ZingTruyen.Xyz

အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)

12

eainsi23

" စိန္တလံုး ဆိုတာနဲ ့ေစ်းႀကီးေပးဝယ္စားႀကာ အျပစ္ေတာ့မဆိုသာဘူး ။ အနံ ့ေရာ
အရသာေရာ လံုးဝ ေျပာစရာမရွိဘူး။ ေမႊးပီးခ်ိဳေနတာပဲ "

ခက္ရင္းနဲ ့က်က်နနထိုးထားတဲ့ ေရႊဝါေရာင္ သရက္သီးစိတ္ကေလးကို ႀကည့္ကာ
သက္ပံု ေကာင္းခ်ီကို လွမ္းေျပာလိုက္၏။။

တခ်က္တခ်က္ေဝ့တိုက္လိုက္တဲ့ ေလနဲ ့အတူ ခေရပန္းျဖဴျဖဴေလးေတြက တလြင့္လႊင့္ေႀကြက်လာသည္။
ေျမႀကီးဝါဝါေပၚမွာ  အျဖဴေရာင္ ခေရပန္းပြင့္ေလးေတြပ်ံ ့က်ဲေနတာ သိပ္လွသလို

အျဖဴေရာင္ ျမင္းေခါင္းတံဆိပ္ စြပ္က်ယ္နဲ ့
ပုဆိုးတိုတို ဝတ္ထားတဲ့ ေယာက်ာ္းတစ္ေယာက္
ခေရပန္းေကာက္ေနပံုမွာ ဆန္ ့က်င့္ဖက္အရာနွစ္ခုကို တြဲျမင္ရသလို သိပ္လိုက္ဖက္မူ ့မရွိေပမဲ့ ႀကည့္ေကာင္းေနသည္။။

ေကာင္းခ်ီက  ခေရေတြကို ခ်စ္တယ္တဲ့။

ေႀကြက်ေနတဲ့ ခေရေတြကို ျမင္ရင္  ေကာင္းခ်ီက ပန္မဲ့သူမရွိေပမဲ့ မေကာက္ပဲမေနနိုင္။
တယုတယ ေကာက္ကာ  စတီးလင္ဗန္း
ထဲကို ဘာရယ္မဟုတ္ ထည့္ပံုထားတက္သည္။
ေကာင္းခ်ီညီမ ျမသက္ ကတခါတေလ လာလာယူတက္ေပမဲ့ အျမဲတမ္း ဗန္းထဲမွာ ခေရပန္းေတြ ညိဳးေလ်ွာ္ေနတက္သည္။
ေျခာက္ေသြ ့သြားသည့္တိုင္ အနံ ့ရေနတက္ေသာ ခေရပန္းေတြကို ေကာင္းခ်ီလို ပဲ သက္ပံုလည္းခ်စ္သည္။

ေကာင္းခ်ီတို ့အိမ္ေရွ  ့တြင္ ရွိသည့္ ခေရပင္အိုသည္ လမ္းသြားလမ္းလာတို ့ကို ေန ့အခ်ိန္မွာ ေအးျမေစသကဲ့သို႔
ညအခ်ိန္မွာဆိုရင္ သက္ပံုတို ့နွစ္ေယာက္အတြက္  အပင္ေအာက္က
ကြပ္ပ်စ္ကေလးက နားခိုရာျဖစ္ေစခဲ့သည္။

"သက္ပံု ႀကိဳက္ရင္ … အိမ္မွာ ထပ္စိုက္ေပးမယ္ေလ။ ျပီးေတာ့ ဘာႀကိဳက္ေသးလဲ။
သရက္ျခံ ေထာင့္ မွာ ငွက္ေပ်ာပင္ေတြ
လည္း ရွိတယ္ … သက္ပံု ကိုလိုက္မျပခဲ့ရဘူး ေမ့သြားတယ္ ေနာက္တေခါက္က်  လိုက္ျပမယ္။ "

လက္ခုပ္တခုပ္စာ အျပည့္ျဖစ္ေနတဲ့  ခေရျဖဴေတြကို  သက္ပံုနားမွာ ခ်ေပးရင္း
ေျပာသည္။

" အင္း … သလဲသီးပင္စိုက္ေပးအုန္း ။ ငါႀကိဳက္တယ္ အဲ့အသီးကို "

ခက္ရင္းနဲ ့ထိုးယူလိုက္တဲ့ သရက္သီးစိတ္ေလးကို ေကာင္းခ်ီ ပါးစပ္းဖ်ားသို ့ ခြံ ့ေပးလိုက္ေတာ့ ေကာင္းခ်ီက လိမ္လိမ္မာမာ ပင္ေက်ြးသမ်ွစားေနသည္။
အစားအေသာက္ဂ်ီမမ်ားေပမဲ့ ေကာင္းခ်ီက အစားနည္းသည္။

"ဒီတခါ ကိုထက္  ျမိဳ ့ေလး ကိုသြားရင္ မွာလိုက္မယ္။  ဘာလိုအပ္ေသးလဲ"

"ေတာ္ပီေလ ။ မလိုေတာ့ဘူး ။ မင္း
ငါ့ကိုပဲ ဝယ္ေပးမေနနဲ ့ ကိုယ့္ဘာသာကိုပဲဝယ္ဝတ္စမ္းပါ။ အျမဲ လက္ေဆာင္ရတဲ့
အက်ၤ ီေတြပဲဝတ္မေနဲ ့ "

သက္ပံုေျပာေတာ့  ေကာင္းခ်ီက  သေဘာက်စြာ ရယ္လိုက္သည္။
အျမဲ တည္တန္ ့ေနတဲ့ မ်က္နွာက
ပင္ပန္းမူ ့ ေခ်ြတာမူ ့တို ့ေႀကာင့္ အနည္းငယ္ ရုပ္ရည္ ရင့္ေနသလို ျဖစ္ေနေပမဲ့
ရယ္ေမာလိုက္တဲ့အခါ ေပၚလာတက္တဲ့
သြားစြယ္ေလးေတြေႀကာင့္ တမ်ိဳးေလးျဖစ္သြား၏။

ရွားပါးအျပံဳးေလးမို ့ ေသခ်ာေအာင္ရင္ထဲ စြဲျမဲမွတ္ထားရင္း 

"ေကာင္းခ်ီေလးကို အရမ္းခ်စ္တာပဲ "

လို ့ ေျပာလိုက္မိသည္အထိ  သက္ပံု
က်ရွဳံ း  သြားခဲ့၏။

"က်ြန္ေတာ္က ပိုခ်စ္ရတာပါ… "

ျပန္ေျပာလာတဲ့ ေကာင္းခ်ီမ်က္လံုးထဲတြင္
ျမတ္နိုးမူ ့မ်ားက ေသခ်ာမႀကည့္ပဲနဲ ့ေတာင္ သက္ပံုျမင္ေနရသည္။
ေကာင္းခ်ီက  သက္ပံုကို ခ်စ္စကားတီတီတာတာေတြ မေျပာတက္ေပမဲ့ …
အႀကည့္ေတြနဲ ့တင္ လံုျခံဳစိတ္ခ်မူ ့ေပးတက္သည္။
အရင္ကဆို ေကာင္းခ်ီ အခ်ိန္တန္ရင္ ပစ္သြားမွာလားဆိုတဲ့ အေတြးေတြဝင္မိေပမဲ့ တျဖည္းျဖည္းအတူေနတာအခ်ိန္ေတြႀကာလာပီး ေကာင္းခ်ီ အေႀကာင္းနားလည္လာေတာ့ 
ေျပာစရာမလိုပဲ သိလာတာ

ေကာင္းခ်ီဆိုတာ ထာဝရ ငါ့တစ္ေယာက္ထဲကို ပဲ ခ်စ္မွာဆိုတာကိုပဲ …

" ဆယ္နာရီေတာင္ ထိုးေတာ့မယ္ အိပ္ရေအာင္ သက္ပံု "

ရြာလယ္ နာရီစင္ရဲ့  ၁၀ခ်က္ေျမာက္ တီးလံုးသံအျပီးမွာ ေကာင္းခ်ီက   သက္ပံုလက္ေလးကို ကိုင္ရင္းေျပာလာသည္။

"အင္း အိပ္မယ္ေလ ။ မနက္က်  ဦးသာခ်ိဳဆိုင္က  ပဲနံျပားနဲ ့
လက္ဖက္ရည္ ဖန္ကဲေလး ေသာက္မွာေနာ္ "

"ဟုတ္ကဲ့ပါဗ်ာ ။ မနက္က် ခ်စ္တဲ့ သက္ပံု မနိုးေသးခင္  က်ြန္ေတာ္ ေစာေစာ သြားဝယ္ထားပါ့မယ္ ေက်နပ္ပီလား"

လက္ဖ်ားကေန အားထည့္ဆြဲထူေပးလိုက္မွ အပ်င္းႀကီးတဲ့ သက္ပံုေလးက ထိုင္ရာမွထလာသည္။  တံငါကုန္းေရာက္မွ
သက္ပံုတစ္ေယာက္ဟာ အနည္းငယ္ေတာင္ မ်က္နွာေလးျပည့္လာသည္။
ဆူမဲ့ပူမဲ့သူမရွိသလို ေကာင္းခ်ီကလည္း
ေဘးျဖစ္မဲ့အရာကလြဲပီး
က်န္တာအကုန္လံုး သက္ပံုသေဘာ
သက္ပံု စိတ္တိုင္းက်သာျဖစ္ေစခဲ့သည္။
မနက္ဆို အိပ္ပုတ္ႀကီးတဲ့ သက္ပံု က
အေစာႀကီး မနိုးတက္သလို ညကတည္းက  စားခ်င္တာမွန္သမ်ွကို စာရင္းျပဳစုကာ
ေကာင္းခ်ီကိုဝယ္ထားေစသည္။

"အဲ့ဒါေတြေႀကာင့္ ငါ့ရဲ့ ေကာင္းခ်ီေလးကို ခ်စ္ေနရတာ "

" အျမဲတမ္း တသက္လံုး ခ်စ္နိုင္ပါေစဗ်ာ ကဲ လာအိမ္ထဲဝင္ရေအာင္ "

ခပ္မာမာ လက္ေမာင္းတဖက္ကို တြဲခိုရင္း
သက္ပံု   သူတို ့နွစ္ေယာက္ရဲ့ နားခိုရာ
အိမ္ေလးထဲကို ဝင္ခဲ့၏။
အိမ္ေလးသည္ အရင္ကလို ဘာမွမရွိတဲ့
အိမ္မဟုတ္ေတာ့ျပီ။

မီးဖိုေခ်ာင္ မွာလဲ အိုးခြက္ပန္းကန္ စံုေနပီး
ညဗိုက္ဆာတက္တဲ့ သက္ပံုအတြက္
ဂတ္စ္နဲ ့ခ်က္ရတဲ့မီးဖိုေသးေသးေလးကို အလြယ္တကူခ်က္ရေအာင္ ေကာင္းခ်ီက ဝယ္ေပးထားေသးသည္။
ကုန္သြားတဲ့ ဂတ္စ္ဘူးေတြကို ျမိဳ ့ေလးသြားရင္ ယူျဖည့္ရတာျဖစ္ေပမဲ့  ဗိုက္ဆာရင္ အလြယ္တကူ ေခါက္ဆြဲျပဳတ္ စားတက္လြန္းတဲ့ သက္ပံုကေတာ့ အဆင္ေျပသြားသည္။

ျပီးေတာ့ အခန္းထဲမွာလဲ  သက္ပံုအတြက္
မွန္တင္ခံု နဲ ့ ဘီဒိုခပ္ႀကီးႀကီး တလံုးကိုလဲဝယ္ေပးထားေသးသည္။
မိန္းကေလးမွမဟုတ္တာ မွန္တင္ခံု
ဝယ္ေပးစရာမလို ဘူးလို ့ေျပာတုန္းက
ေတာသူေဌးေပါက္စက ေဒါသတႀကီး
ျငင္းပယ္ခဲ့၏။

"မိန္းမ ေယာက်ာ္း ကြဲျပားစြာ သံုးရတဲ့
ပစၥည္းေတြက လြဲရင္ ( ဖိနပ္… အက်ၤ ီ…ပိုက္ဆံအိတ္ …စတဲ့ မိန္းမအသံုးအေဆာင္မ်ား) အကုန္ ခင္ဗ်ားကို လိုေလစိတ္မရွိေအာင္ဝယ္ေပးခ်င္တာတဲ့ "

တကယ္လည္း ေကာင္းခ်ီက တျဖည္းျဖည္းနဲ ့
အိမ္မွာေနခဲ့ရသလို ထားခ်င္ေနမွန္း သက္ပံုရိပ္မိလာေပမဲ့ မလိုအပ္ဘူးလို ့မေျပာခ်င္ခဲ့ေပ။
အရင္ကတည္းက ေကာင္းခ်ီက
သူ ့ကိုယ္သူေတာင္ အငတ္ေနပီး သက္ပံုကို ဝယ္ေပးခဲ့တာမ်ားသည္မို ့ ခုလို တလကို ၁၀သိန္းနီးပါးဝင္ေငြရွိေနတဲ့ အခ်ိန္ေတြဆိုရင္ေျပာမေနနဲ ့။

ရြာမွာေနရသည္ဆိုေပမဲ့ သက္ပံု က
တကယ္ကို ဇိမ္က်က်နဲ ့ေနရေအာင္ထိ
ေကာင္းခ်ီက ျဖည့္ဆည္းေပးပါသည္။
ခုဆို  ရြာမွာ စီးပြားရွာေတာ္တဲ့  ေကာင္းခ်ီ သတင္း က ေမႊးေနျပီမို ့ သမီးရွင္ေတြေတာ္ေတာ္မ်ားမ်ား မ်က္ေစာင္းထိုးေနႀကပီျဖစ္သည္။

သက္ပံုကေတာ့  ေကာင္းခ်ီကိုစိတ္ခ်ထားပီးသားပါ။ ေကာင္းခ်ီက သက္ပံုကလြဲရင္
သူ ့ကိုသူေတာင္ သိပ္ႀကည့္တာမဟုတ္လို ့ဘာေတြဘယ္လို ျမဴဆြယ္ဆြယ္ မ်က္စိစံုမွိတ္အိပ္လို ့ေတာင္ရသည္။

"သက္ပံု အိပ္လို ့မရဘူးလား"

အေတြးတို ့က ေကာင္းခ်ီ အသံႀကားမွ 
အသိဝင္လာသည္။
ပန္းနုေရာင္ အိပ္ယာထပ္မွာ ဖက္လံုးကို က်က်နနဖက္အိပ္ေနတဲ့ သက္ပံုကို
ေကာင္းခ်ီက ေဘးကေန ႀကည့္ေန၏။
ခ်စ္စရာေကာင္းတဲ့ ေကာင္းခ်ီက ဖက္လံုးကအစျပည့္စံုေအာင္ထားေပးသည္မို ့
ညဆို နွစ္ေယာက္အလယ္ေခါင္မွာ ဖက္လံုးက ဖ်က္လို ့ဖ်က္စီး ျဖစ္ေန၏။
အလိုမက်စိတ္တို ့နဲ ့နုတ္ခမ္းစူကာ 

"ရဘူး မင္းမွ ငါ့ကို ဖက္မအိပ္တာ" 

ဟု ခပ္ေစာင့္ေစာင့္ေျပာလိုက္သည္။
ေကာင္းခ်ီက အေတာ္ႀကာ စူးစိုက္ႀကည့္ေနပီးမွ

"ပူတယ္ေလ ခင္မ်ားရယ္… အခန္းထဲမွာ
ပန္ကာထည့္ေပးခ်င္ေပမဲ့ က်န္းမာေရးအတြက္ေရရွည္မေကာင္းနိုင္ဘူး အဲ့ဒါေႀကာင့္ ခင္မ်ားနား မကပ္တာပါ။ က်ြန္ေတာ္ဖက္ရင္ ခင္မ်ား ေနရခက္မွာစိုးလို ့ပါ "

က်စ္ ! အဲ့ေကာင္းခ်ီတစ္ေယာက္ဟာေလ
တံုးတဲ့ေနရာမွာ နွစ္ေယာက္ကို မရွိဘူး။
ကိုယ္မွ မစရင္ ေရွ ့ဆက္ရဖို ့မျမင္တာေႀကာင့္ လက္ထဲက ဖက္လံုးကို လႊင့္ပစ္ကာ
ခ်စ္စရာေကာင္းတဲ့ ေကာင္းခ်ီေလးကို ေျပာင္းဖက္အိပ္လိုက္သည္။
ထိုအခါမွ ေထြးဖက္လာသူက သူမဟုတ္တဲ့အတိုင္း ပင္။

ျပတင္းေပါက္ကေနတခ်က္တခ်က္ ဝင္လာတဲ့ ေလေအးေအးေႀကာင့္ ထင္သေလာက္ မပူေပ။
လင္မယားပဲ ပူလဲ ဘာအေႀကာင္းဆန္းလဲ။
ေယာက်ာ္းယူပါတယ္ဆိုမွ ဖက္လံုးဝယ္ေပးရတယ္လို ့ ။
ဖက္လံုးကိုဖက္ခ်င္မွေတာ့
အစကတည္းက ေယာက်ာ္းမယူဘူး။

--------------

နုိးေနက်အခ်ိန္ေရာက္ေတာ့ ေကာင္းခ်ီ
မ်က္လံုးက ေအာ္တို ပြင့္လာသည္။
ဘယ္ေလာက္ အိပ္ယာဝင္ေနာက္က်က်
ေကာင္းခ်ီက မနက္ေလးနာရီဆိုနိုးေပါ့။

ညဦးပိုင္းသာ ပူတာ မနက္လင္းခါနီးဆို ခ်မ္းစိမ့္စိမ့္ မို ့ရင္ခြင္ထဲမွာ ေကြးေကြးေလးအိပ္ေနတဲ့ သက္ပံုကို ဖြဖြေလးထုတ္ကာ
ေစာင္းပါးေလးျခံဳေပးလိုက္သည္။
ညက လူေငြ ့ေႀကာင့္ အနည္းငယ္ပူအိုက္ခဲ့ေပမဲ့ သက္ပံုက သူ ့ေဘးနားကေန
နည္းနည္းေတာင္မခြာေပ။
ေခြ်းေစးေတြျပန္လာတဲ့ နဖူးေလးေႀကာင့္ … ေကာင္းခ်ီမွာ ယပ္ေတာင္ ထယူကာ
တနာရီနီးပါးႀကာေအာင္ ခပ္ေပးခဲ့ရတာကို 
အိပ္ေပ်ာ္သြားသူကေတာ့ သိမည္မထင္။

ပထမဆံုး မ်က္နွာသစ္သြားတိုက္ပီးတြင္ ဆြမ္းေလာင္းဖို ့နဲ ့ ေနခင္းစာအတြက္ ထမင္းတအိုးတည္လိုက္သည္။
ျခံဝန္းအတြင္း သန္ ့ရွင္းေရးလုပ္  ေသာက္ေရအိုးေတြ ေရျဖည့္ပီးခ်ိန္တြင္
ထမင္းအိုးပြက္လာ၏။

အဖံုးဖြင့္ပီး ပြက္ပြက္ဆူေနတဲ့ ထမင္းအိုးကို
ေယာင္းမနဲ ့ေမႊလိုက္သည္။ အေတာ္ႀကာ
မွ မာမမာ ႀကည့္ပီး  ငွဲ ့ခ်လိုက္သည္။
အကုန္အျပီးအစီးပီးေတာ့  ၅နာရီထိုးခါနီးေနပီျဖစ္သည္။

နာရီႀကည့္ေနတုန္း ဆိုင္ကယ္သံႀကားလိုက္ရသည္မို ့… ျခံတံခါးဖြင့္ထြက္လိုက္သည္။ ျခံေထာင့္ နားက ေျမကြက္လပ္မွာ
ကိုထက္က ေနာက္ကသရက္သီး ေတာင္းတင္ထားတဲ့ ဆိုင္ကယ္ကိုရပ္ကာ သူ ့ကိုေစာင့္ေန၏။

ေစ်းထိပ္ေနရာမွာ ေနရာဦးဖို ့ ေစာေစာ လာခဲ့သည္မို ့ ေစ်းသည္တစ္ေယာက္စနွစ္ေယာက္ စ ေရာက္ေနတာကလြဲပီး လူရွင္းေနေသးသည္။
ဒါလဲ ခနပင္ျဖစ္၏။
ေစ်းခင္းေနတုန္းတန္းလန္းနဲ ့ အေတာ္မ်ားမ်ားေရာက္လာႀကကာ ေစ်းသည္ တျဖည္းျဖည္း အသက္ဝင္လာခဲ့သည္။

"ကိုေကာင္း ျပန္ခ်င္ျပန္ေတာ့ သမီးဆက္လုပ္လိုက္မယ္ "

ကိုထက္နဲ ့ သရက္သီးအႀကီးအေသး မိုးကာေပၚေရြးပံု  ေနသည့္ ေကာင္းခ်ီတစ္ေယာက္ ျမသက္အသံႀကားေတာ့ စိတ္ထဲဝမ္းသာသြား၏ ။

"ေရာက္ပီလား … ေဒၚေလး ေအးႀကည္က ဘယ္ေလာက္ေရာင္းတဲ့လဲ "

" အႀကီးကို တစ္ေထာင္ဖိုးသံုးလံုးေရာင္း
အေသးကို ေလးလံုးေရာင္းတဲ့ "

"ေအးေအး ဒါဆိုနင္ပဲဆက္လုပ္လိုက္ေတာ့ … ငါ ဦးသာခ်ိဳဆိုင္သြားမလို ့ "

"ဟုတ္"

ေကာင္းခ်ီ  ေစ်းခင္းတာကို ခနေစာင့္ႀကည့္ေနတုန္းမွာပင္ ေစ်းဝယ္သူတခ်ိဳ ့ေရာက္လာကာ သရက္သီးေရြးေနႀကပီျဖစ္သည္။
အကုန္လံုး ကိုညီမျဖစ္သာလက္အပ္ကာ
ေျခလမ္းတို ့က ေတာင္ရြာက ဦးသာခ်ိဳ လက္ဖက္ရည္ဆိုင္ကိုသာ…

နံျပား က မိုးလင္းတာနဲ ့ကုန္တက္သည္မို ့
ေစာေစာသြားဝယ္မွသာ ရနိုင္သည္။
သက္ပံုႀကိဳက္တဲ့ ပံုမွန္ဖန္ကဲ လက္ဖက္ရည္ေလးရယ္
ပဲနံ ့ျပားေလးရယ္
ကို ေတြးမိသြားေတာ့ ေျခလွမ္းေတြက သြက္လာ၏။

ခ်စ္တဲ့အိမ္စည္။

>>>>>>>><<<<<<<<<

" စိန်တလုံး ဆိုတာနဲ့ ဈေးကြီးပေးဝယ်စားကြာ အပြစ်တော့မဆိုသာဘူး ။ အနံ့ ရော
အရသာရော လုံးဝ ပြောစရာမရှိဘူး။ မွှေးပီးချိုနေတာပဲ "

ခက်ရင်းနဲ့ ကျကျနနထိုးထားတဲ့ ရွှေဝါရောင် သရက်သီးစိတ်ကလေးကို ကြည့်ကာ
သက်ပုံ ကောင်းချီကို လှမ်းပြောလိုက်၏။။

တချက်တချက်ဝေ့တိုက်လိုက်တဲ့ လေနဲ့ အတူ ခရေပန်းဖြူဖြူလေးတွေက တလွင့်လွှင့်ကြွေကျလာသည်။
မြေကြီးဝါဝါပေါ်မှာ  အဖြူရောင် ခရေပန်းပွင့်လေးတွေပျံ့ ကျဲနေတာ သိပ်လှသလို

အဖြူရောင် မြင်းခေါင်းတံဆိပ် စွပ်ကျယ်နဲ့
ပုဆိုးတိုတို ဝတ်ထားတဲ့ ယောကျာ်းတစ်ယောက်
ခရေပန်းကောက်နေပုံမှာ ဆန့် ကျင့်ဖက်အရာနှစ်ခုကို တွဲမြင်ရသလို သိပ်လိုက်ဖက်မူ့ မရှိပေမဲ့ ကြည့်ကောင်းနေသည်။။

ကောင်းချီက  ခရေတွေကို ချစ်တယ်တဲ့။

ကြွေကျနေတဲ့ ခရေတွေကို မြင်ရင်  ကောင်းချီက ပန်မဲ့သူမရှိပေမဲ့ မကောက်ပဲမနေနိုင်။
တယုတယ ကောက်ကာ  စတီးလင်ဗန်း
ထဲကို ဘာရယ်မဟုတ် ထည့်ပုံထားတက်သည်။
ကောင်းချီညီမ မြသက် ကတခါတလေ လာလာယူတက်ပေမဲ့ အမြဲတမ်း ဗန်းထဲမှာ ခရေပန်းတွေ ညိုးလျှော်နေတက်သည်။
ခြောက်သွေ့ သွားသည့်တိုင် အနံ့ ရနေတက်သော ခရေပန်းတွေကို ကောင်းချီလို ပဲ သက်ပုံလဲချစ်သည်။

ကောင်းချီတို့ အိမ်ရှေ့တွင် ရှိသည့် ခရေပင်အိုသည် လမ်းသွားလမ်းလာတို့ ကို နေ့ အချိန်မှာ အေးမြစေသကဲ့သလို့ 
ညအချိန်မှာဆိုရင် သက်ပုံတို့ နှစ်ယောက်အတွက်  အပင်အောက်က
ကွတ်ပျစ်ကလေးက နားခိုရာဖြစ်စေခဲ့သည်။

"သက်ပုံ ကြိုက်ရင် … အိမ်မှာ ထပ်စိုက်ပေးမယ်လေ။ ပြီးတော့ ဘာကြိုက်သေးလဲ။
သရက်ခြံ ထောင့် မှာ ငှက်ပျောပင်တွေလဲရှိတယ် … သက်ပုံ ကိုလိုက်မပြခဲ့ရဘူး မေ့သွားတယ် နောက်တခေါက်ကျ  လိုက်ပြမယ်။ "

လက်ခုပ်တခုပ်စာ အပြည့်ဖြစ်နေတဲ့  ခရေဖြူတွေကို  သက်ပုံနားမှာ ချပေးရင်း
ပြောသည်။

" အင်း … သလဲသီးပင်စိုက်ပေးအုန်း ။ ငါကြိုက်တယ် အဲ့အသီးကို "

ခက်ရင်းနဲ့ ထိုးယူလိုက်တဲ့ သရက်သီးစိတ်လေးကို ကောင်းချီ ပါးစပ်းဖျားသို့  ခွံ့ ပေးလိုက်တော့ ကောင်းချီက လိမ်လိမ်မာမာ ပင်ကျွေးသမျှစားနေသည်။
အစားအသောက်ဂျီမများပေမဲ့ ကောင်းချီက အစားနည်းသည်။

"ဒီတခါ ကိုထက်  မြို့ လေး ကိုသွားရင် မှာလိုက်မယ်။  ဘာလိုအပ်သေးလဲ"

"တော်ပီလေ ။ မလိုတော့ဘူး ။ မင်း
ငါ့ကိုပဲ ဝယ်ပေးမနေနဲ့  ကိုယ့်ဘာသာကိုပဲဝယ်ဝတ်စမ်းပါ။ အမြဲ လက်ဆောင်ရတဲ့
အင်္ကျီတွေပဲဝတ်မနေဲ့  "

သက်ပုံပြောတော့  ကောင်းချီက  သဘောကျစွာ ရယ်လိုက်သည်။
အမြဲ တည်တန့် နေတဲ့ မျက်နှာက
ပင်ပန်းမူ့  ချွေတာမူ့ တို့ ကြောင့် အနည်းငယ် ရုပ်ရည် ရင့်နေသလို ဖြစ်နေပေမဲ့
ရယ်မောလိုက်တဲ့အခါ ပေါ်လာတက်တဲ့
သွားစွယ်လေးတွေကြောင့် တမျိုးလေးဖြစ်သွား၏။

ရှားပါးအပြုံးလေးမို့  သေချာအောင်ရင်ထဲ စွဲမြဲမှတ်ထားရင်း 

"ကောင်းချီလေးကို အရမ်းချစ်တာပဲ "

လို့  ပြောလိုက်မိသည်အထိ  သက်ပုံ
ကျရှုံး  သွားခဲ့၏။

"ကျွန်တော်က ပိုချစ်ရတာပါ… "

ပြန်ပြောလာတဲ့ ကောင်းချီမျက်လုံးထဲတွင်
မြတ်နိုးမူ့ များက သေချာမကြည့်ပဲနဲ့ တောင် သက်ပုံမြင်နေရသည်။
ကောင်းချီက  သက်ပုံကို ချစ်စကားတီတီတာတာတွေ မပြောတက်ပေမဲ့ …
အကြည့်တွေနဲ့ တင် လုံခြုံစိတ်ချမူ့ ပေးတက်သည်။
အရင်ကဆို ကောင်းချီ အချိန်တန်ရင် ပစ်သွားမှာလားဆိုတဲ့ အတွေးတွေဝင်မိပေမဲ့ တဖြည်းဖြည်းအတူနေတာအချိန်တွေကြာလာပီး ကောင်းချီ အကြောင်းနားလည်လာတော့ 
ပြောစရာမလိုပဲ သိလာတာ

ကောင်းချီဆိုတာ ထာဝရ ငါ့တစ်ယောက်ထဲကို ပဲ ချစ်မှာဆိုတာကိုပဲ …

" ဆယ်နာရီတောင် ထိုးတော့မယ် အိပ်ရအောင် သက်ပုံ "

ရွာလယ် နာရီစင်ရဲ့  ၁၀ချက်မြောက် တီးလုံးသံအပြီးမှာ ကောင်းချီက   သက်ပုံလက်လေးကို ကိုင်ရင်းပြောလာသည်။

"အင်း အိပ်မယ်လေ ။ မနက်ကျ  ဦးသာချိုဆိုင်က  ပဲနံပြားနဲ့
လက်ဖက်ရည် ဖန်ကဲလေး သောက်မှာနော် "

"ဟုတ်ကဲ့ပါဗျာ ။ မနက်ကျ ချစ်တဲ့ သက်ပုံ မနိုးသေးခင်  ကျွန်တော် စောစော သွားဝယ်ထားပါ့မယ် ကျေနပ်ပီလား"

လက်ဖျားကနေ အားထည့်ဆွဲထူပေးလိုက်မှ အပျင်းကြီးတဲ့ သက်ပုံလေးက ထိုင်ရာမှထလာသည်။  တံငါကုန်းရောက်မှ
သက်ပုံတစ်ယောက်ဟာ အနည်းငယ်တောင် မျက်နှာလေးပြည့်လာသည်။
ဆူမဲ့ပူမဲ့သူမရှိသလို ကောင်းချီကလဲ
ဘေးဖြစ်မဲ့အရာကလွဲပီး
ကျန်တာအကုန်လုံး သက်ပုံသဘော
သက်ပုံ စိတ်တိုင်းကျသာဖြစ်စေခဲ့သည်။
မနက်ဆို အိပ်ပုတ်ကြီးတဲ့ သက်ပုံ က
အစောကြီး မနိုးတက်သလို ညကတည်းက  စားချင်တာမှန်သမျှကို စာရင်းပြုစုကာ
ကောင်းချီကိုဝယ်ထားစေသည်။

"အဲ့ဒါတွေကြောင့် ငါ့ရဲ့ ကောင်းချီလေးကို ချစ်နေရတာ "

" အမြဲတမ်း တသက်လုံး ချစ်နိုင်ပါစေဗျာ ကဲ လာအိမ်ထဲဝင်ရအောင် "

ခပ်မာမာ လက်မောင်းတဖက်ကို တွဲခိုရင်း
သက်ပုံ   သူတို့ နှစ်ယောက်ရဲ့ နားခိုရာ
အိမ်လေးထဲကို ဝင်ခဲ့၏။
အိမ်လေးသည် အရင်ကလို ဘာမှမရှိတဲ့
အိမ်မဟုတ်တော့ပီ။

မီးဖိုချောင် မှာလဲ အိုးခွက်ပန်းကန် စုံနေပီး
ညဗိုက်ဆာတက်တဲ့ သက်ပုံအတွက်
ဂတ်စ်နဲ့ ချက်ရတဲ့မီးဖိုသေးသေးလေးကို အလွယ်တကူချက်ရအောင် ကောင်းချီက ဝယ်ပေးထားသေးသည်။
ကုန်သွားတဲ့ ဂတ်စ်ဘူးတွေကို မြို့ လေးသွားရင် ယူဖြည့်ရတာဖြစ်ပေမဲ့  ဗိုက်ဆာရင် အလွယ်တကူ ခေါက်ဆွဲပြုတ် စားတက်လွန်းတဲ့ သက်ပုံကတော့ အဆင်ပြေသွားသည်။

ပြီးတော့ အခန်းထဲမှာလဲ  သက်ပုံအတွက်
မှန်တင်ခုံ နဲ့  ဘီဒိုခပ်ကြီးကြီး တလုံးကိုလဲဝယ်ပေးထားသေးသည်။
မိန်းကလေးမှမဟုတ်တာ မှန်တင်ခုံ
ဝယ်ပေးစရာမလို ဘူးလို့ ပြောတုန်းက
တောသူဌေးပေါက်စက ဒေါသတကြီး
ငြင်းပယ်ခဲ့၏။

"မိန်းမ ယောကျာ်း ကွဲပြားစွာ သုံးရတဲ့
ပစ္စည်းတွေက လွဲရင် ( ဖိနပ်… အင်္ကျီ…ပိုက်ဆံအိတ် …စတဲ့ မိန်းမအသုံးအဆောင်များ) အကုန် ခင်များကို လိုလေစိတ်မရှိအောင်ဝယ်ပေးချင်တာတဲ့ "

တကယ်လဲ ကောင်းချီက တဖြည်းဖြည်းနဲ့
အိမ်မှာနေခဲ့ရသလို ထားချင်နေမှန်း သက်ပုံရိပ်မိလာပေမဲ့ မလိုအပ်ဘူးလို့ မပြောချင်ခဲ့ပေ။
အရင်ကတည်းက ကောင်းချီက
သူ့ ကိုယ်သူတောင် အငတ်နေပီး သက်ပုံကို ဝယ်ပေးခဲ့တာများသည်မို့  ခုလို တလကို ၁၀သိန်းနီးပါးဝင်ငွေရှိနေတဲ့ အချိန်တွေဆိုရင်ပြောမနေနဲ့ ။

ရွာမှာနေရသည်ဆိုပေမဲ့ သက်ပုံ က
တကယ်ကို ဇိမ်ကျကျနဲ့ နေရအောင်ထိ
ကောင်းချီက ဖြည့်စည်းပေးပါသည်။
ခုဆို  ရွာမှာ စီးပွားရှာတော်တဲ့  ကောင်းချီ သတင်း က မွှေးနေပြီမို့  သမီးရှင်တွေတော်တော်များများ မျက်စောင်းထိုးနေကြပီဖြစ်သည်။

သက်ပုံကတော့  ကောင်းချီကိုစိတ်ချထားပီးသားပါ။ ကောင်းချီက သက်ပုံကလွဲရင်
သူ့ ကိုသူတောင် သိပ်ကြည့်တာမဟုတ်လို့ ဘာတွေဘယ်လို မြူဆွယ်ဆွယ် မျက်စိစုံမှိတ်အိပ်လို့ တောင်ရသည်။

"သက်ပုံ အိပ်လို့ မရဘူးလား"

အတွေးတို့ က ကောင်းချီ အသံကြားမှ 
အသိဝင်လာသည်။
ပန်းနုရောင် အိပ်ယာထပ်မှာ ဖက်လုံးကို ကျကျနနဖက်အိပ်နေတဲ့ သက်ပုံကို
ကောင်းချီက ဘေးကနေ ကြည့်နေ၏။
ချစ်စရာကောင်းတဲ့ ကောင်းချီက ဖက်လုံးကအစပြည့်စုံအောင်ထားပေးသည်မို့ 
ညဆို နှစ်ယောက်အလယ်ခေါင်မှာ ဖက်လုံးက ဖျက်လို့ ဖျက်စီး ဖြစ်နေ၏။
အလိုမကျစိတ်တို့ နဲ့ နုတ်ခမ်းစူကာ 

"ရဘူး မင်းမှ ငါ့ကို ဖက်မအိပ်တာ" 

ဟု ခပ်စောင့်စောင့်ပြောလိုက်သည်။
ကောင်းချီက အတော်ကြာ စူးစိုက်ကြည့်နေပီးမှ

"ပူတယ်လေ ခင်များရယ်… အခန်းထဲမှာ
ပန်ကာထည့်ပေးချင်ပေမဲ့ ကျန်းမာရေးအတွက်ရေရှည်မကောင်းနိုင်ဘူး အဲ့ဒါကြောင့် ခင်များနား မကပ်တာပါ။ ကျွန်တော်ဖက်ရင် ခင်များ နေရခက်မှာစိုးလို့ ပါ "

ကျစ် ! အဲ့ကောင်းချီတစ်ယောက်ဟာလေ
တုံးတဲ့နေရာမှာ နှစ်ယောက်ကို မရှိဘူး။
ကိုယ်မှ မစရင် ရှေ့ ဆက်ရဖို့ မမြင်တာကြောင့် လက်ထဲက ဖက်လုံးကို လွှင့်ပစ်ကာ
ချစ်စရာကောင်းတဲ့ ကောင်းချီလေးကို ပြောင်းဖက်အိပ်လိုက်သည်။
ထိုအခါမှ ထွေးဖက်လာသူက သူမဟုတ်တဲ့အတိုင်း ပင်။

ပြတင်းပေါက်ကနေတချက်တချက် ဝင်လာတဲ့ လေအေးအေးကြောင့် ထင်သလောက် မပူပေ။
လင်မယားပဲ ပူလဲ ဘာအကြောင်းဆန်းလဲ။
ယောကျာ်းယူပါတယ်ဆိုမှ ဖက်လုံးဝယ်ပေးရတယ်လို့  ။
ဖက်လုံးကိုဖက်ချင်မှတော့
အစကတည်းက ယောကျာ်းမယူဘူး။

--------------

နိုးနေကျအချိန်ရောက်တော့ ကောင်းချီ
မျက်လုံးက အော်တို ပွင့်လာသည်။
ဘယ်လောက် အိပ်ယာဝင်နောက်ကျကျ
ကောင်းချီက မနက်လေးနာရီဆိုနိုးပေါ့။

ညဦးပိုင်းသာ ပူတာ မနက်လင်းခါနီးဆို ချမ်းစိမ့်စိမ့် မို့ ရင်ခွင်ထဲမှာ ကွေးကွေးလေးအိပ်နေတဲ့ သက်ပုံကို ဖွဖွလေးထုတ်ကာ
စောင်းပါးလေးခြုံပေးလိုက်သည်။
ညက လူငွေ့ ကြောင့် အနည်းငယ်ပူအိုက်ခဲ့ပေမဲ့ သက်ပုံက သူ့ ဘေးနားကနေ
နည်းနည်းတောင်မခွာပေ။
ချွေးစေးတွေပြန်လာတဲ့ နဖူးလေးကြောင့် … ကောင်းချီမှာ ယပ်တောင် ထယူကာ
တနာရီနီးပါးကြာအောင် ခပ်ပေးခဲ့ရတာကို 
အိပ်ပျော်သွားသူကတော့ သိမည်မထင်။

ပထမဆုံး မျက်နှာသစ်သွားတိုက်ပီးတွင် ဆွမ်းလောင်းဖို့ နဲ့  နေခင်းစာအတွက် ထမင်းတအိုးတည်လိုက်သည်။
ခြံဝန်းအတွင်း သန့် ရှင်းရေးလုပ်  သောက်ရေအိုးတွေ ရေဖြည့်ပီးချိန်တွင်
ထမင်းအိုးပွက်လာ၏။

မဖုံးဖွင့်ပီး ပွက်ပွက်ဆူနေတဲ့ ထမင်းအိုးကို
ယောင်းမနဲ့ မွှေလိုက်သည်။ အတော်ကြာ
မှ မာမမာ ကြည့်ပီး  ငှဲ့ ချလိုက်သည်။
အကုန်အပြီးအစီးပီးတော့  ၅နာရီထိုးခါနီးနေပီဖြစ်သည်။

နာရီကြည့်နေတုန်း ဆိုင်ကယ်သံကြားလိုက်ရသည်မို့ … ခြံတံခါးဖွင့်ထွက်လိုက်သည်။ ခြံထောင့် နားက မြေကွက်လပ်မှာ
ကိုထက်က နောက်ကသရက်သီး တောင်းတင်ထားတဲ့ ဆိုင်ကယ်ကိုရပ်ကာ သူ့ ကိုစောင့်နေ၏။

ဈေးထိပ်နေရာမှာ နေရာဦးဖို့  စောစော လာခဲ့သည်မို့  ဈေးသည်တစ်ယောက်စနှစ်ယောက် စ ရောက်နေတာကလွဲပီး လူရှင်းနေသေးသည်။
ဒါလဲ ခနပင်ဖြစ်၏။
ဈေးခင်းနေတုန်းတန်းလန်းနဲ့  အတော်များများရောက်လာကြကာ ဈေးသည် တဖြည်းဖြည်း အသက်ဝင်လာခဲ့သည်။

"ကိုကောင်း ပြန်ချင်ပြန်တော့ သမီးဆက်လုပ်လိုက်မယ် "

ကိုထက်နဲ့  သရက်သီးအကြီးအသေး မိုးကာပေါ်ရွေးပုံ  နေသည့် ကောင်းချီတစ်ယောက် မြသက်အသံကြားတော့ စိတ်ထဲဝမ်းသာသွား၏ ။

"ရောက်ပီလား … ဒေါ်လေး အေးကြည်က ဘယ်လောက်ရောင်းတဲ့လဲ "

" အကြီးကို တစ်ထောင်ဖိုးသုံးလုံးရောင်း
အသေးကို လေးလုံးရောင်းတဲ့ "

"အေးအေး ဒါဆိုနင်ပဲဆက်လုပ်လိုက်တော့ … ငါ ဦးသာချိုဆိုင်သွားမလို့  "

"ဟုတ်"

ကောင်းချီ  ဈေးခင်းတာကို ခနစောင့်ကြည့်နေတုန်းမှာပင် ဈေးဝယ်သူတချို့ ရောက်လာကာ သရက်သီးရွေးနေကြပီဖြစ်သည်။
အကုန်လုံး ကိုညီမဖြစ်သာလက်အပ်ကာ
ခြေလမ်းတို့ က တောင်ရွာက ဦးသာချို လက်ဖက်ရည်ဆိုင်ကိုသာ…

နံပြား က မိုးလင်းတာနဲ့ ကုန်တက်သည်မို့
စောစောသွားဝယ်မှသာ ရနိုင်သည်။
သက်ပုံကြိုက်တဲ့ ပုံမှန်ဖန်ကဲ လက်ဖက်ရည်လေးရယ်
ပဲနံ့ ပြားလေးရယ်
ကို တွေးမိသွားတော့ ခြေလှမ်းတွေက သွက်လာ၏။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz