9
" အပြင် ထွက်ခဲ့ "
"အဟွတ် အဟွတ် …"
"ကလေးလေး "
ခပ်တိုးတိုး အသံဖြင့်
"ဝါး …ဝါး …လှလိုက်တာ "
"ကြိုက်လား "
ဒါ …ကျွန်တော့အတွက်လား "
အင်းပေါ့
ပေးချ င်၏။
"ကျန်သေးတယ် "
"ဟင် တကယ် ဘယ်မှာလဲ "
" ဒီမှာ "
"ဘာကြီးလဲ "
" အ အကိုကြီး "
"ဟင့်… အလုပ်ရောနော် "
"အင်း …အလုပ်ရောပဲ "
"အင်း …ကိုယ်သိတယ် "
ချစ်တဲ့ အိမ်စည်။
" အပြင် ထွက်ခဲ့ "
ဝင်လာတဲ့ မက်ဆေ့ လေးကို ဖတ်ပီး လူကလေး ပြုံးကာ အပြင်ခိုးထွက်လိုက်သည်။ ဆယ့်နှစ်နာရီထိုးခါနီးပီမို့ တအိမ်လုံး အိပ်မောကျနေသည်မို့ လွတ်လွတ်လပ်လပ် စကားပြောလို့ ရသည်။ ခုတလော ဖုန်းခနခန ဆက် စာတွေခနခန ပို့ နဲ့ မို့ အကိုကြီးနဲ့ အတော်ကြီးပင် ရင်းနှီးလာခဲ့၏။ ဖုန်းပေးရုံတင်မကဘူး ဖုန်းဘေ ကလဲ မပျက်ရပဲ တော်ကြာနေ တစ်သောင်း တော်ကြာနေ ငါးထောင် ထည့်ပေးလိုက်နဲ့ မို့ လူကလေးအားနာနေရသည်။
မုန့် ဆိုတာလဲ လာတိုင်းပါ ပီး အဝတ် အစား ဖိနပ်နဲ့ အသုံးအဆောင် အတော်များများကိုလဲ ကျောင်းတက်ရင် ဝတ်ဖို့ ဆိုပီး ခနခန ဝယ်ပေးတက်လွန်းလို့ လူကလေးစိတ်ဆိုးရသေးသည်။
တလမ်းလုံး တိတ်ဆိတ်နေတဲ့ အချိန်မှာ ကားနောက်ပေါက်ကို မှီပီး ဆေးလိပ်သောက်နေတဲ့ အကိုကြီးက လူကလေးထွက်လာတာကို မမှိတ်မသုန် လှမ်းကြည့်နေသည်မို့ အပြေးလေးသွား နှုတ်ဆက် လိုက်၏။
"အကိုကြီး မိုးချုပ်နေပီကို လာနေသေးတယ်။ ကျွန်တော်က ဖုန်းကြိုဆက်ထားလို့ အကိုကြီးကို စောင့်နေတာ နို့ မို့ ဆို အိပ်တောင်နေပီ "
မကျေနပ်သလိုလေး ဇ ကိုမော့ကြည့်ပီးပြောနေတဲ့ ကလေးလေးကို ပြုံးပီး ပြောသမျှ နားထောင်နေလိုက်သည်။ သောက်လက်စ ဆေးလိပ် ကို ရှိုက်သွင်းလိုက်ပီးမှ
စကားများနေတဲ့ ကလေးလေး မျက်နှာကို မှုတ်ထုတ်လိုက်၏။
"အဟွတ် အဟွတ် …"
ချောင်းတဟွတ်ဟွတ် ဆိုးသွားတာမို့ လက်ထဲက သိပ်မကျန်တော့တဲ့ ဆေးလိပ်တိုကို အဝေးကို လက်ညိုးနဲ့ တောက်လွှတ်လိုက်ပီး အခိုးတွေ ကို ပြယ်လို့ ပြယ်ညား လက်နဲ့ လိုက်ရမ်းထုတ်လိုက်၏။
"Sorry …နောက်ကို ကိုယ်ဆေးလိပ် ဖြည်းဖြည်းချင်းဖြတ်ပါ့မယ်"
"ဟင့်အင် ရပါတယ် ။ အကိုကြီးဆေးလိပ်သောက်တာ ကျန်းမာရေးအတွက် စိုးရိမ်ရလို့ မသောက်ရင်ကောင်းပေမဲ့ ဆေးလိပ်သောက်တဲ့ပုံက အရမ်းမိုက်တော့ ကျွန်တော် သဘောကျပါတယ် "
မီးရောင်သဲ့သဲ့ အကူအညီဖြင့် မြင်ရတဲ့ မျက်နှာလေးသေးသေးလေးကို သဘောတကျ လက်မလေးနဲ့ ဖွဖွပွတ်ကာ
" အဆင်မပြေတာကို အတင်းလက်ခံပေးနေစရာမလိုပါဘူး။ မင်းပြောစရာမလိုအောင် နောက်ဆင်ခြင်ရမှာကိုယ့်တာဝန်ပဲ ။ တခါထဲဖြတ်လို့ မရပေမဲ့ ဖြည်းဖြည်းချင်းကိုယ်ဖြတ်ပေးပါ့မယ် "
နုနုညံ့ညံ့ငုံ့ ကြည့်ရင်း ပြောနေတဲ့ အကိုကြီးကြောင့် လူကလေးရင်ထဲ ရေနွေးစီးကြောင်းလေးဖြတ်စီးဆင်းသွားသလို နွေးထွေးသွား၏။ ဒီလို ခံစားချက်ကြီးကို အကိုကြီးနဲ့ တွေ့ တိုင်း လူကလေး ခနခန ခံစားနေရသည်မို့ နေရခက်လှသည်။ အမျိုးအမည်မသိတဲ့ ခံစားချက်ကိုလူကလေး ကိုယ်တိုင် အဖြေရှာမရပေ။ အရင်လို ငါလို့ မပြောပဲ ကိုယ် လို့ ပြောင်းပြောလာတာကြောင့် မသိရင် သမီးရည်စားစကားပြောသလိုဖြစ်နေသည်။
"ကလေးလေး "
အတွေးနစ်နေရာမှာ အကိုကြီးအသံကြောင့်မော့ကြည့်လိုက်တော့ အကိုကြီးက ဘာစကားမှ မပြောသေးပဲ ငုံ့ ကြည့်၏။ ပီးမှ
ခပ်တိုးတိုး အသံဖြင့်
"Happy birthday ကလေးလေး 17နှစ်ပြည့် မွေးနေ့ မှစ နောင် အသက်တစ်ရာထိ ဒီအကိုကြီးနားမှာ ခုလိုလေး ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေကွာ "
တသက်လုံးမွေးနေ့ ဆိုတာ မကြုံဘူးသလို မေ့နေခဲ့တာမို့ လူကလေး ကြောင် အ,သွားရ၏။ တစ်စို့ လာတဲ့ ခံစားချက်နဲ့
မျက်ရည်ဝိုင်းကာ အကိုကြီးကို မော့ကြည့်မိတော့ …
"ငိုစရာပါလား အဲ့လိုမျက်ရည်တွေကျတာ ကိုယ်မကြိုက်ဘူး။ နောက်နှစ်တွေမှာ ခုလို မွေ့ နေ့ စကားတွေ အမြဲ ပြောပေးနေမဲ့ အပြင်
ခုလို မွေးနေ့ လက်ဆောင်တွေလဲပေးအုန်းမှာ "
ပြောပီးကားအနောက်ပေါက်ကို ဆွဲဖွင့်လိုက်တော့ အပြာရောင် မိုးပျံ ဘောလုံးလေးတွေ အများကြီးပျံတက်သွား၏။
"ဝါး …ဝါး …လှလိုက်တာ "
ဇ အင်္ကျီလက်ဖျားကို ဆွဲကိုင်ထားကာ ကောင်းကင်ကို သဘောတကျမော့ကြည့်ရင်း တ ဝါးဝါး အသံထွက်အောင်အော်နေတဲ့ ကလေးလေးကို ငြိမ်ငြိမ်လေး ဘေးကနေ ဇ ရပ်ကြည့်နေခဲ့သည်။ ကလေးလေးက မလှသလို မချောလဲမချောဘူး။ အဝတ်နွမ်းနွမ်း လူသေးသေးမို့ စွဲဆောင်မူ့ ရှိတဲ့ထဲလဲမပါဘူး။ ဒါပေမဲ့ ဇ သဘောကျ၏။
ရူးသွားလောက်အောင်ကို သဘောကျတာပါ။
"ကြိုက်လား "
"အင်း အရမ်းလှတာပဲ …ကျွန်တော် သဘောကျတယ်။ အကိုကြီး အရမ်းသဘောကောင်းတာပဲ။ "
"အင်း …သဘောကောင်းတယ်။ ဒီထပ် ပိုကောင်းအုန်းမှာ မို့ … ကျေးဇူးတင်စကားတော့မကြားချင်ဘူး … လာ …ဒီမှာကြည့် "
လက်ကို နောက်ဖုံးဖွင့်ထားတဲ့ကားနားလှမ်းဆွဲလိုက်တာမို့ လူကလေး အရှိန်နဲ့ အကိုကြီးလက်မောင်းကိုတောင် ကျော်တိုက်မိသွား၏
"အာ့! အကိုကြီးကလဲ ဖြည်းဖြည်းမလုပ်ဘူး။ ဇွတ်ပဲ ဟင် အကို …အကိုကြီး
ဒါ …ကျွန်တော့အတွက်လား "
မျက်လုံးပြူး မျက်ဆံပြူးလေးဖြစ်ပီး ဇ …လက်ကို လှုပ်ကာ… မေးလိုက်တာ မို့ … ဇ
သဘောတကျ အော်ရယ်လိုက်သည်။
"ဟားဟား …ကလေးလေးရာ …အဲ့လောက်တောင် ကြိုက်တာလား ။ အင်း …
အင်းပေါ့
မင်းက ကလေးလေးပဲရှိသေးတာကို အရုပ်ကြိုက်မှာပေါ့ "
ကားနောက်ဖုံးမှာ ထိုင်ရက် ထည့်ထားတဲ့ ဝက်ဝံရုပ်ကြီးက လူကလေး တကိုယ်စာလောက်ရှိသည်မို့ အတော်ကြီးသဘောကျသွား၏။ သူလိုလူက ဒီလို အရုပ်မပြောနဲ့
သေးသေးလေးတောင် မဝယ်နိုင်တာမို့ အတော်ကြီး ခုန်စွခုန်စွဖြစ်အောင်ကိုလူကလေး ပျော်နေ၏ ။
"ကြိုက်တယ် …ကျွန်တော်ကြိုက်တယ် ။ "
ပျော်ရွှင်စွာ ခုန်ပေါက်နေတဲ့ ကလေးလေးကို ကြည့်ပီး ဇ ပါ ဝမ်းသာကြည်နူးမိသည်။
ဖြစ်နိုင်ရင် တသက်လုံး ဒီလို လေးပဲထား
ပေးချ င်၏။
"ကျန်သေးတယ် "
"ဟင် တကယ် ဘယ်မှာလဲ "
ဘေးဘီကို ခေါင်းလေးစောင်းပီး လိုက်ရှာနေတာကြောင့် နဖူးလေးကို လက်ညိုးလေးနဲ့ တွန်းလွှတ်လိုက်ပီး …
" ဒီမှာ "
ဇ ကိုယ်နဲ့ ကွယ်ထားတဲ့ ကားနောက်ကို
ဖယ်ပေးလိုက်တော့ အရုပ်ကြီးရဲ့ဘေးမှာ ချထားတဲ့ ပန်းရောင် လေးထောင့်ပုံးလေး။
"ဘာကြီးလဲ "
"သိချင် သွားဖွင့်ကြည့် "
လွတ်လွတ်လပ်လပ် ကြည့်ရအောင် ဇ ဘေးကို ဖယ်ပေးလိုက်သည်။ ဖဲကြိုးစီးထားတဲ့ ပန်းရောင် ပုံးလေးကိုစိတ်ဝင်တအား
အားကြိုးမာန်တက် ဖွင့်နေတာကို ဇ လက်ပိုက်ပီးကြည့်နေလိုက်သည်။
လှလှပပချီ ထားတဲ့ ဖဲကြိုးလေးတွေကို မဖျက်စီးရက်ပေမဲ့ ဘာကြီးလဲဆိုတာ လူကလေး သိချင်နေတာမို့ ဖွင့်ကြည့်လိုက်သည်။
ဖဲကြိုးလေးတွေ ဖြည်သွားတာနဲ့ တဖြည်းဖြည့်ပွင့်သွား ပုံးလေးထဲမှာ happy birthdayဆိုတဲ့ ဘောလုံးလေးတွေက ကြိုးတန်းလန်းလေးနဲ့ အရင်ထွက်လာ၏
အကိုကြီးကို လှည့်ကြည့်ပြန်တော့ ဆက်ကြည့် ဆိုတဲ့ သဘောနဲ့ မျက်ခုံးပင့်ပြသည်။ ဘောလုံးလေးတွေကို ဆွဲဖယ် လိုက်တော့ ရှင်းရှင်းလင်းလင်း ပေါ်လာတဲ့ မှန်အကြည်လေး နဲ့ ထည့်ထားတဲ့ ပန်းရောင်ကိတ်မုန့် လေး ။ ဘေးပတ်ပတ်လည်မှာလဲ တစ်သောင်းတန် အလိပ်လေးတွေကို ဖဲကြိုးသေးသေးလေးတွေနဲ့ ချီထားပီး
ကိတ်ပတ်ပတ်လည်မှာ ပတ်စီထား၏။
" အ အကိုကြီး "
မယုံကြည်နိုင်သလို မျက်ရည်တွေဝဲကြည့်လာတဲ့ ကလေးလေးကို လက်မောင်းလေးနှစ်ဖက်ကနေဆွဲကိုင်လိုက်ပီး
" မငိုနဲ့ ။ မင်းမွေးနေ့ ကနေ့ စပီး နေ့ ရက်တွေမှာ ပျော်ရွှင်မူ့ တွေနဲ့ ပဲ ဖြတ်သန်းသွားစေချင်တယ်။ မလှပတဲ့ အတိတ်တွေကို ထားခဲ့လိုက်။ မင်း မပျော်တာ …ကိုယ်သိတယ်။ ဒါကြောင့် ရုန်းထွက်လိုက်ပါတော့။ ပြင်ပလောက ကို …မင်းစူးစမ်းကြည့် ပါ… ဘေးကနေ ဘေးမသိရန်မခ အောင် ကိုယ်စောင့်ရှောက်ပေးမယ်။ လုပ်ချင်ရာလုပ်… ကိုယ် အနားကနေ… မင်းလုပ်သမျှ ထိုင်ကြည့်မယ်။ မနေချင်တဲ့နေရာ မနေနဲ့ …လုပ်ချင်တာလုပ်ကြည့်ဖို့ ဘာမှကြောက်နေစရာမလိုဘူး "
မျက်သားတစ်ခုလုံးအပြည့်အဝ ဝိုင်းလာတဲ့ မျက်ရည်စတွေကြောင့် မျက်လုံလေးနှစ်ဖက် ကို လက်မနဲ့ ဇ ဖိပေးလိုက်တော့ စီးကျသွားတဲ့ မျက်ရည်ပူတွေက မနည်းမနော ။ ဝမ်းနည်းတက်လိုက်တာ ဒီကလေးလေးကတော့။
" အကိုကြီးကို အင့်… ကျေးဇူးတင်ပါတယ်။
ကျွန်တော် ဟင့်… ဒီမှာမနေချင်တော့ဘူး။
အဆောင်နေဖို့ ကလဲ ကျွန်တော် အဆင်ပြေပါ့မလား မသေချာ လို့ …လုပ်မကြည့်ရဲ ဘူး …အင့် "
အတင်း တိုးဖက်ပီးရင်ခွင်ထဲဝင်လာတဲ့
ကလေးလေးကို ပြန်တိုးဖက်လိုက်ပီး ကျောလေးကို ပုတ်ပေးပီး နှစ်သိမ့်လိုက်၏
ဇ သိတယ်။ အပြင်ထွက်နေဖို့့က ကလေးသာသာလေးမို့ မနေရဲ။ ဒီအိမ်မှာကျလဲ ကလေးလေး ဘယ်လောက် အနေဆင်းရဲ အစားဆင်းရဲ ဆိုတာ သူသိသည်။ တခါတလေ ဆူပူအော်ဟစ်နေတက်တဲ့ မိထွေးအသံက ဇ နဲ့ ဖုန်းပြောတိုင်း ကြားရတက်သည်။ ကဗျာကယာ ဖုန်းချ သွားတဲ့ကလေးလေးကိုတွေးမိပီး ဇ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပ်ီး ဒေါသကို လျော့ခဲ့ရတဲ့နေ့ တွေမနည်း။
" အဆင်ပြေမဲ့အဆောင် ကိုယ်ရှာပေးမယ် ။ "
"ဟင့်… အလုပ်ရောနော် "
"အင်း …အလုပ်ရောပဲ "
"ကျောင်းတက်ရင်း လုပ်လို့ ရတာမျိုး "
"အင်း …ကိုယ်သိတယ် "
တတွတ်တွတ်ပြောနေတဲ့ ကိုယ်လေးကို ထွေးဖက်ပီး ဇ မလှမ်းမကမ်းက ရပ်ထားတဲ့ ကားကိုလှမ်းကြည့်လိုက်တော့ ဒေဝါက လက်မ ထောင်ပြသည်မို့ ဇ စိတ်ချလက်ချ ရင်ခွင်မှီအရပ်ပိုင်ရှင်လေးကို တင်းတင်းလေးထွေးပွေ့ လိုက်သည်။ ငိုလိုက်
စကားတွေ ပြောလိုက် လုပ်နေပေမဲ့ ခုထိ ရင်ခွင်ထဲက မထွက်သေးတဲ့ ကလေးလေးကို စိတ်ရှည်လက်ရှည် ချော့မော့ရင်း ဇ အသားယူ နေလိုက်၏။ အချစ်တွေ နဲ့ ပြည့်စုံတဲ့ နေရက်တွေ များလာလေလေ ဇ အတွက်ကတော့ ရှင်သန်ခြင်းက ပိုအဓိပ္ပါယ်ရှိလာလေလေပဲ။ ဒါတောင် ကလေးလေး အသက်မပြည့်သေးလို့ ။
(မမှောင် ကျပါနဲ့ ကလေးတို့ 😆 ဇ က သူ့ ကလေးလေးကို နမ်းဖို့ မပြောနဲ့ ဖက်တာတောင်ခုမှ ဖက်ဘူးတာပါ။ သူပြောချင်တာက မထိမတွေ့ ရပဲနဲ့ တောင် သူပျော်နေရင် အသက်ပြည့်လို့ သွားတာလာတာ ဖက်တာနမ်းတာ လုပ်လို့ ရရင် သူ ဘယ်လောက်တောင် ပျော်လိုက်မလဲ ")
ချစ်တဲ့ အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz