ZingTruyen.Xyz

ဇ ( Completed)

38

eainsi23

" ေဖေဖ မလာနဲ ့ေတာ့ေလ … အလုပ္သြားမွာမို ့လား ။ "

"……"

"စိတ္မပူရေတာ့ပါဘူး ဆရာဝန္ႀကီးလာႀကည့္သြားတယ္ … မနက္ဖန္ေလာက္ဆိုဆင္းလို ့ရပီတယ္တဲ့ "

"……"

"ဟုတ္ေဖေဖ စိတ္မပူပါနဲ ့က်ြန္ေတာ္ဘယ္မွမသြားပါဘူး "

"……"

"ဟုတ္ ဒါပဲေနာ္ေဖေဖ"

ဇ ဖုန္းခ်ပီးေနာက္  ေမေမကို ေက်ြးလက္စ
ထမင္းေပါင္းပူပူေလးကို ျပန္ေက်ြးဖို ့ဇြန္းကိုေကာက္ကိုင္လိုက္၏။

"မင္းအေဖက ဘာေျပာေနတာလဲ"

ေမေမ့ ကိုဂရုတစိုက္တဇြန္းအရင္ ေက်ြး
လိုက္ပီးမွ  

" ဘာေျပာရမွာလဲ သိရက္သားနဲ့  …
မတည့္တာေတြမေက်ြးဖို ့နဲ ့သူမရွိခင္ ေမေမတစ္ေယာက္ထဲထားပီး အျပင္မသြားဖို ့ေပါ့"

နွုတ္ခမ္းနားက ေပေနတဲ့ အရာေတြကို ေသခ်ာ တစ္ရွဳ းနဲ ့သုတ္ေပးရင္း ဇ ေျပာေတာ့ ေမေမက ရယ္လိုက္၏

" သြားစရာရွိရင္ သြားပါ ေမေမ ေနေကာင္းေနပါပီ"

" သြားစရာမရွိပါဘူး ေမေမနားမွာပဲေနမွာ
ဟ …ေမေမ  နည္းနည္းက်န္ေတာ့တာကုန္ေအာင္စားလိုက္အုန္း "

"ေတာ္ပီ သား ေမေမ မစားနိုင္ေတာ့ဘူး "

အတင္းမတိုက္တြန္းခ်င္တာေႀကာင့္
လက္ထဲက ပန္းကန္ေလးကို  စားပြဲေပၚေျပာင္းတင္လိုက္သည္။ ေသခ်ာ သန္ ့ရွင္းေရးလုပ္ေပးပီး   တစ္ရွဳးနဲ ့အမွဳိက္တခ်ိဳ ့ကိုပါ
အခန္းေထာင့္မွာ သြားပစ္ပီး ေမေမနားကိုျပန္ကပ္ထိုင္ေနလိုက္သည္။

"သား လူလူေလးက ခုထိေနမေကာင္းေသးဘူးမို ့လား  မနက္ဖန္ေမေမ ေဆးရုံဆင္းရင္ ျပန္သြားေလ "

ဇ  ေခါင္းရမ္းလိုက္သည္။

"မသြားေတာ့ဘူးေမေမ ။ ေမေမေဆးရုံကဆင္းရင္လဲ အရင္လို ေဖေဖအလုပ္မွာ ျပန္လုပ္မလို ့… ေမေမလဲ ေဖေဖကို စိတ္ဆိုးမေနေတာ့နဲ ့။ မဟုတ္လဲ နွစ္ေယာက္လံုး ငယ္ေတာ့တာမွမဟုတ္တာ တခုခုျဖစ္ရင္
တစ္ေယာက္ေယာက္ရွိမွ အဆင္ေျပမွာ ။ "

"ငါသိပါတယ္ ဆရာ  မလုပ္ပါနဲ ့"

ေျပာပီး တဖက္လွည့္သြားတာမို ့ဇ ျပံဳးလိုက္မိသည္။ သားျဖစ္သူက အေဖနဲ ့အေမကို ျပန္ေအာင္သြယ္လုပ္ေနရတာ မ်က္နွာပူေပမဲ့  သူကိုယ္တိုင္လဲ မိသားစုတကြဲတျပား မေနခ်င္ေတာ့လို ့ျဖစ္သည္။

"ေမေမ ခန အိပ္လိုက္အုန္း သားေအာက္ခန သြားလိုက္အုန္းမယ္ …ဝယ္စရာရွိလို ့"

"အင္း အျပန္က် စပ်စ္သီးအလံုးႀကီးတာေလး ဝယ္ခဲ့အုန္းေမေမ စားခ်င္လို ့"

"ဟုတ္ "

ဇ  ပိုက္ဆံအိတ္ယူကာ ေအာက္ထပ္ဆင္းလာခဲ့လိုက္သည္။ တကယ္ေတာ့ သူဝယ္စရာရွိလို ့မဟုတ္ပဲ ေဆးလိပ္ေသာက္ခ်င္လို ့သာ။

လမ္းတဖက္ေထာင့္ နားက ကြမ္းယာဆိုင္ကို သြားပီး ေဆးလိပ္ဝယ္လိုက္သည္။ တမာပင္ေအာက္မွာ လက္တြန္းလွည္းနဲ ေရာင္းေနေပမဲ့ အရိပ္ရတဲ့ ေနရာမို ့ ေအးေအးေဆးေဆးရွိသည္။  မလွမ္းမကမ္းမွာခ်ေပးထားတဲ့ ပလက္စတစ္ခံုမွာ ခနထိုင္ရင္း လက္ထဲေဆးလိပ္ကို တေမ ့တေမာ ဖြာရွဳိက္ပစ္လိုက္သည္။ လူလူမရွိတာ နွစ္ရက္ပဲ ရွိေသးေပမဲ့ မြန္းႀကပ္လိုက္တာ။
ရင္ဖက္တခုလံုးတစ္စို ့ကာ ေနရထိုင္ရတာ
အဓိပၸါယ္မရွိသလို ခံစားေနရတာမို ့ျဖတ္သြားသမ်ွ ကားေတြကို  ေဆးလိပ္ေသာက္ရင္းစိတ္မပါလက္မပါေငးေနျဖစ္သည္။
မိနစ္နွစ္ဆယ္နီးပါးထိုင္ပီးမွ  ဇ  လက္ထဲက ေသာက္လက္စကို ေျမေပၚခ်နင္းလိုက္သည္။ 

ဆက္ထိုု္င္ခ်င္ေသးေပမဲ့ ေမေမတစ္ေယာက္ထဲမို ့ ျပန္ဖို ့ျပင္လိုက္သည္။ ေဆးရုံေထာင့္နားမွာ ေရာင္းေနတဲ့ သစ္သီးသည္ဆီက ေမေမမွာလိုက္တဲ့ စပ်စ္သီးကို
ေသခ်ာေရြးဝယ္ကာ အထုတ္ဆြဲပီး  ေဆးရုံဝင္းထဲ ဝင္ခဲ့လိုက္၏။  အခန္းထဲ ဝင္မည္ရွိေသး စကားသံအခ်ိဳ  ့နဲ ့ရယ္ေမာသံတို ့ေႀကာင့္ တံခါးဖြင့္မဲ့ လက္တို ့ကေလထဲရပ္တန္ ့သြားသည္။

ရင္ထဲစြဲေနတဲ့ အသံက နွစ္ရက္ေက်ာ္ေလာက္မႀကားရတာနဲ ့ေမ့သြားစရာအေႀကာင္းမွမရွိတာ။ ဝင္ရ မဝင္ရ စဥ္းစားပီးေနာက္တြင္ တံခါးဖြင့္ကာ တြန္းဝင္လိုက္သည္။

က်ြီ……

တံခါးတြန္းဖြင့္သံနဲ ့အတူ အထုတ္ဆြဲကာ ဝင္လာတဲ့ သူကို လူလူေနာက္ကိုလွည့္ႀကည့္ရင္းေတြ ့လိုက္ရသည္။

လူလူကို တခ်က္ေတာင္ မႀကည့္ပဲ  အန္တီခ်ယ္ရီ ေဘးကစားပြဲခံုေပၚကို အထုတ္သြားတင္ကာ  အခန္းေထာင့္က ဆိုဖာေပၚသြားထိုင္ေန၏။ 

"သား လူလူေရာက္ေနတယ္ေလ "

ေဒၚခ်ယ္ရီ မေနနိုင္ေတာ့ဝင္ေျပာလိုက္၏။
သားလုပ္ေနပံုက တမင္သက္သက္ မေခၚခ်င္သလို လုပ္ေနတာမို ့လူလူေလးကို အားနာသြားရသည္။

ဇ အေရးမလုပ္ပဲ ဖုန္းထုတ္သံုးလိုက္သည္။  ေတာင္စဥ္ေရမရ  ဖုန္းကိုအထက္ေအာက္ဆြဲေနေပမဲ့ ေမေမတို ့ေျပာစကားကို နားစြင့္ေနမိသည္။ ေမေမကေတာ့ သူ ့လုပ္ရပ္ကိုအားနာသည္ထင္ …လူလူလက္ကိုဆြဲကာ ေတာင္းပန္ေန၏။ 

ခ်စ္တာခ်စ္တာပဲ မေက်နပ္တာက မေက်နပ္တာမို ့ ဇ   လူလူနဲ ့စကားမေျပာခ်င္ေသးပါ။ အတိတ္ေမ့တာနဲ ့သူ ့ကိုခ်စ္တာကိုေမ့သြားစရာလား။ အနည္းဆံုးေတာ့ အႀကာႀကီးခ်စ္ခဲ့တဲ့ သူ ့ကို လ်စ္လ်ဴ ရွဳ ့ကာ အတူျပန္မလိုက္ပဲ ေနခဲ့တာကိုေတာ့ စိတ္ခုသည္။

စိတ္ဘယ္ေလာက္ဆိုးဆိုး ပိုခ်စ္တဲ့သူဆိုေတာ့ မေနနိုင္မထိုင္နိုင္ အရုိးအက္ထားတဲ့
ေျခေထာက္ကိုပါ ခိုးႀကည့္လိုက္သည္။
ပတ္တီးမရွိေတာ့ပံုေထာက္ရင္ လမ္းေလ်ွာက္လို ့ရေနေလာက္ပီထင္သည္။  

" ေမေမ ခန အိပ္လိုက္အုန္းမယ္ …သားအကိုႀကီးနဲ ့စကားသြားေျပာေလ "

အန္တီခ်ယ္ရီက သူ ့ကိုသူေမေမလို ့ေျပာေနေပမဲ့ လူလူ ကေတာ့ မေခၚရဲေသးေပ။ ဖုန္းသံုးေနေပမဲ့ မ်က္ေမွာင္ကုတ္ထားတဲ့ အကိုႀကီးနားကို မရဲတရဲသြားထိုင္လိုက္၏။

"အကိုႀကီး "

"……"

ဇ ျပန္မထူးေပ။ ေဘးနားမွာ မ်က္နွာငယ္ေလးနဲ ့လာထိုင္ေနတဲ့ လူလူ ကို မ်က္ဝန္းေထာင့္မွာ ျမင္ေနရသည္မို ့သူ ့ေဒါသေတြ အနည္းငယ္ေတာ့ ျငိမ္ဝတ္သြားသည္။

"က်ြန္ေတာ္ကို စိတ္ဆိုးေနတာလားဟင္ "

"……"

"ေတာင္းပန္ပါတယ္… "

ခုထိအေရးမလုပ္တဲ့ အကိုႀကီးေႀကာင့္ လူလူ မ်က္ရည္က်လာ၏။ ဝမ္းနည္းစိတ္က တေငြ ့ေငြ ့ေလာင္ေနသလို ရင္ဖက္ထဲမွာ ပူေလာင္ေန၏။ တခါမွ အကိုႀကီးက လူလူ ကို ဒီလိုပံုစံ မဆက္ဆံဘူးတာမို ့ ဒီအေနထားကို လူလူရင္မဆိုင္နိုင္ပါ။

" ဘာလို ့လိုက္လာတာလဲ …မင္းေျပာေတာ့  ေနခဲ့ခ်င္တယ္ဆို "

ပထမဆံုးအကိုႀကီး စကားေျပာလာသည္မို ့လူလူ ဝမ္းသာအားရ ေမာ့ႀကည့္လိုက္သည္။

" လြမ္းလို ့ပါ … "

ထိုစကားေလးေႀကာင့္ ဇ ရဲ့ ေနာက္ဆံုးေဒါသမီးက ဟုပ္ကနဲ ျငိမ္းသြားတယ္။
လူလူနဲ ့ပတ္သတ္လာရင္ သူက အမွတ္မရွိတဲ့သူ။ နားထဲမွာ တျငိမ့္ျငိမ့္တိုးဝင္လာတဲ့ လူလူ ့အသံေလးကိုနားဆက္ေထာင္ေနလိုက္ေပမဲ့ မ်က္လံုးကေတာ့ ဖုန္းကေနမခြာခဲ့။

"က်ြန္ေတာ္ သတိျပန္ရေနပီ အကိုႀကီး။
အကိုႀကီးသြားတဲ့ေန ့က ကားေနာက္ကိုေျပးလိုက္ရင္း ေခ်ာ္လဲခဲ့တာ "

"ဟမ္  ဘယ္နားလဲ ဘာျဖစ္သြားေသလဲ"

ဖုန္းကိုပစ္ခ်ကာ လူလူ ့ေခါင္းကို ဒဏ္ရာဘယ္နားရသြားလဲလို ့ပတ္ရွာေပမဲ့ မေတြ ့။ သူစိုးရိမ္တႀကီး ရွာေဖြေနေပမဲ့ ရင္ခြင္ထဲကေန ခပ္တိုးတိုးရယ္သံေလးထြက္လာတာေႀကာင့္ လူလူ ကို မ်က္နွာျမင္ရေအာင္ ဆြဲထုတ္လိုက္သည္။

" မစိုးရိမ္ပါနဲ ့ဘာမွမျဖစ္ဘူး။ ေခါင္းနဲ ့ပလက္ေဖာင္းနဲ ့ရုိက္မိေပမဲ့ နည္းနည္းေလာက္ပဲ မူးသြားတာပဲရွိတယ္ ဘာမွေတာ့မျဖစ္ဘူး။ ကံေကာင္းတယ္လို ့ေျပာရမယ္
က်ြန္ေတာ္ အကုန္ျပန္မွတ္မိသြားတယ္"

ဇ ဆုတ္ကိုင္ထားတဲ့ လက္ေမာင္းေတြကို လႊတ္ပီး မ်က္နွာလႊဲလိုက္တယ္။ သူ လူလူကို စိတ္ဆိုးတာနည္းနည္းက်န္ေသးတယ္ထင္၏။

"အဲ့ေတာ့ဘာျဖစ္လဲ …မင္းဘာသာ အဲ့ဆီမွာ မင္းအေဖနဲ ့ေနေပါ့ ဘာလို ့လိုက္လာတာလဲ"

"ဒါဆိုအကိုႀကီးက က်ြန္ေတာ္နဲ ့မေတြ ့ရလဲေနနိုင္တယ္ေပါ့"

လူလူ ့အသံက ေဒါသတႀကီးခပ္ႀကိတ္ႀကိတ္ထြက္လာ၏။

" မင္းကအရင္ စ  တာေလ။ ငါေခၚတာလိုက္ခဲ့ပါ့လား ။ မင္းဘာလို ့ေနခဲ့လဲ "

"အဲ့တုန္းက အတိတ္ေမ့ေနတာေလ ။
ဘယ္မွတ္မိမလဲ "

လူလူ အကိုႀကီးကိုစိတ္တိုလာသည္။ တကယ္ဆို အတိ္တ္ေမ့ေနတုန္းက သူမလိုက္ဖူးလို ့ေျပာခဲ့ေပမဲ့ အကိုႀကီးထြက္သြားတုန္းက မခြဲနိုင္လို ့ေျပးေတာင္လိုက္ခဲ့ရသည္။ ဘယ္ေလာက္ပဲ ရန္စကားေတြေျပာေျပာ လူကို သတိမရေပမဲ့ နွလံုးသားကေတာ့ အကိုႀကီးမွ အကိုႀကီးပဲျဖစ္ေနသည္။

"မမွတ္မိလဲ မင္းရင္ထဲက တကယ္ခ်စ္ရင္
ေမ ့ေနလဲ ငါ့ကို လက္ခံနိုင္ရမွာေပါ့"

"အကိုႀကီးက တကယ္ကေလးဆန္တာပဲ။ အျမဲ က်ြန္ေတာ္ကို နားလည္မေပးဘူး။
နားလည္ေအာင္လဲ ႀကိဳးစားမေပးဘူး ။
ဒီလိုပံုစံအတိုင္းဆက္လုပ္ေနရင္ …
က်ြန္ေတာ္နဲ ့အကိုႀကီးေဝးရလိမ့္မယ္"

လူလူ စိတ္ပ်က္လက္ပ်က္ထ ရပ္လိုက္သည္။ ထို ့ေနာက္ အခန္းေထာင့္က ေထာင္ထားတဲ့ အဝတ္အိတ္ကို ဆြဲပီး  အကိုႀကီးကို ေက်ာခိုင္းပီး ထြက္လာခဲ့လိုက္သည္။
မ်က္ရည္ေတြစီးက်ေနေပမဲ့ သူမသုတ္ျဖစ္ခဲ့ဘူး။ တကယ္ဆို ေဖေဖကိုေတာင္ 
ထားခဲ့ပီး အကိုႀကီးကို ေရြးခ်ယ္ခဲ့တာ။ ေလဆိပ္ကေန အကိုႀကီးကိုဖုန္းဆက္ေတာ့
စက္ပိတ္ထားသည္မို ့ကိုႀကီးမိုးေဒဝါဆီဆက္မွ အေႀကာင္းစံုသိရသည္။

ေလယာဥ္မူးသည့္ဒဏ္ေႀကာင့္ပင္ပန္းေပမဲ့မနားပဲ ေဆးရုံတန္းလာခဲ့ေပမဲ့ အကိုႀကီးလုပ္ပံုကရင္ဝ ကိုေစာင့္ကန္လိုက္သလိုပဲ။

ခ်စ္တဲ့အိမ္စည္။

###########

" ဖေဖေ မလာနဲ့ တော့လေ … အလုပ်သွားမှာမို့ လား ။ "

"……"

"စိတ်မပူရတော့ပါဘူး ဆရာဝန်ကြီးလာကြည့်သွားတယ် … မနက်ဖန်လောက်ဆိုဆင်းလို့ ရပီတယ်တဲ့ "

"……"

"ဟုတ်ဖေဖေ စိတ်မပူပါနဲ့ ကျွန်တော်ဘယ်မှမသွားပါဘူး "

"……"

"ဟုတ် ဒါပဲနော်ဖေဖေ"

ဇ ဖုန်းချပီးနောက်  မေမေကို ကျွေးလက်စ
ထမင်းပေါင်းပူပူလေးကို ပြန်ကျွေးဖို့ ဇွန်းကိုကောက်ကိုင်လိုက်၏။

"မင်းအဖေက ဘာပြောနေတာလဲ"

မေမေ့ ကိုဂရုတစိုက်တဇွန်းအရင် ကျွေး
လိုက်ပီးမှ  

" ဘာပြောရမှာလဲ သိရက်သားနဲ့  …
မတည့်တာတွေမကျွေးဖို့ နဲ့ သူမရှိခင် မေမေတစ်ယောက်ထဲထားပီး အပြင်မသွားဖို့ ပေါ့"

နှုတ်ခမ်းနားက ပေနေတဲ့ အရာတွေကို သေချာ တစ်ရှုးနဲ့ သုတ်ပေးရင်း ဇ ပြောတော့ မေမေက ရယ်လိုက်၏

" သွားစရာရှိရင် သွားပါ မေမေ နေကောင်းနေပါပီ"

" သွားစရာမရှိပါဘူး မေမေနားမှာပဲနေမှာ
ဟ …မေမေ  နည်းနည်းကျန်တော့တာကုန်အောင်စားလိုက်အုန်း "

"တော်ပီ သား မေမေ မစားနိုင်တော့ဘူး "

အတင်းမတိုက်တွန်းချင်တာကြောင့်
လက်ထဲက ပန်းကန်လေးကို  စားပွဲပေါ်ပြောင်းတင်လိုက်သည်။ သေချာ သန့် ရှင်းရေးလုပ်ပေးပီး   တစ်ရှုးနဲ့ အမှိုက်တချို့ ကိုပါ
အခန်းထောင့်မှာ သွားပစ်ပီး မေမေနားကိုပြန်ကပ်ထိုင်နေလိုက်သည်။

"သား လူလူလေးက ခုထိနေမကောင်းသေးဘူးမို့ လား  မနက်ဖန်မေမေ ဆေးရုံဆင်းရင် ပြန်သွားလေ "

ဇ  ခေါင်းရမ်းလိုက်သည်။

"မသွားတော့ဘူးမေမေ ။ မေမေဆေးရုံကဆင်းရင်လဲ အရင်လို ဖေဖေအလုပ်မှာ ပြန်လုပ်မလို့ … မေမေလဲ ဖေဖေကို စိတ်ဆိုးမနေတော့နဲ့ ။ မဟုတ်လဲ နှစ်ယောက်လုံး ငယ်တော့တာမှမဟုတ်တာ တခုခုဖြစ်ရင်
တစ်ယောက်ယောက်ရှိမှ အဆင်ပြေမှာ ။ "

"ငါသိပါတယ် ဆရာ  မလုပ်ပါနဲ့ "

ပြောပီး တဖက်လှည့်သွားတာမို့ ဇ ပြုံးလိုက်မိသည်။ သားဖြစ်သူက အဖေနဲ့ အမေကို ပြန်အောင်သွယ်လုပ်နေရတာ မျက်နှာပူပေမဲ့  သူကိုယ်တိုင်လဲ မိသားစုတကွဲတပြား မနေချင်တော့လို့ ဖြစ်သည်။

"မေမေ ခန အိပ်လိုက်အုန်း သားအောက်ခန သွားလိုက်အုန်းမယ် …ဝယ်စရာရှိလို့ "

"အင်း အပြန်ကျ စပျစ်သီးအလုံးကြီးတာလေး ဝယ်ခဲ့အုန်းမေမေ စားချင်လို့ "

"ဟုတ် "

ဇ  ပိုက်ဆံအိတ်ယူကာ အောက်ထပ်ဆင်းလာခဲ့လိုက်သည်။ တကယ်တော့ သူဝယ်စရာရှိလို့ မဟုတ်ပဲ ဆေးလိပ်သောက်ချင်လို့ သာ။

လမ်းတဖက်ထောင့် နားက ကွမ်းယာဆိုင်ကို သွားပီး ဆေးလိပ်ဝယ်လိုက်သည်။ တမာပင်အောက်မှာ လက်တွန်းလှည်းနဲ ရောင်းနေပေမဲ့ အရိပ်ရတဲ့ နေရာမို့  အေးအေးဆေးဆေးရှိသည်။  မလှမ်းမကမ်းမှာချပေးထားတဲ့ ပလက်စတစ်ခုံမှာ ခနထိုင်ရင်း လက်ထဲဆေးလိပ်ကို တမေ့ တမော ဖွာရှိုက်ပစ်လိုက်သည်။ လူလူမရှိတာ နှစ်ရက်ပဲ ရှိသေးပေမဲ့ မွန်းကြပ်လိုက်တာ။
ရင်ဖက်တခုလုံးတစ်စို့ ကာ နေရထိုင်ရတာ
အဓိပ္ပါယ်မရှိသလို ခံစားနေရတာမို့ ဖြတ်သွားသမျှ ကားတွေကို  ဆေးလိပ်သောက်ရင်းစိတ်မပါလက်မပါငေးနေဖြစ်သည်။
မိနစ်နှစ်ဆယ်နီးပါးထိုင်ပီးမှ  ဇ  လက်ထဲက သောက်လက်စကို မြေပေါ်ချနင်းလိုက်သည်။ 

ဆက်ထို်င်ချင်သေးပေမဲ့ မေမေတစ်ယောက်ထဲမို့  ပြန်ဖို့ ပြင်လိုက်သည်။ ဆေးရုံထောင့်နားမှာ ရောင်းနေတဲ့ သစ်သီးသည်ဆီက မေမေမှာလိုက်တဲ့ စပျစ်သီးကို
သေချာရွေးဝယ်ကာ အထုတ်ဆွဲပီး  ဆေးရုံဝင်းထဲ ဝင်ခဲ့လိုက်၏။  အခန်းထဲ ဝင်မည်ရှိသေး စကားသံအချို့နဲ့ ရယ်မောသံတို့ ကြောင့် တံခါးဖွင့်မဲ့ လက်တို့ ကလေထဲရပ်တန့် သွားသည်။

ရင်ထဲစွဲနေတဲ့ အသံက နှစ်ရက်ကျော်လောက်မကြားရတာနဲ့ မေ့သွားစရာအကြောင်းမှမရှိတာ။ ဝင်ရ မဝင်ရ စဉ်းစားပီးနောက်တွင် တံခါးဖွင့်ကာ တွန်းဝင်လိုက်သည်။

ကျွီ……

တံခါးတွန်းဖွင့်သံနဲ့ အတူ အထုတ်ဆွဲကာ ဝင်လာတဲ့ သူကို လူလူနောက်ကိုလှည့်ကြည့်ရင်းတွေ့ လိုက်ရသည်။

လူလူကို တချက်တောင် မကြည့်ပဲ  အန်တီချယ်ရီ ဘေးကစားပွဲခုံပေါ်ကို အထုတ်သွားတင်ကာ  အခန်းထောင့်က ဆိုဖာပေါ်သွားထိုင်နေ၏။ 

"သား လူလူရောက်နေတယ်လေ "

ဒေါ်ချယ်ရီ မနေနိုင်တော့ဝင်ပြောလိုက်၏။
သားလုပ်နေပုံက တမင်သက်သက် မခေါ်ချင်သလို လုပ်နေတာမို့ လူလူလေးကို အားနာသွားရသည်။

ဇ အရေးမလုပ်ပဲ ဖုန်းထုတ်သုံးလိုက်သည်။  တောင်စဉ်ရေမရ  ဖုန်းကိုအထက်အောက်ဆွဲနေပေမဲ့ မေမေတို့ ပြောစကားကို နားစွင့်နေမိသည်။ မေမေကတော့ သူ့ လုပ်ရပ်ကိုအားနာသည်ထင် …လူလူလက်ကိုဆွဲကာ တောင်းပန်နေ၏။ 

ချစ်တာချစ်တာပဲ မကျေနပ်တာက မကျေနပ်တာမို့  ဇ   လူလူနဲ့ စကားမပြောချင်သေးပါ။ အတိတ်မေ့တာနဲ့ သူ့ ကိုချစ်တာကိုမေ့သွားစရာလား။ အနည်းဆုံးတော့ အကြာကြီးချစ်ခဲ့တဲ့ သူ့ ကို လျစ်လျူ ရှု့ ကာ အတူပြန်မလိုက်ပဲ နေခဲ့တာကိုတော့ စိတ်ခုသည်။

စိတ်ဘယ်လောက်ဆိုးဆိုး ပိုချစ်တဲ့သူဆိုတော့ မနေနိုင်မထိုင်နိုင် အရိုးအက်ထားတဲ့
ခြေထောက်ကိုပါ ခိုးကြည့်လိုက်သည်။
ပတ်တီးမရှိတော့ပုံထောက်ရင် လမ်းလျှောက်လို့ ရနေလောက်ပီထင်သည်။  

" မေမေ ခန အိပ်လိုက်အုန်းမယ် …သားအကိုကြီးနဲ့ စကားသွားပြောလေ "

အန်တီချယ်ရီက သူ့ ကိုသူမေမေလို့ ပြောနေပေမဲ့ လူလူ ကတော့ မခေါ်ရဲသေးပေ။ ဖုန်းသုံးနေပေမဲ့ မျက်မှောင်ကုတ်ထားတဲ့ အကိုကြီးနားကို မရဲတရဲသွားထိုင်လိုက်၏။

"အကိုကြီး "

"……"

ဇ ပြန်မထူးပေ။ ဘေးနားမှာ မျက်နှာငယ်လေးနဲ့ လာထိုင်နေတဲ့ လူလူ ကို မျက်ဝန်းထောင့်မှာ မြင်နေရသည်မို့ သူ့ ဒေါသတွေ အနည်းငယ်တော့ ငြိမ်ဝတ်သွားသည်။

"ကျွန်တော်ကို စိတ်ဆိုးနေတာလားဟင် "

"……"

"တောင်းပန်ပါတယ်… "

ခုထိအရေးမလုပ်တဲ့ အကိုကြီးကြောင့် လူလူ မျက်ရည်ကျလာ၏။ ဝမ်းနည်းစိတ်က တငွေ့ ငွေ့ လောင်နေသလို ရင်ဖက်ထဲမှာ ပူလောင်နေ၏။ တခါမှ အကိုကြီးက လူလူ ကို ဒီလိုပုံစံ မဆက်ဆံဘူးတာမို့  ဒီအနေထားကို လူလူရင်မဆိုင်နိုင်ပါ။

" ဘာလို့ လိုက်လာတာလဲ …မင်းပြောတော့  နေခဲ့ချင်တယ်ဆို "

ပထမဆုံးအကိုကြီး စကားပြောလာသည်မို့ လူလူ ဝမ်းသာအားရ မော့ကြည့်လိုက်သည်။

" လွမ်းလို့ ပါ … "

ထိုစကားလေးကြောင့် ဇ ရဲ့ နောက်ဆုံးဒေါသမီးက ဟုပ်ကနဲ ငြိမ်းသွားတယ်။
လူလူနဲ့ ပတ်သတ်လာရင် သူက အမှတ်မရှိတဲ့သူ။ နားထဲမှာ တငြိမ့်ငြိမ့်တိုးဝင်လာတဲ့ လူလူ့ အသံလေးကိုနားဆက်ထောင်နေလိုက်ပေမဲ့ မျက်လုံးကတော့ ဖုန်းကနေမခွာခဲ့။

"ကျွန်တော် သတိပြန်ရနေပီ အကိုကြီး။
အကိုကြီးသွားတဲ့နေ့ က ကားနောက်ကိုပြေးလိုက်ရင်း ချော်လဲခဲ့တာ "

"ဟမ်  ဘယ်နားလဲ ဘာဖြစ်သွားသေလဲ"

ဖုန်းကိုပစ်ချကာ လူလူ့ ခေါင်းကို ဒဏ်ရာဘယ်နားရသွားလဲလို့ ပတ်ရှာပေမဲ့ မတွေ့ ။ သူစိုးရိမ်တကြီး ရှာဖွေနေပေမဲ့ ရင်ခွင်ထဲကနေ ခပ်တိုးတိုးရယ်သံလေးထွက်လာတာကြောင့် လူလူ ကို မျက်နှာမြင်ရအောင် ဆွဲထုတ်လိုက်သည်။

" မစိုးရိမ်ပါနဲ့ ဘာမှမဖြစ်ဘူး။ ခေါင်းနဲ့ ပလက်ဖောင်းနဲ့ ရိုက်မိပေမဲ့ နည်းနည်းလောက်ပဲ မူးသွားတာပဲရှိတယ် ဘာမှတော့မဖြစ်ဘူး။ ကံကောင်းတယ်လို့ ပြောရမယ်
ကျွန်တော် အကုန်ပြန်မှတ်မိသွားတယ်"

ဇ ဆုတ်ကိုင်ထားတဲ့ လက်မောင်းတွေကို လွှတ်ပီး မျက်နှာလွှဲလိုက်တယ်။ သူ လူလူကို စိတ်ဆိုးတာနည်းနည်းကျန်သေးတယ်ထင်၏။

"အဲ့တော့ဘာဖြစ်လဲ …မင်းဘာသာ အဲ့ဆီမှာ မင်းအဖေနဲ့ နေပေါ့ ဘာလို့ လိုက်လာတာလဲ"

"ဒါဆိုအကိုကြီးက ကျွန်တော်နဲ့ မတွေ့ ရလဲနေနိုင်တယ်ပေါ့"

လူလူ့ အသံက ဒေါသတကြီးခပ်ကြိတ်ကြိတ်ထွက်လာ၏။

" မင်းကအရင် စ  တာလေ။ ငါခေါ်တာလိုက်ခဲ့ပါ့လား ။ မင်းဘာလို့ နေခဲ့လဲ "

"အဲ့တုန်းက အတိတ်မေ့နေတာလေ ။
ဘယ်မှတ်မိမလဲ "

လူလူ အကိုကြီးကိုစိတ်တိုလာသည်။ တကယ်ဆို အတ်ိတ်မေ့နေတုန်းက သူမလိုက်ဖူးလို့ ပြောခဲ့ပေမဲ့ အကိုကြီးထွက်သွားတုန်းက မခွဲနိုင်လို့ ပြေးတောင်လိုက်ခဲ့ရသည်။ ဘယ်လောက်ပဲ ရန်စကားတွေပြောပြော လူကို သတိမရပေမဲ့ နှလုံးသားကတော့ အကိုကြီးမှ အကိုကြီးပဲဖြစ်နေသည်။

"မမှတ်မိလဲ မင်းရင်ထဲက တကယ်ချစ်ရင်
မေ့ နေလဲ ငါ့ကို လက်ခံနိုင်ရမှာပေါ့"

"အကိုကြီးက တကယ်ကလေးဆန်တာပဲ။ အမြဲ ကျွန်တော်ကို နားလည်မပေးဘူး။
နားလည်အောင်လဲ ကြိုးစားမပေးဘူး ။
ဒီလိုပုံစံအတိုင်းဆက်လုပ်နေရင် …
ကျွန်တော်နဲ့ အကိုကြီးဝေးရလိမ့်မယ်"

လူလူ စိတ်ပျက်လက်ပျက်ထ ရပ်လိုက်သည်။ ထို့ နောက် အခန်းထောင့်က ထောင်ထားတဲ့ အဝတ်အိတ်ကို ဆွဲပီး  အကိုကြီးကို ကျောခိုင်းပီး ထွက်လာခဲ့လိုက်သည်။
မျက်ရည်တွေစီးကျနေပေမဲ့ သူမသုတ်ဖြစ်ခဲ့ဘူး။ တကယ်ဆို ဖေဖေကိုတောင် 
ထားခဲ့ပီး အကိုကြီးကို ရွေးချယ်ခဲ့တာ။ လေဆိပ်ကနေ အကိုကြီးကိုဖုန်းဆက်တော့
စက်ပိတ်ထားသည်မို့ ကိုကြီးမိုးဒေဝါဆီဆက်မှ အကြောင်းစုံသိရသည်။

လေယာဉ်မူးသည့်ဒဏ်ကြောင့်ပင်ပန်းပေမဲ့မနားပဲ ဆေးရုံတန်းလာခဲ့ပေမဲ့ အကိုကြီးလုပ်ပုံကရင်ဝ ကိုစောင့်ကန်လိုက်သလိုပဲ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz