ZingTruyen.Xyz
ဇ ( Completed)
3
eainsi23
" ဟီး ချစ်စရာလေး "
ringtone …
ဒေဝါ ဖြစ်နေ၏။
"အေးပြော "
ဖိုက်တာ ဇ ။
"ဒုန်း "
#########
"ကျစ် !! "
#####
"အမလေး "
"ဆေးမလိမ်းဘူးလား "
ဇ  -" ……"
"မလိုဘူး "
"အမ် "
ချစ်တဲ့ အိမ်စည်။
💙💙VOTE 💙💙
( အိပ်ယာပေါ်မှာ ခြေကားယား လက်ကားယားနဲ့  ပိုးလို့ ပက်လက် အိပ်နေတဲ့ ဇ က
ရုပ်နဲ့ နာမ် ကွဲနေပုံကြသည်။ မျက်လုံးအစုံသည် မျက်တောင်ခတ်ဖို့ မေ့လျော့စွာ မျက်နှာကြပ်ကို အဓိပ္ပါယ်မဲ့ ငေးမောနေမိသည်မှာ အချိန်အတော်ကြီးကြာနေ၏။ စားလဲဒီစိတ်သွားလဲ ဒီစိတ်ကြောင့် ဖိုက်တာကြီးမောင် ဇ  ရူးသလိုလို ကြောင်သလိုလို ဖြစ်နေ၏။ ထိုကလေးလေးဆီက ပြန်ရောက်လာတာ သုံးရက်ရှိနေပီ။ ကိုယ့်ဘာသာဖြေသိမ့်နေပေမဲ့ အဖြူ ရောင်မျက်ဝန်းလေး ရဲ့ငွေ့ ရည်ဖွဲ့ နေတဲ့မျက်ဝန်းအကြည့်တို့ ကာ ဘယ်ဘက်ရင်အစုံကိုတည့်တည့်ထိ၏။ အားကိုးတကြီးမော့ကြည့်လာတဲ့
အကြည့်လေးက မျက်နှာကြပ်ပေါ်မှာပေါ်လာတာကြောင့်  ဇ  ပြုံးဖြီးဖြီးဖြစ်သွား၏။
" ဟီး ချစ်စရာလေး "
အမှတ်တမဲ့ ထွက်သွားတဲ့ ကိုယ့်အသံကို
ဇ သတိပြု မိသွားပီး ပြုံးမိသွားတဲ့ ပါးစပ်ကိုတဖြန်းဖြန်းပိတ်ရိုက်လိုက်သည်။
"သတိထားစမ်း  ဖိုက်တာကွ ဖိုက်တာ "
ကိုယ့်ဘာသာသတိအထပ်ထပ် ပေးပေမဲ့  ကုတင်ပေါ် ဇ  အိပ်နေတဲ့ဘေးမှာ ငုတ်တုတ်လေးထိုင်နေတဲ့ ကလေးလေးက ပေါ်လာပြန်တာကြောင့် ဇ ကုတင်ပေါ်က ဝုန်းတိုင်းကြဲ ဆင်းပြေးလိုက်သည်။
အတော်ဝေးဝေးရောက်မှ ပြန်လှည့်ကြည့်လိုက်တော့မရှိတော့ပီမို့ သက်ပြင်းချကာ ဘေးလှည့်ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှာထိုင်မော့ကြည့်နေတဲ့ ကလေးလေး။
" အဖေ ရေ သားကို ကယ်ပါအုန်းဗျ "
ဇ  အဖေဦးထွဋ်တင်ကို  တ,ပီးကုတင်ပေါ်ပြန်ပြေးတက်ကာ စောင်ခေါင်းထိဆွဲခြုံကာ အားယားမှောက်အိပ်လိုက်သည်။
ရူးပီ။ ဖိုက်တာ ဇ  တစ်ယောက် ဖိုက်တာဂေးဖြစ်သွားပီ။
ringtone …
စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းသံကြောင့်
ဇ  တဖြည်း ဖြည်း စောင်ဖွင့်ကြည့်လိုက်တော့ ကလေးလေးမရှိတော့။
ထိုအခါမှ သက်မောချကာ စောင် ကို ဆွဲခွာပီး ဖုန်းကောက်ကိုင်လိုက်တော့
ဒေဝါ ဖြစ်နေ၏။
"အေးပြော "
"ပြောလုပ်မနေနဲ့   ဟိုကောင် ဂျပု မနက်က  လမ်းမှာတွေ့ တော့ ထေ့သလိုငေါ့သလို လုပ်နေလို့  ချိန်းလိုက်တယ်။ အဲ့ဒါမင်းလိုက်ခဲ့ အဲ့ကောင်ကိုမှတ်လောက်သားလောက် ပညာပြန်ပေးရမယ်။  "
လေနေ စိတ်တို့ က အားကိုးရာတွေ့ သွားသလို ဇ  ချက်ခြင်းလက်ခံလိုက်၏။ တွေ့ မယ် ငါဘာကောင်လဲ ဆိုတာ သိအောင်တလောက လုံးပြရမယ်။ ဖိုက်တာ ဇ ကွ
ဖိုက်တာ ဇ ။
အတွေးနဲ့  စွပ်ကျယ်အနက်ပေါ်ကနေ လည်သာ လက်ရှည်ထပ်ဝတ်လိုက်သည်။ မှန်မှာထင်နေတဲ့ ပုံရိပ်ကို အင်္ကျီကော်လံပြင်ပီး တချက်ကြည့်လိုက်တော့ စောက်ချောကြီးဖြစ်နေ၏။ လက်မ ကို တံတွေစွတ်ပီး စိန်ပွင့်မရှိတဲ့ မျက်ခုံးကို သပ် လိုက်ပီး ဘယ်ပြန်ညာပြန် ထပ်ကြည့်လိုက်တော့လဲ
အမိုက်စားဖြစ်နေတုန်းပဲ။ မိမိုက်နေတဲ့ကောင်က လုံးဝအပီအပြင် လွင့်နေ၏။ စောက်ချောကြီး ဖိုက်တာဇ က  ဂေးစရာလား။
ဟွန်း နောက်နေ့ ဆူးခတ်ဆိုတဲ့ ကလေးမနဲ့ dateအုန်းမှပါ။ အတွေးနဲ့ အခန်းထောင့်က ဘေ့ဘောရိုက်တံကို ကောက်ကိုင်လိုက်စဉ် မျက်စိထဲဝင်လာတာက ငိုနေတဲ့ ကလေးလေး။
"ဒုန်း "
လက်ထဲ ဘေ့ဘောရိုက်တံက ကြမ်းပေါ်လွတ်ကျသွားပီး ဇ  ခြေပစ်လက်ပစ်ထိုင်ငိုပစ်လိုက်သည်။
ဇ …ကွ ဖိုက်တာ ဇ … ကောင်မလေးတွေကိုပဲကြိုက်တဲ့ လူမိုက်ကြီး ဇ က ငါပါဟ ။
#########
လေက တဝူးဝူး တိုက်နေတဲ့ အပြင် လမ်းမီးတိုင် က မီးအလင်းရောင်သာရှိတဲ့ ဘောလုံးကွင်းအဟောင်းက ညဖက်ဆိုလူခြေတိတ်ကာ ခြောက်ခြားစရာကောင်းနေ၏။  မကြောက်မရွံ လူနှစ်စုကတော့
တစ်ဖက်နဲ့ တဖက် အပြိုင်အဆိုင် မက်တပ်ရပ်ကာ ရန်ပွဲ ကို အစပျိုးနေကြ၏။
"ဘယ်လို လဲ  ဟိုတနေ့ က သက်ညာပေးလိုက်တာကို  မခန့် တာလား "
ဇစ်မတပ် ထားတဲ့လည်သာ ဂျာကင် ကို ရင်ခွဲဝတ်ထားတဲ့ ဇ က ခါးတစ်ဖက်ကိုထောက်ကာ ခြေတံရှည်တွေကို ခပ်လျောလျော ရပ်နေပေမဲ့  အကြည့်တို့ က စူးရဲနေ၏။
တဖက်က လူအုပ်က ဟိုတခါ ကလပ်မှာတွေ့ ခဲ့ လူတွေထပ် ပိုထွားပိုတောင့်သည်။
ဇတို့ ဖက်ကလဲ ဒေဝါအပြင် ဒေဝါသူငယ်ချင်း နှစ်ယောက်ပါသည်မို့  အဖွဲ့ က လူမနည်း။ 
"အပိုတွေမပြောနဲ့   ဇ  ဒီတခါမင်းစကားကြီးစကားကျယ် ပြောနိုင်အုန်းမလား ငါကြည့်နေမယ် "
"ဟွန့်   လုပ်ကြည့်လိုက်လေ ဒီတခါ အများနဲ့ မှ လေကျယ်ရဲတဲ့ မင်းလိုကောင်ကို ငါဘယ်လို မှတ်လောက်သားလောက်ဖြစ်အောင်လုပ်မလဲဆိုတာ မင်းသိအောင်ပြရသေးတာပေါ့ "
အပြောနဲ့ အတူ လက်ထဲ က ဘေ့ဘောတံက ရိပ်ကနဲ ဖြတ်ပြေးသွား၏ ရှောင်ချိန်မရလိုက်တဲ့ ဂျပုကောင် ခေါင်းမှာသွေးတွေ ဖြာကနဲ ထွက်လာ၏ သူပွဲစလိုက်တာနဲ့ ဒေဝါတို့ ပါချက်ခြင်း လှုပ်ရှားလိုက်သည်မို့ စောစောက တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က ချက်ခြင်းဆူညံသွား၏။  လက်ထဲက ဒုတ်နဲ့  မဲမဲမြင်ရာသိမ်းရိုက်နေပေမဲ့
ခြောက်ယောက်နဲ့ လေးယောက်အဖွဲ့ မို့
အင်အားကမညီမျှသည်မို့  ဇ လဲ အတော်ကြီး ခံနေရသည်။ ခနကြာတော့ ဓာတ်မီးတဝင်းဝင်းနဲ့  ရပ်ကွက်ထဲကလူတွေ ပြေးထွက်လာသည်မို့
"ဒေဝါ ကားပေါ်တက်တော့ လူစုခွဲ လူတွေလာနေပီ "
ချက်ခြင်း လူစုကွဲကာ စီးလာတဲ့ ကားတွေပေါ်ပြေးတက်ပီးမောင်းထွက်လာလိုက်သည်။ လာကတည်းက တစ်ယောက်တစီး လာသည်မို့ အပြန် ဇတစ်ယောက်ထဲ ဖြစ်နေ၏။ စိတ်နဲ့ လူမကပ်ပဲ ရောက်တဲ့နေရာ မောင်းနေသည်မို့  ဘယ်ရောက်နေမှန် ဇ သတိမထားမိ ။
ခပ်ကျဲ ဝါလေးတွေ ကာထားတဲ့ ခြံလေးရှေ့ ရောက်တော့ ကားလေးရပ်သွားသည်မို့  ပတ်ဝန်းကျင်ကို သတိတရ ကြည့်မိတော့ ဟိုတခါ သူတို့ လိုက်ပို့ ခဲ့တဲ့ကလေးလေးရဲ့ အိမ်လေးရှေ့ ရောက်နေ၏။
"ကျစ် !! "
စိတ်အလိုမကျတာစုတ်သပ်လိုက်တော့ အထိုးခံလိုက်ရတဲ့ ပါးက စူးကနဲ နာသွားတော့ ဇ မျက်နှာတစ်ခုလူံး ရှုံ့မဲ့ သွား၏။
နာရီကြည့်လိုက်တော့ ဆယ်နာရီတောင်မထိုးသေးတာမို့ သက်ပျင်းချကာ ကျောမှီကိုမှီကာ မီးရောင်မှိန်မှိန်ထွန်းထားတဲ့တဲသာသာ
အိမ်လေးကို ငေးနေလိုက်သည်။
လက်လုပ်လက်စားတွေနေကျတဲ့ ရပ်ကွက်မို့ လို့ လားမသိဘူး ဆူညံညံ အသံတွေကလေးငိုသံတွေနဲ့  အော်ဆဲသံတွေက တချက်တချက် ထွက်လာ၏။
#####
"ဟဲ့ လူကလေး ငါ့သားဂျီကျနေလို့ လမ်းထိပ်မှာ  မုန့် သွားဝယ်ပေးစမ်း "
အန်တီရွှေ မိက ရင်ခွင်ထဲက သုံးနှစ်အရွယ်ကလေးကိုပိုက်ပီး  လူကလေးကို ခိုင်းနေသည်မို့  နာကျင်နေတဲ့ ခြေထောက်ကိုကြည့်ပီး
" အိပ်ချင်လို့ ငိုတာနေမှာပါ အန်တီရွှေမိရယ် ကျွန်တော် သိပ်ရမလား ။ ဟို လမ်းထိပ်ထိသွားဖို့ ကျ ကျွန်တော် ခြေထောက်နာနေသေးလို့  "
လူကလေး ခခယယပြောမိပေမဲ့ အန်တီရွှေမိ ဒေါသ မျက်စောင်းကလွှင့်လာ၏။
" အဲ့လောက်ဖြစ်ပျက်မနေနဲဘ့နင်ယောကျာ်းမဟုတ်ဘူးလား။ လမ်းထိပ်ဆိုပေမဲ့
ခြံလေးသုံးခြံကျော်ရင် ရပီ လေ  နီးနီးလေးပဲဟာ သွားဝယ်ချေ "
ဆက်မပြောတော့ပဲ ဖြည်းဖြည်းချင်းထလိုက်သည်။  ဒါတောင်  သူ ဟိုတစ်နေ့ က ကားတိုက်မိမလို ဖြစ်တုန်းက အကိုနှစ်ယောက်က ဆေးခန်းပို့ ပေးပီး နောက်ထပ် ဆေးခန်းသွားရအောင် ပိုက်ဆံအလုံအလောက်ပေးခဲ့လို့ ကြည်နေတာ။ မဟုတ်ရင်ပြောလို့ ဆုံးမှာမဟုတ် ။ နောက်ထပ်ဆေးခန်းဆိုတာလဲ ဘယ်နေမှန်းမသိ။ ခုထိ  ဆေးမှီးတိုနဲ့ သာ ကိုယ့်ဘာသာ ကျိတ်ကုနေရ၏  တုန်တုန်စက်စက်နဲ့ လှေကားပေါ်ကနေ လူကလေးဖြည်းဖြည်းဆင်းလိုက်
ပီး ထော့ကျိုးထော့ကျိုးနဲ့  လမ်းထိပ်သွားဖို့ ကြိုးစားလိုက်သည်။
အများကြီးနာနေတာမဟုတ်ပေမဲ့ ဝမ်းနည်းစွာရင်ဖက်ထဲက လှိုက်တက်သာသည်။ အမေသာရှိရင် သူဒီလို နေရမှာမဟုတ်ဘူး  ခုတော့ မကြင်နာတက်တဲ့မိသားစုဆီမှ သူ စိတ်ဆင်းရဲကိုယ်ဆင်းရဲနေနေရသည်။ ဝတ်ကြွေးရှိရင်အမြန်သာကျေစေချင်သည်။
"အမလေး "
မြှောက်ကနဲ့ တက်သွားပီး မွှေးပျံ့ နေတဲ့ရက်ခွင်ထဲမှာ လူကလေးက ကျကျနန ။ အံ့သြတကြီးမော့ကြည့်လိုက်တော့ ဟ်ုတစ်နေ့ က သူ့ ကို လိုက်ပို့ ပေးခဲ့ အတော်ကြီးချောတဲ့အကိုကြီးဖြစ်နေ၏။
" ခြေထောက်နာနေတာကို ဒါဘယ်သွားမလို့ လဲ အချိန်ကို ကြည့်အုန်း မိုးချုပ်နေပီ ဒါကလေးတစ်ယောက်အပြင်ထွက်ရမဲ့အချိန်လား "
ဇ တကယ်စိတ်တိုနေ၏။ သူ ကားပေါ်ကနေအိမ်ကလေးစီ ငေးကြည့်နေရင်း တုန်တုန်စက်စက် ဆင်းလာတဲ့ ကလေးလေးကြောင့် ပျင်းရိမှီကျနေတဲ့ခါးတောင်မတ်ကနဲ ဖစ်သွား၏။
အိမ်ထဲပဲသွားမယ်ထင်ထားပေမဲ့ အပြင်ကိုထော့ကျိုးထော့ကျိုးထွက်လာတဲ့ ကလေးကြောင့် ဇ မျက်မှောင်ကုတ်ကြည့်လိုက်သည်။ စိတ်မချပဲနောက်ကနေလိုက်ကြည့်နေရင်း သူလိုက်လာတာတောင် မသိပဲ ဖြည်းဖြည်းချင်းလျှောက်နေတာကြောင့် ဆွဲယူပွေ့ လိုက်လိုက်တော့ ကြောက်လန့် တကြားကြည့်လာတဲ့မျက်ဝန်းလေးက သူမှန်းသိတော့ အံသြသွားတဲ့အရိပ်တွေပြောင်းကုန်၏။
"ဟို အိမ်က ခိုင်းလို့  ဈေးဝယ်သွားမလို့ "
"ခြေထောက်နာနေတာကြီးကို "
မျက်တောင်လေးပေကလက် ပေကလက် မော့ကြည့်လာတာကြောင့် ဇ အသက်တောင် အောင့်မိသွားသည်။
" ဟုတ် နည်းနည်းပဲနာတော့တာပါ"
"ဆေးမလိမ်းဘူးလား "
ပွေ့ ချီရက်အတိုင်း ဇတို့ စကားပြောနေကြခြင်းဖြစ်၏။
"ဆေးလိမ်းပါတယ် ဒါပေမဲ့ ခုဆေးလိမ်းရမှာ ဒီကအကိုကြီးမို့ လား ။ "
ဇ  -" ……"
"ခန ချပေး ကျွန်တော် မုန့် သွားဝယ်ပီးပြန်လာမယ် ။ ပီးရင် အကိုကြီးကိုဆေးလိမ်းပေးမယ်။ "
"မလိုဘူး "
"အမ် "
"ကျစ် !! ငါပြောတာက မုန့် သွားဝယ်စရာမလိုဘူး ။ ကားနောက်မှာ ငါစားဖို့ ဝယ်ထားတဲ့ မုန့် တွေရှိတယ်။ ယူသွား ။
အဟမ်း  !!  ဟို …ပီးရင် ပြန်လာဆေးလိမ်းပေး။"
မော့ကြည့်နေတဲ့ ကလေးလေးရဲ့ အကြည့်တို့ ကိုရင်မဆိုင်ရဲစွာ ဇ  မျက်နှာလွှဲ ပီး ချီထားရက်နဲ့ ကားဆီပြန်လျှောက်လာခဲ့၏။ အောက်ကို ဖွဖွထိန်းချပေးပီးကားနောက်ခန်းကမုန့် ထုပ် တွေ ယူပေးလိုက်တော့
အားနာတက်တဲ့ ကလေးက တစ်ထုပ်ပဲ ယူပီးအိမ်ပေါ်တက်သွား၏။ ပြုံးနေတဲ့ နှုတ်ခမ်းတို့ ကို  သတိမေ့ စွာအကြည့်တို့ က အဖြူကောင်သေးသေးလေးနောက်ကျောကိုသာ ကပ်ပါသွားသည်။
အားး အူယားလို့ တကျွတ်ကျွတ်ဝါးစားချင်နေပီ ။ ဘာကောင်လေးလဲ မသိဘူး သေးသေး ပိစိ အကောင်ပေါက်လေး။
ချစ်တဲ့ အိမ်စည်။
(အများကြီး ကြိုးစားထားရတာမို့ ချစ်ရင် voteတော့ပြန်ပေးပါ ။ နို့ မို့ ဆို ရေးရတာမပျော်တော့ဘူးနော်။ )
အိပ်ယာပေါ်မှာ ခြေကားယား လက်ကားယားနဲ့  ပိုးလို့ ပက်လက် အိပ်နေတဲ့ ဇ က