ZingTruyen.Xyz

ဇ ( Completed)

10

eainsi23

ကုတင္ေအာက္က သံေသတၱာအေဟာင္းေလးကို ဆြဲထုတ္လိုက္ပီးေသာ့ဖြင့္လိုက္သည္။
ဒါ လူကေလးမွာရွိတဲ့တခုတည္းေသာပိုင္ဆိုင္မူ ့ေလးေတြ ။
အရင္က အနည္းငယ္သာရွိတဲ့ အဝတ္အစားေလးေတြအစား ခုေတာ့ အကိုႀကီးဝယ္ေပးထားတာေတြနဲ ့ ျပည့္သိပ္ေန၏။

အထပ္လိုက္ညီညီေလးေခါက္ထည့္ထားတဲ့ အဝတ္ေတြေအာက္ဆံုးကို လက္ေလးထိုးနွဳိက္ပီးရွာလိုက္သည္။
ေတြ ့ပီ မေန ့ညက အကိုႀကီးေပးတဲ့ပိုက္ဆံလိပ္ကေလးေတြ ။
ညက အတူတူ ကိတ္မုန္ ့ေတြ စားခဲ့ႀကပီး လူကေလးရဲ့ ေမြးေန ့ညကို အမွတ္တရမ်ားစြာနဲ ့ေပ်ာ္ရႊင္စြာကုန္ဆံုးခဲ့ရသည္။

အရုပ္ႀကီးကိုသေဘာက်ေပမဲ့ အိမ္မွာယူထားရင္ အန္တီေရႊမိသိမွာစိုးလို ့ ျပန္ထည့္ေပးလိုက္ရ၏။  ပိုက္ဆံလိပ္ကေလးေတြျဖန္ ့ပီးေရလိုက္ေတာ့ ၈သိန္းငါးေသာင္းတိတိ ။ မ်ားလိုက္တာ… အလိပ္ေလးေတြမို ့အလြန္ဆံုးရွိလွ နွစ္သိန္းေလာက္လို ့ထင္မိလို ့ယူလိုက္မိတာ ။ တလိပ္ကို ငါးရြက္လိပ္ထားသည္မို ့ ၁၇နွစ္လိပ္ ဆိုေတာ့ အရြက္ေရ မ်ားသြား၏။
ဒီေလာက္အမ်ားႀကီး မကိုင္ဘူးသလို ယူလဲမယူနိုင္တာေႀကာင့္ အကိုႀကီး ဆီဖုန္းဆက္လိုက္သည္။ တတီတီဝင္ေနေပမဲ့ အေတာ္ႀကာထိ မကိုင္လာတာေႀကာင့္
လူကေလး လက္သဲကိုက္ရင္း စိတ္လွဳပ္ရွားေန၏။
သိသိသာသာ တုန္ရီေနတဲ့ လက္ေတြက
ဖုန္းကိုင္ထားတာေတာင္မျမဲခ်င္။ ေလးခါေလာက္ေခၚအျပီးမွာ ဖုန္းကိုင္လိုက္သည္မို ့

"ဟယ္လို အကိုႀကီး "

" အင္းး ကေလးေျပာ "

အိပ္ခ်င္မူးတူးသံနဲ ့ထူးလာသည္မို ့အကိုႀကီးခုထိ မထေသးဘူးမွန္း လူကေလးသိလိုက္ေပမဲ့ အားမနာနိုင္ေပ။

"အကိုႀကီး  မေန ့က ပိုက္ဆံေတြ က်ြန္ေတာ္ မယူနိုင္ဘူး "

"ဘာလို ့လဲ "

" ဟို က်ြန္ေတာ္ မယူရဲဘူး အာ့ေလာက္အမ်ားႀကီးကိုလဲ မထိန္းသိမ္းနိုင္ဘူး "

" အဲ့ ပိုက္ဆံေလးက မ်ားတာလား။ ငါ့ ဖိနပ္တရံဖိုးေတာင္မရွိဘူး။ ဒါေလးမုန္ ့ဖိုးေပးတာကို ဘာေတြ စိုးရိမ္ေနတာလဲ ။ မထိန္းသိမ္းနိုင္လို ့ေပ်ာက္သြားလဲ ေနာက္ထပ္ ထပ္ေပးနိုင္တယ္ ။ ခန ေလး… ကိုယ္အရမ္းအိပ္ခ်င္ေနလို ့…အိပ္အုန္းမယ္… ေနာ္"

တလံုးခ်င္းေလးေလးပင္ပင္ေျပာေနပံုအရမ်က္လံုေတာင္ ဖြင့္ဖို ့မေသခ်ာ ။ တရွဴးရွဴ းအသံနဲ ့ ျငိမ္က်သြားတာေႀကာင့္ …

"ဟယ္လို ဟယ္လို အကိုႀကီး ႀကားလား
အကိုႀကီး အာ အိပ္သြားတာလား"

ဘာအသံမွမႀကားပဲ တရွဴ းရွဴ းအသံေတြသာႀကားေနရတာေႀကာင့္ လူကေလး သက္ျပင္းခ်ပီး ဖုန္းခ်လိုက္ရသည္။
အေတာ္အတန္ႀကာ ျငိမ္သက္စဥ္းစားပီးေနာက္မွာ  လူကေလး သူ စုထားတဲ့ စုဘူးေလးကိုပါ ေဖာက္လိုက္၏။ ထြက္က်လာတဲ့ပိုက္ဆံေခါက္ေလးေတြက တစ္ေထာင္တန္ငါးရာတန္ေလးေတြႀကီးပဲ။ ညီညီညာညာျဖန္ ့ေရ လိုက္ေတာ့ သံုးသိန္းနွစ္ေထာင့္ငါးရာရသည္။ အကိုႀကီး ေပးတဲ့ ပိုက္ဆံနဲ ့ဆို လူကေလး ေကာင္းေကာင္းေက်ာင္းတက္လို ့အဆင္ေျပနိုင္သည္။ လြယ္အိပ္အေဟာင္းေလးကိုျဖဳတ္ပီး ကိုႀကီးေပးထားတဲ့ ပိုက္ဆံေတြထဲက သံုးသိန္း ကို တစ္ေသာင္းတန္ေတြႀကီးပဲ သပ္သပ္ဖယ္လိုက္ သည္။

ပီးေတာ့ အနုတ္ကေလး နွစ္ေထာင့္ငါးရာပါ ဖယ္လိုက္ကာက်န္
ပိုက္ဆံေတြ အကုန္ စုထည့္လိုက္ပီး လမ္းထိပ္က သူ ့ဆိုင္သြားသိမ္းကူးကူးေနတဲ့ ေဒၚဘုတ္စံုရဲ့ ကုန္စံုဆိုင္ကို  သြားလိုက္သည္။

မနက္ဆယ္နာရီေလာက္သာ ရွိေသးေပမဲ့ ေနကအေတာ္ပူေနပီမို ့အရိပ္ရတဲ့ သစ္ပင္ေတြ ရွိရာဖက္ ကေန ေရြးေလ်ွာက္ေနရသည္။  ေတာစဥ္ေရမရ အေတြးေတြထဲမွာ က်က အကိုႀကီးေျပာခဲ့တဲ့စကားေတြကိုသာ ႀကားေနရ၏။  မဟုတ္လဲ သူမ်ားအိမ္မွာ တသက္လံုးေနသြားလို ့မွမရပဲ။
ေနပူသလို လူကေလးဘဝကလဲ ပူသည္။
ဒီေန ့ကစပီး လူကေလး ကိုယ့္ဘဝကိုယ္သာေက်ာင္းရေတာ့မည္။  တက္ႀကြေနတဲ့ ေျခလွမ္းအစံုသည္    ေဒၚဘုတ္စံုရဲ့  ေစ်းထဲက ကုန္စံုဆိုင္ဆီသို ့ အေရာက္သြားေနမိသည္။ ေဒၚဘုတ္စံုက အပ်ိဳႀကီး စကားေျပာႀကမ္းေပမဲ့  စိတ္ရင္းေကာင္းသည္။  မနက္ခင္း ေစ်းထဲမွာ ကုန္စံုဆိုင္ဖြင့္ ညေနအိမ္မွာေငြတိုးေခ်းစားသူျဖစ္ပီး  ေငြပိုလ်ွင္လဲ အတိုးနည္းနည္းျဖင့္ျပန္သံုးေပးတက္သည္မို ့လူကေလးပိုက္ဆံေတြကို ေဒၚဘုတ္စံုဆီမွာ အပ္ထားလို ့အဆင္ေျပနိုင္သည္။

"ဟဲ့ လူကေလး  ဒီေန ့ေစာလွခ်ည္လား"

ေစ်းေရာင္းေနရင္းနဲ ့ လူကေလးကို လွမ္းေျပာေနသည္မို ့ လြတ္တဲ့ေနရာမွာ ပလက္စတစ္ခံုပုေလးဆြဲထိုင္ပီး

"က်ြန္ေတာ္ေဒၚဘုတ္စံုနဲ ့ တိုင္ပင္စရာရွိလို ့ပါဗ် "

"ေအးေအး ဒါဆိုလဲ လူက်ေနေသးလို ့ထိုင္ေနမဲ့အစား  ငါ့ကို ကူစမ္းပါအုန္းငါတစ္ေယာက္ထဲမနိုင္လို ့" 

နာရီဝက္ေလာက္ ႀကာေအာင္ဝိုင္းကူလုပ္ေပးျပီးမွာေတာ့ လူရွင္းသြားသည္မို ့

"ကဲ  လူက…တခါတေလ မင္းျမင္တဲ့အတိုင္းျပံဳက်ခ်င္တဲ့အခါျပံဳက်ေတာ့တာပဲ …  လာထိုင္ …လူကေလး ။ "

ေဘးက ထိုင္ခံုဆြဲေပးသည္မို ့ အသာအယာ ဝိုင္ထိုင္လိုက္ပီး စကားစ လိုက္သည္။ 

"ဟို ေဒၚႀကီး ဘုတ္ဆံုကို အကူညီေတာင္းစရာရွိလို ့ပါ ။ "

"ေအးဘာေျပာမွာလဲ ပြင့္ပြင့္လင္းလင္းသာေျပာလူကေလးေရ ။ ငါက စကားေျပာဆိုးေပမဲ့  ကူညီစရာဆိုရင္ ငါတက္နိုင္သာကူညီေပးမွာေပါ့ ေႀကာက္မေနနဲ ့ေျပာသာေျပာ"

အေႀကာင္းသိလူရင္းေတြမို ့ လူကေလးအေႀကာင္းကို သိတဲ့ ေဒၚဘုတ္စံုကေဖးေဖးမမ ေျပာလိုက္သည္။

"ေဒၚဘုတ္စံု ပိုက္ဆံအပိုရွိရင္ သံုးေပးတယ္ဆိုလို ့က်ြန္ေတာ့ ပိုက္ဆံေလးေတြကို သံုးေပးေစခ်င္လို ့ပါ ။ ဟို ဒါက်ြန္ေတာ္စုထားတာေလးေတြမို ့ ယံုႀကည္လို ့ရပါတယ္ဗ် ။ ပိုက္ဆံကနည္းနည္းမ်ားေနတယ္ဆိုတာ ဟိုတခါ ကားတိုက္မိတဲ့ အကိုႀကီးေပးသြားလို ့ပါ … ဒါေတြထိန္းသိမ္းဖို ့လဲအဆင္မေျပလို ့ေဒၚဘုတ္စံုဆီမွာအပ္ထားရင္းေက်ာင္းတက္ဖို ့ငိုပိုေငြလ်ံေလးမ်ားရမလားလို ့ "

ေခါင္းေလးငံု ့ကာမဝင့္မရဲေျပာလာတဲ့ လူကေလးကို ႀကည့္ကာ ေဒၚဘုတ္စံု သနားမိသည္။  ဒီကေလး ဘယ္ေလာက္ရုိးသားပီးလိမ္မာသလဲဆိုတာ သူအသိဆံုးမို ့

"ဘယ္ေလာက္လဲ လူကေလး "

"ရွစ္ ရွစ္သိန္းပါဗ် "

"ေအးေအး …သံုးေပးဆိုေတာ့လဲ သံုးေပးရတာေပါ့… ခုတေလာ ေန ့ျပန္တိုးေတြ ယူႀကလြန္းလို ့ …ငါလဲ… ေငြမလည္ေနတာနဲ ့အေတာ္ပဲ  …  သူမ်ားေတြဆိုရင္ နွစ္က်ပ္တိုးပဲ ေပးတာ မင္းဆိုရင္ေတာ့ သံုးက်ပ္တိုးလုပ္ေပးလိုက္မယ္ "

"ေက်းဇူးတင္ပါတယ္ဗ် "

"ေအးပါေျပာရမဲ့သူေတြမွမဟုတ္တာ …ငါလဲကူညီနိုင္တာကူညီေပးတာပါ "

"က်ြန္ေတာ္ ေနာက္တပါတ္ဆို အေဆာင္ေျပာင္းေတာ့မွာမို ့ … ဟိုေဒၚဘုတ္ဆိုင္ကေန အလုပ္ထြက္ရေတာ့မယ္ဗ်… ေက်ာင္ဖြင့္ေတာ့မွာဆိုေတာ့ …အခ်ိန္ပိုင္းအလုပ္ေလးရွာရင္း …အဆင္ေျပတဲ့ေနရာမွာ အေဆာင္ေလးငွားေနမလားလို ့ "

"မင္းဝဋ္က်ြတ္တာေပါ့ ။ ငါ့ဆိုင္ကို စိတ္မပူနဲ ့ မင္းသာ လိမ္လိမ္မာမာ ကိုယ့္ဘဝလမ္းကိုေလ်ွာက္ ။ ငယ္ေသးေပမဲ့ မင္းက ဘဝနာဘူးတဲ့ သူဆိုေတာ့ အေထြအထူးမဆံုးမေတာ့ဘူး။  လိမ္မာပါ ႀကိဳးစားပါ ရုိးသားပါ ။ "

"ဟုတ္ကဲ့ က်ြန္ေတာ္မွတ္ထားပါ့မယ္ဗ်"

အေတာ္အတန္ႀကာေအာင္စကားေျပာဆိုပီးမွာ လူဘယ္ေလာက္ရင္းရင္း စာခ်ဳပ္ခ်ဳပ္ေပးတက္တဲ့ေဒၚဘုတ္စံုေႀကာင့္အိမ္ျပန္လမ္းမွာ ေငြခ်ီးေပးတဲ့ စာခ်ဳပ္ေလးလက္ထဲပါလာ၏။  ေနပူတယ္ ဒါေပမဲ့ လူကေလးေပ်ာ္ေန၏။ အဆင္ေျပနိုင္မဲ့လမ္းကို အကိုႀကီးျပေပးလိမ့္မယ္ ။ လူကေလးကေတာ့ အကိုႀကီးေနာက္မွာ ယံုႀကည္ပီးလိုက္ေလ်ွာက္ရုံပဲ ရွိေတာ့သည္။

" ဘယ္ကျပန္လာတာလဲ …လူကေလး"

ေျခနင္းခံုမွာ ဖိနပ္ခ်ြတ္ပီးတက္လိုက္ေတာ့ ဧည့္ခန္းက ခံုေပၚမွာထိုင္ေနတဲ့ ဦးေလးေက်ာ္က ေမး၏။

"ေဒၚဘုတ္စံု ဆိုင္ကပါ ဦးေက်ာ္…အလုပ္ျပန္လာတာေစာလိုက္တာ ေနမေကာင္းဘူးလား  "

ဦးေလးအရင္းမို ့ သိပ္မေႏြးေထြးေပမဲ့ အန္တီေရႊမိေလာက္ အဆူအေျပာမရွိ၍ လူကေလး ဦးေက်ာ္ကိုေတာ့ ခ်စ္ပါသည္။

"ေအး ဒီေန ့ ေခါင္းနည္းမူးလို ့… ျပန္လာတာ"

"ဟုတ္ …က်ြန္ေတာ္ အန္တီေရႊမိ မရွိတုန္း
ဦးေက်ာ္ကိုေျပာစရာေလးရွိလို ့ပါ ။"

"ေအး… ေျပာေလ"

"ဟို… က်ြန္ေတာ္ အေဆာင္ေျပာင္းေနခ်င္လို ့ပါ "

"ဘာ ျဖစ္လို ့လဲ …ဒီမွာအဆင္မေျပလို ့လား"

မ်က္ေမွာင္ႀကံဳပီးေမးလိုက္တာမို ့လူကေလးပ်ာပ်ာသလဲရွင္းျပလိုက္သည္။

"မဟုတ္ပါဘူး …က်ြန္ေတာ္ ေက်ာင္းတက္ရေတာ့မွာမို ့လို ့…အလုပ္လုပ္ရင္းအေဆာင္ေနမလားလို ့ပါ "

တိတ္ဆိတ္သြားတဲ့ စကားဝိုင္းမွာ ဦးေက်ာ္ အေတာ္ႀကီးႀကာေအာင္ေတြေဝသြားပီးေနာက္မွာ

"မင္းေတာင္အရြယ္ေရာက္လာပီပဲ ။
ငါတာဝန္မေက်ခဲ့တာေတြအတြက္ေတာင္းပန္ပါတယ္ လူကေလး ။ ငါအရိပ္မွာေနခဲ့တယ္ဆိုေပမဲ့ မင္းကိုယ့္ဘာသာကို ထိန္းေက်ာင္းေနခဲ့ရေတြကို ဦးေလးသိပါတယ္။
လိုအပ္တာရွိရင္ အခ်ိန္မေရြး ျပန္လာခဲ့ပါ ။
ဒါမင္းအိမ္ပါပဲ ငါ့တူ "

ေျပာပီး ထသြားတဲ့ ဦးေက်ာ္က အခန္းထဲဝင္သြားပီးမႀကာဘူး လက္ထဲမွာပိုက္ဆံနဲ ့ဗူးေလးတဗူးကိုင္ကာထြက္လာ၏။

"ဒါ ဦးေလး တက္နိုင္တဲ့ မုန္ ့ဖိုးေလး ။
မင္းေက်ာင္းတက္တုန္းသံုးရေအာင္ သက္သက္ခြဲထားပီး မင္းအေဒၚမသိေအာင္စုထားတာ "

တိုးေပးလာတဲ့ ပိုက္ဆံ တစ္သိန္းအုပ္ေလးနွစ္အုပ္ေႀကာင့္ လူကေလး ဝမ္းနည္းလာ၏။ တခါမွ မရဘူးတဲ့ ဦးေလးဆီက မုန္ ့ဖိုးတဲ့ ။

"ယူပါ ငါ့သား ဒါမင္းကို ေပးဖို ့ဦးေလးအႀကာႀကီးစုထားတာ ။ ဒါေလးကေတာ့ မင္းအေမ က်န္ခဲ့တဲ့ ေနာက္ဆံုးပစၥည္းေလး "

ဗူးေသးေသးေလးကိုဖြင့္လိုက္ေတာ့
ျမင္လိုက္ရတဲ့ အရာေလးေႀကာင့္ဦးေလးကို တအံ့တႀသ ေမာ့ႀကည့္လိုက္မိသည္။

ခ်စ္တဲ့အိမ္စည္။

################

ကုတင်အောက်က သံသေတ္တာအဟောင်းလေးကို ဆွဲထုတ်လိုက်ပီးသော့ဖွင့်လိုက်သည်။
ဒါ လူကလေးမှာရှိတဲ့တခုတည်းသောပိုင်ဆိုင်မူ့ လေးတွေ ။
အရင်က အနည်းငယ်သာရှိတဲ့ အဝတ်အစားလေးတွေအစား ခုတော့ အကိုကြီးဝယ်ပေးထားတာတွေနဲ့  ပြည့်သိပ်နေ၏။

အထပ်လိုက်ညီညီလေးခေါက်ထည့်ထားတဲ့ အဝတ်တွေအောက်ဆုံးကို လက်လေးထိုးနှိုက်ပီးရှာလိုက်သည်။
တွေ့ ပီ မနေ့ ညက အကိုကြီးပေးတဲ့ပိုက်ဆံလိပ်ကလေးတွေ ။
ညက အတူတူ ကိတ်မုန့် တွေ စားခဲ့ကြပီး လူကလေးရဲ့ မွေးနေ့ ညကို အမှတ်တရများစွာနဲ့ ပျော်ရွှင်စွာကုန်ဆုံးခဲ့ရသည်။

အရုပ်ကြီးကိုသဘောကျပေမဲ့ အိမ်မှာယူထားရင် အန်တီရွှေမိသိမှာစိုးလို့  ပြန်ထည့်ပေးလိုက်ရ၏။  ပိုက်ဆံလိပ်ကလေးတွေဖြန့် ပီးရေလိုက်တော့ ၈သိန်းငါးသောင်းတိတိ ။ များလိုက်တာ… အလိပ်လေးတွေမို့ အလွန်ဆုံးရှိလှ နှစ်သိန်းလောက်လို့ ထင်မိလို့ ယူလိုက်မိတာ ။ တလိပ်ကို ငါးရွက်လိပ်ထားသည်မို့  ၁၇နှစ်လိပ် ဆိုတော့ အရွက်ရေ များသွား၏။
ဒီလောက်အများကြီး မကိုင်ဘူးသလို ယူလဲမယူနိုင်တာကြောင့် အကိုကြီး ဆီဖုန်းဆက်လိုက်သည်။ တတီတီဝင်နေပေမဲ့ အတော်ကြာထိ မကိုင်လာတာကြောင့်
လူကလေး လက်သဲကိုက်ရင်း စိတ်လှုပ်ရှားနေ၏။
သိသိသာသာ တုန်ရီနေတဲ့ လက်တွေက
ဖုန်းကိုင်ထားတာတောင်မမြဲချင်။ လေးခါလောက်ခေါ်အပြီးမှာ ဖုန်းကိုင်လိုက်သည်မို့

"ဟယ်လို အကိုကြီး "

" အင်းး ကလေးပြော "

အိပ်ချင်မူးတူးသံနဲ့ ထူးလာသည်မို့ အကိုကြီးခုထိ မထသေးဘူးမှန်း လူကလေးသိလိုက်ပေမဲ့ အားမနာနိုင်ပေ။

"အကိုကြီး  မနေ့ က ပိုက်ဆံတွေ ကျွန်တော် မယူနိုင်ဘူး "

"ဘာလို့ လဲ "

" ဟို ကျွန်တော် မယူရဲဘူး အာ့လောက်အများကြီးကိုလဲ မထိန်းသိမ်းနိုင်ဘူး "

" အဲ့ ပိုက်ဆံလေးက များတာလား။ ငါ့ ဖိနပ်တရံဖိုးတောင်မရှိဘူး။ ဒါလေးမုန့် ဖိုးပေးတာကို ဘာတွေ စိုးရိမ်နေတာလဲ ။ မထိန်းသိမ်းနိုင်လို့ ပျောက်သွားလဲ နောက်ထပ် ထပ်ပေးနိုင်တယ် ။ ခန လေး… ကိုယ်အရမ်းအိပ်ချင်နေလို့ …အိပ်အုန်းမယ်… နော်"

တလုံးချင်းလေးလေးပင်ပင်ပြောနေပုံအရမျက်လုံတောင် ဖွင့်ဖို့ မသေချာ ။ တရှူးရှူးအသံနဲ့  ငြိမ်ကျသွားတာကြောင့် …

"ဟယ်လို ဟယ်လို အကိုကြီး ကြားလား
အကိုကြီး အာ အိပ်သွားတာလား"

ဘာအသံမှမကြားပဲ တရှူးရှူးအသံတွေသာကြားနေရတာကြောင့် လူကလေး သက်ပြင်းချပီး ဖုန်းချလိုက်ရသည်။
အတော်အတန်ကြာ ငြိမ်သက်စဉ်းစားပီးနောက်မှာ  လူကလေး သူ စုထားတဲ့ စုဘူးလေးကိုပါ ဖောက်လိုက်၏။ ထွက်ကျလာတဲ့ပိုက်ဆံခေါက်လေးတွေက တစ်ထောင်တန်ငါးရာတန်လေးတွေကြီးပဲ။ ညီညီညာညာဖြန့် ရေ လိုက်တော့ သုံးသိန်းနှစ်ထောင့်ငါးရာရသည်။ အကိုကြီး ပေးတဲ့ ပိုက်ဆံနဲ့ ဆို လူကလေး ကောင်းကောင်းကျောင်းတက်လို့ အဆင်ပြေနိုင်သည်။ လွယ်အိပ်အဟောင်းလေးကိုဖြုတ်ပီး ကိုကြီးပေးထားတဲ့ ပိုက်ဆံတွေထဲက သုံးသိန်း ကို တစ်သောင်းတန်တွေကြီးပဲ သပ်သပ်ဖယ်လိုက် သည်။

ပီးတော့ အနုတ်ကလေး နှစ်ထောင့်ငါးရာပါ ဖယ်လိုက်ကာကျန်
ပိုက်ဆံတွေ အကုန် စုထည့်လိုက်ပီး လမ်းထိပ်က သူ့ ဆိုင်သွားသိမ်းကူးကူးနေတဲ့ ဒေါ်ဘုတ်စုံရဲ့ ကုန်စုံဆိုင်ကို  သွားလိုက်သည်။

မနက်ဆယ်နာရီလောက်သာ ရှိသေးပေမဲ့ နေကအတော်ပူနေပီမို့ အရိပ်ရတဲ့ သစ်ပင်တွေ ရှိရာဖက် ကနေ ရွေးလျှောက်နေရသည်။  တောစဉ်ရေမရ အတွေးတွေထဲမှာ ကျက အကိုကြီးပြောခဲ့တဲ့စကားတွေကိုသာ ကြားနေရ၏။  မဟုတ်လဲ သူများအိမ်မှာ တသက်လုံးနေသွားလို့ မှမရပဲ။
နေပူသလို လူကလေးဘဝကလဲ ပူသည်။
ဒီနေ့ ကစပီး လူကလေး ကိုယ့်ဘဝကိုယ်သာကျောင်းရတော့မည်။  တက်ကြွနေတဲ့ ခြေလှမ်းအစုံသည်    ဒေါ်ဘုတ်စုံရဲ့  ဈေးထဲက ကုန်စုံဆိုင်ဆီသို့  အရောက်သွားနေမိသည်။ ဒေါ်ဘုတ်စုံက အပျိုကြီး စကားပြောကြမ်းပေမဲ့  စိတ်ရင်းကောင်းသည်။  မနက်ခင်း ဈေးထဲမှာ ကုန်စုံဆိုင်ဖွင့် ညနေအိမ်မှာငွေတိုးချေးစားသူဖြစ်ပီး  ငွေပိုလျှင်လဲ အတိုးနည်းနည်းဖြင့်ပြန်သုံးပေးတက်သည်မို့ လူကလေးပိုက်ဆံတွေကို ဒေါ်ဘုတ်စုံဆီမှာ အပ်ထားလို့ အဆင်ပြေနိုင်သည်။

"ဟဲ့ လူကလေး  ဒီနေ့ စောလှချည်လား"

ဈေးရောင်းနေရင်းနဲ့  လူကလေးကို လှမ်းပြောနေသည်မို့  လွတ်တဲ့နေရာမှာ ပလက်စတစ်ခုံပုလေးဆွဲထိုင်ပီး

"ကျွန်တော်ဒေါ်ဘုတ်စုံနဲ့  တိုင်ပင်စရာရှိလို့ ပါဗျ "

"အေးအေး ဒါဆိုလဲ လူကျနေသေးလို့ ထိုင်နေမဲ့အစား  ငါ့ကို ကူစမ်းပါအုန်းငါတစ်ယောက်ထဲမနိုင်လို့ " 

နာရီဝက်လောက် ကြာအောင်ဝိုင်းကူလုပ်ပေးပြီးမှာတော့ လူရှင်းသွားသည်မို့ 

"ကဲ  လူက…တခါတလေ မင်းမြင်တဲ့အတိုင်းပြုံကျချင်တဲ့အခါပြုံကျတော့တာပဲ …  လာထိုင် …လူကလေး ။ "

ဘေးက ထိုင်ခုံဆွဲပေးသည်မို့  အသာအယာ ဝိုင်ထိုင်လိုက်ပီး စကားစ လိုက်သည်။ 

"ဟို ဒေါ်ကြီး ဘုတ်ဆုံကို အကူညီတောင်းစရာရှိလို့ ပါ ။ "

"အေးဘာပြောမှာလဲ ပွင့်ပွင့်လင်းလင်းသာပြောလူကလေးရေ ။ ငါက စကားပြောဆိုးပေမဲ့  ကူညီစရာဆိုရင် ငါတက်နိုင်သာကူညီပေးမှာပေါ့ ကြောက်မနေနဲ့ ပြောသာပြော"

အကြောင်းသိလူရင်းတွေမို့  လူကလေးအကြောင်းကို သိတဲ့ ဒေါ်ဘုတ်စုံကဖေးဖေးမမ ပြောလိုက်သည်။

"ဒေါ်ဘုတ်စုံ ပိုက်ဆံအပိုရှိရင် သုံးပေးတယ်ဆိုလို့ ကျွန်တော့ ပိုက်ဆံလေးတွေကို သုံးပေးစေချင်လို့ ပါ ။ ဟို ဒါကျွန်တော်စုထားတာလေးတွေမို့  ယုံကြည်လို့ ရပါတယ်ဗျ ။ ပိုက်ဆံကနည်းနည်းများနေတယ်ဆိုတာ ဟိုတခါ ကားတိုက်မိတဲ့ အကိုကြီးပေးသွားလို့ ပါ … ဒါတွေထိန်းသိမ်းဖို့ လဲအဆင်မပြေလို့ ဒေါ်ဘုတ်စုံဆီမှာအပ်ထားရင်းကျောင်းတက်ဖို့ ငိုပိုငွေလျံလေးများရမလားလို့  "

ခေါင်းလေးငုံ့ ကာမဝင့်မရဲပြောလာတဲ့ လူကလေးကို ကြည့်ကာ ဒေါ်ဘုတ်စုံ သနားမိသည်။  ဒီကလေး ဘယ်လောက်ရိုးသားပီးလိမ်မာသလဲဆိုတာ သူအသိဆုံးမို့ 

"ဘယ်လောက်လဲ လူကလေး "

"ရှစ် ရှစ်သိန်းပါဗျ "

"အေးအေး …သုံးပေးဆိုတော့လဲ သုံးပေးရတာပေါ့… ခုတလော နေ့ ပြန်တိုးတွေ ယူကြလွန်းလို့  …ငါလဲ… ငွေမလည်နေတာနဲ့ အတော်ပဲ  …  သူများတွေဆိုရင် နှစ်ကျပ်တိုးပဲ ပေးတာ မင်းဆိုရင်တော့ သုံးကျပ်တိုးလုပ်ပေးလိုက်မယ် "

"ကျေးဇူးတင်ပါတယ်ဗျ "

"အေးပါပြောရမဲ့သူတွေမှမဟုတ်တာ …ငါလဲကူညီနိုင်တာကူညီပေးတာပါ "

"ကျွန်တော် နောက်တပါတ်ဆို အဆောင်ပြောင်းတော့မှာမို့  … ဟိုဒေါ်ဘုတ်ဆိုင်ကနေ အလုပ်ထွက်ရတော့မယ်ဗျ… ကျောင်ဖွင့်တော့မှာဆိုတော့ …အချိန်ပိုင်းအလုပ်လေးရှာရင်း …အဆင်ပြေတဲ့နေရာမှာ အဆောင်လေးငှားနေမလားလို့  "

"မင်းဝဋ်ကျွတ်တာပေါ့ ။ ငါ့ဆိုင်ကို စိတ်မပူနဲ့  မင်းသာ လိမ်လိမ်မာမာ ကိုယ့်ဘဝလမ်းကိုလျှောက် ။ ငယ်သေးပေမဲ့ မင်းက ဘဝနာဘူးတဲ့ သူဆိုတော့ အထွေအထူးမဆုံးမတော့ဘူး။  လိမ်မာပါ ကြိုးစားပါ ရိုးသားပါ ။ "

"ဟုတ်ကဲ့ ကျွန်တော်မှတ်ထားပါ့မယ်ဗျ"

အတော်အတန်ကြာအောင်စကားပြောဆိုပီးမှာ လူဘယ်လောက်ရင်းရင်း စာချုပ်ချုပ်ပေးတက်တဲ့ဒေါ်ဘုတ်စုံကြောင့်အိမ်ပြန်လမ်းမှာ ငွေချီးပေးတဲ့ စာချုပ်လေးလက်ထဲပါလာ၏။  နေပူတယ် ဒါပေမဲ့ လူကလေးပျော်နေ၏။ အဆင်ပြေနိုင်မဲ့လမ်းကို အကိုကြီးပြပေးလိမ့်မယ် ။ လူကလေးကတော့ အကိုကြီးနောက်မှာ ယုံကြည်ပီးလိုက်လျှောက်ရုံပဲ ရှိတော့သည်။

" ဘယ်ကပြန်လာတာလဲ …လူကလေး"

ခြေနင်းခုံမှာ ဖိနပ်ချွတ်ပီးတက်လိုက်တော့ ဧည့်ခန်းက ခုံပေါ်မှာထိုင်နေတဲ့ ဦးလေးကျော်က မေး၏။

"ဒေါ်ဘုတ်စုံ ဆိုင်ကပါ ဦးကျော်…အလုပ်ပြန်လာတာစောလိုက်တာ နေမကောင်းဘူးလား  "

ဦးလေးအရင်းမို့  သိပ်မနွေးထွေးပေမဲ့ အန်တီရွှေမိလောက် အဆူအပြောမရှိ၍ လူကလေး ဦးကျော်ကိုတော့ ချစ်ပါသည်။

"အေး ဒီနေ့  ခေါင်းနည်းမူးလို့ … ပြန်လာတာ"

"ဟုတ် …ကျွန်တော် အန်တီရွှေမိ မရှိတုန်း
ဦးကျော်ကိုပြောစရာလေးရှိလို့ ပါ ။"

"အေး… ပြောလေ"

"ဟို… ကျွန်တော် အဆောင်ပြောင်းနေချင်လို့ ပါ "

"ဘာ ဖြစ်လို့ လဲ …ဒီမှာအဆင်မပြေလို့ လား"

မျက်မှောင်ကြုံပီးမေးလိုက်တာမို့ လူကလေးပျာပျာသလဲရှင်းပြလိုက်သည်။

"မဟုတ်ပါဘူး …ကျွန်တော် ကျောင်းတက်ရတော့မှာမို့ လို့ …အလုပ်လုပ်ရင်းအဆောင်နေမလားလို့ ပါ "

တိတ်ဆိတ်သွားတဲ့ စကားဝိုင်းမှာ ဦးကျော် အတော်ကြီးကြာအောင်တွေဝေသွားပီးနောက်မှာ

"မင်းတောင်အရွယ်ရောက်လာပီပဲ ။
ငါတာဝန်မကျေခဲ့တာတွေအတွက်တောင်းပန်ပါတယ် လူကလေး ။ ငါအရိပ်မှာနေခဲ့တယ်ဆိုပေမဲ့ မင်းကိုယ့်ဘာသာကို ထိန်းကျောင်းနေခဲ့ရတွေကို ဦးလေးသိပါတယ်။
လိုအပ်တာရှိရင် အချိန်မရွေး ပြန်လာခဲ့ပါ ။
ဒါမင်းအိမ်ပါပဲ ငါ့တူ "

ပြောပီး ထသွားတဲ့ ဦးကျော်က အခန်းထဲဝင်သွားပီးမကြာဘူး လက်ထဲမှာပိုက်ဆံနဲ့ ဗူးလေးတဗူးကိုင်ကာထွက်လာ၏။

"ဒါ ဦးလေး တက်နိုင်တဲ့ မုန့် ဖိုးလေး ။
မင်းကျောင်းတက်တုန်းသုံးရအောင် သက်သက်ခွဲထားပီး မင်းအဒေါ်မသိအောင်စုထားတာ "

တိုးပေးလာတဲ့ ပိုက်ဆံ တစ်သိန်းအုပ်လေးနှစ်အုပ်ကြောင့် လူကလေး ဝမ်းနည်းလာ၏။ တခါမှ မရဘူးတဲ့ ဦးလေးဆီက မုန့် ဖိုးတဲ့ ။

"ယူပါ ငါ့သား ဒါမင်းကို ပေးဖို့ ဦးလေးအကြာကြီးစုထားတာ ။ ဒါလေးကတော့ မင်းအမေ ကျန်ခဲ့တဲ့ နောက်ဆုံးပစ္စည်းလေး "

ဗူးသေးသေးလေးကိုဖွင့်လိုက်တော့
မြင်လိုက်ရတဲ့ အရာလေးကြောင့်ဦးလေးကို တအံ့တသြ မော့ကြည့်လိုက်မိသည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz