6
ဇ တစ္ေယာက္ ေလာကႀကီးကို အပိုင္စားရသလို ခံစားေနရတာ ကေလးေလးေႀကာင့္ ပင္ျဖစ္သည္။ အခ်စ္က ထူးဆန္းအံ့ႀသဖြယ္ေကာင္းသည္။ တျငိမ့္ျငိမ့္ စီးဆင္းေနတဲ့ ရင္ထဲ ကခ်စ္စိတ္စိတ္တို ့က ကိုယ္ခႏၶာတခုလံုးကို ျဖတ္သန္းသြားေနလို
ဇ အမွန္အကန္ခံစားေနရ၏။ ကားမွန္ခ်ထားလို ့ ဝင္ေရာက္ တိုက္ခတ္ေနတဲ့ ေလပူတို ့က ေအးေနသလို ခံစားေနရပီး
တခ်က္ခ်က္ နွာဖ်ားသို ့ တိုးဝင္လာတဲ့ မီးခိုးနံ ့ဓာတ္ဆီနံ ့တို ့ေရာေထြးေနတဲ့ မလက္ဆတ္နဲ ့ အနံ ့သက္တို ့ကို မ်က္လံုးမွိတ္ကာ အားရပါးရ ရွဴ ရုိက္ ပီး ဇ ေက်ေက်နပ္ျပံဳးလိုက္၏။
"အား လန္းဆန္းသြားတာပဲ "
feelအျပည့္နဲ ့ ဇ အားပါးတရ ေျပာလိုက္တဲ့ အသံက တျခားသူ ႀကားရင္ ဟာ သ ျဖစ္ေနေပမဲ့ ခု ကားေပၚမွာ ဇ တစ္ေယာက္ ထဲ မို ့ ျဖစ္ခ်င္တိုင္းျဖစ္ေနသည္။ ကားကေလးရဲ့ ဦးတည္ရာသည္ ဘယ္အရပ္ ဘယ္ဌာေန သို ့ သြားေနသလဲ ဆိုတာ ဖိုက္တာ ဇ တစ္ေယာက္သိလိမ့္မယ္။
ေက်နပ္ေပ်ာ္ရႊင္တဲ့ ခံစားခ်က္တို ့ျဖင့္ ဇ ညေနက ေဖေဖနဲ ့ ေျပာခဲ့တဲ့ အေႀကာင္းေတြ ျပန္ သတိရမိသည္။ ကေလးေလးသည္ လာဘ္ေကာင္ေလး ျဖစ္ပံုရ၏။ငါးနွစ္နီးပါး မေျပလည္ခဲ့တဲ့ ဖခင္နဲ ့ ဆက္ဆံေရးသည္ အခ်စ္၏စြမ္းအားျဖင့္ ဆယ္မိနစ္ႀကာ ေဆြးေႏြးပြဲ အျပီးမွာ ေျပလည္ခဲ့သည္။
အခုလဲ ရင္ထဲက ခံစားခ်က္အတိုင္းသာ ဆက္လုပ္ ဆိုတဲ့ ေဖေဖ ရဲ့ စကားေႀကာင့္
ေတြ ့ခ်င္ေနတဲ့ မ်က္နွာေလးကို ေတြ ့ဖို ့
အေျပးသြားေနတာျဖစ္သည္။ တကယ္ဆို
ကေလးေလး ေနတဲ့ ေနရာနဲ ့ ဇ ေနတဲ့ ေနရာက အေတာ္ႀကီးေဝးေပမဲ့ အခ်စ္ရဲ့ စြမ္းအား အံ့မခန္းက အစြမ္းသတိၱျပကာ ဇ
တစ္ေယာက္ တက္ႀကြစြာ ကေလးေလးရွိတဲ့ ေနရာကို သြားေန၏။ လမ္းမွာ ေတြ ့တဲ့ ပီဇာ ဆိုင္ကို ဝင္လိုက္ပီး အေအးနဲ ့
ပီဇာ ပါ ဆင္းဝယ္လိုက္ေသးသည္။ အခ်ိန္ေတာ္ႀကာ ေမာင္းနွင္၍ပီးေနာက္မွာ
ကေလးေလး ရွိေနမဲ့ အိမ္ကေလး ဆီသို ့ေရာက္ခဲ့ေလပီ။ ကားစက္ကို သတ္ပီး ကေလးေလးကိုေတြ ့လို ့ေတြ ့ညား ဇ လွမ္းေမ်ွာ္ႀကည့္လိုက္၏။ မွိန္ေဖ်ာ့ေဖ်ာ့လင္းေနတဲ့
အိမ္ေလး ကိုႀကည့္ပီး ဇ စိတ္ဓာတ္ေတြေအာက္ဆံုးထိ ထိုးက် သြား၏။ မ်က္နွာေလးမျမင္ရပဲနဲ ့ေတာ့ မျပန္နိုင္ေပ။ လက္ကနာရီကိုႀကည့္ေတာ့လဲ ကိုးနာရီေတာင္မထိုးေသးဘူး။ ပတ္ဝန္းက်င္ကိုႀကည့္ေတာ့လဲ လမ္းမီးမရွိဘာမရွိ ခပ္ေမွာင္ေမွာင္ ။ အေတြးေတြကလဲ ဟိုေရာက္သည္ေရာက္ ေရာက္ခ်င္ရာေရာက္ေနစဥ္မွာပဲ …
" အကိုႀကီး !! "
"ပလုတ္တုတ္ "
ကားျပတင္းေပါက္ကို တံေတာင္တင္ပီးအားရပါးရ ေမးေထာက္ထားတဲ့ လက္သည္ ေအာ္သံ စူးစူးေလးေႀကာင့္ အလန္ ့တႀကားေအာက္ျပဳတ္က်သြား၏။ေမာ့ႀကည့္လိုက္ေတာ့ ေတြခ်င္ျမင္ခ်င္ေနတဲ့ကေလးေလး။ မ်က္နွာထားေလးက သူျဖစ္သြားတဲ့ပံုကို သေဘာတက် ေနတဲ့ပံုေလးမို ့
" ငါ့လန္ ့သြားတာကို မင္းက သေဘာက်ေနတယ္ ဟုတ္လား "
"ဟီးး စိတ္မဆိုးပါနဲ ့ က်ြန္ေတာ္ လမ္းထိပ္က ျပန္လာေတာ့ ကားရပ္ထားတာျမင္လို ့အကိုႀကီးထင္လို ့ေျပးလာတာ အနားေရာက္ေတာ့ တကယ္အကိုႀကီးျဖစ္ေနေတာ့ ဝမ္းသာသြားလို ့ေအာ္လိုက္မိတာပါဗ် "
"မင္းေနာ္ အေႀကာင္းျပခ်က္က မ်ိဳးစံုေအာင္တက္ေနတယ္ ။ မေျပာလိုက္ခ်င္ဘူး ။ "
မ်က္ေစာင္းထိုးပီး ျပန္လွည့္သြားတဲ့ အကိုႀကီးပံုက ခ်စ္စရာေလးမို ့ လူကေလး သေဘာက် သြား၏။ ဘဝမွာ ဒီလို လူမ်ိဳးနဲ ့ သိခြင္ခင္ခြင့္ ရဖို ့ဆိုတာ မျဖစ္နိုင္တဲ့ အျပင္ အကိုႀကီးလို ဂရုတစိုက္ လာလာေတြ ့ေနတဲ့ သူဆိုတာလဲ လူကေလးဘဝ မွာ စိတ္ကူးေတာင္ မယဥ္ရဲ ခဲ့ဖူးပါ။ ရုပ္လဲေခ်ာ ပိုက္ဆံလဲ ခ်မ္းသာတဲ့ အကိုႀကီးက သေဘာလဲ ေကာင္းေသးတာမို ့ လူကေလးကေတာ့ အေတာ္ႀကီး ခင္မင္ေနပီျဖစ္သည္။ ဟိုတခါလာေတြ ့ပီးကတည္းက
ေနာက္တခါထပ္လာမလားလို ့ေမ်ွာ္ေနမိေပမဲ့ အခ်ိန္ႀကာႀကီး မလာေတာ့တာမို ့ လူကေလး ဝမ္းနည္းခဲ့ရေသးသည္။ ခုေတာ့
အကိုႀကီးက ေနာက္ထပ္ လူကေလးကို ထပ္လာေတြ ့သည္မို ့ လူကေလးတကယ္ႀကီးေပ်ာ္ေနသည္။ တကယ္ေတာ့ အကိုႀကီးက လူကေလးရဲ့ ပထမဆံုး Role model ျဖစ္သည္။
" မင္း ရုပ္က ဘာျဖစ္ေနတာလဲ ။ "
သြားေလးျဖဲ ပီး ဇ ကို ကားေဘးမွာရပ္ႀကည့္ေနသည္မို ့ ေမးမိလိုက္ေတာ့
" အကိုႀကီးက အရမ္းေခ်ာလို ့ က်ြန္ေတာ္သေဘာက်လို ့ပါဗ် "
"ဘယ္လို ?? သေဘာက်တယ္ ! "
ဇ ရင္ေတြ တဒုန္း ဒုန္းခုန္လာ၏။ ေပ်ာ္ရႊင္မူ ့နဲ ့အတူ နားရြက္ဖ်ားေတြက တရိပ္ရိပ္ အပူေတြ ထိုးတက္လာပီး လက္ေတြက လဲ တဆတ္ဆတ္ တုန္လာ၏။
ခ်က္ျခင္းေခ်ာင္ က်သြားတဲ့ ဒူးေတြကလဲ အားလက္က်န္တစက္ေတာင္မရွိေတာ့ပဲ ေျခပစ္လက္ပစ္ ေပ်ာ့ေခြ က်သြား၏။
ကေလးေလးက သေဘာက်တယ္တဲ့ ။ ေခတ္ကာလသားသမီးေတြက တကယ္ခက္ လိုက္တာ … ႀကည့္လိုက္ေတာ့ ျဖဴျဖဴစင္စင္ကေလးရုပ္ေလးနဲ ့ သူက ငယ္ေသးလို ့
ဒီတိုင္း ႀကည့္ေနပါတယ္ဆိုမွ … ခုေတာ့ ေကာင္းက်ေရာ … အဲ့ လိုႀကီး လာေျပာေတာ့ ကိုယ္က သေဘာက်ေနရက္နဲ ့ အခ်ိန္ဆြဲလို ့လဲမေကာင္းဘူး … ျပန္ေျပာလိုက္ရင္ေရာ အသက္မျပည့္ေသးေတာ့ ဘာမွေတာ့မျဖစ္ေလာက္ဖူး မို ့လား ။ တခါမွ ကေလးေတြနဲ ့မတြဲဖူးေတာ့ ဘာဆက္လုပ္ရမလဲ မသိေတာ့ ……။
" ဟို အကိုႀကီး ေနမေကာင္းဘူးလား "
ေခ်ြးေတြ ျပန္ကာ နားရြက္ေတြရဲေနတဲ့ အကိုႀကီးက နွဳတ္ခမ္းေတြပါ ျဖဴေဖ်ာ့ ေနသည္မို ့ လူကေလး စိုးရိမ္သြားသည္။ ကားျပတင္းေပါက္ကို ခါးေလးကိုင္း ေခါင္းေလးငံု ့ပီး အကိုႀကီး နဖူးကို စိုးရိမ္တႀကီး လွမ္းစမ္းလိုက္၏။
မ်က္နွာေသးေသး ေလးက အတင္းတိုးကပ္ပီး ဇ ကိုႀကည့္လာသည္မို ့ ဇ တစ္ေယာက္ အသက္ေတာင္ေအာင့္ထားမိလိုက္သည္။ နုညံ့ေသာ လက္ေသးေသးေလးရဲ့ အထိအေတြ ့က နဖူးေပၚလာေရာက္ထိေတြ ့ နားခို အပီးမွာေတာ့ ဇ တစ္ေယာက္ ရုပ္ နာမ္ ထပ္ကြဲထြက္သြားပီး ေကာင္းကင္နဲ ့ ေျမႀကီးကို အႀကိမ္တရာေလာက္ ပက္ေျပးေနမိေတာ့သလို ခံစားခ်က္ အစိုးမရေတာ့ ။ ဇ လြတ္ ထြက္သြားအပီးမွာ ေတာ့ မ်က္လံုးဖြင့္ပီး ငုတ္တုတ္ေမ့သြားကာ ေလာကႀကီးသည္ တိတ္ဆိတ္ျငိမ္သက္သြားသည္။ ကေလးေလးရဲ့ မပီးမသ စိုးရိမ္သံကိုႀကားေနျမင္ေနရေပမဲ့ ဇ
အသိတို ့က ေခၚမႀကားေအာ္မႀကားျဖစ္ေန၏။
" အကိုႀကီး …အကိုႀကီး … ဘာ … ဘာ ျဖစ္တာလဲ … အဲ့လိုႀကီး မစနဲ ့ေနာ္ …အကိုႀကီး …အကိုႀကီး… ဟီးအီး ဘာ … ဘာမွ မျဖစ္နဲ ့ေနာ္… က်ြန္ေတာ္ေႀကာက္ တယ္… ဟီး "
လက္ေမာင္းကို ဆြဲလွဳပ္ ေနေသာ္လဲ လွဳပ္မလာပဲ ေႀကာင္စီစီျဖစ္ေနေသာအကိုႀကီးေႀကာင့္ လူကေလး ဝမ္းနည္းပက္လက္ငိုပစ္လိုက္သည္။ တကယ္ေတာ့ အကိုႀကီးနဲ ့ မွ စ စေနာက္ေနာက္ လုပ္ေနတဲ့ လူကေလးက သူ ့ကိုယ္ပိုင္က်င္လည္ရာ လူေနမူ ့ပါတ္ဝန္းက်င္မွာ လူေအးလူေႀကာက္ကေလးျဖစ္သည္။
လက္ေမာင္းကိုဆြဲလွဳပ္ ထုရုိက္ငိုေႀကြးသံႀကားမွ ဇ တစ္ေယာက္ မ်က္ေတာင္ေလးပုတ္ခတ္ ပုတ္ ခတ္ နဲ ့ အသိစိတ္ဝင္လာ၏။
မ်က္ရည္ေတြ စီးက်ကာ လက္ေမာင္းကို ထုပီး ငိုေႀကြးေနတဲ့ ကေလးေလးက အမွန္ အကန္ကို ဇ ကိုေႀကြစင္း…ေနပံုႀကသည္မို ့ သနားစိတ္တို ့က အလံုးအရင္းတိုးဝင္လာသည္။ ေစာက္ေခ်ာႀကီး တစ္ေယာက္ရဲ့ ရုပ္ရည္ ရူပကာက ကေလးေလးအျမင္မွာ အေတာ္ႀကီးစြဲေဆာင္မူ ့ရွိေနသည္ထင္၏။ ဇ ဖက္က လဲ ကေလးေလးကို သေဘာက်ေနသည္မို ့ အခ်ိန္ဆြဲမေနေတာ့ပါဘူး… ေပ်ာ္သြားေအာင္ မ်က္နွာေသးေသးေလးကို လက္နွစ္ဖက္နဲ ့ ဆြဲယူလိုက္ပီး မ်က္ရည္ေတြ စိုရြဲေနတဲ့ ပါးျပင္ကို လက္မေလး နဲ ့ သုတ္ေပးလိုက္သည္။ အထိေတြ ့က ဝါဂြမ္းေလး လို ျဖစ္သည္မို ့ နုညံ့မူ ့က လက္မမွတဆင့္ ရင္ဖက္ထဲသို ့တိုက္ရုိက္ တိုးဝင္သြားသည္။
" ႀကည့္ပါအုန္း … မ်က္ရည္ေတြက စိုရႊဲေနတာပဲ မင္းက ကေလးလဲမဟုတ္ပဲ ဒီအရြယ္ေရာက္ေနပီ ငိုေနတုန္း…။ အဲ့ေလာက္ငါ့ကို သေဘာက်ရလား "
ေႀကာင္ေတာင္ေတာင္ ျပန္ႀကည့္ လာတဲ့ ကေလးေလးကို ေႀကြပီးရင္းေႀကြသြားေအာင္ ဇ အမိုက္စားေလး ျပံဳးျပလိုက္သည္။ ပီးမွ …
"ကဲပါ မငိုေတာ့နဲ ့ ဒီအကိုႀကီးကလဲ
မင္းကို သေဘာက်ပါတယ္။ ငါသေဘာက်တယ္လို ့ေျပာတာ မင္းကပထမဆံုးပဲ …
ဒါေႀကာင့္ ခု မင္းနဲ ့ငါနဲ ့က တစ္သားထဲျဖစ္သြားပီ ငါ့ေႀကာင့္ မင္းဘယ္ေတာ့မွ မငိုေစရဘူး ငါ ဂတိေပးတယ္။ ဟုတ္ပီလား "
ဘာစကားေတြေျပာေနမွန္း လူကေလးမသိေပမဲ့ ဇာတ္လမ္းထဲက လူမိုက္ေတြလို
အျပံဳးႀကီးျပံဳးကာ ႀကည့္လာသည္မို ့ လူကေလး ေႀကာက္လာသည္။ အကိုႀကီးက စိတ္ေရာမွန္ရက္လားမသိဘူး စိတ္ေဖာက္လို ့ ထ ရုိက္ရင္ လူကေလး ေသလိမ့္မယ္။ အကိုႀကီးေက်နပ္သြားေအာင္
လူကေလး သြက္သြက္ေခါင္းျငိမ့္ျပလိုက္သည္။
မ်က္နွာကို ခုထိ မလႊတ္ေပးေသးတဲ့ဇ လက္ႀကီးႀကီးနွစ္ဖက္ႀကားမွာ ကေလးေလးမ်က္နွာေသးေသးေလးက မ်က္လံုးျပဴးေလးျဖစ္ေနရုံမက ဘူး ပါးေလးနွစ္ဖက္ကို လက္နဲ ့ ပူးညစ္ထားတာမို ့ နွဳတ္ခမ္းေလးပါ အသဲယားေအာင္ ေထာ္ေနေသးသည္။
ေခါင္းျငိမ့္လက္ခံလိုက္ပီျဖစ္တဲ့ ကေလးေလးကို အတြဲေတြျဖစ္သြားပီဆိုတာသိေပမဲ့
အသက္မျပည့္ေသးတဲ့ ကေလးမို ့ ဇ မထိရဲေသး။ မလြတ္ခ်င္လြတ္ခ်င္နဲ ့ ကေလးေလးမ်က္နွာေလးကို လႊတ္ေပးပီး
" လိမ္လိမ္မာမာေန ငါစိတ္ပူရေအာင္မလုပ္နဲ ့ "
ေညာင္းေနပီျဖစ္တဲ့ ကိုင္းထားတဲ့ ခါးကို လက္ေလးနဲ ့ထုပီး အကိုႀကီးေျပာတာကိုလဲ နားေထာင္ရေသးသည္။
"ဟုတ္ကဲ့ "
" ေန ့တိုင္း လာေတြ ့မယ္ ။ မဟုတ္ရင္
မင္း သတိရေနမွာစိုးလို ့ အႀကီးျဖစ္တဲ့ ငါကပဲ အလိုက္တသိ လုပ္ေပးပါမယ္ …
ok လား "
လက္ညိဳးနဲ ့ လက္မ ဝိုင္းျပ ေျပာလာတဲ့ အကိုႀကီးအလိုက် ဘာေတြေျပာေနမွန္း သိပ္နားမလည္ေသးေပမဲ့ ျပန္okလိုက္ရသည္။ ေတာ္ႀကာ ထ ေဖာက္ေနမွ အခက္သား ……
" ဖုန္းနံပါတ္ေပး "
"ဟို က်ြန္ေတာ္မွာ ဖုန္းမရွိဘူး ဗ် "
"အမ္ ! "
ဖုန္းဆိုတာ ဒီေခတ္ႀကီးမွာ ကေလးကအစ ကိုင္ေနႀကတာမို ့လား ။ ဘယ္နွယ့္ ဇ ေကာင္ေလးျဖစ္ေနပီး ဖုန္းေလးေတာင္ မရွိဘူး ဆိုတာ မျဖစ္သင့္လိုက္တာ ။ အေတြးနဲ ့ ေဘးခံု မွာ ပစ္စလက္ခက္ ပစ္တင္ထားတဲ့ i phone ကို ကုန္းယူပီး ကေလးေလးကို လွမ္းေပးလိုက္သည္။
"ေရာ့ ဒါယူလိုက္ "
လွမ္းေပးလာသည့္ဖုန္းက ေနာက္ဆံုးေပၚ apple ဖုန္းမို ့ လူကေလး မယူရဲေပ။ ဒါဘယ္ေလာက္တန္မွန္းမသိေပမဲ့ ရပ္ကြက္ထဲက အေတာ္ပိုက္ဆံရွိတဲ့ ေဒၚေအးမ သားကိုင္တဲ့ i phone ထပ္ အမ်ားႀကီးပိုႀကီးပီး
ပိုလွသည္မို ့ လူကေလးမယူခ်င္ေပ။
" ဟို က်ြန္ေတာ္ မယူ ခ်င္ဘူးဗ် "
ဇ အလို မက်လာေတာ့ မ်က္ေမွာင္
ကုတ္မိလိုက္သည္။
"က်စ္ … ဘာျဖစ္ျပန္တာလဲ …ယူလိုက္ …မဟုတ္ရင္ မင္းငါ့ကိုလြမ္းလို ့ဖုန္းဆက္ခ်င္ရင္ေတာင္ ဆက္စရာမွမရွိတာ… ဒါယူထားလိုက္ ငါ့မွာ အမ်ားႀကီးရွိေသးတယ္။ "
"ဗ်ာ …ဟို … ဟို …မယူခ်င္ဘူးဗ် …အားသြင္းရင္ …အန္တီေရႊမိ သိသြားလိမ္ ့မယ္။ အဆင္မေျပ ဘူးဗ် "
"ယူလိုက္ မနက္ဖန္ power bank 5လံုးဝယ္ေပးထားမယ္ အဲ့ဒါနဲ ့သြင္း ကုန္တဲ့ အလံုးငါ့ျပန္ေပးလိုက္ လာတိုင္း သြင္းခဲ့ေပးမယ္ "
ဇြတ္တရြတ္လုပ္တက္ပံုက်တဲ့ အကိုႀကီးက အနက္ေရာင္ ဖုန္း ကို သံုးနည္းပါသင္ေပးပီး ညႀကီးအခ်ိန္မေတာ္ မေအးေတာ့တဲ့ အေအးဘူးနဲ ့ ေအးစက္စက္ ပီဇာဘူးတဘူးလက္ထဲထည့္ကာ ျပန္သြားေလသည္။
ခ်စ္တဲ့အိမ္စည္။
########
ဇ တစ်ယောက် လောကကြီးကို အပိုင်စားရသလို ခံစားနေရတာ ကလေးလေးကြောင့် ပင်ဖြစ်သည်။ အချစ်က ထူးဆန်းအံ့သြဖွယ်ကောင်းသည်။ တငြိမ့်ငြိမ့် စီးဆင်းနေတဲ့ ရင်ထဲ ကချစ်စိတ်စိတ်တို့ က ကိုယ်ခန္ဓာတခုလုံးကို ဖြတ်သန်းသွားနေလို
ဇ အမှန်အကန်ခံစားနေရ၏။ ကားမှန်ချထားလို့ ဝင်ရောက် တိုက်ခတ်နေတဲ့ လေပူတို့ က အေးနေသလို ခံစားနေရပီး
တချက်ချက် နှာဖျားသို့ တိုးဝင်လာတဲ့ မီးခိုးနံ့ ဓာတ်ဆီနံ့ တို့ ရောထွေးနေတဲ့ မလက်ဆတ်နဲ့ အနံ့ သက်တို့ ကို မျက်လုံးမှိတ်ကာ အားရပါးရ ရှူ ရိုက် ပီး ဇ ကျေကျေနပ်ပြုံးလိုက်၏။
"အား လန်းဆန်းသွားတာပဲ "
feelအပြည့်နဲ့ ဇ အားပါးတရ ပြောလိုက်တဲ့ အသံက တခြားသူ ကြားရင် ဟာ သ ဖြစ်နေပေမဲ့ ခု ကားပေါ်မှာ ဇ တစ်ယောက် ထဲ မို့ ဖြစ်ချင်တိုင်းဖြစ်နေသည်။ ကားကလေးရဲ့ ဦးတည်ရာသည် ဘယ်အရပ် ဘယ်ဌာနေ သို့ သွားနေသလဲ ဆိုတာ ဖိုက်တာ ဇ တစ်ယောက်သိလိမ့်မယ်။
ကျေနပ်ပျော်ရွှင်တဲ့ ခံစားချက်တို့ ဖြင့် ဇ ညနေက ဖေဖေနဲ့ ပြောခဲ့တဲ့ အကြောင်းတွေ ပြန် သတိရမိသည်။ ကလေးလေးသည် လာဘ်ကောင်လေး ဖြစ်ပုံရ၏။ငါးနှစ်နီးပါး မပြေလည်ခဲ့တဲ့ ဖခင်နဲ့ ဆက်ဆံရေးသည် အချစ်၏စွမ်းအားဖြင့် ဆယ်မိနစ်ကြာ ဆွေးနွေးပွဲ အပြီးမှာ ပြေလည်ခဲ့သည်။
အခုလဲ ရင်ထဲက ခံစားချက်အတိုင်းသာ ဆက်လုပ် ဆိုတဲ့ ဖေဖေ ရဲ့ စကားကြောင့်
တွေ့ ချင်နေတဲ့ မျက်နှာလေးကို တွေ့ ဖို့
အပြေးသွားနေတာဖြစ်သည်။ တကယ်ဆို
ကလေးလေး နေတဲ့ နေရာနဲ့ ဇ နေတဲ့ နေရာက အတော်ကြီးဝေးပေမဲ့ အချစ်ရဲ့ စွမ်းအား အံ့မခန်းက အစွမ်းသတ္တိပြကာ ဇ
တစ်ယောက် တက်ကြွစွာ ကလေးလေးရှိတဲ့ နေရာကို သွားနေ၏။ လမ်းမှာ တွေ့ တဲ့ ပီဇာ ဆိုင်ကို ဝင်လိုက်ပီး အအေးနဲ့
ပီဇာ ပါ ဆင်းဝယ်လိုက်သေးသည်။ အချိန်တော်ကြာ မောင်းနှင်၍ပီးနောက်မှာ
ကလေးလေး ရှိနေမဲ့ အိမ်ကလေး ဆီသို့ ရောက်ခဲ့လေပီ။ ကားစက်ကို သတ်ပီး ကလေးလေးကိုတွေ့ လို့ တွေ့ ညား ဇ လှမ်းမျှော်ကြည့်လိုက်၏။ မှိန်ဖျော့ဖျော့လင်းနေတဲ့
အိမ်လေး ကိုကြည့်ပီး ဇ စိတ်ဓာတ်တွေအောက်ဆုံးထိ ထိုးကျ သွား၏။ မျက်နှာလေးမမြင်ရပဲနဲ့ တော့ မပြန်နိုင်ပေ။ လက်ကနာရီကိုကြည့်တော့လဲ ကိုးနာရီတောင်မထိုးသေးဘူး။ ပတ်ဝန်းကျင်ကိုကြည့်တော့လဲ လမ်းမီးမရှိဘာမရှိ ခပ်မှောင်မှောင် ။ အတွေးတွေကလဲ ဟိုရောက်သည်ရောက် ရောက်ချင်ရာရောက်နေစဉ်မှာပဲ …
" အကိုကြီး !! "
"ပလုတ်တုတ် "
ကားပြတင်းပေါက်ကို တံတောင်တင်ပီးအားရပါးရ မေးထောက်ထားတဲ့ လက်သည် အော်သံ စူးစူးလေးကြောင့် အလန့် တကြားအောက်ပြုတ်ကျသွား၏။မော့ကြည့်လိုက်တော့ တွေချင်မြင်ချင်နေတဲ့ကလေးလေး။ မျက်နှာထားလေးက သူဖြစ်သွားတဲ့ပုံကို သဘောတကျ နေတဲ့ပုံလေးမို့
" ငါ့လန့် သွားတာကို မင်းက သဘောကျနေတယ် ဟုတ်လား "
"ဟီးး စိတ်မဆိုးပါနဲ့ ကျွန်တော် လမ်းထိပ်က ပြန်လာတော့ ကားရပ်ထားတာမြင်လို့ အကိုကြီးထင်လို့ ပြေးလာတာ အနားရောက်တော့ တကယ်အကိုကြီးဖြစ်နေတော့ ဝမ်းသာသွားလို့ အော်လိုက်မိတာပါဗျ "
"မင်းနော် အကြောင်းပြချက်က မျိုးစုံအောင်တက်နေတယ် ။ မပြောလိုက်ချင်ဘူး ။ "
မျက်စောင်းထိုးပီး ပြန်လှည့်သွားတဲ့ အကိုကြီးပုံက ချစ်စရာလေးမို့ လူကလေး သဘောကျ သွား၏။ ဘဝမှာ ဒီလို လူမျိုးနဲ့ သိခွင်ခင်ခွင့် ရဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အပြင် အကိုကြီးလို ဂရုတစိုက် လာလာတွေ့ နေတဲ့ သူဆိုတာလဲ လူကလေးဘဝ မှာ စိတ်ကူးတောင် မယဉ်ရဲ ခဲ့ဖူးပါ။ ရုပ်လဲချော ပိုက်ဆံလဲ ချမ်းသာတဲ့ အကိုကြီးက သဘောလဲ ကောင်းသေးတာမို့ လူကလေးကတော့ အတော်ကြီး ခင်မင်နေပီဖြစ်သည်။ ဟိုတခါလာတွေ့ ပီးကတည်းက
နောက်တခါထပ်လာမလားလို့ မျှော်နေမိပေမဲ့ အချိန်ကြာကြီး မလာတော့တာမို့ လူကလေး ဝမ်းနည်းခဲ့ရသေးသည်။ ခုတော့
အကိုကြီးက နောက်ထပ် လူကလေးကို ထပ်လာတွေ့ သည်မို့ လူကလေးတကယ်ကြီးပျော်နေသည်။ တကယ်တော့ အကိုကြီးက လူကလေးရဲ့ ပထမဆုံး Role model ဖြစ်သည်။
" မင်း ရုပ်က ဘာဖြစ်နေတာလဲ ။ "
သွားလေးဖြဲ ပီး ဇ ကို ကားဘေးမှာရပ်ကြည့်နေသည်မို့ မေးမိလိုက်တော့
" အကိုကြီးက အရမ်းချောလို့ ကျွန်တော်သဘောကျလို့ ပါဗျ "
"ဘယ်လို ?? သဘောကျတယ် ! "
ဇ ရင်တွေ တဒုန်း ဒုန်းခုန်လာ၏။ ပျော်ရွှင်မူ့ နဲ့ အတူ နားရွက်ဖျားတွေက တရိပ်ရိပ် အပူတွေ ထိုးတက်လာပီး လက်တွေက လဲ တဆတ်ဆတ် တုန်လာ၏။
ချက်ခြင်းချောင် ကျသွားတဲ့ ဒူးတွေကလဲ အားလက်ကျန်တစက်တောင်မရှိတော့ပဲ ခြေပစ်လက်ပစ် ပျော့ခွေ ကျသွား၏။
ကလေးလေးက သဘောကျတယ်တဲ့ ။ ခေတ်ကာလသားသမီးတွေက တကယ်ခက် လိုက်တာ … ကြည့်လိုက်တော့ ဖြူဖြူစင်စင်ကလေးရုပ်လေးနဲ့ သူက ငယ်သေးလို့
ဒီတိုင်း ကြည့်နေပါတယ်ဆိုမှ … ခုတော့ ကောင်းကျရော … အဲ့ လိုကြီး လာပြောတော့ ကိုယ်က သဘောကျနေရက်နဲ့ အချိန်ဆွဲလို့ လဲမကောင်းဘူး … ပြန်ပြောလိုက်ရင်ရော အသက်မပြည့်သေးတော့ ဘာမှတော့မဖြစ်လောက်ဖူး မို့ လား ။ တခါမှ ကလေးတွေနဲ့ မတွဲဖူးတော့ ဘာဆက်လုပ်ရမလဲ မသိတော့ ……။
" ဟို အကိုကြီး နေမကောင်းဘူးလား "
ချွေးတွေ ပြန်ကာ နားရွက်တွေရဲနေတဲ့ အကိုကြီးက နှုတ်ခမ်းတွေပါ ဖြူဖျော့ နေသည်မို့ လူကလေး စိုးရိမ်သွားသည်။ ကားပြတင်းပေါက်ကို ခါးလေးကိုင်း ခေါင်းလေးငုံ့ ပီး အကိုကြီး နဖူးကို စိုးရိမ်တကြီး လှမ်းစမ်းလိုက်၏။
မျက်နှာသေးသေး လေးက အတင်းတိုးကပ်ပီး ဇ ကိုကြည့်လာသည်မို့ ဇ တစ်ယောက် အသက်တောင်အောင့်ထားမိလိုက်သည်။ နုညံ့သော လက်သေးသေးလေးရဲ့ အထိအတွေ့ က နဖူးပေါ်လာရောက်ထိတွေ့ နားခို အပီးမှာတော့ ဇ တစ်ယောက် ရုပ် နာမ် ထပ်ကွဲထွက်သွားပီး ကောင်းကင်နဲ့ မြေကြီးကို အကြိမ်တရာလောက် ပက်ပြေးနေမိတော့သလို ခံစားချက် အစိုးမရတော့ ။ ဇ လွတ် ထွက်သွားအပီးမှာ တော့ မျက်လုံးဖွင့်ပီး ငုတ်တုတ်မေ့သွားကာ လောကကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကလေးလေးရဲ့ မပီးမသ စိုးရိမ်သံကိုကြားနေမြင်နေရပေမဲ့ ဇ
အသိတို့ က ခေါ်မကြားအော်မကြားဖြစ်နေ၏။
" အကိုကြီး …အကိုကြီး … ဘာ … ဘာ ဖြစ်တာလဲ … အဲ့လိုကြီး မစနဲ့ နော် …အကိုကြီး …အကိုကြီး… ဟီးအီး ဘာ … ဘာမှ မဖြစ်နဲ့ နော်… ကျွန်တော်ကြောက် တယ်… ဟီး "
လက်မောင်းကို ဆွဲလှုပ် နေသော်လဲ လှုပ်မလာပဲ ကြောင်စီစီဖြစ်နေသောအကိုကြီးကြောင့် လူကလေး ဝမ်းနည်းပက်လက်ငိုပစ်လိုက်သည်။ တကယ်တော့ အကိုကြီးနဲ့ မှ စ စနောက်နောက် လုပ်နေတဲ့ လူကလေးက သူ့ ကိုယ်ပိုင်ကျင်လည်ရာ လူနေမူ့ ပါတ်ဝန်းကျင်မှာ လူအေးလူကြောက်ကလေးဖြစ်သည်။
လက်မောင်းကိုဆွဲလှုပ် ထုရိုက်ငိုကြွေးသံကြားမှ ဇ တစ်ယောက် မျက်တောင်လေးပုတ်ခတ် ပုတ် ခတ် နဲ့ အသိစိတ်ဝင်လာ၏။
မျက်ရည်တွေ စီးကျကာ လက်မောင်းကို ထုပီး ငိုကြွေးနေတဲ့ ကလေးလေးက အမှန် အကန်ကို ဇ ကိုကြွေစင်း…နေပုံကြသည်မို့ သနားစိတ်တို့ က အလုံးအရင်းတိုးဝင်လာသည်။ စောက်ချောကြီး တစ်ယောက်ရဲ့ ရုပ်ရည် ရူပကာက ကလေးလေးအမြင်မှာ အတော်ကြီးစွဲဆောင်မူ့ ရှိနေသည်ထင်၏။ ဇ ဖက်က လဲ ကလေးလေးကို သဘောကျနေသည်မို့ အချိန်ဆွဲမနေတော့ပါဘူး… ပျော်သွားအောင် မျက်နှာသေးသေးလေးကို လက်နှစ်ဖက်နဲ့ ဆွဲယူလိုက်ပီး မျက်ရည်တွေ စိုရွဲနေတဲ့ ပါးပြင်ကို လက်မလေး နဲ့ သုတ်ပေးလိုက်သည်။ အထိတွေ့ က ဝါဂွမ်းလေး လို ဖြစ်သည်မို့ နုညံ့မူ့ က လက်မမှတဆင့် ရင်ဖက်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။
" ကြည့်ပါအုန်း … မျက်ရည်တွေက စိုရွှဲနေတာပဲ မင်းက ကလေးလဲမဟုတ်ပဲ ဒီအရွယ်ရောက်နေပီ ငိုနေတုန်း…။ အဲ့လောက်ငါ့ကို သဘောကျရလား "
ကြောင်တောင်တောင် ပြန်ကြည့် လာတဲ့ ကလေးလေးကို ကြွေပီးရင်းကြွေသွားအောင် ဇ အမိုက်စားလေး ပြုံးပြလိုက်သည်။ ပီးမှ …
"ကဲပါ မငိုတော့နဲ့ ဒီအကိုကြီးကလဲ
မင်းကို သဘောကျပါတယ်။ ငါသဘောကျတယ်လို့ ပြောတာ မင်းကပထမဆုံးပဲ …
ဒါကြောင့် ခု မင်းနဲ့ ငါနဲ့ က တစ်သားထဲဖြစ်သွားပီ ငါ့ကြောင့် မင်းဘယ်တော့မှ မငိုစေရဘူး ငါ ဂတိပေးတယ်။ ဟုတ်ပီလား "
ဘာစကားတွေပြောနေမှန်း လူကလေးမသိပေမဲ့ ဇာတ်လမ်းထဲက လူမိုက်တွေလို
အပြုံးကြီးပြုံးကာ ကြည့်လာသည်မို့ လူကလေး ကြောက်လာသည်။ အကိုကြီးက စိတ်ရောမှန်ရက်လားမသိဘူး စိတ်ဖောက်လို့ ထ ရိုက်ရင် လူကလေး သေလိမ့်မယ်။ အကိုကြီးကျေနပ်သွားအောင်
လူကလေး သွက်သွက်ခေါင်းငြိမ့်ပြလိုက်သည်။
မျက်နှာကို ခုထိ မလွှတ်ပေးသေးတဲ့ဇ လက်ကြီးကြီးနှစ်ဖက်ကြားမှာ ကလေးလေးမျက်နှာသေးသေးလေးက မျက်လုံးပြူးလေးဖြစ်နေရုံမက ဘူး ပါးလေးနှစ်ဖက်ကို လက်နဲ့ ပူးညစ်ထားတာမို့ နှုတ်ခမ်းလေးပါ အသဲယားအောင် ထော်နေသေးသည်။
ခေါင်းငြိမ့်လက်ခံလိုက်ပီဖြစ်တဲ့ ကလေးလေးကို အတွဲတွေဖြစ်သွားပီဆိုတာသိပေမဲ့
အသက်မပြည့်သေးတဲ့ ကလေးမို့ ဇ မထိရဲသေး။ မလွတ်ချင်လွတ်ချင်နဲ့ ကလေးလေးမျက်နှာလေးကို လွှတ်ပေးပီး
" လိမ်လိမ်မာမာနေ ငါစိတ်ပူရအောင်မလုပ်နဲ့ "
ညောင်းနေပီဖြစ်တဲ့ ကိုင်းထားတဲ့ ခါးကို လက်လေးနဲ့ ထုပီး အကိုကြီးပြောတာကိုလဲ နားထောင်ရသေးသည်။
"ဟုတ်ကဲ့ "
" နေ့ တိုင်း လာတွေ့ မယ် ။ မဟုတ်ရင်
မင်း သတိရနေမှာစိုးလို့ အကြီးဖြစ်တဲ့ ငါကပဲ အလိုက်တသိ လုပ်ပေးပါမယ် …
ok လား "
လက်ညိုးနဲ့ လက်မ ဝိုင်းပြ ပြောလာတဲ့ အကိုကြီးအလိုကျ ဘာတွေပြောနေမှန်း သိပ်နားမလည်သေးပေမဲ့ ပြန်okလိုက်ရသည်။ တော်ကြာ ထ ဖောက်နေမှ အခက်သား ……
" ဖုန်းနံပါတ်ပေး "
"ဟို ကျွန်တော်မှာ ဖုန်းမရှိဘူး ဗျ "
"အမ် ! "
ဖုန်းဆိုတာ ဒီခေတ်ကြီးမှာ ကလေးကအစ ကိုင်နေကြတာမို့ လား ။ ဘယ်နှယ့် ဇ ကောင်လေးဖြစ်နေပီး ဖုန်းလေးတောင် မရှိဘူး ဆိုတာ မဖြစ်သင့်လိုက်တာ ။ အတွေးနဲ့ ဘေးခုံ မှာ ပစ်စလက်ခက် ပစ်တင်ထားတဲ့ i phone ကို ကုန်းယူပီး ကလေးလေးကို လှမ်းပေးလိုက်သည်။
"ရော့ ဒါယူလိုက် "
လှမ်းပေးလာသည့်ဖုန်းက နောက်ဆုံးပေါ် apple ဖုန်းမို့ လူကလေး မယူရဲပေ။ ဒါဘယ်လောက်တန်မှန်းမသိပေမဲ့ ရပ်ကွက်ထဲက အတော်ပိုက်ဆံရှိတဲ့ ဒေါ်အေးမ သားကိုင်တဲ့ i phone ထပ် အများကြီးပိုကြီးပီး
ပိုလှသည်မို့ လူကလေးမယူချင်ပေ။
" ဟို ကျွန်တော် မယူ ချင်ဘူးဗျ "
ဇ အလို မကျလာတော့ မျက်မှောင်
ကုတ်မိလိုက်သည်။
"ကျစ် … ဘာဖြစ်ပြန်တာလဲ …ယူလိုက် …မဟုတ်ရင် မင်းငါ့ကိုလွမ်းလို့ ဖုန်းဆက်ချင်ရင်တောင် ဆက်စရာမှမရှိတာ… ဒါယူထားလိုက် ငါ့မှာ အများကြီးရှိသေးတယ်။ "
"ဗျာ …ဟို … ဟို …မယူချင်ဘူးဗျ …အားသွင်းရင် …အန်တီရွှေမိ သိသွားလိမ့် မယ်။ အဆင်မပြေ ဘူးဗျ "
"ယူလိုက် မနက်ဖန် power bank 5လုံးဝယ်ပေးထားမယ် အဲ့ဒါနဲ့ သွင်း ကုန်တဲ့ အလုံးငါ့ပြန်ပေးလိုက် လာတိုင်း သွင်းခဲ့ပေးမယ် "
ဇွတ်တရွတ်လုပ်တက်ပုံကျတဲ့ အကိုကြီးက အနက်ရောင် ဖုန်း ကို သုံးနည်းပါသင်ပေးပီး ညကြီးအချိန်မတော် မအေးတော့တဲ့ အအေးဘူးနဲ့ အေးစက်စက် ပီဇာဘူးတဘူးလက်ထဲထည့်ကာ ပြန်သွားလေသည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz