ZingTruyen.Xyz

ဇ ( Completed)

39

eainsi23

လူလူ  ေဆးရုံေရွ ့က အငွားကားကိုစီးပီး အေဆာင္ကို ျပန္လာလိုက္သည္။
အခန္းထဲေရာက္ေတာ့ … ေရး ကမရွိ။
ပါလာတဲ့ အဝတ္ထုတ္ကိုလဲ မသိမ္းနိုင္ ။
သန္ ့ရွင္းေရးလုပ္ေပးထားပံုရတဲ့ ေရးေႀကာင့္အိပ္ယာေလးသည္ ဖုန္တစက္မရွိပဲ သန္ ့ရွင္းေနသည္။ ပင္ပန္းေနသည္ေႀကာင့္
အလိုက္ တသင့္အိပ္ယာထက္မွာဝင္လွဲ ပီး  အနားယူလိုက္၏။

အန္တီခ်ယ္ရီကိုလဲ မနွဳတ္ဆက္ခဲ့ရပဲ ျပန္လာရလို ့ အားနာေပမဲ့ မတက္နိုင္။

အကိုႀကီးကို တကယ္ စိတ္ပ်က္တယ္။
လူလူ ့ထက္အသက္ႀကီးေပမဲ့ ကေလးဆန္လြန္းသည္။ ရင့္က်က္မူ ့မရွိပဲ အျမဲလူလူ
ကို နားလည္မေပးနိုင္ သည္ကိုေတာ့ လူလူမႀကိဳက္။  တခါတေလ အကိုႀကီးကနားလည္ရသိပ္ခက္သည္။

အေႀကာင္းမသိသူကို သြားေျပာျပရင္
ဒီကိစၥက ဒီလိုျဖစ္စရာမွမလိုတာလို ့ေဝဖန္နိုင္ေလာက္သည္။ ဒါေပမဲ့ အကိုႀကီး
ကေလးဆန္တာ လူလူ ့တစ္ေယာက္ထဲကိုသာ  ကြက္ပီး ျဖစ္ေပၚေစတာမို ့
တခါတေလ အခ်စ္ပိုရေပမဲ့ ဒီတခါေတာ့
နည္းနည္းမွတ္ေလာက္ေအာင္ေတာ့ ပစ္ထားအုန္းမယ္။

ညေန အထုတ္ပိုးသိမ္းပီး ေရခ်ိဳးပီးကာမွ
ေရး ေရာက္လာသည္။ ဝမ္းသာအားရေျပးဖက္ကာ ျဖစ္ေႀကာင္းကုန္စင္ေမးေတာ့သည္။ အကုန္ေျပာျပျဖစ္ေပမဲ့ အကိုႀကီးဘမေကာင္းေႀကာင္းကိုေတာ့ ခ်န္ထားလိုက္သည္။ အကိုႀကီးကို တျခားသူ အထင္လႊဲမွာကိုေတာ့  လူလူမႀကိဳက္ေပ။

"ဒါဆို  ကိုဇ အေမကို လူနာေမးပီးမွ အေဆာင္ေရာက္လာတာေပါ့"

"အင္းေလ  ငါက ျပန္ေရာက္ေရာက္ျခင္း
ေဆးရုံအရင္ဝင္လိုက္တာ "

ေဖေဖထည့္ေပးလိုက္တဲ့ ယိုဘူးေတြကို ေဖာက္စားရင္း  စိတ္ဝင္တစားစပ္စုေနတဲ့ ေရးကို   ေသခ်ာျပန္ေျပာျပရင္း ခုထိဖုန္းေခၚပီးမေခ်ာ့ေသးတဲ့ အကိုႀကီးကို စိတ္ထဲကေနလွမ္းရန္ေတြ ့ေနရေသးသည္။
ဘယ္သူေနနိုင္မလဲ ႀကည့္ရေသးတာေပါ့ တိုင္းထြဋ္တင္ႀကီးရာ…

" မင္း ေဖေဖနဲ ့ျပန္ေတြ ့တာ ဘယ္လိုခံစားရလဲ ။ ေျပာလို ့သာေျပာတာမင္းအျဖစ္က မ ေအးေအးဝင္းစီစဥ္သလိုပဲ ဟားး"

သူဘာသာေျပာ သူ ့ဘာသာရယ္ေနတဲ့ ေရးကို ဒီတခါ ဘာမွျပန္မေျဖျဖစ္ဘူး။ တကယ္ဆို ေဖေဖကို  ေသြးသားဆိုတဲ့ အသိနဲ ့
နည္းနည္းေတာ့ ေႏြးေထြးသြားေစေပမဲ့
သိပ္ႀကီး ဖက္လဲတကင္းေတာ့ မဟုတ္ခဲ့။

တခ်ိန္လံုး လူပ်ိဳႀကီးဘဝနဲ ့အရုိးထုတ္လာတဲ့ ေဖေဖက လူအမ်ား ေလးစားရတဲ့ဆရာဝန္တစ္ေယာက္ျဖစ္သည္က တစ္ေႀကာင္း… ၁၉နွစ္အရြယ္သားတစ္ေယာက္ျဖစ္ေနသည္က တေႀကာင္းမို ့ သူ ့အေနနဲ ့လဲ
ခ်စ္ေပမဲ့  ခ်စ္ခင္ယုယျပဖို ့နည္းနည္းေတာ့အဆင္မေျပျဖစ္ေပလိမ့္မယ္

ဒီေလာက္ထိ လူလူအေနနဲ ့ေမ်ွာ္မွန္းမထားေပမဲ့ အသိုင္းဝိုင္းႀကီးတဲ့ ဖခင္ရတာေတာ့ အားကိုးေလာက္စရာေတာ့ရွိသည္။
မေပ်ာ္ရင္ ျပန္လာခဲ့ဖို ့နဲ ့… ခနခန လာေတြ ့မယ္ဆိုတာေရာ… ေလဆိပ္လိုက္ပို ့ရင္းတဖြဖြမွာလိုက္ေသးသည္။

လူလူအတြက္မလိုအပ္ေပမဲ့ ပိုက္ဆံ အျပည့္ထည့္ေပးလိုက္ပီး အေဆာင္မေနခ်င္ရင္ ဒီျမိဳ ့လာရင္ေနဖို ့အပိုဝယ္ထားတဲ့ တိုက္ခန္းေသာ့ဆိုတာကိုပါ ထည့္ေပးလိုက္၏…

-
-
-
-
-

"ကိုတိုင္း ဟိုျခင္း ဆြဲခဲ့ "

ေဖေဖ လက္ညိဳးထိုးျပတဲ့ တိုလီထြာလီ
အစံုထည့္ထားတဲ့ ျခင္းနီေလးကို ေျပးဆြဲလိုက္ပီး
ေဆးရုံခန္းမွာ ဘာက်န္ခဲ့သလဲဆိုတာကိုပါ ေဝ့ႀကည့္လိုက္တယ္။ ဒီေန ့ေမေမ ေဆးရုံက ဆင္းမွာမို ့ အိမ္က အလုပ္သမားေတြပါ ေရာက္လာပီးဝိုင္းသိမ္းကူသြားတာေတာင္ ပစၥည္းေတြက က်န္ခဲ့ခ်င္ေသးသည္။

"ေဖေဖတို ့ကလဲ ေဆးရုံေလးငါးရက္ တက္တာေရာ ဟုတ္ရဲ့လား ။အိမ္ရွိပစၥည္းအကုန္ဒီေရာက္ေနသလိုပဲ သိမ္းလို ့ကုိမနိုင္ဘူး"

ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာလိုက္ေပမဲ့
ေမေမ့ကို ကူတြဲပီး ဇ ေျပာတာကို အေရးမလုပ္ပဲ လင္မယားနွစ္ေယာက္က အရင္ထြက္သြား၏။ ကိုယ့္အျဖစ္ကို စိတ္ပ်က္လက္ပ်က္ရယ္ေမာကာ ျခင္းဆြဲပီး ေနာက္ကေျပးလိုက္ရျပန္သည္။

ကားပါကင္ေရာက္ေတာ့ ကားတံခါးကိုအရင္ဖြင့္ေပးကာေမေမ့ကို တက္ေစလိုက္သည္။ 

ျပီးမွာ ေမာင္းသူေနရာကို ဝင္ထိုင္
လိုက္ပီး ေဖေဖတက္ပီးသလား ေနာက္ႀကည့္မွန္ကတဆင့္ႀကည့္လိုက္၏။တက္ပီးတာေသခ်ာမွ   ကားကိုေမာင္းပီး အိမ္ကိုျပန္လာလိုက္တယ္။ တကယ္ဆို သက္တန္ ့တို ့ဝနတို ့က လာႀကိဳခ်င္ေပမဲ့ သူ မလာခိုင္းတာပင္။ ေမေမလဲ သက္သာပီမို ့
အကူညီမေတာင္းခ်င္တာျဖစ္သည္။ အားနာစရာမလိုေပမဲ့ ဝနက  သူ ့အိမ္အလုပ္ျဖစ္တဲ့ အိမ္ေဆာက္ပစၥည္းေရာင္းတဲ့ဆိုင္မွာဝင္လုပ္ေနကာ သက္တန္ ့ကေတာ့ ေစ်းထဲကသူ ့အေမေရႊဆိုင္မွာ  ေရႊေရာင္းေနရတာမုိ ့ အလကားသက္သက္ အခ်ိန္မကုန္ေစခ်င္တာျဖစ္သည္။

တီ…တီ …

"အိမ္ေရွ ့ေရာက္ေတာ့ ကားဟြန္းတီးလိုက္သည္။ ေျပးထြက္လာတဲ့ အလုပ္သမားေတြကိုျမင္မွ … ဇ  ေမေမ့ကိုတြဲပီး ေအာက္ကိုဆင္းေစ သည္။

" ေမေမ   အခန္းထဲ ခန သြားနားမလား"

" အင္း လိုက္ပို ့ေပး ေမေမ အဝတ္စားလဲခ်င္လို ့"

"ဘယ္အခန္းလဲ ေဖေဖ အခန္းထဲပို ့ရမွာလား"

"ဟာ ဒီေကာင္ေတာ့ ေပးေပး ငါပဲတြဲေတာ့မယ္။ "

ဇြတ္အတင္း ဝင္ဆြဲေခၚေနတာမို ့ေမေမ ့ကို လႊတ္ေပးလိုက္သည္။ အနည္းငယ္အနီေရာင္းသန္းခ်င္ေနတဲ့မ်က္နွာ ကိုျမင္မွ
ဇ  အေတြးေပါက္ပီး သေဘာတက် ရယ္မိ၏။ ကိုယ္က ရုိးရုိးသားသားေမးတာကို တကယ္ပဲ။ တကယ္လဲ ဇ မသိလို ့ေမးလိုက္တာပါ။ အိမ္မွာ ေမေမေနတဲ့ အခန္းက သက္သက္ရွိေပမဲ့ အဲ့ဒါ ေဖေဖနဲ ့အဆင္မေျပခင္ကေနတာေလ။ ခုအဆင္ျပန္ေျပသြားႀကလို ့ဘယ္ေနမလဲလို ့သူေမးတာမွားလား။

ဧည့္ခန္းမွာ ေျခစံုရပ္ပီး…ဇ ႀကည့္မိေနတုန္း  တေရြ ့ေရြ ့ သြားႀကတဲ့ ပံုရိပ္နွစ္ခုက  အနီညိုေရာင္က်ြန္းတံခါးကိုဖြင့္ဝင္သြား၏။
ေသခ်ာတာကေတာ့ အဲ့ဒါ ဖခင္ ဦးတိုင္းထြဋ္တင္အခန္း။

အေဖ အေဖ …လက္သြက္ခ်က္ကေတာ့ လြန္ေရာပဲ။ အင္း… သူ ့ဗီဇက ေဖေဖ ဆီက ပါတာ ေသခ်ာေနတာကို တခါတေလ ေဖေဖစိတ္ဆိုးလို ့ဆူရင္… ဖေအထပ္ သားတစ္လႀကီးလို ့ဆူဆဲခံရေသးသည္။

သုိ ့ေပမဲ့လဲ သူ ့အသည္းေလး လူလူက
ေမေမလို မာနမႀကီးလို ့ေတာ္ေသးသည္။
ေမေမလို ေျပာရဆိုရလက္ေပါက္ကပ္ရင္
အခ်ိန္တိုင္းသတ္ပြဲေတြႀကီးျဖစ္ေနရင္ သူေတာ့ ဒုကၡပဲ။ တကယ္ဆို သူက ေဒါသႀကီးေပမဲ့  လူလူေလးအတြက္ဆိုရင္ ဘာမဆို ျဖည့္စီးေပးခ်င္တာ။ ခ်စ္တာေတာ့ ခ်စ္တာေပါ့ ဒါေပမဲ့ ရန္ျဖစ္တဲ့ အခါေတာ့
အကိုႀကီး ရယ္လို ့ ခ်စ္စရာေကာင္းေအာင္
မ်က္နွာငယ္ေလးလုပ္ျပပီး သူ ့ေဒါသေတြကို ေလ်ာ့မွ။ အဲ့ဒါကလဲ လူလူေလးပဲ လုပ္နိုင္တာ ။ လူလူဆိုရင္ သူ ့အညွာကို သိေနပီ။ နည္းနည္းေလာက္ ေအာ္လိုက္လို ့
သူမနိုင္ေတာ့တဲ့ အေရးျမင္ရင္ … ရင္ခြင္ထဲ တိုးဝင္ပီး သူမခ်စ္…ခ်စ္ေအာင္ လုပ္ေတာ့သည္။ 

ေတြးရင္း လူလူေလးကို လြမ္းလာ၏။ ဒါေပမဲ့  မေန ့က သူ ့ကို  ခ်န္ရစ္ထားခဲ့တာကိုေတြးပီး ေဒါသထြက္လာကာ
ဇ  တက္ေခါက္လိုက္သည္။

"လူလူ  …လူလူ … မင္းကို ဒီတခါ လံုးဝ မေခ်ာ့ဘူး။ "

ေသခ်ာစြာ ဆံုးျဖတ္ခ်က္ခ်ပီး အိမ္ေပၚထပ္ရွိသူ ့အခန္းကို အေျပးတက္သြားသည္။

----------

------------

ည ၈နာရီခန္ ့အခ်ိန္တြင္ …

အေဆာင္ဖြင့္ထားတဲ့  ေလးထပ္ တိုက္ ရဲ့ မ်က္ေစာင္းထိုးခပ္လွမ္းလွမ္းရွိ အနည္းငယ္ေမွာင္ရိပ္က်ေနသည့္ ဗာဒံပင္ေအာက္တြင္ အနက္ေရာင္ ကားေလးသည္ အခ်ိန္ တစ္နာရီေက်ာ္ေက်ာ္ႀကာေအာင္ ဘယ္မွမသြားပဲရပ္တန္ ့ေန၏။

ကားေမာင္းသူ ဖက္က ကားမွန္ျပတင္းေပါက္သည္ ဖြင့္လွစ္ေနပီး  တဝက္ေလာက္က်န္ေနေသးသည့္ ေဆးလိပ္တို ကို လက္ညိဳ းႀကားညွပ္ကာ မွန္ေပါက္ေပၚလက္တင္ထားသည္။ ေအာက္ဖက္တြင္လဲ ေဆးလိပ္တိုမ်ားပ်ံ  ့က်ဲေနသည္မွာ ဆယ္လိပ္ထပ္မနည္းေတာ့ေပ။

" ေတာက္! "

"လူလူ  မင္းအေတာ္အတင့္ရဲေနပါ့လား"

ေအးစက္စက္ အသံသည္ လင္းေနတဲ့ မ်က္နွာျပင္က ဖုန္းနံပါတ္ကိုေသခ်ာႀကည့္ပီး ထြက္ေပၚလာ၏။ 
တညေနလံုးကိုယ့္မွာေတာ့ လူးလူး လိမ့္လိမ့္ လြမ္းလိုက္ရတာ။ ဘယ္ေလာက္ပဲ သူ ့ဖက္က မေခ်ာ့ပဲေနေန ခ်စ္သူေတြပဲ
ကိုယ္မေခ်ာ့ရင္ သူေခ်ာ့ေပါ့။ ခုဟာက ကိုယ္ေနသလို သူလဲေနမယ္ဆိုတဲ့သေဘာ။
ကိုယ္က အသက္ႀကီးပီးလူေကာင္ႀကီးတာမွန္ေပမဲ့ ကိုယ္လဲ အေခ်ာ့ခံခ်င္သည္ေလ။
ဒါကို  ၂၄ နာရီေက်ာ္သည္ထိ ဖုန္းမဆက္ပဲ လူငယ္ဦး ဘာအခ်ိဳးေတြ ခ်ိဳးေနတာတုန္း။  မေတြ ့ပဲေနတုန္းက ေဒါသအေလ်ွာက္ ဖုန္းမဆက္ပဲေနနိုင္ေပမဲ့ မ်က္နွာေလးျမင္ပီးမွေတာ့  ဇ  တကယ္ မေနနိုင္ပါ။ 

လူငယ္ဦးကေတာ့ ဇ ရဲ့ သည္းခံမူ ့ကို စိမ္းသက္ေနသည္။ 

နာရီလက္တံက တေရြ ့ေရြ ့နဲ ့ညကိုးနာရီ ထိုးပီးမွာေတာ့ ဇ  ကားေပၚက ဆင္းလိုက္သည္။

  နွစ္နာရီေက်ာ္ႀကာေအာင္ ကားေပၚမွာထိုင္ေနရတာေႀကာင့္ ကားေတြေရာ ဒူးေတြေရာ နာေန၏။ စိတ္ပ်က္လက္ပ်က္ နာေနတဲ့ ခါးကို ကိုင္ကာ ဆဲဆိုေနတုန္း မ်က္လံုးထဲဝင္လာတာ   စပန္ ့ဝမ္းဆက္အနီေရာင္ေလးနဲ ့လူလူ။

ႀကည့္စမ္း အခ်ိန္မေတာ္ ဒါဘာထြက္လုပ္တာလဲ။

မေက်နပ္စိတ္နဲ ့ေဒါသက ေခါင္းျပဴ လာကာ ေျခလွမ္က်ဲတို ့က လူငယ္ဦးဆီ။

" ေနစမ္းပါအုန္း ဒါက ဘယ္ႀကြမလို ့လဲ"

ေျပာတဲ့စကားမဆံုးေသး ေနာက္ကေန ရုတ္တရက္ေဆာင့္ဆြဲ လိုက္တာေႀကာင့္ 
လူလူ တုန္ဆတ္သြား၏။ 

ည အခ်ိန္မေတာ္ အမွတ္တမဲ့လုပ္ရပ္က
အေတြးမ်ားေနတဲ့ လူလူကို အလန္ ့တႀကားျဖစ္ေစသည္။

တေန ့လံုး ဝမ္းနည္းေနတဲ့ စိတ္တို ့က မေက်နပ္မူ ့ကို ကူးေျပာင္းကာ

" ဘယ္သြားသြား ခင္မ်ားအပူ ပါလား။ "

"လူလူ ငါ့ကို ဘယ္လိုေျပာလိုက္တယ္"

ဇ  ကိုင္ထားတဲ့ လက္ကို ေျမွာက္ ကာ လွဳပ္ခတ္ေမးလိုက္သည္။ ေမာ့ႀကည့္ေနတဲ့ မ်က္နွာက  ဇ  ကိုပမာမခန္ ့လုပ္မဲ့ မ်က္နွာထားနဲ ့။

လူလူ …လူလူ… အက်င့္ဆိုးေတြတက္လာပီ။

"ႀကားတဲ့ အတိုင္းပဲ "

"ေအာ္ … ခုေတာ့ မင္းကငါ့ကိုျပန္ေျပာေနပီေပါ့ဟုတ္လား…ေျပာစမ္းပါအုန္း … ငါမဟုတ္တဲ့ တျခားေကာင္ကို ေတြ ့ေနပီလား။ "

လူလူ အကိုႀကီးစကားေႀကာင့္ ေဒါသက အတိုင္းဆမရွိတက္သြားသည္။

" ဟြန္း … ေတြ ့ေတာ့ ဘာျဖစ္လဲ ။
အနည္းဆံုးေတာ့ အကိုႀကီးလို အခ်ိန္တိုင္း
ေဒါသထြက္မေနဘူး ။  "

"လူလူ မင္း ငါ့ကို ဘယ္လိုေျပာလိုက္တယ္။ ေတာ္ေတာ္ သတိၱေတြေကာင္းလာတယ္ေပါ့ ဟုတ္လား ေတြ ့မယ္ မင္းနဲ ့"

ဇ  ကိုယ္လံုးေသးေသးကို ပုခံုးေပၚေကာက္တင္ပစ္လိုက္သည္။ လူငယ္ဦးက သူ ့ကိုစိန္ေခၚေနမွေတာ့ ဘာတက္နိုင္မွာတုန္း။

"ဖယ္စမ္း ခ် ေပး။ တိုင္းထြဋ္တင္ ခုခ်ေပးလို ့ခင္မ်ားကို ေျပာေနတယ္"

လွဳပ္ခတ္တြန္းကန္ေနတဲ့ ပုခံုးေပၚက လူလူ ့ေႀကာင့္ ဇ မက်ေအာင္ မနည္းထိန္းေနရသည္။

"ျဖန္း… ျငိမ္ျငိမ္ေနစမ္း လူလူ ။ မင္းနဲ ့စာရင္းရွင္းစရာက်န္ေသးတယ္။ ငါနဲ ့လိုက္ခဲ့ ။ ေျပာစရာနားမေထာင္ပဲ ျငိမ္ျငိမ္ မေနရင္
ျဖန္း… ျဖန္း… မင္းဖင္ကို ခုလို တစ္လမ္းလံုးရုိက္ပစ္မယ္။

အကိုႀကီးပုခံုးေပၚမွာ ထမ္းထားတဲ့ လူလူသည္ နာသြားတဲ့ ဖင္နဲ ့အတူ ပါးျပင္ေတြ ပူထူကာ ခ်က္ျခင္းျငိမ္သက္သြားသည္။
ဘယ္ေလာက္ပဲ ရင္းနွီးပြင့္လင္းပါေစ
ဒီအေျခေနႀကီးက ဘယ္ေလာက္ရွက္စရာေကာင္းလဲ။

-
-
-
-
-
-

လူလူ ဒီဖက္လွည့္စမ္း"

လည္ပင္းက်ိဳးမတက္ ေစာင္းလွည့္ထားတဲ့
ေခါင္းေႀကာင့္ ဇ အသံက အားမလို အားမရထြက္လာ၏။ တိုက္ခန္းကို ေခၚလာမွေတာ့ ျပန္လႊတ္ဖို ့ေတာ့ စိတ္ကူးမရွိတာေႀကာင့္

"လူလူ ဒီဖက္လွည့္ပါဆို စကားေျပာႀကမယ္"

မေနနိုင္သူက ဇ  မို ့ေလသံကို အတက္နိုင္ဆံုး ေလ်ာ့ကာ ခ်ိဳခ်ိဳသာသာေျပာလိုက္၏။
အဆိုးေလးကေတာ့ လံုးဝ လွည့္မလာေပ။
ဇ သက္ျပင္းခ်လိုက္ကာ…

"မခ်စ္ေတာ့ဘူးလား။ လမ္းခြဲခ်င္လို ့ဒီပံုစံလုပ္ေနတာလား "

ထိုအခါမွ လွည့္လာတဲ့ မ်က္နွာနုနုက
ေဝ့သီေနေသာ မ်က္ရည္စ ေတြနဲ ့ျဖစ္သည္။

" ခင္မ်ားစိတ္နဲ ့လာမနွဳိင္းနဲ ့။ က်ြန္ေတာ္ ေနမေကာင္းျဖစ္တာေတာင္ နားလည္မေပးနိုင္တဲ့ သူကို ဘယ္လိုစိတ္နဲ ့ေရွ ့ဆက္ရမွာလဲ။ တြဲတာ တစ္နွစ္ကို တလပဲ ေက်ာ္ေသးတာေနာ္ အကိုႀကီး။ ခင္မ်ားဒီပံုစံနဲ ့ က်ြန္ေတာ္တို ့နွစ္ေယာက္ေရွ ့ဆက္ရမဲ့ အနာဂတ္ကို ဘယ္လို စိတ္ခ်ရမွာလဲ …ေျပာ …ေျပာေလ အလကားလူ ။ ေဒါသထြက္မယ္ ေအာ္ဟစ္ ရန္ေတြ ့တာကလြဲပီး ခင္မ်ား  ဘာတက္လဲ။ဒီအခ်ိဳးနဲ ့ ခုမျပတ္လဲ အခ်ိန္တန္ျပတ္မွာပဲ "

ျငိမ္နားေထာင္ေနတဲ့ ဇ က လူလူ ့ဆီကျပတ္မယ္စကားလဲ ႀကားေရာ ေဒါသတႀကီးေအာ္ပစ္လိုက္သည္။

ရန္ျဖစ္တိုင္းဆိုးသမ်ွကို သည္းခံနိုင္ေပမဲ့ ျပတ္မယ္ဆိုတဲ့ စကားကိုေတာ့ လံုးဝ လက္မခံနိုင္ေပ။ 

"ဘာလို ့ျပတ္ရမွာလဲ လူလူ။ မင္းဆက္မေျပာေတာ့နဲ ့။ ေအး မင္းမို ့လို ့ သက္သာသြားတယ္မွတ္လူလူ။ တျခားသူစိမ္းတစ္ေယာက္ကလာေျပာႀကည့္ မလြယ္ဘူး "

"ဒါဆို ခင္မ်ားအခ်ိဳးေတြျပင္ေလ ။ ဒီပံုစံနဲ ့က်ြန္ေတာ္ဘယ္လိုယံုႀကည္ရမွာလဲ"

"ဘာအခ်ိဳးကိုျပင္ရမွာဲ ။ ငါ့ဘဝတေလ်ွာက္လံုး မင္းကို ဒီေလာက္ခ်စ္ပီး အေလ်ာ့ေပးလာတာ ငါက ဘာကိုျပင္ရမွာလဲ။ မင္းကိုခ်စ္တဲ့ အခ်စ္ေတြကို ျပင္ေပးရမွာလား။
ျပင္စရာဆိုလို ဒါေတြပဲရွိတယ္"

ေအးစက္စြာ တလံုးျခင္းေျပာေနတဲ့ အကိုႀကီးဆီက  မ်က္နွာလႊဲဖယ္ကာ
လူလူ အံႀကိတ္လိုက္သည္။ လူလူ မႀကိဳက္တာ ဒီလို စကားေျပာပံဳေတြ။

အကိုႀကီးသူ ့ကိုခ်စ္တာကို သိေပမဲ့  နည္းနည္းေလာက္အေလ်ာ့ေပးတာကို လူလူရခ်င္သည္။

မမွားဘူးလို ့လက္ခံထားရင္ေတာင္  ကိုယ္မွားသြားပါတယ္ လို ့တခြန္းေလာက္ေျပာလိုက္ရင္ လူလူေက်နပ္ေပးလိုက္မွာ။ ခုလို ရန္သူေတြမဟုတ္ပဲ ဘူးခံပီး ေျပာေနစရာ လိုမွမလိုတာ။

အသက္ကြာတယ္ဆိုပီး  ဘယ္တုန္းက ေခ်ာ့ေမာ့ေျပာဘူးလို ့လဲ။

သူႀကီးပဲ ေအာ္တယ္။

အျမဲ ေဒါသႀကီးပီး ကေလးဆန္သည္။

လူလူက အငယ္ပါ။ တခါတေလ အကိုႀကီးမမွားေပမဲ့ အေလ်ာ့ေပးတာကို လိုခ်င္တာ။ ေတာင္းပန္ပီးမွားသြားပါတယ္ေျပာတာကို ႀကားခ်င္တာ။ 

" ဟီးအီးအီး … ျပန္မယ္ ။ လံုးဝ လာမေခၚနဲ ့ အျမဲ အနိုင္က်င့္ေနတဲ့ ခင္မ်ားကို အင့္
လံုးဝ မပတ္သတ္နိုင္ေတာ့ဘူး။ ေရး ဆိုရင္ ကိုႀကီးေဒဝါက အျမဲ အေလ်ာ့ေပးတယ္။ ေအာ္ဖို ့ေနေနသာသာ ျပတ္မယ္ေျပာလိုက္ရင္ကို ျပာေနေအာင္ေခ်ာ့တာ ။ ဟင့္ ဟီးအီးအီး ေဖေဖ့ဆီကိုပဲ ျပန္မွာ ခင္္မ်ားဆီကို တသက္လံုးျပန္မလာဘူး ဖုန္းလဲ ဆက္မရေအာင္လုပ္ထားမွာ"

လူလူ ့စကားေတြေႀကာင့္ ဇ  ခါးေတြမတ္မိလိုက္သည္။ဘယ္က ေဒဝါ ပါ ပါလာရတာတုန္း။ အသံထြက္ေအာင္ ငိုေနတဲ့ပံုစံက
တခါမွေတာင္ မ ျမင္ခဲ့ဘူးတာေႀကာင့္
ဇ ေဒါသေတြေပ်ာက္ကာ တအံ့တႀသသာႀကည့္ေနမိေတာ့သည္။
သူ ့ထက္အသက္ငယ္ေပမဲ့ လူလူတခါေတာင္ ခုလိုဝမ္းနည္းပက္လက္မငိုဘူးတာေႀကာင့္ ဇ  ဆိုဖာေပၚမွာထိုင္ေနတဲ့ လူလူေဘးကုိ နည္းနည္းတိုးကပ္သြားလိုက္မိသည္။

"လူလူေလး ကိုယ္မွားသြားပါတယ္ ။ မငိုနဲ ့ေတာ့ေနာ္"

"ဘာအခုမွ မွားတာလဲ သြား…မဖက္နဲ ့"

ပုခံုးေလးကို ခပ္ဖြဖြဖက္ကာ ေခ်ာ့မဲ့ ဇ လက္ေတြကို  မ်က္နွာေတြနီရဲကာ ငိုေနရင္းတန္ပုတ္ထုတ္ခံလိုက္ရ၏
ထို ့ေႀကာင့္  ဇ  ေဘးမွ ထိုင္မရ ထမရ ျဖစ္ခ်င္လာသည္။ လူလူေလးရဲ့ ပါးျပင္မွာ စိုရြဲေနတဲ့ မ်က္ရည္စေတြက  ဇ  ရင္ကို မီးျပင္းျပင္းနဲ ့ျမိဳက္လိုက္သလို ခံစားရတာေႀကာင့္  မ်က္နွာေလးငယ္ကာ ထပ္ေခ်ာ့လိုက္သည္။

" အခုမွ မွားတာမဟုတ္ပါဘူး။ လူလူေလးကို ေအာ္မိကတည္းက မွားသြားတာပါ။ ကိုယ္ဟာ တကယ္မေကာင္းတဲ့သူပါ။  "

"……"

မ်က္ရည္ေတြသုတ္ကာ ညိမ္ေနေပမဲ့ ဇ ကိုေက်ာေပးထားဆဲ။ ေစာေစာကေလာက္ အေျခေနမဆိုးေတာ့တာေႀကာင့္  ဇ  နည္းနည္းအရဲကိုးကာ  ခါေလးကို ေနာက္ကေနသိုင္းဖက္လိုက္သည္။

" လူလူကလဲကြာ ။ ကိုယ္က တကယ္ေတာ့  ေဒါသႀကီးတယ္ဆိုေပမဲ့ မင္းကို ခ်စ္တာပါ။ မင္းပဲ အရင္ကေျပာတယ္ေလ။ ခနခန ရန္ျဖစ္ႀကမယ္ဆို အဲ့ဒါေႀကာင့္ ကိုယ္က မင္းစိတ္ခ်မ္းသာေအာင္ ရန္ျဖစ္ေပးတာ။  "

"ဟင့္  မႀကိဳက္ေတာ့ဘူး။ ရန္ျဖစ္တာ လံုးဝ မႀကိဳက္ေတာ့ဘူး ။"

ဇ ဖက္ကိုလွည့္လာတာေႀကာင့္ တင္းႀကပ္စြာဖက္ထားတဲ့ လက္ကို ေလ်ာ့ေပးလိုက္သည္။

"အင္း အင္း လူလူေလးရန္ျဖစ္တာမႀကိဳက္ရင္ လံုးဝမျဖစ္ေတာ့ဘူး ။ တခုပဲ ကိုယ္ကို ျပတ္မယ္ဆိုတဲ့စကားေတာ့ မေျပာနဲ ့။ ကိုယ့္ဖက္က က်န္တာအကုန္ေလ်ာ့ေပးနိုင္တယ္ဒါေတာ့မရဘူး"

"မေျပာေတာ့ဘူး ။ အကိုႀကီးလဲ ကေလးမဆန္ေတာ့နဲ ့"

ရင္ခြင္ထဲက ကိုယ္လံုးေလးကိုဖက္ထားကာ

"ဘယ္တုန္းက ကေလးဆန္လို ့တုန္း။ မျဖစ္နိုင္တာေတြ "

"အကိုႀကီး ! "

"ဘာတုန္း! "

"ေစာေစာက ေျပာေတာ့ အေလ်ာ့ေပးမယ္ဆို"

"ေအးေလ အခုေလ်ာ့ေနတာပဲ ။ မင္းကသာ မဟုတ္တာေတြ ေလ်ွာက္ေျပာမေနနဲ ့"

အလိုမက်တဲ့တေယာက္တခြန္း ေအာ္ဟစ္သံေတြက တစြန္းတစ ထြက္လာေပမဲ့
တေယာက္နဲ ့တစ္ေယာက္ဖက္ထားတာကိုေတာ့ မလႊတ္ခဲ့ေပ။
ေသခ်ာတာကေတာ့ ရန္ဆက္ျဖစ္ေနအုန္းမယ္ဆိုတာပဲ။

ခ်စ္တဲ့အိမ္စည္။

###########

လူလူ  ဆေးရုံရှေ့ က အငှားကားကိုစီးပီး အဆောင်ကို ပြန်လာလိုက်သည်။
အခန်းထဲရောက်တော့ … ရေး ကမရှိ။
ပါလာတဲ့ အဝတ်ထုတ်ကိုလဲ မသိမ်းနိုင် ။
သန့် ရှင်းရေးလုပ်ပေးထားပုံရတဲ့ ရေးကြောင့်အိပ်ယာလေးသည် ဖုန်တစက်မရှိပဲ သန့် ရှင်းနေသည်။ ပင်ပန်းနေသည်ကြောင့်
အလိုက် တသင့်အိပ်ယာထက်မှာဝင်လှဲ ပီး  အနားယူလိုက်၏။

အန်တီချယ်ရီကိုလဲ မနှုတ်ဆက်ခဲ့ရပဲ ပြန်လာရလို့  အားနာပေမဲ့ မတက်နိုင်။

အကိုကြီးကို တကယ် စိတ်ပျက်တယ်။
လူလူ့ ထက်အသက်ကြီးပေမဲ့ ကလေးဆန်လွန်းသည်။ ရင့်ကျက်မူ့ မရှိပဲ အမြဲလူလူ
ကို နားလည်မပေးနိုင် သည်ကိုတော့ လူလူမကြိုက်။  တခါတလေ အကိုကြီးကနားလည်ရသိပ်ခက်သည်။

အကြောင်းမသိသူကို သွားပြောပြရင်
ဒီကိစ္စက ဒီလိုဖြစ်စရာမှမလိုတာလို့ ဝေဖန်နိုင်လောက်သည်။ ဒါပေမဲ့ အကိုကြီး
ကလေးဆန်တာ လူလူ့ တစ်ယောက်ထဲကိုသာ  ကွက်ပီး ဖြစ်ပေါ်စေတာမို့ 
တခါတလေ အချစ်ပိုရပေမဲ့ ဒီတခါတော့
နည်းနည်းမှတ်လောက်အောင်တော့ ပစ်ထားအုန်းမယ်။

ညနေ အထုတ်ပိုးသိမ်းပီး ရေချိုးပီးကာမှ
ရေး ရောက်လာသည်။ ဝမ်းသာအားရပြေးဖက်ကာ ဖြစ်ကြောင်းကုန်စင်မေးတော့သည်။ အကုန်ပြောပြဖြစ်ပေမဲ့ အကိုကြီးဘမကောင်းကြောင်းကိုတော့ ချန်ထားလိုက်သည်။ အကိုကြီးကို တခြားသူ အထင်လွှဲမှာကိုတော့  လူလူမကြိုက်ပေ။

"ဒါဆို  ကိုဇ အမေကို လူနာမေးပီးမှ အဆောင်ရောက်လာတာပေါ့"

"အင်းလေ  ငါက ပြန်ရောက်ရောက်ခြင်း
ဆေးရုံအရင်ဝင်လိုက်တာ "

ဖေဖေထည့်ပေးလိုက်တဲ့ ယိုဘူးတွေကို ဖောက်စားရင်း  စိတ်ဝင်တစားစပ်စုနေတဲ့ ရေးကို   သေချာပြန်ပြောပြရင်း ခုထိဖုန်းခေါ်ပီးမချော့သေးတဲ့ အကိုကြီးကို စိတ်ထဲကနေလှမ်းရန်တွေ့ နေရသေးသည်။
ဘယ်သူနေနိုင်မလဲ ကြည့်ရသေးတာပေါ့ တိုင်းထွဋ်တင်ကြီးရာ…

" မင်း ဖေဖေနဲ့ ပြန်တွေ့ တာ ဘယ်လိုခံစားရလဲ ။ ပြောလို့ သာပြောတာမင်းအဖြစ်က မ အေးအေးဝင်းစီစဉ်သလိုပဲ ဟားး"

သူဘာသာပြော သူ့ ဘာသာရယ်နေတဲ့ ရေးကို ဒီတခါ ဘာမှပြန်မဖြေဖြစ်ဘူး။ တကယ်ဆို ဖေဖေကို  သွေးသားဆိုတဲ့ အသိနဲ့
နည်းနည်းတော့ နွေးထွေးသွားစေပေမဲ့
သိပ်ကြီး ဖက်လဲတကင်းတော့ မဟုတ်ခဲ့။

တချိန်လုံး လူပျိုကြီးဘဝနဲ့ အရိုးထုတ်လာတဲ့ ဖေဖေက လူအများ လေးစားရတဲ့ဆရာဝန်တစ်ယောက်ဖြစ်သည်က တစ်ကြောင်း… ၁၉နှစ်အရွယ်သားတစ်ယောက်ဖြစ်နေသည်က တကြောင်းမို့  သူ့ အနေနဲ့ လဲ
ချစ်ပေမဲ့  ချစ်ခင်ယုယပြဖို့ နည်းနည်းတော့အဆင်မပြေဖြစ်ပေလိမ့်မယ်

ဒီလောက်ထိ လူလူအနေနဲ့ မျှော်မှန်းမထားပေမဲ့ အသိုင်းဝိုင်းကြီးတဲ့ ဖခင်ရတာတော့ အားကိုးလောက်စရာတော့ရှိသည်။
မပျော်ရင် ပြန်လာခဲ့ဖို့ နဲ့ … ခနခန လာတွေ့ မယ်ဆိုတာရော… လေဆိပ်လိုက်ပို့ ရင်းတဖွဖွမှာလိုက်သေးသည်။

လူလူအတွက်မလိုအပ်ပေမဲ့ ပိုက်ဆံ အပြည့်ထည့်ပေးလိုက်ပီး အဆောင်မနေချင်ရင် ဒီမြို့ လာရင်နေဖို့ အပိုဝယ်ထားတဲ့ တိုက်ခန်းသော့ဆိုတာကိုပါ ထည့်ပေးလိုက်၏…

-
-
-
-
-

"ကိုတိုင်း ဟိုခြင်း ဆွဲခဲ့ "

ဖေဖေ လက်ညိုးထိုးပြတဲ့ တိုလီထွာလီ
အစုံထည့်ထားတဲ့ ခြင်းနီလေးကို ပြေးဆွဲလိုက်ပီး
ဆေးရုံခန်းမှာ ဘာကျန်ခဲ့သလဲဆိုတာကိုပါ ဝေ့ကြည့်လိုက်တယ်။ ဒီနေ့ မေမေ ဆေးရုံက ဆင်းမှာမို့  အိမ်က အလုပ်သမားတွေပါ ရောက်လာပီးဝိုင်းသိမ်းကူသွားတာတောင် ပစ္စည်းတွေက ကျန်ခဲ့ချင်သေးသည်။

"ဖေဖေတို့ ကလဲ ဆေးရုံလေးငါးရက် တက်တာရော ဟုတ်ရဲ့လား ။အိမ်ရှိပစ္စည်းအကုန်ဒီရောက်နေသလိုပဲ သိမ်းလို့ ကိုမနိုင်ဘူး"

ဗျစ်တောက်ဗျစ်တောက်ပြောလိုက်ပေမဲ့
မေမေ့ကို ကူတွဲပီး ဇ ပြောတာကို အရေးမလုပ်ပဲ လင်မယားနှစ်ယောက်က အရင်ထွက်သွား၏။ ကိုယ့်အဖြစ်ကို စိတ်ပျက်လက်ပျက်ရယ်မောကာ ခြင်းဆွဲပီး နောက်ကပြေးလိုက်ရပြန်သည်။

ကားပါကင်ရောက်တော့ ကားတံခါးကိုအရင်ဖွင့်ပေးကာမေမေ့ကို တက်စေလိုက်သည်။ 

ပြီးမှာ မောင်းသူနေရာကို ဝင်ထိုင်
လိုက်ပီး ဖေဖေတက်ပီးသလား နောက်ကြည့်မှန်ကတဆင့်ကြည့်လိုက်၏။တက်ပီးတာသေချာမှ   ကားကိုမောင်းပီး အိမ်ကိုပြန်လာလိုက်တယ်။ တကယ်ဆို သက်တန့် တို့ ဝနတို့ က လာကြိုချင်ပေမဲ့ သူ မလာခိုင်းတာပင်။ မေမေလဲ သက်သာပီမို့
အကူညီမတောင်းချင်တာဖြစ်သည်။ အားနာစရာမလိုပေမဲ့ ဝနက  သူ့ အိမ်အလုပ်ဖြစ်တဲ့ အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်မှာဝင်လုပ်နေကာ သက်တန့် ကတော့ ဈေးထဲကသူ့ အမေရွှေဆိုင်မှာ  ရွှေရောင်းနေရတာမို့  အလကားသက်သက် အချိန်မကုန်စေချင်တာဖြစ်သည်။

တီ…တီ …

"အိမ်ရှေ့ ရောက်တော့ ကားဟွန်းတီးလိုက်သည်။ ပြေးထွက်လာတဲ့ အလုပ်သမားတွေကိုမြင်မှ … ဇ  မေမေ့ကိုတွဲပီး အောက်ကိုဆင်းစေ သည်။

" မေမေ   အခန်းထဲ ခန သွားနားမလား"

" အင်း လိုက်ပို့ ပေး မေမေ အဝတ်စားလဲချင်လို့ "

"ဘယ်အခန်းလဲ ဖေဖေ အခန်းထဲပို့ ရမှာလား"

"ဟာ ဒီကောင်တော့ ပေးပေး ငါပဲတွဲတော့မယ်။ "

ဇွတ်အတင်း ဝင်ဆွဲခေါ်နေတာမို့ မေမေ့ ကို လွှတ်ပေးလိုက်သည်။ အနည်းငယ်အနီရောင်းသန်းချင်နေတဲ့မျက်နှာ ကိုမြင်မှ
ဇ  အတွေးပေါက်ပီး သဘောတကျ ရယ်မိ၏။ ကိုယ်က ရိုးရိုးသားသားမေးတာကို တကယ်ပဲ။ တကယ်လဲ ဇ မသိလို့ မေးလိုက်တာပါ။ အိမ်မှာ မေမေနေတဲ့ အခန်းက သက်သက်ရှိပေမဲ့ အဲ့ဒါ ဖေဖေနဲ့ အဆင်မပြေခင်ကနေတာလေ။ ခုအဆင်ပြန်ပြေသွားကြလို့ ဘယ်နေမလဲလို့ သူမေးတာမှားလား။

ဧည့်ခန်းမှာ ခြေစုံရပ်ပီး…ဇ ကြည့်မိနေတုန်း  တရွေ့ ရွေ့  သွားကြတဲ့ ပုံရိပ်နှစ်ခုက  အနီညိုရောင်ကျွန်းတံခါးကိုဖွင့်ဝင်သွား၏။
သေချာတာကတော့ အဲ့ဒါ ဖခင် ဦးတိုင်းထွဋ်တင်အခန်း။

အဖေ အဖေ …လက်သွက်ချက်ကတော့ လွန်ရောပဲ။ အင်း… သူ့ ဗီဇက ဖေဖေ ဆီက ပါတာ သေချာနေတာကို တခါတလေ ဖေဖေစိတ်ဆိုးလို့ ဆူရင်… ဖအေထပ် သားတစ်လကြီးလို့ ဆူဆဲခံရသေးသည်။

သို့ ပေမဲ့လဲ သူ့ အသည်းလေး လူလူက
မေမေလို မာနမကြီးလို့ တော်သေးသည်။
မေမေလို ပြောရဆိုရလက်ပေါက်ကပ်ရင်
အချိန်တိုင်းသတ်ပွဲတွေကြီးဖြစ်နေရင် သူတော့ ဒုက္ခပဲ။ တကယ်ဆို သူက ဒေါသကြီးပေမဲ့  လူလူလေးအတွက်ဆိုရင် ဘာမဆို ဖြည့်စီးပေးချင်တာ။ ချစ်တာတော့ ချစ်တာပေါ့ ဒါပေမဲ့ ရန်ဖြစ်တဲ့ အခါတော့
အကိုကြီး ရယ်လို့  ချစ်စရာကောင်းအောင်
မျက်နှာငယ်လေးလုပ်ပြပီး သူ့ ဒေါသတွေကို လျော့မှ။ အဲ့ဒါကလဲ လူလူလေးပဲ လုပ်နိုင်တာ ။ လူလူဆိုရင် သူ့ အညှာကို သိနေပီ။ နည်းနည်းလောက် အော်လိုက်လို့
သူမနိုင်တော့တဲ့ အရေးမြင်ရင် … ရင်ခွင်ထဲ တိုးဝင်ပီး သူမချစ်…ချစ်အောင် လုပ်တော့သည်။ 

တွေးရင်း လူလူလေးကို လွမ်းလာ၏။ ဒါပေမဲ့  မနေ့ က သူ့ ကို  ချန်ရစ်ထားခဲ့တာကိုတွေးပီး ဒေါသထွက်လာကာ
ဇ  တက်ခေါက်လိုက်သည်။

"လူလူ  …လူလူ … မင်းကို ဒီတခါ လုံးဝ မချော့ဘူး။ "

သေချာစွာ ဆုံးဖြတ်ချက်ချပီး အိမ်ပေါ်ထပ်ရှိသူ့ အခန်းကို အပြေးတက်သွားသည်။

----------

------------

ည ၈နာရီခန့် အချိန်တွင် …

အဆောင်ဖွင့်ထားတဲ့  လေးထပ် တိုက် ရဲ့ မျက်စောင်းထိုးခပ်လှမ်းလှမ်းရှိ အနည်းငယ်မှောင်ရိပ်ကျနေသည့် ဗာဒံပင်အောက်တွင် အနက်ရောင် ကားလေးသည် အချိန် တစ်နာရီကျော်ကျော်ကြာအောင် ဘယ်မှမသွားပဲရပ်တန့် နေ၏။

ကားမောင်းသူ ဖက်က ကားမှန်ပြတင်းပေါက်သည် ဖွင့်လှစ်နေပီး  တဝက်လောက်ကျန်နေသေးသည့် ဆေးလိပ်တို ကို လက်ညိုးကြားညှပ်ကာ မှန်ပေါက်ပေါ်လက်တင်ထားသည်။ အောက်ဖက်တွင်လဲ ဆေးလိပ်တိုများပျံ့ကျဲနေသည်မှာ ဆယ်လိပ်ထပ်မနည်းတော့ပေ။

" တောက်! "

"လူလူ  မင်းအတော်အတင့်ရဲနေပါ့လား"

အေးစက်စက် အသံသည် လင်းနေတဲ့ မျက်နှာပြင်က ဖုန်းနံပါတ်ကိုသေချာကြည့်ပီး ထွက်ပေါ်လာ၏။ 
တညနေလုံးကိုယ့်မှာတော့ လူးလူး လိမ့်လိမ့် လွမ်းလိုက်ရတာ။ ဘယ်လောက်ပဲ သူ့ ဖက်က မချော့ပဲနေနေ ချစ်သူတွေပဲ
ကိုယ်မချော့ရင် သူချော့ပေါ့။ ခုဟာက ကိုယ်နေသလို သူလဲနေမယ်ဆိုတဲ့သဘော။
ကိုယ်က အသက်ကြီးပီးလူကောင်ကြီးတာမှန်ပေမဲ့ ကိုယ်လဲ အချော့ခံချင်သည်လေ။
ဒါကို  ၂၄ နာရီကျော်သည်ထိ ဖုန်းမဆက်ပဲ လူငယ်ဦး ဘာအချိုးတွေ ချိုးနေတာတုန်း။  မတွေ့ ပဲနေတုန်းက ဒေါသအလျှောက် ဖုန်းမဆက်ပဲနေနိုင်ပေမဲ့ မျက်နှာလေးမြင်ပီးမှတော့  ဇ  တကယ် မနေနိုင်ပါ။ 

လူငယ်ဦးကတော့ ဇ ရဲ့ သည်းခံမူ့ ကို စိမ်းသက်နေသည်။ 

နာရီလက်တံက တရွေ့ ရွေ့ နဲ့ ညကိုးနာရီ ထိုးပီးမှာတော့ ဇ  ကားပေါ်က ဆင်းလိုက်သည်။

  နှစ်နာရီကျော်ကြာအောင် ကားပေါ်မှာထိုင်နေရတာကြောင့် ကားတွေရော ဒူးတွေရော နာနေ၏။ စိတ်ပျက်လက်ပျက် နာနေတဲ့ ခါးကို ကိုင်ကာ ဆဲဆိုနေတုန်း မျက်လုံးထဲဝင်လာတာ   စပန့် ဝမ်းဆက်အနီရောင်လေးနဲ့ လူလူ။

ကြည့်စမ်း အချိန်မတော် ဒါဘာထွက်လုပ်တာလဲ။

မကျေနပ်စိတ်နဲ့ ဒေါသက ခေါင်းပြူ လာကာ ခြေလှမ်ကျဲတို့ က လူငယ်ဦးဆီ။

" နေစမ်းပါအုန်း ဒါက ဘယ်ကြွမလို့ လဲ"

ပြောတဲ့စကားမဆုံးသေး နောက်ကနေ ရုတ်တရက်ဆောင့်ဆွဲ လိုက်တာကြောင့် 
လူလူ တုန်ဆတ်သွား၏။ 

ည အချိန်မတော် အမှတ်တမဲ့လုပ်ရပ်က
အတွေးများနေတဲ့ လူလူကို အလန့် တကြားဖြစ်စေသည်။

တနေ့ လုံး ဝမ်းနည်းနေတဲ့ စိတ်တို့ က မကျေနပ်မူ့ ကို ကူးပြောင်းကာ

" ဘယ်သွားသွား ခင်များအပူ ပါလား။ "

"လူလူ ငါ့ကို ဘယ်လိုပြောလိုက်တယ်"

ဇ  ကိုင်ထားတဲ့ လက်ကို မြှောက် ကာ လှုပ်ခတ်မေးလိုက်သည်။ မော့ကြည့်နေတဲ့ မျက်နှာက  ဇ  ကိုပမာမခန့် လုပ်မဲ့ မျက်နှာထားနဲ့ ။

လူလူ …လူလူ… အကျင့်ဆိုးတွေတက်လာပီ။

"ကြားတဲ့ အတိုင်းပဲ "

"အော် … ခုတော့ မင်းကငါ့ကိုပြန်ပြောနေပီပေါ့ဟုတ်လား…ပြောစမ်းပါအုန်း … ငါမဟုတ်တဲ့ တခြားကောင်ကို တွေ့ နေပီလား။ "

လူလူ အကိုကြီးစကားကြောင့် ဒေါသက အတိုင်းဆမရှိတက်သွားသည်။

" ဟွန်း … တွေ့ တော့ ဘာဖြစ်လဲ ။
အနည်းဆုံးတော့ အကိုကြီးလို အချိန်တိုင်း
ဒေါသထွက်မနေဘူး ။  "

"လူလူ မင်း ငါ့ကို ဘယ်လိုပြောလိုက်တယ်။ တော်တော် သတ္တိတွေကောင်းလာတယ်ပေါ့ ဟုတ်လား တွေ့ မယ် မင်းနဲ့ "

ဇ  ကိုယ်လုံးသေးသေးကို ပုခုံးပေါ်ကောက်တင်ပစ်လိုက်သည်။ လူငယ်ဦးက သူ့ ကိုစိန်ခေါ်နေမှတော့ ဘာတက်နိုင်မှာတုန်း။

"ဖယ်စမ်း ချ ပေး။ တိုင်းထွဋ်တင် ခုချပေးလို့ ခင်များကို ပြောနေတယ်"

လှုပ်ခတ်တွန်းကန်နေတဲ့ ပုခုံးပေါ်က လူလူ့ ကြောင့် ဇ မကျအောင် မနည်းထိန်းနေရသည်။

"ဖြန်း… ငြိမ်ငြိမ်နေစမ်း လူလူ ။ မင်းနဲ့ စာရင်းရှင်းစရာကျန်သေးတယ်။ ငါနဲ့ လိုက်ခဲ့ ။ ပြောစရာနားမထောင်ပဲ ငြိမ်ငြိမ် မနေရင်
ဖြန်း… ဖြန်း… မင်းဖင်ကို ခုလို တစ်လမ်းလုံးရိုက်ပစ်မယ်။

အကိုကြီးပုခုံးပေါ်မှာ ထမ်းထားတဲ့ လူလူသည် နာသွားတဲ့ ဖင်နဲ့ အတူ ပါးပြင်တွေ ပူထူကာ ချက်ခြင်းငြိမ်သက်သွားသည်။
ဘယ်လောက်ပဲ ရင်းနှီးပွင့်လင်းပါစေ
ဒီအခြေနေကြီးက ဘယ်လောက်ရှက်စရာကောင်းလဲ။

-
-
-
-
-
-

လူလူ ဒီဖက်လှည့်စမ်း"

လည်ပင်းကျိုးမတက် စောင်းလှည့်ထားတဲ့
ခေါင်းကြောင့် ဇ အသံက အားမလို အားမရထွက်လာ၏။ တိုက်ခန်းကို ခေါ်လာမှတော့ ပြန်လွှတ်ဖို့ တော့ စိတ်ကူးမရှိတာကြောင့်

"လူလူ ဒီဖက်လှည့်ပါဆို စကားပြောကြမယ်"

မနေနိုင်သူက ဇ  မို့ လေသံကို အတက်နိုင်ဆုံး လျော့ကာ ချိုချိုသာသာပြောလိုက်၏။
အဆိုးလေးကတော့ လုံးဝ လှည့်မလာပေ။
ဇ သက်ပြင်းချလိုက်ကာ…

"မချစ်တော့ဘူးလား။ လမ်းခွဲချင်လို့ ဒီပုံစံလုပ်နေတာလား "

ထိုအခါမှ လှည့်လာတဲ့ မျက်နှာနုနုက
ဝေ့သီနေသော မျက်ရည်စ တွေနဲ့ ဖြစ်သည်။

" ခင်များစိတ်နဲ့ လာမနှိုင်းနဲ့ ။ ကျွန်တော် နေမကောင်းဖြစ်တာတောင် နားလည်မပေးနိုင်တဲ့ သူကို ဘယ်လိုစိတ်နဲ့ ရှေ့ ဆက်ရမှာလဲ။ တွဲတာ တစ်နှစ်ကို တလပဲ ကျော်သေးတာနော် အကိုကြီး။ ခင်များဒီပုံစံနဲ့  ကျွန်တော်တို့ နှစ်ယောက်ရှေ့ ဆက်ရမဲ့ အနာဂတ်ကို ဘယ်လို စိတ်ချရမှာလဲ …ပြော …ပြောလေ အလကားလူ ။ ဒေါသထွက်မယ် အော်ဟစ် ရန်တွေ့ တာကလွဲပီး ခင်များ  ဘာတက်လဲ။ဒီအချိုးနဲ့  ခုမပြတ်လဲ အချိန်တန်ပြတ်မှာပဲ "

ငြိမ်နားထောင်နေတဲ့ ဇ က လူလူ့ ဆီကပြတ်မယ်စကားလဲ ကြားရော ဒေါသတကြီးအော်ပစ်လိုက်သည်။

ရန်ဖြစ်တိုင်းဆိုးသမျှကို သည်းခံနိုင်ပေမဲ့ ပြတ်မယ်ဆိုတဲ့ စကားကိုတော့ လုံးဝ လက်မခံနိုင်ပေ။ 

"ဘာလို့ ပြတ်ရမှာလဲ လူလူ။ မင်းဆက်မပြောတော့နဲ့ ။ အေး မင်းမို့ လို့  သက်သာသွားတယ်မှတ်လူလူ။ တခြားသူစိမ်းတစ်ယောက်ကလာပြောကြည့် မလွယ်ဘူး "

"ဒါဆို ခင်များအချိုးတွေပြင်လေ ။ ဒီပုံစံနဲ့ ကျွန်တော်ဘယ်လိုယုံကြည်ရမှာလဲ"

"ဘာအချိုးကိုပြင်ရမှဲာ ။ ငါ့ဘဝတလျှောက်လုံး မင်းကို ဒီလောက်ချစ်ပီး အလျော့ပေးလာတာ ငါက ဘာကိုပြင်ရမှာလဲ။ မင်းကိုချစ်တဲ့ အချစ်တွေကို ပြင်ပေးရမှာလား။
ပြင်စရာဆိုလို ဒါတွေပဲရှိတယ်"

အေးစက်စွာ တလုံးခြင်းပြောနေတဲ့ အကိုကြီးဆီက  မျက်နှာလွှဲဖယ်ကာ
လူလူ အံကြိတ်လိုက်သည်။ လူလူ မကြိုက်တာ ဒီလို စကားပြောပုံတွေ။

အကိုကြီးသူ့ ကိုချစ်တာကို သိပေမဲ့  နည်းနည်းလောက်အလျော့ပေးတာကို လူလူရချင်သည်။

မမှားဘူးလို့ လက်ခံထားရင်တောင်  ကိုယ်မှားသွားပါတယ် လို့ တခွန်းလောက်ပြောလိုက်ရင် လူလူကျေနပ်ပေးလိုက်မှာ။ ခုလို ရန်သူတွေမဟုတ်ပဲ ဘူးခံပီး ပြောနေစရာ လိုမှမလိုတာ။

အသက်ကွာတယ်ဆိုပီး  ဘယ်တုန်းက ချော့မော့ပြောဘူးလို့ လဲ။

သူကြီးပဲ အော်တယ်။

အမြဲ ဒေါသကြီးပီး ကလေးဆန်သည်။

လူလူက အငယ်ပါ။ တခါတလေ အကိုကြီးမမှားပေမဲ့ အလျော့ပေးတာကို လိုချင်တာ။ တောင်းပန်ပီးမှားသွားပါတယ်ပြောတာကို ကြားချင်တာ။ 

" ဟီးအီးအီး … ပြန်မယ် ။ လုံးဝ လာမခေါ်နဲ့  အမြဲ အနိုင်ကျင့်နေတဲ့ ခင်များကို အင့်
လုံးဝ မပတ်သတ်နိုင်တော့ဘူး။ ရေး ဆိုရင် ကိုကြီးဒေဝါက အမြဲ အလျော့ပေးတယ်။ အော်ဖို့ နေနေသာသာ ပြတ်မယ်ပြောလိုက်ရင်ကို ပြာနေအောင်ချော့တာ ။ ဟင့် ဟီးအီးအီး ဖေဖေ့ဆီကိုပဲ ပြန်မှာ ခင်များဆီကို တသက်လုံးပြန်မလာဘူး ဖုန်းလဲ ဆက်မရအောင်လုပ်ထားမှာ"

လူလူ့ စကားတွေကြောင့် ဇ  ခါးတွေမတ်မိလိုက်သည်။ဘယ်က ဒေဝါ ပါ ပါလာရတာတုန်း။ အသံထွက်အောင် ငိုနေတဲ့ပုံစံက
တခါမှတောင် မ မြင်ခဲ့ဘူးတာကြောင့်
ဇ ဒေါသတွေပျောက်ကာ တအံ့တသြသာကြည့်နေမိတော့သည်။
သူ့ ထက်အသက်ငယ်ပေမဲ့ လူလူတခါတောင် ခုလိုဝမ်းနည်းပက်လက်မငိုဘူးတာကြောင့် ဇ  ဆိုဖာပေါ်မှာထိုင်နေတဲ့ လူလူဘေးကို နည်းနည်းတိုးကပ်သွားလိုက်မိသည်။

"လူလူလေး ကိုယ်မှားသွားပါတယ် ။ မငိုနဲ့ တော့နော်"

"ဘာအခုမှ မှားတာလဲ သွား…မဖက်နဲ့ "

ပုခုံးလေးကို ခပ်ဖွဖွဖက်ကာ ချော့မဲ့ ဇ လက်တွေကို  မျက်နှာတွေနီရဲကာ ငိုနေရင်းတန်ပုတ်ထုတ်ခံလိုက်ရ၏
ထို့ ကြောင့်  ဇ  ဘေးမှ ထိုင်မရ ထမရ ဖြစ်ချင်လာသည်။ လူလူလေးရဲ့ ပါးပြင်မှာ စိုရွဲနေတဲ့ မျက်ရည်စတွေက  ဇ  ရင်ကို မီးပြင်းပြင်းနဲ့ မြိုက်လိုက်သလို ခံစားရတာကြောင့်  မျက်နှာလေးငယ်ကာ ထပ်ချော့လိုက်သည်။

" အခုမှ မှားတာမဟုတ်ပါဘူး။ လူလူလေးကို အော်မိကတည်းက မှားသွားတာပါ။ ကိုယ်ဟာ တကယ်မကောင်းတဲ့သူပါ။  "

"……"

မျက်ရည်တွေသုတ်ကာ ညိမ်နေပေမဲ့ ဇ ကိုကျောပေးထားဆဲ။ စောစောကလောက် အခြေနေမဆိုးတော့တာကြောင့်  ဇ  နည်းနည်းအရဲကိုးကာ  ခါလေးကို နောက်ကနေသိုင်းဖက်လိုက်သည်။

" လူလူကလဲကွာ ။ ကိုယ်က တကယ်တော့  ဒေါသကြီးတယ်ဆိုပေမဲ့ မင်းကို ချစ်တာပါ။ မင်းပဲ အရင်ကပြောတယ်လေ။ ခနခန ရန်ဖြစ်ကြမယ်ဆို အဲ့ဒါကြောင့် ကိုယ်က မင်းစိတ်ချမ်းသာအောင် ရန်ဖြစ်ပေးတာ။  "

"ဟင့်  မကြိုက်တော့ဘူး။ ရန်ဖြစ်တာ လုံးဝ မကြိုက်တော့ဘူး ။"

ဇ ဖက်ကိုလှည့်လာတာကြောင့် တင်းကြပ်စွာဖက်ထားတဲ့ လက်ကို လျော့ပေးလိုက်သည်။

"အင်း အင်း လူလူလေးရန်ဖြစ်တာမကြိုက်ရင် လုံးဝမဖြစ်တော့ဘူး ။ တခုပဲ ကိုယ်ကို ပြတ်မယ်ဆိုတဲ့စကားတော့ မပြောနဲ့ ။ ကိုယ့်ဖက်က ကျန်တာအကုန်လျော့ပေးနိုင်တယ်ဒါတော့မရဘူး"

"မပြောတော့ဘူး ။ အကိုကြီးလဲ ကလေးမဆန်တော့နဲ့ "

ရင်ခွင်ထဲက ကိုယ်လုံးလေးကိုဖက်ထားကာ

"ဘယ်တုန်းက ကလေးဆန်လို့ တုန်း။ မဖြစ်နိုင်တာတွေ "

"အကိုကြီး ! "

"ဘာတုန်း! "

"စောစောက ပြောတော့ အလျော့ပေးမယ်ဆို"

"အေးလေ အခုလျော့နေတာပဲ ။ မင်းကသာ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ "

အလိုမကျတဲ့တယောက်တခွန်း အော်ဟစ်သံတွေက တစွန်းတစ ထွက်လာပေမဲ့
တယောက်နဲ့ တစ်ယောက်ဖက်ထားတာကိုတော့ မလွှတ်ခဲ့ပေ။
သေချာတာကတော့ ရန်ဆက်ဖြစ်နေအုန်းမယ်ဆိုတာပဲ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz