ ေအာက္နားေလးမွာ ေသာ့ပိတ္လို ့ရတဲ့ အံဝွက္ေလးကိုသာ လက္လွမ္းလိုက္သည္။
ေသာ့ဖြင့္ကာ အံဝွက္ကို ဆြဲထုတ္လိုက္လ်ွင္ပဲ စီရီထည့္ထားတဲ့ ပိုက္ဆံေတြ ကိုေတြ ့ရသည္။ ထိုပိုက္ဆံေတြက ေကာင္းခ်ီျမိဳ ့မွာ အလုပ္လုပ္ခဲ့တဲ့ ပိုက္ဆံအျပင္ ကုန္စိမ္းကူးတဲ့ အျမတ္ေတြ နဲ ့သက္ပံု ပိုက္ဆံေတြသာျဖစ္သည္။
လက္ထဲက ကိုင္ထားတဲ့ ေျခာက္ေသာင္းေက်ာ္ကို သေရပင္နဲ ့စီးထားရက္အတိုင္း အံဝွက္ထဲ ပစ္ထားပီး အျမန္ေသာ့ခတ္သိမ္းလိုက္သည္။
ေသာ့ကို ေခါင္းအံုးေအာက္ထိုးထည့္ကာ
ေျခလွမ္းတို ့က ေကာင္းခ်ီရွိမဲ့ ေခါင္းရင္း
ကိုပင္။
"ေကာင္းခ်ီ အကုန္ျဖတ္မွာလား နွေျမာစရာႀကီး မေရာင္းပါနဲ ့လား။ ငါတို ့ေငြလိုေနတာမွမဟုတ္တာ "
အလယ္နားေလာက္က ခပ္ႀကီးႀကီးအပင္ကို လႊနဲ ့ျဖတ္ေနသည္မို ့နွေျမာတသစြာတားလိုက္မိသည္။
ေကာင္းခ်ီကေတာ့ မနက္ခင္းေနေရာင္ေအာက္တြင္ ေခ်ြးတရြဲရြဲနဲ ့အသည္းအသန္
ေျမႀကီးေပၚ ဒလေပထိုင္ကာ အရင္းကေနျဖတ္ေနသည္။
"မေရာင္းပါဘူး ဘယ္သူက ေရာင္းစားမယ္ေျပာေနလို ့လဲ "
"ဒါဆို မင္းကဘာလို ့ျဖတ္ေနတာလဲ "
"ခင္ဗ်ားလိမ္းဖို ့ေပါ့ မဟုတ္ရင္ သနပ္ခါးပင္ေတြျဖတ္ပီး က်ြန္ေတာ္က ဘာလုပ္ရမွာလဲ "
"မင္း အပင္ပန္းခံပီး ေလ်ွာက္လုပ္ေနျပန္ပီငါမွသနပ္ခါးမႀကိဳက္တာ"
ေကာင္းခ်ီနဲ ့မလွမ္းမကမ္းမွာ ဖိနပ္ကေလးဖင္ခုထိုင္ကာ သက္ပံုေျပာလိုက္သည္။
"သက္ပံု ေျမႀကီးေပၚမထိုင္နဲ ့ ဖုန္ေတြေပကုန္မယ္ "
"ေပေပေပါ့ ေျမႀကီးေပတာေလာက္မ်ား "
"ေပလို ့မရဘူး အခုထ ။ သက္ပံုကို ဖုန္ တမွုန္ေပတာေတာင္ က်ြန္ေတာ္မႀကိဳက္ဘူး။ ေနာက္ကိုေျမႀကီေပၚကို လက္လႊတ္စပယ္မထိုင္နဲ ့သက္ပံု။ "
ေကာင္းခ်ီ မ်က္ခံုးေတြက အလိုမက်စြာတြန္ ့ေကြးေနသည္။
ေကာင္းခ်ီက အျမဲထိုအတိုင္းပင္ျဖစ္သည္။
သက္ပံုနဲ ့ေကာင္းခ်ီသည္ လင္မယားေတြျဖစ္လင့္ကစား ဘယ္ေသာအခါမွသာတူညီမ်ွမျဖစ္ဘူးေပ။
အထက္ နွစ္ဆင့္ သို ့မဟုတ္ သံုးဆင့္ေလာက္ ပိုျမင့္ေအာင္ထိ သက္ပံုကို ေကာင္းခ်ီက အျမင့္မွသာ ထားခ်င္သူျဖစ္သည္။
တင္ပါးမွေပေနတဲ့ဖုန္ေတြကိုခါထုတ္ရင္း
သက္ပံု မတ္တပ္ရပ္လိုက္သည္။
ထိုအခါမွ ေကာင္းခ်ီ၏ အလိုမက်စြာ တြန္ ႔ခ်ိဳးေနတဲ့ မ်က္ခံုးတန္းေတြ ေျပက်သြားတာျဖစ္၏။
"ေျခလက္ေတြကိုပါ တခါထဲေဆးလိုက္
သက္ပံု ။ က်ြန္ေတာ္ဒါျဖတ္ပီးရင္ အိမ္ထဲလာခဲ့မယ္။ ေနပူတယ္ဝင္ေတာ့။
ေရတင္ထားပီးသား ေရခ်ိဳးမယ္ဆို ခ်ိဳးခ်င္ခ်ိဳးလိုက္ ။ "
လုပ္လက္စရပ္ပီးမွာေနသည္မို ့ေခါင္းညိတ္ျပကာ
"ငါဟင္းခ်က္မလို ့ ဒီေန ့ဘာဝယ္ထားလဲ "
"ေတာဝက္သား ရလို ့ဝယ္လာလိုက္တာ
တဝက္ကို ျပဳတ္ေက်ာ္လုပ္ထားလိုက္ က်န္တဲ့တဝက္ကို အာလူးသီးေလးနဲ ့ေရာခ်က္ေပး။ ခ်ဥ္ေပါင္ရြက္ နဲ ့မ်ွစ္ကို အခ်ဥ္ခ်က္လိုက္ရင္ ဟင္းလိုက္သြားၿပီ "
သက္ပံု ေခါင္းညိတ္ျပပီး အိမ္ထဲဝင္ခဲ့လိုက္သည္။ နဂိုကတည္းက သက္ပံုကအခ်က္အျပဳတ္ဝါသနာပါသည္မို ့မီးဖိုေခ်ာင္ကို
သက္ပံုဝင္ဖို ့ေကာင္းခ်ီက ခြင့္ျပဳထားပီးသား။ဒါေတာင္ မနက္ခင္းထမင္း တစ္အိုးကိုေတာင္ ေကာင္းခ်ီက ဆြမ္းေလာင္းဖို ့ခ်က္ရင္းတခါထဲခ်က္ထားေပးပီးသားမို ့
ထပ္ခ်က္စရာမလိုေတာ့ေပ။
မိုးလင္းတာနဲ ့တျခံလံုးအမွဳိက္တစမရွိဘူး။
ေကာင္းခ်ီကေျပာင္ရွင္းေနေအာင္လွဲက်င္းထားတက္သည္။
ေသာက္ေရအိုးဆိုရင္ မိုးလင္းတာနဲ ့ေရအျပည့္။
သြက္လက္စြာ ေျမအိုးထဲက မီးမေသေသးတဲ့မီးေသြးခဲေတြကိုထုတ္ပီး မီးဖိုထဲထည့္ကာ မီးေသြးနဲ ့မီးထပ္ပြားထားလိုက္သည္။
တိုင္မွာခ်ိတ္ထားတဲ့ ဝက္သားထုတ္ကိုျဖဳတ္ကာ အသားမ်ားတဲ့ဖက္ကို လွီးပီးျပဳတ္
ဖို ့အိုးတအိုးျပင္လိုက္သည္။
က်န္အဆီအနည္းငယ္နဲ ့အသားေရာရာကို အတံုးေသးေသးလုပ္ကာ ေရေသ ခ်ာေဆးပီး ဆားအခ်ိဳမွဳန္ ့နဲ ့နွယ္ထားလိုက္ပီး အိုးထဲထည့္ကာ ပစ္ထားလိုက္သည္။
ဂ်င္းႀကက္သြန္ျဖဴ နိုင္နိုင္ေထာင္းကာ
ႀကက္သြန္နီ နွစ္ဥ ခရမ္းခ်ဥ္သီး နွစ္လံုးလွီးထားပီး ဝက္သားအိုးကို လွန္ႀကည့္လိုက္၏။
ထြက္လာတဲ့ အညွီေရတခ်ိဳ ့ကိုသြန္ပစ္ပီး အသားသီးသန္ ့စစ္ပီး ေထာင္းထားတဲ့ ဂ်င္းႀကက္သြန္ျဖဴနဲ ့နွယ္ကာ ႀကက္သြန္နီ ခရမ္းခ်ဥ္သီးတို ့ကိုထည့္လိုက္သည္။
ဆီ ႀကာညို ့နဲ ့ နႏြမ္းမွုန္ ့အနည္းငယ္ကိုလိုအပ္ သေလာက္ထည့္ပီးမီးဖိုေပၚတင္လိုက္သည္။
တခါထဲ ခ်ဥ္ေပါင္အိုးကိုပါျပင္ထားပီး
အဆင္သင့္လုပ္ထားကာမီးဖိုေခ်ာင္ သန္ ့ရွင္းေရးကို ပါလုပ္လိုက္သည္။
တစ္နာရီးနီးပါးခန္ ့ႀကာပီးေနာက္မွာ
ဟင္းေတြက်က္ျပီးသြားပီမို ့ဝက္သားျပဳတ္အိုးကိုမီးဖိုေပၚတင္ကာ ေရခ်ိဳးဖို ့ျပင္လိုက္သည္။
"သက္ပံု သက္ပံုေရ "
"အခန္းထဲမွာ ငါက "
အသံျပဳပီး မႀကာခင္မွာ ေသခ်ာေဆးေႀကာထားတဲ့ သနပ္ခါးျခမ္းကို ကိုင္ကာ ဝင္လာ၏။
"ေရခ်ိဳးေတာ့မလို ့လား "
"အင္း … ေစာေစာခ်ိဳးထားလိုက္ေတာ့
မလို ့ေလ။ ငါ့ကို ဘာခိုင္းမလို ့လဲ "
ေရဝတ္လဲဖို ့ပုဆိုးအေဟာင္းတထည္ကို
အခန္းေထာင့္နားက အဝတ္စင္ေပၚကလွမ္းယူရင္း ေမးလိုက္သည္။
အခန္းတြင္းသည္ ေယာက်ာ္းေလးနွစ္ေယာက္ေနေသာ္ျငားလည္း ေကာင္းခ်ီေရာ သက္ပံုေရာ အသန္ ့ရွင္းႀကိဳက္တဲ့သူမ်ားျဖစ္တာေႀကာင့္ သူ ့ေနရာနဲ ့သူပစၥည္းမ်ားက
အစီအရီ တင္ထားသလို အဝတ္အစားတို ့သည္ တို ့လို ့တြဲေလာင္း တစ္ထည္ေတာင္မရွိေပ။
ပတ္ဝန္းက်င္သည္ လွပေသာ ခ်စ္ျခင္းေမတၱာတခုကို ဘာေႀကာင့္ အေရာင္ဆိုးခ်င္ရသလဲ သက္ပံုမသိပါ။
ေကာင္းခ်ီသည္ အေနထိုင္တည့္တန္ ့သလို မေကာင္းတဲ့အက်င့္တစံုတရာမရွိေပ။ သက္ပံုလည္း ထို ့အတူပင္ မွားယြင္းစြာ
မ်ိဳးတူေယာက်ာ္းတစ္ေယာက္ကို ခ်စ္မိသည္ကလြဲရင္ အေနအထိုင္သိမ့္ေမြ ့ပီး
ဘဝကို ရုိးရွင္းစြာျဖတ္သန္းခ်င္စိတ္ရွိသူသာျဖစ္သည္။
"သက္ပံု ! "
"အမ္"
"ဘာႀကည့္ေနတာလဲ ေရခ်ိဳးေတာ့ေလ။
သက္ပံုျပီးမွ က်ြန္ေတာ္ ခ်ိဳးမယ္ "
ေကာင္းခ်ီလွမ္းေပးတဲ့ တဘတ္ကေလးကို ယူကာ ေခါင္းညိတ္ျပလိုက္သည္။
မ်က္လံုးကေတာ့ ေရေဆးထားလို ့စိုေနဆဲျဖစ္တဲ့ အေပြးထူတဲ့ သနပ္ခါးျခမ္းဆီမွာပင္။
ေကာင္းခ်ီအေႀကာင္း သိေနပီးသားျဖစ္တဲ့
သက္ပံုကေတာ့ ေရခ်ိဳးပီးရင္ လိမ္းရမဲ့ သနပ္ခါးအေႀကာင္းကိုေတြးမိပီးရင္ေမာေနရသည္။
သနပ္ခါးကို မႀကိဳက္တာထပ္ လိမ္းပီးရင္
မ်က္နွာႀကီးတင္းကာေနရခက္ေနသည္ကို
မႀကိဳက္တာျဖစ္သည္။
ရွိေစေတာ့။
ေကာင္းခ်ီေလးသည္ ခေရပန္း ရနံ ့ေလး ေတြကို ခ်စ္သလို သနပ္ခါးနံ ့ကို ႀကိဳက္သည္မို ့ သက္ပံုကလည္း သေဘာက်က်မက်က်
ေကာင္းခ်ီစိတ္ခ်မ္းသာေအာင္ ႀကိဳက္ေပးရမည္ျဖစ္သည္။
ထို ့မွသာ လင္နဲ ့မယား လ်ွာနဲ ့သြားဆိုသလို လိုက္ဖက္ေနမွာပင္။
ခ်စ္တဲ့အိမ္စည္။
"ခြောက်သောင်း ငါးထောင် … တိတိ ။
ကောင်းချီ အရွက်သေးတွေက ဘယ်လောက်လဲ "
စားပွဲပေါ်မှာပုံထားတဲ့ ပိုက်ဆံ တစ်ရာတန် နှစ်ရာတန်တွေကို ကောင်းချီ မရေတွက်အားသေးပေ။
စိတ်ဝင်စားစွာ ပိုက်ဆံရေတွက်နေတဲ့
သက်ပုံလေးကိုသာ မြတ်နိုးစွာကြည့်နေမိသည်။
စီးတဲ့ရေဆည်တဲ့ကန်စင်း လုပ်နေတဲ့
ချစ်တဲ့ သက်ပုံက သရက်သီးရောင်းရသမျှပိုက်ဆံကို အိပ်ယာ နိုးကတည်း က ထိုင်ရေတွက်နေတာ ဦးသာချိုဆိုင်က ဖန်ကဲလေးနဲ့ ပဲပြုတ်နံပြားကိုပါ တချက်မတို့ မထိသေး။
"ကောင်းချီ ဘယ်လောက်လဲလို့ "
မေးတာကို ပြန်မဖြေလာတော့ ခေါင်းငုံ့ ရေတွက်နေရာမှမော့ကြည့်လိုက်မိသည်။
စားပွဲပေါ်မှာ အရာမယွင်သေးသော ပိုက်ဆံပုံနဲ့ အတူ ကောင်းချီက ပြုံးပီး
သက်ပုံ ကိုငေးနေ၏။
"အဲ့ဒါ ဘာဖြစ်နေတာလဲ "
"ခင်များ ချစ်စရာကောင်းနေလို့ ။
ကျွန်တော်ပိုက်ဆံအများကြီးရှာရတော့မယ်ထင်တယ် ။ ချစ်တဲ့သက်ပုံလေးက
မောင်ငွေခင်လေးဖြစ်နေပီ"
"အောင်မာ ငွေခင်တာ ငါမဟုတ်ဘူး
မင်းပါ။ အားရင် ငွေရတဲ့ဟာ ဘာလုပ်ရမလဲ ပြင်နေတာ ။ ငါက မင်းရှာသမျှ အလဟသမဖြစ်အောင် ဘေးကကူပေးနေတာကလွဲရင် မင်းလောက်တော့မဆိုးသေးဘူး"
"ရိုးရိုးပြောလဲရပါတယ်ဗျာ။
နှာခေါင်းလေးရှုံ့ ပြောတော့ ကျွန်တော်
အသည်းယားတယ်ဗျ။ "
ကောင်းချီအပြောကြောင့် သက်ပုံ သဘောကျစွာရယ်မိလိုက်သည်။
ပြောင်းလဲလာတာ သက်ပုံလားကောင်းချီလားမသဲကွဲတော့ပေ။
အိမ်ထောင်သက်နှစ်လနီးပါးကြာမြင့်လာချိန်မှတော့ ကောင်းချီလေးက နှုတ်သွက်အာသွက်ကလေးဖြစ်လာသလို သက်ပုံကလဲ လုံးဝ ရှက်ရွံ့ သွားတယ်ဆိုတာမရှိတော့။
ကောင်းချီမရေတွက်တဲ့ အရွက်သေးတွေကို ရေတွက်ကာ သရေပင်နဲ့ စီးထားလိုက်သည်။
အရွက်ကြီးဖြစ်တဲ့ 65000ကျပ်ကိုလဲ သရေပင်နဲ့ စီးကာ စာရင်းစာအုပ်မှာ
ရက်စွဲတိတိကျကျရေးပီး ရောင်းရငွေစာရင်းမှာ ဖြည့်ထားလိုက်သည်။
သရက်သီး သည် ပထမဆုံးနေ့ မှာတင် ကုန်သွားခဲ့သလို နောက်ရက်အတွက်
လာမှာထားသူတွေတောင်ရှိသည်။
ဒီနေ့ ကောင်းချီတို့ သရက်ခြံ တွင် အလုပ်သမားငှားကာ သရက်သီး စခူးကြတော့မည်ဖြစ်သည်။
သက်ပုံလည်း ခြံထဲလိုက်ကာ videoရိုက်ပီး Editသေချာလုပ်ကာ လိုင်းပေါ်တင်ဖို့ တွေးထားသည်။
" သက်ပုံ မနက်စာစားတော့ ကျွန်တော်
အလုပ်လုပ်အုန်းမယ်"
"ဘာလုပ်မလို့ လဲ…မနက်စာ အတူစားမယ်လေ "
"သနပ်ခါးပင်ဖြတ်မလို့ စားနှင့်"
ပြောပီးခုံကနေ ထပီးထွက်သွား၏။
သက်ပုံ မကျေမနပ် မျက်မှောင်ကုတ်လိုက်သည်။
ခေါင်းရင်းမှာ အတန်းလိုက်စိုက်ထားတဲ့
သနပ်ခါးပင်တွေကိုပါ ကောင်းချီရောင်းစားမလို့ ကြံနေပြန်တာလားဆိုတာ
မတွေးတက်တော့သည်အထိပဲ။
လူကြီးပေါင်လုံးကြီးတွေလောက်ရှိတဲ့ သနပ်ခါးပင်တွေသည် ကောင်းချီအဖေမဆုံးပါးခင်က ကောင်းချီအမေအတွက် တယုတယ စိုက်ပျိုးခဲ့သည်တဲ့။
ဒီလို အမှတ်တရများစွာရှိတဲ့ အပင်တွေကို
ရောင်းစားဖို့ တော့ မဖြစ်သင့်ပေ။
ပြီးတော့ သနပ်ခါးဆိုတာ ခနလေးနဲ့ အပင်ဖြစ်တဲ့ အမျိုးမဟုတ်။ ၉နှစ်၁၀နှစ်ကြာအောင် စိုက်လာခဲ့ပီးမှ ခုတော့ ရောင်းစားမယ်ဆိုတော့ နှမြောစရာကောင်းလွန်းလှသည်။
ခြံစည်းရိုးသဖွယ် စိုက်ထားသည်မို့
၁၅ပင်ထက်မနည်းတဲ့ သနပ်ခါးပင်တွေသည် တကယ်ရောင်းစားရင် တပင် တသိန်းလောက် တန်နိုင်သည်မို့ ကောင်းချီလောဘကြီးနိုင်သည်။
ခပ်နွေးနွေး ဖန်ကဲလေးကို မော့သောက်ရင်း မနက်စာကို ဝတ္တရားမပြတ် စားလိုက်သည်။
ဆေးကြောစရာတွေဆေးကြောပီး
စားပွဲပေါ်က ပိုက်ဆံတွေယူကာ အခန်းတွင်းဝင်လိုက်သည်။
ရွှေညိုရောင် ပေါလစ်သုတ်ထားတဲ့
ကျွန်းဗီဒို ကြီးသည် မြို့ တွေလို လက်ရာမမြောက်ပေမဲ့ ကနုတ်ပန်းခပ်ကျဲကျဲနဲ့
ကျွန်းသားစစ်စစ်ကို သေချာရိုက်ထားသည်မို့ ဈေးကတော့ အတော်ပေးထားရသည်။
တံငါကုန်းရွာတွင် သစ်ဝါးပေါသည်မို့
အိမ်တော်များများသည် ပျဉ်ထောင်ပျဉ်ခင်းအိမ်တွေများသည်။
ဗီဒိုတံခါး ကို ဖွင့်လိုက်တော့ သပ်ရပ်စွာခေါက်ထားတဲ့ အဝတ်အထည်တွေကို
တွေ့ ရသော်လဲ သက်ပုံကတော့ အောက်နားလေးမှာ သော့ပိတ်လို့ ရတဲ့ အံဝှက်လေးကိုသာ လက်လှမ်းလိုက်သည်။
သော့ဖွင့်ကာ အံဝှက်ကို ဆွဲထုတ်လိုက်တော့စီထည့်ထားတဲ့ ပိုက်ဆံတွေ ကိုတွေ့ ရသည်။ ထိုပိုက်ဆံတွေက ကောင်းချီမြို့ မှာ အလုပ်လုပ်ခဲ့တဲ့ ပိုက်ဆံအပြင် ကုန်စိမ်းကူးတဲ့ အမြတ်တွေ နဲ့ သက်ပုံ ပိုက်ဆံတွေသာဖြစ်သည်။
လက်ထဲက ကိုင်ထားတဲ့ ခြောက်သောင်းကျော်ကို သရေပင်နဲ့ စီးထားရက်အတိုင်း အံဝှက်ထဲ ပစ်ထားပီး အမြန်သော့ခတ်သိမ်းလိုက်သည်။
သော့ကို ခေါင်းအုံးအောက်ထိုးထည့်ကာ
ခြေလှမ်းတို့ က ကောင်းချီရှိမဲ့ ခေါင်းရင်း
ကိုပင်။
"ကောင်းချီ အကုန်ဖြတ်မှာလား နှမြောစရာကြီး မရောင်းပါနဲ့ လား။ ငါတို့ ငွေလိုနေတာမှမဟုတ်တာ "
အလယ်နားလောက်က ခပ်ကြီးကြီးအပင်ကို လွနဲ့ ဖြတ်နေသည်မို့ နှမြောတသစွာတားလိုက်မိသည်။
ကောင်းချီကတော့ မနက်ခင်းနေရောင်အောက်တွင် ချွေးတရွဲရွဲနဲ့ အသည်းအသန်
မြေကြီးပေါ် ဒလပေထိုင်ကာ အရင်းကနေဖြတ်နေသည်။
"မရောင်းပါဘူး ဘယ်သူက ရောင်းစားမယ်ပြောနေလို့ လဲ "
"ဒါဆို မင်းကဘာလို့ ဖြတ်နေတာလဲ "
"ခင်များလိမ်းဖို့ ပေါ့ မဟုတ်ရင် သနပ်ခါးပင်တွေဖြတ်ပီး ကျွန်တော်က ဘာလုပ်ရမှာလဲ "
"မင်း အပင်ပန်းခံပီး လျှောက်လုပ်နေပြန်ပီငါမှသနပ်ခါးမကြိုက်တာ"
ကောင်းချီနဲ့ မလှမ်းမကမ်းမှာ ဖိနပ်ကလေးဖင်ခုထိုင်ကာ သက်ပုံပြောလိုက်သည်။
"သက်ပုံ မြေကြီးပေါ်မထိုင်နဲ့ ဖုန်တွေပေကုန်မယ် "
"ပေပေပေါ့ မြေကြီးပေတာလောက်များ "
"ပေလို့ မရဘူး အခုထ ။ သက်ပုံကို ဖုန် တမှုန်ပေတာတောင် ကျွန်တော်မကြိုက်ဘူး။ နောက်ကိုမြေကြီပေါ်ကို လက်လွှတ်စပယ်မထိုင်နဲ့ သက်ပုံ။ "
ကောင်းချီ မျက်ခုံးတွေက အလိုမကျစွာတွန့် ကွေးနေသည်။
ကောင်းချီက အမြဲထိုအတိုင်းပင်ဖြစ်သည်။
သက်ပုံနဲ့ ကောင်းချီသည် လင်မယားတွေဖြစ်လင့်ကစား ဘယ်သောအခါမှသာတူညီမျှမဖြစ်ဘူးပေ။
အထက် နှစ်ဆင့် သို့ မဟုတ် သုံးဆင့်လောက် ပိုမြင့်အောင်ထိ သက်ပုံကို ကောင်းချီက အမြင့်မှသာ ထားချင်သူဖြစ်သည်။
တင်ပါးမှပေနေတဲ့ဖုန်တွေကိုခါထုတ်ရင်း
သက်ပုံ မတ်တပ်ရပ်လိုက်သည်။
ထိုအခါမှ
"ခြေလက်တွေကိုပါ တခါထဲဆေးလိုက်
သက်ပုံ ။ ကျွန်တော်ဒါဖြတ်ပီးရင် အိမ်ထဲလာခဲ့မယ်။ နေပူတယ်ဝင်တော့။
ရေတင်ထားပီးသား ရေချိုးမယ်ဆို ချိုးချင်ချိုးလိုက် ။ "
လုပ်လက်စရပ်ပီးမှာနေသည်မို့ ခေါင်းညိတ်ပြကာ
"ငါဟင်းချက်မလို့ ဒီနေ့ ဘာဝယ်ထားလဲ "
"တောဝက်သား ရလို့ ဝယ်လာလိုက်တာ
တဝက်ကို ပြုတ်ကျော်လုပ်ထားလိုက် ကျန်တဲ့တဝက်ကို အာလူးသီးလေးနဲ့ ရောချက်ပေး။ ချဉ်ပေါင်ရွက် နဲ့ မျှစ်နဲ့ အချဉ်ချက်
"
သက်ပုံ ခေါင်းညိတ်ပြပီး အိမ်ထဲဝင်ခဲ့လိုက်သည်။ နဂိုကတည်းက သက်ပုံကအချက်အပြုတ်ဝါသနာပါသည်မို့ မီးဖိုချောင်ကို
သက်ပုံဝင်ဖို့ ကောင်းချီက ခွင့်ပြုထားပီးသား။ဒါတောင် မနက်ခင်းထမင်း တအိုးကိုတောင် ကောင်းချီက ဆွမ်းလောင်းဖို့ ချက်ရင်းတခါထဲချက်ထားပေးပီးသားမို့
ထပ်ချက်စရာမလိုတော့ပေ။
မိုးလင်းတာနဲ့ တခြံလုံးအမှိုက်တစမရှိဘူး။
ကောင်းချီကပြောင်ရှင်းနေအောင်လှဲကျင်းထားတက်သည်။
သောက်ရေအိုးဆိုရင် မိုးလင်းတာနဲ့ ရေအပြည့်။
သွက်လက်စွာ မြေအိုးထဲက မီးမသေသေးတဲ့မီးသွေးခဲတွေကိုထုတ်ပီး မီးဖိုထဲထည့်ကာ မီးသွေးနဲ့ မီးထပ်ပွားထားလိုက်သည်။
တိုင်မှာချိတ်ထားတဲ့ ဝက်သားထုတ်ကိုဖြုတ်ကာ အသားများတဲ့ဖက်ကို လှီးပီးပြုတ်
ဖို့ အိုးတအိုးပြင်လိုက်သည်။
ကျန်အဆီအနည်းငယ်နဲ့ အသားရောရာကို အတုံးသေးသေးလုပ်ကာ ရေသေ ချာဆေးပီး ဆားအချိုမှုန့် နဲ့ နှယ်ထားလိုက်ပီး အိုးထဲထည့်ကာ ပစ်ထားလိုက်သည်။
ဂျင်းကြက်သွန်ဖြူ နိုင်နိုင်ထောင်းကာ
ကြက်သွန်နီ နှစ်ဥ ခရမ်းချဉ်သီး နှစ်လုံးလှီးထားပီး ဝက်သားအိုးကို လှန်ကြည့်လိုက်၏။
ထွက်လာတဲ့ အညှီရေတချို့ ကိုသွန်ပစ်ပီး အသားသီးသန့် စစ်ပီး ထောင်းထားတဲ့ ဂျင်းကြက်သွန်ဖြူနဲ့ နှယ်ကာ ကြက်သွန်နီ ခရမ်းချဉ်သီးတို့ ကိုထည့်လိုက်သည်။
ဆီ ကြာညို့ နဲ့ နနွမ်းမှုန့် အနည်းငယ်ကိုလိုအပ် သလောက်ထည့်ပီးမီးဖိုပေါ်တင်လိုက်သည်။
တခါထဲ ချဉ်ပေါင်အိုးကိုပါပြင်ထားပီး
အဆင်သင့်လုပ်ထားကာမီးဖိုချောင် သန့် ရှင်းရေးကို ပါလုပ်လိုက်သည်။
တစ်နာရီးနီးပါးခန့် ကြာပီးနောက်မှာ
ဟင်းတွေကျက်ပြီးသွားပီမို့ ဝက်သားပြုတ်အိုးကိုမီးဖိုပေါ်တင်ကာ ရေချိုးဖို့ ပြင်လိုက်သည်။
"သက်ပုံ သက်ပုံရေ "
"အခန်းထဲမှာ ငါက "
အသံပြုပီး မကြာခင်မှာ သေချာဆေးကြောထားတဲ့ သနပ်ခါးခြမ်းကို ကိုင်ကာ ဝင်လာ၏။
"ရေချိုးတော့မလို့ လား "
"အင်း … စောစောချိုးထားလိုက်တော့
မလို့ လေ။ ငါ့ကို ဘာခိုင်းမလို့ လဲ "
ရေဝတ်လဲဖို့ ပုဆိုးအဟောင်းတထည်ကို
အခန်းထောင့်နားက အဝတ်စင်ပေါ်ကလှမ်းယူရင်း မေးလိုက်သည်။
အခန်းတွင်းသည် ယောကျာ်းလေးနှစ်ယောက်နေသော်ငြားလဲ ကောင်းချီရော သက်ပုံရော အသန့် ရှင်းကြိုက်တဲ့သူများဖြစ်တာကြောင့် သူ့ နေရာနဲ့ သူပစ္စည်းများက
အစီအရီ တင်ထားသလို အဝတ်အစားတို့ သည်လဲ တို့ လို့ တွဲလောင်း တထည်တောင်မရှိပေ။
ပတ်ဝန်းကျင်သည် လှပသော ချစ်ခြင်းမေတ္တာတခုကို ဘာကြောင့် အရောင်ဆိုးချင်ရသလဲ သက်ပုံမသိပါ။
ကောင်းချီသည် အနေထိုင်တည့်တန့် သလို မကောင်းတဲ့အကျင့်တစုံတရာမရှိပေ။ သက်ပုံလဲ ထို့ အတူပင် မှားယွင်းစွာ
မျိုးတူယောကျာ်းတစ်ယောက်ကို ချစ်မိသည်ကလွဲရင် အနေအထိုင်သိမ့်မွေ့ ပီး
ဘဝကို ရိုးရှင်းစွာဖြတ်သန်းချင်စိတ်ရှိသူသာဖြစ်သည်။
"သက်ပုံ ! "
"အမ်"
"ဘာကြည့်နေတာလဲ ရေချိုးတော့လေ။
သက်ပုံပြီးမှ ကျွန်တော် ချိုးမယ် "
ကောင်းချီလှမ်းပေးတဲ့ တဘတ်ကလေးကို ယူကာ ခေါင်းညိတ်ပြလိုက်သည်။
မျက်လုံးကတော့ ရေဆေးထားလို့ စိုနေဆဲဖြစ်တဲ့ အပွေးထူတဲ့ သနပ်ခါးခြမ်းဆီမှာပင်။
ကောင်းချီအကြောင်း သိနေပီးသားဖြစ်တဲ့
သက်ပုံကတော့ ရေချိုးပီးရင် လိမ်းရမဲ့ သနပ်ခါးအကြောင်းကိုတွေးမိပီးရင်မောနေရသည်။
သနပ်ခါးကို မကြိုက်တာထပ် လိမ်းပီးရင်
မျက်နှာကြီးတင်းကာနေရခက်နေသည်ကို
မကြိုက်တာဖြစ်သည်။
ရှိစေတော့။
ကောင်းချီလေးသည် ခရေပန်း ရနံ့ လေး တွေကို ချစ်သလို သနပ်ခါးနံ့ ကို ကြိုက်သည်မို့ သက်ပုံကလဲ သဘောကျကျမကျကျ
ကောင်းချီစိတ်ချမ်းသာအောင် ကြိုက်ပေးရမည်ဖြစ်သည်။
ထို့ မှသာ လင်နဲ့ မယား လျှာနဲ့ သွားဆိုသလို လိုက်ဖက်နေမှာပင်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz