Completed
 -
-
-
-
ချစ်တဲ့အိမ်စည်။
-------------------------
" သား အိမ်ခန ပြန်နားလိုက်လေ ။ မင်း အမေသက်သာပါတယ် ။ စိတ်ပူစရာမလိုတော့ဘူး "ဆေးရုံVIPခန်းမို့ ဧည့်သည်လာရင်ထိုင်ရအောင် ထည့်ပေးထားတဲ့ ဆိုဖာ ပေါ်မှာ နောက်မှီထိုင်နေတဲ့ ဇ ကခြေပစ်လက်ပစ်။ ပင်ပန်းနေတဲ့ သားပုံစံကြောင့် ဦးထွဋ်တင် တမင်နားခိုင်းလိုက်တာပင်။ တကယ်လဲ ချယ်ရီ က စိုးရိမ်ရလောက်အောင်ထိ မဖြစ်တော့တာမို့ သူရော သားရော နှစ်ယောက်စောင့်ပေးရလောက်အောင်ထိ မလိုအပ်တော့ပေ။ "ဒါဆိုလဲ ကျွန်တော်ခန ပြန်အုန်းမယ်။ အရေးအကြောင်းဆို ဖုန်းဆက်လိုက်ဖေဖေ""အေး အိပ်ယာထဲ ဝင်ခွေမနေနဲ့ အုန်း ။ ထမင်းလေးဘာလေးစားအုန်း "ခေါင်းအသာညိမ့်ပြသွားတဲ့ ကိုတိုင်းက
လေဆိပ်ကနေ တခါထဲလာခဲ့တာမို့ ပါလာတဲ့ luggageကိုဆွဲပီး ထွက်သွား၏။
ဒီကလေး ဘာတွေများဖြစ်လာတာတုန်း။
မျက်နှာမသာမယာဖြစ်နေတဲ့ သားကိုကြည့်ပီး စိတ်မသက်မသာ ဖြစ်လာတာမို့ အိပ်ပျော်နေတဲ့ မိန်းမဖြစ်သူ နန်းချယ်ရီကိုသာ အကြည့်တို့ ပို့ လိုက်၏။ -
-
-
-
-
-"ဘုန်း"ပစ်ချလိုက်တဲ့ Luggageက ကြမ်းပေါ်မှာ ပိုးလို့ ပက်လက် ။ အခန်းကိုဝေ့ကြည့်လိုက်တော့ သူမရှိတာတောင် သန့် ရှင်းရေးဝင်လုပ်ထားသည်ထင် သန့် ရှင်းတောက်ပြောင်နေ၏။အမဲရောင်အိပ်ယာထက်မှာ ငြိမ်သာစွာ
ဝင်လှဲလိုက်ရင်း ပါးပေါ်မှာ မျက်ရည်တစင်းဖြတ်ပြေးသွား၏။
ဖေဖေမှာလိုက်တာကို သတိရပေမဲ့
ခြေတွေလက်တွေကို မသယ်ချင်လောက်အောင် စိတ်ရောလူရော နူန်းခွေနေ၏။မတွေးချင်ပေမဲ့ စိတ်က လူလူ့ ဆီရောက်သွားတာကြောင့် မျက်လုံးကို တင်းတင်းမှိတ်ပီး အတွေးတွေကိုမောင်းထုတ်ပစ်လိုက်သည်။ "ချီးပဲ "ခန္ဓာကိုယ်ကိုမှောက်အိပ်လိုက်ပီး ဘယ်လိုမှ ပျောက်ပြယ် မသွားတဲ့ လူလူ့ ပုံရိပ်တွေကြောင့်အသံတိတ်ဆဲလိုက်၏။သူ့ ကြောင့်ဖြစ်ခဲ့တာမှန်ပေမဲ့ လူလူ့ အတိတ်မေ့ သွားတာနဲ့ နှလုံးသားထဲက အချစ်တွေမေ့ သွားတာကို မဆိုင်ဘူးလို့ အတ္တဆန်ဆန်ပဲတွေးလိုက်သည်။
လူကိုဘယ်လောက်မေ့မေ့ အတွေ့ အထိ နဲ့ အမူအကျင့်က မရင်းနှီးလောက်အောင်
စိမ်းသက်စရာမှ မလိုတာ။ မရေမရာနဲ့ မကျေနပ်ချက်တွေကို တွေးပီး လူလူ့ ဆီကိုစိတ်ကပြန်ရောက်သွားသည်။ဇ ကလူလူနဲ့ ပတ်သတ်ရင်လောဘကြီးသည်ဆိုပေမဲ့လဲ လူလူကိုသေလောက်အောင် တကယ် ချစ်ခဲ့တာ။ တလကြာအောင်
သူကြိုးစားပေမဲ့ အရာမထင်ခဲ့ပေ။
စတွဲကတည်းက ရန်ဖြစ်ပီး စိတ်ဆိုးကြရင်တောင် ငါးနာရီကြာအောင် မခေါ်မပြော မဖြစ်ဘူးဘူး။ ခုတော့ ……မကျေနပ်တာရောပင်ပန်းတာရောပေါင်းကာ တွေးနေရင်း ဇ အိပ်ပျော်သွားသည်။
အိပ်နေရင်း အိမ်မက် မက်သည်။ အိမ်မက်ထဲမှာလဲ လူလူ နဲ့ ရန်ဖြစ်နေခဲ့တာမို့ နိုးလာတော့လဲ စိတ်အခြေနေရမကောင်းပေ။ မကြည်မလင်နဲ့ ရေချိုး ထမင်းစားပီးသည့်တိုင် ယောင်ချာချာခံစားချက်က ဆိုးဝါးစွာ။ နောက်ဆုံး ကားသော့ကိုဆွဲကာ
ဦးတည်ရာက မိုးဒေဝါ ရှိမဲ့ဆီ။ တီ…တီအနက်ရောင်သံပန်းတံခါးရှေ့ ခန ရပ်ပီး ဟွန်းတီးလိုက်သည်။ ခနအကြာတွင် ဒေဝါတို့ အိမ်ကအလုပ်သမားကောင်လေးတစ်ယောက်ပြေးထွက်လာပီး တံခါးလာဖွင့်သည်မို့ အထဲထိကားကိုမောင်းဝင်လိုက်သည်။ အိမ်ထဲဝင်လိုက်တာနဲ့ သန့် ရှင်းရေးလုပ်နေတဲ့ မိန်းကလေးကို ပထမဆုံးတွေ့ လိုက်တာကြောင့်"ဒေဝါ ရော"ထိုကောင်မလေးက လုပ်လက်စရပ်ပီး ဇ ကိုမော့ ကြည့်လာ၏။ တခါတလေမှ လာဖူးပေမဲ့ ဇ ကိုတော့ သူတို့ အကိုလေးရဲ့ သူငယ်ချင်းမှန်းချက်ခြင်းမှတ်မိသွားပုံရကာ"အပေါ်ထပ်က သူအခန်းထဲမှာပါရှင့်"ဇ ခေါင်းညိတ်ပြခဲ့ပီး လှေကားထစ်တွေအတိုင်း စိတ်မပါလက်မပါ တက်လာခဲ့လိုက်သည်။ သူရောက်ဖူးတဲ့ အခန်းရှေ့ ရောက်တော့ တံခါးနှစ်ချက်ခေါက်ပီး အသိပေးလိုက်သည်။ ဒေါက်! ဒေါက် !"ဘယ်သူလဲ ""မင်းအဖေ "ဇ အသံက စိတ်ပျက်အားလျော့စွာ။ မကြာဘူး တံခါးလာဖွင့်ပေးတဲ့ ဒေဝါက ဖုန်းပြောနေရက်တန်လန်း နဲ့ ဖြစ်သည်။
ဇ ဝင်နိုင်အောင် ဘေးတိမ်းပေးပီး
သူ အထဲရောက်မှ တံခါးပိတ်လိုက်သည်။
ဇ အခန်းထက်စာရင် နည်းနည်းကျဉ်းတယ်ဆိုပေမဲ့ မိုးဒေဝါကလဲ ချမ်းသာတဲ့ အိမ်က သားမို့ အခန်းက အဆင့်တန်းရှိစွာ။ ဂစ်တာ တစ်လက်ကို အခန်းထောင့်မှာ ထောင်ထားတာတွေ့ လိုက်တော့ ဇ ခြေလှမ်းတွေက အဲ့ဒီနေ ရာကိုရောက်သွားသည်။ အခင်းမပါတဲ့ ကြမ်းပေါ်ကိုခြေဆင်းထိုင်ချပီး ဂစ်တာကောက်ပွေ့ ကာ သံစဉ်တချို့ ကို စိတ်မပါလက်မပါ တီးကြည့်နေသည်။ ဒေဝါ ရေးကို နှုတ်ဆက်ပီး ဖုန်းချလိုက်သည်။ ထို့ နောက် မျက်နှာသိပ်မကောင်းတဲ့
သူငယ်ချင်းဖြစ်သူနဲ့ မျက်နှာချင်းဆိုင်ကြမ်းပေါ်ကို သူပါထိုင်ချလိုက်၏။"အောက်မှာအေးတယ် ခုံပေါ်တက်ထိုင်လေ"ဇ ကအရေးမလုပ်ပဲ သူကြိုက်တဲ့ သီချင်းတစ်ပုဒ်က စာသားတချို့ ကို ဆိုလိုက်သည်။ 🎶နင်ရယ် …ငါရယ် ခုတလေဝယ်
အဆင်မပြေတာတွေ သိပ်များတယ်
စကားလေးတခွန်းကို အထနကောက်တာ
ခနခနပဲကွာ… တခုခုတော့မှားနေတယ် 🎶အဆုံးအစမရှိတဲ့ သီချင်း စာသားနည်းနည်းကို တိကနဲ ရပ်ပစ်ကာ ဂစ်တာကို
ပိုက်ကာ ငြိမ်သွားပြန်သည်။ ဇ ပုံစံက စိတ်နဲ့ လူနဲ့ မကပ်သည့်ပုံမို့ ဒေဝါ စကားဆက်ပြောလိုက်သည်။ " မင်းဘယ်နေ့ ကပြန်ရောက်တာလဲ ""မနေ့ က ""လူလူရော သက်သာလား ""အင်း""ဘာစားမလဲ ငါတခုခု လုပ်ပေးမယ်"ဒေဝါ ဇ ဆက်မပြောချင်တာသိလို့ စကားလမ်းကြောင်းလွှဲလိုက်သည်။ လူလူ ဆေးရုံတက်တုန်းကလဲ သူတို့ အဖွဲ့ လိုက် သွားဖို့ ပြင်ခဲ့ပေမဲ့ ဇ မလာဖို့ ပြောသည်မို့ မသွားဖြစ်ခဲ့။ ခုလဲ လူလူ့ အကြောင်း မပြောစေချင်တဲ့ပုံအရ ခုထိ အဆင်ပြေသေးပုံမပေါ်။ "တော်ပီ ငါပြန်တော့မယ် "ချက်ခြင်းမတ်တပ်ထရပ် ပီး ပြန်တော့မလိုလုပ်နေတာကြောင့် ဒေဝါ အလောတကြီးတားလိုက်မိသည်။ " ဟာ… မင်းခုမှ ရောက်တာခုချက်ခြင်းပြန်တော့မလို့ လား… နေပါအုန်း"" ငါမအားဘူး ဆေးရုံသွားစောင့်ပေးရအုန်းမှာ ""ဟမ် ဘယ်သူဘာဖြစ်ပြန်တာလဲ"ဒေဝါအလန့် တကြားမေးမိသည်။ "မေမေ မူးလဲလို့ ""ငါတို့ လဲဘာမှမသိ ရပါ့လား …ခနစောင့်အုန်း ငါပါလိုက်မယ်"ဇ က လိုက်ပါလို့ လဲမပြော မလိုက်နဲ့ လို့ လဲ မပြော။ ဒေဝါ လက်ရှည်တထည်ထပ်ဝတ်ပီး ပိုက်ဆံအိတ်ကောက်ကိုင်လိုက်သည်။ဇ မလိုက်နဲ့ ပြောရင်တောင်
သူတို့ ကသွေးသားမတော်စပ်ပေမဲ့ ညီအကိုတွေမို့ လား။ ဇ အမေကလဲ သူ့ အမေပဲမို့ အခန်းထဲက အရင်ထွက်သွားတဲ့ ဇ နောက်ကို မြန်မြန်ဆန် ပြေးလိုက်သည်။ဆေးရုံရောက်တော့ အန်တီချယ်ရီကို
ဦးလေးက ဆန်ပြုတ်တိုက်နေသည်။ ဇ က သူ့ အမေနားကပ်သွားပီး ညင်သာစွာမေးလိုက်သည်။"မေမေ သက်သာလား"အမြဲမာနကြီးပီး လှလှပပနေတက်တဲ့ မေမေက ဆေးရုံဆေးခန်းနဲ့ မလိုက်ဖက်ပေ။
အိမ်မှာ အမေဖြစ်သူနေမကောင်းဖြစ်နေတာတောင် သူကဖုန်းမကိုင်ပဲ လူလူ့ နားမှာ ကပ်နေခဲ့သည်။ နောက်ဆုံးအချိန်
သူ အဆင်မပြေဖြစ်လို့ လူလူ့ ကို လိုက်ခဲ့ဖို့ ခေါ်ခဲ့တာတောင် လူလူ ငြင်းဆန်ခဲ့သည်မို့ သူအတော်ကြီးလူလူ့ ကိုစိတ်ဆိုးခဲ့၏။ တခါမှ မမြင်ဘူးတဲ့ သားပုံစံကြောင့် ဒေါ်နန်းချယ်ရီ ပြုံးလိုက်ပီး အေးဆေးစွာ သားကိုနှစ်သိမ့်လိုက်သည်။"မေမေ သက်သာပါတယ်။ ဒေဝါရော လိုက်လာတာလား။ ထိုင်လေ သားရယ် အားနာစရာ …မတ်တပ်ကြီး ရပ်နေတယ်""မဟုတ်တာ ကျွန်တော်ကရပါတယ် အားနာရမဲ့သူမှ မဟုတ်ပဲ အန်တီချယ်ရီကလဲ။ ကျွန်တော်ကသာ အားနာနေတာ
အန်တီချယ်ရီနေမကောင်းဘူးဆိုတာ ခုမှသိလို့ လာကြည့်တာ နောက်ကျသွားတယ်။။ "ဒေဝါ ချိုချိုသာသာပြုံးပီး အန်တီချယ်ရီကို
ကျေနပ်အောင်ပြောမိသည်။ ဇ ကတော့ ဘေးမှာ တွေတွေကြီး ရပ်နေ၏။ " ဦးလေး ဒီည အိမ်ပြန်အိပ်ချင်အိပ်လိုက်လေ ။ ကျွန်တော် တို့ အန်တီချယ်ရီကို စောင့်ပေးရင်း ဒီမှာ အိပ်လိုက်မယ် ။ "" ဖေဖေ ပြန်လိုက်ပါ ။ ကျွန်တော်နေခဲ့မယ်"ဇ အနည်းငယ်ပိန်သွားတဲ့ သူ့ အဖေကို အိမ်ပြန်ဖို့ တိုက်တွန်းလိုက်သည်။
သူအများကြီး မိဘကျေးဇူးကို မဆပ်နိုင်သေးတာကို မေမေနေမကောင်းဖြစ်မှ နားလည်လက်ခံမိသွား၏။ အရင်ကထက် ဆံပင်ဖြူတွေပိုပေါက်လာတာကြောင့် ဖေဖေပင်ပန်းမယ်ဆိုတာ ဇ သိသည်။ဦးထွဋ်တင် အိမ်ပြန်အိပ်ဖို့ သဘောတူလိုက်တယ်။ဒီရက်ပိုင်း ကုမ္ပဏီမှာ အလုပ်များနေတာရယ် ချယ်ရီ နေမကောင်းတာရယ်ပေါင်းပီး သူ အတော်ပင်ပန်းနေသည်။ ဖေဖေ ပြန်သွားပီးနောက်မှာ ဇ မေမေ့ဘေးမှာ ကပ်ထိုင်လိုက်သည်။ ဆေးပိုက်ချိတ်ထားတဲ့ လက်ကိုကြည့်ပီး"ကျွန်တော်တောင်းပန်ပါတယ်မေမေ ။ "ဟု ကွဲအက်တဲ့အသံဖြင့်တောင်းပန်လိုက်သည်။ သူသားကောင်းတစ်ယောက်မဖြစ်ခဲ့ပေမဲ့ သားမိုက်တစ်ယောက် ဖြစ်ခဲ့ဘူးသည်။ ဖေဖေ့ကို မကူညီပေးဖူးသလို မေမေ့ကိုလဲ ရင်းနှီးစွာမနေဘူးပေ။ မေမေ ကတော့ ဇ ကိုသူအဆင်ပြေပါတယ်ဆိုတဲ့ အကြည့်နဲ့ ပြုံးပြသည်။
ချစ်တဲ့အိမ်စည်။