ZingTruyen.Xyz

ဇ ( Completed)

8

eainsi23

"  ဒါဘယ္လဲ "

လက္ပိုက္ကာ အခန္းေပါက္ဝမွာရပ္ပီး ခပ္တည္တည္မ်က္ထားႀကီးနဲ ့ ေမးတဲ့ေဖေဖ့ေႀကာင့္ ကုတင္ေပၚက ခိုးဆင္းဖို ့လုပ္ေနတဲ့ ဇ တစ္ေယာက္ …တို ့လို ့တန္းလန္းျဖစ္သြား၏။
ေန ့ခင္း က အျဖစ္ကို ခုထိ ေက်နပ္ေသးပံုမရတဲ့ပံုေႀကာင့္ ရယ္ခ်င္ေနေပမဲ့ မ်က္နာပိုးသတ္ကာ…

"  သား အျပင္သြားမလို ့ "

" မသြားရဘူး "

"ဟာ … ေဖေဖ ! "

"တိုင္းထြဋ္တင္ !! မင္းကို မသြားရဘူးလို ့ေျပာေနတယ္ အထြန္ ့မတက္နဲ ့ "

ပိုက္ထားတဲ့ လက္ကိုျဖဳတ္ပီး အသံကုန္ေအာ္လာတာမို ့ ဒီတခါ အေလ်ာ့ေပးမဲ့ ပံု မေပၚေတာ့ေပ။

"က်စ္ ! အေဖ လံုးဝ မမိုက္ဘူး "

မေက်နပ္မနပ္ ကုတင္ေပၚေျခခ်ထိုင္လိုက္တဲ့ တိုင္း…ကို  ဦးထြဋ္တင္ နွဳတ္ခမ္းမဲ့ပီးႀကည့္လိုက္သည္။ မွတ္ပီလား ။ ထြဋ္တင္ ကို ဒီလို လာစမ္းလို ့ရမလား။ ေနခင္းက
သူဘယ္ေလာက္ပူေလာင္ခဲ့ရလဲ ။ ေသြးေတြ စီးက်ေနတဲ့ မ်က္နွာတစ္ျခမ္းေႀကာင့္
ဆြဲဖက္ ငိုခဲ့ရေပမဲ့ တကယ္ျဖစ္ခဲ့တာ လက္မို ့အ ရွက္ တကြဲျဖစ္ခဲ့ရသည္။ စဥ္းစားႀကည့္… အလုပ္သမားေတြ အမ်ားႀကီး ေရွ ့့မွာ  …မႀကီးမငယ္နဲ ့  ဆရာဝန္ လာေတာ့ သူ ့သားကိုဖက္ပီး ငိုႀကီးခ်က္မ  အကူညီေတာင္းခဲ့ရတာ ။ ျဖစ္ေတာ့ သံုးခ်က္ပဲ ခ်ဳပ္လိုက္ရတဲ့ လက္တဲ့ ။ ေစာက္က်ိဳးနဲ … ေသြးေတြက တကိုယ္လံုးေပေနေတာ့  သူထင္
တာက  အေတာ္မ်ားတယ္ထင္တာ ။မယံုလို ့ေတာင္ ထပ္ပီး ေသခ်ာ စစ္ေဆးႀကည့္ခိုင္းေသးတယ္။   အရူးလုပ္ခံလိုက္ရသလို
ခံစားခ်က္ေႀကာင့္ မ်က္ေစာင္းထိုးပီး တံခါးကိုေစာင့္ပိတ္လိုက္သည္။

"ဝုန္း "

တံခါး ပိတ္သံေႀကာင့္  ဇ မ်က္နွာ ရွဳံ  ့မဲ့သြား၏။ ေဖေဖ ကေတာ့ တကယ္ညစ္ပါတ္ပီ။

" က်စ္ ! "

မေက်မနပ္စုတ္ သပ္ကာ ဇ  ေကာင္းတဲ့ လက္တစ္ဖက္နဲ ့ နဖူးေပၚက်ေနတဲ့ ဆံပင္ေတြ သပ္တင္လိုက္သည္။  ပတ္တီးေတြပတ္ထားတဲ့ လက္ကို မ, ႀကည့္ပီး ဇ
သက္ျပင္းခ်လိုက္သည္။ မထိန္းခ်ဳပ္နိုင္တဲ့ စိတ္ေႀကာင့္ ခုေတာ့ ကေလးေလးမ်က္နွာေလးေတာင္ သြားမႀကည့္ရေတာ့ေပ။

ေျခခ် ထိုင္ေနရင္းကေန  အိပ္ယာေပၚပက္လက္ႀကီး စိတ္ပ်က္လက္ပ်က္ လွဲခ်လိုက္သည္။ 

"ခ်ီးပဲ "

ခပ္တိုးတိုး ဆဲဆိုပီး လက္က ေဘးမွာ ခ်ထားတဲ့ ဖုန္းကိုယူ ကိုင္လိုက္သည္။ ေန ့ခင္းကတည္းကေန   ခုထိ အဆက္အသြယ္မရွိေသးတာမို ့ ဇ  အေတာ္ႀကီး လြမ္းေနေလပီ။ 
တခါေလးေတာင္ ေခၚထားတဲ့ ဖုန္းcall မရွိသလို စာ ေလးတေႀကာင္းေတာင္ ဝင္ထားမရွိ ။
အလိုမက် တဲ့စိတ္တို ့နဲ ့
ကိုင္ထားတဲ့ ဖုန္းကို ေဘးေမြ ့ယာေပၚ ပစ္ခ်လိုက္သည္။ ဟိုေတြးဒီေတြးနဲ ့ နွစ္မိနစ္ေလာက္ႀကာေတာ့ မေန နိုင္ မထိုင္ အသံေလးျဖစ္ျဖစ္ႀကားခ်င္ေသးတာေႀကာင့္ ဖုန္းကိုျပန္ဆြဲယူလိုက္သည္။

လူကေလး ဘာလုပ္ရမွန္းမသိ ေယာင္ခ်ာႀကီးျဖစ္ေန၏။ ခနခန ဖုန္းေတြဆက္လိုက္ အခ်ိန္တိုင္း စာေတြ ပို ့ လိုက္ေနတဲ့ အကိုႀကီး က တေနကုန္ ဖုန္းမေခၚသလို စာေလးတစ္ေႀကာင္းေတာင္ ပို ့မထားတာေႀကာင့္ ထူးဆန္းေနသည္။  ေခါက္လက္စ အဝတ္ေတြ သိပ္မေသသပ္သလို ခံစားေနရတာေႀကာင့္  လူကေလး ျပန္ျဖန္ ့ေခါက္ပီး အလုပ္မရွိအလုပ္ရွာေနလိုက္သည္။ ဆယ္မိနစ္ေလာက္ႀကာေတာ့ အကုန္ေခါက္ပီးသြားတဲ့ အဝတ္ေတြကို ဧည့္ခန္းမွာရွိတဲ့  ဦးေလးေက်ာ္ တို ့ဗီရုိေပါက္စေလးထဲ သြားထည့္ေပးလိုက္၏။
ဘာလုပ္ရမွန္းမသိတာေႀကာင့္ ဖုန္းကို ေကာက္ကိုင္လိုက္ေပမဲ့ အကိုႀကီးကိုသာ သတိရေနျပန္၏။

"အလကားလူႀကီး လာမယ္ဆိုပီးေတာ့ "

စူပုပ္ကာ ဖုန္းထဲက အကိုႀကီးပံုေတြ ကို ဝင္ႀကည့္လိုက္သည္။ အကိုႀကီးကိုင္တဲ့ ဖုန္းမို ့ အကုိႀကီး ပံုေတြ ရွိေပမဲ့  ခုထိ လူကေလးဖ်က္မပစ္ပဲ ဘာမွမရွိတဲ့ ဖုန္း wallpaperေတာင္ အကိုႀကီး ေဆးလိပ္ေသာက္ေနစဥ္ အျခားတစ္ေယာက္က အမွတ္တမဲ့ ရုိက္ေပးထားပံုေပၚတဲ့ အျဖဴအမဲ ပံုးေလးကိုေတာင္ သေဘာက်လို ့ေျပာင္းထားေသးသည္။
ပ်င္းတိုင္း နိုင္ငံျခားေမာ္ဒယ္တစ္ေယာက္လို ႀကည့္ေကာင္းလွတဲ့ အကိုႀကီးပံုေတြကို သေဘာတက်ဝင္ႀကည့္တက္ေသးေပမဲ့ လူမိုက္ကေလး ျဖစ္ပံုက်တဲ့ အကိုႀကီးကေတာ့ ေဆးလိပ္ေသာက္ေနတဲ့ပံုေတြနဲ ့ ေဘ့စ္ေဘာ ရုိက္တံကို ပုခံုးေပၚထမ္းပီး ရန္ျဖစ္ေနတဲ့ ပံုေတြသာရွိသည္
။    ခနခန ႀကည့္ျဖစ္ေပမဲ့ တစ္ပံုျခင္း ေသခ်ာျပန္ႀကည့္ေနစဥ္ အသံေလ်ာ့ထားတဲ့ဖုန္းမွ  "အကိုႀကီး "ဆိုတဲ့ နာမည္ေလးေႀကာင့္ လူကေလး ဝမ္းသာအားရ ကိုင္လိုက္သည္။

"ဟယ္လို  !   အကိုႀကီး "

" ဘာလုပ္ေနလဲ ကေလးေလး "

တဖက္မွ ႀသရွရွအသံကို နားေထာင္ပီး လူကေလး ျပံဳး လိုက္သည္။ အကိုႀကီးကေတာ့ တကယ္ပဲ… ရုပ္ေခ်ာ သလို အသံက လဲ ေယာက်ာ္းပီသ လိုက္တာ။

" ဟီး အကိုႀကီး ကို သတိရလို ့ အကုိႀကီးပံုေတြ ဝင္ႀကည့္ေနတာ"

" ……"

ဘာမွမေျပာပဲ အသံရွူသံျပင္းျပင္းကိုသာ
ႀကားေနရတာေႀကာင့္ …

"Hello ! "

"အင္း အခုလာခဲ့ရမလား "

"အာ… အကိုႀကီးကလဲ… ကိုးနာရီေတာင္ထိုးေတာ့မွာ …မလာပါနဲ ့ အျပန္က် မိုးခ်ဳပ္မွာ …က်ြန္ေတာ္ စိတ္မခ်ဘူး "

"ဘာလို ့စိတ္မခ်တာလဲ "

ဘယ္လိုႀကီးေမးလိုက္တာလဲအကိုႀကီးကေတာ့။  မသိရင္ သမီးရည္းစား အီစီကလီစီေျပာေနတဲ့ ပံုမ်ိဳးႀကီးမို ့ လူကေလးပါးနွစ္ဖက္ က သိသိသာသာ  ပူေလာင္လာ၏။
ေလမရေပမဲ့ လက္နဲ ့ယပ္ခပ္ သလိုေလး ကိုယ့္မ်က္နွာကို ျပန္ခပ္ ကာ …။

" စိတ္မခ်လို ့ စိတ္မခ်တာေပါ့ ။ ဘာေတြလားေမးေနမွန္းမသိဘူး ။ အိပ္ေတာ့မယ္
ဒါပဲ …"

"ေနအုန္း "

အမိန္ ့သံ မဟုတ္ပဲ အလ်ွင္စလို ဖုန္းခ်မွာေႀကာင့္ တားလိုက္တဲ့ အသံမို ့ လူကေလးနွဳတ္ခမ္းေလးကို ကိုက္လိုက္ပီး အကိုႀကီးေျပာတာကို သာ နားစြင့္ေနလိုက္၏

"  ဒီေန ့ မင္းနဲ ့ငါ   တစ္ေယာက္နဲ ့တစ္ေယာက္ သေဘာက်ခဲ့တာ နွစ္ရက္ေျမာက္ေန ့ ။   မင္းနဲ ့ ပဲ အခ်ိန္ေတြ အႀကာႀကီး ျဖတ္သန္းသြား ခ်င္တယ္ ။  မင္း တစ္ေယာက္ထဲကိုပဲ သေဘာက် သြားပါ့မယ္လို ့ ငါ ဂတိေပးပါတယ္ ။ ေကာင္းေကာင္းေနပါ ကေလးေလး ။ Goodnight  …Mwah "

ေျပာခ်င္ရာေျပာပီး က်သြားတဲ့ ဖုန္းကိုႀကည့္ပီး လူကေလး မ်က္ေမွာင္ႀကံဳ လိုက္သည္။ အကိုႀကီး တကယ္ စိတ္ေရာမွန္ရဲ့လား ။ဘာစကားေတြေျပာသြားမွန္း လဲ မသိ ။ဖုန္းခ်ခါနီးေတာင္… မြ …ဆိုတာႀကီးကို အသံထြက္ေအာင္ လုပ္သြားေသးတာမို  ့  လူကေလး ဖုန္းကို ေဘးပစ္ခ်ပီး ႀကက္သီးထလာတဲ့ လက္ေမာင္းေလးနွစ္ဖက္ကို ျမန္ျမန္ပြတ္ေနလိုက္သည္။ 

ဇ  မွန္အက္ေနတဲ့ ဖုန္းေလးကို ရင္ဘက္ေပၚဖြဖြတင္ကာ ျမတ္ျမတ္နိုးနိုးပိုက္ထားလိုက္သည္။  ကေလးေလး ကို သေဘာက်လြန္းလို ့  ဇ   နွလံုးခုန္သံေတြေတာင္မမွန္ခ်င္ေတာ့ ။ အခ်စ္ဆိုတာ ဒီလိုႀကီးပါလား ဆိုတာ ခုမွ နဖူးေတြ ့ဒူးေတြ ့ ခံစားဖူးသလို
တသိမ့္သိမ့္ တျငိမ့္ျငိမ့္ ျဖစ္ေန၏။ ဂိမ္းလဲ မေဆာ့ခ်င္ အျပင္လဲ မသြားခ်င္ပဲ ျဖစ္နိုင္ရင္ ကေလးေလးနဲ ့ သာအခ်ိန္တိုင္းစကားေျပာေနခ်င္ေတာ့သည္။  တဆစ္ဆစ္ ကိုက္ေနတဲ့ လက္ ကို ေျမာက္ႀကည့္ပီး ဇ သက္ျပင္းခ်လိုက္သည္။ သူ မနက္ဖန္ေတာ့ အျပင္ကို ရေအာင္ ခိုးထြက္မည္။ 

########

" အကိုေလး  အိမ္ေအာက္မွာ အကိုေလးသူငယ္ခ်င္းေရာက္ေနပါတယ္ "

အျပင္ဖက္ကေန တံခါးေခါက္ပီးလာေျပာတဲ့ အိမ္က အလုပ္သမားေကာင္မေလးအသံေႀကာင့္  ဇ  အက်ၤ ီ လဲေနရင္း မ်က္နွာသည္ ခ်က္ျခင္းတည္တင္းသြား၏။

"မေတြ ့ခ်င္ဘူးလို ့ေျပာလိုက္ "

"ဟုိ … အကိုေလးလာမေတြ ့မခ်င္းေစာင့္ေနမယ္လို ့ေျပာပါတယ္ ရွင့္ "

"က်စ္ ! "

အဝတ္ဗိဒို တံခါး ကို ဇ ေစာင့္ပိတ္လိုက္ပီး
မေက်မနပ္ စုတ္သတ္လိုက္၏။ အစကတည္းက ေဒါသထြက္ေအာင္ လာမလုပ္နဲ ့ေလ ။ အေပါင္းသင္းမလုပ္ရလဲ ဘာျဖစ္သြားမွာလဲ ဇ က …အေနသာႀကီး။  ေဒဝါ့အေႀကာင္းသိတာမို ့ ဇ  ဝတ္လက္စ
အက်ၤ ီကိုဆြဲခ်ပီး  ေအာက္ထပ္ကို ဆင္းသြားလိုက္သည္။  သူဆင္းလာတာကို
ဧည့္ခန္းမွာ ထိုင္ေစာင့္ရင္း  လွမ္းႀကည့္ေနတာေႀကာင့္ ခံုေပၚ ပစ္ထိုင္ပီးေမးလိုက္၏။

"ေျပာ "

"ငါမင္းကိုေတာင္းပန္ခ်င္လို ့ "

"မလိုဘူး "

အသံက ျပတ္သားေနပီး ေဒဝါကိုမႀကည့္ပဲေျပာ၏။

" မလိုလို ့မရဘူး …ဇ … မင္းနဲ ့ဆိုးတူေကာင္းဖက္ လည္ပင္းဖက္ေပါင္းလာတာ
ဟိုးငယ္ငယ္ေလးကတည္းက ။ ငါေျပာတာလြန္ သြားခဲ့ရင္ေတာင္ ငါတို ့က သူငယ္ခ်င္းေတြေလ ။ မင္းမႀကိဳက္ရင္ ငါမေျပာေတာ့ပါဘူး ။ ဒီတခါေတာ့ ငါ့ကို ခြင့္လြတ္ေပး ။ "

ခုထိ လွည့္မႀကည့္လာေသးတဲ့ ဇ က
ဘယ္ေလာက္ေခါင္းမာသလဲ ဆိုတာ
ေဒဝါ  အသိဆံုး။   ဒါေပမဲ့ ခုလို ဘာမဟုတ္တာေလးနဲ ့ သူငယ္ခ်င္းသံေယာဇဥ္ဖ်က္မယ္ဆိုတာေတာ့မဟုတ္ေသးဘူး။

"မင္းသိလား ဇ  ။ ငါတို ့ ေျခာက္တန္းေက်ာင္းသားတုန္းက  ေရဆင္းေဆာ့ ႀကတာ  မင္း ေရနွစ္ ခဲ့တာကိုေလ ။ အဲ့ တုန္းက ငါးေယာက္သြားတာ ငါ တစ္ေယာက္ေရမကူးတက္ တာ က်န္တဲ့ သူေတြ ေရထဲဆင္းေဆာ့ေနတုန္း  ငါက ကမ္းေပၚမွာ ထိုင္ႀကည့္ေနခဲ့တာေလ။ အင္း  မင္းေရနစ္ေတာ့  အကုန္ဆင္းမဆယ္ရဲပဲႀကည့္ေနခဲ့ေပမဲ့ … ငါ ကေတာ့ ေရမကူးတက္ေပမဲ့ မင္းေဇာနဲ ့  ငါေရထဲ ဆင္းခဲ့မိလို ့နွစ္ေယာက္လံုးေရနစ္ပီးေဆးရုံေရာက္တာ…ကံေကာင္းလို ့မေသတာ… ဟင္း …ရယ္ေတာ့ရယ္ရတယ္ေနာ္ …ငါ ဘယ္လို စိတ္နဲ ့ေရထဲဆင္းခဲ့မိမွန္းစဥ္းစားလို ့မရဘူး "

ရယ္ေမာရင္းေျပာလာတဲ့ေဒဝါစကားတို ့ေႀကာင့္…။
ဇ  ရဲ ့ အေတြးတို ့က ဟိုးဆယ္ေက်ာ္သက္ဘဝကိုျပန္ေရာက္သြားသည္။ တကယ္ပဲ အဲ့တုန္းက ေဒဝါေရနစ္ခဲ့တာ သူ ့ေႀကာင့္ဆိုတာ သိခဲ့ လို ့ …သူမေျပာျပခဲ့ေပမဲ့ အားနာခဲ့ရသည္။ အတူသြားခဲ့တဲ့သူငယ္ခ်င္းေတြကို အဲ့အခ်ိန္ကတည္းက မေပါင္းေတာ့ပဲေဒဝါ တစ္ေယာက္သာ စြံျမဲစြာေပါင္းခဲ့တာခုထိ ။

"က်န္ေသးတယ္ …ငါတို ့ ပထမဆံုး ခ်ိန္းပြဲတုန္းက  …တဖက္ကေကာင္ရုိက္လိုက္တာကိုငါ့အစား မင္းဝင္ခံလိုက္တာ လက္က်ိဳးသြားလို ့ မင္းေက်ာက္ပတ္တီးနဲ ့အႀကာႀကီးေနခဲ့ရေသးတယ္ေလ။ မင္းစဥ္းစားႀကည့္ပါ ဇ  ။ငါေျပာခဲ့ရင္ေတာင္ မင္းကိုစိတ္ပူလို ့ေလ ။ငါတို ့သံေယာဇဥ္ေတြ အမွတ္တရေတြက အမ်ားႀကီးကြ။
ဒါကို မင္းက ငါ့ကို အေပါင္းအသင္းမလုပ္ေတာ့ဘူးဆိုေတာ့ မင္းဘယ္ေလာက္မေကာင္းတဲ့ေကာင္လဲ ။ "

ေျပာရင္ လက္နွစ္ဖက္နဲ ့မ်က္နွာအုပ္ပီး ငိုေနတဲ့ ေဒဝါေႀကာင့္ ဇ နွုတ္ခမ္းမဲ့ပီး ႀကည့္လိုက္သည္။

"ငိုမေနနဲ ့ျပိတၱာတို ့မ်က္ရည္ ေျမမက်ေကာင္းဘူးတဲ့ ။  "

"ေဘာပဲ ေဟ့ေကာင္ "
ငိုရင္းတန္းလန္း ထဆဲပီး
လက္ခလည္ေထာင္ျပလာတာေႀကာင့္…

"ဟား ဟား … ငါအမွန္ေျပာတာကို မင္းက နာေနတယ္ "

ဧည့္ခန္းထဲမွာ ဇ ရယ္သံနဲ ့ ေဒဝါ ဆဲသံက
ဆူညံေနေအာင္ ထြက္လာမို ့ အိမ္ထဲရွိအလုပ္သမားေတြက မသိမသာ လွမ္းႀကည့္ႀကသည္။ သူတို ့ အိမ္က အကိုေလးက
ခုလို အရယ္အေျပာ သိပ္မရွိခဲ့တာမို ့ သိသိသာသာ ပင္လုပ္လက္စရပ္ ကာႀကည့္မိႀက၏။ ေသခ်ာတာကို ဇ နဲ ့ေဒဝါ ျပန္တည့္သြားႀကပီ ဆိုတာပါပဲ။

ခ်စ္တဲ့ အိမ္စည္။

###############

"  ဒါဘယ်လဲ "

လက်ပိုက်ကာ အခန်းပေါက်ဝမှာရပ်ပီး ခပ်တည်တည်မျက်ထားကြီးနဲ့  မေးတဲ့ဖေဖေ့ကြောင့် ကုတင်ပေါ်က ခိုးဆင်းဖို့ လုပ်နေတဲ့ ဇ တစ်ယောက် …တို့ လို့ တန်းလန်းဖြစ်သွား၏။
နေ့ ခင်း က အဖြစ်ကို ခုထိ ကျေနပ်သေးပုံမရတဲ့ပုံကြောင့် ရယ်ချင်နေပေမဲ့ မျက်နာပိုးသတ်ကာ…

"  သား အပြင်သွားမလို့  "

" မသွားရဘူး "

"ဟာ … ဖေဖေ ! "

"တိုင်းထွဋ်တင် !! မင်းကို မသွားရဘူးလို့ ပြောနေတယ် အထွန့် မတက်နဲ့  "

ပိုက်ထားတဲ့ လက်ကိုဖြုတ်ပီး အသံကုန်အော်လာတာမို့  ဒီတခါ အလျော့ပေးမဲ့ ပုံ မပေါ်တော့ပေ။

"ကျစ် ! အဖေ လုံးဝ မမိုက်ဘူး "

မကျေနပ်မနပ် ကုတင်ပေါ်ခြေချထိုင်လိုက်တဲ့ တိုင်း…ကို  ဦးထွဋ်တင် နှုတ်ခမ်းမဲ့ပီးကြည့်လိုက်သည်။ မှတ်ပီလား ။ ထွဋ်တင် ကို ဒီလို လာစမ်းလို့ ရမလား။ နေခင်းက
သူဘယ်လောက်ပူလောင်ခဲ့ရလဲ ။ သွေးတွေ စီးကျနေတဲ့ မျက်နှာတစ်ခြမ်းကြောင့်
ဆွဲဖက် ငိုခဲ့ရပေမဲ့ တကယ်ဖြစ်ခဲ့တာ လက်မို့ အ ရှက် တကွဲဖြစ်ခဲ့ရသည်။ စဉ်းစားကြည့်… အလုပ်သမားတွေ အများကြီး ရှေ့့မှာ  …မကြီးမငယ်နဲ့   ဆရာဝန် လာတော့ သူ့ သားကိုဖက်ပီး ငိုကြီးချက်မ  အကူညီတောင်းခဲ့ရတာ ။ ဖြစ်တော့ သုံးချက်ပဲ ချုပ်လိုက်ရတဲ့ လက်တဲ့ ။ စောက်ကျိုးနဲ … သွေးတွေက တကိုယ်လုံးပေနေတော့  သူထင်
တာက  အတော်များတယ်ထင်တာ ။မယုံလို့ တောင် ထပ်ပီး သေချာ စစ်ဆေးကြည့်ခိုင်းသေးတယ်။   အရူးလုပ်ခံလိုက်ရသလို
ခံစားချက်ကြောင့် မျက်စောင်းထိုးပီး တံခါးကိုစောင့်ပိတ်လိုက်သည်။

"ဝုန်း "

တံခါး ပိတ်သံကြောင့်  ဇ မျက်နှာ ရှုံ့မဲ့သွား၏။ ဖေဖေ ကတော့ တကယ်ညစ်ပါတ်ပီ။

" ကျစ် ! "

မကျေမနပ်စုတ် သပ်ကာ ဇ  ကောင်းတဲ့ လက်တစ်ဖက်နဲ့  နဖူးပေါ်ကျနေတဲ့ ဆံပင်တွေ သပ်တင်လိုက်သည်။  ပတ်တီးတွေပတ်ထားတဲ့ လက်ကို မ, ကြည့်ပီး ဇ
သက်ပြင်းချလိုက်သည်။ မထိန်းချုပ်နိုင်တဲ့ စိတ်ကြောင့် ခုတော့ ကလေးလေးမျက်နှာလေးတောင် သွားမကြည့်ရတော့ပေ။

ခြေချ ထိုင်နေရင်းကနေ  အိပ်ယာပေါ်ပက်လက်ကြီး စိတ်ပျက်လက်ပျက် လှဲချလိုက်သည်။ 

"ချီးပဲ "

ခပ်တိုးတိုး ဆဲဆိုပီး လက်က ဘေးမှာ ချထားတဲ့ ဖုန်းကိုယူ ကိုင်လိုက်သည်။ နေ့ ခင်းကတည်းကနေ   ခုထိ အဆက်အသွယ်မရှိသေးတာမို့  ဇ  အတော်ကြီး လွမ်းနေလေပီ။ 
တခါလေးတောင် ခေါ်ထားတဲ့ ဖုန်းcall မရှိသလို စာ လေးတကြောင်းတောင် ဝင်ထားမရှိ ။
အလိုမကျ တဲ့စိတ်တို့ နဲ့
ကိုင်ထားတဲ့ ဖုန်းကို ဘေးမွေ့ ယာပေါ် ပစ်ချလိုက်သည်။ ဟိုတွေးဒီတွေးနဲ့  နှစ်မိနစ်လောက်ကြာတော့ မနေ နိုင် မထိုင် အသံလေးဖြစ်ဖြစ်ကြားချင်သေးတာကြောင့် ဖုန်းကိုပြန်ဆွဲယူလိုက်သည်။

လူကလေး ဘာလုပ်ရမှန်းမသိ ယောင်ချာကြီးဖြစ်နေ၏။ ခနခန ဖုန်းတွေဆက်လိုက် အချိန်တိုင်း စာတွေ ပို့  လိုက်နေတဲ့ အကိုကြီး က တနေကုန် ဖုန်းမခေါ်သလို စာလေးတစ်ကြောင်းတောင် ပို့ မထားတာကြောင့် ထူးဆန်းနေသည်။  ခေါက်လက်စ အဝတ်တွေ သိပ်မသေသပ်သလို ခံစားနေရတာကြောင့်  လူကလေး ပြန်ဖြန့် ခေါက်ပီး အလုပ်မရှိအလုပ်ရှာနေလိုက်သည်။ ဆယ်မိနစ်လောက်ကြာတော့ အကုန်ခေါက်ပီးသွားတဲ့ အဝတ်တွေကို ဧည့်ခန်းမှာရှိတဲ့  ဦးလေးကျော် တို့ ဗီရိုပေါက်စလေးထဲ သွားထည့်ပေးလိုက်၏။
ဘာလုပ်ရမှန်းမသိတာကြောင့် ဖုန်းကို ကောက်ကိုင်လိုက်ပေမဲ့ အကိုကြီးကိုသာ သတိရနေပြန်၏။

"အလကားလူကြီး လာမယ်ဆိုပီးတော့ "

စူပုပ်ကာ ဖုန်းထဲက အကိုကြီးပုံတွေ ကို ဝင်ကြည့်လိုက်သည်။ အကိုကြီးကိုင်တဲ့ ဖုန်းမို့  အကိုကြီး ပုံတွေ ရှိပေမဲ့  ခုထိ လူကလေးဖျက်မပစ်ပဲ ဘာမှမရှိတဲ့ ဖုန်း wallpaperတောင် အကိုကြီး ဆေးလိပ်သောက်နေစဉ် အခြားတစ်ယောက်က အမှတ်တမဲ့ ရိုက်ပေးထားပုံပေါ်တဲ့ အဖြူအမဲ ပုံးလေးကိုတောင် သဘောကျလို့ ပြောင်းထားသေးသည်။
ပျင်းတိုင်း နိုင်ငံခြားမော်ဒယ်တစ်ယောက်လို ကြည့်ကောင်းလှတဲ့ အကိုကြီးပုံတွေကို သဘောတကျဝင်ကြည့်တက်သေးပေမဲ့ လူမိုက်ကလေး ဖြစ်ပုံကျတဲ့ အကိုကြီးကတော့ ဆေးလိပ်သောက်နေတဲ့ပုံတွေနဲ့  ဘေ့စ်ဘော ရိုက်တံကို ပုခုံးပေါ်ထမ်းပီး ရန်ဖြစ်နေတဲ့ ပုံတွေသာရှိသည်
။    ခနခန ကြည့်ဖြစ်ပေမဲ့ တစ်ပုံခြင်း သေချာပြန်ကြည့်နေစဉ် အသံလျော့ထားတဲ့ဖုန်းမှ  "အကိုကြီး "ဆိုတဲ့ နာမည်လေးကြောင့် လူကလေး ဝမ်းသာအားရ ကိုင်လိုက်သည်။

"ဟယ်လို  !   အကိုကြီး "

" ဘာလုပ်နေလဲ ကလေးလေး "

တဖက်မှ သြရှရှအသံကို နားထောင်ပီး လူကလေး ပြုံး လိုက်သည်။ အကိုကြီးကတော့ တကယ်ပဲ… ရုပ်ချော သလို အသံက လဲ ယောကျာ်းပီသ လိုက်တာ။

" ဟီး အကိုကြီး ကို သတိရလို့  အကိုကြီးပုံတွေ ဝင်ကြည့်နေတာ"

" ……"

ဘာမှမပြောပဲ အသံရှူသံပြင်းပြင်းကိုသာ
ကြားနေရတာကြောင့် …

"Hello ! "

"အင်း အခုလာခဲ့ရမလား "

"အာ… အကိုကြီးကလဲ… ကိုးနာရီတောင်ထိုးတော့မှာ …မလာပါနဲ့  အပြန်ကျ မိုးချုပ်မှာ …ကျွန်တော် စိတ်မချဘူး "

"ဘာလို့ စိတ်မချတာလဲ "

ဘယ်လိုကြီးမေးလိုက်တာလဲအကိုကြီးကတော့။  မသိရင် သမီးရည်းစား အီစီကလီစီပြောနေတဲ့ ပုံမျိုးကြီးမို့  လူကလေးပါးနှစ်ဖက် က သိသိသာသာ  ပူလောင်လာ၏။
လေမရပေမဲ့ လက်နဲ့ ယပ်ခပ် သလိုလေး ကိုယ့်မျက်နှာကို ပြန်ခပ် ကာ …။

" စိတ်မချလို့  စိတ်မချတာပေါ့ ။ ဘာတွေလားမေးနေမှန်းမသိဘူး ။ အိပ်တော့မယ်
ဒါပဲ …"

"နေအုန်း "

အမိန့် သံ မဟုတ်ပဲ အလျှင်စလို ဖုန်းချမှာကြောင့် တားလိုက်တဲ့ အသံမို့  လူကလေးနှုတ်ခမ်းလေးကို ကိုက်လိုက်ပီး အကိုကြီးပြောတာကို သာ နားစွင့်နေလိုက်၏

"  ဒီနေ့  မင်းနဲ့ ငါ   တစ်ယောက်နဲ့ တစ်ယောက် သဘောကျခဲ့တာ နှစ်ရက်မြောက်နေ့  ။   မင်းနဲ့  ပဲ အချိန်တွေ အကြာကြီး ဖြတ်သန်းသွား ချင်တယ် ။  မင်း တစ်ယောက်ထဲကိုပဲ သဘောကျ သွားပါ့မယ်လို့  ငါ ဂတိပေးပါတယ် ။ ကောင်းကောင်းနေပါ ကလေးလေး ။ Goodnight  …Mwah "

ပြောချင်ရာပြောပီး ကျသွားတဲ့ ဖုန်းကိုကြည့်ပီး လူကလေး မျက်မှောင်ကြုံ လိုက်သည်။ အကိုကြီး တကယ် စိတ်ရောမှန်ရဲ့လား ။ဘာစကားတွေပြောသွားမှန်း လဲ မသိ ။ဖုန်းချခါနီးတောင်… မွ …ဆိုတာကြီးကို အသံထွက်အောင် လုပ်သွားသေးတာမို့  လူကလေး ဖုန်းကို ဘေးပစ်ချပီး ကြက်သီးထလာတဲ့ လက်မောင်းလေးနှစ်ဖက်ကို မြန်မြန်ပွတ်နေလိုက်သည်။ 

ဇ  မှန်အက်နေတဲ့ ဖုန်းလေးကို ရင်ဘက်ပေါ်ဖွဖွတင်ကာ မြတ်မြတ်နိုးနိုးပိုက်ထားလိုက်သည်။  ကလေးလေး ကို သဘောကျလွန်းလို့   ဇ   နှလုံးခုန်သံတွေတောင်မမှန်ချင်တော့ ။ အချစ်ဆိုတာ ဒီလိုကြီးပါလား ဆိုတာ ခုမှ နဖူးတွေ့ ဒူးတွေ့  ခံစားဖူးသလို
တသိမ့်သိမ့် တငြိမ့်ငြိမ့် ဖြစ်နေ၏။ ဂိမ်းလဲ မဆော့ချင် အပြင်လဲ မသွားချင်ပဲ ဖြစ်နိုင်ရင် ကလေးလေးနဲ့  သာအချိန်တိုင်းစကားပြောနေချင်တော့သည်။  တဆစ်ဆစ် ကိုက်နေတဲ့ လက် ကို မြောက်ကြည့်ပီး ဇ သက်ပြင်းချလိုက်သည်။ သူ မနက်ဖန်တော့ အပြင်ကို ရအောင် ခိုးထွက်မည်။ 

########

" အကိုလေး  အိမ်အောက်မှာ အကိုလေးသူငယ်ချင်းရောက်နေပါတယ် "

အပြင်ဖက်ကနေ တံခါးခေါက်ပီးလာပြောတဲ့ အိမ်က အလုပ်သမားကောင်မလေးအသံကြောင့်  ဇ  အင်္ကျီ လဲနေရင်း မျက်နှာသည် ချက်ခြင်းတည်တင်းသွား၏။

"မတွေ့ ချင်ဘူးလို့ ပြောလိုက် "

"ဟို … အကိုလေးလာမတွေ့ မချင်းစောင့်နေမယ်လို့ ပြောပါတယ် ရှင့် "

"ကျစ် ! "

အဝတ်ဗိဒို တံခါး ကို ဇ စောင့်ပိတ်လိုက်ပီး
မကျေမနပ် စုတ်သတ်လိုက်၏။ အစကတည်းက ဒေါသထွက်အောင် လာမလုပ်နဲ့ လေ ။ အပေါင်းသင်းမလုပ်ရလဲ ဘာဖြစ်သွားမှာလဲ ဇ က …အနေသာကြီး။  ဒေဝါ့အကြောင်းသိတာမို့  ဇ  ဝတ်လက်စ
အင်္ကျီကိုဆွဲချပီး  အောက်ထပ်ကို ဆင်းသွားလိုက်သည်။  သူဆင်းလာတာကို
ဧည့်ခန်းမှာ ထိုင်စောင့်ရင်း  လှမ်းကြည့်နေတာကြောင့် ခုံပေါ် ပစ်ထိုင်ပီးမေးလိုက်၏။

"ပြော "

"ငါမင်းကိုတောင်းပန်ချင်လို့  "

"မလိုဘူး "

အသံက ပြတ်သားနေပီး ဒေဝါကိုမကြည့်ပဲပြော၏။

" မလိုလို့ မရဘူး …ဇ … မင်းနဲ့ ဆိုးတူကောင်းဖက် လည်ပင်းဖက်ပေါင်းလာတာ
ဟိုးငယ်ငယ်လေးကတည်းက ။ ငါပြောတာလွန် သွားခဲ့ရင်တောင် ငါတို့ က သူငယ်ချင်းတွေလေ ။ မင်းမကြိုက်ရင် ငါမပြောတော့ပါဘူး ။ ဒီတခါတော့ ငါ့ကို ခွင့်လွတ်ပေး ။ "

ခုထိ လှည့်မကြည့်လာသေးတဲ့ ဇ က
ဘယ်လောက်ခေါင်းမာသလဲ ဆိုတာ
ဒေဝါ  အသိဆုံး။   ဒါပေမဲ့ ခုလို ဘာမဟုတ်တာလေးနဲ့  သူငယ်ချင်းသံယောဇဉ်ဖျက်မယ်ဆိုတာတော့မဟုတ်သေးဘူး။

"မင်းသိလား ဇ  ။ ငါတို့  ခြောက်တန်းကျောင်းသားတုန်းက  ရေဆင်းဆော့ ကြတာ  မင်း ရေနှစ် ခဲ့တာကိုလေ ။ အဲ့ တုန်းက ငါးယောက်သွားတာ ငါ တစ်ယောက်ရေမကူးတက် တာ ကျန်တဲ့ သူတွေ ရေထဲဆင်းဆော့နေတုန်း  ငါက ကမ်းပေါ်မှာ ထိုင်ကြည့်နေခဲ့တာလေ။ အင်း  မင်းရေနစ်တော့  အကုန်ဆင်းမဆယ်ရဲပဲကြည့်နေခဲ့ပေမဲ့ … ငါ ကတော့ ရေမကူးတက်ပေမဲ့ မင်းဇောနဲ့   ငါရေထဲ ဆင်းခဲ့မိလို့ နှစ်ယောက်လုံးရေနစ်ပီးဆေးရုံရောက်တာ…ကံကောင်းလို့ မသေတာ… ဟင်း …ရယ်တော့ရယ်ရတယ်နော် …ငါ ဘယ်လို စိတ်နဲ့ ရေထဲဆင်းခဲ့မိမှန်းစဉ်းစားလို့ မရဘူး "

ရယ်မောရင်းပြောလာတဲ့ဒေဝါစကားတို့ ကြောင့်…။
ဇ  ရဲ့  အတွေးတို့ က ဟိုးဆယ်ကျော်သက်ဘဝကိုပြန်ရောက်သွားသည်။ တကယ်ပဲ အဲ့တုန်းက ဒေဝါရေနစ်ခဲ့တာ သူ့ ကြောင့်ဆိုတာ သိခဲ့ လို့  …သူမပြောပြခဲ့ပေမဲ့ အားနာခဲ့ရသည်။ အတူသွားခဲ့တဲ့သူငယ်ချင်းတွေကို အဲ့အချိန်ကတည်းက မပေါင်းတော့ပဲဒေဝါ တစ်ယောက်သာ စွံမြဲစွာပေါင်းခဲ့တာခုထိ ။

"ကျန်သေးတယ် …ငါတို့  ပထမဆုံး ချိန်းပွဲတုန်းက  …တဖက်ကကောင်ရိုက်လိုက်တာကိုငါ့အစား မင်းဝင်ခံလိုက်တာ လက်ကျိုးသွားလို့  မင်းကျောက်ပတ်တီးနဲ့ အကြာကြီးနေခဲ့ရသေးတယ်လေ။ မင်းစဉ်းစားကြည့်ပါ ဇ  ။ငါပြောခဲ့ရင်တောင် မင်းကိုစိတ်ပူလို့ လေ ။ငါတို့ သံယောဇဉ်တွေ အမှတ်တရတွေက အများကြီးကွ။
ဒါကို မင်းက ငါ့ကို အပေါင်းအသင်းမလုပ်တော့ဘူးဆိုတော့ မင်းဘယ်လောက်မကောင်းတဲ့ကောင်လဲ ။ "

ပြောရင် လက်နှစ်ဖက်နဲ့ မျက်နှာအုပ်ပီး ငိုနေတဲ့ ဒေဝါကြောင့် ဇ နှုတ်ခမ်းမဲ့ပီး ကြည့်လိုက်သည်။

"ငိုမနေနဲ့ ပြိတ္တာတို့ မျက်ရည် မြေမကျကောင်းဘူးတဲ့ ။  "

"ဘောပဲ ဟေ့ကောင် "
ငိုရင်းတန်းလန်း ထဆဲပီး
လက်ခလည်ထောင်ပြလာတာကြောင့်…

"ဟား ဟား … ငါအမှန်ပြောတာကို မင်းက နာနေတယ် "

ဧည့်ခန်းထဲမှာ ဇ ရယ်သံနဲ့  ဒေဝါ ဆဲသံက
ဆူညံနေအောင် ထွက်လာမို့  အိမ်ထဲရှိအလုပ်သမားတွေက မသိမသာ လှမ်းကြည့်ကြသည်။ သူတို့  အိမ်က အကိုလေးက
ခုလို အရယ်အပြော သိပ်မရှိခဲ့တာမို့  သိသိသာသာ ပင်လုပ်လက်စရပ် ကာကြည့်မိကြ၏။ သေချာတာကို ဇ နဲ့ ဒေဝါ ပြန်တည့်သွားကြပီ ဆိုတာပါပဲ။

ချစ်တဲ့ အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz