အခ်စ္နဲ ့တံငါကုန္းရြာ(အချစ်နဲ့ တံငါကုန်းရွာ )(completed)
11
"ဒါေတာ့ မင္းညစ္တာပဲ။ မနက္ကေျပာေတာ့ သနပ္ခါးလိမ္းခဲ့ရင္ ေခၚမယ္ဆို "
"အင္းေလ ခုလဲ မေခၚဘူးေျပာတာမွမဟုတ္တာ …လိုက္ခ်င္ရင္ အနမ္းခံလို ့ပဲေျပာတာ "
ခပ္ႀကီးႀကီးဝိုင္းထားတဲ့ ပါးကြက္နွစ္ဖက္က ဖိုးသားလိမ္းတဲ့ အတိုင္းအတုခိုးလိမ္းခဲ့ပံု။
အဝါေရာင္သနပ္ခါးအစြမ္းက ျဖဴဝင္းေနတဲ့ အသားေရကိုေတာင္ဖံုးကာ ဝင္းဝင္းဝါဝါ ျဖစ္ေနသည္။ အစက ေနပူဒဏ္ခံနိုင္ေအာင္ လိမ္းခိုင္းေပးမဲ့ ခုေတာ့ မတူေတာ့။
အသည္းယားစရာပါးပါးမို ႔ကို
နမ္းခ်င္လြန္းလို ့ေကာင္းခ်ီေတာ္ေတာ္ျဖစ္ေနသည္။
" မင္းနမ္းလိုက္ရင္ ငါလိမ္းထားတဲ့ သနပ္ခါးေတြ အလကားျဖစ္ကုန္မွာေပါ့။
ေတာ္ပီ မနမ္းရဘူး ။ "
ခ်စ္တဲ့သက္ပံု တစ္ေယာက္ သူကိုယ္သူ ေသေလာက္ေအာင္ ခ်စ္ဖို ့ေကာင္းေနတယ္ဆိုတာကိုေမ့ေနကာ ေကာင္းခ်ီကို ရန္လိုေန၏။
"တေမႊး ဆိုရပီ ။ လာပါႀကာတယ္"
လက္ကေနဆြဲကာ အတင္းနမ္းဖို ့ျပင္ေတာ့ ေကာင္းခ်ီေမးဖ်ားကို လက္ဖမိုးနဲ ့တြန္းကာ …
"တေမႊးပဲေနာ္ ပိုမနမ္းနဲ ့…အား …မင္းညစ္ျပန္ပီ တေမႊးဆို ဘာလို ့အမ်ား …အား… ေကာင္းခ်ီ ယားတယ္လို ့ …
မင္းေမးေမႊးေတြက စူးတယ္"
တေမႊးေတာ့ တေမႊးပဲ တခါထဲ တဝႀကီးေမႊးပစ္လိုက္တာပင္။
သနပ္ခါး က သက္ပံု ပါးျပင္ေပၚေရာက္မွပိုေမႊးသလို ။ ဝါဝင္းေနတဲ့ သနပ္ခါးဖံုဖံုေလးသည္ ေကာင္းခ်ီက ဆြဲေမြ ႕နမ္းပစ္မူ ႔ေၾကာင့္ ခုေတာ့ တစြန္းတစသာက်န္ေတာ့၏။
"လုပ္လိုက္ရင္ ဇြတ္ပဲ။ ႀကည့္စမ္း ငါ့သနပ္ခါးေတြမင္းေႀကာင့္ပ်က္ကုန္ပီ "
"အင္း "
သူလုပ္ထားတာ မဟုတ္သလို ခပ္တည္တည္မ်က္နွာထားနဲ ့အင္း ေနတဲ့
ေကာင္းစင္သန္ ့ခ်ီ က တခါတေလ စကားနားမေထာင္တဲ့ လူဆိုးေလးပင္။
မေက်မနပ္ မ်က္ေစာင္း႐ြယ္လ်က္
"ငါထပ္မလိမ္းေတာ့ဘူးေနာ္ ဒီတိုင္းပဲ လိုက္ေတာ့မွာ "
လုပ္ခ်င္လုပ္ပီးပီမို ့ေကာင္းခ်ီ ေခါင္းညိမ့္ျပကာ
လက္ထဲက ခေမာက္ကို ေဆာင္းေပးလိုက္သည္။
"ေနပူလို ့ဒါေလးေတာ့ ေဆာင္းခဲ့ ။ "
"အင္း … သရက္ျခံက ေဝးလား "
"မေဝးဘူး ဒီနားမွာျဖတ္လမ္းရွိတယ္ ။ ၁၅မိနစ္ေလာက္ လမ္းေလ်ွာက္သြားရင္ ေရာက္တယ္…လာ သြားရေအာင္ "
လက္ဖ်ားကို လာဆုပ္ကိုင္သည္မို ့ ျငင္းမေနေတာ့ပဲ အိမ္တံခါးေစ့ကာ နွစ္ေယာက္သား လမ္းေလ်ွာက္ပီးထြက္လာခဲ့သည္။ ေနေပ်ာက္မထိုးပဲ လမ္းေဘးတစ္ေယာက္ တမာပင္နဲ ့ဝါးရုံပင္ေတြႀကားမွာ လွည္းလမ္း ေႀကာင္းအျဖစ္ ေပၚေန၏။
ထို ေျမလမ္းမွာ ေအးရာေအးေႀကာင္းလမ္းေလ်ွာက္ရင္း…သက္ပံု စကားစလိုက္သည္။
" ဖိုးသား ရွိတယ္မို ့လား…သရက္ျခံမွာ "
"ရွိမွာပါ။ ကိုထက္တို ့ လင္မယား အိမ္ေဆာက္ပီးကတည္းက ေန ့ခင္း ဆို ဖိုးသားအဲ့မွာေနတာမ်ားတယ္။ "
ဟုတ္မွာပါ ေဒၚေလးျမရင္ က စီးပြားေရး သိပ္မေျပလည္တဲ့ သူမို ့ အိမ္က ေႏြရာသီဆို ေနလို ့မရေအာင္ ပူတာေတာင္ ျပင္မေဆာက္နိုင္ေပ။
ကိုထက္တို ့လင္မယားနဲ ့ အတူတူေပါင္းေနရေအာင္လည္း ေဒၚေလးျမရင္အိမ္က က်ဥ္းေတာ့ အဆင္မေျပ။
ကိုထက္တို လင္မယား ဝိုင္းဝယ္ၿပီးအိမ္ခြဲဖို႔ကလည္း အိမ္ေထာင္က်ခါစျဖစ္ေတာ့ စုထားေဆာင္းထားတဲ့ ေငြပိုေငြလ်ံ မရွိ။
ထို ့ေႀကာင့္ ေကာင္းခ်ီကပင္ အရင္ပ်ဥ္ေထာင္အိမ္ေဟာင္းေလး ဖ်က္ေတာ့ ေကာင္းတဲ့ အသားတိုအသားစေတြကို ေသခ်ာ
သိမ္းထားတဲ့ထဲက လိုအပ္တာေတြကို
ထုတ္ေပးကာ သရက္ျခံထဲမွာ အိမ္ေဆာက္ေနေစသည္။
မဟုတ္လည္း သရက္သီး မွည့္ေတာ့မွာမို ့
အေစာင့္ငွားရမွာျခင္းအတူတူ ကိုထက္တို ့လဲေနစရာရ …ေကာင္းခ်ီအတြက္လည္း အဆင္ေျပေစသည္။
" ေကာင္းခ်ီ ဒါ မင္းပုိင္တဲ့ သရက္ျခံလား
ဝိုး … ငါေယာက်ာ္းက တကယ့္သူေဌးပဲ"
ျခံတခါးကို ဖြင့္ဝင္ရင္း သရက္ပင္ေတြႀကားေျပးလႊားရင္း ေအာ္ေနတဲ့ သက္ပံုေႀကာင့္ ေကာင္ခ်ီ သြားေတြေပၚေအာင္ သေဘာတက်ရယ္မိသည္။
ငါ့ေယာက်ာ္း ဆိုတဲ့အသံုးနွုန္းေလးေႀကာင့္
တေလာကလံုး ေျပးဝယ္ေပးခ်င္စိတ္ကတဖြားဖြား။
"မေျပးနဲ ့ ခါခ်ဥ္ေတြကိုက္မယ္ ။ လာဒီကို "
ေကာင္းခ်ီေအာ္သံႀကာေပမဲ့ အေရးမစိုက္ပဲ သိပ္မထြားေသးတဲ့ သရက္သီးေတြျပြတ္ေနေအာင္သီးေနတဲ့ အပင္ေတြကို သေဘာတက်ႀကည့္မိသည္။
သရက္သီးေစ်းေကာင္းရင္ေတာ့ အပြပဲ။
" ေခၚေနတာကို မလာပဲနဲ ့။ လာ ကိုထက္တို ့အိမ္က ဟိုဖက္ စိမ္းစားသီးပင္ေအာက္မွာ "
ပုခံုးဖက္ကာ ေကာင္းခ်ီ ဆြဲေခၚလာခဲ့သည္။ ေပ်ာ္ေနတာျမင္ေတာ့ စိတ္ခ်မ္းသာေပမဲ့ ခါခ်ဥ္က ေပါမွေပါဆိုေတာ့ လႊတ္လည္းမထားရဲ။
"ေကာင္းခ်ီ မင္း သရက္သီးေတြ ဒိုင္ပို ့မွာလား "
"မပို ့ပဲ ကိုယ္တိုင္ ျမိဳ ့ေလးေစ်းမွာ သြားခင္းေရာင္းရမလားလို ့။ ေပၚဦးေပၚဖ်ားဆို အလံုးလွရင္ ေစ်းေကာင္းတယ္ ။ ဒိုင္ပို ့ရင္
ေစ်းသိပ္ရမွာမဟုတ္ဘူးလားလို ့"
ကိုယ္တိုင္လည္း ပြဲရုံပိုင္ရွင္သားမို ့ မေလ့လာေပမဲ့ အနည္းအက်ဥ္းေတာ့ သိပါသည္။
"ဒီလို လုပ္ပါ့လား။ ငါ့မွာ Follower မ်ားတဲ့ pageတခုရွိတယ္။ အရင္က အဲ့မွာ
ငါ online shopping လုပ္ဘူးတယ္ ။
မင္းသရက္သီးေတြ pageမွာ တင္ပီးစမ္းေရာင္းႀကည့္မလား "
"က်ြန္ေတာ္မသိဘူး။ ခင္ဗ်ား အဆင္ေျပသလို လုပ္ ။ ဒါလဲ ခင္ဗ်ားပိုင္တဲ့အပင္ေတြမို ့ခင္မ်ားႀကိဳက္သလို လုပ္ရတယ္။ ရွဳံ းတာ ျမတ္တာအေရးမႀကီးဘူး။ သက္ပံု ေပ်ာ္ေနရင္ရပီ "
ေကာင္းခ်ီ အေျပာေႀကာင့္ သက္ပံု Heartထိသြားတာေတာ့ဝန္ခံပါသည္။
ေကာင္းခ်ီကို ေအးတိေအးစက္ လူ ့ဂြစာလို ့ဘယ္သူေျပာလဲ။ တခါတခါ Roျပ လိုက္ရင္
သက္ပံုေတာင္ ရင္တုန္ပန္းတုန္ ျဖစ္ရသည္ထိ အေျခြစေကးက ႀကမ္း၏။
ဒါေတာင္ ဘုန္းႀကီးေက်ာင္းမွာ ဗိုင္းေကာင္းေက်ာက္ဖိ ေနခဲ့လို ့ေနာ္။ ရြယ္တူေကာင္ေလးေတြလို ေခတ္ေရစီးေႀကာင္းအတိုင္း Club တက္ Barသြား လုပ္ေနတဲ့
ခပ္ေဟာ့ေဟာ့ ေကာင္ေလးသာဆိုရင္
သက္ပံု တစ္ေယာက္ လက္ေျမွာက္အရွဳံ းေပးထားရလိမ့္မည္။
"ဟာ ကိုႀကီးသက္ပံုေရာ ပါလာတာလား။
လာ က်ြန္ေတာ္ စိမ္းစားသီး သုပ္ထားတယ္ စားႀကည့္ "
ခပ္ႀကီးႀကီး သရက္ပင္ႀကီးေအာက္မွာ ေဆာက္ထားတဲ့တဲသာသာ အိမ္ေလးဆီက ေန ဖိုးသားက ေျပးထြက္လာကာ သက္ပံုလက္ကိုဆြဲကာ အတင္းေခၚေနသည္။
ေနာက္ကိုလွည့္ကာ ေကာင္းခ်ီကို
လိုက္ရမလာဆိုတဲ့ မ်က္နွာထားေလးနဲ ့ေမးေနသည္မို ့အသာေခါင္းညိတ္ျပလိုက္၏။ ထိုအခါမွ တဲ ေခါင္းရင္းနားက သရက္ပင္ႀကီးေအာက္မွာ ခင္းထားတဲ့ ဝါးကြပ္ပ်စ္ကေလးေပၚကို အေျပးတက္ထိုင္ႀကသည္။
"သရက္သီးသုပ္လား မင္းေျပာေတာ့
စိမ္းစားသီးဆို "
မ်က္စိေရွ ့မွာ ေတြ ့ေနရတာ အေျမွာင္းေသးေလးေတြလွီးထားတဲ့ သရက္သီးသုတ္ပန္းကန္။
ငရုတ္သီး အေျခာက္ကို ေက်ေအာင္ မေထာင္းပဲထည့္ထားတာမို ့ အနီေရာင္ ငရုတ္ဖက္ႀကီးေတြျပဴးျပဴးျပဲျပဲ။
ငပိဖုတ္ထားတဲ့ အနံ ့ကပန္းကန္နားမကပ္ေပမဲ့ အနံ ့က ရွယ္ရေနပီ။
သေရ ေတာင္ က်ခ်င္ေနပီျဖစ္ေပမဲ့ …
စပ္စု ရမွာ သူ ့အလုပ္မို ့အရင္ေမးလိုက္သည္။
"ဟုတ္တယ္ေလ ။ စိမ္းစားသီးဆိုတာ သရက္သီးကိုေျပာတာ။ အခြံက နည္းနည္းခါးခ်င္ေပမဲ့ အထဲက အသားက အစိမ္းစားရင္ မခ်ဥ္ဘူး ။ စားႀကည့္ပါ ဘယ္ေလာက္စားေကာင္းလဲ ျပီးမွသိမယ္"
ပန္းကန္ထဲက သရက္သီး တေျမွာင္းကို လက္ညိဳးနဲ ့လက္မသံုးကာ ညွပ္ယူလိုက္သည္။ အခြံ ကေရႊဝါေရာင္သန္းေနသည္မို ့ျမင္တာနဲ ့စားခ်င္သဖြယ္။
ငရုတ္သီး ဖက္ေတြဖယ္ကာ ပထမဆံုးတကိုက္ကိုက္ႀကည့္မိသည္။
wow ……
"ဖိုးသား လက္ရာက ေကာင္းလွခ်ည္လား။
နည္းနည္းေလးေတာင္မခ်ဥ္ဘူး။ ငပိနံ ့ေလးကလဲ သင္းေနတာပဲ"
တေခ်ာင္းပီးတေခ်ာင္း ကိုက္စားရင္းဆိုလိုက္သည္။ သရက္သီးပန္းကန္ေရွ ့ေရာက္ ေတာ့ ခ်စ္ရတဲ့ ေကာင္းခ်ီေလးကိုလည္းေမ့သြားသည္။
"အမ်ားႀကီးမစားနဲ ့သက္ပံု ။ ငရုတ္သီးေတြနဲ ့ပီးရင္း ခင္ဗ်ားဗိုက္ေအာင့္လိမ့္မယ္"
တဲထဲကေန ကိုထက္နဲ ့အတူ ထြက္လာတဲ့ ေကာင္းခ်ီက တင္ပ်ဥ္ေခြထိုင္ကာ
သရက္သီးေတြကို ဖိုးသားနဲ ့အျပိဳင္စားေနတဲ့ သက္ပံု ကို အျမင္မေတာ္ေတာ့ လွမ္းေအာ္ရသည္။
သက္ပံုတစ္ေယာက္ဟာ ေလ ခ်ဥ္ခ်ဥ္စပ္စပ္ေတြသိပ္ႀကိဳက္တာ။ ျပီးရင္ ဗိုက္နာတက္တာလဲ သူ ့အျပင္နွစ္ေယာက္မရွိဘူး။
" ေကာင္းခ်ီ …လာ …ဒီမွာ ျမည္းႀကည့္ …ဖိုးသားသုပ္ထားတာ ေကာင္းလိုက္တာ "
သူ ့ဖက္ကို လွည့္ႀကည့္လာတဲ့ မ်က္ဝန္းေလးေတြက ေပ်ာ္ရႊင္မူ ့ျဖင့္ တဖ်တ္ဖ်တ္လဲ့ေန၏။ ျပံဳးရယ္လိုက္တိုင္းေပၚလာတဲ့
သြားတန္းညီညီေလးေတြက ေကာင္းခ်ီရင္ ကို ျငိမ္းေအးေစသည္။
" ေတာ္ပီ မစားရေတာ့ဘူး ။ ဗိုက္ေအာင့္မယ္ …"
လက္ထဲက ကိုင္ထားတဲ့ စားလက္စ သရက္သီးစိတ္ေလးကို ေကာင္းခ်ီ ယူစားလိုက္ရင္းေျပာလိုက္သည္။
"အင္း မစားေတာ့ဘူး ။ ဘယ္ေန ့ခူးမွာလဲ သရက္သီးေတြက "
အနည္းငယ္ေပပြေနတဲ့ လက္ေလးကို
ပုဆိုး ခါးပံုစ နဲ ့ေျပာင္ေအာင္သုတ္ေပးရင္း…
"ေနာက္သံုးေလးရက္ဆို ခူးမွာ … ။ ခုေတာင္ တခ်ိဳ ့ရင့္တဲ့အသီးေတြအုပ္ ထားတာ မွည့္ေနပီ ။ အျပန္ စားဖို ့ယူခဲ့မယ္ ။
ႀကိဳက္တယ္မို ့လား "
"အင္း … ငါႀကိဳက္တယ္။ ညက် ခေရပင္ေအာက္မွာ ထိုင္ ပီးအခ်ိဳ တည္းလို ့ရပီ ဟီး
ဖိုးသား မင္းေရာ လာခ်င္လာခဲ့ေနာ္ ခြဲေက်ြးမယ္"
"မလာေတာ့ဘူး ညက် က်ြန္ေတာ္
လက္ဖက္ရည္ဆိုင္ သြားမလို ့ ။ ခုျပေနတဲ့
ကိုရီးယား စြဲ ေနလို ့ တစ္ရက္ေတာင္ ျပတ္လို ့မရဘူး "
သက္ပံု ရယ္ေမာကာ ဖိုးသားေခါင္းေလးကို ပုတ္လိုက္သည္။
တံငါကုန္းရြာမွာ ရွိတဲ့ ဦးသာခ်ိဳ လက္ဖက္ရည္ဆိုင္သည္ ဇာတ္လမ္းတြဲ အရွည္မ်ိဳးေတြကို တေန ့နွစ္ပိုင္းျပတက္သည္မို ့
ရြာရွိ လူေတာ္ေတာ္မ်ားမ်ားသည္ လက္ဖက္ရွည္ဆိုင္ သြားတာထက္ ဇာတ္ကားႀကည့္ သြားတာမ်ားသည္။
ထိုအထဲမွာ ကေလးမဟုတ္ လူႀကီးမျဖစ္ေသးတဲ့ ဖိုးသားက ထိတ္ဆံုးကပင္။
အပ်ိဳအရြယ္ေလးေတြေလာက္သာ
လက္ဖက္ရည္ဆိုင္ မထိုင္ျဖစ္ေပမဲ့ က်န္သူမ်ားကေတာ့ ဝိုင္းဖြဲ ့စကားေျပာရင္း
ဇာတ္လမ္းတြဲႀကည့္ရင္း လက္ဖက္ရည္ဆိုင္ကိုသာ လာႀကသည္။
မီးမရေပမဲ့ အိမ္တိုင္းလိုလို ဆိုလာမီးရွိသည္မို ့ ေရွးေခတ္ကလို ေတာ…ဆိုတာနဲ ့
ဖေယာင္းတိုင္းမီးထြန္းေနရတဲ့အေျခအေနမဟုတ္ေတာ့ေပ။
" ကိုထက္…မင္းမိန္းမလည္း မျမင္ပါ့လား "
" ရြာထဲသြားတယ္ ကိုေကာင္း ။
ဘာခိုင္းစရာရွိလို ့လဲ "
အႀကီးလဲ အႀကီးျဖစ္သလို ။ အစစအရာအကူညီေပးရုံသာမက တည္တန္ ့စြာေနတက္တဲ့ ေကာင္းခ်ီကိုေတာ့ ညီေတြညီမေတြက ရွိန္ႀကသည္။
ေကာင္းခ်ီေခါင္းရမ္းျပကာ…
"မရွိဘူး။ မျမင္လို ့ေမးႀကည့္တာ ။
မနက္ဖန္ အုပ္ထားတဲ့ ေတာင္းေတြကို
ေစာေစာ လာပို ့လိုက္ေနာ္ မင္းမိန္းမ
အားတယ္မို ့လား ျမသက္နဲ ့ေစ်းကူေရာင္းခိုင္းလို ့ျဖစ္လား "
"အားပါတယ္ က်ြန္ေတာ္မနက္ ေစာေစာ ဆိုင္ကယ္နဲ ့လာပို ့ေပးလိုက္မယ္။ "
"ေအး …။ "
" သက္ပံု ျပန္မယ္ "
ေကာင္းခ်ီ သက္ပံုကို လွည့္ေျပာလိုက္သည္။
ရင့္ေနတဲ့ အလံုးေတြကို မွည့္ေအာင္ နွစ္ေတာင္းခန္ ့အုပ္ထားသည္မို ့ မနက္ေစာေစာ ေစ်းမွာ မိုးကာနဲ ့ပံုေရာင္းမည္ျဖစ္သည္။
ေပၚဦးေပၚဖ်ားဆိုေတာ့ အလံုးလွသလို
ေစ်းေကာင္းလည္း ရသည္။ တံငါကုန္းက
အစားအေသာက္ဆိုရင္ ေကာင္းေပ့ဆိုတာမွ စားႀကသည္မို ့ ေပၚခါစဆို
ေစ်းလဲ မျမင္ပဲ ဝယ္စားႀကလိမ့္မည္။
ခ်စ္တဲ့ သက္ပံုရဲ့ လက္ဖ်ားကို ဆြဲကာ
အိမ္ျပန္လမ္းတြင္ အေတြးတို ့က
သရက္ျခံကရတဲ့ပိုက္ဆံေတြနဲ ့ သက္ပံုအတြက္ ဘာလုပ္ေပးရမလဲဆိုတာပင္။
ရာသီဥတုပူေတာ့ ဆိုလာနဲ ့သံုးလို ့နိုင္တဲ့
ေရခဲေသတၱာတလံုးလည္းဝယ္ေပးခ်င္သည္။
အိမ္ေနာက္ေဖးမွာရွိတဲ့ ရုိးရုိးသစ္သားနဲ ့ရုိက္ကာ ထားတဲ့ အိမ္သာအစား
ဘိလပ္နဲ ့ေလာင္းထားတဲ့ ဘိုထိုင္ အိမ္သာနဲ ့ေရခ်ိဳးခန္းေလးလည္း လုပ္ေပးခ်င္သည္။
နွစ္ဧကေလာက္ရွိတဲ့ စိန္တလံုးျခံရဲ့
တနွစ္စာဝင္ေငြက ဘယ္ေလာက္ရနိုင္မလဲ ဆိုတာ တြက္ခ်က္ရင္း ……
ခ်စ္တဲ့အိမ္စည္။
"ဒါတော့ မင်းညစ်တာပဲ။ မနက်ကပြောတော့ သနပ်ခါးလိမ်းခဲ့ရင် ခေါ်မယ်ဆို "
"အင်းလေ ခုလဲ မခေါ်ဘူးပြောတာမှမဟုတ်တာ …လိုက်ချင်ရင် အနမ်းခံလို့ ပဲပြောတာ "
ခပ်ကြီးကြီးဝိုင်းထားတဲ့ ပါးကွက်နှစ်ဖက်က ဖိုးသားလိမ်းတဲ့ အတိုင်းအတုခိုးလိမ်းခဲ့ပုံ။
အဝါရောင်သနပ်ခါးအစွမ်းက ဖြူဝင်းနေတဲ့ အသားရေကိုတောင်ဖုံးကာ ဝင်းဝင်းဝါဝါ ဖြစ်နေသည်။ အစက နေပူဒဏ်ခံနိုင်အောင် လိမ်းခိုင်းပေးမဲ့ ခုတော့ မတူတော့။
အသည်းယားစရာပါးပါးမို့ ကို
နမ်းချင်လွန်းလို့ ကောင်းချီတော်တော်ဖြစ်နေသည်။
" မင်းနမ်းလိုက်ရင် ငါလိမ်းထားတဲ့ သနပ်ခါးတွေ အလကားဖြစ်ကုန်မှာပေါ့။
တော်ပီ မနမ်းရဘူး ။ "
ချစ်တဲ့သက်ပုံ တစ်ယောက် သူကိုယ်သူ သေလောက်အောင် ချစ်ဖို့ ကောင်းနေတယ်ဆိုတာကိုမေ့နေကာ ကောင်းချီကို ရန်လိုနေ၏။
"တမွှေး ဆိုရပီ ။ လာပါကြာတယ်"
လက်ကနေဆွဲကာ အတင်းနမ်းဖို့ ပြင်တော့ ကောင်းချီမေးဖျားကို လက်ဖမိုးနဲ့ တွန်းကာ …
"တမွှေးပဲနော် ပိုမနမ်းနဲ့ …အား …မင်းညစ်ပြန်ပီ တမွှေးဆို ဘာလို့ အများ …အား… ကောင်းချီ ယားတယ်လို့ …
မင်းမေးမွှေးတွေက စူးတယ်"
တမွှေးတော့ တမွှေးပဲ တခါထဲ တဝကြီးမွှေးပစ်လိုက်တာပင်။
သနပ်ခါး က သက်ပုံ ပါးပြင်ပေါ်ရောက်မှပိုမွှေးသလို ။ ဝါဝင်းနေတဲ့ သနပ်ခါးဖုံဖုံလေးသည် ကောင်းချီက ဆွဲမွေ့ နမ်းပစ်မူ့ ကြောင့် ခုတော့ တစွန်းတစသာကျန်တော့၏။
"လုပ်လိုက်ရင် ဇွတ်ပဲ။ ကြည့်စမ်း ငါ့သနပ်ခါးတွေမင်းကြောင့်ပျက်ကုန်ပီ "
"အင်း "
သူလုပ်ထားတာ မဟုတ်သလို ခပ်တည်တည်မျက်နှာထားနဲ့ အင်း နေတဲ့
ကောင်းစင်သန့် ချီ က တခါတလေ စကားနားမထောင်တဲ့ လူဆိုးလေးပင်။
မကျေမနပ် မျက်စောင်းရွယ်လျက်
"ငါထပ်မလိမ်းတော့ဘူးနော် ဒီတိုင်းပဲ လိုက်တော့မှာ "
လုပ်ချင်လုပ်ပီးပီမို့ ကောင်းချီ ခေါင်းညိမ့်ပြကာ
လက်ထဲက ခမောက်ကို ဆောင်းပေးလိုက်သည်။
"နေပူလို့ ဒါလေးတော့ ဆောင်းခဲ့ ။ "
"အင်း … သရက်ခြံက ဝေးလား "
"မဝေးဘူး ဒီနားမှာဖြတ်လမ်းရှိတယ် ။ ၁၅မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်တယ်…လာ သွားရအောင် "
လက်ဖျားကို လာဆုပ်ကိုင်သည်မို့ ငြင်းမနေတော့ပဲ အိမ်တံခါးစေ့ကာ နှစ်ယောက်သား လမ်းလျှောက်ပီးထွက်လာခဲ့သည်။ နေပျောက်မထိုးပဲ လမ်းဘေးတစ်ယောက် တမာပင်နဲ့ ဝါးရုံပင်တွေကြားမှာ လှည်းလမ်း ကြောင်းအဖြစ် ပေါ်နေ၏။
ထို မြေလမ်းမှာ အေးရာအေးကြောင်းလမ်းလျှောက်ရင်း…သက်ပုံ စကားစလိုက်သည်။
" ဖိုးသား ရှိတယ်မို့ လား…သရက်ခြံမှာ "
"ရှိမှာပါ။ ကိုထက်တို့ လင်မယား အိမ်ဆောက်ပီးကတည်းက နေ့ ခင်း ဆို ဖိုးသားအဲ့မှာနေတာများတယ်။ "
ဟုတ်မှာပါ ဒေါ်လေးမြရင် က စီးပွားရေး သိပ်မပြေလည်တဲ့ သူမို့ အိမ်က နွေရာသီဆို နေလို့ မရအောင် ပူတာတောင် ပြင်မဆောက်နိုင်ပေ။
ကိုထက်တို့ လင်မယားနဲ့ အတူတူပေါင်းနေရအောင်လည်း ဒေါ်လေးမြရင်အိမ်က ကျဉ်းတော့ အဆင်မပြေ။
ကိုထက်တို လင်မယား ဝိုင်းဝယ်ပြီးအိမ်ခွဲဖို့ကလည်း အိမ်ထောင်ကျခါစဖြစ်တော့ စုထားဆောင်းထားတဲ့ ငွေပိုငွေလျံ မရှိ။
ထို့ ကြောင့် ကောင်းချီကပင် အရင်ပျဉ်ထောင်အိမ်ဟောင်းလေး ဖျက်တော့ ကောင်းတဲ့ အသားတိုအသားစတွေကို သေချာ
သိမ်းထားတဲ့ထဲက လိုအပ်တာတွေကို
ထုတ်ပေးကာ သရက်ခြံထဲမှာ အိမ်ဆောက်နေစေသည်။
မဟုတ်လည်း သရက်သီး မှည့်တော့မှာမို့
အစောင့်ငှားရမှာခြင်းအတူတူ ကိုထက်တို့ လဲနေစရာရ …ကောင်းချီအတွက်လည်း အဆင်ပြေစေသည်။
" ကောင်းချီ ဒါ မင်းပိုင်တဲ့ သရက်ခြံလား
ဝိုး … ငါယောကျာ်းက တကယ့်သူဌေးပဲ"
ခြံတခါးကို ဖွင့်ဝင်ရင်း သရက်ပင်တွေကြားပြေးလွှားရင်း အော်နေတဲ့ သက်ပုံကြောင့် ကောင်ချီ သွားတွေပေါ်အောင် သဘောတကျရယ်မိသည်။
ငါ့ယောကျာ်း ဆိုတဲ့အသုံးနှုန်းလေးကြောင့်
တလောကလုံး ပြေးဝယ်ပေးချင်စိတ်ကတဖွားဖွား။
"မပြေးနဲ့ ခါချဉ်တွေကိုက်မယ် ။ လာဒီကို "
ကောင်းချီအော်သံကြာပေမဲ့ အရေးမစိုက်ပဲ သိပ်မထွားသေးတဲ့ သရက်သီးတွေပြွတ်နေအောင်သီးနေတဲ့ အပင်တွေကို သဘောတကျကြည့်မိသည်။
သရက်သီးဈေးကောင်းရင်တော့ အပွပဲ။
" ခေါ်နေတာကို မလာပဲနဲ့ ။ လာ ကိုထက်တို့ အိမ်က ဟိုဖက် စိမ်းစားသီးပင်အောက်မှာ "
ပုခုံးဖက်ကာ ကောင်းချီ ဆွဲခေါ်လာခဲ့သည်။ ပျော်နေတာမြင်တော့ စိတ်ချမ်းသာပေမဲ့ ခါချဉ်က ပေါမှပေါဆိုတော့ လွှတ်လည်းမထားရဲ။
"ကောင်းချီ မင်း သရက်သီးတွေ ဒိုင်ပို့ မှာလား "
"မပို့ ပဲ ကိုယ်တိုင် မြို့ လေးဈေးမှာ သွားခင်းရောင်းရမလားလို့ ။ ပေါ်ဦးပေါ်ဖျားဆို အလုံးလှရင် ဈေးကောင်းတယ် ။ ဒိုင်ပို့ ရင်
ဈေးသိပ်ရမှာမဟုတ်ဘူးလားလို့ "
ကိုယ်တိုင်လည်း ပွဲရုံပိုင်ရှင်သားမို့ မလေ့လာပေမဲ့ အနည်းအကျဉ်းတော့ သိပါသည်။
"ဒီလို လုပ်ပါ့လား။ ငါ့မှာ Follower များတဲ့ pageတခုရှိတယ်။ အရင်က အဲ့မှာ
ငါ online shopping လုပ်ဘူးတယ် ။
မင်းသရက်သီးတွေ pageမှာ တင်ပီးစမ်းရောင်းကြည့်မလား "
"ကျွန်တော်မသိဘူး။ ခင်ဗျား အဆင်ပြေသလို လုပ် ။ ဒါလဲ ခင်ဗျားပိုင်တဲ့အပင်တွေမို့ ခင်များကြိုက်သလို လုပ်ရတယ်။ ရှုံးတာ မြတ်တာအရေးမကြီးဘူး။ သက်ပုံ ပျော်နေရင်ရပီ "
ကောင်းချီ အပြောကြောင့် သက်ပုံ Heartထိသွားတာတော့ဝန်ခံပါသည်။
ကောင်းချီကို အေးတိအေးစက် လူ့ ဂွစာလို့ ဘယ်သူပြောလဲ။ တခါတခါ Roပြ လိုက်ရင်
သက်ပုံတောင် ရင်တုန်ပန်းတုန် ဖြစ်ရသည်ထိ အခြွေစကေးက ကြမ်း၏။
ဒါတောင် ဘုန်းကြီးကျောင်းမှာ ဗိုင်းကောင်းကျောက်ဖိ နေခဲ့လို့ နော်။ ရွယ်တူကောင်လေးတွေလို ခေတ်ရေစီးကြောင်းအတိုင်း Club တက် Barသွား လုပ်နေတဲ့
ခပ်ဟော့ဟော့ ကောင်လေးသာဆိုရင်
သက်ပုံ တစ်ယောက် လက်မြှောက်အရှုံးပေးထားရလိမ့်မည်။
"ဟာ ကိုကြီးသက်ပုံရော ပါလာတာလား။
လာ ကျွန်တော် စိမ်းစားသီး သုပ်ထားတယ် စားကြည့် "
ခပ်ကြီးကြီး သရက်ပင်ကြီးအောက်မှာ ဆောက်ထားတဲ့တဲသာသာ အိမ်လေးဆီက နေ ဖိုးသားက ပြေးထွက်လာကာ သက်ပုံလက်ကိုဆွဲကာ အတင်းခေါ်နေသည်။
နောက်ကိုလှည့်ကာ ကောင်းချီကို
လိုက်ရမလာဆိုတဲ့ မျက်နှာထားလေးနဲ့ မေးနေသည်မို့ အသာခေါင်းညိတ်ပြလိုက်၏။ ထိုအခါမှ တဲ ခေါင်းရင်းနားက သရက်ပင်ကြီးအောက်မှာ ခင်းထားတဲ့ ဝါးကွပ်ပျစ်ကလေးပေါ်ကို အပြေးတက်ထိုင်ကြသည်။
"သရက်သီးသုပ်လား မင်းပြောတော့
စိမ်းစားသီးဆို "
မျက်စိရှေ့ မှာ တွေ့ နေရတာ အမြှောင်းသေးလေးတွေလှီးထားတဲ့ သရက်သီးသုတ်ပန်းကန်။
ငရုတ်သီး အခြောက်ကို ကျေအောင် မထောင်းပဲထည့်ထားတာမို့ အနီရောင် ငရုတ်ဖက်ကြီးတွေပြူးပြူးပြဲပြဲ။
ငပိဖုတ်ထားတဲ့ အနံ့ ကပန်းကန်နားမကပ်ပေမဲ့ အနံ့ က ရှယ်ရနေပီ။
သရေ တောင် ကျချင်နေပီဖြစ်ပေမဲ့ …
စပ်စု ရမှာ သူ့ အလုပ်မို့ အရင်မေးလိုက်သည်။
"ဟုတ်တယ်လေ ။ စိမ်းစားသီးဆိုတာ သရက်သီးကိုပြောတာ။ အခွံက နည်းနည်းခါးချင်ပေမဲ့ အထဲက အသားက အစိမ်းစားရင် မချဉ်ဘူး ။ စားကြည့်ပါ ဘယ်လောက်စားကောင်းလဲ ပြီးမှသိမယ်"
ပန်းကန်ထဲက သရက်သီး တမြှောင်းကို လက်ညိုးနဲ့ လက်မသုံးကာ ညှပ်ယူလိုက်သည်။ အခွံ ကရွှေဝါရောင်သန်းနေသည်မို့ မြင်တာနဲ့ စားချင်သဖွယ်။
ငရုတ်သီး ဖက်တွေဖယ်ကာ ပထမဆုံးတကိုက်ကိုက်ကြည့်မိသည်။
wow ……
"ဖိုးသား လက်ရာက ကောင်းလှချည်လား။
နည်းနည်းလေးတောင်မချဉ်ဘူး။ ငပိနံ့ လေးကလဲ သင်းနေတာပဲ"
တချောင်းပီးတချောင်း ကိုက်စားရင်းဆိုလိုက်သည်။ သရက်သီးပန်းကန်ရှေ့ ရောက် တော့ ချစ်ရတဲ့ ကောင်းချီလေးကိုလည်းမေ့သွားသည်။
"အများကြီးမစားနဲ့ သက်ပုံ ။ ငရုတ်သီးတွေနဲ့ ပီးရင်း ခင်ဗျားဗိုက်အောင့်လိမ့်မယ်"
တဲထဲကနေ ကိုထက်နဲ့ အတူ ထွက်လာတဲ့ ကောင်းချီက တင်ပျဉ်ခွေထိုင်ကာ
သရက်သီးတွေကို ဖိုးသားနဲ့ အပြိုင်စားနေတဲ့ သက်ပုံ ကို အမြင်မတော်တော့ လှမ်းအော်ရသည်။
သက်ပုံတစ်ယောက်ဟာ လေ ချဉ်ချဉ်စပ်စပ်တွေသိပ်ကြိုက်တာ။ ပြီးရင် ဗိုက်နာတက်တာလဲ သူ့ အပြင်နှစ်ယောက်မရှိဘူး။
" ကောင်းချီ …လာ …ဒီမှာ မြည်းကြည့် …ဖိုးသားသုပ်ထားတာ ကောင်းလိုက်တာ "
သူ့ ဖက်ကို လှည့်ကြည့်လာတဲ့ မျက်ဝန်းလေးတွေက ပျော်ရွှင်မူ့ ဖြင့် တဖျတ်ဖျတ်လဲ့နေ၏။ ပြုံးရယ်လိုက်တိုင်းပေါ်လာတဲ့
သွားတန်းညီညီလေးတွေက ကောင်းချီရင် ကို ငြိမ်းအေးစေသည်။
" တော်ပီ မစားရတော့ဘူး ။ ဗိုက်အောင့်မယ် …"
လက်ထဲက ကိုင်ထားတဲ့ စားလက်စ သရက်သီးစိတ်လေးကို ကောင်းချီ ယူစားလိုက်ရင်းပြောလိုက်သည်။
"အင်း မစားတော့ဘူး ။ ဘယ်နေ့ ခူးမှာလဲ သရက်သီးတွေက "
အနည်းငယ်ပေပွနေတဲ့ လက်လေးကို
ပုဆိုး ခါးပုံစ နဲ့ ပြောင်အောင်သုတ်ပေးရင်း…
"နောက်သုံးလေးရက်ဆို ခူးမှာ … ။ ခုတောင် တချို့ရင့်တဲ့အသီးတွေအုပ် ထားတာ မှည့်နေပီ ။ အပြန် စားဖို့ ယူခဲ့မယ် ။
ကြိုက်တယ်မို့ လား "
"အင်း … ငါကြိုက်တယ်။ ညကျ ခရေပင်အောက်မှာ ထိုင် ပီးအချို တည်းလို့ ရပီ ဟီး
ဖိုးသား မင်းရော လာချင်လာခဲ့နော် ခွဲကျွေးမယ်"
"မလာတော့ဘူး ညကျ ကျွန်တော်
လက်ဖက်ရည်ဆိုင် သွားမလို့ ။ ခုပြနေတဲ့
ကိုရီးယား စွဲ နေလို့ တစ်ရက်တောင် ပြတ်လို့ မရဘူး "
သက်ပုံ ရယ်မောကာ ဖိုးသားခေါင်းလေးကို ပုတ်လိုက်သည်။
တံငါကုန်းရွာမှာ ရှိတဲ့ ဦးသာချို လက်ဖက်ရည်ဆိုင်သည် ဇာတ်လမ်းတွဲ အရှည်မျိုးတွေကို တနေ့ နှစ်ပိုင်းပြတက်သည်မို့
ရွာရှိ လူတော်တော်များများသည် လက်ဖက်ရှည်ဆိုင် သွားတာထက် ဇာတ်ကားကြည့် သွားတာများသည်။
ထိုအထဲမှာ ကလေးမဟုတ် လူကြီးမဖြစ်သေးတဲ့ ဖိုးသားက ထိတ်ဆုံးကပင်။
အပျိုအရွယ်လေးတွေလောက်သာ
လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်ပေမဲ့ ကျန်သူများကတော့ ဝိုင်းဖွဲ့ စကားပြောရင်း
ဇာတ်လမ်းတွဲကြည့်ရင်း လက်ဖက်ရည်ဆိုင်ကိုသာ လာကြသည်။
မီးမရပေမဲ့ အိမ်တိုင်းလိုလို ဆိုလာမီးရှိသည်မို့ ရှေးခေတ်ကလို တော…ဆိုတာနဲ့
ဖယောင်းတိုင်းမီးထွန်းနေရတဲ့အခြေအနေမဟုတ်တော့ပေ။
" ကိုထက်…မင်းမိန်းမလည်း မမြင်ပါ့လား "
" ရွာထဲသွားတယ် ကိုကောင်း ။
ဘာခိုင်းစရာရှိလို့ လဲ "
အကြီးလဲ အကြီးဖြစ်သလို ။ အစစအရာအကူညီပေးရုံသာမက တည်တန့် စွာနေတက်တဲ့ ကောင်းချီကိုတော့ ညီတွေညီမတွေက ရှိန်ကြသည်။
ကောင်းချီခေါင်းရမ်းပြကာ…
"မရှိဘူး။ မမြင်လို့ မေးကြည့်တာ ။
မနက်ဖန် အုပ်ထားတဲ့ တောင်းတွေကို
စောစော လာပို့ လိုက်နော် မင်းမိန်းမ
အားတယ်မို့ လား မြသက်နဲ့ ဈေးကူရောင်းခိုင်းလို့ ဖြစ်လား "
"အားပါတယ် ကျွန်တော်မနက် စောစော ဆိုင်ကယ်နဲ့ လာပို့ ပေးလိုက်မယ်။ "
"အေး …။ "
" သက်ပုံ ပြန်မယ် "
ကောင်းချီ သက်ပုံကို လှည့်ပြောလိုက်သည်။
ရင့်နေတဲ့ အလုံးတွေကို မှည့်အောင် နှစ်တောင်းခန့် အုပ်ထားသည်မို့ မနက်စောစော ဈေးမှာ မိုးကာနဲ့ ပုံရောင်းမည်ဖြစ်သည်။
ပေါ်ဦးပေါ်ဖျားဆိုတော့ အလုံးလှသလို
ဈေးကောင်းလည်း ရသည်။ တံငါကုန်းက
အစားအသောက်ဆိုရင် ကောင်းပေ့ဆိုတာမှ စားကြသည်မို့ ပေါ်ခါစဆို
ဈေးလဲ မမြင်ပဲ ဝယ်စားကြလိမ့်မည်။
ချစ်တဲ့ သက်ပုံရဲ့ လက်ဖျားကို ဆွဲကာ
အိမ်ပြန်လမ်းတွင် အတွေးတို့ က
သရက်ခြံကရတဲ့ပိုက်ဆံတွေနဲ့ သက်ပုံအတွက် ဘာလုပ်ပေးရမလဲဆိုတာပင်။
ရာသီဥတုပူတော့ ဆိုလာနဲ့ သုံးလို့ နိုင်တဲ့
ရေခဲသေတ္တာတလုံးလည်းဝယ်ပေးချင်သည်။
အိမ်နောက်ဖေးမှာရှိတဲ့ ရိုးရိုးသစ်သားနဲ့ ရိုက်ကာ ထားတဲ့ အိမ်သာအစား
ဘိလပ်နဲ့ လောင်းထားတဲ့ ဘိုထိုင် အိမ်သာနဲ့ ရေချိုးခန်းလေးလည်း လုပ်ပေးချင်သည်။
နှစ်ဧကလောက်ရှိတဲ့ စိန်တလုံးခြံရဲ့
တနှစ်စာဝင်ငွေက ဘယ်လောက်ရနိုင်မလဲ ဆိုတာ တွက်ချက်ရင်း ……
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz