ZingTruyen.Xyz

ဇ ( Completed)

7

eainsi23


လူကေလး  လက္ထဲက ဖုန္းကိုႀကည့္ပီးအေတာ္ႀကီး စိတ္ညစ္ေနသည္။ အကိုႀကီးဘာျဖစ္ခ်င္ေနတာလဲ။ ညက မိုးခ်ဳပ္မွ ျပန္ သြားတာေတာင္  မက္ေဆ့ တေတာင္ေတာင္  ပို ့လို ့ ညတစ္နာရီမွ အိပ္ခဲ့ရသည္။
ခုလဲ  စာေတြပို ့ေနလို ့  အိမ္အလုပ္ေတြေတာင္ ေကာင္းေကာင္းမလုပ္ရ  ။ 
အိမ္မွာ အန္တီေရႊမိ မရွိလို ့ လြတ္လြတ္လပ္လပ္ ဖုန္းသံုးလို ့ ရေနေပမဲ့ အိမ္အလုပ္ေတြကလံုးဝ မျပီးေသးေပ။ 
ေလ်ွာ္စရာအဝတ္ေတြကို  ျခင္းထဲ ထည့္ကာ ေလ်ွာ္ဖို ့စု ထည့္လိုက္သည္။  ဆယ္တစ္ထိုးမွာ ေစ်းထဲက  ေဒၚဘုတ္စံုရဲ့ ကုန္စံုဆိုင္မွာ သြားပီး ေစ်းသိမ္းကူးရမည္မို ့
ရွိသမ်ွ အလုပ္ကို ဇယ္ဆက္သလို သြက္သြက္ လုပ္လိုက္၏။

Ringtone ……

ဖုန္းျမည္သံတိုးတိုး ေႀကာင့္  လူကေလး နွဳတ္ခမ္းစူလာ၏။ အကိုႀကီး တကယ္ ဘာျဖစ္ခ်င္ေနတာလဲ ??

" အကိုႀကီး !! "

"အာ!! ျဖည္းျဖည္းေအာ္ပါ   ငါ နားကန္းေတာ့မလို ့ "

"  အကိုႀကီး လုပ္လို ့က်ြန္ေတာ္ အလုပ္ေတြ မျပီးေတာ့ဘူး "

"ငါက ဘာလုပ္လို ့လဲ  ။ မင္းေနာ္ စကားေျပာတာ အေနွာင့္သြားမလႊတ္ "

"အကိုႀကီး !!!! "

" မင္းေနာ္ …အဲ့ လို ေလသံမာမာ  ႀကီး အႀကီးကို ျပန္ေအာ္စရာလား "

"အဲ့ဒါဆို အကိုႀကီးလာ  …မ,စနဲ ့ေလ "

"ငါက …ဘာ, စ  ေနလို ့လဲ "

"မသိေတာ့ဘူး ။ က်ြန္ေတာ္ အလုပ္လုပ္ရအုန္းမယ္။ ဖုန္းခ်ပီ "

"ေနပါ အုန္း … မင္းကလဲ ။ ငါက သတိရလို ့ဆက္တာကို ငါစာ ပို ့တာ …မင္းမွ မကိုင္တာ ကို "

"အကိုႀကီး  စာပို ့တာ တခါတေလမွ မဟုတ္တာ …အခ်ိန္တိုင္း ႀကီး က်ြန္ေတာ္မွ မအားတာ "

"ပီးေရာပီးေရာ ငါ ညက် လာခဲ့မွာေနာ္။
ဘာစားခ်င္လဲ "

" ဘာမွ မစားခ်င္ဘူး "

"ဒါဆို ဘာရခ်င္ေသးလဲ "

" ဘာမွမဝယ္ခဲ့နဲ ့ဘာမွမရခ်င္ဘူး "

" အဝတ္စားေရာ "

"ေတာ္ပီ "

"ဖိနပ္ "

"အကိုႀကီး  !! "

"ေအးေအး ဖုန္းခ်လိုက္ပီ "

ကေလးေလး ေဒါသထြက္တာေလးက ခ်စ္စရာေလး ။ မွန္ျပင္မဲမဲ ကို ႀကည့္ပီး ဇ
စိတ္တို ့က ကေလးေလး ဘယ္လိုပံုေလး
စိတ္ဆိုးေနမလဲ ျမင္ေယာင္ႀကည့္မိေနသည္။  ခ်စ္ဖို ့ေကာင္းတဲ့ ကေလးေလးက
နွုတ္ခမ္းစူလဲ ခ်စ္ဖို ့ေကာင္းေနလိမ့္မည္။
ေဒါသနဲ ့ မ်က္ခံုးေလး တြန္ ့ခ်ိဳးပီးေပါက္ကြဲေနရင္လဲ ခ်စ္ဖို ့ေကာင္းေနလိမ့္မည္။

"အားးး …ညထိေတာင္ မေစာင့္နိုင္ေတာ့ဘူး။ခုသြားေတြ ့ရင္ ကေလးေလးေပ်ာ္သြားမလား ။ မျဖစ္ေသးပါဘူး။ ေတာ္ႀကာ အလုပ္ေတြ မျပီးလို ့ သူ ့ မိေထြးရုိက္ေနမွျဖင့္ "

တစ္ေယာက္ထဲ မ်က္နွာႀကပ္ကိုေမာ့ႀကည့္ကာ တီးတိုးဆိုလိုက္၏။

Ringtone …

ရင္ဖက္ေပၚတင္ထားတဲ့ ဖုန္းသံေႀကာင့္
ဇ  ဝမ္းသာအားရယူႀကည့္လိုက္ေတာ့
ေဒဝါ  ျဖစ္ေနသည္မို ့ တက္ႀကြေပ်ာ္ရႊင္မူ ့တို ့က ဟုန္းကနဲ ပ်က္စီးကုန္၏။

"ေျပာ… ဘာလဲ "

"သေတာင္းစား ဖုန္းcallေလးဘာေလးျပန္ႀကည့္အုန္း ။ ငါေခၚေနတာႀကာပီ ဘယ္
သူမို ့အဲ့ေလာက္ႀကာေအာင္ ေျပာေနတာလဲ "

"ငါ့ ေကာင္ေလးနဲ ့ "

"ဘာ!! "

ေဒဝါ  ေအာ္သံႀကီးေႀကာင့္ ဇ  နားနားကပ္ထားတဲ့ ဖုန္းကို အနည္းငယ္ခြာလိုက္ရသည္။ ေအာ္သံႀကီးက ကေလးေလးအသံလိုလဲ နားေထာင္မေကာင္းပဲနဲ ့။

"ခ်ီးပဲ …အဲ့ေလာက္က်ယ္မွေတာ့ ငါနားကန္းေတာ့မွာေပါ့ "

"ေဘာပဲ သိလား။ သေတာင္းစား ငါမသိခင္ မင္းရည္းစားေတာင္ရသြားပီ ။ ဒါကို ငါမအံ့ႀသရဘူးလား။  ဟိုကေလးကလဲ ရုိးမလိုလိုနဲ ့ဘယ္ေလာက္မွမႀကာေသးဘူး ခ်က္ျခင္း  အေျဖေပးတယ္။ "

" ေဒဝါ မင္းေစာက္ခြက္ မဆုတ္ ခ်င္ရင္
မင္းအေျပာေတြျပင္လိုက္။ ေအး ငါ့အေႀကာင္းမင္းသိပါတယ္… ေနာက္ထပ္ မင္းပါးစပ္ က …ကေလးအေႀကာင္း မဟုတ္တာထပ္စြပ္စြဲရင္ …သီးခံေနမွာမဟုတ္ဘူး "

လူသတ္ခ်င္ေနတဲ့ အေငြ ့အသက္တို ့က
ဇ ကိုတျခားတစ္ေယာက္လို ေျပာင္းလဲလာသည္မို ့ေဒါသတႀကီးလက္ထဲဖုန္းကို နံရံ ကိုေကာက္ေပါက္လိုက္သည္။  အတိုင္းအစမရွိတက္လာတဲ့ ေဒါသတို ့ကို ထိန္းခ်ဳပ္လို ့မရေတာ့ပီမို ့ ကုတင္ေပၚက ထကာ အခန္းေထာင့္မွာ ေထာင္ထားတဲ့ ေဘ့စ္ေဘာ ရုိက္တံကို သြားယူပီး ျမင္ျမင္သမ်ွ ရုိက္ခြဲပစ္လိုက္သည္။ အခ်ိန္ ခဏ အတြင္းမွ ဇ  အခန္းတြင္းရွိ ဂိမ္းစက္ tv ေရခဲေသတၱာ တို ့တစစီ ျဖစ္ေနမွ   ဇ  အားေလ်ာ့ကာ အကြဲအပံုႀကား ေခြက်သြား၏။  ေသြးေတြစီးက်လာတဲ့ မွန္ကြဲရွ ရာ ဒဏ္ရာကို တခ်က္ႀကီးပီးေဒါသတႀကီး တက္ေခါက္လ္ုက္၏။

" ေတာက္စ္ !! "

ေဒဝါမို ့လို ့ သူ စိတ္ထိန္းေနတာ။ တျခားေကာင္တာဆိုရင္ သူခ်က္ျခင္းသြားသတ္မွာ။  သူ က ဘာမို ့လို ့ ဇ ကိုယ္ေရးကိုယ္တာ ကို လာစြက္ဖက္တာလဲ။ သူက
ဘာေကာင္မို ့ ကေလးကို ဒီလိုေစာ္ကားတာလဲ ။

"သူက ဘာေကာင္မို ့ …ကေလးကို ဒီလို ေျပာတာလဲ  "

"ဒုန္း  "

"ခြမ္း  "

"ခြမ္း "

လက္နာေနေပမဲ့ ေဒါသက ေသြးပူေနေတာ့ နာလို ့နာမွန္းမသိ ။  ေအာ္ဟစ္ဆဲဆိုပီးဒုတ္ ကို ျပန္ကိုင္ကာ မွီတဲ့ေနရာေတြ
ထပ္ရုိက္ခြဲပစ္လိုက္သည္။

ဦးထြဋ္တင္ အိမ္ေပၚေလွကားကို အေျပးတက္သြားလိုက္သည္။ ကုမၸဏီကေန အိမ္ကို အေရးႀကီးတဲ့ဖုိင္က်န္ခဲ့လို ့ ေန ့ခင္းထမင္းစားရင္း
ျပန္လာယူတာမွန္သြားသည္။ အိမ္ထဲေတာင္မဝင္ရေသး  အိမ္ထဲအလုပ္သမားေတြ မ်က္စိမ်က္နာပ်က္ေျပးထြက္လာပီး ေျပာလာေတာ့ သူအံ့ႀသရေသးသည္။  သား  ဒီလို မျဖစ္တာႀကာပီ။ ေဒါသထြက္ရင္ ထိန္းလို ့မရတဲ့ သားက ေဒါသထြက္ခဲသလို ထြက္ပီဆိုရင္လဲ အသိစိတ္ေပ်ာက္ေအာင္ ထြက္တက္သည္မို ့ စိုးရိမ္ရသည္။ ပ်က္စီးသြားတဲ့ တန္ဖိုးက ဘာမွမျဖစ္ဘူး ။ ကိုယ့္ကိုကိုယ္ ထိခိုက္ေအာင္ လုပ္တာမ်ိဳးထိ ျဖစ္တက္တာမို ့ ဦးထြဋ္တင္ပါ ျပာယာခက္ေနသည္။

" ေဒါက္ !!  … ေဒါက္ !! "

" သား  ကိုတိုင္း  ေဖေဖပါ ။ စိတ္ေလ်ာ့ ငါ့သား စိတ္ကိုေလ်ာ့ခ်လိုက္ …"

တဒုန္းဒုန္း တခြမ္းခြမ္းအသံမ်ားေႀကာင့္
ဦးထြဋ္တင္ ေခ်ြးေစးေတြေတာင္ျပန္လာသည္။ ဒီလိုပံုစံ သား  ေနာက္ဆံုးေဒါသႀကီးခဲ့တုန္းက သားအေမနဲ ့ ကြာရွင္းခဲ့တုန္းက ပင္။
အဲ့တုန္းက တခန္းလံုးဖ်က္စီးရုံမကဘူး သူ ့ကိုသူ မထိန္းနိုင္ေတာ့ပဲမွန္ကြဲေတြ တက္နင္းလို ့ ဒဏ္ရာဒဏ္ခ်က္ေပါင္းမ်ားစြာျဖစ္ကာ ေသြးထြက္လြန္ခဲ့လို ့ေဆးရုံေတာင္တင္ခဲ့ရေသးသည္။

"သား … စိတ္ကိုေလ်ာ့လိုက္ေတာ့ ေဖေဖ ေတာင္းပန္ပါတယ္ ။  ေဖေဖေျပာတာႀကားလား  သား  …"

တံခါးကေန တိုင္းထြဋ္ အသံကိုလဲ နားစြင့္ပီး ဦးထြဋ္တင္ အျပင္ကေန ေခ်ာ့ေမာ့ေနရသည္။ အတင္းလဲ မေျပာရဲ ။ ဇြတ္လုပ္လိုက္လို ့ တခုခုျဖစ္သြားရင္ သူပဲရင္က်ိဳးရလိမ့္မည္။

ဇ  လြတ္ထြက္ေနပီမို ့  မဲမဲျမင္ရာ ရုိက္ခြဲေနလိုက္သည္။ လက္ေတြက ဒုတ္ ကို မကိုင္နိုင္ေလာက္ေအာင္ျဖစ္ေနသည္မို ့ တျဖည္းျဖည္း အရွိန္ကေလ်ာ့က်လာသည္။ ေသြးေတြေပႀကံေနတဲ့ လက္တို ့က ျမင္မေကာင္းေနရုံမကဘူး အခန္းတခုလံုးသည္လဲရစရာမရွိေအာင္ ပ်က္စီးယိုယြင္း ကုန္၏။ 

ringtone ……

ဖုန္းသံက ဘယ္ေနရာျမည္ေနမွန္းမသိပဲ အပ်က္စီးပံုႀကားေရာက္ေန၏။  ကေလးဆိုတဲ့ အသိစိတ္ ဝင္လာပီးေနာက္မွာ
လက္ထဲက ဒုတ္ကို လႊတ္ခ်ကာ ဇ  သူပစ္လိုက္တဲ့ အခန္းေထာက္က ပစၥည္းေတြ ႀကားထဲ ျဖဲရွာလိုက္သည္။

အက္ကြဲရာအနည္းငယ္ ေအာက္မွာ
ငါ့ေကာင္ေလး ဆိုတဲ့ contantေလးက ထင္ထင္ရွားရွားေပၚေနသည္မို ့ ဇ  ေဒါသေတြအကုန္လံုးေလမွာေမ်ာကုန္၏။

" Hello  ! အကိုႀကီး  က်ြန္ေတာ္ အလုပ္သြားေတာ့မလို ့ …  အဲ့ဒါ  လွမ္းေျပာတာဖုန္းက ထားခဲ့မွာေနာ္ ေတာ္ႀကာ မကိုင္ရင္ စိတ္တိုေနမွာစိုးလို ့ …"

မပြင့္တပြင့္ေလး နဲ ့ ကေလးသံေလးမေပ်ာက္ေသးတဲ့ ကေလးေလး ေႀကာင့္ဇ  ျပံဳးမိသြားသည္။ သူ ့ကေလးေလးက သူ ့ကို
သတိတရလွမ္းအသိေပးေနတာပဲ။

"Hello ! Hello !  အကိုႀကီး ႀကားလား"

" ေအာ္…  အင္းႀကားတယ္ကေလးေလး။
ေနပူတယ္ လက္ရွည္ေလးထပ္ဝတ္သြား ။
ညက် မအားလို ့မလာေတာ့ဘူး။ မင္းေမ်ွာ္ေနမွာစိုးလို ့ "

"……"

တိတ္သြားတာေႀကာင့္ဖုန္းက်သြားတာလားလို ့  ဇ  ဖုန္းကိုနားကေနခြာႀကည့္လိုက္ေတာ့မက်ေသး။

"hello ! ႀကားလား "

"ႀကားတယ္ ။ မလာခ်င္လဲ ေနေပါ့။ဘယ္သူကေမ်ွာ္ေနမယ္ေျပာလဲ
အလကား ဂတိ မတည္တဲ့ လူႀကီး "

ေစာင့္ေစာင့္ေအာင့္ေအာင့္ေျပာပီး ဖုန္းခ်သြားတာေႀကာင့္ ဇ မ်က္ေမွာင္ႀကံဳ လိုက္သည္။ ကေလးေလး စိတ္ေကာက္သြားတာလား။ ေသြးေတြ ေပေနတဲ့ လက္ နဲ ့ဖုန္းေျပာလိုက္တာမို ့ ပါးနဲ ့ နားထင္ တျခမ္းလံုးသည္ ရဲပေလာင္းေပပြသြားသည္။
လက္ဖမိုးနဲ ့လက္ဖ်ံ တို ့က နည္းနည္းရွရာမ်ားသြားသည္ထင္ေပမဲ့ ေသြးပူေနတာေႀကာင့္ နာရမွန္း မသိစြာ  ေသြးတို ့က ေပါေပါေလာေလာ စီးက်ေနသည္။

"က်ြီ  !!!   သားး … ကိုတိုင္း "

တံခါးတြန္းဖြင့္သံနဲ ့အတူ ေဖေဖေအာ္သံကက်ယ္ေလာင္စြာ ေပၚထြက္လာတာမို ့
ဇ  လန္ ့သြား၏။ အမွတ္တမဲ့ အဲ့လိုႀကီး အလန္ ့တႀကားလာေအာ္ေနမွေတာ့  ဇမွ မဟုတ္ဘူးဘယ္သူေနေန  လန္ ့သြားမွာေပါ့။

ဦးထြဋ္တင္ တံခါးမွာကပ္နားေထာင္ေနေပမဲ့ အခန္းထဲမွာ သားအသံမႀကားရေတာ့ သည္မို ့
အေတာ္ႀကီးစိုးရိမ္လာ၏။ သားမ်ားအရင္တခါကလို အခန္းထဲ တခုခု ျဖစ္ေနရင္ေတာ့ဆိုေတာ့အေတြးနဲ ့  သားအခန္းေသာ့ေျပးယူဖြင့္လိုက္သည္။ သူဝင္သြားလိုက္ေတာ့ တခန္းလံုးရစရာမရွိေတာ့ပဲ ပ်က္စီး ရွဳပ္ပြေနပီး  တိုင္း ကေတာ့ အခန္းေထာင့္မွာ  ထိုင္ေနကာ မ်က္နွာတခုလံုးမွာလဲ ေသြးေတြ ရစရာမရွိေအာင္ေပပြေနသည္။  စိုးရိမ္စိတ္တို ့က ငါ့သားေလးသာ တခုခုျဖစ္သြားရင္ဆိုတဲ့ စိတ္နဲ ့ ငယ္ဒိတ္ တက္ေစာင့္သည္။

" ဘုရားေရ   ငါ့သားေလး "

ခ်စ္တဲ့အိမ္စည္။

လူကလေး  လက်ထဲက ဖုန်းကိုကြည့်ပီးအတော်ကြီး စိတ်ညစ်နေသည်။ အကိုကြီးဘာဖြစ်ချင်နေတာလဲ။ ညက မိုးချုပ်မှ ပြန် သွားတာတောင်  မက်ဆေ့ တတောင်တောင်  ပို့ လို့  ညတစ်နာရီမှ အိပ်ခဲ့ရသည်။
ခုလဲ  စာတွေပို့ နေလို့   အိမ်အလုပ်တွေတောင် ကောင်းကောင်းမလုပ်ရ  ။ 
အိမ်မှာ အန်တီရွှေမိ မရှိလို့  လွတ်လွတ်လပ်လပ် ဖုန်းသုံးလို့  ရနေပေမဲ့ အိမ်အလုပ်တွေကလုံးဝ မပြီးသေးပေ။ 
လျှော်စရာအဝတ်တွေကို  ခြင်းထဲ ထည့်ကာ လျှော်ဖို့ စု ထည့်လိုက်သည်။  ဆယ်တစ်ထိုးမှာ ဈေးထဲက  ဒေါ်ဘုတ်စုံရဲ့ ကုန်စုံဆိုင်မှာ သွားပီး ဈေးသိမ်းကူးရမည်မို့
ရှိသမျှ အလုပ်ကို ဇယ်ဆက်သလို သွက်သွက် လုပ်လိုက်၏။

Ringtone ……

ဖုန်းမြည်သံတိုးတိုး ကြောင့်  လူကလေး နှုတ်ခမ်းစူလာ၏။ အကိုကြီး တကယ် ဘာဖြစ်ချင်နေတာလဲ ??

" အကိုကြီး !! "

"အာ!! ဖြည်းဖြည်းအော်ပါ   ငါ နားကန်းတော့မလို့  "

"  အကိုကြီး လုပ်လို့ ကျွန်တော် အလုပ်တွေ မပြီးတော့ဘူး "

"ငါက ဘာလုပ်လို့ လဲ  ။ မင်းနော် စကားပြောတာ အနှောင့်သွားမလွှတ် "

"အကိုကြီး !!!! "

" မင်းနော် …အဲ့ လို လေသံမာမာ  ကြီး အကြီးကို ပြန်အော်စရာလား "

"အဲ့ဒါဆို အကိုကြီးလာ  …မ,စနဲ့ လေ "

"ငါက …ဘာ, စ  နေလို့ လဲ "

"မသိတော့ဘူး ။ ကျွန်တော် အလုပ်လုပ်ရအုန်းမယ်။ ဖုန်းချပီ "

"နေပါ အုန်း … မင်းကလဲ ။ ငါက သတိရလို့ ဆက်တာကို ငါစာ ပို့ တာ …မင်းမှ မကိုင်တာ ကို "

"အကိုကြီး  စာပို့ တာ တခါတလေမှ မဟုတ်တာ …အချိန်တိုင်း ကြီး ကျွန်တော်မှ မအားတာ "

"ပီးရောပီးရော ငါ ညကျ လာခဲ့မှာနော်။
ဘာစားချင်လဲ "

" ဘာမှ မစားချင်ဘူး "

"ဒါဆို ဘာရချင်သေးလဲ "

" ဘာမှမဝယ်ခဲ့နဲ့ ဘာမှမရချင်ဘူး "

" အဝတ်စားရော "

"တော်ပီ "

"ဖိနပ် "

"အကိုကြီး  !! "

"အေးအေး ဖုန်းချလိုက်ပီ "

ကလေးလေး ဒေါသထွက်တာလေးက ချစ်စရာလေး ။ မှန်ပြင်မဲမဲ ကို ကြည့်ပီး ဇ
စိတ်တို့ က ကလေးလေး ဘယ်လိုပုံလေး
စိတ်ဆိုးနေမလဲ မြင်ယောင်ကြည့်မိနေသည်။  ချစ်ဖို့ ကောင်းတဲ့ ကလေးလေးက
နှုတ်ခမ်းစူလဲ ချစ်ဖို့ ကောင်းနေလိမ့်မည်။
ဒေါသနဲ့  မျက်ခုံးလေး တွန့် ချိုးပီးပေါက်ကွဲနေရင်လဲ ချစ်ဖို့ ကောင်းနေလိမ့်မည်။

"အားးး …ညထိတောင် မစောင့်နိုင်တော့ဘူး။ခုသွားတွေ့ ရင် ကလေးလေးပျော်သွားမလား ။ မဖြစ်သေးပါဘူး။ တော်ကြာ အလုပ်တွေ မပြီးလို့  သူ့  မိထွေးရိုက်နေမှဖြင့် "

တစ်ယောက်ထဲ မျက်နှာကြပ်ကိုမော့ကြည့်ကာ တီးတိုးဆိုလိုက်၏။

Ringtone …

ရင်ဖက်ပေါ်တင်ထားတဲ့ ဖုန်းသံကြောင့်
ဇ  ဝမ်းသာအားရယူကြည့်လိုက်တော့
ဒေဝါ  ဖြစ်နေသည်မို့  တက်ကြွပျော်ရွှင်မူ့ တို့ က ဟုန်းကနဲ ပျက်စီးကုန်၏။

"ပြော… ဘာလဲ "

"သတောင်းစား ဖုန်းcallလေးဘာလေးပြန်ကြည့်အုန်း ။ ငါခေါ်နေတာကြာပီ ဘယ်
သူမို့ အဲ့လောက်ကြာအောင် ပြောနေတာလဲ "

"ငါ့ ကောင်လေးနဲ့  "

"ဘာ!! "

ဒေဝါ  အော်သံကြီးကြောင့် ဇ  နားနားကပ်ထားတဲ့ ဖုန်းကို အနည်းငယ်ခွာလိုက်ရသည်။ အော်သံကြီးက ကလေးလေးအသံလိုလဲ နားထောင်မကောင်းပဲနဲ့ ။

"ချီးပဲ …အဲ့လောက်ကျယ်မှတော့ ငါနားကန်းတော့မှာပေါ့ "

"ဘောပဲ သိလား။ သတောင်းစား ငါမသိခင် မင်းရည်းစားတောင်ရသွားပီ ။ ဒါကို ငါမအံ့သြရဘူးလား။  ဟိုကလေးကလဲ ရိုးမလိုလိုနဲ့ ဘယ်လောက်မှမကြာသေးဘူး ချက်ခြင်း  အဖြေပေးတယ်။ "

" ဒေဝါ မင်းစောက်ခွက် မဆုတ် ချင်ရင်
မင်းအပြောတွေပြင်လိုက်။ အေး ငါ့အကြောင်းမင်းသိပါတယ်… နောက်ထပ် မင်းပါးစပ် က …ကလေးအကြောင်း မဟုတ်တာထပ်စွပ်စွဲရင် …သီးခံနေမှာမဟုတ်ဘူး "

လူသတ်ချင်နေတဲ့ အငွေ့ အသက်တို့ က
ဇ ကိုတခြားတစ်ယောက်လို ပြောင်းလဲလာသည်မို့ ဒေါသတကြီးလက်ထဲဖုန်းကို နံရံ ကိုကောက်ပေါက်လိုက်သည်။  အတိုင်းအစမရှိတက်လာတဲ့ ဒေါသတို့ ကို ထိန်းချုပ်လို့ မရတော့ပီမို့  ကုတင်ပေါ်က ထကာ အခန်းထောင့်မှာ ထောင်ထားတဲ့ ဘေ့စ်ဘော ရိုက်တံကို သွားယူပီး မြင်မြင်သမျှ ရိုက်ခွဲပစ်လိုက်သည်။ အချိန် ခဏ အတွင်းမှ ဇ  အခန်းတွင်းရှိ ဂိမ်းစက် tv ရေခဲသေတ္တာ တို့ တစစီ ဖြစ်နေမှ   ဇ  အားလျော့ကာ အကွဲအပုံကြား ခွေကျသွား၏။  သွေးတွေစီးကျလာတဲ့ မှန်ကွဲရှ ရာ ဒဏ်ရာကို တချက်ကြီးပီးဒေါသတကြီး တက်ခေါက်လ်ုက်၏။

" တောက်စ် !! "

ဒေဝါမို့ လို့  သူ စိတ်ထိန်းနေတာ။ တခြားကောင်တာဆိုရင် သူချက်ခြင်းသွားသတ်မှာ။  သူ က ဘာမို့ လို့  ဇ ကိုယ်ရေးကိုယ်တာ ကို လာစွက်ဖက်တာလဲ။ သူက
ဘာကောင်မို့  ကလေးကို ဒီလိုစော်ကားတာလဲ ။

"သူက ဘာကောင်မို့  …ကလေးကို ဒီလို ပြောတာလဲ  "

"ဒုန်း  "

"ခွမ်း  "

"ခွမ်း "

လက်နာနေပေမဲ့ ဒေါသက သွေးပူနေတော့ နာလို့ နာမှန်းမသိ ။  အော်ဟစ်ဆဲဆိုပီးဒုတ် ကို ပြန်ကိုင်ကာ မှီတဲ့နေရာတွေ
ထပ်ရိုက်ခွဲပစ်လိုက်သည်။

ဦးထွဋ်တင် အိမ်ပေါ်လှေကားကို အပြေးတက်သွားလိုက်သည်။ ကုမ္ပဏီကနေ အိမ်ကို အရေးကြီးတဲ့ဖိုင်ကျန်ခဲ့လို့  နေ့ ခင်းထမင်းစားရင်း
ပြန်လာယူတာမှန်သွားသည်။ အိမ်ထဲတောင်မဝင်ရသေး  အိမ်ထဲအလုပ်သမားတွေ မျက်စိမျက်နာပျက်ပြေးထွက်လာပီး ပြောလာတော့ သူအံ့သြရသေးသည်။  သား  ဒီလို မဖြစ်တာကြာပီ။ ဒေါသထွက်ရင် ထိန်းလို့ မရတဲ့ သားက ဒေါသထွက်ခဲသလို ထွက်ပီဆိုရင်လဲ အသိစိတ်ပျောက်အောင် ထွက်တက်သည်မို့  စိုးရိမ်ရသည်။ ပျက်စီးသွားတဲ့ တန်ဖိုးက ဘာမှမဖြစ်ဘူး ။ ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်တာမျိုးထိ ဖြစ်တက်တာမို့  ဦးထွဋ်တင်ပါ ပြာယာခက်နေသည်။

" ဒေါက် !!  … ဒေါက် !! "

" သား  ကိုတိုင်း  ဖေဖေပါ ။ စိတ်လျော့ ငါ့သား စိတ်ကိုလျော့ချလိုက် …"

တဒုန်းဒုန်း တခွမ်းခွမ်းအသံများကြောင့်
ဦးထွဋ်တင် ချွေးစေးတွေတောင်ပြန်လာသည်။ ဒီလိုပုံစံ သား  နောက်ဆုံးဒေါသကြီးခဲ့တုန်းက သားအမေနဲ့  ကွာရှင်းခဲ့တုန်းက ပင်။
အဲ့တုန်းက တခန်းလုံးဖျက်စီးရုံမကဘူး သူ့ ကိုသူ မထိန်းနိုင်တော့ပဲမှန်ကွဲတွေ တက်နင်းလို့  ဒဏ်ရာဒဏ်ချက်ပေါင်းများစွာဖြစ်ကာ သွေးထွက်လွန်ခဲ့လို့ ဆေးရုံတောင်တင်ခဲ့ရသေးသည်။

"သား … စိတ်ကိုလျော့လိုက်တော့ ဖေဖေ တောင်းပန်ပါတယ် ။  ဖေဖေပြောတာကြားလား  သား  …"

တံခါးကနေ တိုင်းထွဋ် အသံကိုလဲ နားစွင့်ပီး ဦးထွဋ်တင် အပြင်ကနေ ချော့မော့နေရသည်။ အတင်းလဲ မပြောရဲ ။ ဇွတ်လုပ်လိုက်လို့  တခုခုဖြစ်သွားရင် သူပဲရင်ကျိုးရလိမ့်မည်။

ဇ  လွတ်ထွက်နေပီမို့   မဲမဲမြင်ရာ ရိုက်ခွဲနေလိုက်သည်။ လက်တွေက ဒုတ် ကို မကိုင်နိုင်လောက်အောင်ဖြစ်နေသည်မို့  တဖြည်းဖြည်း အရှိန်ကလျော့ကျလာသည်။ သွေးတွေပေကြံနေတဲ့ လက်တို့ က မြင်မကောင်းနေရုံမကဘူး အခန်းတခုလုံးသည်လဲရစရာမရှိအောင် ပျက်စီးယိုယွင်း ကုန်၏။ 

ringtone ……

ဖုန်းသံက ဘယ်နေရာမြည်နေမှန်းမသိပဲ အပျက်စီးပုံကြားရောက်နေ၏။  ကလေးဆိုတဲ့ အသိစိတ် ဝင်လာပီးနောက်မှာ
လက်ထဲက ဒုတ်ကို လွှတ်ချကာ ဇ  သူပစ်လိုက်တဲ့ အခန်းထောက်က ပစ္စည်းတွေ ကြားထဲ ဖြဲရှာလိုက်သည်။

အက်ကွဲရာအနည်းငယ် အောက်မှာ
ငါ့ကောင်လေး ဆိုတဲ့ contantလေးက ထင်ထင်ရှားရှားပေါ်နေသည်မို့  ဇ  ဒေါသတွေအကုန်လုံးလေမှာမျောကုန်၏။

" Hello  ! အကိုကြီး  ကျွန်တော် အလုပ်သွားတော့မလို့  …  အဲ့ဒါ  လှမ်းပြောတာဖုန်းက ထားခဲ့မှာနော် တော်ကြာ မကိုင်ရင် စိတ်တိုနေမှာစိုးလို့  …"

မပွင့်တပွင့်လေး နဲ့  ကလေးသံလေးမပျောက်သေးတဲ့ ကလေးလေး ကြောင့်ဇ  ပြုံးမိသွားသည်။ သူ့ ကလေးလေးက သူ့ ကို
သတိတရလှမ်းအသိပေးနေတာပဲ။

"Hello ! Hello !  အကိုကြီး ကြားလား"

" အော်…  အင်းကြားတယ်ကလေးလေး။
နေပူတယ် လက်ရှည်လေးထပ်ဝတ်သွား ။
ညကျ မအားလို့ မလာတော့ဘူး။ မင်းမျှော်နေမှာစိုးလို့  "

"……"

တိတ်သွားတာကြောင့်ဖုန်းကျသွားတာလားလို့   ဇ  ဖုန်းကိုနားကနေခွာကြည့်လိုက်တော့မကျသေး။

"hello ! ကြားလား "

"ကြားတယ် ။ မလာချင်လဲ နေပေါ့။ဘယ်သူကမျှော်နေမယ်ပြောလဲ
အလကား ဂတိ မတည်တဲ့ လူကြီး "

စောင့်စောင့်အောင့်အောင့်ပြောပီး ဖုန်းချသွားတာကြောင့် ဇ မျက်မှောင်ကြုံ လိုက်သည်။ ကလေးလေး စိတ်ကောက်သွားတာလား။ သွေးတွေ ပေနေတဲ့ လက် နဲ့ ဖုန်းပြောလိုက်တာမို့  ပါးနဲ့  နားထင် တခြမ်းလုံးသည် ရဲပလောင်းပေပွသွားသည်။
လက်ဖမိုးနဲ့ လက်ဖျံ တို့ က နည်းနည်းရှရာများသွားသည်ထင်ပေမဲ့ သွေးပူနေတာကြောင့် နာရမှန်း မသိစွာ  သွေးတို့ က ပေါပေါလောလော စီးကျနေသည်။

"ကျွီ  !!!   သားး … ကိုတိုင်း "

တံခါးတွန်းဖွင့်သံနဲ့ အတူ ဖေဖေအော်သံကကျယ်လောင်စွာ ပေါ်ထွက်လာတာမို့
ဇ  လန့် သွား၏။ အမှတ်တမဲ့ အဲ့လိုကြီး အလန့် တကြားလာအော်နေမှတော့  ဇမှ မဟုတ်ဘူးဘယ်သူနေနေ  လန့် သွားမှာပေါ့။

ဦးထွဋ်တင် တံခါးမှာကပ်နားထောင်နေပေမဲ့ အခန်းထဲမှာ သားအသံမကြားရတော့ သည်မို့
အတော်ကြီးစိုးရိမ်လာ၏။ သားများအရင်တခါကလို အခန်းထဲ တခုခု ဖြစ်နေရင်တော့ဆိုတော့အတွေးနဲ့   သားအခန်းသော့ပြေးယူဖွင့်လိုက်သည်။ သူဝင်သွားလိုက်တော့ တခန်းလုံးရစရာမရှိတော့ပဲ ပျက်စီး ရှုပ်ပွနေပီး  တိုင်း ကတော့ အခန်းထောင့်မှာ  ထိုင်နေကာ မျက်နှာတခုလုံးမှာလဲ သွေးတွေ ရစရာမရှိအောင်ပေပွနေသည်။  စိုးရိမ်စိတ်တို့ က ငါ့သားလေးသာ တခုခုဖြစ်သွားရင်ဆိုတဲ့ စိတ်နဲ့  ငယ်ဒိတ် တက်စောင့်သည်။

" ဘုရားရေ   ငါ့သားလေး "

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz