ZingTruyen.Xyz
ဇ ( Completed)
5
eainsi23
  " ဘာ! ကျောင်း ပြန်တက်မယ် …
ဟုတ်လား ?"
မကြီးမငယ်နဲ့ ။
" မင်း ကဘယ်လို သိတာလဲ ။ ကြည့်စမ်း
"မင်း မသိလဲရတယ် "
" အဲ့တော့ ဘာဖြစ်လဲ။  "
"……"
ဇ က မိုက်သည် ဆိုးသည်
"ပြီးတာပဲ "
"အာ့ဆို ငါပြန်တော့မယ် "
" omm … ကားမပါရင် ယူသွား "
" ok!  ပြန်ပီ "
"သဘော "
" အဖေ့ !! "
" မေးတာဖြေ "
" အဖေ့ ! "
" တိုင်းထွဋ်တင် !! "
ဖေဖေနဲ့ နေခဲ့တာ ။ မတည့်ကျတာဆိုပေမဲ့
" ဘယ်လို "
ချစ်တဲ့အိမ်စည်။
  " ဘာ! ကျောင်း ပြန်တက်မယ် …
ဟုတ်လား ?"
ဒေဝါ မယုံနိုင်သလို ဇ ကိုကြည့်မိလိုက်သည်။  တတိယနှစ်မှာ တစ်နေလို့  မနှစ်ကပဲ ကျောင်းမတက်တော့ပါဘူးဆိုလို့
ကိုယ်ပါ ပျင်းတာနဲ့  မတက်တော့တာ။ ခုမှ
ဘာအရူးထနေတာလဲ ။ သွားတက်ရင် ရှက်စရာကြီး ကလေးတွေကြားထဲ မှာ
မကြီးမငယ်နဲ့ ။
"ဟုတ်တယ်လေ …ဘွဲ့ လေးတော့ ရအောင်ယူမလားလို့   ။  "
ကြီးကြီးကျယ် ကျယ် တွေပြောနေတဲ့
သကောင့်သား ကို တွေ့ တာနဲ့ ကောက်ထုလိုက်ရင် နာအုန်းမယ်။
"ဟေ့ကောင် မင်းအပိုတွေ ပြောမနေနဲ့
ဘာဂွင်ရှိလို့ လဲ ? အေး …ခုကတည်းက မင်းအမှန်တိုင်းပြောရင် ကောင်းမယ်နော် ဇ  ။
ငါထင်တာကတော့  ဟိုတနေ့ က  ကလေးလေးနဲ့ များ ဆိုင်သလား လို့   "
ပီကေဝါးမပျက် မသိချင်ယောင်ဆောင်နေတာမို့  ဒေဝါ ဒီလောက်ဆို သိလိုက်ပီ။
ဘာဆက်ဖြစ်မလဲ သိချင်နေပီ။ ဇ ရဲ့ ကျဆုံးခန်းက ကောင်းကလေးတစ်ယောက်ဆိုတာ သိလိုက်ရတုန်းက သူဘယ်လောက်အံ့သြခဲ့ရလဲ။ ဇ  နဲ့ တွဲလာတာ ကလေးဘဝကတည်းက သူ့ ဖက်က သဘောကျလှချည်ဟဲ့ ဆိုတာ မရှိသလောက် ပဲ။
ဂေး လို့ အရင်ကတည်းက သမုတ်ရအောင်လဲ အဲ့လိုလဲ  အနေထိုင်မတက် တာမရှိခဲ့။
" ဇ   အဲ့ဒါလေးက ကလေးလေးရှိသေးတာနော် "
"နောက်လ ဆို ၁၇ပြည့်တော့မှာ "
ပက်ခနဲ ချက်ချင်း ပြောလာတာကြောင့်
ဒေဝါ ပြောလက်စတောင် ရပ်တော့မလို့ ။
ကြည့်စမ်း ဂေးစိတ်ပေါက်လာလို့ လားမသိဘူး ချက်ခြင်းစွာလာလိုက်တာ…
" မင်း ကဘယ်လို သိတာလဲ ။ ကြည့်စမ်း
ငါ မသိခင် မင်းထပ်သွားသေးတာလား "
"မင်း မသိလဲရတယ် "
"ဟ !မသိလို့ ရမလား?  သေချာစမ်းစစ်ကြည့်အုန်း …အနေနီးတယ်လို့ ပြောရအောင်လဲ …မင်းနဲ့  တွေ့ တာ တခါပဲရှိသေးတယ်။
လှလို့ ချော လို့  ကြိုက်တယ်ပြောရအောင်လဲ သေးသေးပိစိ မလှမပလေး "
" အဲ့တော့ ဘာဖြစ်လဲ။  "
ပါးစောင်ကို လျှာထိုးပီး ကြည့်လာတဲ့ အကြည့်က သူဟာလေး ထိတော့ နာနေတဲ့ ပုံမျိုး ။  လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ။
"ဘာမှ မဖြစ်ဘူး …ငါ့ကိုအဲ့လို လာမကြည့်နဲ့ "
ဇ ဆိုဖာ နောက်မှီကို လျော့တိလျော့ရဲ မှီချပီးမှ…။
"အချစ်မှာ မျက်စိမရှိဘူး ။ နောက်ကို ကလေးလေး ကို မကောင်းတာမပြောနဲ့ ။
ငါ့ဖူးစာ ရှင်မို့  ငါ့နှလုံးသားက သူ့ ဘာသာ
ရည်ရွယ်ချက်မရှိ မြတ်နိုးသွားတာ။ ဖြစ်သမျှငါ့ခံစားချက်အားလုံး သူ့ ကြိုးစားမူ့ တခုမှမပါပဲ သူ့ အလိုလို  နှစ်သက်မိသွားလို့  သူ့ ဖြစ်တည်မူ့ က အဆိုးဆုံးဖြစ်နေရင်တောင်  သူ့ မှာ အပြစ်လုံးဝမရှိဘူး။ "
အကြီးအကျယ် deep နေတဲ့ ဇ ကို
ဒေဝါ လက်မြောက်ထားလိုက်၏။ မချစ်ဖူးတဲ့ အချစ်ဦးမို့  ဇ တစ်ယောက် အချစ်မှာ လုံးဝ ရူးသွပ် သွားလေပီ။
"  လုံးဝ လွှင့်သွားပီ …။ဆိုလိုတာက ဒီကလေးကြောင့် ကျောင်းပြန်တက်မယ်ပေါ့ "
"……"
ပြန်မဖြေလာပဲ ဆေးလိပ်မီးညှိနေတာကြောင့် ဒေဝါ ပုခုံးတစ်ဖက်တွန့် ကာ…။
"ok … ဘွဲ့ တစ်ခု အဖက်တင်တာပေါ့ "
" မင်းတက်ချင်မှတက်နော် …ပီးမှ ငါ့နာမည်လာမခံနဲ့  "
စကားပြောလေးက အဲ့ သလောက် ချစ်
ဖို့ ကောင်းအောင်ပြောတက်တာ။ ဇ မို့ လို့
ဒေဝါ လျော့ လိုက်တာ  အကြောင်းသိနေလို့ ။ တခြားတစ်ယောက် ဆို ဒေဝါ ကလဲ
ဇ နဲ့ လယ်ပယ် မိုက်လာတဲ့ ဖိုက်တာ မို့
ခေါင်းနဲ့ ကိုယ် အိုးစားကွဲ သွားဖို့ သေချာသလောက်ပဲ။
ဇ က မိုက်သည် ဆိုးသည်
ဒါပေမဲ့ အောက်တန်းမကျဘူး။ ကူညီစရာရှိရင်လဲ ရှိတာရော့အင့် ပဲ …လုံးဝ အနှမြောမရှိ ။ တခုပဲ ဇ  လုံးဝ အပြောဆို မတက် တာမို့   …ဒါလေးတော့ အောင့်သီးအောင့်သက် ခံရခက်အောင် နားထောင်ရသည်။
ဇ  ရည်းစားဖြစ်မဲ့ သူကတော့ ဘယ်လို
ဆက်ဆံခံရမလဲဆိုတာ သူ သိချင်နေပီ။
လာရော သမျှ စိတ်ပါရင် ပြန်ရောသည်။ အီစီကလီ ရိုက်သည်။ ချစ်တယ် လို့ ပြောတဲ့ မိန်းကလေး ဆိုတာ ဇ ဘဝမှာ မရှိ ။
ဒါလဲ ဇ  နဲ့  တွဲဖို့  စောင့်ဆိုင်းနေတဲ့ အချောအလှ တွေ က တန်းစီလို့  ။
" မင်းပြောစရာမလိုဘူး။ အိမ်က ပြန်တက်ခိုင်းနေတာကြာပီ ငါတစ်ယောက်ထဲ
ကြောင်နေလို့  ဆက်မတက်တာ "
"ပြီးတာပဲ "
"အာ့ဆို ငါပြန်တော့မယ် "
တအိမ်လုံးမှာ သူ့ အခန်းက နှစ်ခန်းစာပေါင်းပီး ရှယ်ပြင်ထားတဲ့ အခန်းမို့  လုံးဝ လူငယ်အကြိုက် အမဲရောင်သုံးထားပီး ဇ ကိုယ်တိုင် တဇိုင်း ဆွဲထားမို့ အပြင်ဆင်က
မိမိုက်နေ၏။ ဂိမ်းစက်… ဂစ်တာ… အပြင် ရေခဲ သေတ္တာ ထဲမှာလဲ အအေးဘီယာ လုံးဝမပျက်လို့ … ဇအိမ်က ဒေဝါတို့  အပေါင်းသင်းတွေ စုရပ်ဖြစ်သည်။ နေရခက်အောင် ဆူပြောနေမဲ့ သူလဲ မရှိတာမို့  …
လွတ်လပ်ချင်တိုင်းလွတ်လပ် သည်မို့  ဇ အိမ်မှာသာ စုံကြတာများသည်။
" omm … ကားမပါရင် ယူသွား "
" ok!  ပြန်ပီ "
ဂိုထောင်ထဲက အရောင်သွေးစုံတဲ့ ဆယ်စီးထပ်မနည်း ကားတွေကို မျက်လုံးထဲမြင်ပီး ဟိုတစ်နေ့ က ဇ  အသစ်ထပ်ဝယ်လိုက်တဲ့  ကားလေးက အတွေးထဲပေါ်လာသည်။  ဇ ဆိုတဲ့ကောင်က ရက်ရောတဲ့နေရာမှာ နှစ်ယောက်မရှိသည်မို့ 
အိမ်က ပူဆာထားတာ ခုထိ ဝယ်မပေးသေးတဲ့ ကားကို …ဇ  ကျေးဇူးနဲ့  မောင်းသွားရအုန်းမည်။
ခုတလော  ဒေဝါ ရဲ့ကား က ဆေးခန်းပို့ နေရတာကြောင့် အိမ်ကပဲ သွားလေရာ လိုက်ပို့ နေကာ  ခြေပြတ်သလို ဖြစ်နေ၏
" မင်း new baby လေး ငါ စမ်းကြည့်အုန်းမယ် ရလား  ။ "
"သဘော "
မေးခိုးငွေ့ တွေ လှလှပပ မှုတ်ထုတ်ပီး
သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေ လိုက်ပီး …  ဇ   ပြန်ပြောလိုက်၏။
ဒေဝါ ပြန်သွားပီး အတော်ကြာတဲ့အထိ
ဇ  ယောင်ချာကြီးဖြစ်နေသည်။ ကလေးလေးကို မတွေ့ တာ တစ်ပတ်ရှိနေပီ ။ သူ့ ကိုယ်သူ စမ်းစစ် နေတာမို့  ကျိတ်မှိတ် ပီး တွေ့ ချင်တဲ့ ဝေသနာ ကို မြို သိပ်နေရသည်။  မျက်နှာလေးကို တွေ့ ချင်လွန်းလို့
ရူးသွားမလားတောင် ထင်ရလောက်အောင် သူ တော်တော်ဖြစ်နေသည်။
" ဒေါက်… ဒေါက်  !!  တိုင်း …… ဖေဖေပါ "
"ဟုတ် ကျွန်တော်ရှိတယ်… ဖေဖေ ဝင်ခဲ့လို့ ရတယ် ။ "
သားအသံကြားမှ  ဦးထွဋ်တင် တံခါး တွန်းဖွင့်ဝင်လိုက်သည်။ ရှုတ်ယှက်ခတ်နေတဲ့ အခန်း အပြင်ဆင် ကို ကြည့်ပီး သက်မောချ လိုက်၏။ သားဖြစ်သူ ကိုကြည့်တော့လဲ ညှင်းသိုးသိုးနဲ့   ဆိုဖာပေါ်မှာ ကျောမပါသလို ခွေခေါက်နေသည်။ တက်ကြွတဲ့ ကြက်ဖ က ခုတလော အခန်းအောင်းနေတာ အထူးဆန်းမို့  သက်သက်လာကြည့်တာပင်။
" သား မင်းဆေးတွေ ဘာတွေ များသုံးနေတာလား "
မျက်နှာခြင်းဆိုင်ဆိုဖာ မှာဝင်ထိုင်လိုက်တော့ မျက်စိထဲ ဝင်လာတာက ပြန့် ကျဲနေတဲ့ ဆေးလိပ်တို တွေ မို့  အလန့် တကြားမေးမိလိုက်တော့ ……
" အဖေ့ !! "
" ဘာတုန်း  !! ငါ့ကို လာမအော်နဲ့  ငါမေးတာ မှားလား မင်းကိုယ် မင်းပြန်ကြည့် အုန်း "
ရောင်းသူ ဝယ်သူ အသံတူ ပြန်အော်လိုက်တော့  ချက်ခြင်း တိတ်သွားကာ ဆူပုတ်ပုတ်ပြန်ကြည့်လာသည်။ အားမတန်လို့ မာန်လျော့ ရတဲ့ အချိုးမို့  ထရိုက်လိုက်ရရင်မိဘက သားသမီးကို အနိုင့်ကျင်တယ်ဖြစ်အုန်းမယ် "
" မေးတာဖြေ "
" အဖေ မေးနေတာကို က အဓိပ္ပါယ်မရှိနေတာ ။ ဘာလို့  ကျွန်တော်က အဲ့ဒါလုပ်ရမှာလဲ  ။  ကျွန်တော်ဆိုးချင်ဆိုးမယ် မိုက်ချင်မိုက်မယ် ။မူးရစ်ဆေး သုံး ပီး ကိုယ့်ဘဝကိုယ် ကို ဖျက်စီး ရအောင်ထိ  အဲ့လောက် မညံဘူး။ "
"ဒါဆို မင်းရုပ်က ဘာဖြစ်နေတာလဲ "
"ဘာမှမဖြစ်ဘူး။ ဖေဖေနော် ပါစင်နယ်တွေ ဝင်မပါကြေးလေ "
"ဟ  ! ပါရမှာပေါ့  မင်းဘာလို့  ထွဋ်တင်ရဲ့သားဖြစ်နေလဲ ။ ထွဋ်တင် သားမို့  ထွဋ်တင် ဝင်ပါ တာဆန်းလား "
" အဖေ့ ! "
" တိုင်းထွဋ်တင် !! "
သူမကြိုက်တာခေါ်တော့ နောက်ကနေ ဇ မကြိုက်တဲ့ နာမည် လိုက်ခေါ်သည်။ ကလေးကလား အသက်ကကြီးနေပီ ပြိုင်ဆိုင်ချင်နေသေးတယ်။ သူပြိုင်နေတာ သူ့ သားဆိုတာမေ့ နေတယ်ထင်ပါ့။ မကြည်မလည် မျက်မှောင် ကုတ်ကြည့်လာသည်မို့
စောစောက ညစ်နေတဲ့ စိတ်တို့ က လေလို လွှင့်ကုန်သည်။ ဖေဖေ့ကို ချစ်ပါသည်။ ချစ်လို့ လဲ မေမေခေါ်ရာတောင်မလိုက်ပဲ
ဖေဖေနဲ့ နေခဲ့တာ ။ မတည့်ကျတာဆိုပေမဲ့
ဇ ဝမ်းနည်းလို့  တမင်မမြင်အောင် ဟန်ဆောင်ဆိုးနေတာပါ။ 
"  ကျွန်တော် လူတစ်ယောက်ကို ချစ်မိနေပီ "
" ဘယ်လို "
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz