4
" အာ့ ! နာတယ္ ျဖည္းျဖည္း "
လူကေလး ေဆးလိမ္းေပးေနတာဖြဖြေလးပါ။ ဒါကို အကိုႀကီးက လူႀကီးနဲ ့မွ မလိုက္
ထ ထေအာ္ေနတာေႀကာင့္ တခ်က္တခ်က္လန္ ့လန္ ့သြား ၏
" ဟို …က်ြန္ေတာ္ အသာေလးပဲ လုပ္ေပးေနတာပါ။ အကိုႀကီးခုလို ထ ထေအာ္ရင္
က်ြန္ေတာ္လန္ ့တယ္။ ခနေလးေအာင့္ခံထားလို ့မရဘူးလား "
အသံေအးေလးနဲ ကေလးေပါက္စကေခ်ာ့ေျပာေနတာမို ့ ……
"မင္း ေနာ္ …ငါကေလးမဟုတ္ဘူး …
ငါ့ကို ကေလးလို လာမဆက္ဆံနဲ ့ "
" ဟုတ္ကဲ့ "
"ႀကည့္......ရြဲ ့ေနတာ"
"အာ …မရြဲ ့ပါဘူး "
"ေအး အခု မင္းငါ့ကို ျပန္ခံေျပာေနျပန္ပီ"
"အကိုႀကီး !! "
"ဘာလဲ "
"ျငိမ္ျငိမ္ေန"
စိတ္ပါလက္ပါ ေသခ်ာေဆးလိမ္းေပးေနတဲ့ ကေလးေလးကို ဇ ေသခ်ာ စိုက္ႀကည့္မိသည္။ မ်က္နွာေသးေသးက
ေခ်ာေခ်ာလွလွ ႀကီး မဟုတ္ေပမဲ့
ရုပ္ခံေလးက အႀကည္ဓာတ္ခံ ေလးရွိတဲ့ပံုမ်ိဴးေလး မို ့ ႀကည့္လိုက္တဲ့ ေအးျမသြားေစမဲ့ မ်က္နွာမ်ိဳး ျဖစ္၏။
"နာမည္ ဘယ္လိုေခၚလဲ "
"လူကေလး "
"ဘယ္လို "
"လူကေလး ပါဆို "
"ဟြန္ ့…မင္းနာမည္က ငါထပ္ပိုဆိုးေနတယ္ "
"အကိုႀကီး နာမည္ က ဘာလဲ ?? "
"အဟမ္း !!တိုင္းထြဋ္တင္ "
"ခြီးး!! "
"မရယ္နဲ ့"
"ဟုတ္ "
"မင္းအသက္ ဘယ္ေလာက္လဲ"
" ေနာက္လဆို ၁၇ၿပည့္ေတာ့မွာ "
"ဟင္ ! တကယ္ "
" ဟုတ္… တကယ္ပါ "
ဇ တကယ္ေပ်ာ္သြား၏။ လူေသးေသးေလးမို ့ ဆယ့္ငါးနွစ္ေလာက္သာ ရွိေသးသည္ထင္ခဲ့ေပမဲ့ ခုေတာ့ ၁၇ေတာင္ျပည့္ေတာ့မည္ဆိုေတာ့... အေတြးနဲ ့တင္ရုပ္ကျပံဳးစိစိျဖစ္လာ၏။
" ဘာျဖစ္လို ့လဲ "
ဒီအကိုႀကီးက လူကေလး ကို လာေလွာင္ေနတာလား ......
ျပံဳးျဖီးျဖီးျဖစ္လာတဲ့ မ်က္နွာက ေႀကာက္စရာမေကာင္းေတာ့ဘူးဟု ထင္လာတာေႀကာင့္ လူကေလး ေဒါသပီစိေလး
ထြက္လာ၏။
မ်က္ေမွာင္ေလးကုတ္ေမးလာတဲ့ ကေလး
ေႀကာင့္
" အဟမ္း! ဒါကေလးေတြ သိစရာမလိုဘူး "
"က်ြန္ေတာ္ကေလး မဟုတ္ဘူး "
"ဟုတ္တယ္ …မင္းအသက္မျပည့္ေသးသ၍ကေလးပဲ "
"မဟုတ္ဘူး …က်ြန္ေတာ္လူႀကီးျဖစ္ပီ "
"ကေလးပဲ ရွိေသးတယ္ "
"အကိုႀကီး !! "
"ဘာလဲ "
"က်ြန္ေတာ္ ကေလးမဟုတ္ဘူးဆို …
ေနာက္လ ဆိုရင္ ပထမနွစ္ေတာင္တက္ရေတာ့မယ္ "
မ်က္နာေလးနီလာတဲ့ကေလးေလးက
ေခြးေပါက္စေလး မာန္ဖီ ေနတာနဲ ့ တူေနတာေႀကာင့္ ပိုပီးေတာင္ အသဲယားစရာေကာင္းေနေသးသည္။
" တက္တက္ေပါ့ ၁၈မျပည့္ေသးရင္ကေလးပဲ။ ပီးေတာ့ မင္းက ေသးေသးေလး "
"ဘာေသးတာလဲ အကိုႀကီးေနာ္ ။ အႀကီးျဖစ္ပီး အနိုင္မက်င့္နဲ ့ အကိုႀကီးသာ ကလန္ကလားျဖစ္ေနလို ့ က်ြန္ေတာ့္အရပ္က
5' 5"ရွိတယ္ မပုဘူး ။ ပီးေတာ့ က်ြန္ေတာ္က အရပ္ရွည္လာအုန္းမွာ ။ အကိုႀကီးသာ အရပ္ႀကီးထန္းပင္ေလာက္နဲ ့ အေဝးကႀကည့္ရင္ ဓာတ္တိုင္ႀကီးေထာင္ထားသလို
ပံုႀကီး နဲ ့ "
လက္ထဲ က လိမ္းေပးလက္စ
အရက္ျပန္ဘူးေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ ကိုင္ပီး ရန္ျပန္ေထာင္ေနတာမို ့ ဇ အသည္းတယားယားနဲ ့တမင္ ပင္ စ ေနတာျဖစ္၏..
" ေအာင္မွာ… ငါ့အရပ္က အင္တာေနရွင္နယ္ကြ …ဒီလို အရပ္က ျမန္မာနိုင္ငံမွာ ရွားတယ္။ မင္းလို ကေလးလိုလို ဘာလိုလိုေလးက ဘယ္သိမွာလဲ "
ကားေနာက္တံခါးဖြင့္ကာ မ်က္နွာျခင္းဆိုင္ေဆးလိမ္းေနရာမွ ရန္ျဖစ္ေနႀကျခင္းျဖစ္သည္။
" ဟုတ္တယ္ …က်ြန္ေတာ္က ကေလးလိုလို
ဒါေပမဲ့ အကိုႀကီးလို အဘိုးႀကီးမဟုတ္ဘူး။ အကိုႀကီးသာ အသက္ႀကီးပီး အခ်ိန္ စီး…မေနပဲ… ခုလို ရန္ျဖစ္လာလို ့ ကေလးျဖစ္တဲ့ က်ြန္ေတာ္က ေဆးလိမ္းေပးေနရတာမို ့လား "
ေျပာရင္းေဒါသ ထြက္လာတာေႀကာင့္ လူကေလး လက္ထဲက အရက္ျပန္စြတ္ထားတဲ့ ဂြမ္းစနဲ ့ ကြဲေနတဲ့ နွဳတ္ခမ္းေထာင့္ကို အားပါပါ တို ့ပစ္လိုက္ေတာ့……။
" အာ့ !! မင္း ငါ့ကို တမင္လုပ္တယ္ "
"မလုပ္ပါဘူး ။ နာသြားလား ဘြားေတး "
ဟိုႀကည့္သည္ႀကည့္နဲ ့ မသိသလိုေလးလုပ္ေနတာေႀကာင့္ ဇ လက္ညိဳးေလးနဲ ့
နဖူးကို တြန္း ပစ္လိုက္၏။
"လူညာ ေလး …မင္းတမင္လုပ္တာငါ သိတယ္"
"စြပ္စြပ္စြဲစြဲ"
" မင္း …ဘာေမဂ်ာ တက္မွာလဲ "
"Eေမဂ်ာ "
"ဟာ ဒါဆို ငါနဲ ့တူတာေပါ့ … မပူနဲ ့ေက်ာင္းမွာ အနိုင္က်င့္တဲ့ သူရွိရင္ ငါ့ကိုေျပာ "
" အကိုႀကီးက ေက်ာင္းတက္ေနေသးတာလား "
"ဟမ္ !! "
ေသခ်ာစူးစိုက္ႀကည့္ပီး ေမးေနတဲ့ပံုက
ၷဒီ အသက္အရြယ္ႀကီးနဲ ့ေက်ာင္းေတာင္ မျပီးေသးဘူးလားဆိုတဲ့ ပံု မ်ိဳး မို ့ ဇ ေႀကာင္အမ္းအမ္းေတာင္ျဖစ္သြား၏။
ကိုယ့္ရဲ့ တသက္စာ အသံုးမက်မူ ့မ်ားကို ေနာက္
ျပန္ရစ္လို ့ရရင္ ျပန္ေတာင္ရစ္ျပီး စာေတြ ႀကိဳးစားလိုက္ခ်င္ေသးသည္ ။ခုေတာ့ ကေလးေပါက္စေလးေရွ ့မွာ ေစာက္ရွက္ေတြေတာ့ျဗန္းျဗန္း ကြဲ ကုန္ပီ မို ့။
" ဟို… တက္ေသးတယ္ေလ ။ ဘာျဖစ္လဲ? မင္း အႀကည့္ေတြ ျပင္လိုက္စမ္းပါ ။ ငါက တက္ခ်င္လို ့တက္တာ မဟုတ္ဘူး။ ေက်ာင္းေပ်ာ္တာ… ေက်ာင္းဂုဏ္ပုဒ္ ကို ျမင့္တင္ေပးတာ …ငါရဲ့ေခ်ာေမာလွပတဲ့ ရုပ္ရည္နဲ ့ "
"ေအာ္ ေအာ္ … ဟုတ္ပါပီ ဒါဆို အကိုႀကီးက ဘယ္ year ေရာက္ပီလဲ "
ေခါင္းတဆတ္ဆတ္ျငိမ့္ပီး ေမးခြန္းထပ္ထုတ္ေနျပန္တာေႀကာင့္ ဇ လူႀကီးလုပ္ခ်င္ေနတဲ့ ကေလးေပါက္စ ကို ဆြဲညစ္သတ္ခ်င္ပီ။
" တတိယနွစ္ ကြာ …တတိယနွစ္ "
"ဒါဆို အသက္ကေရာ "
"ေဟ့ေကာင္ မင္းက ဘာေလးလဲ
ဇ ေနာ္ ဇ ရုိးရုိး ဇ …မဟုတ္ဘူး ဖိုက္တာဇ "
"ကဲ ပါ ေမးေနတာသာ ေျဖစမ္းပါ "
သူကတျပန္စီး စိတ္မရွည္ သလိုေလးေျပာလာတာေႀကာင့္ ဖိုက္တာဇ တစ္ေယာက္ ျမွင့္တင္ ထားတဲ့ လူမိုက္ အထာေတြ
'ပလုံ' ဆိုတဲ့ အသံေလးေတာင္ မမည္နိုင္ဘူး… ေအာက္ျပဳတ္ က်သြားလိုက္တာမ်ား
ကုန္းေကာက္လို ့ေတာင္ မရေတာ့ဘူး။
ဇ တစ္ေယာက္ gayျဖစ္သြားရုံ မကေတာ့ဘူး။ သူ ့ရဲ ့ လူအထင္ႀကီးေလးစားက်တဲ့
ဖိုက္တာ ပံုေလးက ကေလးေသးေသးေတာင္ မေႀကာက္က်ေတာ့ဘူး။ ဟူး……
ရွိေစေတာ့ ရွိေစေတာ့ ။
ေလပူတို ့ကို မွဳတ္ထုတ္လိုက္ပီးမွ…
"21 "
"ဒါဆို က်ြန္ေတာ့္ထပ္ ေလးနွစ္ေက်ာ္ေလာက္ႀကီးတာေပါ့ မထင္ရဘူးေနာ္ ရုပ္က ရင့္ေတာ့ အသက္အေတာ္ႀကီးပီ ထင္ေနတာ "
" မင္းးးး !!! "
စို ့တက္လာတဲ့ ခံစားခ်က္ေႀကာင့္
ဇ တစ္ေယာက္ ရင္ဖက္ကိုသာ တဘုန္းဘုန္း ထုပီး ငိုခ်င္းသာ ခ်ပစ္လိုက္ခ်င္ေတာ့သည္။ ဘာလဲ ဒီေပါက္စေလး က မေန ့ကေတာ့ လူေႀကာက္မယ္ ထင္ထားတာ ခုေတာ့ …သူ လို ဖိုက္တာႀကီးတစ္ေယာက္ ကို နွိပ္ကြတ္ ေနတာမ်ား ျမင္မေကာင္းဘူး။
မျဖစ္ဘူး ျပန္မွ မဟုတ္ရင္ ရစရာရွိမွာမဟုတ္ေတာ့ဘူး။
"ဟီးး စတာ ပါဗ် ။ အကိုႀကီးက မ်က္နွာႀကီး အဲ့ လိုစူပုတ္ေနရင္ ရုပ္ပိုရင့္ လိမ့္မယ္။ စိတ္ေလ်ာ့ စိတ္ေလ်ာ့ "
မ်က္နွာႀကီး နီပီး ေဒါသထြက္လာတဲ့
အကိုႀကီး က လူကေလးအတြက္ေတာ့ သေဘာက်စရာေကာင္းေန၏။ လူေႀကာက္တက္ပီး အျမဲ ထိတ္လန္ ့ေနတဲ့ လူကေလးအတြက္ကေတာ့ ဒီအကိုႀကီးက တစိမ္းေတြနဲ ့မတူေပ။
တမင္ပင္ ေဒါသထြက္ေနရုပ္ကေလးက ခ်စ္စရာေကာင္းလို ့ စေနတာျဖစ္ေပမဲ့ အတည္စိတ္ဆိုးသြားမွာေတာ့ လူကေလးေႀကက္သည္။
"မင္းေနာ္ ငါ့ကို ဖဲ့ေနတာမ်ားေနပီ။ ငါက ဖိုက္တာေနာ္ ဖိုက္တာ ။ မင္းမေႀကာက္ဘူးလား "
"ေႀကာက္ပါဘူး အကိုႀကီးစိတ္ဆိုးတဲ့ ပံုေလးက ခ်စ္စရာေလး ။ ဟို …အကိုႀကီးက်ြန္ေတာ္သြားေတာ့မယ္… မိုးခ်ဳပ္ေနပီ အကိုႀကီးလဲ ျပန္ေတာ့ေနာ္ … တာ့တာ "
နွဳတ္ဆက္လက္ျပပီး တေရြ ့ေရြ ့သြားေနတဲ့ ကေလးေလးကို ေငးပီး ဇ တစ္ေယာက္ ေလာကႀကီးနဲ ့အဆက္သြယ္ပ်က္သြား၏။
နွလံုးသားတခုလံုးသည္ လွဳိင္းႀကီးႀကီးေတြ တဝုန္းဝုန္းတိုက္ခံေနရသလို ့
ရင္ဖက္တခုလံုး ေၿဗာင္းဆန္ေန၏။
နားထဲမွာ ႀကားေနရတာက အကိုႀကီးစိတ္ဆိုးတာေလးက ခ်စ္စရာေလးဆိုတာပဲ ႀကားေနရ၏။
နွဳတ္ခမ္းတခုလံုးသည္ ဖိုက္တာတစ္ေယာက္ျပံဳး သလို မထိ တထိ
ျပံဳးေနက်ပံု မဟုတ္ပဲ ဖိုက္တာဇ imageေပ်ာက္ကာ တခြီးခြီးနဲ ့ အိေျႏၵမရွိ ျဖစ္လာ၏။ မေနနိုင္မထိုင္ ျဖစ္လာသည္မို ့ ခံုေနာက္မွီကို လွမ္းဖက္ပီး မ်က္နွာအပ္လိုက္ကာ တဘုန္းဘုန္း ရုိက္ထုေနလိုက္သည္။
ဇ တစ္ေယာက္ ထိုေန ့ည က
ကေလးတစ္ေယာက္ကေျပာလိုက္တဲ့ ခ်စ္စရာေလးဆိုတဲ့စကားေႀကာင့္ ဒူးတုန္ေနတဲ့ ေျခေထာက္ေတြကို အတင္းသယ္ပီး အိမ္ျပန္ေရာက္ဖို ့မနည္းႀကိဳးစား
ကားေမာင္းခဲ့ရတယ္ဆိုတာ ကို ဖိုက္တာအရွိန္အဝါ နဲ ့ လူေတြ သိလိမ့္မယ္ မထင္ေပ။
ခ်စ္တဲ့ အိမ္စည္။
#############
" အာ့ ! နာတယ် ဖြည်းဖြည်း "
လူကလေး ဆေးလိမ်းပေးနေတာဖွဖွလေးပါ။ ဒါကို အကိုကြီးက လူကြီးနဲ့ မှ မလိုက်
ထ ထအော်နေတာကြောင့် တချက်တချက်လန့် လန့် သွား ၏
" ဟို …ကျွန်တော် အသာလေးပဲ လုပ်ပေးနေတာပါ။ အကိုကြီးခုလို ထ ထအော်ရင်
ကျွန်တော်လန့် တယ်။ ခနလေးအောင့်ခံထားလို့ မရဘူးလား "
အသံအေးလေးနဲ ကလေးပေါက်စကချော့ပြောနေတာမို့ ……
"မင်း နော် …ငါကလေးမဟုတ်ဘူး …
ငါ့ကို ကလေးလို လာမဆက်ဆံနဲ့ "
" ဟုတ်ကဲ့ "
"ကြည့်......ရွဲ့ နေတာ"
"အာ …မရွဲ့ ပါဘူး "
"အေး အခု မင်းငါ့ကို ပြန်ခံပြောနေပြန်ပီ"
"အကိုကြီး !! "
"ဘာလဲ "
"ငြိမ်ငြိမ်နေ"
စိတ်ပါလက်ပါ သေချာဆေးလိမ်းပေးနေတဲ့ ကလေးလေးကို ဇ သေချာ စိုက်ကြည့်မိသည်။ မျက်နှာသေးသေးက
ချောချောလှလှ ကြီး မဟုတ်ပေမဲ့
ရုပ်ခံလေးက အကြည်ဓာတ်ခံ လေးရှိတဲ့ပုံမျိူးလေး မို့ ကြည့်လိုက်တဲ့ အေးမြသွားစေမဲ့ မျက်နှာမျိုး ဖြစ်၏။
"နာမည် ဘယ်လိုခေါ်လဲ "
"လူကလေး "
"ဘယ်လို "
"လူကလေး ပါဆို "
"ဟွန့် …မင်းနာမည်က ငါထပ်ပိုဆိုးနေတယ် "
"အကိုကြီး နာမည် က ဘာလဲ ?? "
"အဟမ်း !!တိုင်းထွဋ်တင် "
"ခွီးး!! "
"မရယ်နဲ့ "
"ဟုတ် "
"မင်းအသက် ဘယ်လောက်လဲ"
" နောက်လဆို ၁၇ပြည့်တော့မှာ "
"ဟင် ! တကယ် "
" ဟုတ်… တကယ်ပါ "
ဇ တကယ်ပျော်သွား၏။ လူသေးသေးလေးမို့ ဆယ့်ငါးနှစ်လောက်သာ ရှိသေးသည်ထင်ခဲ့ပေမဲ့ ခုတော့ ၁၇တောင်ပြည့်တော့မည်ဆိုတော့... အတွေးနဲ့ တင်ရုပ်ကပြုံးစိစိဖြစ်လာ၏။
" ဘာဖြစ်လို့ လဲ "
ဒီအကိုကြီးက လူကလေး ကို လာလှောင်နေတာလား ......
ပြုံးဖြီးဖြီးဖြစ်လာတဲ့ မျက်နှာက ကြောက်စရာမကောင်းတော့ဘူးဟု ထင်လာတာကြောင့် လူကလေး ဒေါသပီစိလေး
ထွက်လာ၏။
မျက်မှောင်လေးကုတ်မေးလာတဲ့ ကလေး
ကြောင့်
" အဟမ်း! ဒါကလေးတွေ သိစရာမလိုဘူး "
"ကျွန်တော်ကလေး မဟုတ်ဘူး "
"ဟုတ်တယ် …မင်းအသက်မပြည့်သေးသ၍ကလေးပဲ "
"မဟုတ်ဘူး …ကျွန်တော်လူကြီးဖြစ်ပီ "
"ကလေးပဲ ရှိသေးတယ် "
"အကိုကြီး !! "
"ဘာလဲ "
"ကျွန်တော် ကလေးမဟုတ်ဘူးဆို …
နောက်လ ဆိုရင် ပထမနှစ်တောင်တက်ရတော့မယ် "
မျက်နာလေးနီလာတဲ့ကလေးလေးက
ခွေးပေါက်စလေး မာန်ဖီ နေတာနဲ့ တူနေတာကြောင့် ပိုပီးတောင် အသဲယားစရာကောင်းနေသေးသည်။
" တက်တက်ပေါ့ ၁၈မပြည့်သေးရင်ကလေးပဲ။ ပီးတော့ မင်းက သေးသေးလေး "
"ဘာသေးတာလဲ အကိုကြီးနော် ။ အကြီးဖြစ်ပီး အနိုင်မကျင့်နဲ့ အကိုကြီးသာ ကလန်ကလားဖြစ်နေလို့ ကျွန်တော့်အရပ်က
5' 5"ရှိတယ် မပုဘူး ။ ပီးတော့ ကျွန်တော်က အရပ်ရှည်လာအုန်းမှာ ။ အကိုကြီးသာ အရပ်ကြီးထန်းပင်လောက်နဲ့ အဝေးကကြည့်ရင် ဓာတ်တိုင်ကြီးထောင်ထားသလို
ပုံကြီး နဲ့ "
လက်ထဲ က လိမ်းပေးလက်စ
အရက်ပြန်ဘူးလေးကို ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ပီး ရန်ပြန်ထောင်နေတာမို့ ဇ အသည်းတယားယားနဲ့ တမင် ပင် စ နေတာဖြစ်၏..
" အောင်မှာ… ငါ့အရပ်က အင်တာနေရှင်နယ်ကွ …ဒီလို အရပ်က မြန်မာနိုင်ငံမှာ ရှားတယ်။ မင်းလို ကလေးလိုလို ဘာလိုလိုလေးက ဘယ်သိမှာလဲ "
ကားနောက်တံခါးဖွင့်ကာ မျက်နှာခြင်းဆိုင်ဆေးလိမ်းနေရာမှ ရန်ဖြစ်နေကြခြင်းဖြစ်သည်။
" ဟုတ်တယ် …ကျွန်တော်က ကလေးလိုလို
ဒါပေမဲ့ အကိုကြီးလို အဘိုးကြီးမဟုတ်ဘူး။ အကိုကြီးသာ အသက်ကြီးပီး အချိန် စီး…မနေပဲ… ခုလို ရန်ဖြစ်လာလို့ ကလေးဖြစ်တဲ့ ကျွန်တော်က ဆေးလိမ်းပေးနေရတာမို့ လား "
ပြောရင်းဒေါသ ထွက်လာတာကြောင့် လူကလေး လက်ထဲက အရက်ပြန်စွတ်ထားတဲ့ ဂွမ်းစနဲ့ ကွဲနေတဲ့ နှုတ်ခမ်းထောင့်ကို အားပါပါ တို့ ပစ်လိုက်တော့……။
" အာ့ !! မင်း ငါ့ကို တမင်လုပ်တယ် "
"မလုပ်ပါဘူး ။ နာသွားလား ဘွားတေး "
ဟိုကြည့်သည်ကြည့်နဲ့ မသိသလိုလေးလုပ်နေတာကြောင့် ဇ လက်ညိုးလေးနဲ့
နဖူးကို တွန်း ပစ်လိုက်၏။
"လူညာ လေး …မင်းတမင်လုပ်တာငါ သိတယ်"
"စွပ်စွပ်စွဲစွဲ"
" မင်း …ဘာမေဂျာ တက်မှာလဲ "
"Eမေဂျာ "
"ဟာ ဒါဆို ငါနဲ့ တူတာပေါ့ … မပူနဲ့ ကျောင်းမှာ အနိုင်ကျင့်တဲ့ သူရှိရင် ငါ့ကိုပြော "
" အကိုကြီးက ကျောင်းတက်နေသေးတာလား "
"ဟမ် !! "
သေချာစူးစိုက်ကြည့်ပီး မေးနေတဲ့ပုံက
္နဒီ အသက်အရွယ်ကြီးနဲ့ ကျောင်းတောင် မပြီးသေးဘူးလားဆိုတဲ့ ပုံ မျိုး မို့ ဇ ကြောင်အမ်းအမ်းတောင်ဖြစ်သွား၏။
ကိုယ့်ရဲ့ တသက်စာ အသုံးမကျမူ့ များကို နောက်
ပြန်ရစ်လို့ ရရင် ပြန်တောင်ရစ်ပြီး စာတွေ ကြိုးစားလိုက်ချင်သေးသည် ။ခုတော့ ကလေးပေါက်စလေးရှေ့ မှာ စောက်ရှက်တွေတော့ဗြန်းဗြန်း ကွဲ ကုန်ပီ မို့ ။
" ဟို… တက်သေးတယ်လေ ။ ဘာဖြစ်လဲ? မင်း အကြည့်တွေ ပြင်လိုက်စမ်းပါ ။ ငါက တက်ချင်လို့ တက်တာ မဟုတ်ဘူး။ ကျောင်းပျော်တာ… ကျောင်းဂုဏ်ပုဒ် ကို မြင့်တင်ပေးတာ …ငါရဲ့ချောမောလှပတဲ့ ရုပ်ရည်နဲ့ "
"အော် အော် … ဟုတ်ပါပီ ဒါဆို အကိုကြီးက ဘယ် year ရောက်ပီလဲ "
ခေါင်းတဆတ်ဆတ်ငြိမ့်ပီး မေးခွန်းထပ်ထုတ်နေပြန်တာကြောင့် ဇ လူကြီးလုပ်ချင်နေတဲ့ ကလေးပေါက်စ ကို ဆွဲညစ်သတ်ချင်ပီ။
" တတိယနှစ် ကွာ …တတိယနှစ် "
"ဒါဆို အသက်ကရော "
"ဟေ့ကောင် မင်းက ဘာလေးလဲ
ဇ နော် ဇ ရိုးရိုး ဇ …မဟုတ်ဘူး ဖိုက်တာဇ "
"ကဲ ပါ မေးနေတာသာ ဖြေစမ်းပါ "
သူကတပြန်စီး စိတ်မရှည် သလိုလေးပြောလာတာကြောင့် ဖိုက်တာဇ တစ်ယောက် မြှင့်တင် ထားတဲ့ လူမိုက် အထာတွေ
'ပလုံ' ဆိုတဲ့ အသံလေးတောင် မမည်နိုင်ဘူး… အောက်ပြုတ် ကျသွားလိုက်တာများ
ကုန်းကောက်လို့ တောင် မရတော့ဘူး။
ဇ တစ်ယောက် gayဖြစ်သွားရုံ မကတော့ဘူး။ သူ့ ရဲ့ လူအထင်ကြီးလေးစားကျတဲ့
ဖိုက်တာ ပုံလေးက ကလေးသေးသေးတောင် မကြောက်ကျတော့ဘူး။ ဟူး……
ရှိစေတော့ ရှိစေတော့ ။
လေပူတို့ ကို မှုတ်ထုတ်လိုက်ပီးမှ…
"21 "
"ဒါဆို ကျွန်တော့်ထပ် လေးနှစ်ကျော်လောက်ကြီးတာပေါ့ မထင်ရဘူးနော် ရုပ်က ရင့်တော့ အသက်အတော်ကြီးပီ ထင်နေတာ "
" မင်းးးး !!! "
စို့ တက်လာတဲ့ ခံစားချက်ကြောင့်
ဇ တစ်ယောက် ရင်ဖက်ကိုသာ တဘုန်းဘုန်း ထုပီး ငိုချင်းသာ ချပစ်လိုက်ချင်တော့သည်။ ဘာလဲ ဒီပေါက်စလေး က မနေ့ ကတော့ လူကြောက်မယ် ထင်ထားတာ ခုတော့ …သူ လို ဖိုက်တာကြီးတစ်ယောက် ကို နှိပ်ကွတ် နေတာများ မြင်မကောင်းဘူး။
မဖြစ်ဘူး ပြန်မှ မဟုတ်ရင် ရစရာရှိမှာမဟုတ်တော့ဘူး။
"ဟီးး စတာ ပါဗျ ။ အကိုကြီးက မျက်နှာကြီး အဲ့ လိုစူပုတ်နေရင် ရုပ်ပိုရင့် လိမ့်မယ်။ စိတ်လျော့ စိတ်လျော့ "
မျက်နှာကြီး နီပီး ဒေါသထွက်လာတဲ့
အကိုကြီး က လူကလေးအတွက်တော့ သဘောကျစရာကောင်းနေ၏။ လူကြောက်တက်ပီး အမြဲ ထိတ်လန့် နေတဲ့ လူကလေးအတွက်ကတော့ ဒီအကိုကြီးက တစိမ်းတွေနဲ့ မတူပေ။
တမင်ပင် ဒေါသထွက်နေရုပ်ကလေးက ချစ်စရာကောင်းလို့ စနေတာဖြစ်ပေမဲ့ အတည်စိတ်ဆိုးသွားမှာတော့ လူကလေးကြေက်သည်။
"မင်းနော် ငါ့ကို ဖဲ့နေတာများနေပီ။ ငါက ဖိုက်တာနော် ဖိုက်တာ ။ မင်းမကြောက်ဘူးလား "
"ကြောက်ပါဘူး အကိုကြီးစိတ်ဆိုးတဲ့ ပုံလေးက ချစ်စရာလေး ။ ဟို …အကိုကြီးကျွန်တော်သွားတော့မယ်… မိုးချုပ်နေပီ အကိုကြီးလဲ ပြန်တော့နော် … တာ့တာ "
နှုတ်ဆက်လက်ပြပီး တရွေ့ ရွေ့ သွားနေတဲ့ ကလေးလေးကို ငေးပီး ဇ တစ်ယောက် လောကကြီးနဲ့ အဆက်သွယ်ပျက်သွား၏။
နှလုံးသားတခုလုံးသည် လှိုင်းကြီးကြီးတွေ တဝုန်းဝုန်းတိုက်ခံနေရသလို့
ရင်ဖက်တခုလုံး ဗြောင်းဆန်နေ၏။
နားထဲမှာ ကြားနေရတာက အကိုကြီးစိတ်ဆိုးတာလေးက ချစ်စရာလေးဆိုတာပဲ ကြားနေရ၏။
နှုတ်ခမ်းတခုလုံးသည် ဖိုက်တာတစ်ယောက်ပြုံး သလို မထိ တထိ
ပြုံးနေကျပုံ မဟုတ်ပဲ ဖိုက်တာဇ imageပျောက်ကာ တခွီးခွီးနဲ့ အိနြေ္ဒမရှိ ဖြစ်လာ၏။ မနေနိုင်မထိုင် ဖြစ်လာသည်မို့ ခုံနောက်မှီကို လှမ်းဖက်ပီး မျက်နှာအပ်လိုက်ကာ တဘုန်းဘုန်း ရိုက်ထုနေလိုက်သည်။
ဇ တစ်ယောက် ထိုနေ့ ည က
ကလေးတစ်ယောက်ကပြောလိုက်တဲ့ ချစ်စရာလေးဆိုတဲ့စကားကြောင့် ဒူးတုန်နေတဲ့ ခြေထောက်တွေကို အတင်းသယ်ပီး အိမ်ပြန်ရောက်ဖို့ မနည်းကြိုးစား
ကားမောင်းခဲ့ရတယ်ဆိုတာ ကို ဖိုက်တာအရှိန်အဝါ နဲ့ လူတွေ သိလိမ့်မယ် မထင်ပေ။
ချစ်တဲ့ အိမ်စည်။
#############
Bạn đang đọc truyện trên: ZingTruyen.Xyz